Pann Kantkaw Cosmetics Store

Pann Kantkaw Cosmetics Store

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pann Kantkaw Cosmetics Store, Health/Beauty, Sagaing.

Photos from Pann Kantkaw Cosmetics Store's post 25/06/2026

ရှယ်ကောင်းတဲ့ ကြွေပုလဲမိတ်ကပ် instock ပြန်ရပါပီရှင့်😚
လိမ်းလိုက်တာနဲ့ ဝင်းဝင်းပြောင်ပြောင်လေး 🥰
ကြွေပုလဲ မိတ်ကပ် တံဆိပ်အစုံရှိပေမယ့် ဒီ Quise လေးကအကောင်းဆုံးလို့ပြောရမလိုပဲ ဘာလို့လဲဆို အရမ်းရောင်းရလို့ပါ မကောင်းရင် ဘယ်သူကဝယ်မှာလဲလေ နော့်

တအားမိုက်တာ ဝင်းအိနေတာ လိမ်းလိုက်ရင်

သူက တရောင်ပဲလာတာပါ
ဖြူဖြူညိုညို အားလုံးအဆင်ပြေပါတယ်
Skin ပေါ်တင်လိုက်တဲ့ ကိုယ်အသားရေနဲ့လိုက်ဖက်မဲ့အရောင်တိုင်းပြောင်းသွားစေတယ်နော်

💓 မိတ်ကပ်မလိမ်းဘဲ သဘာ၀ကျကျလေး glow ပြီး လှချင်တယ်ဆို ဒီ ကြွေပုလဲ cream လေးကို လိမ်းပါနော်🥰

Photos from Pann Kantkaw Cosmetics Store's post 05/05/2026

သားသားမီးမီးတို့ အပြင်သွားတဲ့အခါပဲဖြစ်ဖြစ်၊ ရေချိုးပြီးတဲ့အခါပဲဖြစ်ဖြစ် ကလေးနံ့သင်းသင်းလေးနဲ့ လူချစ်လူခင် ပေါများစေဖို့
Babi Mild Eau De Perfume လေးတွေ ရှိတယ်နော်။

ဒီရေမွှေးလေးတွေက ကလေးငယ်လေးတွေရဲ့ သဘာဝအနံ့လေးအတိုင်း Soft ဖြစ်ပြီး အနံ့မပြင်းတဲ့အတွက် မေမေတို့ စိတ်ချလက်ချ သုံးပေးလို့ရပါတယ်။

🤍 Ultra Mild (အဖြူရောင်): ကလေးပေါင်ဒါနံ့ သင်းသင်းလေးကိုမှ ကြိုက်တဲ့ မေမေတို့အတွက်ပါ။ ရေချိုးပြီးစ ကလေးလေးလို သန့်သန့်လေးနဲ့ မွှေးနေစေမှာပါ။
💜 Double Milk Protein Plus (ခရမ်းရောင်): နို့ရနံ့လေးနဲ့ Berry သီးလေးတွေရဲ့ အနံ့လေး ပေါင်းစပ်ထားလို့ သားသားမီးမီးတို့ကို ချစ်စရာကောင်းတဲ့ အနံ့လေး ပေးစွမ်းနိုင်ပါတယ်။
💙 Hi Happy Dry Comfort (အပြာရောင်): ဆော့ရတာ ဝါသနာပါတဲ့ သားသားမီးမီးတို့အတွက်ပါ။ ချွေးနံ့မထွက်ဘဲ တစ်နေကုန် လန်းလန်းဆန်းဆန်းနဲ့ သန့်ရှင်းတဲ့အနံ့လေး စွဲကျန်နေစေမှာပါ။
🩷 Sweety Pink Plus (ပန်းရောင်): မီးမီးလေးတွေကို ပန်းရနံ့လေးနဲ့အတူ ကလေးနံ့လေး သင်းနေစေချင်ရင်တော့ ဒါလေးက အသင့်တော်ဆုံးပဲပေါ့နော်။

Photos from Pann Kantkaw Cosmetics Store's post 10/02/2026

💙Lebelage Toner လေးတွေ ရပီနော်💙

သူက ရိုးရိုးTonerမဟုတ်ပဲPeeling toner မလို့ အရေပြားအတွင်းပိုင်းထိ သန့်စင်ပေးနိုင်တာကြောင့် ချွေးပေါက်များကို ကျဉ်းစေပြီး အစိုဓာတ်ကို ထိန်းပေးနိုင်ပါတယ်ရှင့်

peelingဆိုပေမယ့် Mild အဖြစ်ဆုံး Formula နဲ့ ထုတ်ထားလို့ Dailyသုံးလို့ရတယ်

1. Collagen Derma Peeling Toner💧

collagen ပါတာကြောင့် အသားအရေကိုတင်းရင်းကြည်လင်စေပီး အရေးအကြောင်းလေးတွေ သက်သာစေတယ်

2. Peptide Peeling Toner 🪻

အသားအရည် ကြမ်းတမ်းပြီး အမဲစက် အမာရွတ် ရှိသူတွေအတွက် အဆင်ပြေစေတဲ့ toner လေးပါ

အသားအရည် မကောင်းဘူး မကြည်လင်ဘဲ မဲညစ်နေရင် ဒါလေးကို သုံးနော်

3. Cica Derma Peeling Toner ☘️

ဝက်ခြံ အဆီဖုသမားတွေအကြိုက် Cicaနဲ့ ထုတ်ထားတဲ့ Tonerလေး

4. Hyaluronic Peeling Toner 💦

dry skin သမားတွေ သုံးသင့်တဲ့ toner လေးပါ

ရေဓာတ်အပြည့်အဝ ဖြည့်ပေးပြီး မျက်နှာစိုစိုအိအိကြည်ကြည်လေး ဖြစ်စေတဲ့အတွက် အသားအရေ ခြောက်သွေ့သူများ သုံးကိုသုံးသင့်တယ်နော်

Photos from Pann Kantkaw Cosmetics Store's post 20/12/2025

လက်သည်းအရှည်လည်းမထားချင်ဘူး ပွတက်အပြင်သွား ရင်လည်း လက်ကလေးက လှချင်တယ်ဆိုသူများအတွက် လက်သည်းတုလေးတွေ မျိုးစုံရောက်ထားပါတယ်နော် ကော်ဘူးအပိုလေးတစ်ဗူးသာဝယ်ထား လက်သည်းလေးတွေကအခါခါပြန်သုံးလို့ရတယ်ရှင့်♥️♥️♥️💙💙💜💜🤎🤎

12/12/2025
Photos from Pann Kantkaw Cosmetics Store's post 08/12/2025

ဆိုင်မှာ In-stock ရှိတာလေး🥰🥰🥰

Photos from Pann Kantkaw Cosmetics Store's post 08/12/2025

In2it နှုတ်ခမ်းနီလေးတွေ ရောက်ပြီနော်

Fluffy Soft Focus Technology နဲ့
ထုတ်ထားတဲ့ Lipstick မို့ဆိုးလိုက်ရင် နှုတ်ခမ်းသားလေးပေါ်မှာ နုညက်နေရောပဲနော်

Matte ပေမဲ့ in2it တွေရဲ့ထုံးစံအတိုင်း Vitamin E & Hyaluronic တစ်ခါတည်းပါပြီးသားမို့ နုတ်ခမ်းသား ခြောက်တာကွဲတာ အဖတ်လန်တာမျိုးတွေလည်း မရှိပါဘူးရှင့်💗💗

Photos from Pann Kantkaw Cosmetics Store's post 18/11/2025

Mary & May Eye Cream လေး ဆိုင်မှာ stockပြန်ရောက်ထားပြီနော်

🖤မျက်ကွင်းအရမ်းညိုပြီး၊ မျက်အိပ်ဖောင်း၊ မျက်လုံးနားတစ်ဝိုက်က အရေပြားတွဲနေတာတွေကို သိသိသာသာ သက်‌သာစေနိုင်ပြီး Brightingလုပ်ပေးနိုင်တဲ့ Tranexamic acid ပါဝင်ပါတယ်

🖤ဘယ်လောက်အိပ်အိပ် မျက်လုံးအောက် ညိုမဲ‌နေတာတွေကို သက်သာစေပြီး Whitening Effectပေးနိုင်တဲ့ Glutathioneလဲပါဝင်သေးတယ်

🖤မျက်လုံးအောက်မှာရှိနေတဲ့ တင်းတိတ်လေးတွေကိုလဲ သက်သာစေပြီး Smile Lines, Neck Linesတွေကို သက်သာချင်ရင်လဲ ဒီEyecreamလေးကို သုံးနိုင်ပါတယ်

🖤၂ ပတ်လောက်နဲ့ သိသိသာသာ result ထွက်လာမှာကို သိလာလိမ့်မယ်နော်

🖤Smile lines တွေလည်း ပျောက်စေတဲ့အပြင်
သူက tranexamic & power full brightening agent ပါတာကြောင့် မျက်လုံးအောက်အရေပြားတွဲနေတာတွေကအစ သိသိသာသာလျော့ပါးလာပြီး ပျောက်ကင်းစေမှာပါ

🖤သူ့ရဲ့ထူးခြားချက်တစ်ခုက spot cream အနေနဲ့သုံးလို့ရပါတယ်

🖤စျေးလဲသင့်တာမို့ မျက်ကွင်းညိုတတ်တဲ့ သူလေးတွေအတွက် တစ်ခုကတော့ဆောင်ထားနော်🥰🥰🥰

18/11/2025

ဘာလေးနေနေ FB မှာတအားနာမည်ကြီးတာတို့ TT မှာ အရမ်းhotနေတာတို့ ဆိုပြီး customer တွေက အရမ်းလာမေးကြတာ MLM တွေလည်း လာမေး အသားဖြူချင်တာ ဘာလိမ်းရမလဲ တင်းတိပ်ပျောက်ဆေး နာမည်ကြီးနေတာရှိလားနဲ့ တအားစိတ်ညစ်ရတယ်တခါတလေ😓

ဒီ Lotion ကိုဝယ်ဖို့စဥ်းစားနေတယ်ဆို ဒီ Postလေးကိုဖတ်ကြည့်စေချင်တယ်။ ကိုယ်တိုင်ဝယ်သုံးကြည့်ပြီး စိတ်ထဲခံစားရတဲ့အတိုင်းပြောမှာမို့ လွန်တာရှိ
ဝန္တာမိပါလို့လည်း ကြိုပြောထားပါရစေ။

ပထမဆုံးပြောချင်တာက ဒီ Lotion ဟာ အားလုံးသိထားကျ၊ မြင်ထားကျသလို Perfume Lotion ဆိုလို့ ဝယ်​ဖြစ်ခဲ့တာပါ။Trendနောက်တွေ လိုက်တတ်တဲ့အကျင့်မရှိပေမဲ့ Body Careဆို စိတ်ဝင်စားသူမို့ ဒီ Lotionကိုတော့အရမ်းညွှန်းနေကျတာနဲ့ "ခေတ်" လည်းဝယ်မိခဲ့တယ်ဆိုပါတော့။ ​သုံးကြည့်လိုက်တော့ Advertiseလုပ်ထားသလို၊ Reviewတွေမှာ ရေးထားသလို အရမ်းကြီး မွှေးနေတာမျိုးလည်း ဟုတ်မနေပါဘူး။သူ့ကိုလိမ်းပြီး (၃)ရက်လောက်"ခေတ်" အနံ့စွဲ/မစွဲသတိထားကြည့်တာလိမ်းတုန်းခနမှာဘဲမွှေးတာပါ။ 15minsထက်မပိုပါဘူး(ဒါတောင်များနေပြီ)။ကောင်းလေးကအနားကမခွာဘူးဆိုတာ Over ဖြစ်လွန်းမနေဘူးလား😐။ တကယ်တမ်းကြော်ငြာသလို Perfume Lotion ဆို အနည်းဆုံး 2-3နာရီလောက်တော့ ခံသင့်တယ်ထင်တာဘဲ။နောက်ပြီး သူ့ရဲ့ Textureကလည်းကျဲသလို Lotionရဲ့ ဂေါက်က ညှစ်ရင်လည်း နည်းနည်းချင်းဘဲကျတယ်။စိတ်ရှည်မနေဘူး။အချိန်တစ်ခုပေးနေရသလိုဘဲ။အစိုဓာတ်လည်း အရမ်းကြီးရမနေဘူးရယ်။အသားကြည်တယ် ဘာညာကတော့ စွဲသုံးကြည့်မှသိရမယ်။ဒါကို ကြော်ငြာတွေနဲ့Promoteတွေ တအားမလုပ်ထားဘဲ ဝယ်သုံးခဲ့ရင်တောင် သာမာန်Lotionတစ်ခုအနေနဲ့ ရှိပါစေတော့ဆိုပြီး ကိုယ့်ဖာသာဖြည့်တွေးပေးလို့ရတယ်။

ကြော်ငြာတွေ၊Reviewတွေနဲ့ Product Featureတွေက ပြောင်းပြန်တွေလိုဘဲ။Lotionဘူးခွံကလည်း ကော်အကြွပ်သားနဲ့လုပ်ထားတာလားမသိ။ဆိုတော့ ကောင်းမယ်ထင်လို့ 30000နီးပါး ပေးဝယ်ခဲ့ရတဲ့ ဟာက သာမာန်Lotion တစ်ခုသုံးနေရသလို ဖြစ်သွားတာမို့ မနောပျက်ရပါတယ်။ ပေးရတဲ့စျေးနဲ့တန်တာဆိုလို့ နှစ်ခုဘဲရှိတယ်။ပါဝင်မှု mlများတာရယ်နဲ့Tripသွားတဲ့အခါယူသွားရင်အဆင်ပြေတယ်။(ဂေါက်ကိုတဖက်ကိုဆွဲလှည့်လိုက်ရင် ဘယ်လောက်ညှစ်ညှစ်Lotionတွေထွက်မကျတာတစ်ချက်ဘဲ။ဆိုတော့ ခုလိုပြောရခြင်းကလည်း ဘယ်သူ့ စီးပွားရေးကိုမှ မထိခိုက်စေလိုပါ။ကိုယ့်လိုဘဲ ပိုက်ဆံစုဆောင်းပြီး ဝယ်နေရသူတွေနဲ့ Trendအမှီလိုက်တဲ့သူတွေအတွက် စဥ်းစားချင့်ချိန်ဖို့ရာ မျှဝေခြင်းသာဖြစ်ပါတယ်။ပိုကောင်းတဲ့နည်းလမ်းနဲ့သာ Review ပေးခဲ့ရင် ဒီ Brandက ရပ်တည်ဖို့အဆင်ပြေလိမ့်မယ်လို့လည်းမြင်တယ်။ခုများတော့ မှန်းချက်နဲ့နှမ်းထွက်က ဟုတ်မနေတော့ ဘယ်သူဖြစ်ဖြစ်ကောင်းမယ်ထင်လို့ဝယ်သုံးမိတဲ့ပစ္စည်းကအဆင်မပြေတော့အနည်းနဲ့အများစိတ်ပျက်ရတာဘဲ။

Bloggersတချို့လည်း ဘာလာလာ Down ဘာလာကောင်းမလုပ်ကျဖို့နဲ့ Bloggerမှန်ရင် မကောင်းတာကိုသုံးဖူးတဲ့သူရှိကိုရှိရမယ်။ရှိခဲ့ရင်လည်း မှန်ကန်တဲ့ Review ကိုပေးသင့်တယ်လို့လည်း ထင်တယ်။ကောင်းတာတောင်ရေးရဲသေးတာဘဲ မကောင်းတာကိုကျ ဘာလို့ ဇွတ်ကောင်းပေးနေရတာလဲမသိ။ ပိုက်ဆံရတိုင်း အကုန်ဇွတ်ကောင်းနေရင်တော့ မင်းဟာ မင်းရဲ့ Review တွေကို ဖတ်ရှူပြီး ဝယ်ယူနေတဲ့ Audienceတွေကို ညာနေတာနဲ့အတူတူပါဘဲ။ ကဲ ဒီနေ့တော့ဒီလောက်ပါဘဲ။ လာမဆဲနဲ့နော်။ပြန်မဆဲတတ်တာတော့မဟုတ်ဘူး။အမုန်းမပွားချင်တာ😊

Photos from Pann Kantkaw Cosmetics Store's post 03/11/2025

Selsun Shampoo ရှားပါးလေးရောက်တယ်ရှင်✅

✅ ဒါလေးက သူ့ချည်းလျော် အရမ်းသက်သာပါတယ်
၂ကြိမ်ဆိုပျောက်ပီနော် 🧡

👉3ဆင့် ... 3ဆင့် ဗောက်တွေအမြစ်ဖြတ်ဖို့ Selsun Shampoo နဲ့ဆိုအဆင့်၃ဆင့် 🧡

🧡တကယ်ကြီး အဆင့်၃ဆင့်တည်းနဲ့ ဗောက်တွေကို အမြစ်ဖြတ်ချေမှုန်းမဲ့ Selsun Shampoo မှာဆိုရင်ဗောက်တွေကို ဉီးရေပြားအတွင်းပိုင်းထိဖယ်ရှားပေးမဲ့ Selenium Sulfide 1% ပါဝင်လို့ ဗောက်ပြသနာကို လက်ခါပြနိုင်မဲ့အပြင်ဆံကေသာကို အေးမြလန်းဆန်းမှုအပြည့်ပေးစွမ်းမဲ့ Greentea Extract , ပျက်စီးသွားတဲ့ဆံကေသာကို အမြန်ဆုံးပြုပြင်ပေးနိုင်မဲ့ Dimethicone နဲ့ Tab 2 တို့လည်းပါဝင်တာကြောင့် တစ်မျိုးတည်းနဲ့တင် ဆံကေသာ အတွက် နောက်ဆံတင်းစရာမလိုတော့ဘူးလေ🧡

🌟အသုံးပြုပုံကတော့
အဆင့်(၁) ဆံသားကို အရင်ရေစွတ်ပြီး Selsun shampoo ကို ဉီးရေပြားအနှံ့ပွတ်လိမ်းပါ
အဆင့်(၂) နှစ်မိခန့်ထားပါ
အဆင့်(၃) ရေဖြင့်စင်ကြယ်စွာဆေးကြောပါ

Crd

Category

Website

Address


Sagaing

Alerts

Be the first to know and let us send you an email when Pann Kantkaw Cosmetics Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Sagaing.