Beauty by seoul

Beauty by seoul

Share

ဝက်ခြံ၊အမဲစက်၊
အဆီပြန်၊glowချ
င်သူမျာ?

08/09/2021

ဒါလေး down ထားစေချင်ပါတယ်နော်

File sizeကလည်း18MBပဲရှိတာမို့ အားလုံးကိုထည့်ထားစေချင်ပါတယ်

Android
https://play.google.com/store/apps/details?id=xyz.springrevolution.frontline

IOS
https://apps.apple.com/us/app/a-yay-paw/id1559444131

Crd

09/07/2021

အလှအပအတွက်ရေသောက်ခြင်းအနုပညာ

✌️သင်ဟာ skin care ပိုင်းကို ဂရုတစိုက်လုပ်နေသူ၊ ပြီးတော့ ပိုးသားအလား နူးညံ့လှပသော skinမျိုးပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ moist: 💦နဲ့ပတ်သက်ပြီး သေချာလေးလုပ်ပေးဖို့လိုပါတယ်။ ရေဓာတ်ပြည့်ဝပြီး မျက်နှာအသားအရည်စိုစိုပြေပြေလေးဖြစ်ဖို့ နေ့စဉ်နေ့တိုင်း Toner, Emulsion, Essence စသဖြင့် အသုံးပြုကြပါတယ်။ skinရဲ့ ရှိသင့်ရှိထိုက်သောရေဓာတ် အပြည့်အဝမရှိဘူးဆိုရင်တော့ မျက်နှာစိုပြေဝင်းပမှုမရှိခြင်း၊ အသားအရည်များကြမ်းတမ်းလာခြင်း၊ သာမာန်ထက် uv rayများရဲ့သက်ရောက်မှုကို ပိုမိုခံစားရနိုင်သည့်အတွက် မျက်နှာအရေးအကြောင်းများဖြစ်ပေါ်လာပါတယ်😔

✌️ကျန်းမာလှပသောအသားအရည်ဆိုတာ ရေဓာတ်အပြည့်အဝ ရခြင်း/မရခြင်းအပေါ် အများကြီးမူတည်နေပါတယ်💦 skin nutrition imbalance ဖြစ်ခြင်း၊ ဆေးလိပ်၊ ကာဖိန်း၊ uv rayများဟာ အသားအရေကို ပိုမိုပျက်စီးစေပါတယ်။ အသက်အရွယ်ရလာသည်နှင့်အမျှ အသားအရေဟာ တဖြေးဖြေးခြောက်သွေ့လာတာမှန်ပေမယ့်လည်း လက်ရှိအသုံးပြုနေသော skin product များတွင် dead cellများကို ဖယ်ရှားပေးသောပစ္စည်းများ အလွန်များပြားစွာပါဝင်နေခြင်း၊ နည်းလမ်းမမှန်သော massageနှင့် mask sheetများ ရွေးချယ်မှုမမှန်ကန်ခြင်း၊ facial cleansing သေချာစွာမပြုလုပ်ပေးခြင်းတို့ကြောင့် အသားအရည်ကို ပိုမိုခြောက်သွေ့စေပါတယ်။

moist: 💦ပြည့်ပြည့်ဝဝရရှိစေရန်
👉facial cleansingအား သေချာစွာပြုလုပ်ပေးပြီး ချွေးပေါက်/မွှေးညှင်းပေါက်များအတွင်းပိုင်းထိ make-up, အညစ်အကြေးများ လုံးဝသန့်စင်ဖို့ရန် လိုပါတယ်။ ဒါမှသာလျှင် cleansing ပြီး နောက်အဆင့်များတွင် အသုံးပြုသော skin careပစ္စည်းများဟာ skinအတွင်းပိုင်းအထိ စိမ့်ဝင်နိုင်မှာဖြစ်ပါတယ်။
👉cleansingပြီးနောက် Tonerကို အသုံးပြုပေးပါ။ Tonerရဲ့ အဓိကလုပ်ဆောင်ပေးတဲ့အပိုင်းကတော့ 'cleansingပြီးနောက် မျက်နှာတွင်ကျန်ရှိနေသေးသော အညစ်အကြေးများအားဖယ်ရှားပေးခြင်း(ထို့ကြောင့် Tonerအသုံးပြုပြီး cotton packများတွင် အမဲရောင်အညစ်အကြေးများပါလာခြင်းဖြစ်ပါတယ်)၊ ချွေးပေါက်များအား ထိန်းညှိပေးခြင်း၊ skinစုပ်ယူမှုအားကောင်းစေခြင်း’တို့ ဖြစ်ပါတယ်။
👉မျက်နှာရှိ dead skin cellများကို ဖယ်ရှားပေးရန်လိုပါတယ်(peeling gelကို တပတ် ၁/၂ကြိမ်ခန့် အသုံးပြုပြီး dead cellများကို ဖယ်ရှားနိုင်ပါတယ်)👍 dead cell များဟာ outer skin layerတွင် စုပြုံနေတတ်ပြီး skinရဲ့စုပ်ယူမှုအား အနှောင့်အယှက်ဖြစ်စေပါတယ်။ ဘယ်လောက်ပင်ကောင်းသော emulsion, essenceသုံးသုံး dead cellများရှိပါက ၎င်းemulsion, essenceများဟာskin အတွင်းပိုင်းအထိမရောက်ရှိနိုင်တဲ့အတွက် အာနိသင်ကိုအပြည့်အဝ ရရှိနိုင်မှာမဟုတ်ပါဘူး။


🤷‍♀️ အသားအရည်ဟာ ဘာကြောင့် dry skinဖြစ်နေရတာလဲ?
👩‍🔬 dry skin ဖြစ်ရတဲ့အကြောင်းရင်းကတော့ မျက်နှာရှိ ‘sebaceous gland’များရဲ့ လုပ်ဆောင်မှု၊ လှုံ့ဆော်မှုကျဆင်းသွားသည့်အတွက် နဂိုမူလ protective layerရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ယိုယွင်းပျက်စီးသွားခြင်းဖြစ်ပါတယ်။ protective layerရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ပျက်စီးနေလျှင် မျက်နှာရှိ cellများရဲ့ ရေဓာတ်(အစိုဓာတ်)ဟာ ပြင်ပရှိလေနှင့် ထိတွေ့ပြီး အသားအရည်ခြောက်သွေ့မှုကို ဖြစ်ပေါ်စေပါတယ်။ skin ခြောက်သွေ့လို့ဆိုပြီး အဆီဓာတ်(oily)ပမာဏ အများအပြားပါဝင်သော productများကို အသုံးပြုခြင်းက မှားယွင်းတဲ့ရွေးချယ်မှုပါပဲ။ ၎င်းအဆီဓာတ်များဟာ မျက်နှာရှိ မွှေးညှင်းပေါက်များကို ပိတ်ဆို့စေပြီး ဝက်ခြံကိုဖြစ်ပေါ်စေလို့ပါပဲ။ ဒါကြောင့် ကောင်းမွန်သော moisturizing & anti-oxidation component များပါဝင်သော productများကို ရွေးချယ်အသုံးပြုပေးနိုင်ပါတယ်။ သင်ဟာ moist:💦နဲ့ ပတ်သက်ပြီး အသေအချာလုပ်ပေမဲ့လည်း skin ခြောက်သွေ့ခြင်းကနေ တိုးတက်ကောင်းမွန်မှု မရှိဘူးဆိုရင်တော့👇👇

👩‍🔬တနေ့တာသောက်သုံးသော ရေပမာဏ၊ အစာအဟာရ လုံလုံလောက်လောက်ရှိရဲ့လား?
👩‍🔬skin ခြောက်သွေ့လို့ဆိုပြီး အဆီဓာတ် (oily)အများအပြားပါဝင်သော productများကို အသုံးပြုရာကနေ ဝက်ခြံများ၊ dead cellများ ဖြစ်ပေါ်လာတာကြောင့်လား?
👩‍🔬aging skinများတွင် ဖြစ်တတ်သော sebum(အဆီဓာတ်ထုတ်ပေးသောဆဲလ်)ပမာဏ လျော့နည်းသွားတာကြောင့်လား? ဆိုတာ သေချာဆန်းစစ်ဖို့ လိုပါတယ်။

👉Dry Skinပိုင်ဆိုင်သူများ အသုံးပြုသင့်သော ingredient များ
-glycerin, hyaluronic acid, elastin, protein, amino acid, cholesterol, antioxidant
-polyvinyl pyrrolidone, methy-lacrylate, polyglycerylacrylates


🤷‍♀️ အသားအရည်ဟာ ဘာကြောင့် oily skinဖြစ်နေရတာလဲ?
👩‍🔬 oily skinဖြစ်ရတဲ့ အကြောင်းရင်းကတော့ မျက်နှာရှိ sebum(အဆီဓာတ် ထုတ်ပေးသောဆဲလ်)ပမာဏ ရှိသင့်ရှိထိုက်တာထက် ပိုမိုများပြားနေလို့ပါပဲ။ တကယ်တော့ sebumပမာဏ များနေလို့သာ မျက်နှာရေဓာတ်ခန်းခြောက်နေတာပါ။ အမှန်တကယ်လုပ်ရမှာက sebum ကို ထိန်းချုပ်ရမှာပါ။ moist:💦 productတွေကို ဖိသုံးနေလို့မရပါဘူး။ sebum ပမာဏကို လျှေ့ချရမယ့်အစား ရေဓာတ်လိုတယ်ထင်ပြီး moist: productများကို သုံးရာကနေ ဝက်ခြံနှင့် sebum cell များကို ပိုမိုဖြစ်ပေါ်လာစေပါတယ်😲 ဒီလိုဖြစ်လို့ moist: ကို လုံးဝမသုံးရဘူးလားဆိုတော့လဲ မဟုတ်ပြန်ပါဘူး။ မျက်နှာတပြင်လုံးမဟုတ်ပဲ အမှန်တကယ် မျက်နှာခြောက်သွေ့တယ်ဆိုတဲ့ နေရာများကိုသာလျှင် moist:💦ကို အသုံးပြုပေးပါ။ ပြီးတော့ မျက်နှာရှိ sebum cell များပြားလာမှုမရှိအောင် သေချာထိန်းသိမ်းပေးဖို့လိုပါတယ်။ sebum cellများ ပိုမိုများပြားလာပါက မျက်နှာ skin colorကို မည်းမှောင်စေခြင်း၊ အသားအရည်ကြမ်းတမ်းလာခြင်း၊ make-upသား ညက်ညောမှုမရှိခြင်း၊ မွှေးညှင်းပေါက်များ ပိုမိုကျယ်လာခြင်းများကို ဖြစ်ပေါ်စေပါတယ်။

🙅‍♀️ အပြင်သွားရင်း အဆီပြန်တယ်ဆိုပြီး cushion, powderများကို ဒီအတိုင်းကြီး အသုံးပြုမယ်ဆိုရင် ၎င်းအဆီများဟာ cushion, powderများနှင့် ရောပြီး မွှေးညှင်းပေါက်များအတွင်းပိုင်းအထိဝင်ရောက်ပြီး skin healthကို အလွန်ပဲ ဆိုးရွားစေပါတယ်။ ပထမဦးဆုံး tissue, oil control tissueများ အသုံးပြု၍ အဆီပြန်သည့်နေရာများကို သန့်ရှင်းပြီးမှသာ cushion, powderများကို အသုံးပြုပေးပါ👍

👉Oily Skinပိုင်ဆိုင်သူများ အသုံးပြုသင့်သော ingredient များ
-talc, magnesium aluminum silicate, clay, silicone, phenyl trimethicone

💕အားလုံးပဲ ကျန်းမာလှပသော skinမျိုး ပိုင်ဆိုင်နိုင်ကြပါစေ💕

😘 skin နဲ့ပတ်သက်ပြီး သိချင်တာ၊ တင်ပေးစေချင်တဲ့ အကြောင်းအရာများရှိက commentတွင် မန့်ပေးခဲ့ပါနော်

Thanks for All
By TONY LAB KOREA
Crd:;

08/07/2021

မိတ်ကပ်မပါဘဲအမြဲလှနေချင်လား ?

(1)
မျက်ခုံးမွှေး
မျက်တောင်မွှေးကို
သံလွင်ဆီ(သို့) Vaseline
အမြဲလိမ်းပါ

(2)နုတ်ခမ်းကို
အဆီအမြဲလိမ်းပေးပါ

(3)မျက်နှာကို
တစ်ရက်နှစ်ခါသစ်ပါ

(4)skin care ပုံမှန်လုပ်ပါ

(5)Maskတစ်ပတ်နှစ်ကြိမ်ကပ်ပါ

(6)တစ်ရက်ရေ၈ခွက်သောက်ပါ

(7) အချိန်မှန်မှန်အိပ်ပါ
ကိုယ့်ကိုကိုယ်ချစ်ပါ
ကိုယ်လှတာ ကိုယ့်အတွက်ပါ

08/07/2021

Set 1

Set 2

သေချာလေးရွေးသုံးပေးနော်

03/07/2021

မျက်နှာသစ်တဲ့ အခါတိုင်း ရှောင်ကြဉ်ရမယ့် နည်းလမ်း ၇ ခု

နေ့စဉ် မျက်နှာသစ်နေရင်းက အမှားတွေ လုပ်မိနေတာကို ပျိုမေတို့ သိပါသလား။ မှန်ကန်တဲ့ မျက်နှာသစ်နည်း မဟုတ်တဲ့အခါ မျက်နှာမှာ ဝက်ခြံတွေ၊ အဆီဖုတွေ ပေါက်တတ်ပါတယ်။ မျက်နှာကို ပုံမှန် ဂရုစိုက်နေပေမယ့် အသားအရေ ပျက်စီးနေတယ်လို့ ခံစားရတာက မျက်နှာသစ်နည်း မှားနေလို့ပါ။

ဒီလို မဖြစ်စေဖို့ မျက်နှာသစ်တဲ့အခါ ရှောင်ကြဉ်ရမယ့် နည်းလမ်းအချို့ကို ရေးသား ဖော်ပြလိုက်ပါတယ်။

(၁) ကိုယ်တိုက်ဆပ်ပြာ မသုံးပါနဲ့

ခြေထောက်နဲ့ လက်တွေကို တိုက်တဲ့ ကိုယ်တိုက်ဆပ်ပြာမှာ အသားအရေကို ခြောက်သွေ့စေတဲ့ Alkaline PH ပါဝင်ပါတယ်။ သင်က နဂိုတည်းက အသားခြောက်တတ်တဲ့သူဆို မျက်နှာမှာ အရေပြား ပြဿနာ ဖြစ်စေတာမို့ သင့်အသားအရည်နဲ့ သင့်တော်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်သုံးစွဲပါ။

(၂) မျက်နှာကို တအား မပွတ်တိုက်ပါနဲ့

ဆားဝက်ခြံတွေ၊ ချွေးပေါက်တွေ ပျောက်ချင်ဇောနဲ့ မျက်နှာကို အားနဲ့ကုတ်ခြစ်တာက မှန်ကန်တဲ့နည်းလမ်း မဟုတ်ပါဘူး။ Scrub သုံးပြီး မျက်နှာကြေး (ဂျီး) ချွတ်တာမျိုးကို ၁ ပတ်မှာ ၁ ခါလောက်သာ လုပ်သင့်ပါတယ်။ မျက်နှာကို ပွတ်တိုက်တာများတဲ့အခါ အရေးကြောင်းနဲ့ အသားခြောက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

(၃) နံနက်ပိုင်းမှာ မျက်နှာသစ်ပါ

အိပ်စက်ခြင်းက သင့်အသားအရေ ဆဲလ်ကို ပြန်လည်အားဖြည့်စေပေမယ့် အညစ်အကြေး၊ အဆီနဲ့ ပိုးမွှား တွေကတော့ ချွေးပေါက်အတွင်းမှာ ပိတ်မိနေနိုင်ပါတယ်။ အိပ်စက်နေတဲ့ ၈ နာရီ အတွင်းမှာ ခေါင်းအုံးက ဖုန်မှုန့်တွေ မျက်နှာမှာ ရှိနိုင်တာကြောင့် အိပ်ရာထတာနဲ့ မျက်နှာသစ်ပါ။

(၄) အရမ်းပူတဲ့ရေ မသုံးပါနဲ့

ရေနွေးနဲ့ မျက်နှာသစ်ခြင်းက အသားအရေအတွက် ကောင်းတာကြောင့် မျက်နှာသစ်မိတယ်ဆိုရင် အရမ်းပူတဲ့ ရေအစား ရေကြက်သီးနွေးလောက်နဲ့ဆို အဆင်ပြေပါတယ်။

(၅) Mask မသုံးခင် မျက်နှာသစ်ပါ

Face Mask သုံးမယ်ဆိုရင် သင့်မျက်နှာက ပြောင်ရှင်းပြီး သန့်ရှင်းနေဖု့ိ လိုအပ်ပါတယ်။ Mask က ဓာတ်တွေ သင့်အသားထဲ စိမ့်ဝင်စေဖို့ မျက်နှာကိုသစ်ပါ။

(၆) မျက်နှာသစ် ဆပ်ပြာနဲ့ မိတ်ကပ် မဖျက်ပါနဲ့

အခုခေတ် မိတ်ကပ်တွေက ရေစိုလည်း မပျက်၊ ချွေးထွက်လည်း မပျက်အောင် ဓာတုပစ္စည်းတွေနဲ့ လုပ်ထားတာပါ။ မိတ်ကပ်ဖျက်ဆေး မသုံးနိုင်ရင်တောင် Double Cleansing လုပ်ဖို့ မိတ်ကပ်ပညာရှင်တွေက အကြံပြုထားပါတယ်။

(၇) မျက်နှာသုတ်ဖို့ အဝတ် သီးသန့်ထားပါ

ခန္ဓာကိုယ်ကိုသုတ်တဲ့ တဘက်နဲ့ မျက်နှာကို မသုတ်မိအောင် သီးသန့်ထားပါ။ ခန္ဓာကိုယ်က ဘက်တီးရီးယား တွေက သင့်မျက်နှာ အသားအရေကို ပျက်စီးစေပါတယ်။

မျက်နှာမှာ ဝက်ခြံ၊ အဆီဖု ပေါက်နေတယ်ဆိုရင် အသားအရေကို အမှန်တကယ်ပဲ ဂရုစိုက်ဖို့ လိုအပ်နေတာမို့ နည်းလမ်း မှန်မှန်ကန်ကန်နဲ့ မျက်နှာသစ်ပြီး ဝင်းပစိုပြေတဲ့ မျက်နှာလေးရအောင်လုပ်ကြည့်ပါနော်။

Credit Original Writer

11/06/2021

UVB က ... အရေပြား ကျိန်းစပ်မှုတွေ , ယောင်ရမ်းမှုတွေ , အရေခွံကွာတာတွေဖြစ်စေနိုင်ပါတယ် ။

အဆိုးဆုံးအခြေအနေကတော့ အရေပြားကင်ဆာအထိ ဖြစ်နိုင်ပါတယ်။ 😢

ဒါကွောင့ျကျို့အသားအရမှော အရင်ကထဲက ဝက်ခြံတွေရှိနေမယ် ၊ အရေပြားဟာ ထိလွယ်ရှလွယ် Sensitive ဖြစ်တဲ့ အသားအရေရှိထားပြီးတော့ Suncream ကောင်းကောင်း မလုပ်ထားဘူး ဆိုရင် ဒီအခြေအနေက ပိုဆိုးသွားနိုင်ပါတယ်

Seoul Suncream ရဲ့ ထူးခြားချက်က
(UVA) အပြင် ခုဏအခြေအနေတွေကို ဖြစ်ပေါ်စေတဲ့ .. UVB .. ကိုပါ ကာကွယ်ထားပေးနိုင်တာပါ ။

SPF ပါဝင်နှုန်း 30 အပြင်
Photoagaing ကို ကာကွယ်နိုင်တဲ့ PA+++ ပါ ပါဝင်ပြီးသားပါ ။

မိတ်ကပ်သားမပါ
Gel type ဖြစ်တာမို့
ထူထူကြီးမဟုတ်ပဲ အသားထဲ စိမ့်ဝင်လွယ်တယ် ....

လိမ်းထားမှန်းမသိသာအောင် ပေါ့ပါးတယ် ...
ရေဓာတ်အခြေခံတာမို့ အေးအေးလေးနဲ့ ပြောင်ပြောင်တင်းတင်းလေး လှနေစေမယ် ...

ဝက်ခြံ သမား ၊ Sensitive သမား အတွက်လည်း အဆင်ပြေတော့ ..
ဝက်ခြံ တွေရှိလို့ ဘယ် Suncream နဲ့မှ မတည့်ဘူး ဆိုသူတွေအတွက်လည်း အသင့်တော်ဆုံးပေါ့

Seoul Suncream - 5300ks

Photos from Beauty by seoul's post 08/06/2021

ဒီနေ့ အသားအရည်တွေ
ပျက်ဆီးနေတယ်ဆိုတာ အရင်က 𝐓𝐨𝐱𝐢𝐜 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐬 တွေကို မသိလို့လိမ်းလိုက်မိတာတွေကြောင့်ပါ

ဒီလိုမဖြစ်ရအောင် 𝐨𝐫𝐠𝐚𝐧𝐢𝐜 𝐬𝐤𝐢𝐧𝐜𝐚𝐫𝐞 လေးတွေ ရွေးသုံးသင့်တယ်နော်

07/06/2021

ချွေးပေါက်ဆိုတာ အိမ်ကတံခါးလို့ပဲ
အမြဲတမ်း ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေတာပါ

ချွေးပေါက် ကျယ်နေချင်ရင် ဒီလိုအချက်တွေကို လုပ်ပါ

❗️𝐒𝐮𝐧𝐬𝐜𝐫𝐞𝐞𝐧 ဘယ်တော့မှမလိမ်းပါနဲ့
အကျိုးဆက်ကတော့ နေရောင်ခြည်က မျက်နှာထဲက 𝐂𝐨𝐥𝐥𝐚𝐠𝐞𝐧 တွေကို ဖျက်စီးလိုက်ပါတယ်
𝐂𝐨𝐥𝐥𝐚𝐠𝐞𝐧 နဲ့ တပြိုင်နက်တည်း
𝐒𝐤𝐢𝐧 𝐞𝐥𝐚𝐬𝐭𝐢𝐜𝐢𝐭𝐲 ပါ ပိုနည်းလာမယ်
အချိန်မတိုင်ခင် အိုလာမယ်
( နဂိုကမှ အသက် 𝟐𝟓 ဆိုရင် အလိုလိုနည်းလာတာ)

❗️𝐒𝐤𝐢𝐧𝐜𝐚𝐫𝐞 ဘယ်တော့မှမလုပ်ပါနဲ့
❗️𝐄𝐱𝐟𝐨𝐥𝐢𝐚𝐭𝐢𝐧𝐠 ( 𝐂𝐥𝐚𝐲 𝐌𝐚𝐬𝐤 , 𝐏𝐞𝐞𝐥𝐢𝐧𝐠 𝐌𝐚𝐬𝐤 )လည်း ပျင်းလို့မလုပ်ဘူးဆိုရင် ချွေးပေါက်တွေ ပိတ်မယ်
မိတ်ကပ်လိမ်းတဲ့အခါ အပေါက်ကြီးတွေ သိသိသာသာ မြင်နေရမယ်
လိမ်းပြီး ခဏလောက်နေရင်ကွက်ပြီး အမြဲယုံကြည်မှု့ကျဆင်းနေလို့ ပေါင်ဒါနဲ့ အမြဲဖို့နေရရော. . . .

ကဲ ဒီလိုတော့ အဖြစ်မခံပါနဲ့နော်. . . . . .
𝐒𝐢𝐦𝐩𝐥𝐞 𝐚𝐧𝐝 𝐄𝐚𝐬𝐲 𝐬𝐭𝐞𝐩𝐬 လေးတွေ သိပြီဆိုရင်
𝐒𝐤𝐢𝐧𝐜𝐚𝐫𝐞 လုပ်တဲ့အခါ ပိုပြီးသတိထားလိုက်ရုံပဲနော်

05/06/2021

မနက်ပိုင်း အိပ်ယာနိုးနိုးလာချင်း မျက်နှာသစ်ဆေးကို Deep Cleansing အပြင်းစားတွေ မသုံးမိဖို့ အမြဲ သတိပေးတယ်နော်

( Deep Cleansing မှန်းဘယ်လိုသိမလဲဆို အမြှုပ်အရမ်းထွက်ပြီး သစ်ပြီးတာနဲ့ ခြောက်တင်းပြီး နောက်ထပ် ၁ နာရီထိ ခြောက်တင်းနေတာမျိုး )

mild cleanser မျိုးကိုသာရွေးသုံးသင့်ပါတယိ

Want your business to be the top-listed Beauty Salon in Sagaing?
Click here to claim your Sponsored Listing.

Telephone

Website

Address


Sagaing