Face-Matique
မြန်မာပြည်ရဲ့ ပထမ ဦးဆုံး customized cosmetics နေရာလေးမှကြိုဆိုပါတယ်ရှင့်. They are all made freshly for you in front of your eyes!
03/06/2020
Face-Matique ကိုဝယ်ယူအားပေးကြသောမိတ်ဟောင်းမိတ်သစ်များရှင့် June လ ၂ ရက်နေ့မှစ၍ဆိုင်ကိုပြန်လည်ဖွင့်လှစ်ထားပါတယ်။
Face-Matique ဆိုင်လေးဟာဆိုရင်မြန်မာပြည်ရဲ့ပထမဆုံးနဲ့တစ်ဦးတည်း customized cosmetic ပြုလုပ်ပေးတဲ့ဆိုင်လေးဖြစ်လို့ customer များအတွက် foundation, lip products, powder, blush နဲ့ eyeshadow တွေကိုစိတ်တိုင်းကျဖန်တီးလို့ရတဲ့နေရာလေးပါ။
စပ်ပြီးသား cosmetic products တွေနဲ့ skincare products များကိုမှာယူလိုပါကမြို့နယ်အလိုက် delivery charges နဲ့လဲပို့ဆောင်ပေးပါတယ်ရှင့်။
ဆိုင်ကိုလာဖြစ်မယ်ဆိုရင်တော့ booking လေးတော့ကြိုလုပ်ပေးပါနော်. စောင့်နေရတာတို့ Covid-19 ကာလအတွင်း social distancing စည်းမျဉ်းစည်းကမ်းနဲ့လဲမကိုက်ညီမှာစိုးလို့ပါ။
Covid-19 ကာလအတွင်း skincare အပျတိမခံပဲမှာယူပေးတဲ့ customer များကိုလဲကျေးဇူးအထူးတင်ပါတယ်ရှင့်❣️
ဆက်သွယ်ရန်:
🏠 - 36A ဗဟိုလမ်း, စမ်းချောင်း, ရန်ကုန် (အာရှတော်ဝင်ဆေးရုံအနီး။ Twin Centro Condo ရှိ MCB ဘဏ်ရဲ့ရှေ့တည့်တည့်။)
📱 - 09 40 18 18 18 0
⏰ - 9am to 5:30pm (အခုလောလောဆယ်တော့ တနင်္လာနေ့တိုင်း ဆိုင် ပိတ်ပါတယ်ရှင့်။)
13/02/2020
Valentine’s Day ကရောက်တော့မယ်. အခုထိဘယ်လို surprise တိုက်ရမှန်းမသိသူတွေအတွက်ကယ်တင်ရှင်လေးလာပြီနော်! 💘
Face-Matique မှာမျိုးစုံ surprise တိုက်လို့ရပါတယ်ရှင့်❣️
❤️ ဘာပေးရမှန်းမသိသေးဘူး, ဝယ်ပြီးမကြိုက်မှာလဲစိုးရိမ်တယ်ဆိုရင် gift card လေး ကတော့လုံးဝ safe ဖြစ်တဲ့ option ပါ. 😻 အဲဒါဆိုမကြိုက်မှာလဲမပူရတော့ဘူး. သူ့စိတ်ကြိုက် cosmetics တွေဖန်တီးလို့ရပြီလေ. gift card လေးနဲ့ ဘယ်တော့မှမငြိုးတဲ့နှင်းဆီပန်းလေးတွေပေးချင်တယ်ဆိုလဲဆိုင်မှာတခါထဲဝယ်ယူလို့ရပါတယ်.
❤️ ကိုယ်ပေးချင်တဲ့သူက lipstick crazy ဆိုလဲသူတစ်ဦးထဲပိုင်တဲ့ lipstick အရောင်လေးကိုအမှတ်တရပေးလို့ရပါတယ်ရှင့်.
❤️Foundation နဲ့ powder crazy ဆိုလဲသူ့အသားရည်နဲ့လိုက်ဖက်အောင်စပ်ပေးတာမလို့အရောင်ကွဲထွက်နေမှာလဲမပူရတော့ဘူး.
❤️Eyeshadow နဲ့ blush မှကြိုက်ပါတယ်ဆိုလဲသူ့စိတ်ကြိုက်အရောင်ဖန်တီးလို့ရပါတယ်.
မိန်းကလေးတော်တော်များများဟာ cosmetic တွေကိုအရူးအမူးဖြစ်ကြတာအသိပဲလေ. အဲတော့ Face-Matique gift card လေးတွေဝယ်ပြီး surprise တိုက်ရင်တော့လုံးဝကြွေသွားစေရပါမယ်နော်. 😻
February 14, 15, 16, 2020 မှာ လာဝယ်ယူသူတိုင်းကို free gift လေးတွေပါပေးဖို့အစီအစဉ်လဲရှိတဲ့အတွက် အမြန်လေးလာပြီး surprise တိုက်လိုက်ကြနော်.
မနက်ဖြန်ကရုံးဖွင့်ရက်ဆိုတော့ မလာနိုင်သူများလဲ delivery ပို့ပေးပါတယ်ရှင့်. ပို့ခက တော့မြို့နယ်အလိုက်မူတည်ပြီး charges ကွာပါတယ်.
🏠 - 36A ဗဟိုလမ်း, စမ်းချောင်း, ရန်ကုန်. (အာရှတော်ဝင်ဆေးရုံအနီး)
📱- 09 40 18 18 18 0
29/01/2020
ဒါကမနှစ်ကတီချယ်ကြီး set လိုက်ဝယ်သွားပြီးကုန်သွားလို့ပြန်လာအားပေးခဲ့တာလေးတွေ. မနှစ်ကဝယ်သွားတဲ့ liquid lipstick ဘူးလေးများသပ်သပ်ရပ်ရပ်သုံးထားတာအသစ်လေးအတိုင်းပဲ. 😻 ဒါပေမဲ့နှစ်သစ်ဆိုတော့ဒီနှစ်တော့အရောင်အသစ်လေးနဲ့. 🥰 အမြဲအားပေးနေလို့ကျေးဇူးပါအမရေ.
26/01/2020
ဒါလေးလုပ်တုန်းကမှာတဲ့ညီမလေးကကိုယ်တိုင်မလာနိုင်လို့သူ့အမျိုးသားကိုအယူလွှတိတော့ အတော်တိုင်ပတ်သွား. 😄
Urban Decay Naked 2 ထဲက busted ကို colour match တာ. ဒါပေမဲ့အရမ်းမဲနေမှာဆိုးလို့ ဆက်ပဲမဲရမလားတော်ရမလား. မျက်ခွံသားပေါ်လဲမူတည်တော့သူနဲ့လိုက်ပါ့မလားဆိုပြီး ချေတုန်ချတုန်နဲ့လုပ်ပေးလိုက်တာ တော်သေးကြိုက်သွားလို့.
အမြဲအရောင်အဆန်းတွေ လုပ်နေတဲ့ sis ကျေးဇူးပါနော်. 🥰
26/01/2020
အလုပ်နဲနဲရှုပ်နေလို့ပုံကြွေးလေးတွေပြန်တင်ပေးပါ့မယ်နော်.
ဒါကပိတိရက်လေးအမတယောက်လာလုပ်သွားတာလေး. ပိတ်ရက်နားတဲ့အချိန်ကိုလာပေးလို့ thank you ပါရှင့်အမ.
ပုံထဲက lip treatment လေးကလဲနှုတိခမ်းခြောက်တာ ကွဲတာတွေတင်အထောကိအကူပြုယုံတင်မကဘူး, နှုတ်ခမ်းကိုဖူးဖူးလေးပါဖြစ်စေပါတယ်နော်. 👄 fine line နဲ့ wrinkles တွေကိုလဲ minimise လုပ်ပေးပါတယ်ရှင့်. 👄
18/01/2020
ဟိုတပတ်က eyeshadow ၂ ရောင်စပ်ဆိုးချင်တဲ့အမ တယောက်အတွက်စပ်ပေးထားတာလေးပါ. တခုက matte လေးနဲ့ နောက်တခုကအပြောင်နဲနဲလေးထည့်ပေးထားပါတယ်. lipstick ကတော့နှုတ်ခမ်းခြောက်တတ်လို့ cream type လေးပါ. 💄 Eyebrow pencil လေးကလဲမျက်နှာနဲ့လိုက်ဖက်တဲ့အရောင်လေးရွေးသွား. Blush လေးကလဲနှုတ်ခမ်းနီနဲ့ရော eyeshadow နဲ့ရောလိုက်ဖက်တဲ့အရောင်လေး.🥰
ပိတိရက်ကိုသက်သက်ဖွင့်ပေးရမှာဆိုးလို့မလာပဲဖွင့်မှအရောက်လာပေးတာကျေးဇူးပါရှင့်အမရေ❣️🥰
အချိန်ပေးပြီးလာလေ့လာပေးတဲ့ The Myanmar Times ကညီမလေး ရတု ကျေးဇူးပါရှင့်❣️
27/12/2019
အချိန်ပေးပြီးလာပေးတဲ့ညီမလေးကျေးဇူးပါနော်. 🥰
Powder ကို compact လိုမလိုချင်ပဲ loose powder ဆိုလဲလုပ်ပေးပါတယ်ရှင့်. လာမှအသားအရောင်ကြည့်ပြီးစပ်ပေးတာပါရှင့်.
Concealer လေးတွေကတော့အခုလောလောဆယ်မြန်မာအသားအရည်နဲ့ လိုက်မဲ့အရောင် ၂ရောင်ရှိပါတယ်. Face-Matique concealer လေးတွေက:
💫 full coverage ဖြစ်ပြီး
💫ရေစိုလဲခံပါတယ်
💫 eyeshadow primer အနေနဲ့တောင်သုံးလို့ရပါတယ်နော်
💫 paraben free, talc free ဖြစ်ပြီး
💫 Vitamin E လဲပါဝင်ပါတယ်ရှင့်
💫 လိမ်းလိုက်ရင်လဲ silky, smooth texture လေးပါ. 🥰
မနှစ်ကရေးဖြစ်ခဲ့တာလေးပြန်ပေါ်လာလို့ ☺️
22/12/2019
ဒါကအဖွားအတွက်စပ်ထားပေးတာပါ. Powder ထဲတောင်မှအသက်အရွယ်အရလိုအပ်လောက်မဲ့ ingredients တွေတခါထဲထည့်ပေးထားပါတယ်:
- lightening (အမဲစက်တွေအထောက်အကူပြုဖို့အတွက်)
- moisturising (အစိုဓာတ်ပြန်ဖြည့်ပေးဖို့အတွက်)
- SPF (အဖွားကခရီးသွားမှာမလို့ပိုလိုအပ်ပါတယ်).
ဖုံဖုံလေးဖြစ်ဖို့အတွက်လဲ flawless finish powder ပါထည့်ပေးထားပါတယ်ရှင့်. 🥰
22/12/2019
ကလေးမဆန်ပဲအရောင်ငြိမ်လေးပဲပါးနီဆိုးတတ်တဲ့ ညီမ လေးအတွက်ပါ. အရောက်လာပေးလို့ကျေးဇူးပါနော်ညီမ လေး 🥰
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
36a Baho Road
Yangon
