HM Skincare Shwegu KHHW

HM Skincare Shwegu KHHW

Share

Chemicalလုံးဝမပါတာကြောင့်ဘယ်လိုအသားရေမ?

21/07/2023

ငါနိမ့်ပါးနေချိန်မှာ ငါမှန်နေပေမယ့် ငါ့ဘက်မရပ်
တည်ခဲ့တဲ့ လူတွေကို ငါမမေ့ဘူး ..

မရှိရှိတာကို စွန့်လွှတ်ပြီး ငါကောင်းပေးခဲ့ပေမယ့် ငါ့ကို မရွေးခြယ်ကြတဲ့ လူတွေကို ငါမမေ့ဘူး ..

ငါပေးတဲ့မေတ္တာတွေကို အငွေ့ပြန်စေပြီး ဆားငံရည်တွေသာ ပြန်ရွာချပေးတဲ့ လူတွေကို ငါမမေ့ဘူး ..

ငါတန်ဖိုးထားဆက်ဆံပေမယ့် ငါ့ဖြစ်တည်မူကို မရိုသေတဲ့ လူတွေကို ငါမမေ့ဘူး ..

ငါ့ကျေးဇူးတရားတွေကိုမေ့ပြီး ငါ့ကိုအကောင်းမမြင်
နိူင်တဲ့ လူတွေကို ငါမမေ့ဘူး ..

ငါဘက်က ကာကွယ်ပေးခဲ့ပေမယ့် ငါ့ကိုထိုးနှက်ဖို့ ဝန်မလေးတဲ့ လူတွေကို ငါမမေ့ဘူး ..

ငါတိုက်ခိုက်ခံနေရတဲ့ အချိန်မှာ ငါ့ဘေးနားက ရှောင်ဖယ်ခဲ့တဲ့ လူတွေကို ငါမမေ့ဘူး

ငါ့အပေါ်ကျေးဇူးရှိခဲ့တဲ့လူတွေကိုလဲ
ငါမမေ့ဘူး
crd

Photos from HM Skincare Shwegu KHHW's post 12/05/2022

အရမ်းဟော့နေတဲ့suncreamလေး
အရမ်းလဲကောင်းပါတယ်သုံးလို့
တစ်ခါသုံးတာနဲ့တစ်သက်စွဲသွားစေရတယ်(ကောင်းလွန်းလို့🥰)
အခုစျေး၁၉၅၀၀ဖြစ်ပြီနော်
☀️နေရောင်ခြည်ဒဏ်ကို ၉၉ရာခိုင်နှုန်းကာကွယ်ပေးပါတယ်
တင်းတိတ် အမဲစက် ဝက်ခြံတွေကိုလဲပါးစေပါတယ်🥰
လိုချင်cb or ph.09770720474ကိုဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်😘

06/05/2022

ပစ္စည်းလေးတွေရောက်ပါပြီ
Edit..ရောက်ရောက်ချင်း
Suncreamကုန်
Toner 1ဗူးကျန် 4ဗူးကုန်
Soap..6ခဲကုန်4ခဲကျန်
ဂွမ်းထုပ် ကုန်
IB 2ဗူးကုန်3ဗူးကျန်
Maskရှိ
ကျန်တာလေးတွေရချင်ရင်မြန်မြန်သာလာဝယ်ထားတော့နော်😍

Photos from HM Skincare Shwegu KHHW's post 06/05/2022

IB Snow White Creamလေးနဲ့မိတ်ဆက်ပေးမယ်နော်🌸
ဝက်ခြံ၊တင်းတိပ်၊မှဲ့ခြောက်၊နေလောင်ကွက်၊အမဲစက်များကို သက်သာပျောက်ကင်စေပြီး
မျက်နှာ အသားအရေကို တင်းရင်းကြည်လင်စေပြီး ဖြူဝင်စေပါတယ် ရှင့်🥰
ရေဓာတ်ကိုလည်း ပြန်လည် ဖြည့်တင်းပေးပြီး အသားအရေ ခြောက်သွေ့ ပျက်စီးနေသူများ စိုပြေစေပါတယ်ရှင့်
1 price..21000ks
Page cb (or)📞09770720474ကိုဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်

30/04/2022

အမေးအများဆုံးမေးခွန်းပါ
အဆီဖုတွေပေါက်နေလို့ ဘာလုပ်ရမလဲ?

ဘာလုပ်ရမလဲ မပြောခင် ဘာကြောင့်ဖြစ်လဲဆိုတာ အရင်ဆုံး ပြောပြပေးချင်ပါတယ်

အဆီဖုဖြစ်ရတဲ့အကြောင်းအရင်း...........................

>မိတ်ကပ်လိမ်းပြီး သေချာပြောင်အောင်မဖျက်တာ
>သနပ်ခါးလိမ်းပြီး double cleansing မလုပ်တာ
>suncream မလိမ်းပဲ အပြင်ထွက်တာ
> မျက်နှာကိုသေချာပြောင်စင်အောင်မသစ်ပဲ အိပ်ရာ၀င်တာ
> ရေသောက်နည်းတာ
>အဆီအဆိမ့်နဲ့ ဆီကြော်စာတွေအစားများတာ
>လေထုထဲကအညစ်အကြေးဖုန်မှုန့်တွေကြောင့်လဲ
ချွေးပေါက်ပိတ်ဆို့ပြီး အဆီဖုတွေဖြစ်လာနိူင်ပါတယ်

အဆီဖု အဖြစ်အများဆုံးနေရာတွေကတော့
နဖူး မျက်လုံးအောက်ဖက်နဲ့ မေးစေ့တစ်ဝိုက်ပဲဖြစ်ပါတယ်
စိတ်ဖိစီးမှုများခြင်းကြောင့်နဲ့ ဟော်မုန်းအပြောင်းအလဲ
ကြောင့်လဲ အဆီဂလင်းတွေပိုမိုပြီးအလုပ်လုပ်ရာကနေ
အဆီထုတ်လုပိမှုများပြီးတော့ ချွေးပေါက်တွေပိတ်ဆို့ရာက
နေ မျက်နှာပေါ်မှာရှိနေတဲ့ဆဲလ်သေတွေက အပြင်သို့
မထွက်နိုင်တဲ့အခါ အဆီဖုတွေဖြစ်လာရပါတယ်

>အဆီဖုမှာလဲအမျိုးအစားရှိပါတယ် ထိပ်ဘက်မှာအဆံအမဲ
ရှိတာကို ဆား၀က်ခြံအဆီဖု (blackhead.)ဖြစ်ပြီး
ထိပ်ဘက်မှာအဆံအဖြူ လေးတွေရှိတာက (White head)ပါ

>Oily skinတွေနဲ့ Combination skin typeတွေမှာ
ပိုပြီးအဖြစ်များပါတယ် အဆီထုတ်လုပ်မှုများတဲ့အတွက်
မျက်နှာကိုချွေးပေါက်ပွင့်အောင် မဖွင့်ပေးဘူးဆိူရင်
မျကိနှာအရေပြားအောက်မှာအောင်းပြီး ၀က်ခြံ အဆီဖု
ဆား၀က်ခြံတွေဖြစ်လာရတာပါ ဒါကြောင့်oily skin type
တွေနဲ့ combination skin type တွေက cleansing ကို
သေချာနိုင်အောင်လုပ်ပေးဖို့လိုအပ်ပါတယ်

>>လိုက်နာရမည့်အချက်များ

>မိတ်ကပ်ကိုပြောင်စင်အောင်ဖျက်ပါ မိတ်ကပ်မဖျက်ပဲ
အိပ်ရာမ၀င်ပါနဲ့
>မိတ်ကပ်မလိမ်းတဲ့နေ့လဲမျကိနှာကိုသေချာသန့်စင်ပေးဖို့
လိုအပ်ပါတယ် ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ၀င်နေနိူင်တာ
ကြောင့် cleansing လုပိပေးရပါမယ်
>တစ်ပတ်နှစ်ကြိမ်မျကိနှာကို scrub တိုက်ပေးပါ
>အပြင်သွားတိုင်းsuncreamလိမ်းပေးပါ
>စိတ်ဖိစီးမှုလျော့ချပါ
>ရေများများသောက်ပါ
>အဆီအဆိမ့်အချိူ သကြားနို့ ရှောင်ပါ
>မျက်နှာကိုမကြာခဏ ကိုင်တွယ်ခြင်းရှောင်ပါ
>ဆံပင်နဲ့ အိပ်ယာခင်းများကိုသန့်စင်အောင်ထားပါ

>>>>အိမ်တွင်းကုသရမည့်နည်းလမ်း💙

ရေနွေးငွေ့နဲ့မကြာခဏပေါင်းတင်ပါ။

ရေနွေးပွက်ပွက်ဆူတာကို ဇလုံတစ်ခုထဲကိုထည့်ပါ ။ထွက်လာတဲ့အငွေ့ကိုမျကိနှာအပ်ပြီးခံပါ။
အရမ်းနီးကပ်ဖို့ မလိုပါဘူး ။
ကိုယ်ခံနိုင်သလောက် အနေအထားကနေ အငွေ့အပြင်ကို
မထွက်စေဖို့ တဘတ် ခေါင်းမြီးခြုံ ပြီး အငွေ့ခံပါ။

ရေနွေ့းငွေ့ခံပြီး sheet mask အသုံးပြုရင်ပိုပြီးရလဒ်ကောင်း
ပါတယ် ပြီးရင်တော့toner ပြန်လိမ်းပေးထားဖို့လိုအပ်ပါ
တယိ

အားလုံးပဲအဆင်ပြေကြပါစေ💙🙆

Love you all 💞💞

13/04/2022

😊 မျက်နာဘယ်လိုသစ်လည်း Skin care တွေဘယ်လိုလိမ်းလည်း post တစ်ခုချင်းဆီမှာ အသေးစိတ် မျှဝေပေးဖူးပါတယ်နော်...

📖 ဘယ်လိုမှန်ကန်အောင်လိမ်းရတယ်ဆိုတဲ့ အဆင့်ဆင့် အကြမ်းပြင်းလေးကို ဒီ post တစ်ခုထဲမှာ ပြန်ပေါင်းထားပေးပါတယ်နော်

အဆင့် 1️⃣ : Make up တွေသေချာဖျက်ပါ
- make up တွေ eye shadow တွေ eye liner တွေကို နေ့စဉ် သေချာမဖျက်ပေးရင် အညစ်အကြေးတွေ တဖြည်းဖြည်း စုလာပြီး အမဲစက်တွေ အသားအရောင်မညီညာတာတွေဖြစ်ပေါ်လာပါတယ်
- Cotton Pad လေးသုံးပြီး make up remover လေးနဲ့သေချာဖျက်ပေးပါ
- မျက်နာ (ပါး, မေးစေ့နဲ့နဖူး)အတွက် တစ်မျိုး , မျက်လုံးနဲ့နှုတ်ခမ်းအတွက် တစ်မျိုး သီးသန့်သုံးပေးတာပိုကောင်းပါတယ်, မျက်နာအတွက်က နူးညံ့ပြီး အရမ်းမပြင်းတဲ့ remover တွေက အသားအရေမထိခိုက်စေဘဲ, မျက်လုံးသီးသန့်က waterproof eye liner တွေ mascara တွေအတွက်ပိုပြောင်စေပါတယ်, သေချာမပြောင်ခဲ့ရင် အမဲစက်တွေထွက်တတ်လို့ပါနော်)

အဆင့် 2️⃣ - မျက်နာသစ်
- ရေနွေးနွေးလေးနဲ့ဘဲမျက်နာသစ်ပါ
- မျက်နာသစ်ဆေးကို အမြှုပ်ထအောင်လက်ထဲမှာပွတ်ပြီးမှ မျက်နာပေါ်သစ်ပေးပါ
- 15 ချက်လောက်မျက်နာကိုသာသာလေးစက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ
- ရေနဲ့သစ်ချပြီး ခြောက်အောင်ပွတ်ပြီးမသုတ်ပါနဲ့, facial tissue (သီးသန့်လာပါတယ်) လေးနဲ့ မျက်နာကို သာသာလေးဖိပြီး ရေစုပ်သွားအောင်ဘဲ ဖိပေးပါ
- ရေအေးအေးလေးနဲ့ အခါ ၂၀ လောက်ရေခွက်ထဲကနေလက်ခုပ်လေးနဲ့ ပုတ်ပြီး သစ်ပေးပါ
မျက်နာသစ် အသေးစိတ် post ဖတ်ချင်ရင်တော့
https://www.facebook.com/812312758872877/posts/1774196246017852/

အဆင့် 3️⃣ - တိုနာလိမ်း
- Toner လိမ်းရင် လက်နဲ့ပုတ်ပုတ်ပြီးမလိမ်းပါနဲ့, Cotton pad ( ဂွမ်း) လေးနဲ့ဘဲသုတ်ပြီးလိမ်းပေးပါ
- Toner ကို Cotton Pad ပေါ်မှာများများလေးတင်ပေးပါ, ဂွမ်းတစ်ခုလုံးစိုနေအောင်ထည့်ပြီး မျက်နာကို cotton pad လေးနဲ့ သာသာလေးပွတ်ပေးပါ
- တစ်မျက်နာလုံး အနံ့သုတ်ပြီးရင် လက်ဖဝါးလေးနဲ့ သာသာလေးမျက်နာကိုပုတ်ပေးပါ
တိုနာလိမ်းတဲ့ အသေးစိတ် post ဖတ်ချင်ရင်တော့
https://www.facebook.com/812312758872877/posts/1792553517515458/

အဆင့် 4️⃣ - Essence/ Serum လိမ်း
- skin care ဆက်လိုက်မှာ ဈေးအမြင့်ဆုံးနဲ့ အသိသာဆုံးက Essence/ serum ပါ
- Essence ကိုအရင်ဆုံးလက်ဖဝါးပေါ်တင်ပြီးပြီး လက်ထိပ်လေးနဲ့ နှဖူး, ပါးနှစ်ဖက်, နှာခေါင်းနဲ့မေးစေ့ ကိုတို့ပေးပါ (လက်သူကြွယ်သုံးပါ, သူက လက်ချောင်းတွေထဲမှာအနုဆုံးမို့ပါ)
- လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံစံ သာသာလေးနှိပ်ပြီးပွတ်လိမ်းပေးပါ ( အမဲစက်တွေတင်းတိတ်တွေရှိတဲ့နေရာကိုပိုပွတ်ပေးပါနော်)
- နောက်ဆုံးကျရင် လက်ဖဝါးနှစ်ဖက်နဲ့ပါးနှစ်ဖက်ကို “V” ပုံစံ အုပ်ပြီးသာသာလေးဖိပေးပါ ( လက်ဖဝါးက အနွေးဓာတ်လေးတွေက Essence ကိုစုပ်ယူမှုအားပိုကောင်းစေပါတယ်နော်)
Essence / serum လိမ်းတဲ့ အသေးစိတ် post ဖတ်ချင်ရင်တော့
https://www.facebook.com/812312758872877/posts/1793775574059919/

အဆင့် 5️⃣ - နို့ရည်
- နို့ရည်လိမ်းရင် အဆီပြန်တယ်, ပူတယ်ဆိုတာမဟုတ်ပါဘူးနော် ( ကိုယ်နဲ့မသင့်တော်လို့ဖြစ်တာပါ)
- အသားခြောက်တဲ့သူဆိုရင် အဆီဓာတ်ပိုပါတဲ့ နို့ရည်လေးတွေနဲ့ပိုသင့်တော်ပြီး
- အဆီပြန်တဲ့သူဆိုရင် ရေဓာတ်ပိုပါတဲ့ moisturizer လေးတွေသုံးသင့်ပါတယ်
- combination skin type ဆိုရင်တော့ ရာသီဥတုနဲ့လိုက်ပြီး ရွေးချယ်သုံးသင့်ပါတယ်
- နို့ရည်လိမ်းရင် လက်ထိပ်နဲ့မဟုတ်ဘဲ လက်ချောင်းလေးနဲ့လိမ်းရင်ပိုကောင်းပါတယ်
- မျက်လုံးထောင့်, နာခေါင်းတစ်ဝိုက် နှာခေါင်းထောင့်တွေလည်းသေချာလိမ်းပေးပါ, လည်ပင်းပါတောက်လျှောက်လိမ်းပေးပါ ( လည်ပင်းက ပင်ကိုယ်အဆီထွက်နှုန်းအရမ်းနည်းလို့ အရေးအကြောင်းပေါ်ထွက်တာပိုမြန်လို့ပါ)
နို့ရည်လိမ်းတဲ့ အသေးစိတ် post ဖတ်ချင်ရင်တော့
https://www.facebook.com/812312758872877/posts/1804329246337885/

အဆင့် 6️⃣ - Sunscreen/ sunblock ( နေ့ပိုင်း)
- တင်းတိတ် အမဲစက် ထိထိရောက်ရောက်ကာကွယ်ဖို့အတွက်ပါ, အရမ်းအရေးကြီးပါတယ်နော်
- sunscreen ကိုလောက်အောင်သုံးပေးပါ, ပြီးပြီးရော လိမ်းတယ်ဆိုရုံလောက်နဲ့မထိရောက်ပါဘူး
- တစ်ခါလိမ်းရင် ကြွေပြားစေ့တစ်စေ့စာပမာဏလိမ်းပေးပါ ( 30ml ပါတဲ့ဘူးကို တစ်လကျော်လောက်အပြီးလိမ်းပေးရင်လုံလောက်ပါတယ်)
- အပေါ်ကမှ ကိုယ်ကြိုက်ရာ မိတ်ကပ် သနပ်ခါးလိမ်းလို့ရပါပြီနော်...

ကယ်... ဒါလေးတွေကတော့ မျက်နာလေးကိုဘယ်လိုသေချာထိန်းသိမ်းရမလည်းဆိုတဲ့ အခြေခံသုံးနည်းလေးတွေပါ...

သေချာလေး ဂရုစိုက်ပြီး လိမ်းပေးနိုင်ရင် ပါတဲ့ အာနိသင်က ထိရောက်ပြီး ပိုတောင်သိသာနိုင်ပါတယ်နော်...

အမြဲ ပို၍ပို၍ နုပျိုလှပကြပါစေ😘😘😘
#
Crd

03/03/2022

ချွေးပေါက်ကျဉ်းအောင် ဒါတွေနေ့စဉ်လုပ်ပါ

(၁) မျက်နှာကို သန့်စင်အောင် နေ့စဉ် ပြုလုပ်ပါ။ မျက်နှာသစ်ဆပ်ပြာသုံးပြီး မနက်တကြိမ်၊ ညတကြိမ် ဆေးကြောသန့်စင်ပါ။(တနေ့ နှစ်ကြိမ်ထက် မျက်နှာပိုမသစ်ပါနဲ့)

(၂) ရှောက်ရည်နဲ့ နာနာသီးရည်ကို ဆတူရောပြီး သန့်စင်တဲ့အဝတ်တခုကို စိမ်ပါ။ အဆိုပါအဝတ်ကို ချွေးပေါက်၊အဆီဂလင်း များတဲ့ ဝက်ခြံထွက်တဲ့နေရာမျိုးမှာ တမိနစ်ကြာကပ်ပါ။ ပြီးရင် ရေနွေးနဲ့ပြန်သစ်ပါ။ အထဲမှာပါတဲ့ အင်ဇိုင်းဓာတ်က မျက်နှာကို သန့်စင်စေရုံမက အဆီဂလင်းနဲ့ ချွေးပေါက်တွေကိုပါကျဉ်းစေတယ်။

(၃) အပျော့စား scrub ဆေးဆပ်ပြာတခုခုကို တရက်ခြားတခါ သုံးပြီး မျက်နှာသစ်ပါ။ scrub သုံးတဲ့အခါ အလွန်အကျွံပွတ်လိမ်းတာမျိုးရှောင်ပါ။ မျက်နှာပေါ် တမိနစ်ခန့်ထားပြီး ရေပြန်ဆေးပါ။ နောက်ပိုင်း တပတ်နှစ်ကြိမ်ခန့်သာ ဆက်သုံးပါ။

(၄) ဒိန်ချဉ်ကို မျက်နှာလိမ်းပြီး အပေါ်က သန့်စင်တဲ့အဝတ်တခုခု အုပ်ထားပါ။ ဆယ်မိနစ်ခန့်ထားပြီး မျက်နှာသစ်ပါ။ ဒိန်ချဉ်မှာပါတဲ့ lactic acid နဲ့ probiotic တွေက ဝက်ခြံဗက်တီးရီးယားကို ကာကွယ်ပြီး အဆီဂလင်းကို ကျဉ်းစေတယ်။ တပတ် တကြိမ်-နှစ်ကြိမ်ခန့်သာ လုပ်ပါ။

(၅) ကြက်ဥအကာကို ယူပြီး ချွေးပေါက်ကျယ်တဲ့နေရာမှာ ၁၅ မိနစ်လိမ်းထားပါ။ ပြီးရင် ရေပြန်ဆေးချပါ။ နေ့စဉ်လုပ်ခြင်းအားဖြင့် ၁-၃လအတွင်း အဆီပြန်ခြင်းနဲ့ ချွေးပေါက်ကျယ်ခြင်းကို သိသိသာသာသက်သာစေနိုင်တယ်။

အဆိုပါနည်းတွေအတိုင်း အစဉ်လိုက်ပြုလုပ်ခြင်းဖြင့် ချွေးပေါက်ကျဉ်းပြီး အဆီဂလင်းတွေ လျှော့ပါးသက်သာစေမှာဖြစ်ပါတယ်။ လူတိုင်း ဝက်ခြံ၊ အမာရွတ် ကင်းစင်ပြီး လှပချောမွေ့တဲ့ မျက်နှာလေးများ ပိုင်ဆိုင်နိုင်ကြပါစေ။

Crd - ဒေါက်တာအေးမင်းထူး

01/03/2022

ကိုယ့်မျက်နှာအသားအရေနဲ့ကိုက်ညီတာဘာသုံးရမလဲမသိသူများအတွက်🌹🌹🌹🌹🌹

(၁) အဆီပြန်တဲ့အသားအရေဆို serum, essence type ပဲ သုံးပါ။
day cream, night cream တွေ သိပ်မသုံးပါနဲ့။
sun block မရွေးတတ်ရင် မသုံးတာပိုကောင်းတယ်။ အဆီပိုပြန်လာလိမ့်မယ်။ အထူးသဖြင့် နှာခေါင်းတစ်ဝိုက်နေရာ။

(၂) အသားခြောက်တယ်၊ တင်းတိပ်ထွက်တဲ့သူတွေဆိုရင် day cream, night cream ထည့်သုံးနိုင်ပါတယ်။ အသားအရမ်းခြောက်တယ်ထင်မှ night mask တွေ သုံးဖို့ စဉ်းစားပါ။
မျက်လုံးတစ်ဝိုက်ကို မလိုပဲ eye cream မသုံးပါနဲ့။ အဖုတွေ ထွက်လာတတ်တယ်။

(၃) sensitive skin မှာ alcohol base နဲ့ oily skin တွက် ထုတ်တာတွေ မသုံးစေချင်ဘူး။ ပိုဆိုးလိမ့်မယ်။
moisturizer သုံးနိုင်တယ်။ မလိုအပ်ဘဲ အဆီတွေ လျှောက်မသုံးနဲ့။

(၄) mask တွေက မရွေးတတ်ရင် ဆားဝက်ခြံထွက်တတ်တယ်။ မသိရင် မသုံးပါနဲ့။

(၅) oily and acne product လို့ရေးထားတိုင်း ဝက်ခြံပျောက်မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး တချို့ဝက်ခြံပိုဆိုးလာနိုင်သေးတယ်။ သုံးဖူးသူတွေ ပိုသိပါလိမ့်မယ်။

လောလောဆယ် အကြံပေးချင်တာက ဝက်ခြံထွက်နေရင် မျက်နှာသစ်ဆေးက လွဲလို့ အားလုံးဖြတ်လိုက်ပါ။ ဖြစ်တာမကြာသေးရင် သူ့ဘာသာပြန်ကောင်းလာလိမ့်မယ်။

ါရှင့်

Photos from HM Skincare Shwegu KHHW's post 28/02/2022

🚫အာခေါင်ခြောက်ရင် လူမမြင်ပေမဲ့
မျက်နှာခြောက်ကပ်ပြီး မွဲကျနေရင် လူမြင်တယ်ရှင့်

အဲ့တော့ လေးနဲ့
မျက်နှာအတွင်းပိုင်းအလွှာထိ ရေဓာတ်ကို
ဖြည့်တင်းပေးလ်ိုက်ကြပါ😍😍

liquid essence =21000Ks (30ml)

Want your business to be the top-listed Beauty Salon in Shwegu?
Click here to claim your Sponsored Listing.

Telephone

Website

Address


Shwegu