May Htwe Shin
For your skin for your age
27/07/2026
အိမ်ခြံမြေဝယ်ယူတဲ့အခါ ဝယ်ခွန် / ရောင်းခွန် နှစ်ဦးစလုံးမှ ဆောင်ရပါမည်။
🟥 #ဝယ်ခွန်
ဝယ်ခွန် ဆောင်တဲ့အခါ
✅ ၁ ကျပ်မှ သိန်း ၃၀၀၀ အထိ ဆိုပါက
ဝင်ငွေခွန် -၃%
✅ သိန်း ၃၀၀၁ မှ သိန်း ၆၀၀၀ ထိဆိုပါက
ဝင်ငွေခွန် - ၅%
✅ သိန်း ၆၀၀၁ မှ သိန်း ၁၀၀၀၀ အထိ ဆိုပါက ဝင်ငွေခွန် - ၁၀%
✅ သိန်း ၁၀၀၀၁ မှ သိန်း ၃၀၀၀၁ အထိ ဆိုပါက ဝင်ငွေခွန် -၁၅%
✅ သိန်း ၃၀၀၀၁ နှင့်အထက်ဆိုပါက
ဝင်ငွေခွန် - ၃၀ %
အသီးသီးဆောင်ရမှာဖြစ်ပါတယ်။
📌ဥပမာ- ရာဖြတ်စျေး က သိန်း ၃၀၀၀ ဖြတ်
တယ်ဆိုလျှင် သိန်း ၃၀၀၀*၃% =သိန်း ၉၀ ကို ဝင်ငွေခွန် ဆောင်ရမှာဖြစ်ပါတယ်။📌
✅ ဝင်ငွေခွန် အပြင် ဘာထပ်ရှိမလဲ ဆိုရင်
တံဆိပ်ခေါင်း ခွန် ထပ်ရှိပါမယ်။ အဲ့ဒါက ပုံသေ ၄% ဆောင်ရပါမည်။
✅ ရန်ကင်းစာချုပ်စာတမ်းရုံးမှာ စာချုပ်ကြီးချုပ်တဲ့အခါ မှတ်ပုံတင်ကြေး ထပ်မံ ဆောင်ရ
ပါမည်။
အဲ့ဒါကတော့ ၀.၅ % ပါ ။
📌📌အပေါ်မှာ တွက်ပြသလို သိန်း ၃၀၀၀ ဆောင်ရမယ်ဆိုပါက total - 7.5 % ဝယ်သူဘက်မှ ဆောင်ရမှာဖြစ်ပါတယ်။
ဒါဆိုရင် အခွန်အားလုံး -၂၂၅ သိန်း ကျသင့်မည်ဖြစ်ပါတယ်။ 📌📌
✅ အဲ့ဒါတွေကတော့ ဝယ်သူ ဘက်မှ ဆောင်ရမည့် ဝယ်ခွန် အသိီးသီးဖြစ်ပါတယ်။
🟥 #ရောင်းခွန်
ရောင်းခွန် (သို့) အမြတ်တော်ခွန်📌📌
ရောင်းခွန်ကတော့ အမြဲ ၁၀% ပါ။✔️
✅ ကိုယ် မြေကွက်ဝယ်ပြီး
အခွန်ဆောင်စဉ်တုန်းက သိန်း ( ၁၀၀၀ )၊
ပြန်ရောင်းတဲ့အခါ သိန်း (၁၂၀၀ )ဆိုလျှင် ကိုယ်မြတ်သည့် သိန်း (၂၀၀) အပေါ်မှာ ၁၀% ဆောင်ရပါမည်။
✅ သိန်း ၂၀၀*၁၀% =သိန်း ၂၀ ပါ ။
ဒေါ်မေသူ မှ ရေးသားသည်။
မူရင်းရေးသားသူထံမှ ဥပဒေဗဟုသုတအဖြစ် ကူးယူဖော်ပြပေးခြင်းဖြစ်ပါသည်။
24/07/2026
“တကယ် ပါဝါရှိသူဟာ ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ အသံကျယ်ကျယ် အော်မနေဘူး”
🔳 လူအများစုက အခန်းတစ်ခုထဲမှာ အသံအကျယ်ဆုံး ထွက်နေတဲ့သူ၊ ကိုယ့်အကြောင်းကိုယ် အမြဲကြွားဝါပြောဆိုနေတတ်တဲ့သူကို အင်အားအကြီးဆုံး၊ ဩဇာအရှိဆုံးလို့ ထင်မှတ်တတ်ကြတယ်။
တကယ်တော့ အသံကျယ်လွန်းခြင်း၊ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ထုတ်ဖော်ပြသချင်လွန်းခြင်းဟာ အတွင်းစိတ်ရဲ့ မလုံခြုံမှု (Insecurity) ကို ဖုံးကွယ်ဖို့ ကြိုးစားနေတဲ့ လက္ခဏာတစ်ခုသာ ဖြစ်တတ်ပါတယ်။
ကိုယ့်တန်ဖိုးကို ကိုယ်တိုင် သေချာမသိတဲ့အခါမျိုးမှာ လူတွေဟာ သူများတွေ အသိအမှတ်ပြုလာအောင် အသံကျယ်ကျယ်နဲ့ အော်ပြောပြီး အတင်းအကျပ် သက်သေပြချင်လာတတ်ကြတယ်။
🔳 တကယ့် ဩဇာအာဏာ (Power) ဆိုတာ ဆူညံနေစရာ မလိုပါဘူး။ အလွန် ငြိမ်သက်ပြီး နက်ရှိုင်းပါတယ်။
တကယ် အင်အားရှိတဲ့သူ၊ စစ်မှန်တဲ့ ယုံကြည်မှုရှိတဲ့သူတွေဟာ သူများတွေ လာအသိအမှတ်ပြုပေးဖို့ကို မမျှော်လင့်တော့ပါဘူး။
သူတို့က ကိုယ်ဘယ်သူလဲ၊ ကိုယ်ဘာလုပ်နိုင်လဲ၊ ကိုယ့်ရဲ့ အရည်အချင်းက ဘယ်လောက်အထိ ရှိသလဲဆိုတာကို ကိုယ်တိုင် ကောင်းကောင်း သိထားပြီးသား ဖြစ်ပါတယ်။
ဒါကြောင့် "ငါတော်ကြောင်း၊ ငါမှန်ကြောင်း" ကို လူတွေရှေ့မှာ လိုက်လံသက်သေပြဖို့ အချိန်မကုန်ခံကြတော့ပါဘူး။
📌 ခြင်္သေ့တစ်ကောင်ဟာ သူ တောဘုရင်ဖြစ်ကြောင်း သက်သေပြဖို့ တစ်ချိန်လုံး ဟိန်းဟောက်နေစရာ မလိုပါဘူး။
သူ့ရဲ့ တည်ရှိမှု (Presence) လေးတစ်ခုတည်းနဲ့တင် ကျန်တဲ့တိရစ္ဆာန်တွေက အလိုလို ဖယ်ပေးသွားကြတာပါ။
လူတွေမှာလည်း ဒီလိုပါပဲ။
တကယ့် အင်အားဆိုတာ အပြင်ပန်း အော်ဟစ်ဆူညံမှုတွေကနေ လာတာမဟုတ်ဘဲ၊ အတွင်းစိတ်ရဲ့ တည်ငြိမ်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ယုံကြည်မှု (Self-assurance) ကနေ လာတာ ဖြစ်ပါတယ်။
🔳 ကိုယ့်ကို တစ်ယောက်ယောက်က ဝေဖန်လာတဲ့အခါ၊ ဒါမှမဟုတ် အထင်လွဲလာတဲ့အခါမှာ ပြာယာခတ်ပြီး ချက်ချင်း ပြန်လည်ချေပတာမျိုး၊ ဒေါသတကြီးနဲ့ အသံကျယ်ကျယ် တုံ့ပြန်တာမျိုးတွေဟာ ကိုယ့်ရဲ့ ပါဝါကို လျော့ကျစေပါတယ်။
တကယ် အင်အားရှိသူဟာ ကိုယ့်ရဲ့ တန်ဖိုးက သူများတွေရဲ့ နှုတ်ဖျားက စကားလုံးတွေအပေါ်မှာ မူတည်မနေဘူးဆိုတာကို နားလည်ထားတယ်။
ဒါကြောင့် မလိုအပ်တဲ့ ငြင်းခုံမှုတွေမှာ ဝင်မပါဘဲ အပြုံးလေးတစ်ခုနဲ့သာ တိတ်ဆိတ်စွာ ကျော်ဖြတ်သွားတတ်ကြတယ်။
အဲဒီတိတ်ဆိတ်မှု၊ အဲဒီတည်ငြိမ်မှုကသာ ဝေဖန်သူတွေကို ပြန်လည်လွှမ်းမိုးသွားနိုင်တဲ့ အကြီးမားဆုံး အင်အားပါပဲ။
🔳 ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် လူတိုင်းသိအောင်၊ လူတိုင်းလက်ခံလာအောင် လိုက်လံရှင်းပြပြီး အသံကျယ်ကျယ်နဲ့ သက်သေပြနေတာတွေကို ဒီနေ့ကစပြီး ရပ်တန့်လိုက်ပါ။
ကိုယ့်အလုပ်ကို ကိုယ် တိတ်တိတ်ဆိတ်ဆိတ်နဲ့ အကောင်းဆုံး ဆက်လုပ်ပါ။
ရလဒ်တွေကသာ သင့်ကိုယ်စား စကားပြောပါစေ။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ တည်တည်ငြိမ်ငြိမ် နေထိုင်တတ်ခြင်းကသာ သင့်ကို အခန့်ငြားဆုံးနဲ့ ဩဇာအရှိဆုံး လူတစ်ယောက် ဖြစ်လာစေမှာပါ။ ❤️
◾ ပါဝါ POWER - TEAM NYĀNA
◾ စာမျက်နှာ - 414
◾ Size - 5.5 x 8.5 inch
◾ Woodfree Paper
◾ ဈေးနှုန်း - 25000 Ks
ပါဝါ POWER စာအုပ်မှာယူလိုပါက Chat Box မှာ ဆက်သွယ်နိုင်သလို၊ City Mart နဲ့ စာအုပ်ဆိုင်များမှာလည်း ဝယ်ယူရရှိနိုင်ပါတယ်။
#ပါဝါ #ဉာဏစာအုပ်တိုက် #ဉာဏ
Click here to claim your Sponsored Listing.
Category
Website
Address
Sittwe
07014
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |
