WE9 WE9 Myanmar By Taikkyi

WE9 WE9 Myanmar By Taikkyi

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from WE9 WE9 Myanmar By Taikkyi, Health/Beauty, ငှက်ပျောတော (၃)လမ်း, Taikkyi.

12/11/2021

"WE9 Cele Star Hyaluronic Acid Essence Toner"

👩"လူတစ်ယောက်ရဲ့သွင်ပြင်ဟူသည် အသားအရေမှာတည်၏" ဆိုသလို ကြည့်လိုက်တာနဲ့ အသားအရေက ဝင်းဝါ နေရင် မြင်သူတကာ ရင်အေးစေသလို ကိုယ့်ကိုကိုယ် လည်း ယုံကြည်မှု ပိုရှိစေပါတယ်။

😞ကဲ...ဒီလို ဆိုတော့ အိမ်မှုကိစ္စ မီခိုးတလူလူ ကြား က
ရွှေမေမေ တို့စိတ်အားငယ်သွားမှာပေါ့...မပူပါနဲ့ ဆန္ဒရှိရင်
နည်းလမ်း ဆိုတာရှိစမြဲပဲလေ။

💁ကျွန်မတို့ရဲ့ WE9 Myanmar ရဲ့ Cele Star Hyaluronic Acid Essence Toner က ရွှေမေမေ တို့ အတွက် အမြဲ တမ်း Welcome ပဲနော်။

▪အဓိက ပါဝင် တဲ့ Hyaluronic Acid က လိမ်းလိုက်တာနဲ့ အသားအရေကို တင်းရင်း ပြုပြင်ပေးပြီး
ဝင်းပ လာစေမှာမို့ အလုပ်ရှုပ်တဲ့ သူတွေ အတွက်လည်း အင်မတန် ထိရောက် အဆင်ပြေပါတယ်။

▪သဘာဝ အပင် တွေ က နေ ဖော်စပ်ထုတ်လုပ်ထားပြီး ဓာတ်မတည့် ဓာတုပစ္စည်းမပါဝင်တာမို့ မိန်းကလေးပဲ ဖြစ်ဖြစ်ယောကျာ်းလေးပဲ ဖြစ်ဖြစ် ဘယ်သူမဆို ဘေးကင်း စိတ်ချစွာသုံးစွဲနိုင်မှာပါ။

▪ဒီလို အသားအရေအတွက် အစွမ်းထက်တဲ့ Hyaluronic Acid Essence Toner 120 ml တစ်ဗူး ကိုမှ 15500 MMK ပဲ ရှိတာမို့ စိတ်ကူးမလွဲပါနဲ့တော့။

12/11/2021

မိတ်ကပ်မလိမ်းဘဲ သဘာဝအတိုင်း လှနေစေမယ့် နည်းလမ်း ၆ ခု

မိတ်ကပ် မလိမ်းဘဲနဲ့ အသားအရေ ကြည်ကြည်လင်လင်နဲ့ သဘာဝအတိုင်း လှနေစေဖို့ နည်းလမ်းတွေ ရှိပါတယ်

မိတ်ကပ်လိမ်းတာဟာ သင့်ကိုပိုပြီး လှပစေတယ်ဆိုတာကတော့ ငြင်းစရာ မရှိပါဘူး။ ဒါပေမယ့် မိတ်ကပ်လိမ်းမှ လှနိုင်တာမျိုး မဟုတ်ဘဲ မလိမ်းဘဲနဲ့လည်း အသားအရေ ကြည်ကြည်လင်လင်နဲ့ သဘာဝကျကျ လှပနေစေဖို့အတွက် လိုက်နာရမယ့် နည်းလမ်း၊ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မိတ်ကပ် မလိမ်းဘဲ သဘာဝကျကျ လှနေစေဖို့ မျက်ခုံးမွှေးတွေကို အမြဲပုံကျအောင် ပြုပြင်ပေးသင့်ပါတယ်။ မျက်ခုံးမွှေးကို ပုံဖော်ပြီး ရိတ်ပေးတာမျိုးနဲ့ မျက်ခုံးမွှေးပါးသူဆိုရင်လည်း မျက်ခုံးကို ပုံမှန်ဆွဲပေးတာမျိုးအပြင် မျက်ခုံးမွှေး ထူအောင် သံလွင်ဆီ၊ ကြက်ဆူဆီ အစရှိတဲ့ သဘာဝပစ္စည်းတွေကို အသုံးပြုပြီး ပြုပြင်သင့်ပါတယ်။

(၂) နှုတ်ခမ်းနီ မဆိုးဘဲ နှုတ်ခမ်းသားတွေ နူးညံ့လှပ နေစေဖို့အတွက် သကြားကို အသုံးပြုပြီး တပတ်တခါ နှုတ်ခမ်းသားကို Scrub လုပ်ပေးတာမျိုးနဲ့ ညအိပ်ရာ ဝင်ကာနီးတိုင်း သံလွင်ဆီ လိမ်းပေးပြီးမှ အိပ်ရာဝင်တာမျိုး ပြုလုပ်သင့်ပါတယ်။

(၃) မိတ်ကပ် မလိမ်းဘဲ လှနေစေဖို့ မျက်နှာကို သေချာစွာ သန့်ရှင်းရေး လုပ်သင့်ပါတယ်။ ဒါပေမယ့် တနေ့ကို မျက်နှာ ၃ ကြိမ်ထက်တော့ ပိုပြီး မျက်နှာမသစ်သင့်ပါဘူး။ အပြင်က ပြန်လာတဲ့အခါမျိုးတွေမှာ မျက်နှာကို သေချာစွာ ဆေးကြော သန့်စင်ပေးပြီး အစိုဓာတ်ထိန်း ခရင်မ်တမျိုးမျိုး လိမ်းပေးသင့်ပါတယ်။

(၄) အသားအရေ နေလောင်ဒဏ်ကနေ ကာကွယ်ဖို့အတွက် အပြင်ထွက်ကာနီးတိုင်း Sunscreen လိမ်းပေးဖို့ လိုအပ်ပြီး Sunscreen လိမ်းပေးခြင်းဟာ အသားအရေ ထိခိုက်ပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

(၅) ရေများများ သောက်ပေးခြင်းဟာ ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝ နေစေတာကြောင့် သင့်အသားအရေကို စိုပြည်စေမှာ ဖြစ်သလို ကျန်းမာရေးကို ကောင်းမွန်စေမှာလည်း ဖြစ်ပါတယ်။ မနက်အိပ်ရာ နိုးနိုးချင်း ရေတဖန်ခွက် သောက်ပေးခြင်းက သင့်အသားအရေကို ကြည်လင်စေမှာ ဖြစ်ပါတယ်။

(၆) သင့်ကို သဘာဝကျကျ လှပစေနိုင်ဖို့အတွက် အိပ်ရေးဝဝ အိပ်ပေးခြင်းကလည်း အရေးကြီးပါတယ်။ တနေ့ကို အိပ်ချိန် ၇ နာရီခန့် အိပ်ဖို့လိုအပ်ပြီး ည ၁၁ နာရီ မထိုးခင် အိပ်ရာဝင်သင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ည ၁၂ နာရီ နောက်ပိုင်းမှာ အသားအရေကို လှပစေတဲ့ ဟော်မုန်းတွေ ထုတ်ပေးနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

10/11/2021

ဒါဖတ်ပြီးမှ skin care ဝယ်ပါ
---------------------------

ဒေါက်တာအေးမင်းထူး

(၁) Toner
Tonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျိုးဖြစ်ပါတယ်။ တိုနာအာနိသင်က အညစ်အကြေးကို အဓိကဖယ်ရှားသန့်စင်ပေးတာ ဖြစ်တယ်။ မျက်နှာသစ်တွေသုံးပြီး ကျန်နေနိုင်တဲ့ အညစ်အကြေးကို ဗာတိုနာက ကောင်းကောင်းဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး မျက်နှာအဆီပေါက်တွေကို ကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေတယ်။ အထူးသဖြင့် မိတ်ကပ်သုံးသူအများစုဟာ တိုနာသုံးသင့်တယ်။

(၂) Mist
Mist ဆိုတာ အရည်တမျိုးပဲ။ toner နဲ့နည်းနည်းဆင်တယ်။ ဒါပေမယ့် အာနိသင်မတူညီပါဘူး။ mist ထဲမှာ သဘာဝဆီ၊ ပန်းဆီ၊ အလှဆီနဲ့ ရေဓာတ် တို့ပါလေ့ရှိတယ်။ အာနိသင်က အရေပြား pH ကို မှန်စေတယ်။ အစိုဓာတ်ကို ထိန်းပေးပြီး မျက်နှာပြင်ကို အေးမြစေတယ်။ ပုလင်းနဲ့လာပြီး အရှေ့တိုင်းသားတွေကို မျက်နှာခြောက်သွေ့တဲ့အခါ ဖြန်းလေ့ရှိတယ်။ နွေရာသီမှာ အဓိက အသုံးဝင်တယ်။ တချို့က မိက်ကပ်မလိမ်းခင် ကြိုလိမ်းတတ်ကြတယ်။

(၃) Essence
essence က အားလုံးထဲမှာ ပြင်းအားအနည်းဆုံးပဲ။ ပုံမှန်အားဖြင့် ရေသာသာ အရည်ကြည်တမျိုးပဲ။ တချို့က treatment water လို့ခေါ်တယ်။ အရေပြားကို အဓိကပြုပြင်ပေးတယ်။ အမျိုးအစား သုံးမျိုးလာတယ်။
• whitening essence ဆိုတာ မျက်နှာ ဝင်းမွတ်တောက်ပတဲ့ နေရာမှာ သုံးတယ်။ Melvita Brightening essence ဆိုတဲ့ နာမည်နဲ့လာတယ်။
• pore control essence ကတော့ အဆီပြန်ခြင်းကို ထိန်းချုပ်တဲ့ နေရာမှာ အသုံးဝင်တယ်။ Loreal treatment essence ဆိုတာ အဆီထိနိးတဲ့နေရာမှာ ကောင်းတယ်။
• skin repairing essence က အရေပြားကို ပြုပြင်ပေးတာဖြစ်တယ်။Cremorlab Mineral Treatment essence နာမည်နဲ့လာတယ်။အားလုံးထဲမှာ နာမည်အကြီးဆုံးက အများသိတဲ့ SKII facial treatment essence ဖြစ်ပါတယ်။ ကျွန်တော်လည်း သုံးဖူးပါတယ်။ အခုလည်း သုံးတယ်။ အဆီဓာတ်အခြေခံတဲ့ Essence လိုမျိုးလည်း ရှိပါသေးတယ်။ အများစုက Mandelic acid ပါတယ်။

ကိူရီးယားမှာ Esteen Lauder advanced night repair serum ကို essenceခေါ်

(၄) Serum
Serum က essenceထက် ဓာတုပါဝင်မှုပိုများတယ်။ နည်းနည်းပိုပြစ်တယ်။ ဒါ့ကြောင့် essenceထက် စျေးအနည်းငယ်ပိုတယ်။ serumက အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်စေပြီး အသားရောင်ကို ကြည်လင်ဝင်းပစေတယ်။ လေထုညစ်ညမ်းမှုကြောင့် အရေပြားပျက်ဆီးတာကို ကာကွယ်နိုင်တယ်။ အစိုဓာတ်ထိန်းပေးနိုင်ပေမယ့် moisturizer နဲ့ သဘာဝချင်း လုံးဝမတူပါ။ moisturizerက အရေပြားအပေါ်ယံကို ပြင်ပလေထု၊ ရာသီဥတုနဲ့တိုကိရိုက်မထိအောင် အလွှာပါးတခုနဲ့ ကာကွယ်ပေးတဲ့ သဘောသာဖြစ်တယ်။ Serum ကတော့ အရေပြားအတွင်းပိုငိးထိ နက်ရှိုင်းစွာ ဝင်ရောက်ပြီး အသားအရေနူညံ့စေတာဖြစ်တယ်။ serum က အရေပြားတွန့်တာကို ကာကွယ်ပေးနိုင်ပေမယ့် လူတိုင်း serum သုံးလို့ရပါတယ်။
serum ထဲမှာ ရေဓာတ်အခြေခံ(water based serum) နဲ့ အဆီအခြေခံ (Oil based serum)ဆိုပြီး နှစိမျိုးရှိတယ်။ Oil based serumတွေထဲမှာ Vitamin C (သို့) retinol လိုမျိုးပါလေ့ရှိတယ်။ အာနိသင်ပေါ်မူတည်ပြီး ထုတ်ထားတဲ့ Serum သုံးမျိုးရှိတယ်။
• anti-aging serumဆိုတာ အရေပြားတွန့်သူ တွေမှာအဓိကသုံးတယ်။
• pore tightening serum ကတော့ ဝက်ခြံထွက်သူ၊ အဆီပြန်သူ၊ အဆီဂလင်းများသူတွေမှာ သုံးတယ်
• brightening serum ကတော့ အရေပြားကို ဝင်းမွတ်စေတဲ့ အမျိုးအစားဖြစိတယ်။
hyaluronic acid, ceramides(အစိုဓာတ်ထိန်းပေး)
water based - မော်လီကျူးသေး၊ moisturizer မလိမ်းမှီ
oil based - မော်လီကျူးကြီး၊ moisturizer လိမ်းပြီး

(၅) Ampoule
Ampoule က ဒီသုံးမျိုးထဲမှာ သူကအရည်အပျစ်ဆုံးနဲ့ ပါဝင်မှုအများဆုံးပဲ။ serum ထက် စျေးနည်းနည်းပိုကြီးတယ်။ ဗီတာမင်နဲ့ အပင်အင်ဇိုင်းတွေ ပါလေ့ရှိတယ်။ အသားအရောင်ကို ညီညာ ချောမွတ်စေပြီး အရေပြားထဲ ပိုမိုစိမ့်ဝင်နိုင်တယ်။ အချိန်တိုအတွင်း အာနိသင်အထိရောက်ဆုံးပဲ။ brightening ampoule က အရေပြားတောက်ပစေဖို့ သုံးတယ်။လိမ်းထားရင် အသားရောင် ကြည်လင်နေတယ်။ collagen ampoule (သို့) wrinkle reducer ampouleက အရေပြားတင်းရင်းစေဖို့ သုံးတယ်။ အထူးသဖြင့် အသက်ကြီးရင့်သူတွေ သုံးနိုင်တယ်။
ပုံမှန်အားဖြင့် မိပ်ကပ်တွေ ကြာရှည်ခံအောင် hydrating (သို့) makeup ampoules တွေကို သုံးတယ်။ အထူးသဖြင့် မင်္ဂလာဆောင်တွေမှာ သုံးကြတယ်။ လေနဲ့ထိရင် ဓာတ်ပြုလွယ်လို့ vial လေလုံတဲ့ပုလင်းထဲ ထားရတယ်။

ပါဝင်တဲ့ပြင်းအား - ampoule > serum> essence .
အပျစ်၊အကျဲ - essence > ampoule > serum

အားလုံး တစ်နှစ်အတွင်း ကုန်အောင်သုံး(well concentrated and can oxidized)
�Acne-prone: Look for vitamin C (increases collagen production, enhances skin’s repair process, and reduces inflammation), retinol (also an antioxidant, reduces inflammation), zinc (soothes irritation, regulates oil production), and salicylic acid (unclogs pores).
Dry: Look for vitamin E (an antioxidant, protects cells from oxidative damage), niacinamide (improves skin elasticity, increases ceramide levels in skin), glycolic acid (gently exfoliates and lightens discoloration), and hyaluronic acid (retains moisture).
Feeling dull: Look for antioxidants like green tea extract, resveratrol, ferulic acid (these combat free radicals, increase effectiveness of sunscreen by day, and promote cellular repair and healing by night).

(၆) Booster
booster ဆိုတာ serum/essence မလိမ်းခင်သုံးရတဲ့ပစ္စည်းတမျိုးဖြစ်ပါတယ်။ ဒါပေမယ့် တိုနာသုံးပြီးမှ လိမ်းရတယ်။ booster သုံးခြင်းအားဖြင့် essence/serum ရဲ့အာနိသင်ကို ပိုကောင်းစေတယ်။ အရေပြားအရောင်က ပုံမှန် ကြည်လင်တောက်ပလာတယ်။ မျက်နှာအသေားရောင်ပိုလင်းလာတယ်။

(၇) Floral water
သိပ်ထူးထူးဆန်းဆန်းမဟုတ်ပါဘူး။ ပန်းကို ရေနဲ့ စိမ်ပြီး ပေါငိးစပ်ထားတဲ့ အရညိတမျိုးဖြစ်ပါတယ်။ ဒီအရည်ကို toner, mist (သို့) moisturiser အနေနဲ့လညိး သုံးလို့်ရတယ်။ အရေပြားကို အေးမြစိုစွတိစေတယိ။ ရေဓာတ်ကို နညိးနည်းထိန်းပေးတယ်။ ဒါပေမယ့် moisturiser စစ်စစ်လို အာနိသင်မကောင်းပါ။ ဆောင်းရာသီမျိုးမှာ သိပ်အသုံးမဝင်ပါ။ Melvita Extraordinary water ဆိုတာ Floral water ပန်းအရည်တမျိုးဖြစိပါတယ်။

(၈) Finisher
နောက်ဆုံးမှသုံးလို့ skin finisher လို့လည်း ခေါ်တယ်။ မျက်နှာအရေပြား တောက်ပနေအောင်ပြုလုပ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ တကယ်က အရောင်တင်တဲ့သဘောပါပဲ။ toner, serums/essence/ နဲ့ moisturisers အားလုံးသုံးပြီးနောက်မှ အပေါ်က ထပ်သုံးရတယ်။ အောက်မှာ ခံလိမ်းထားတဲ့ အရေပြားထိန်းပစ္စည်းတွေကို ကြာရှည်ခံအောင် ဖုံးပေးတဲ့သဘောပါပဲ။ အဲဒီရဲ့အပေါ်ကမှာ နေလောင်ကာလိမ်းဆေး၊ foundation၊ မိပ်ကပ်စတာတွေ ဆက်သုံးနိုင်တယ်။ ပုံမှန်အားဖြင့် နေ့ပိုင်းမှာသာ သုံးတယ်။ Sulwhasoo Luminate Essential Finisher ဆိုတဲ့နာမည်နဲ့လာတယ်။

(၉) Peeling Gel
အရေပြားအပေါ်ယံဆဲလ်ကို ခွာပေးတဲ့ ဂျယ်တမျိုးဖြစ်ပါတယ်။ scrubs လောက် မပြင်းဘူး၊ အပေါ်ယံ epothelium မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်။ ပုံမှန်အားဖြင့် အာနိသင်ကောင်းအောင် ညဖက်မှာ သုံးပြီး sheet mask မသုံးခင်သုံးကြတယ်။ ကိုရီးယားမှာ UGB Peeling Gel အနေနဲ့ လာပါတယ်။

#ဒေါက်တာအေးမင်းထူး
၈.၁.၂၀၂၀

Photos from WE9 WE9 Myanmar By Taikkyi's post 10/11/2021

နေကာကို ဘာကြောင့်သုံးသင့်လဲ ❓

ပုံလေးကို သေချာကြည့်ကြည့်နော်...👇👇👇

Suncream မသုံးရင် အသားရည်ပျက်စီးလွယ်ပြီး
တင်းတိပ် အမဲစက် ဖြစ်လွယ်တရ်..✅

အရွယ်မတိုင်ခင် အိုးမင်းရင့်ရော်ပြီး အရေးကြောင်းတွေဖြစ်စေတရ်..✅

ဝက်ခြံ၊အမဲစက်ဖြစ်လွယ်ပြီး အသားရေကို ကြမ်းတမ်းစေတရ်... ✅

နေရောင်မှ လာသော UVA,UVB ကြောင့် အရည်ပြားကိုထိရောက်စွာ ကာကွယ်ဖို့ Suncream လေးကိုသုံးပေးဖို့ မမေ့ကြနဲ့နော်...🙋‍♂️

ချစ်ခြင်းများစွာဖြင့်✍
Crd

10/11/2021

💋မြင်သူတကာ ကြွေဆင်းသွားမယ့် နှုတ်ခမ်း‌တစ်စုံအတွက်💋
💄 WE9 Cele Star Silky Lip Glaze💄
▪▪▪▪▪
🙎"နှုတ်ချို လျှိုတစ်ပါး" ဆိုတဲ့အတိုင်း ဘာကိစ္စကိုပဲ
လုပ်လုပ် လူတစ်ယောက်မှာ အပြောချို နေဖို့က
အလွန်အရေးပါသလို ကိုယ်ပြောတဲ့စကားလုံးတိုင်းမှာ မျောပါ နေစေဖို့ မြင်သူတကာ ကြွေစေဖို့ နှုတ်ခမ်းလေးက ဖူးဝေ
နေဖို့လည်း လိုတာပေါ့။

💋ရာသီဥတုကြောင့် နှုတ်ခမ်းခြောက်လို့ ဖြစ်စေ၊
နှုတ်ခမ်းလေး ဝင်းနု စေချင်လို့ ဖြစ်စေ
သင့်နှုတ်ခမ်းပါး ပေါ်မှာ တောက်ပစွာလျှောက်လှမ်းဖို့
"WE9 Cele Star Silky Lip Glaze" လေးက အသင့်
စောင့်ကြိုနေပါတယ်။

✔နိုင်ငံတကာ စံနှုန်းမီ ထုတ်လုပ်ထားတဲ့ အတွက်
နှုတ်ခမ်းမှာ အဖတ်အဖတ် ဖြစ်တာ ၊ အရောင်
မှိန်သွားတာ ၊ ဓာတ်မတည့်တာ တို့ မရှိနိုင်တာမို့
စိတ်ကြိုက် အသုံးပြု နိုင်မှာပါ။

💯%Silky ဖြစ်တာမို့ နူးနူးညံ့ညံ့လေးနဲ့ နှုတ်ခမ်းမှာ
ဆိုးလိုက်မှန်းတောင် သိလိုက်မှာမဟုတ်ပါဘူး။

💕သုံးဖူးသူတိုင်း ကြိုက်နှစ်သက်ကြပြီး
စိုစိုလဲ့လဲ့လေးဆိုတော့ ပွဲလမ်းအလယ်မှာ
သူတကာထက် ပိုပြီး ထင်ပေါ် ၊ ဆွဲဆောင်နိုင်နေမှာ အသေအချာပါပဲ။

☝အရောင်အသွေး အနေနဲ့လည်း

Smart Lady,
Famous Lady,
Super Lady,
Young Lady,
Rich Lady,
Sweetheart ဆိုတဲ့

အရောင် ခြောက်မျိုးရှိပြီး တစ်ချောင်းကို
10,900 MMK တည်း ကျသင့်ပြီး
တစ်ချောင်းတည်းနဲ့ အကြာကြီး သုံးနိုင်မှာပါ။

💁ပြောတိုင်းပြီးမြောက် ၊ ပြုံးလိုက်တိုင်း အထွဋ်အထိပ်
ရောက်စေဖို့ ဒီ WE9 Cele Star Silky Lip Glazeလေးတွေကို
ဝယ်ယူသူတိုင်း အပေါ် အမြဲစေတနာထား၊
ရောင်းပေးနေလို ဆယ်သွယ်မှာယူနိုင်ပါပြီ။

Photos from WE9 WE9 Myanmar By Taikkyi's post 10/11/2021

💥ဝက်ခြံ ဝက်ခြံ 💥

❗❗❗အဆီပြန်သောအရေပြားကို စင်ကြယ်အောင်မသန့်စင်နိုင်ရာမှ အစပြုပြီး ချွေးပေါက်များပိတ်ဆို့လာကာ အမဲစက်များ ဖြစ်ပေါ်လာပါတယ်။

သန့်စင်ခြင်း ကို သေသေချာချာ မပြုလုပ်လျှင် အရေပြားဆဲလ်အသေများထူထပ်လာစေပြီး Mites ဆိုတဲ့အကောင်တွေ
လာရောက်ခိုအောင်းနေတတ်ကြပါတယ်။

❗❗❗Mites(သန်းအသေးစား) ဆိုတဲ့ အကောင်သေးသေးလေးတွေက အရေပြားကွာကျတာတွေကို စားသုံးကြတယ်
အဲဒီနေရာမှာဘဲပေါက်ဖွားကြတယ်။
ဒါကြောင့် အရေပြားယားယံမယ်၊ ထူပြီးကြမ်းလာမယ်၊ ဝက်ခြံပေါက်မယ်၊ ဆားဝက်ခြံ​တွေဖြစ်မယ်။

Dust Mites , Bed Bugs (သန်းအသေးစား) ဆိုတဲ့အကောင်လေးတွေဟာ အလွန်သေးငယ်ပြီး သာမန်မျက်စိနဲ့မမြင်နိုင်ပါဘူး။

❗❗❗အိပ်ယာခင်း ၊ ခေါင်းအုံး၊ ဆိုဖာ၊ အဝတ်အစား ၊ ချွေးပေါက်တွေထဲ နေရာစုံမှာ ရှိနေတတ်တယ်။

💥သူက အဆီပြန်တဲ့ အသားအရည်ကို
ပိုကြိုက်တယ်။ အရေပြားပြသနာများစွာ ဖြစ်ပေါ်စေပါတယ်။

⭐⭐⭐အရေပြားပြသနာအတွက် ၁မျိုးပြီး၁မျိုး ပြောင်းသုံးနေပေမယ့်လည်း ခုထိ အဖြေရှာမရသေးဘူးဆိုရင်တော့ Mites ကို သတိထားရတော့မယ်နော်...⭐⭐⭐

❗❗❗အိပ်ရာခင်း အဝတ်အစားများနေဘယ်လောက်လှမ်းလှမ်း Mites တွေက အရေပြားပေါ်မှာဘဲအနေများပြီး ပေါ်က်ဖွားနေတတ်ကြပါတယ်။

❗❗❗Mites ရန်က ကင်းဝေးရန် နေ့စဉ် အရေပြားသန့်ရှင်းစင်ကြယ်ရန် နှင့်ဆဲလ်အသေတွေကိုဖယ်ရှားပေးဖို့ကအရေးကြီးပါတယ်။

အရေပြားပေါ်က Mites ပြသနာတွေကို တိုက်ထုတ်ပေးဖို့ ပင်လယ်ဆားက ဘုရင်တစ်ပါးပါ။

🌊🌊🌊ချွေးပေါက်ထဲမှ အညစ်အကြေးများကို စုပ်ယူဖယ်ရှားပေးကာ အရေပြားကြည်လင်လာစေခြင်း အမဲကွက်တွေ အစက် အပျောက်တွေကိုဖယ်ရှားပေးတယ်။

ဆဲလ်အသေများကို ဖယ်ရှားပေးလို့ အရေပြားကိုသန့်စင်ပေးရုံသာမက ကျန်းမာသောအရေပြားဖြစ်အောင် ပြန်လည်ပြုပြင်ပေးပြီး တနေ့တာလုံး နူးညံ့ပြီး ကြည်လင်စေတယ်။

ပင်လယ်ဆားရဲ့သဘာဝဓါတ်များက
ကျယ်နေတဲ့ ချွေးပေါက်တွေကို ကျဥ်းသွားစေပြီး ဆားဝက်ခြံ ဖြစ်ပေါ်မှုကို ကာကွယ်ပေးတယ်။

မျက်နှာကြွက်သားများကိုတင်းရင်းစေလို့ အရေးအကြောင်းများကိုလည်း လျော့နည်းစေတယ်။

ကဲ Mites ကောင်တွေကို French Sea Salt ဆပ်ပြာနှင့်ဖယ်ရှားပြီး ကျန်းမာနုပျိုတဲ့အရေပြားကို ရယူလိုက်တော့နော်...

8500mmk

04/11/2021

နေပွင့်လာပြီ​နော် အသဲတို့🌞🌞🌞

အပြင်ထွက်မယ်ဆိုရင် sun block ပဲဖြစ်ဖြစ် sun screen ပဲ ဖြစ်ဖြစ်
2 နာရီ တစ်ခါ ထပ်လိမ်းပေးဖို့ လိုအပ်ပါတယ်​နော်။

နောက်ပြီး SPF 30+ နဲ့ အပြည့် ပါတာ သုံးပါ။

Sun block ဟာမျိုးကို ရွေးချယ်ပါ။
Sun block က နေရောင်ခြည်ကို အရေပြားမထိခင် အလင်းပြန်စေတဲ့နည်းနဲ့ ကာကွယ်ပေးထားတာပါ။

sun screen တွေကတော့ နေရောင်ခြည်ကို စုပ်ယူပြီးမှ ကာကွယ်ပေးတာမို့ အသားအရေကို နည်းနည်းတော့ ထိခိုက်စေပါတယ်။

မင်မင်က Sun Blockပါတဲ့ We9 4in1
SeleStarCream ​လေးကို​ရွေးချယ်ကာ
သုံးစွဲ​နေပါတယ်💯💯💯

23900ks

📲09421058328

03/11/2021

Skincare တွေ နေ့စဉ်ပြုလုပ်နေပေမယ့် ထိရောက်တဲ့ အာနိသင် မရရှိတာ ဘာကြောင့်များလဲ ??

မျက်နှာကို Cleansing သေချာမပြုလုပ်မိတဲ့အခါ၊ ဆဲလ်သေတွေ ရှိနေတဲ့အခါမှာ အသားအရေက Skincare တွေရဲ့ အာနိသင်ကို ထိထိရောက်ရောက်မရရှိတာမျိုး ဖြစ်တတ်ပါတယ်နော်.. ဒီလိုပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့အပြင် နေ့စဉ်အသုံးပြုနေတဲ့ Skincare တွေရဲ့ အာနိသင်ကို (၂) ဆပိုမိုကောင်းမွန်စေတဲ့ လျှို့ဝှက်ချက်လေးကတော့ Hyaluronic Acid Essence Tonerလေးပေါ့

Hyaluronic Acid Essence Tonerက မျက်နှာအသားအရေပေါ်မှာခြောက်ကပ်ကပ်ဖြစ်ပီး ပျက်ဆီးနေတဲ့အသားအရေကို အချိန်တိုအတွင်းမှာ ရေဓာတ်ဖြည့်ပေးပီးကြည်လင်တောက်ပ စိုပြေနိုင်စွမ်း ရှိပါတယ်

နေ့စဉ်ပုံမှန်သုံးပေးရုံနဲ့ ချွေးပေါက်ကျယ်တာတွေကိုကျဉ်းတယ် လိုအပ်တဲ့ PH levelကိုထိန်းညှိပေးတာကြောင့် အသားအရေစိုပြေပီး ချောမွေ့စေပါတယ်

- အသုံးပြုမယ့် Skincare တွေကို ပိုမိုအာနိသင်ရရှိစေတယ်
- Tonerသုံးပြီး ဆက်လက်အသုံးပြုမယ့် Skincare တွေရဲ့ အာနိသင်ကို ပုံမှန်ထက် (၂) ဆ အာနိသင်ထိရောက်စေတယ်
- အသားအရေကို ချောမွေ့စေတယ်
- တွန်းကန်အားကောင်းမွန်စေပြီး အသားအရေကို ကြည်လင် တောက်ပ နုပျိုစေပါတယ်ရှင်..

ဒီလိုဆို Alcohol freeဖြစ်တဲ့ Hyaluronic Acid Essence Toner ‌နဲ့ တင်းရင်းနုပျိုပြီး ကြည်လင်စိုပြေတဲ့ အသားအရေကို အရယူလိုက်ကြရအောင်..

(120ml) -15500 Ks

03/11/2021

🤗အရမ်းကြိုက်တဲ့Magic Collagen Protein Essence လေး~~ ရှိနေရင်ဘဲကျေနပ်နေ

🤩 အသားရေကို အတွင်းကနေကြည်တာ, ညစ်နောက်နောက်ကြီးမဟုတ်တော့ဘူးတဲ့....

✅အရေးအကြောင်းသက်သာသွားတယ်
✅အမည်းစက် ပါးသွားတယ်
✅ အသားရေ အရမ်း Glow လာတယ်

💆🏻‍♀️အသက် 25 အထက်ဆို အသားရေမတွဲအောင် တင်းရင်းအောင် Collagenတွေစသုံးသင့်တယ်~~ (မဖြစ်ခင်မှာ ကြိုထိန်းသိမ်း)

🤩 Collagenကလိမ်းလိုက်တာနဲ့ အေးပြီး ကြည်သွားတာကို သဘောကျတယ်

✅အသားရေတင်းရင်းစေတယ်
✅ပျက်ဆီးနေတဲ့ ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးတယ်
✅ဆဲလ်သစ်တွေ collagen ဆဲလ်တွေ နိုးကြွစေတယ် (နုပျိုစေတယ်)
✅အသားရေ ညက်ညက်လေး နဲ့ Glow ဖြစ်စေတယ်
✅ရေဓာတ်ပြည့်ဝစေတယ်, ချွေးပေါက်ကျဥ်းစေတယ်
✅အရေးကြောင်း လျော့နည်းစေတယ်

အနံ့လေး သင်းသင်းလေး နဲ့

လိမ်းလိုက်တာ အေးပြီး အသားရေထဲ စိမ့်ဝင်ရလွယ်တယ်, အသားရေကို ကြည်လင်စေတယ်

❌စေးကပ်တာတွေ ပူတာတွေ လုံးဝ မရှိပါ။

💰ပုလင်း -21900ks
💰ဘူး-19900ks

09-421058328

02/11/2021

အရေပြားဆရာဝန်တွေအကြံပေးထားတဲ့ အသားအရေထိန်းသိမ်းနည်း လျှို့ဝှက်ချက် (၆)ချက်

အရေပြားအထူးကုတွေနဲ့ တစ်ကြိမ်လောက်တော့ တွေ့ဆုံပြီး အသားအရေထိန်းသိမ်းနည်းကို သေသေချာချာမေးကြည့်ဖူးချင်တယ်ဟုတ်။

ဒါဆိုရင်တော့ဒီဆောင်းပါးလေးဟာ အရေပြားဆရာဝန်တွေ အကြံပေးထားတဲ့ အသားအရေထိန်းသိမ်းနည်း လျှို့ဝှက်ချက်လေးတွေဖြစ်လို့ ကွက်တိပဲနော်။

ဒီနည်းလမ်းလေးတွေအတိုင်း လိုက်နာပေးခြင်းဖြင့် ကျန်းမာပြီး လှပတဲ့အသားအရေလေးကို ရရှိမှာဖြစ်ပါတယ်။

(၁) ကောင်းမွန်စွာဆေးကြောပါ

မျက်နှာသစ်တဲ့အခါ ပြင်းထန်တဲ့ ဓာတုပစ္စည်းပါတဲ့ မျက်နှာသစ်ဆပ်ပြာတွေကို မသုံးပါနဲ့။ အသားအရေကို အတွင်းပိုင်းအထိ အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ မျက်နှာသစ်ဆေးမျိုးကို အသုံးပြုပေးပါ။

(၂) Sunscreen များများလိမ်းပါ

Sunscreen လိမ်းတဲ့အခါ နည်းနည်းလေးပဲမလိမ်းပါနဲ့။ ထူထူနဲ့များများလေး လိမ်းပေးလိုက်ပါ။

ဒါမှအသားအရေရဲ့ အတွင်းပိုင်း ၂လွှာလောက်အထိစိမ့်ဝင်ပြီး နေရောင်ခြည်ဒဏ်ကို ပိုကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

(၃) ဗူးအသေးရွေးဝယ်ပါ

အလှကုန်တွေ၊ Skincare တွေဝယ်တဲ့အခါ ဗူးကြီးထက် ဗူးသေးတွေကို ဝယ်ပါ။ အကြောင်းကတော့ ဝယ်တဲ့အချိန်ကြာလာတာနဲ့အမျှ အာနိသင်တွေက တဖြည်းဖြည်းနည်းသွားတာကြောင့်ပါ။

(၄) ဇောက်ထိုးနေပါ

ဦးခေါင်းကို မကြာမကြာအောက်စိုက်ပြီး မိနစ်အနည်းငယ်နေလိုက်ပါ။ ဒီနည်းလမ်းဟာ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး …..

အသားအရေကို စိုပြည်ဝင်းလက်နေစေပါတယ်။ ယောဂသင်တန်းတွေကိုလည်း အချိန်ပေးပြီးတက်နိုင်ရင် အရမ်းကောင်းပါတယ်။

(၅) မှန်ကန်တဲ့ အိပ်ရာခင်းတွေကိုအသုံးပြုပါ

အိပ်နေစဉ်မှာလည်း အရေးကြောင်းတွေဖြစ်နိုင်ပါတယ်။ သင်အသုံးပြုနေတဲ့ ခေါင်းအုံးစွပ်က သင့်ရဲ့ မျက်နှာအသားအရေကို ပျက်စီးစေနိုင်ပါတယ်။ ဖဲသားခေါင်းအုံးစွပ်က အကောင်းဆုံးဖြစ်ပါတယ်။

(၆) အုန်းရည်သောက်ပါ

အုန်းရည်ဟာ အသားအရေအတွက် ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ အရေပြားဆရာဝန်တိုင်း သိကြပါတယ်။

အုန်းရည်ကို နေ့စဉ်ပုံမှန် သောက်သုံးပေးခြင်းဖြင့် သင့်အသားအရေဟာ တစ်ပတ်အတွင်း ကြည်လင်ဝင်းပသွားတာကို တွေ့မြင်ရမှာပါ။

မျက်နှာပေါင်းတင်ရာမှာလည်း အသုံးပြုနိုင်ပြီး ဘယ်လိုအသားအရေမျိုးနဲ့မဆို တည့်ပါတယ်။

30/10/2021

💐တင်းတိတ် \အမဲစက် \နေလောင်ထားတဲ့ သူများတွက် သိသိသာသာ ပျောက်ကင်းစေတဲ့ Setလေး

💐 သုံးဖူးသူတိုင်း အကြိုက်နော် တကယ်ကောင်းတယ်

💰Beauty Soap-8500ks
💰White Tone Up Cream-23900ks

29/10/2021

ထိုင်းမလေးများ နှစ်ခြိုက်စွာအသုံးပြုနေကြတဲ့ ထိုင်းရိုးရာ အသားအရေထိန်းသိမ်းနည်း -၅မျိုး

၁......နနွင်းနဲ့ မျက်နှာသစ်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

နနွင်းမှုန့်အနည်းငယ်ကို ရေနည်းနည်းနဲ့ရောပြီး မျက်နှာအနှံ့လိမ်းပြီး လက်ချောင်းထိပ်လေးတွေနဲ့ဖြည်းဖြည်းချင်းပွတ်တိုက်ပေးပါ။၁၀ မိနစ်လောက်ကြာရင် ရေအေးနဲ့မျက်နှာသစ်ပေးပါ မျက်နှာပေါ်က အညစ်အကြေးတွေအားလုံး သန့်စင်သွားပြီး မျက်နှာလေးကြည်လင်နေတာကိုတွေ့ရပါလိမ့်မယ်

၂.... မန်ကျည်းသီးနဲ့မျက်နှာကြေးချွတ်နည်း°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မန်ကျည်းသီးမှည့်အနှစ်ကို ရေနွေးနည်းနည်းနဲ့ စိမ်ထားပြီး မျက်နှာနဲ့ ခန္ဓာကိုယ်ကို ပွတ်တိုက်ပေးလိုက်ရင် ကြေးချွတ်ပြီးသားဖြစ်ပြီး အသားအရေကို ဖြူဝင်းသွားစေပါလိမ့်မယ်။
တခြား scrub တွေလို အသားအရေအပေါ်လွှာကို
မပျက်စီးစေဘဲ ကြေးတွေကို လုံးဝပြောင်သွားစေနိုင်တဲ့
အစွမ်းရှိတာကြောင့် ကြေးချွတ်ဖို့အတွက်
အကောင်းဆုံးနည်းလမ်းတစ်ခုဆိုလည်းမမှားပါဘူး။

၃...... အသားအရောင်မညီတာတွေကို ညှိပေးမယ့်သင်္ဘောသီး
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

သင်္ဘောသီးမှည့်အတွင်းသားတွေကို ကြေညက်နေအောင်
ချေပြီး မျက်နှာအနှံ့လိမ်းကာ မိနစ် ၂၀ ကြာရင်
မျက်နှာသစ်လိုက်ပါ ။ဒါကို နှစ်ရက်ခြားတစ်ခါလောက်
လုပ်ပေးမယ်ဆိုရင် အသားအရောင် မညီမညာဖြစ်နေတာကို ညှိပေးနိုင်ပြီး စိုပြည်စေပါလိမ့်မယ်။

၄... အုန်းဆီနဲ့အစိုဓာတ်ဖြည့်တယ်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မျက်နှာသစ်ပြီး မျက်နှာအနှံ့ကို အုန်းဆီပါးပါးလေးလိမ်းပြီးအိပ်ရာဝင်ကာ မနက်မှ မျက်နှာသစ်ပေးလိုက်ရင် မျက်နှာအစိုဓာတ်ဖြည့်ပေးပြီး အသားခြောက်သွေ့အက်ကွဲတာတွေကို တားဆီးပေးပါလိမ့်မယ်။

၅..အသီးဖျော်ရည်သောက်တယ်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အသားအရေထိန်းသိမ်းမှုလုပ်တဲ့အခါ အပြင်ပိုင်းပဲ skin care လုပ်နေရုံနဲ့ မလုံလောက်ပါဘူး။ခန္ဓာကိုယ်အတွင်းပိုင်းကိုလည်း သန့်စင်ပေးဖို့ လိုပါတယ်။ ခန္ဓာကိုယ်အတွင်းပိုင်း သန့်စင်ဖို့ အစားအသောက် ဆင်ခြင်ရပါမယ်။
အဆီများတဲ့အစားအစာ၊ ချိုလွန်းတဲ့ အစားအစာ၊ အငန်နဲ့ အပူအစပ်တွေကို လျှော့စားပြီး အသီးဖျော်ရည်များများ သောက်ပေးသင့်ပါတယ်။

Want your business to be the top-listed Beauty Salon in Taikkyi?
Click here to claim your Sponsored Listing.

Category

Website

Address


ငှက်ပျောတော (၃)လမ်း
Taikkyi