Baby Lone One Stop Baby Mart

Baby Lone One Stop Baby Mart

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Baby Lone One Stop Baby Mart, Botahtaung, Tamwe.

🤍 Baby Lone | Baby One Stop Mart
Mom & Baby Essentials ကို ယုံကြည်စိတ်ချစွာ ရွေးချယ်နိုင်တဲ့ နေရာလေးပါ။
🍼 Baby Food • Snacks • Toys • Mom & Baby Care�📚 Knowledge Sharing for First-Time Moms�🚚 Myanmar Nationwide Delivery

03/10/2026

📱👶 ဖုန်းလေးပေးထားရင်ငြိမ်လို့ ၊ ထမင်းကျွေးရလွယ်လို့ဆိုပြီး ဘေဘီလေးတွေကို Screen အကြာကြီးကြည့်ခွင့်ပေးမိနေပြီလား မေမေတို့ရေ။

သားသားမီးမီးတို့ရဲ့ နုနယ်တဲ့ မျက်လုံးလေးတွေဟာ Phone, TV Screen စသည်တို့ကထွက်တဲ့ အလင်းစက်တွေကြောင့် အမြင်အာရုံ ထိခိုက်လွယ်ရုံတင်မကဘဲ၊ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ အိပ်စက်ခြင်းစနစ်ကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်နော်။

✨ ဒါကြောင့် ဘေဘီလေးတို့ရဲ့ မျက်လုံးလေးတွေမထိခိုက်ရအောင် Screen Time နည်းနိုင်သမျှနည်းရန်လျှော့ချပေးဖို့ လိုပါတယ်နော်။ Screen Time နည်းဖို့ လိုက်နာလို့ရမဲ့ နည်းလမ်းကောင်းလေးများကိုပြောပြပေးပါရစေရှင်။

1. ဘေဘီလေးတို့ကို ဖုန်းနဲ့ တီဗီအစား လက်နဲ့ကိုင်တွယ်ဆော့ရတဲ့ Jigsaw Puzzle လေးတွေ၊ ပုံဆွဲတာနဲ့ ဆေးရောင်ခြယ်တာ စတဲ့ အာရုံစူးစိုက်မှုရစေမယ့် ကစားစရာလေးတွေနဲ့ အချိန်ကုန်ဆုံးစေပါနော်

2. ဘေဘီလေးတွေအတွက် No Screen Zone သတ်မှတ်ပေးပြီး ထမင်းစားချိန်နဲ့ အိပ်ခါနီး ၁ နာရီအတွင်းမှာ ဘာ Screen မှ မကြည့်ဘဲ စာအုပ်ဖတ်ပြတာ၊ စကားပြောပေးတာမျိုး လုပ်ပေးပါ။

3. သားသားမီးမီးတို့ရှေ့မှာ ဖေဖေမေမေတို့ကိုယ်တိုင် ဖုန်းအလွန်အကျွံ မသုံးဘဲ အတူတူအချိန်ပိုပေးပါ၊ ကိုယ်တိုင် စံပြလုပ်ပြပါနော်

✨ ဒါဆိုရင်တော့ ဘေဘီလေးတို့ရဲ့ အမြင်အာရုံနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ဖေဖေ မေမေတို့ရဲ့ ချစ်ခြင်း၊ ဂရုစိုက်မှုတွေနဲ့ စတင်လိုက်ရအောင်နော်။

ဘေဘီလေးတို့အတွက် ဘေးကင်းပြီး ဉာဏ်ရည်တိုးတက်စေမယ့် ကလေးကစားစရာလေးတွေကို မှာယူချင်ရင်တော့ Baby Lone Page မှာဆက်သွယ်မှာယူလို့ရပါတယ်ရှင်။💛

📲 မှာယူရန်
Baby Lone One Stop Baby Mart
👉 Page Chat Box (သို့မဟုတ်)
📞 09-681199234

🎥 TikTok
https://www.tiktok.com/


#သားသားမီးမီးတို့အတွက်အကောင်းဆုံး
#မေမေတို့အတွက်စိတ်ချရဆုံး

30/09/2026

ဘေဘီ့ မျက်နှာအသားအရေလေး သန့်စင် စိုပြေစေဖို့ NAEAGA ရဲ့ 3-Steps Routine လေးနဲ့ နေ့စဉ် ဂရုစိုက်ပေးလိုက်ကြရအောင်နော် မေမေတို့... 🫧👶

🧼 Step 1 (Facial Foam): အသားမခြောက်စေဘဲ နူးညံ့တဲ့ ဖော်မြူလာနဲ့ ထုတ်လုပ်ထားတဲ့ ကလေးမျက်နှာသစ်လေးနဲ့ ညင်သာစွာ သန့်စင်ပေးပါ။ 💦

🧴 Step 2 (Face Lotion): မျက်နှာသစ်ပြီးတာနဲ့ အသားအရေ ခြောက်သွေ့မသွားအောင် အစိုဓာတ် ပြည့်ပြည့်ဝဝ ဖြည့်ပေးပါ။ 💧

☀️ Step 3 (Sun Cream): အပြင်မထွက်ခင် လိမ်းပေးပြီး ခရမ်းလွန်ရောင်ခြည် (UV) ဒဏ်ကနေ စိတ်ချလက်ချ ကာကွယ်ပေးပါ။ 🛡️

#သားသားမီးမီးတို့အတွက်အကောင်းဆုံး #မေမေတို့အတွက်စိတ်ချရဆုံး

30/09/2026

ဘေဘီလေးရဲ့ အသားအရေက နူးညံ့သိမ်မွေ့လို့ နေ့တိုင်း ဂရုစိုက်ပေးဖို့လိုပါတယ်။ 🌿

ရေချိုးပြီးတဲ့အချိန်မှာဖြစ်ဖြစ်၊ အသားအရေလေး ခြောက်သွေ့သလိုခံစားရတဲ့အချိန်မှာဖြစ်ဖြစ်
NAEAGA Baby Body Lotion လေးနဲ့ တစ်ကိုယ်လုံးကို နူးညံ့စွာ Care ပေးလိုက်ပါနော်။ 🤍

လက်လေးတွေ၊ ခြေလေးတွေကနေ ဘေဘီ့အသားအရေလေးတစ်ကိုယ်လုံးအထိ
နေ့စဉ် Care လေးနဲ့ နူးညံ့စိုပြေနေစေဖို့…

မေမေ့ရဲ့ မေတ္တာနဲ့ အတူ NAEAGA ရဲ့ နူးညံ့တဲ့ Care လေးကို ပေါင်းစပ်လိုက်ပါ။ 🧸🤍

#သားသားမီးမီးတို့အတွက်အကောင်းဆုံး #မေမေတို့အတွက်စိတ်ချရဆုံး

29/09/2026

“ကလေးလေးရဲ့ Skin Care က ‘ဘာလိမ်းမလဲ’ ထက် ‘ဘာကြောင့်ရွေးမလဲ’ က ပိုအရေးကြီးတယ် 🤍”

ကလေးလေးရဲ့ နူးညံ့တဲ့အသားအရေအတွက် နေ့စဉ် Moisturizing Care 🫧

ကလေးလေးတွေက အသားအရေ နူးညံ့ပြီး ခြောက်လွယ်တာကြောင့်
ရေချိုးပြီးတိုင်း Moisturizer လေးနဲ့ အစိုဓာတ်ထိန်းပေးတာ ကောင်းပါတယ်နော် 🤍

🇯🇵 Pigeon Baby Cream လေးက
✨ နူးညံ့တဲ့ Baby Skin အတွက် သင့်တော်
✨ အသားအရေကို Moisture ဖြည့်ပေးပြီး ခြောက်သွေ့မှုကို ကူညီကာကွယ်ပေး
✨ Paraben & Alcohol မပါဝင်
✨ Weakly acidic / Low irritation formula
✨ မွေးကင်းစကလေးလေးတွေကစပြီး အသုံးပြုနိုင်တဲ့ Baby Care ဖြစ်ပါတယ် 🥰

ရေချိုးပြီးချိန်၊ အရေပြားခြောက်သွေ့တဲ့နေရာလေးတွေမှာCream လေးကို နူးနူးညံ့ညံ့လိမ်းပေးနိုင်ပါတယ် 💕

ကလေးလေးရဲ့ နူးညံ့တဲ့အသားအရေကို နေ့တိုင်း အေးအေးချမ်းချမ်း ဂရုစိုက်ပေးကြမယ်နော် 🫶🏻

📩 အသေးစိတ်နဲ့ ဈေးနှုန်းလေး သိချင်ရင် Baby Lone Messenger မှာ လာမေးလို့ရပါတယ်ရှင့်

#သားသားမီးမီးတို့အတွက်အကောင်းဆုံး #မေမေတို့အတွက်စိတ်ချရဆုံး

29/09/2026

“ကလေးက အစားမစားချင်ဘူး… ဗီတာမင်တွေ လုံလောက်ရဲ့လားဆိုပြီး မေမေစိတ်ပူနေရပြီလား? 🥺

👶 Natures Aid Mini Drops – Multi-Vitamin 🍊
ကလေးလေးတွေအတွက် နေ့စဉ် Vitamin Support ပေးနိုင်မယ့် Multi-Vitamin Drops လေးပါရှင့် 💕

✨ 3 Months – 5 Years အရွယ်ကလေးများအတွက်
✨ Essential Vitamins 9 မျိုး ပါဝင်
✨ Sugar Free
✨ Orange Flavour 🍊
✨ Lactose & Gluten Free
✨ Dropper ပါလို့ တိုင်းတာရလည်း လွယ်ကူပါတယ် 💧

အစားအသောက်ကနေ Vitamin တွေ အပြည့်အဝရဖို့ ခက်တဲ့ကလေးလေးတွေအတွက် မေမေတို့ စဉ်းစားကြည့်လို့ရတဲ့ daily vitamin supplement လေးပါ 💛

💰 Price – 53,000 Ks
📅 Expiry – May 2027

📩 မှာယူချင်ရင် Page Messenger မှာ “Mini Drops” လို့ စာပို့မှာယူနိုင်ပါတယ်ရှင့် 🥰

Supplement ဖြစ်တဲ့အတွက် အသက်အရွယ်နဲ့ သောက်သုံးပမာဏကို product label/ကျန်းမာရေးပညာရှင်ညွှန်ကြားချက်အတိုင်း အသုံးပြုပါရှင့်။

#သားသားမီးမီးတို့အတွက်အကောင်းဆုံး #မေမေတို့အတွက်စိတ်ချရဆုံး

28/09/2026

🚨 Diaper Rash ဖြစ်နေပြီဆို မေမေတို့ ဒီတစ်ခုကို သိထားသင့်တယ်! 👶🏻🤍

Diaper ဝတ်ရတဲ့ Baby လေးတွေမှာ
အောက်ပိုင်းအသားအရေ နီလာတာ၊ ယားယံ/စပ်တာ၊ irritation ဖြစ်တာ လေးတွေက မကြာခဏ ကြုံရတတ်ပါတယ် 🥺

ဒီလိုအချိန်မှာ မေမေတို့ Baby Care Box ထဲမှာ Bepanthen Nappy Rash Ointment လေးရှိထားရင် အဆင်ပြေပါတယ် 💗

✨ Dexpanthenol 50 mg/g (Pro-vitamin B5) ပါဝင်ပြီး
🤍 Irritated skin ကို soothe လုပ်ပေးဖို့
🤍 Skin ရဲ့ natural healing process ကို support ပေးဖို့
🤍 Diaper area ကို protect လုပ်ပေးဖို့ အသုံးပြုနိုင်ပါတယ်။

👶 Bepanthen Nappy Rash Ointment
📦 100g
💰 56,000 Ks
📅 Expiry – 2028

ကလေးလေးရဲ့ အသားအရေက နူးညံ့လွန်းတော့မေမေတို့ရဲ့ Baby Care ထဲမှာ ကြိုတင်ရှိထားသင့်တဲ့ item လေးတစ်ခုပါ 🤍

📩 မှာယူချင်ရင် Baby Lone Messenger မှာ လာမှာလို့ရပါတယ်ရှင့်။

#သားသားမီးမီးတို့အတွက်အကောင်းဆုံး #မေမေတို့အတွက်စိတ်ချရဆုံး

26/09/2026

🌷 My First-Time Mom Journey | Episode-12

“သားလေး ရုတ်တရက်အစားမစားချင်တော့တာ ဘာဖြစ်လို့လဲ?” 🥺

အရင်က အစားကောင်းကောင်းစားတဲ့ သားလေးကတစ်ရက်ကျတော့ ရုတ်တရက် အစားနည်းလာတယ်။

စားနေရင်းနဲ့လည်း တစ်ချက်တစ်ချက် ထအော်တယ်၊ ငိုတယ်။
ပြီးတော့ အရင်လို မစားတော့ဘဲ ပျော့တဲ့အစားအစာတွေကိုပဲ ပိုစားချင်လာတယ်။

မားမားလည်း အစမှာ
“သွားထွက်လို့ သွားဖုံးနာတာလား?”
“လည်ချောင်းများနာနေတာလား?” ဆိုပြီး အဖြေရှာနေမိတယ်။

သားလေးကို
“သား ဘာဖြစ်တာလဲ? ဘယ်နားအဆင်မပြေတာလဲ?”
လို့မေးတော့ သားက နှုတ်ခမ်းနားကို လက်နဲ့ပြတယ်။

ဒါနဲ့ သားအိပ်တဲ့အချိန်မှာ သေချာစစ်ကြည့်လိုက်တော့မှ…
အပေါ်နှုတ်ခမ်းမှာ အနာဖုလေးတစ်ခု တွေ့လိုက်ရတယ်။ 🥺

မားမားလည်း ဆရာဝန်ကို မေးပြီး
အိပ်တဲ့အချိန်တိုင်း အနာနေရာကို Generlog Cream ပုံမှန်လိမ်းပေးခဲ့တယ်။

အနာကြောင့် မအီမသာဖြစ်တာ သက်သာအောင်လည်းဆရာဝန်ညွှန်ကြားချက်အတိုင်း Babygesic ပေးခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ အနာလေးက တဖြည်းဖြည်းသက်သာလာပြီး
သားလေးလည်း အစားပြန်စားလာပါတယ်။ 🤍

ဒီအဖြစ်အပျက်လေးကနေ မားမားသဘောပေါက်မိတာတစ်ခုက—

တစ်ခါတလေ ကလေးတွေ အစာငြင်းတဲ့အခါမားမားတို့က “မစားရင် မရဘူး” ဆိုပြီး အတင်းကျွေးမိတာမျိုး ရှိတတ်ပါတယ်။

ဒါပေမယ့် ပုံမှန်စားနေတဲ့ကလေးက ရုတ်တရက် အစာငြင်းလာတာ၊ တစ်ခါနှစ်ခါထက်ပိုပြီး မစားချင်တာမျိုးဆိုရင် ခဏလောက် နားပေးပြီး ဘာကြောင့်မစားချင်တာလဲ၊ ဘယ်နေရာမှာ အဆင်မပြေတာလဲ ဆိုတာကို သတိထားကြည့်သင့်တယ်လို့ မားမားသိလာခဲ့တယ်။

တစ်ခါတလေ ကလေးက “မစားချင်တာ” မဟုတ်ဘဲ “စားရတာ နာနေလို့ မစားနိုင်တာ” လည်း ဖြစ်နိုင်တာမို့ပါ။ 🥺❤️

BabyLone #သားသားမီးမီးတို့အတွက်အကောင်းဆုံး #မေမေတို့အတွက်စိတ်ချရဆုံး

25/09/2026

ကလေးလေးတွေအတွက် ဆော့စရာလေးရှာနေတယ်ဆို
မှာလို့ရပါတယ်ရှင့် 🩵

Photos from Baby Lone One Stop Baby Mart's post 24/09/2026

✨ ပစ္စည်းလေးတွေ ထပ်မံရောက်ရှိပါပြီရှင့် 🥰

🛍️ ကြိုက်တဲ့ပစ္စည်းလေးတွေ လာရောက်ရွေးချယ်နိုင်ပါပြီနော် 💕

21/09/2026

အသားအရေက နူးညံ့လွန်းတော့
အဝတ်လျှော်ဆပ်ပြာရွေးတဲ့အခါ “သန့်ရှင်းရုံနဲ့ မလုံလောက်ဘူး” နော် 🥹💗

Baby လေးဝတ်တဲ့ အဝတ်အစားတွေကို
သန့်ရှင်းပြီး နူးညံ့မွှေးပျံ့နေစေချင်ရင် Babi Mild Baby Fabric Wash လေးကို ရွေးကြည့်ပါ 🫧✨

🌿 2 in 1 – Baby Fabric Wash + Softener
တစ်ခါတည်း အဝတ်လျှော်ရင်း နူးညံ့စေဖို့ ကူညီပေးတာမို့ မေမေတို့အတွက်လည်း အဆင်ပြေပါတယ်။

👶 0+ years ကတည်းက အသုံးပြုနိုင်တဲ့ Baby Formula
🌸 Baby လေးရဲ့ အဝတ်အစား၊ Towel, Blanket, Bib လေးတွေအတွက် အသုံးပြုနိုင်ပါတယ်။

💚 Bioganik (Organic) – သဘာဝဆန်တဲ့ fresh scent လေး
🌸 White Sakura – Sakura ပန်းလေးလို ချိုချိုမွှေးမွှေး
🧡 Baby Touch – နူးညံ့သိမ်မွေ့တဲ့ baby scent လေး

အဝတ်လေးတွေ လျှော်ပြီးတဲ့အခါ
သန့်ရှင်းနူးညံ့ + မွှေးပျံ့နေတဲ့ Baby လေးကို ဖက်ထားရတဲ့ feeling က တကယ်ချစ်စရာလေးပါ 🥹💕

မေမေတို့ရဲ့ Baby လေးအတွက်
နေ့တိုင်းဝတ်မယ့်အဝတ်လေးတွေကိုလည်း ချစ်ခြင်းနဲ့ရွေးပေးလိုက်ပါနော် 🧸🌷

📩 Price & Stock သိချင်ရင် Messenger မှာ လာမေးနိုင်ပါတယ်ရှင့်။

#သားသားမီးမီးတို့အတွက်အကောင်းဆုံး #မေမေတို့အတွက်စိတ်ချရဆုံး

Telephone

Website

Address


Botahtaung
Tamwe

Alerts

Be the first to know and let us send you an email when Baby Lone One Stop Baby Mart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Tamwe.