G.N.D HairTraining School

G.N.D HairTraining School

Share

သင်၏အနာဂတ်သည် သင် ယခုဘာလုပ်နေလဲ..? နှင့်သာ အပြည့်အဝသက်ဆိုင်သည်။

22/10/2024

သင်တန်းအပ်လိုပါက စုံစမ်းနိုင်ပါသည်။

Photos from G.N.D HairTraining School's post 22/09/2024

ယနေ့ တနင်္ဂနွေ နေ့ အေးသာယာမြို့ #ရွှေတောင်တန်း ပရဟိတဘုန်းတော်ကြီး စာသင်ကျောင်းသို့ Section A(A6)ရဲ့ ပဥ္စမအကြိမ် လက်တွေ့ Outdoor ညှပ်ခြင်း💇‍♂️💇‍♂️💇‍♂️

ကျနော်တို့အဖွဲ့ကို အအေးမုန့်များအပြင် အပြန်လက်ဆောင် ခရမ်းချဥ်သီးများနှင့် ဆူကာသီးများလက်ဆောင်ထည့်ပေးလိုက်သော #ရွှေတောင်တန်းပရဟိတဘုန်းတော်ကြီးစာသင်ကျောင်းမှ တိုက်အုပ်ဆရာတော်နှင့်တကွ ခန်းနေဦးဇင်းများကို ကျနော်တို့ Gnd HairTraining School တောင်ကြီးဆံပင်ညှပ်သင်တန်းမှအထူးပင်ကျေးဇူးတင်ရှိပါကြောင်း.. ဆရာတော်များနှင့်တကွ ကျောင်းနေကလေးများအားလုံး ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြပါစေခင်များ🙏🙏🙏

ရဲ့ ဒုတိယအသုတ်အတွက် #သင်တန်းသားအသစ်များ လက်ခံနေပါပြီ။
သင်တန်းအကြောင်း အသေးစိပ်သိလိုပါက ယခုFb အကောင့်ရဲ့ Messager မှ သော်လည်းကောင်း အောက်ပါဖုန်းနံပါတ်ကို ဆက်၍သော်လည်းကောင်း ဆက်သွယ်စုံစမ်း နိုင်ပါသည်။

GND HairTraining School
#တောင်ကြီးဆံပင်ညှပ်သင်တန်း
ဖုန်း=09696075031/09766114537

Photos from G.N.D HairTraining School's post 19/09/2024

သင်တန်းရဲ့ နှစ်ပတ်တာ ဖြတ်သန်းမူ့လေးတွေပါ။

Photos from G.N.D HairTraining School's post 08/09/2024

ယနေ့ အေးသာယာမြို့ ရန်တိုင်းအောင် မိဘမဲ့ ဘုန်းတော်ကြီးပညာသင်ကျောင်းသို့ ဆံပင်ညှပ် Outdoor ထွက်ဖြစ်ပါတယ်။

#သင်တန်းသားအသစ်များလက်ခံနေပါတယ်။ #ပထမဆုံးသင်တန်းအပ်သူ ၃ဦး အား နေစရာအဆောင် အခမဲ့အပြင် အမျိုးညှပ်နဲ့ အကောက်အဖြောင့် ဘာသာရပ်တွေပါ Free သင်ကြားပေးသွားမှာဖြစ်ပါတယ်။
#အပတ်စဥ်တိုင်းလူအစစ်ခေါင်းညှပ်ရဖို့အာမခံသည်။

G.N.D Hair Training School
အမျိုးညှပ် အထူးပြု ဆံပင်ညှပ်သင်တန်း #တောင်ကြီးမြို့
ဖုန်း=09696075031

07/09/2024

G.N.D Hair Training School
တောင်ကြီးမြို့

Photos from G.N.D HairTraining School's post 17/08/2024

#ပုံမှန်သင်တန်းကြေး၈သိန်းကျပ်ကို ၃သိန်း #လျော့ကာ၅သိန်းကျပ်ဖြင့် Section A( 7) #တန်းခွဲအသစ်အတွက်သင်တန်းသား၅ဦးခေါ်ယူပါမည်။

G.N.D(Hair Training School) #တောင်ကြီးမြို့ ရဲ့
#အမျိုးသားညှပ်အထူးပြု ဆံပင်ညှပ်သင်တန်း💇‍♂️💇‍♂️💇‍♂️မှ ကြိုဆိုပါတယ်။
#အမျိုးသားညှပ်ဘာသာစုံ သင်တန်းကြေး(၈)သိန်းကျပ် ပေးသွင်း သင်တန်းတက်ရုံနဲ့ #အမျိုးသမီးညှပ်(အခြေခံပုံစံ (၁၅)မျိုးအပြင် ကောက်ခြင်း ၊ ဖြောင့်ခြင်း ပညာရပ်တွေပါ အခမဲ့ သင်ကြားပေးသွားမှာပါ။

#ဆံပင်လောက အတွေ့အကြုံ နှစ်(၂၀) ကျော်ဖြတ်သန်းခဲ့သော ဝါရင့်ဆရာမှ 👨‍💼

#သင်တန်းကြေး (၅ )သိန်းကျပ်တည်းနဲ့ သင့်ဘဝတလျှောက်လုံးကို တာဝန်ယူပြီး ဆံပင်နဲ့ပတ်သက်တဲ့ အသက်မွေးဝမ်းကြောင်းပညာရပ်​တွေ သင်ကြားပေးမှာဖြစ်ပါတယ်။

#ဒီခေတ်ဒီခါနဲ့ သင်တန်းကြေးနည်းလို့ #ဟုတ်ပါ့မလား ထင်နေရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်ပါ။

#သင်တန်းချိန်= တစ်ရက် ၂ ချိန်
မနက် ၁၀ နာရီမှ = နေ့လည် ၁ နာရီထိ တစ်ကြိမ်
နေ့လည် ၃ နာရီမှ= ညနေ ၅ နာရီထိ တစ်ကြိမ်

#တစ်ပတ်တစ်ကြိမ် တောင်ပေါ် တောင်အောက် (Outdoor)ထွက်ရမည်။ အပတ်စဥ်တိုင်းမှာ လူအစစ်ခေါင်း (၅) ခေါင်းထက်မနည်း လက်တွေ့ညှပ်ရမည်။

#တနင်္လာ နေ့တိုင်း တောင်ပေါ်မြို့လေးမှာ လည်ပတ်လို့ရအောင် သင်တန်းပိတ်ပေးမည်။

.N.D မှာ သင်ပေးမယ့် ဘာသာရပ်တွေက..

(၁) #အမျိုးသားညှပ်ပိုင်းကို (specialization major)အထူးပြုဘာသာရပ် အနေနဲ့ ခေတ်ပေါ်လက်ဆွဲ ညှပ်နည်းအပြင် ၊ လွယ်ကူရိုးရှင်းလှတဲ့ ခေတ်ဟောင်းညှပ်နည်း ဖြင့်ပါ တွဲစပ်သင်ကြားပေးမှာဖြစ်ပါတယ်။

(၂) #ခေါင်းလျှော်စက်ဆွဲပိုင်း

ခေါင်းတစ်ခေါင်းလျှော်တဲ့အခါ hair stylist တိုင်းသိထားအပ်တဲ့ မတူညီကွဲ​ပြားခြားနားသော ဆံသားများအလိုက် လိုက်လျောညီထွေးမူ့ရှိမယ့် Shampoo များအကြောင်းအပြင် ၊ အမျိုးစုံသော နိုပ်ကွက်များအကြောင်းကို အသေးစိပ် စာတွေ့ လက်တွေ့ ဖြင့် သင်ကြားပေးမှာဖြစ်ပါတယ်။

(၃) #ဆေးဆိုးကာလာပိုင်း
ဆေးအရောင်များ စတင်ဖြစ်ပေါ်လာပုံကစလို့ အရောင်များရဲ့ သဘောတရားများအပြင် ဆေးအရောင်တွေထဲပါဝင်နေတဲ့ ဓာတုပစ္စည်းများအကြောင်းနှင့် အမျိုးစုံ​သောချုပ်ဆေးတို့ရဲ့ ဖြစ်တည်မူ့များအကြောင်းအရင်း
ကို အသေးစိပ် စာတွေ့လက်တွေ့ သင်ကြားပြသပေးမှာဖြစ်ပါတယ်။ ဖော်ပြပါ ဆေးအရောင်များအကြောင်းကို ရှင်းရှင်းလင်းလင်း သင်သိထားပြီဆိုလျှင် ကာလာအရောင်ပေါင်းမြောက်များစွာကို မျက်စိတမှိတ်အတွင်း ကိုယ်တိုင်ဖော်စပ်နိုင်မှာပဲ ဖြစ်ပါတယ်။

(၄) ပိုင်း
လူကြိုက်များပြီး လှပလွန်းသော ကနုတ်တတ်တူး ၊ လိုင်းတတ်တူးများနှင့် 3D တတ်တူးများအပြင် အရုပ်ပုံတူ တတ်တူးများ တို့ကို သင်တန်းကာလအတွင်း ပုံပေါင်း(၅၀) ကျော်ကို ကိုယ်တိုင် ဂုဏ်ယူဝင့်ကြွားစွာ ရေးဆွဲနိုင်သည့်အထိ တစ်ဆင့်ချင်းစီ သင်ကြားပြသပေးမှာဖြစ်ပါတယ်။

(၅) #ဆံပင်အကြေဖွှနည်းအမျိုးမျိုး
ဆံပင်အကြေဖွှနည်းမျိုးစုံကို ပုံမှန်ဖွှပစ္စည်းများဖြစ်တဲ့ 'ခဲပတ် ၊ စက် ၊ ကလစ်၊ ဖွတုတ်တံများအပြင် တွေ့ရာ ကြုံရာနဲ့ပါ အလွယ်တကူဖွှတတ်အောင် သင်ကြားပြသပေးမှာပဲဖြစ်ပါတယ်။

(၆) #ဟိုက်လိုက်ဖောက်နည်းမျိုးစုံနှင့်နားဖောက်နည်း
နာမည်ကျော် H-Light - L-Hight အပြင် လိုချင်သော ပုံစံအတိုင်း ရွေးချယ်ဖောက်ခြင်းနှင့် အလွယ်တကူ ဝင်ငွေရစေသော နားဖောက်နည်းတို့ကို စာတွေ့လက်တွေ့ဖြင့် အသေးစိပ်သင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။

(၇) #ဆံပင်ပုံစံများနှင့်အမည်နာမများအကြောင်း
နာမည်ကျော် ဆံပင်ကေမျိုးစုံရဲ့ အမည်နာမများနှင့် ထိုဆံပင်ကေနာမည်များ ဖြစ်ပေါ်လာ ခဲ့ပုံများအကြောင်းအပြင် ကိုယ်တိုင်ကိုယ်ကျ ဆံပင်နာမည်အသစ်အဆန်းများ ပေးနိုင်သည့်အထိ စာတွေ့ လက် တွေ့ အသေးစိပ်သင်ကြားပြသပေးသွားမှာ ဖြစ်ပါတယ်။

(၈) Level များနှင့် Shapes များအကြောင်း

Hair Stylist တိုင်း သိထားရမယ့် ဆိုးဆေး ၊ ကောက်ဆေး ၊ ဖြောင့်ဆေး ၊ ချုပ်ဆေးများနှင့် များပြားလှစွာသော ဓာတုပစ္စည်းတို့ရဲ့ pH Level များအကြောင်းအပြင် ၊ ဧည့်သည့်တို့ရဲ့ မျက်နှာပေါ်မူတည်ပြီး လိုက်ဖက်ညီမယ့် ဆံပင်ပုံစံများ အကြောင်းတို့ကို စာတွေ့လက်တွေဖြင့် အသေးစိပ်သင်ကြား ပြသပေးသွားမှာဖြစ်ပါတယ်။

(၉) Dreadlock ကျစ်နည်းအစုံ

(၁၀) #ဆံပင်ညှပ်ဆိုင်ဝန်ဆောင်မူ့များနှင့် လူငယ်တိုးတက်ရေး အခြေပြု သင်ခန်းစာများ..

ဆံပင်ညှပ်ဆိုင်ဖွင့်မယ့် လူငယ်တစ်ယောက်အတွက် မရှိမဖြစ်လိုအပ်မယ့် ဆိုင်တွင်း ဝန်ဆောင်မူ့ပေးခြင်းများအကြောင်းအပြင် လူငယ်ဘဝ စည်းစနစ်ကျနစွာ နေထိုင်ခြင်းနှင့် စိတ်ခွန်အားတက်စေမယ့် သင်ခန်းစာများအကြောင်းတို့ကို နေ့စဥ်(အချိန်ပိုင်း )သင်ကြားပြသပေးသွားမှာ ဖြစ်ပါတယ်။

#ဒါ့အပြင်... #အထက်ပါသင်ခန်းစာတွေအပြင်..
#ဆံပင်ညှပ်ဆရာတစ်ယောက်အတွက် Hair Stylist တွေကြား မျက်နှာမငယ်ရလေအောင် (သို့မဟုတ်) မသိဘူး ။ မရှိရလေအောင်...
#အောက်ပါအမျိုးသမီးပိုင်း ဘာသာရပ်တွေကိုလည်း သင်တန်းမှ အခမဲ့(Free) သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ထိုဘာသာရပ်တွေကတော..

(၁၀) #အညှပ်များသော
အမျိုးသမီးညှပ်အခြေခံဆံပင်ပုံစံ(၁၅)မျိုး
အမျိုးသားညှပ် သင်တန်းပဲတက်ခဲ့လို့ အမျိုးသမီးညှပ် မရဘူး။ မရှိရလေအောင် G.N.D သင်တန်းမှ အမျိုးသမီးညှပ် ဆံပင်ပုံစံ(၁၀)မျိုးကို စာတွေ့ ၊ လက်တွေ့အပြင် ရေးဖြေစနစ်နဲ့ပါ (အခမဲ့ ) သင်ကြားပေးသွားမှာဖြစ်ပါတယ်။

#ဒါ့အပြင်...

(၁၁) #အမျိုးသမီးဆံပင်ကောက်ခြင်း
G.N.D သင်တန်းမှ အမျိုးသမီးကောက်ခြင်း(အအေးကောက်နည်း) ဘာသာရပ်ကိုလည်း( လွယ့်လင့်တကူ သင်ပေးခြင်းမျိုးမဟုတ်ဘဲ ) ဆံသားများအကြောင်း အသေးစိပ်နဲ့ ကောက်ဆေးများအကြောင်း အသေးစိပ်တို့ကို တဆင့်ချင်းစီ ဖြင့် (Free) အခမဲ့ သင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။ #သင်ခန်းစာများပြီးဆုံးသည်နှင့် (100% ) ကောက်တတ်ဖို့ အာမခံသည်။

#ဒါ့အပြင်...

(၁၂) Perm( ဒီီဂျစ်တယ်ကောက်)

G.N.D သင်တန်းမှ Digital ကောက်နည်းကိုလည်း သင့်အားအခမဲ့ သင်ကြားပြသပေးသွားမှဖြစ်ပါတယ်။ အခမဲ့မို့ ဖြစ်သလိုသင်လိမ့်မယ်လို့တော့ မထင်လိုက်ပါနဲ့။ ဆေးအကြောင်း အပြည့်အစုံနဲ့ ကောက်နည်းအဆင့်ဆင့်ကို စာတွေ့လက်တွေ့အပြင် ရေးဖြေစနစ်နဲ့ပါ သင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။

#ဒါ့အပြင်..

နောက်ထပ် အဖိုးတန်လှသောပညာရပ်တစ်ခုဖြစ်တဲ့...

(၁၃) #အမျိုးသမီးဆံပင်ဖြောင့်ခြင်း

G.N.D မှ သင့်အား အထူးလက်ဆောင်အနေနဲ့ အမျိုးသမီးဆံပင်ဖြောင့်ခြင်း နည်းစနစ်ကိုလည်း Free(အခမဲ့) ဖြင့် ပညာဒါန ပြုပေးသွားမှာပဲဖြစ်ပါတယ်။

အမျိုးသမီးခေါင်း(သို့မဟုတ်) ဆံပင်ဖြောင်းခြင်းအတွက် အလွန်အရေးကြီးသော..အဆင့်များဖြစ်တဲ့..
ဆံသားအမျိုးအစားများခွဲခြားနည်း ၊ ဆေးအမျိုးအစားများရွေးချယ်နည်း နှင့် တစ်ဆင့်ဖြောင့်နည်း ၊ နှစ်ဆင့်ဖြောင့်နည်းအပြင်.. ဆံနွယ်၊ ဆံကောက်၊ ဆံလုံးသေး ၊ ဆံလုံးကြီး ၊ ဆံပင်ပါး ၊ ဆံပင်ထူ... စသဖြင့် အမျိုးစုံသော ဆံသားတို့ကို လိုချင်သောရလဒ်ထွက်အောင် နည်းလမ်းအဆင့်ဆင့်ဖြင့် တစ်ဆင့်ချင်းစီ အသေးစိပ် စာတွေ့လက်တွေ့ဖြင့် သင်ကြားပြသပေးသွားမှာပဲ ဖြစ်ပါတယ်။

#ဒါ့အပြင်...
ဖော်ပြပါသင်ခန်းစာထဲ မပါဝင်တဲ့ အခြားတိုလီမုတ်စ ပညာရပ်များကိုလည်း သင်တန်းကာလအပြင် သင်တန်းဆင်းပြီးလုပ်ငန်းခွင်ဝင်တဲ့အထိ တသက်တာလုံး သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ကဲ... ဘာလိုသေးလဲ..?
ကျားညှပ်ဘာသာရပ်တစ်ခုတည်းတင် သင်တန်းကြေး (၉)သိန်း (၁၀)သိန်းနဲ့အထက် ပေးနေရတဲ့ ယနေ့ကာလကြီးမှာ သင်တန်းကြေး(၈)သိန်းနဲ့တင် ကျားညှပ်ဘာသာစုံအပြင် အမျိုးသမီးညှပ်နဲ့ ကောက်ခြင်း ၊ ဖြောင့်ခြင်း ဘာသာရပ်တွေကိုပါသင်ကြားခွင့်ရမှာဆိုတော့.. လက်နှေးနေလို့တော့ အခွင့်အရေးတွေ လက်လွတ်ကုန်ပါလိမ့်မယ်နော်။ အဲ့ဒီတော့ ကန့်သတ်လူဦးရေမပြည့်ခင်လေး အမြန်ဆုံးလေး စာရင်းပေးအပ်လိုက်ပါတော့ ။

#သင်ကြားမူ့စနစ်...
တစ်ဘာသာချင်းစီကို အခန်းလိုက် စာမေးပွဲ စစ်ဆေးခြင်း ၊ တစ်ဘာသာချင်းစီကို လူခေါင်း အရုပ်ခေါင်းများနဲ့ သေချာ လေ့ကျင့်ရခြင်း ၊ လက်တွေ့ (Outdoor ) များများ(ပုံမှန်တစ်ပတ်တစ်ကြိမ်) သွားရခြင်းအပြင် ဆုပေး ဒဏ်ပေး စနစ်ဖြင့် လက်တွေ့ကျကျ လေ့ကျင့်သင်ကြားရမှာဖြစ်ပါတယ်။

သင်တန်းကာလအတွင်း မိမိအသုံးပြုရမည့် သင်ထောက်ကူပစ္စည်းများကတော့ မိမိကိုယ်ပိုင်မို့ မိမိဘာသာ ဝယ်ယူရမှာဖြစ်ပါတယ်။ သင်ထောက်ကူပစ္စည်းများအတွက် ကိုယ်တိုင် ပစ္စည်းဆိုင်တွေမှာ လိုက်ဝယ်ရမှာပါတယ်။

အဆောင်နဲ့ စားသောက်မူ့ပုံစံ...
နယ်ဝေးမှ သင်တန်းလာတက်သူများအတွက် ရေမီးအစုံ တိုက်ခန်း (တစ်လ ၅ သောင်းကျပ်) အသင့်ထားရှိပေးထားသလို ၊ အိပ်ယာစောင်နဲ့ ခေါင်းအုံးများလည်း တစ်ယောက်ချင်းစီအလိုက် တစ်စုံစီသီးသန့် အဆင်သင့် စီမံပေးထားပါတယ်။

စားသောက်ရေးအတွက်...
ချိုင့်ဆွဲ (လရှင်း)နှင့် ကိုယ်တိုင်ဝယ်စား( နေ့ရှင်း ) အပြင် အဆောင်နေစုပေါင်း ချက်ပြုတ်စားချင်တယ်ဆိုရင်လည်း အဆင်ပြေအောင်စီမံပေးပါတယ်။🍝🍜🍲🍱

ကြိုးစားမူ့အတွက် ရလဒ်များ..
ဘာသာကြီး တစ်ဘာသာ သင်ခန်းစာပြီးဆုံးတိုင်း စာမေးပွဲဖြေဆိုရာတွင် အမှတ်အများဆုံး သင်တန်းသားကို ဖုန်းဘေများ ဆုလက်ဆောင်ပေးခြင်း ၊ စာမေးပွဲ သုံးကြိမ်ဖြေဆိုရာတွင် အနည်းဆုံး (နှစ်)ကြိမ်အောင်မှ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း... စသဖြင့် ထိုထက်ပိုသော ဂုဏ်ပြုဆုများလည်း ပေးအပ်ချီးမြှင့်ဖို့ စီစဥ်ထားပါတယ်။ 🥇🥇🥇🏅🏅🏆🏆

သင်တန်းကြေးနှင့် ပေးသွင်းမူ့ပုံစံ...

ပုံမှန်သင်တန်းကြေး = ဘာသာစုံ ၈ သိန်း #ယခု ၅ သိန်း
သင်ထောက်ကူပစ္စည်းကြေး = ၂သိန်း ခွဲ

တောင်ကြီးမြို့တွင်းမှ အသွားအပြန် Day တက်မည့်သူများအတွက် စုစုပေါင်း = ၇ သိန်း ၅သောင်း ဖြင့် အပြီးအစီးတက်ရောက်နိုင်ပါသည်။

နယ်ဝေးသင်တန်းသားများအတွက်..
ပုံမှန်သင်တန်းကြေး= ၈သိန်း #ယခု ၅သိန်း
သင်ထောက်ကူပစ္စည်းကြေး= ၂သိန်း ၅သောင်း
နေစရိတ် တစ်လ ( ၆သောင်း ကျပ်)(၄လစာ=၂ သိန်း ၄သောင်း ကျပ်)
စားစရိတ်...(အဆောင်နေ သင်တန်းသားများကို အဆောင်တွင် ထမင်းဟင်းချက်ခွင့်ပေးထားပြီး ဝယ်စားချင်လည်း အဆင်ပြေအောင်စီမံပေးပါတယ်။

သင်တန်းကြေးပေးသွင်းမူ့ပုံစံ..

သင်တန်းစတက်တက်ချင်း (သင်တန်းကြေး) အနည်းဆုံး တစ်ဝက်အရင် ပေးသွင်းထားရပြီး ၊ သင်တန်းကာလ တစ်လ(သို့မဟုတ်) နှစ်လပြည့်သည့်အခါ လက်ကျန်တစ်ဝက်ကို ဆက်လက်ပေးသွင်းရပါမည်။

သင်တန်းကြေးကို ပေးသွင်းသည့်အခါ..

ငွေသားအပြင်.. kpay ဘဏ်အကောင့်များဖြင့်လည်း ပေးသွင်းနိုင်ပါသည်။ (ရာခိုင်နှုန်း မယူပါ)

ဒါ့ကြောင့်... ဒါ့ကြောင့်..
ဆံပင်ညှပ်ပညာကို သင်ယူလိုပြီး သင်တန်းကြေးနှင့် အခြားကုန်ကျစရိတ် အများကြီးမတက်နိုင်သော ဝါသနာရှင်ညီအကိုမောင်နှမများအတွက် တောင်ပေါ်မြို့လေးရဲ့ G.N.D(Hair Training School)မှာ ပညာသင်ကြားရင်း သင့်တို့ရဲ့ အိမ်မက်တွေကို ထုဆစ်အကောင်အထည်ဖော်လိုက်ပါ။

❌❌❌❌
သို့ပေမယ့်...
🚫🚫🚫🚫🚫 သင်တန်းမှာ အထူးတားမြစ်ချက်တွေတော့ ရှိနေပါတယ်။ သင်ဒါတွေကို လိုက်နာနိုင်မှ G.N.D (Hair Training School) မှာ လာရောက်ပညာသင်ယူပါလို့ ပြောပါရစေ။

သင်တန်းတွင် အထူးတာမြစ်ချက်..

(၁) 👉🥃🍷❌❌❌အရက်သေစာ လုံးဝ မသောက်စားရ။
(၂) သင်တန်းချိန်အတွင်း 👉📵 ဖုန်း လုံးဝ အသုံးမပြုရ။
(၃) ဆရာ မသိဘဲ အဆောင်ကနေ အပြင် 🚷🚷 လုံးဝ မထွက်ရ ။
(၄) ညစဥ် ၁၁ နာရီ နောက်ဆုံးထား၍🕚 အတိအကျ အိပ်ရမည် ။ မနက်တိုင်း ၈ နာရီ အိပ်ယာက ထရမည်။ 🕗
(၅) တစ်ရက်ကို ဖုန်းအသုံးပြုချိန် ( ၂) နာရီကနေ (၃) နာရီအထိသာ ကန့်သတ်ထားသည်။ 📵
(၆) သင်တန်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားလျှင် ( သာမန်မျှဆို အဝါကတ်တစ်ကြိမ်ပြမည်)👉🤼‍♂️🚫 သွေးထွက်သံယိုဆိုလျှင် သင်တန်းကအထုတ်ခံရမည်။ ပို၍ ကြီးမားပါကအမူ့ဖွင့် ရဲစခန်းလက်အပ်မည်။)
(၇) ပြင်ပလူများနှင့် (ဆရာမသိဘဲ) လုံးဝ စကားမပြောရ။👉🗣🚫
(၈) သင်တန်းနှင့် အဆောင်အတွင်း 👉🚭 ဆေးလိပ်မသောက်သုံးရ။
(၉) #ရည်းစားကိစ္စနှင့် လူမူ့ရေးရှုပ်ထွေးမူ့များနေသော သင်တန်းသူ သင်တန်းသားများ လုံးဝ( လုံးဝ) လက်မခံပါ။👉💑👫
(၁၀) #အထူးသဖြင့် Online Game စွဲနေသော သင်တန်းသူ သင်တန်းသားများ လက်မခံပါ။🎰🎰🎮🎮

စသဖြင့်..
အထက်ပါ စည်းကမ်းချက်များကို သင်တန်းသူ သင်တန်းသားများ တသွေမသိမ်း အားလုံးလိုက်နာရပါမည်။ စည်းကမ်းချက်များ ဖောက်ဖျက်မိပါက သာမန်အပြစ်အတွက် အဝါကတ် တစ်ကြိမ်ပြပြီး ၊ ကြီးလေးတဲ့အပြစ်အတွက်ဆို အနီကတ် တိုက်ရိုက်ပြ အထုတ်ခံရပါမည်။

ကဲ..
ဆံသဝါသနာရှင် ညီအစ်ကိုမောင်နှမများ ဆံပင်ပညာကို အမှန် တကယ်တတ်မြောက်ချင်တယ်ဆိုရင်ဖြင့် G.N.D (Hair Training School) ကို အမြန်ဆုံးလာရောက် ဆက်သွယ်စာရင်းပေးကြပါ။

💯 ရာခိုင်နှုန်း တာဝန်ယူ ၊ တာဝန်ခံမူ့အပြည့်နဲ့ သင့်ဘဝတသက်လုံးစာအတွက် သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။

စိတ်ပါဝင်စားလို့ သင်တန်းတက်ချင်ပါတယ်ဆိုရင်..
ယခု page messager chat box ( Cb) မှနေ၍ လည်းကောင်း အောက်ပါဖုန်းနံပါတ်များမှာနေ၍လည်းကောင်း အမြန်ဆုံးဆက်သွယ်စာရင်းပေးနိုင်ပါတယ်။

ပညာသင်ကြားရေးအတွက်အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် သင်တန်းသားဦးရေကို အထူးကန့်သတ်ထားပါတယ်။ Section တစ်ခုအတွက် သင်တန်းသား (၁၀) ဦးသာ လက်ခံမှာပါ။ ဒါ့ကြောင့်မို့ ကန့်သတ်လူဦးရေမပြည့်ခင် အမြန်ဆုံးဆက်သွယ်စာရင်းပေးထားဖို့ အထူးပင်လိုအပ်ပါတယ်နော်။

#သင်တန်း link 👇👇👇
https://www.facebook.com/profile.php?id=100057331746532&mibextid=ZbWKwL.....

G.N.D(Hair Training School)
ရှမ်း​ပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့
ဖုန်း..09-696075031 (or) 09668703838

Telephone

Website

Address


Taunggyi

Alerts

Be the first to know and let us send you an email when G.N.D HairTraining School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Taunggyi.