DD Beauty Choice
Trusted and Valuable Online Shop. Shop with DD! Typically replies within an hour.
25/07/2024
📝
Retinol သုံးမယ်ဆိုရင်
▫️အရမ်းမပြင်းတဲ့ formula ကနေ စသုံးပါ
▫️Retinol သုံးလို့ အသားအရေမကောင်းခင် စစသုံးချင်းမှာ purging ဖြစ်တတ်တာကိုလည်း သတိရစေချင်ပါတယ်။ဒါကိုမကြောက်ပါနဲ့။အချိန်ပေးပြီး စိတ်ရှည်ပါ။
▫️Retinol ဟာ holy grail flawless skin အတွက် စွယ်စုံရ ingredient လို့ တင်စားရလောက်အောင် သူ့တစ်ခုထဲနဲ့တင် ပြီးပြည့်စုံပါတယ်။ Collagen ထုတ်လုပ်မှုကိုအားပေးတယ်။ cell သစ်ဖြစ်တာလည်းမြန်စေလို့ ချွေးပေါက်ပိတ်ဝက်ခြံထွက်တာလျော့ပြီး အမဲစက်မှိန်ပြီး အသားအရေကတင်းရင်းကြည်လင်စေပါတယ်။
ဒါကြောင့် skincare routine မှာ retinol ထည့်မယ်ဆိုရင် တခြား active ingredient တွေ ရှုပ်ရှုပ်ထွေးထွေးမလိုတော့ဘဲ Retinol ကိုပဲ focus ထားပြီး သုံးကြည့်ရုံပါပဲနော်။ ✅ Skincare routine မှာ active ingredient တွေ ရှုပ်ယှက်ခတ်မနေဘဲ တစ်ခုဆိုတစ်ခုပဲသေချာသုံးကြည့်တာက ဘာကောင်းသလဲဆိုရင် မလိုလားအပ်ဘဲအသားအရေလောင်တာတွေ၊ တရားလွန်အသားခြောက်တာတွေ၊ skin irrritation ရပြီး အဖုထွက်တဲ့ပြသနာတွေလျော့ပါတယ်။
Retinol အသုံးပြုသူတွေအနေနဲ့ ဘာကိုဂရုစိုက်ရမလဲဆိုရင် အသားအရေအစိုဓာတ်ပြည့်ဝဖို့လိုအပ်ပါတယ်။ retinol သုံးရင် ညဘက်သီးသန့်ပဲသုံးရမှာဖြစ်ပြီးတော့ နေလောင်ဒဏ်ခံနိုင်ဖို့ sun protection အတွက် အရမ်းအလေးပေးရပါမယ်။ Retinol သုံးပြီး အနုတ်စုတ်ဂုတ်စုတ် sunscreen တွေ သုံးရင် အမဲစက်တွေထင်းနေအောင် ဖြစ်တတ်ပါတယ်။🥶
မေ retinol စသုံးဖြစ်တာ အသက် 23 ကျော်ထဲကပါ။ခုဆိုတစ်နှစ်ကျော်ပါပြီ။ ပုံကတော့စမ်းဖူးသမျှ retinol product လေးတွေကို ရိုက်ထားတာပါ။နောက်မှတစ်ခုစီအသေးစိတ်နဲ့ မေသုံးတဲ့ sunscreen အသစ်လေးတွေကိုရေးပေးပါမယ်။
25/07/2024
Hair mask နဲ့ Conditioner ဘာကွာခြားလဲ။
Conditioner ဆိုတာ "ဆံပင်ပျော့ဆေး" ၊ hair mask ဆိုတာ "ဆံပင်ပေါင်းဆေး"၊ conditioner တွေက ဆံပင်ကို ပျော့ရုံပဲလုပ်ပေးနိုင်တာ၊ hair mask လို nourishment မပေးနိုင်ဘူး လို့ဆိုကြပေမဲ့ တကယ်က hair mask နဲ့ conditioner သည် ဘာမှသိပ်မကွာခြားပါ။ နှစ်ခုလုံးမှာ အဓိကထည့်တတ်တဲ့ core ingredient တွေဆင်တူကြပြီး၊ hair mask က conditioner ထက်စာရင် texture ပိုင်း ပိုထူပျစ်တတ်တယ်။
နားလည်အောင် ဂျူလီရှင်းပြမယ်။ ဂျူလီတို့ဆံပင်ဆိုတာ ဦးရေပြား(scalp) အောက်မှာပဲ ကြီးထွားဖွံ့ဖြိုးမှုရှိပြီး၊ scalp ကထွက်လာတဲ့ မျက်လုံးနဲ့မြင်ရသမျှဆံသားတွေသည် ဘာဖွံ့ဖြိုးမှုမှမရှိတော့တဲ့ dead part တွေ။ ခန္ဓာကိုယ်အသားအရေလို သူ့ဘာသာ self-moisturized လည်းမလုပ်နိုင်သလို၊ လူတစ်ယောက်ရဲ့ဆံပင်ဟာ တစ်နှစ်နေမှ ခြောက်လက်မဝန်းကျင်သာရှည်တယ်။ အရှည်သာနှေးတာ၊ အဲ့တစ်နှစ်အတွင်း နေဒဏ်၊ အပူဒဏ်နဲ့ လျှော်လိုက်၊ဖြီးလိုက်၊ဆေးဆိုးဒဏ်တွေကြောင့် ဆံပင်ကအပျက်အစီးရှိနေပြီ။ ဆံပင်ပိုရှည်လာလေလေ၊ ဒီအပျက်အစီးတွေ ပိုစုမိပြီး များလာလေလေပဲ။
Conditioner / hair mask သုံးတဲ့အခါ ဒီလိုပျက်စီးပြီး gap လေးတွေရှိနေတဲ့ ဆံပင်တစ်ချောင်းချင်းစီကို လိုက်ဖာထေးပြီး၊ ဆံပင်ပေါ်လည်း protective coating ပါးပါးလေး လွှမ်းပေးလိုက်တယ်။ အဲ့ဒီအခါ ဆံပင်ကချောချောမွေ့မွေ့နဲ့ ငြိတာရှုပ်တာ သက်သာသွားတယ်။ ပိုပြီးလည်း shiny ဖြစ်လာပြီး၊အရင်လိုမကျိုးလွယ်တော့ဘူး။ ဆံပင်လည်းပိုကျန်းမာလာတယ်။ စျေးကြီးကြီး၊စျေးပေါပေါ ဒီ process ပဲ။ ဒါပေမဲ့ quality ပိုကောင်းတဲ့ပစ္စည်းဆိုရင်တော့ သူ့ထဲမှာပါတဲ့ ingredient တစ်ချို့က ဆံပင်မျက်နှာပြင်(surface) တင်မကပဲ၊ ဆံပင်အတွင်းထဲအထိပါ pe*****te လုပ်ပြီး gap လေးတွေလိုက်ဖြည့်၊ဆံပင်ကို healthy ပိုဖြစ်စေနိုင်တယ်။
Hair mask သုံးမှ ဆံပင်ပိုကောင်းမှာမဟုတ်သလို၊ ကိုယ်နဲ့အဆင်ပြေတဲ့ conditioner ရှိရင် conditioner ပဲဆက်သုံးလို့ရတယ်။ တစ်ခါတစ်လေဆို hair mask လို့သာ ခေါင်းစဉ်တပ်ထားတာ၊ conditioner လောက်တောင် ဆံပင်အတွက်အလုပ်မဖြစ်တဲ့ hair mask တွေအများကြီးပဲ။ နှစ်မျိုးလုံးဝယ်သုံးဖို့ မလိုသလို၊ ခေါင်းတစ်ခါလျှော်တိုင်း နှစ်ခုလုံးထည့်သုံးစရာလည်း မလိုဘူး။ conditioner ဆို conditioner ၊ hair mask ဆို hair mask တစ်မျိုးသုံးရင် လုံလောက်ပါပြီ။
ဂျူလီကတော့ အစုံသုံးရတာကြိုက်တဲ့သူမို့ နှစ်မျိုးလုံးဝယ်သုံးဖြစ်တယ်။
Let’s care with
Juliee,
let’s care with juliee ၏ ပုံနှင့်စာသားများကို ပြန်လည်ကူးယူတင်ခြင်း၊ ဆင်တူရိုးမှားပုံများ စာများ copy တာမျိုးလုံးဝမှခွင့်မပြု။
03/07/2024
Beauty of Joeson suncream 10ml လေးမင့်ဆီရပါတယ်🎉
24/12/2023
📝
The Ordinary niacinamide Serum ပြဿနာ
The ordinary က niacinamide serum ကအခုထိ နာမည်ကြီး နေတုန်းထင်တယ်။ အဲ့တာသုံးပြီး အဆင်မပြေတဲ့လူတွေ ခဏခဏ လာမေးနေကြတယ်။ ခုရက်ပိုင်းအဲ့တာပဲဖြေနေရလို့ပါ။
တော်တော်လေး အဆီပြန်တဲ့ Zhì လိုလူတောင် အဲ့တာကိုသုံးရင် မျက်နှာထဲက အဆီတွေကို စွဲစုတ်လိုက်သလို အသားက အဆီမထွက်တော့ဘဲ ခြောက်သွားတာပါ။
အဲ့တာကို Dry skin တွေသုံးတယ်ဆိုတော့ ဘယ်လိုစိတ်နဲ့များဆက်သုံးတယ်တော့မသိဘူး။ လုံးဝ အဆင်မပြေပါဘူးနော်။
Skin က လိုအပ်တဲ့အဆီကိုမထုတ်တော့ဘဲ အဖုတွေပိုထွက်တာ ၊ အနီကွက်တွေ ဖြစ်လာတာ ၊ မျက်နှာသစ်ပြီး ယားတာတွေ ဖြစ်လာမှာပဲ။
သူ့ကိုသုံးရင် အသားက သိသိသာသာ ကြည်တာမှန်ပေမယ့် သေချာမသုံးတတ်ရင် ၊ ကိုယ့် skin နဲ့မကိုက်ရင် အဖုနဲ့ မျက်နှာမပြတ်ဖြစ်မှာပါ။
သူ့ကို formulate လုပ်ထားပုံကိုက skin အတွက် hydration , moisture ရမဲ့ဟာ နှစ်ခုလားပဲပါလို့ Oily skin တွေအတွက်သီးသန့်လို့တောင်ပြောလို့ရတဲ့အထိပါ။ အများစုသော အဆီပြန်တဲ့လူတွေတောင် နေ့တိုင်းသုံးရင် skin barrier ထိလာတတ်ပါတယ် [ တချို့ခံနိုင်လို့သုံးတာ အပြစ်မပြောပါ ]
ဟိုးအရင်က နာမည်ကြီးတယ်ဆိုပေမယ့် သူ့ထက်ကောင်းတဲ့ Niacinamide serum တွေ Essence တွေ အခုနောက်ပိုင်းအများကြီးပါ။
Skin brightening အတွက် niacinamide ပါတာသုံးချင်ရင်
The inkey list Niacinamide Serum
Neogen Micro Ferment Essence
Good molecules niacinamide serum
Axis y Glow Serum
ဝက်ခြံယောင်တာ ၊ အသားယားတာအတွက်အဓိကသုံးချင်ရင်
Purito Centella Unscented Serum iunik propolis Serum
Beauty of Joseon Glow serum တွေသုံးလို့ရပါတယ်နော်။
Dry skin ဆို The ordinary က niacinamide serum ကိုယောင်လို့တောင်မတွေးပါနဲ့။
15/09/2023
🧐
21/06/2023
🚨
calming effect မှာတော့ တကယ် ဆရာကြီး မင်မင်လက်တွေ့
မင်မင်ဆီပြန်၀င်ထားပြီနော်😍
21/06/2023
All instock ပြန်ရပါပြီ🎉
ပူပြင်းတဲ့နွေရာသီအတွက် မင်မင့် နေ့တိုင်းရဲ့ မရှိမဖြစ် အသည်းစွဲလေးများ😍
အကြိုက်ချင်းတူတာများရှိရင် မန့်ခဲ့ကြပါဦး😁
btw ဒီပစ္စည်းလေးတွေအကုန် မင်မင်ဆီမှာ အကုန် instock ရှိတယ်နော် အားပေးလို့လည်းရနော်😁
21/06/2023
Instock 🎉
18/04/2023
🤗
11/04/2023
Dr.g လေးကလွဲရင် မင်မင်ဆီ အကုန်ရနော်🤗
Summer တွက် oily ,acne prone skin ,
sensitive skin တွေဘာskincare တွေ
သုံးလဲ မေးတဲ့ချစ်”တို့တွက် 🤍
စေးကပ်မှုမရှိတဲ့skincare တွေပဲရွေးသုံးဖစ်တယ်
Skincare stepကလဲ မများဘူးနော် 🧐
Toner - simple
Serum - iunik tea tree
Moisturizer- dr.g soothing cream
Suncream- Lebelage (နောက်ထွက်တဲ့updateကအဆီပိုထိန်းနိုင်ပါတယ်)
Cleansing water - JM solution H9
Full review ကတော့ pageထဲ တင်ထားတယ်နော်
Category
Contact the business
Telephone
Website
Address
Thanlyin
Alerts
Be the first to know and let us send you an email when DD Beauty Choice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
