Pyae Pyae
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyae Pyae, Health/Beauty, Thanlyin.
11/11/2022
သင်က တင်းတိပ်သမား မဟုတ်လည်း ဒီပို့စ်ကို မကျော်သွားပဲ ဖတ်ကြည့်ပါ ဗဟုသုတရစေမှာပါနော်
အမျိုးသမီး တော်တော်များများမှာ အသက် (၃၀) ကျော်လာတာနဲ့ တင်းတိပ်တွေ အဖြစ်များတဲ့ အကြောင်းကို ဒီနေ့မှာတော့ ဗဟုသုတရစေဖို့အတွက် ရေးသားပေးလိုက်ပါတယ်နော်။
ဘယ်လိုကနေ တင်းတိပ် စဖြစ်တာလဲ
အရင်ဆုံးမျက်နှာမှာ အမဲစက်လေးတွေ ဖြစ်လာပါတယ်။ ထို့နောက် အမဲစက်လေးတွေ တစ်ဖြည်းဖြည်းပွားလာပြီးတော့ တင်းတိပ်တွေစဖြစ်တော့တာပါပဲ။
အစပိုင်းကတော့ သိပ်မသိသာပေမဲ့ နောက်ပိုင်း မျက်နှာမှာ အကွက်လိုက်ကြီးတွေ ဖြစ်လာပါတော့တယ်။
ဘာကြောင့်တင်းတိပ်ဖြစ်ရတာလဲ
အခြေအနေ အမျိုးမျိုးကြောင့်တင်းတိပ်တွေဖြစ်တတ်ပါတယ်။ နေပူထဲ အထွက်များတဲ့သူတွေမှာ အဖြစ်များပါတယ်။
နေပူထဲလည်း မထွက်ဘူး..ဘာကြောင့် တင်းတိပ်တွေထွက်လာရတာလဲဆိုတဲ့သူတွေ အတွက်လည်း အဖြေရှိပါတယ်။
သောက်ဆေးတွေကြောင့်/ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်နိုင်သလို..အချို့ကတော့
Air-Con ခန်းထဲမှာ အနေများတဲ့သူတွေဆိုရင်လည်း တင်းတိပ်တွေ ဖြစ်တတ်ပါတယ်
ဘာလို့လဲဆိုတော့ အအေးဓါတ်တွေက မျက်နှာပေါ်က ရှိသင့်ရှိထိုက်တဲ့ ရေဓါတ်နဲ့ အဆီဓါတ်တွေကို စုပ်ယူလိုက်လို့ပါပဲ။
ဖုန်းတွေအသုံးများတဲ့အခါ ဖုန်းမှထွက်တဲ့ အလင်းတန်းတွေကြောင့်လဲ အမဲစက်နဲ့ တင်းတိပ်တွေဖြစ်တတ်တယ်နော်။
ဒါက တကယ်ကြောက်စရာကောင်းပြီး သေချာ ဂရုစိုက်သင့်တဲ့ရောဂါတစ်မျိုးပါပဲ
တင်းတိပ်မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
Moisturizer ပါတဲ့ Cream တွေလိမ်းပြီး မျက်နှာကိုရေဓါတ် လုံလုံလောက်လောက်ဖြည့်ပေးတဲ့ Skincare တွေ လိမ်းပေးပါ...
နေပူထဲကို အထွက်များတဲ့သူတွေဆိုရင်လည်း sunscreenကို မဖြစ်မနေ လိမ်းပေးရပါမယ်နော်..
တကယ်လို့ သင်သာ sunscreenကို နေ့တိုင်းကြိုလိမ်းခဲ့မယ်ဆိုရင်တော့ အမဲစက် တင်းတိပ် ပြဿနာအတွက် လုံးဝစိတ်ညစ်ရမှာ မဟုတ်ပါဘူးနော်..😌
အားလုံးပဲ အဆင်ပြေကြပါစေ Crd
Category
Telephone
Website
Address
Thanlyin
Alerts
Be the first to know and let us send you an email when Pyae Pyae posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
