Ever Beauty -Cosmetics
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ever Beauty -Cosmetics, Health/Beauty, No. 5 A4 U htun Lin Chan Street, Kamayort, Yangon.
08/03/2026
" ဆယ်ပြည့် ရာပြည့် ထောင်ပြည့်
မွေးဖွားသူများ ထူးချွန်တတ်ကြသည်
တဲ့. - "
ဇိနာလင်္ကာရစာကိုယ်နှင့် ဋီကာကျမ်းပြု
အရှင်ဗုဒ္ဓရက္ခိတမထေရ်သည် သီဟိုဠ်ကျွန်း
သာသနာနှစ် - 1700 ပြည့်တွင် ဖွားမြင်ကြောင်း
သိရသည် ။
အဌကထာဆရာ အရှင်မဟာ ဗုဒ္ဓဃောသထက်
နှစ်ပေါင်း - 700. မျှ နောက်ကျကြောင်းသိရသည် ။
ဆယ်ပြည့် ရာပြည့် ထောင်ပြည့် နှစ်တို့တွင်
ဖွားမြင်သောသူတို့မှာ ...
ထူးချွန်တတ်ကြသဖြင့် အရှင်ဗုဒ္ဓရက္ခိတမထေရ်သည်လည်း ထူးချွန်သော ပုဂ္ဂိုလ်တစ်ပါးဖြစ်ကြောင်း ..
" ဇိနာလင်္ကာရ "ကျမ်းက သက်သေခံလျက်ရှိသည် ။
ကျွမ်းကျင်လှသော ပန်းထိမ်ဆရာသည် ရွှေနှစ်ရွှေစဥ်ကို မိမိစတ်ကူးရှိတိုင်း အံ့သြ ဘနန်း ဆန်းကြယ်သော
လက်ဝတ်ရတနာ မျိုးစုံကို ပြုလုပ်နိုင်သကဲ့သို့. ...
ဇိနာလင်္ကာရဋီကာ ဆရာသည်လည်း အံ့သြ ဘနန်း
ဆန်းကြယ်သော ပါဠိ ပဒတို့ဖြင့် လှပ ဆန်းကြယ်
နှစ်သက်ဖွယ်သော ဂါထာဗန္ဓ အမျိုးမျိုး ကျစ်လစ်
သေသပ်သော အဖွင့်သံဝဏ္ဏနာ တို့ဖြင့် တန်ဆာဆင်ထားသည်ကို ပါဠိ သုတေသီများအဖို့ အတုယူ၍
မကုန်နိုင်ရာ လေ့လာစရာ ကျမ်းတစ်ဆူအဖြစ်
မှတ်ယူသင့်သည် ။
ထင်ရှားကျော်ကြားသော ဆရာတော်ကြီးများ၏
ထေရုပ္ပတ္တိဖြစ်စဥ်ကို လေ့လာသောအခါ ...
မဟာဝိသုဒ္ဓါရာမ ဆရာတော်ကြီး သက္ကရာဇ် -1200 ပြည့်
တွင် ဖွားမြင်တော်မူသည် ။
မဟာဂန္ဓာရုံ ဘာသာဋီကာ ဆရာတော်ကြီး ခရစ်နှစ်
1900 ပြည့်တွင် ဖွားမြင်တော်မူသည် ။
မစိုးရိမ်တိုက်သစ် ဝဋံသကာတို့ဖခင် ထေရ်ရှင်သည်
1330 ပြည့်တွင်ဖွားမြင်တော်မူသည် ။
ရှေးအကျော် အမော် ဆရာတော်တို့ ရာပြည့်ထောင်ပြည့် ဖွားဆရာတော်များ ဖြစ်ကြသည်ကိုလည်း လေ့လာ
တွေ့သိရသည် ။
အကြောင်းကင်းသော အကျိုးတရားဆိုတာ မရှိဘူး
အကြောင်းကောင်းမှ အကျိုးပေးကောင်းမည်ဟု
ကံ,ကံ၏အကျိုးကို ယုံကြည်စွာ ...
" ပညာသံဝတ္တနိကကံ. " ဖြစ်စေရန် ရည်ရွယ်ပြီး
မိမိသည်ကား - မန်းမြေပေါ်မှာ ရတနာသုံးပါးအား
ကျေးဇူးဆပ်ခြင်းနှင့်အတူ -
ကုသိုလ်ကောင်းမှု အထောက်အပံ့များ ထောက်ပံ့ပြုလုပ် ကုသိုလ်မှု ပြုနိုင်ခဲ့လေပြီ ။
ကုသိုလ်ကောင်းမှု အထိုက် အလျောက် စုဆောင်းမိခဲ့
လေပြီ...ဟု ပြောကြားရင်းဖြင့်.....
ဓမ္မမိတ်ဆွေတို့အား မိမိ၏ ဒါနကို " ပတ္တိဒါန. " အဖြစ်
ကုသိုလ်မှု ထပ်မံပြုလိုက်ပါတော့သည် ။
1/ မဟာမုနိဘုရားကြီးအား ဘက်စုံပြုပြင်ရန်
ယခု,( 10. )သိန်းကျပ်နှင့် စုစုပေါင်း.သိန်း( 50 )ကျပ်။
2/ ဆင်မင်းဆရာတော်ကြီးအားယ္ခု ( 2 )သိန်းကျပ်နှင့်
အတူ. စုစုပေါင်း ( 10 )သိန်းကျပ် ။
3/မစိုးရိမ်တိုက်"အာဂမ"ကျောင်းအတွက်( 20 )သိန်းကျပ် ။
4/မစိုးရိမ်တိုက်သစ် အဘိဝံသတို့ဖခင် ထေရ်ရှင်အား
နဝကမ္မဝတ္ထုငွေ ( 20 )သိန်းကျပ် ။
5/မန်းမြေ ချမ်းမြေ့ဘုံကျော် ဆရာတော်အား ကျောင်းဆောက်ရာတွင် - ယ္ခု သိန်း( 50 ) ကျပ်နှင့်အတူ
စုစုပေါင်း သိန်း ( 200. )ကျပ်...တို့နှင့်တကွ ဘုံဆွမ်း
လောင်းလှူခဲ့သော ကုသိုလ် အရပ်ရပ်တို့အား
ကျေးဇူးရှင် မိခင်,ဖခင်,ဆရာသခင်တို့နှင့် ဆွေတော်,မျိုးတော် ဓမ္မအဖော်တို့အား ကုသိုလ်အမျှ ပေးဝေငှလိုက်
ပါ၏ ။
။
19/06/2022
Category
Website
Address
No. 5 A4 U Htun Lin Chan Street, Kamayort
Yangon
Alerts
Be the first to know and let us send you an email when Ever Beauty -Cosmetics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
