Burma Beauty Rehabilitation Center

Burma Beauty Rehabilitation Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Burma Beauty Rehabilitation Center, No. 35H, Thiri Yeikthar Street, Mayangone, Yangon.

23/09/2026

အမျိုးသားများတွင် ဖြစ်ပေါ်နိုင်သော နာတာရှည်တင်ပါးဆုံတွင်း နာကျင်မှုအကြောင်း

Chronic Pelvic Pain Syndrome — CPPS ဆိုတာ အမျိုးသားတချို့မှာ တင်ပါးဆုံတွင်းနှင့် ဝမ်းဗိုက်အောက်ပိုင်းတစ်ဝိုက် မအီမသာဖြစ်ခြင်း၊ နာကျင်ခြင်းနှင့် ဆီးသွားပုံပြောင်းလဲခြင်းတို့ ကြာရှည် သို့မဟုတ် ပြန်လည်ဖြစ်ပေါ်နိုင်တဲ့ ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်ပါတယ်။

တွေ့ရနိုင်တဲ့ လက္ခဏာတွေထဲမှာ—

▫️ တင်ပါးဆုံတွင်း သို့မဟုတ် ဝမ်းဗိုက်အောက်ပိုင်းတစ်ဝိုက် မအီမသာဖြစ်ခြင်း
▫️ အချိန်ကြာကြာထိုင်ပြီးနောက် အဆင်မပြေမှု ပိုမိုခံစားရခြင်း
▫️ ဆီးသွားချင်စိတ် မကြာခဏဖြစ်ခြင်း
▫️ ဆီးသွားစဉ် မအီမသာဖြစ်ခြင်း
▫️ လက္ခဏာများ ခဏသက်သာပြီး ပြန်လည်ဖြစ်ပေါ်ခြင်းတို့ ပါဝင်နိုင်ပါတယ်။

ဒီလိုလက္ခဏာတွေဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းအပါအဝင် အခြားကျန်းမာရေးအခြေအနေများနဲ့လည်း ဆင်တူနိုင်ပါတယ်။ ဒါကြောင့် လက္ခဏာတစ်ခုတည်းအပေါ် အခြေခံပြီး ရောဂါသတ်မှတ်ခြင်းထက် လိုအပ်သော Medical Assessment ကို ဦးစွာပြုလုပ်သင့်ပါတယ်။

CPPS ဖြစ်ပေါ်မှုမှာ အကြောင်းရင်းတစ်ခုတည်းသာရှိတာ မဟုတ်ပါဘူး။ တင်ပါးဆုံအောက်ခြေကြွက်သားများ တင်းကျပ်နေခြင်း၊ အာရုံကြောစနစ်၏ တုံ့ပြန်မှုပြောင်းလဲခြင်းနှင့် နေ့စဉ်စိတ်ဖိစီးမှုတို့လည်း ဆက်စပ်ပါဝင်နိုင်ပါတယ်။

စောင့်ရှောက်ကုသမှုကို လူတစ်ဦးချင်းစီရဲ့ လက္ခဏာနဲ့ စစ်ဆေးတွေ့ရှိချက်အရ စီစဉ်ရပါတယ်။ သင့်တော်တဲ့အခြေအနေများမှာ ဆေးဘက်ဆိုင်ရာစစ်ဆေးကုသမှုနဲ့အတူ Personalized Rehabilitation Care ကို ပေါင်းစပ်နိုင်ပါတယ်။

Burma Beauty Rehabilitation Center မှာ အမျိုးသားများ၏ Pelvic Health ဆိုင်ရာ Assessment ပြုလုပ်ပြီး လိုအပ်ချက်နဲ့ ကိုက်ညီသော Rehabilitation Care ကို ဆွေးနွေးနိုင်ပါတယ်။ လိုအပ်ပါက ဆီးလမ်းကြောင်းအထူးကုနှင့် ဆက်လက်စစ်ဆေးကုသရန်လည်း အကြံပြုပေးပါတယ်။

𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫
"Where Recovery Meets Performance"
Advanced Rehabilitation Supported By Holistic Wellness Care

🏡 35 H, Thiri Yeikthar Street, 7 Miles, Pyay Road, Mayangone Tsp, Yangon.

📲 09-953930007, 09-953940007, 09-953950007, 09-405056052, 09-454051377, 09-408600022

21/09/2026

💡 "လည်ပင်းကျီးပေါင်း" ဆိုတာ အရိုးပိုထွက်လာတာ တစ်ခုတည်းကို ခေါ်တာလား?

"ကျီးပေါင်းတက်နေပြီ" လို့ ကြားလိုက်ရတာနဲ့ ဝေဒနာရှင်အများစုက "မပျောက်နိုင်တော့ဘူး၊ တဖြည်းဖြည်း ပိုဆိုးလာတော့မှာပဲ" ဆိုပြီး အလွန်အမင်း စိုးရိမ်သွားတတ်ကြပါတယ်။
တကယ်တော့ လည်ပင်းကျီးပေါင်း (Cervical Spondylosis) ဆိုတာ ကြောက်စရာရောဂါဆိုးကြီးတစ်ခု မဟုတ်ပါဘူး။

ဆေးပညာအရ Cervical Spondylosis ဆိုတာ အသက်အရွယ်ရလာတာနဲ့အမျှ လည်ပင်းရိုးဆစ်၊ အရိုးကြားက အရွတ်ပြား (Disc) တွေနဲ့ အနီးပတ်ဝန်းကျင် တစ်ရှူးတွေမှာ ဖြစ်ပေါ်လာတဲ့ သဘာဝအပြောင်းအလဲတွေကို စုပေါင်းခေါ်ဝေါ်တာ ဖြစ်ပါတယ်။
အသက်ကြီးလာတဲ့အခါ အရိုးကြားက Disc တွေမှာ ရေဓာတ်နဲ့ ပျော့ပျောင်းမှု လျော့ကျလာတာ၊ Disc အမြင့် ကျဆင်းလာတာနဲ့ အရိုးဆစ်တွေအချင်းချင်း ပွတ်တိုက်မှုများလာတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီအခါ ခန္ဓာကိုယ်က လည်ပင်းအရိုးကို ပိုမိုတည်ငြိမ်အောင် (Stabilize) ကြိုးစားရင်းကနေ "Bone Spur" လို့ခေါ်တဲ့ အရိုးပိုလေးတွေ ထွက်လာတာပါ။ ဒါကြောင့် "ကျီးပေါင်း" ဆိုတာ အရိုးပိုထွက်ခြင်း တစ်ခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။

သင့်ဆီမှာ အောက်ပါလက္ခဏာတွေ ရှိနေပြီလား?
▫️ လည်ပင်းနာကျင်ခြင်း၊ တောင့်တင်းနေခြင်း
▫️ လည်ပင်းဘယ်ညာ လှည့်ရခက်ခဲခြင်း
▫️ လည်ပင်းနောက်ဘက်မှ စတင်ပြီး ခေါင်းကိုက်ခြင်း
▫️ ပခုံးနှင့် လက်မောင်းတစ်လျှောက် အောင့်ပြီး နာကျင်ခြင်း
▫️ လက်နှင့် လက်ချောင်းလေးများ ထုံကျဉ်ခြင်း
▫️ လက်အားနည်းလာခြင်း

⚠️ ဒီနေရာမှာ အရေးကြီးဆုံး သိထားရမယ့် အချက်တစ်ခုရှိပါတယ်။ X-ray ရိုက်ကြည့်လို့ ကျီးပေါင်းဆိုင်ရာ အပြောင်းအလဲတွေ တွေ့တိုင်း နာကျင်မှု ခံစားရမယ်လို့ မဆိုလိုပါဘူး။ လူတော်တော်များများမှာ အရိုးနဲ့ Disc အပြောင်းအလဲတွေ ရှိနေပေမယ့် လက္ခဏာ လုံးဝမပြတာတွေလည်း ရှိပါတယ်။
ဒါကြောင့် X-ray အဖြေစာရွက် တစ်ခုတည်းကိုပဲကြည့်ပြီး ကုသမှုတွေကို လွယ်လွယ်မရွေးချယ်သင့်ပါဘူး။ တကယ်နာကျင်နေတဲ့ နေရာ၊ လည်ပင်း လှုပ်ရှားနိုင်စွမ်း၊ ကြွက်သားခွန်အား၊ အာရုံခံစားမှုနဲ့ လက်ရှိလက္ခဏာ အားလုံးကို ပေါင်းစပ်စစ်ဆေး (Assessment) ဖို့ လိုအပ်ပါတယ်။

💚 Rehabilitation Care က ဘယ်လို ကူညီပေးနိုင်လဲ?
Burma Beauty Rehabilitation Center တွင် ဆရာဝန်၏ စစ်ဆေးတွေ့ရှိချက်များအပေါ် မူတည်၍—
▫️ နာကျင်မှုနှင့် ကြွက်သားတင်းကျပ်မှုများကို ထိန်းညှိကုသပေးခြင်း
▫️ မှန်ကန်သော ကိုယ်နေဟန်ထား (Posture) နှင့် နေ့စဉ်လှုပ်ရှားမှုပုံစံ ပြုပြင်ပေးခြင်း
▫️ ဝေဒနာရှင်နှင့် သင့်တော်သော လည်ပင်းလေ့ကျင့်ခန်းများ စနစ်တကျ ပြုလုပ်ပေးခြင်း
▫️ လည်ပင်းနှင့် ပခုံးကြွက်သားအားများ ပြန်လည်ကောင်းမွန်စေရန် လေ့ကျင့်ပေးခြင်း
▫️ လိုအပ်ပါက အဆင့်မြင့် Rehabilitation Modalities (စက်ပစ္စည်းများ) အသုံးပြုခြင်း စသည်တို့ကို သီးသန့်ရေးဆွဲ ကုသပေးပါသည်။

🚨 အထူးသတိပြုရန်မှာ….
လက် (သို့မဟုတ်) ခြေထောက် အားနည်းလာခြင်း၊ လမ်းလျှောက်ရာတွင် ဟန်ချက်ပျက်ခြင်း၊ လက်ဖြင့် အသေးစိတ်အလုပ်များ (ဥပမာ - ကြယ်သီးတပ်ခြင်း) လုပ်ရခက်လာခြင်း၊ ဆီး/ဝမ်း ထိန်းချုပ်ရခက်လာခြင်းတို့ ဖြစ်ပေါ်လာပါက အချိန်မဆွဲဘဲ ဆေးကုသမှုကို အမြန်ဆုံး ခံယူရမှာဖြစ်ပါတယ်။

ရောဂါနာမည် (ကျီးပေါင်း) ကိုသာ ကြည့်ပြီး ကုသနေခြင်းထက်၊ နာကျင်ရတဲ့ အကြောင်းရင်းနဲ့ သင့်ရဲ့ လက်ရှိကိုယ်ခန္ဓာအခြေအနေကို သေချာစစ်ဆေးပြီး အသင့်တော်ဆုံး Rehabilitation Plan ကို ရွေးချယ်ဖို့ကသာ အရေးကြီးဆုံးဖြစ်တာမို့ အခုပဲ Burma Beauty Rehab ကို ဆက်သွယ်ပြီး Appointment ရယူလိုက်ပါရှင်…..

𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫
"Where Recovery Meets Performance"
Advanced Rehabilitation Supported By Holistic Wellness Care

🏡 35 H, Thiri Yeikthar Street, 7 Miles, Pyay Road, Mayangone Tsp, Yangon.

📲 09-953930007, 09-953940007, 09-953950007, 09-405056052, 09-454051377, 09-408600022

💬 Messenger မှတစ်ဆင့်လည်း အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါသည်။

20/09/2026

Chronic Pelvic Pain ကို “ဒီလိုပဲဖြစ်နေတာ” ဆိုပြီး မထားလိုက်ပါနဲ့။
အကြောင်းရင်းကို သိရှိပြီး သင့်တော်တဲ့ Care ရရှိဖို့ Burma Beauty မှာ Doctor နဲ့ အသေးစိတ်တိုင်ပင် စစ်ဆေးပြီး ကုသမှုခံယူလိုက်ပါ။

Burma Beauty Rehabilitation Center
Where Recovery Meets Performance

📍 35 H, Thiri Yeikthar Street, 7 Miles, Pyay Road, Mayangone Township, Yangon
📲 09-953930007, 09-953940007, 09-953950007, 09-405056052, 09-454051377

19/09/2026

လည်ပင်းနာတာကနေတစ်ဆင့် လက်မောင်းနဲ့ လက်ချောင်းလေးတွေအထိ ထုံကျဉ်ပြီး ဆင်းနာနေပြီလား?

"လည်ပင်းနဲ့ ပခုံး တင်းတာလောက်ကတော့ အထိုင်များလို့ပါလေ..." ဆိုပြီး ပေါ့ဆထားရာကနေ တစ်စတစ်စနဲ့ လက်မောင်းတစ်လျှောက် စူးရှရှနာလာတာ၊ လက်ချောင်းလေးတွေပါ ထုံကျဉ်လာပြီဆိုရင်တော့ ဒါဟာ ရိုးရိုးကြွက်သားညောင်းတာ မဟုတ်တော့ပါဘူး။ နာကျင်မှုရဲ့ အရင်းခံအကြောင်းရင်းကို သေချာစစ်ဆေးဖို့ လိုအပ်နေပါပြီ။

လည်ပင်းနဲ့ လက်မောင်းနာတာ ဘယ်လို ဆက်စပ်နေလဲ?
ကျွန်ုပ်တို့ရဲ့ လည်ပင်းအရိုးဆစ်တွေကြားကနေ ဖြာထွက်လာတဲ့ အာရုံကြောတွေဟာ ပခုံး၊ လက်မောင်းနဲ့ လက်ချောင်းတွေအထိ တိုက်ရိုက် ဆက်သွယ်ထားပါတယ်။ အထိုင်များလို့ပဲဖြစ်ဖြစ်၊ ကိုယ်နေဟန်ထားမမှန်လို့ပဲဖြစ်ဖြစ် အရိုးဆစ်ကျဉ်းတာ၊ ကျီးပေါင်းတက်တာတွေကြောင့် အဲဒီအာရုံကြောအမြစ်လေးတွေကို ဖိမိသွားတဲ့အခါ (သို့မဟုတ်) ရောင်ရမ်းသွားတဲ့အခါ လည်ပင်းကနေ လက်မောင်းအထိ နာကျင်မှုတွေ ပျံ့နှံ့လာတတ်ပါတယ်။
ဆေးပညာအရတော့ ဒါကို Cervical Radiculopathy (လည်ပင်းအာရုံကြောဖိမိခြင်း) လို့ ခေါ်ပါတယ်။

အောက်ပါလက္ခဏာတွေ ခံစားနေရပြီလား?
▫️ လည်ပင်းကနေ ပခုံး၊ လက်မောင်းတစ်လျှောက် စူးကနဲ၊ ရှကနဲ ဆင်းနာခြင်း
▫️ လက်နဲ့ လက်ချောင်းလေးတွေ ထုံခြင်း၊ စူးစူးကျဉ်ကျဉ်ဖြစ်ခြင်း (ပုရွက်ဆိတ်တက်သလို ခံစားရခြင်း)
▫️ ခေါင်းလှည့်တာ၊ လည်ပင်းမော့တာမျိုး လုပ်လိုက်ရင် နာကျင်မှု ပိုဆိုးလာခြင်း
▫️ လက်မောင်း (သို့မဟုတ်) လက်ကောက်ဝတ် အားလျော့လာခြင်း
ဒါပေမဲ့ လက်ထုံတာ၊ လက်မောင်းနာတာတိုင်းဟာ လည်ပင်းအာရုံကြောကြောင့်ချည်းပဲတော့ မဟုတ်ပါဘူး။ ပခုံးအဆစ်ပြဿနာ၊ တံတောင်ဆစ်နဲ့ လက်ကောက်ဝတ်အနီးက အာရုံကြောဖိမိတာတွေနဲ့လည်း ဆင်တူတတ်လို့ တိကျတဲ့ စစ်ဆေးမှု လုပ်ဖို့ အလွန်အရေးကြီးပါတယ်။

သင့်တော်တဲ့ Rehabilitation Care ကို ဘယ်လိုရွေးချယ်မလဲ?
Burma Beauty Rehabilitation Center တွင် လူနာတိုင်းကို စက်ဖြင့် ချက်ချင်းတန်းကုတာမျိုး မလုပ်ဘဲ၊ ကျွမ်းကျင်ဆရာဝန်နဲ့ Therapist များကိုယ်တိုင် နာကျင်မှုပုံစံ၊ လှုပ်ရှားနိုင်စွမ်း၊ ကြွက်သားခွန်အားနဲ့ အာရုံခံစားမှုတို့ကို အရင်ဆုံး စနစ်တကျ စစ်ဆေး (Assessment) ပါတယ်။ ထို့နောက်မှသာ လူနာတစ်ဦးချင်းစီအတွက် အသင့်တော်ဆုံး Personalized Rehabilitation Plan ကို ရေးဆွဲပေးပါတယ်။

ကုသမှုအစီအစဉ်ထဲမှာ မှန်ကန်တဲ့ လေ့ကျင့်ခန်းတွေ၊ နေ့စဉ်ကိုယ်နေဟန်ထား ပြုပြင်ပေးတာတွေအပြင်... ဆရာဝန်ရဲ့ စစ်ဆေးမှုအရ လိုအပ်တယ်ဆိုရင် ခေတ်မီနည်းပညာBTL Machine များဖြင့်ပါ ထိရောက်စွာ ပေါင်းစပ်ကုသပေးသွားမှာ ဖြစ်ပါတယ်။

⚠️ အထူးသတိပြုရန်: လက်အား သိသိသာသာ လျော့ကျလာတာ၊ ပစ္စည်းတွေ ကိုင်ရင် မကြာခဏ လွတ်ကျတာ၊ ထုံကျဉ်မှုတွေ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတာမျိုး ရှိရင်တော့ အချိန်မဆွဲဘဲ ဆရာဝန်နဲ့ အမြန်ဆုံး လာရောက်စစ်ဆေးဖို့ တိုက်တွန်းပါရစေ။

နာကျင်မှုရဲ့ အကြောင်းရင်းကို တိတိကျကျ နားလည်ခြင်းဟာ သင့်တော်တဲ့ ကုသမှုစတင်နိုင်ဖို့ အရေးကြီးဆုံး ပထမခြေလှမ်းပါ။

✅နာကျင်မှုကင်းတဲ့ နေ့စဉ်ဘဝကို ပြန်လည်ရယူဖို့ ယနေ့ပဲ ဆက်သွယ်ဆွေးနွေးလိုက်ပါ။

𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫
"Where Recovery Meets Performance"
Advanced Rehabilitation Supported By Holistic Wellness Care

🏡 35 H, Thiri Yeikthar Street, 7 Miles, Pyay Road, Mayangone Tsp, Yangon.

📲 09-953930007, 09-953940007, 09-953950007, 09-405056052, 09-454051377, 09-408600022

18/09/2026

“နာကျင်မှုရှိတိုင်း အနားယူရုံနဲ့ မလုံလောက်ပါဘူး…”

အားကစားလုပ်ရင်းဖြစ်လာတဲ့ ဒဏ်ရာတွေ၊
ဒူးနဲ့ အဆစ်အမြစ်ပိုင်း မအီမသာဖြစ်တာတွေ၊
လှုပ်ရှားရခက်ခဲတာတွေရှိနေပြီဆိုရင်
သင့်တော်တဲ့ Rehabilitation Care လိုအပ်နိုင်ပါတယ်။

Burma Beauty Rehabilitation Center မှာ
လူနာတစ်ဦးချင်းစီရဲ့ အခြေအနေကို ကျွမ်းကျင်အရိုးအကြောဆရာဝန်ကြီးများမှ သေချာစွာ စစ်ဆေးပြီး
သင့်တော်တဲ့ Rehabilitation Treatment တွေကို
ကျွမ်းကျင်တဲ့ Therapist များက စနစ်တကျ ပြုလုပ်ပေးနေပါတယ်။

✨ Pain Management
✨ Muscle & Joint Rehabilitation
✨ Sports Injury Recovery
✨ Movement & Functional Recovery

နာကျင်မှုကို ခဏတာသက်သာအောင်လုပ်ရုံမဟုတ်ဘဲ
နေ့စဉ်လှုပ်ရှားမှုတွေကို ပိုမိုကောင်းမွန်လာစေဖို့
သင့်တော်တဲ့ Rehabilitation Plan နဲ့ ပြန်လည်ထူထောင်ပေးပါတယ်။

📍 Burma Beauty Rehabilitation Center
သင့်ရဲ့ Recovery Journey ကို စနစ်တကျ စတင်လိုက်ပါ။

“Move Better. Recover Better. Live Better.”

Burma Beauty Rehabilitation Center
Where Recovery Meets Performance

📍 35 H, Thiri Yeikthar Street, 7 Miles, Pyay Road, Mayangone Township, Yangon
📲 09-953930007, 09-953940007, 09-953950007, 09-405056052

16/09/2026

🆕 𝐍𝐄𝐖 𝐀𝐑𝐑𝐈𝐕𝐀𝐋! လည်ပင်းနဲ့ ခါးရိုးဆစ် နာကျင်မှုတွေအတွက် ပိုမိုပြည့်စုံတဲ့ ကုသမှုတွေပေးနိုင်ဖို့ BTL Traction Machine အသစ် ရောက်ရှိလာပါပြီ။

Burma Beauty Rehabilitation Center ရဲ့ Physical Therapy ကုသမှုပိုင်းကို နောက်တစ်ဆင့် (Next Level) သို့ မြှင့်တင်ပေးမယ့် ကမ္ဘာ့အဆင့်မီ BTL Company ထုတ် Traction Machine အသစ် ယနေ့ပဲ ရောက်ရှိလာပြီ ဖြစ်ပါတယ်။

Traction Therapy ဆိုတာ ဘာလဲ?
Traction စက်ဆိုတာ လည်ပင်းနဲ့ ခါးရိုးဆစ်တွေကြားမှာရှိနေတဲ့ ဖိအားတွေကို စနစ်တကျ လျှော့ချပေးတဲ့ (Spinal Decompression) နည်းပညာတစ်ခု ဖြစ်ပါတယ်။ အရိုးဆစ်တွေကြားကို ညင်သာစွာ ဆွဲဆန့်ကုသပေးခြင်းဖြင့် အာရုံကြောဖိမိခြင်း၊ အဆစ်ကျွံခြင်း၊ ကျီးပေါင်းတက်ခြင်းနဲ့ အရိုးဆစ်ကျဉ်းခြင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်ထုံကျင်မှုတွေကို သိသိသာသာ သက်သာစေနိုင်ပါတယ်။

Burma Beauty Rehabilitation Center ရဲ့ အဓိက ရည်ရွယ်ချက်က "စက်အသစ်တစ်လုံး ထပ်မံဖြည့်တင်းလိုက်ခြင်းထက်၊ လူနာတစ်ဦးချင်းစီအတွက် အမှန်တကယ် လိုအပ်ပြီး စနစ်ကျတဲ့ Rehabilitation Care ပေးနိုင်ဖို့" ပဲ ဖြစ်ပါတယ်။
ကျွမ်းကျင်ဆရာဝန်နဲ့ Therapist များကိုယ်တိုင် လူနာတစ်ဦးချင်းစီရဲ့ ရောဂါအခြေအနေ၊ နာကျင်ရတဲ့ အရင်းခံအကြောင်းရင်းနဲ့ ကိုယ်ခန္ဓာအနေအထားတို့ကို အရင်ဆုံး သေချာစွာ စစ်ဆေး (Assessment) ပြီးမှသာ... လူနာအတွက် အသင့်တော်ဆုံးဖြစ်မယ့် သီးသန့်ကုသမှုအစီအစဉ် (Personalized Rehabilitation Program) တွေမှာ ထည့်သွင်းအသုံးပြုသွားမှာ ဖြစ်ပါတယ်။

သင့်ရဲ့ ကြာရှည်ခံစားနေရတဲ့ လည်ပင်း (သို့မဟုတ်) ခါးနာကျင်မှုဝေဒနာတွေအတွက် ဒီ Traction Therapy နည်းပညာက သင့်တော်မှု ရှိ၊ မရှိ သိရှိနိုင်ဖို့ ယနေ့ပဲ Appointment ကြိုတင်ရယူပြီး လာရောက်စစ်ဆေး တိုင်ပင်နိုင်ပါပြီ။

𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫
"Where Recovery Meets Performance"
Advanced Rehabilitation Supported By Holistic Wellness Care

🏡 35 H, Thiri Yeikthar Street, 7 Miles, Pyay Road, Mayangone Tsp, Yangon.

📲 09-953930007, 09-953940007, 09-953950007, 09-405056052, 09-454051377, 09-408600022

💬 Messenger မှတစ်ဆင့်လည်း အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါသည်။

11/09/2026

🗣 ယောက်ျားလေးတွေမှာ ဖြစ်လေ့ရှိပေမယ့် ထုတ်ပြောဖို့ ခက်ခဲနေတတ်တဲ့ "တင်ပါးဆုံအောက်ပိုင်း နာကျင်မှု ( Chronic Pelvic Pain Syndrome )" ... တိတ်တဆိတ် ကြိတ်မှိတ်ခံစားနေဖို့ မလိုတော့ပါ။

Chronic Pelvic Pain Syndrome (CPPS) ဆိုတာ ပုံမှန်အားဖြင့် ဆီးခုံ၊ တင်ပါးဆုံအောက်ပိုင်းနဲ့ လိl င် - အင်္ဂါ ပတ်ဝန်းကျင်တစ်ဝိုက်မှာ နာကျင်မှု (သို့မဟုတ်) မသက်မသာဖြစ်မှုတွေ ကြာရှည်စွာ ဆက်တိုက်ခံစားနေရတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။
အချို့သောအမျိုးသားတွေမှာ အောက်ပါလက္ခဏာတွေကို တွေ့ရတတ်ပါတယ်—
🔹 အချိန်ကြာကြာထိုင်တဲ့အခါ ပိုပြီး မသက်မသာဖြစ်လာခြင်း
🔹 ဆီးသွားစဉ် နာကျင်ခြင်း (သို့မဟုတ်) ဆီးခဏခဏ သွားချင်နေခြင်း
🔹 ဆီးခုံနှင့် တင်ပါးဆုံအောက်ပိုင်းတွင် ဖိကျိတ်ထားသလို လေးလံနာကျင်နေခြင်း
🔹 သု * တ် * လွှတ်စဉ် (သို့မဟုတ်) လွှ* တ် ပြီးနောက် နာကျင်ခြင်း
🔹 ဝေဒနာကြောင့် နေ့စဉ်လှုပ်ရှားမှုနဲ့ ညဘက်အိပ်စက်ခြင်းတွေကိုပါ ဆိုးရွားစွာ ထိခိုက်လာခြင်း

ဒီလိုလက္ခဏာတွေဟာ အကြောင်းရင်းအမျိုးမျိုးနဲ့ ဆက်နွယ်နေနိုင်တာမို့ ကိုယ့်ဘာသာ ဆေးမြီးတိုတွေနဲ့ ကုသတာမျိုး၊ လက္ခဏာတစ်ခုတည်းကိုကြည့်ပြီး စိုးရိမ်နေတာမျိုးထက် ကျွမ်းကျင်ဆရာဝန်နဲ့ စနစ်တကျ Assessment (စမ်းသပ်စစ်ဆေးမှု) ပြုလုပ်ဖို့က အရေးအကြီးဆုံးပါ။

Burma Beauty Rehabilitation Center မှာတော့ ဒီလိုထုတ်ပြောဖို့ အားနာစရာကောင်းတဲ့ ဝေဒနာတွေအတွက် လူနာရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် (Privacy) ကို အပြည့်အဝ လုံခြုံစွာ ထိန်းသိမ်းပေးထားပြီး နားလည်မှုအပြည့်နဲ့ အောက်ပါကုသမှုတွေကို စနစ်တကျ ခံယူနိုင်ပါပြီ။

✓ Confidential Doctor Assessment: လျှို့ဝှက်ချက် ထိန်းသိမ်းမှု အပြည့်အဝဖြင့် ဆရာဝန်ကိုယ်တိုင် အသေးစိတ် စစ်ဆေးပေးခြင်း
✓ Pelvic Floor & Movement Evaluation: တင်ပါးဆုံကြွက်သားနှင့် လှုပ်ရှားမှုများကို အကဲဖြတ်ခြင်း
✓ Personalized Treatment Plan: လူတစ်ဦးချင်းစီ၏ အခြေအနေနှင့် အကိုက်ညီဆုံးဖြစ်မည့် ကုသမှုအစီအစဉ် ရေးဆွဲပေးခြင်း
✓ Advanced Rehabilitation Care: ခေတ်မီနည်းပညာ၊ စက်ပစ္စည်းများဖြင့် ထိရောက်စွာ ပြန်လည်သန်စွမ်းရေး ကုသပေးခြင်း
✓ Holistic Wellness Support: လိုအပ်ပါက ဘက်စုံကျန်းမာရေးစောင့်ရှောက်မှုဖြင့်ပါ ပံ့ပိုးပေးခြင်း
✓ Progress Monitoring & Follow-up: တိုးတက်မှုကို အနီးကပ် စောင့်ကြည့်ပေးခြင်း

ရှက်ရွံ့အားနာနေစရာမလိုဘဲ လုံခြုံနွေးထွေးတဲ့ ပတ်ဝန်းကျင်မှာ ယုံကြည်စိတ်ချစွာနဲ့ ယနေ့ပဲ ဆက်သွယ်ဆွေးနွေးလိုက်ပါ။ Page Messenger မှတစ်ဆင့်လည်း အသေးစိတ်ကို စုံစမ်းမေးမြန်းနိုင်ပါသည်။

(မှတ်ချက် - စစ်ဆေးတွေ့ရှိချက်၊ ကုသမှုအစီအစဉ်နှင့် တုံ့ပြန်မှုသည် လူတစ်ဦးချင်းစီ၏ ရောဂါအခြေအနေအလိုက် ကွာခြားနိုင်ပါသည်။)

𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫
"Where Recovery Meets Performance"
Advanced Rehabilitation Supported By Holistic Wellness Care

🏡 35 H, Thiri Yeikthar Street, 7 Miles, Pyay Road, Mayangone Tsp, Yangon.

📲 09-953930007, 09-953940007, 09-953950007, 09-405056052, 09-454051377, 09-408600022

08/09/2026

🌍 လှုပ်ရှားမှုတိုင်းကို ယုံကြည်မှုရှိရှိ ပြန်လည်စတင်နိုင်ဖို့... Happy World Physical Therapy Day!

ဒီနေ့ စက်တင်ဘာလ (၈) ရက်နေ့ဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ Physical Therapy (ရုပ်ပိုင်းဆိုင်ရာ ပြန်လည်သန်စွမ်းရေး) ပညာရှင်တွေကို ဂုဏ်ပြုတဲ့ "World Physical Therapy Day" ပဲ ဖြစ်ပါတယ်။

"နာကျင်မှုကင်းပြီး လွတ်လပ်ပေါ့ပါးတဲ့ ဘဝ" ဆိုတာ လူတိုင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုပါ။ စနစ်ကျတဲ့ Physical Therapy ကုသမှုဟာ နာကျင်မှုကို ခဏတာ သက်သာစေရုံသက်သက် မဟုတ်ဘဲ—
🔹 ထိခိုက်သွားတဲ့ ကြွက်သားနဲ့ အရွတ်တွေကို ပြန်လည်သန်စွမ်းစေခြင်း
🔹 ခွဲစိတ်စရာမလိုဘဲ (Non-invasive) ခန္ဓာကိုယ်ရဲ့ သဘာဝအတိုင်း ပြန်လည်ပြုပြင်နိုင်စွမ်းကို မြှင့်တင်ပေးခြင်း
🔹 နေ့စဉ်ဘဝရဲ့ လှုပ်ရှားမှုတွေကို ယုံကြည်မှုရှိရှိနဲ့ လွတ်လွတ်လပ်လပ် ပြန်လည်လုပ်ဆောင်နိုင်ခြင်း စတဲ့ ရေရှည်အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

Burma Beauty Rehabilitation Center မှ ကျွမ်းကျင်ဆရာဝန်များနှင့် Therapist များဟာ ဝေဒနာရှင်တစ်ဦးချင်းစီရဲ့ အခက်အခဲကို မိသားစုဝင်တစ်ဦးလို နွေးထွေးစွာ နားလည်စာနာပေးပြီး (Compassionate Care)၊ Advanced Technology တွေနဲ့အတူ အကောင်းဆုံးသော ပြန်လည်သန်စွမ်းရေး ကုသမှုတွေကို နေ့စဉ် ကြိုးပမ်းပေးလျက်ရှိပါတယ်။

ဒီနေ့လို အထူးနေ့ရက်လေးမှာ လူနာတွေရဲ့ Recovery ခရီးစဉ်တစ်လျှောက်လုံး အနီးကပ်စောင့်ရှောက်ပေးနေတဲ့ ကျွန်ုပ်တို့ရဲ့ Therapist များကိုယ်တိုင်နဲ့တကွ မြန်မာနိုင်ငံတစ်ဝန်းက Physical Therapy ပညာရှင်များအားလုံးကို အထူးပဲ လေးစားဂုဏ်ပြုအပ်ပါတယ်။
ဝေဒနာရှင်များအားလုံးလည်း နာကျင်မှုတွေကနေ အမြန်ဆုံးကင်းဝေးပြီး ကျန်းမာပျော်ရွှင်တဲ့ နေ့စဉ်ဘဝကို ပြန်လည်ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်🙏

𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫
"Where Recovery Meets Performance"
Advanced Rehabilitation Supported By Holistic Wellness Care

🏡 35 H, Thiri Yeikthar Street, 7 Miles, Pyay Road, Mayangone Tsp, Yangon.

📲 09-953930007, 09-953940007, 09-953950007, 09-405056052, 09-454051377, 09-408600022

07/09/2026

❓ နာကျင်မှုတွေက သက်သာသွားလိုက်၊ ပြန်ဖြစ်လာလိုက်နဲ့... ဘာကြောင့် ထပ်ခါထပ်ခါ သံသရာလည်နေရတာလဲ?

ခါးနာ၊ ပခုံးနာနဲ့ အရွတ်အဆစ် နာကျင်မှုတွေအတွက် ဆေးဝါးတွေက ယာယီနာကျင်ရောင်ရမ်းမှုကို ထိန်းချုပ်ပေးနိုင်ပြီး နေ့စဉ်လှုပ်ရှားမှုတွေ ပြန်လုပ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ အရင်းခံပြဿနာကို သေချာမကုသဘဲ ထားလိုက်ရင်တော့ ဆေးအရှိန်ကုန်တာနဲ့ ဝေဒနာက ပြန်ပေါ်လာတတ်ပါတယ်။
ဘာကြောင့် ပြန်ပြန်နာလာရတာလဲ ဆိုရင်...
🔹 ပုံစံမကျဘဲ ထပ်ခါထပ်ခါ ဝန်ပိနေတဲ့ လှုပ်ရှားမှုတွေ (Repetitive strain)
🔹 ကြွက်သားခွန်အားနဲ့ လှုပ်ရှားနိုင်စွမ်း ကျဆင်းနေခြင်း
🔹 မမှန်ကန်တဲ့ ထိုင်ပုံ၊ ရပ်ပုံ၊ အလုပ်လုပ်ပုံနဲ့ ပစ္စည်းမတဲ့ ကိုယ်နေဟန်ထားများ
🔹 အဆုံးထိတိုင်အောင် မကုသဘဲ လမ်းတစ်ဝက်နဲ့ ရပ်လိုက်တဲ့ ပြန်လည်သန်စွမ်းရေး (Incomplete recovery)
🔹 အိပ်စက်အနားယူမှု မလုံလောက်ခြင်းနဲ့ နေ့စဉ်လူနေမှုပုံစံများ
ဒီအချက်တွေကို မပြုပြင်ရသေးသရွေ့ နာကျင်မှုက အချိန်မရွေး ပြန်လည်ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒါကြောင့် နာကျင်နေတဲ့ နေရာလေးတစ်ခုတည်းကိုပဲ ကွက်ပြီး ကုသနေတာထက်၊ ဝေဒနာကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေနဲ့ နေ့စဉ်ဘဝအပေါ် သက်ရောက်မှုတွေကို အရင်ဆုံး စနစ်တကျ Assessment (စမ်းသပ်စစ်ဆေးမှု) ပြုလုပ်ဖို့ အလွန်အရေးကြီးပါတယ်။

Burma Beauty Rehabilitation Center ဟာ စတင်တည်ထောင်ခဲ့ချိန်ကတည်းက Advanced Rehabilitation (အဆင့်မြင့် ပြန်လည်သန်စွမ်းရေး ကုသမှု) ကို Holistic Wellness Care (ဘက်စုံ ကျန်းမာရေးစောင့်ရှောက်မှု) နဲ့ ပေါင်းစပ်ပြီး လူနာတစ်ဦးချင်းစီရဲ့ Recovery ခရီးစဉ်တစ်ခုလုံးကို အလေးထား စောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။

ဆရာဝန်နှင့် Therapist များ၏ Assessment ရလဒ်များအပေါ် မူတည်၍ အောက်ပါ ကုသမှုအစီအစဉ်များကို စနစ်တကျ စီစဉ်ပေးပါသည်—

Personalized Rehab Plan: လူနာတစ်ဦးချင်းစီ၏ အခြေအနေနှင့် အကိုက်ညီဆုံး သီးသန့်ကုသမှုအစီအစဉ်
Targeted Treatment: လိုအပ်ချက်ပေါ်မူတည်၍ BTL HILT (သို့မဟုတ်) Focus Shockwave စက်ကြီးများဖြင့် ထိရောက်စွာ ကုသပေးခြင်း
Movement & Strength Recovery: လှုပ်ရှားနိုင်စွမ်းနှင့် ကြွက်သားခွန်အားများ ပြန်လည်ကောင်းမွန်စေရန် ပြုစုပေးခြင်း
Lifestyle Guidance: မှန်ကန်သော ကိုယ်နေဟန်ထား (Posture)၊ အလုပ်လုပ်ပုံနှင့် နေ့စဉ်လှုပ်ရှားမှုဆိုင်ရာ လမ်းညွှန်ချက်များ ပေးခြင်း
Holistic Support & Follow-up: ဘက်စုံစောင့်ရှောက်မှုဖြင့် ပံ့ပိုးပေးပြီး တိုးတက်မှုအခြေအနေကို အနီးကပ် စောင့်ကြည့်ပေးခြင်း

"နာကျင်မှု သက်သာသွားခြင်း" ဆိုတာ Recovery ရဲ့ အစိတ်အပိုင်းလေး တစ်ခုသာ ဖြစ်ပါတယ်။ သင့်ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေနဲ့ ဘဝကို ယုံကြည်မှုရှိရှိ ပြန်လည်ပိုင်ဆိုင်နိုင်ဖို့ဆိုရင်တော့ စနစ်တကျ ရေးဆွဲထားတဲ့ Recovery Plan တစ်ခု မဖြစ်မနေ လိုအပ်ပါတယ်။
သင့်အတွက် အသင့်တော်ဆုံး Pain & Movement Assessment ကို ရယူရန် Page Messenger မှတဆင့် Appointment ကြိုတင် ယူနိုင်ပါပြီ။

(မှတ်ချက် - Treatment plan နှင့် တိုးတက်မှုရလဒ်သည် လူတစ်ဦးချင်းစီ၏ ရောဂါအခြေအနေအလိုက် ကွာခြားနိုင်ပါသည်။)

𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫
"Where Recovery Meets Performance"
Advanced Rehabilitation Supported By Holistic Wellness Care

🏡 35 H, Thiri Yeikthar Street, 7 Miles, Pyay Road, Mayangone Tsp, Yangon.

📲 09-953930007, 09-953940007, 09-953950007, 09-405056052, 09-454051377, 09-408600022

04/09/2026

⚡ Sciatica (ခါးမှ ခြေထောက်သို့ ဆင်းနာခြင်း) ကို ကုသရာမှာ "နာကျင်မှု သက်သာရုံသက်သက်" ထက် ပိုဖို့ လိုအပ်ပါတယ်။

ခါးကနေ တင်ပါးနဲ့ ခြေထောက်အထိ စူးရှရှ ဆင်းနာတာ၊ ပူလောင်တာ၊ ကျင်တာနဲ့ ထုံတာတွေဟာ ရိုးရိုးခါးနာတာ မဟုတ်ပါဘူး။ ဒီဝေဒနာတွေက သင့်ရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အလုပ်လုပ်နိုင်စွမ်းနဲ့ ညဘက် အိပ်စက်ခြင်းတွေကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် နာကျင်တဲ့ နေရာလေးတစ်ခုတည်းကိုပဲ ကွက်ပြီး Treatment လုပ်နေတာထက်၊ လူတစ်ဦးချင်းစီရဲ့ ကိုယ်နေဟန်ထား လှုပ်ရှားမှုပုံစံနဲ့ Recovery ကို သက်ရောက်စေမယ့် အချက်အားလုံးကို ပေါင်းစပ်ရှာဖွေဖို့ လိုအပ်ပါတယ်။

Burma Beauty Rehabilitation Center ရဲ့ Sciatica Mobility & Recovery Program မှာတော့ အောက်ပါအချက်တွေကို စနစ်တကျ ပေါင်းစပ်စီစဉ်ပေးထားပါတယ်—

🩺 Clinical & Rehabilitation Assessment: စနစ်ကျသော စစ်ဆေးမှုများ ပြုလုပ်ခြင်း။

📊 Evaluation: ဝေဒနာရှင်၏ Pain Pattern၊ လှုပ်ရှားမှု၊ ကြွက်သားခွန်အားနှင့် အာရုံခံနိုင်စွမ်းကို အသေးစိတ်စစ်ဆေးခြင်း။

🏃‍♀️ Personalized Movement-Based Rehab: အခြေအနေအလိုက် သီးသန့်ရေးဆွဲပေးသော လှုပ်ရှားမှုအခြေပြု ကုသခြင်း။

🏠 Home Exercise Guidance: အိမ်တွင် ဆက်လက်လုပ်ဆောင်ရမည့် လေ့ကျင့်ခန်းများနှင့် နေ့စဉ်လှုပ်ရှားမှုဆိုင်ရာ လမ်းညွှန်ချက်ပေးခြင်း။

🪑 Habit Review: ထိုင်ပုံ၊ အလုပ်လုပ်ပုံနှင့် ပစ္စည်းမပုံ အလေ့အကျင့်များကို မှန်ကန်စေရန် ပြင်ဆင်ပေးခြင်း။

💤 Recovery Support: အိပ်စက်ခြင်းနှင့် စိတ်ဖိစီးမှု လျော့ကျစေရန် ကူညီပေးခြင်း။

🥗 Nutrition & Weight Management: အာဟာရ၊ ရေဓာတ်နှင့် ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းဆိုင်ရာ အကြံပြုချက်များပေးခြင်း။

📈 Progress Monitoring: ကုသမှု တိုးတက်မှုကို အနီးကပ် စောင့်ကြည့်ပြီး Follow-up ပြုလုပ်ပေးခြင်း။

🌿 Rehab နှင့် Wellness ပေါင်းစပ်ထားသော Holistic Care
Rehabilitation (ပြန်လည်သန်စွမ်းရေး) ကို အဓိက ကုသမှုအဖြစ် ထားရှိပြီး ဝေဒနာရှင်များ၏ Recovery ခရီးစဉ်ကို ပိုမိုမြန်ဆန်စေရန် Wellness Care ဖြင့် ပံ့ပိုးပေးခြင်း ဖြစ်ပါတယ်။
လိုအပ်ချက်ရှိသူများအတွက် ဆရာဝန်၏ စစ်ဆေးမှု (Doctor Assessment) ဖြင့် သင့်တော်သော Blood Tests များနှင့် Medical Wellness Support များကို Optional Care အနေဖြင့် တစ်ပါတည်း ထပ်မံစီစဉ်ပေးနိုင်တဲ့ Rehab Center တစ်ခုဖြစ်ပါတယ်။

Burma Beauty Rehabilitation Center တွင် လူတိုင်းကို စက်တစ်မျိုး၊ Treatment တစ်မျိုးတည်းဖြင့် ပုံသေသတ်မှတ် ကုသခြင်းမျိုး မပြုလုပ်ဘဲ Assessment ရလဒ်
နှင့် နေ့စဉ် လူနေမှုပုံစံပေါ်မူတည်ပြီး အသင့်တော်ဆုံး Personalized Plan ကိုသာ တိတိကျကျ ရေးဆွဲပေးခြင်း ဖြစ်ပါတယ်။

စနစ်တကျ Assessment ပြုလုပ်ပြီး ဝေဒနာကနေ အမြန်ဆုံး ရုန်းထွက်ဖို့ဆိုရင် Burma Beauty Rehabilitation Center ကို အခုပဲဆက်သွယ်လိုက်ပါ။

𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫
"Where Recovery Meets Performance"
Advanced Rehabilitation Supported By Holistic Wellness Care

🏡 35 H, Thiri Yeikthar Street, 7 Miles, Pyay Road, Mayangone Tsp, Yangon.

📲 09-953930007, 09-953940007, 09-953950007, 09-405056052, 09-454051377, 09-408600022

(မှတ်ချက် - Treatment plan နှင့် တိုးတက်မှုရလဒ်သည် လူတစ်ဦးချင်းစီ၏ ရောဂါအခြေအနေအလိုက် ကွာခြားနိုင်ပါသည်။)

Telephone

Website

Address


No. 35H, Thiri Yeikthar Street, Mayangone
Yangon
11201

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Alerts

Be the first to know and let us send you an email when Burma Beauty Rehabilitation Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.