Beautiful Life

Beautiful Life

Share

Beauty

18/08/2026

💰 လောဘ ဆိုတာ ကြောက်ဖို့ကောင်းတဲ့ အရာတစ်ခုပါ။

ကိုယ့်အရည်အချင်းနဲ့ ကြိုးစားပြီး ငွေရှာဖို့ထက်
👉 “သူများလက်ထဲက ငွေကို ငါဘယ်လိုယူရမလဲ” ဆိုတဲ့ အတွေးတွေပဲ ရှိနေမယ်ဆိုရင်
🍀 ကိုယ့်ကံကောင်းခြင်းတွေ၊ အခွင့်အလမ်းတွေကလည်း တစ်ဖြည်းဖြည်း လာဘ်တိတ်လာတတ်ပါတယ်။

━━━━━━━━━━━━━━

⚠️ သူများပစ္စည်းကို လိုချင်တပ်မက်ခြင်း၊

⚠️ သူတစ်ပါးကို အသုံးချပြီး ကိုယ့်အောင်မြင်မှုအတွက် လှေကားထစ်လို နင်းတက်ချင်ခြင်း၊

⚠️ မတရားတဲ့နည်းနဲ့ ရယူချင်ခြင်း…

အစပိုင်းမှာ အဆင်ပြေသလို ထင်ရပေမယ့်
💸 မတရားလောဘကြောင့် ရလာတဲ့ ငွေကြေးမှာ အမြဲတမ်း အဖိုးအခရှိပါတယ်။

⏳ တစ်နေ့နေ့မှာတော့ ကိုယ်စိုက်ခဲ့တဲ့ မျိုးစေ့ကို ကိုယ်တိုင် ပြန်ရိတ်သိမ်းရမှာပါ။

━━━━━━━━━━━━━━

🎭 Drama တွေခင်းပြီး
📝 ဇာတ်ညွှန်းတွေရေးပြီး
🗣️ ပြောချင်ရာပြောနေတာမျိုးကလည်း ကြာလာရင် လူတွေ သိသွားပါတယ်။

“သူက ပြောတာပဲရှိတယ်…
လုပ်ပြထားတာတော့ ဘာမှမရှိဘူး”

ဆိုတာ သိသွားတဲ့နေ့ကစပြီး

📉 ယုံကြည်မှုကျမယ်
📉 အခွင့်အလမ်းကျမယ်
📉 လူတွေရဲ့ လေးစားမှုကျမယ်

━━━━━━━━━━━━━━

🤥 လိမ်ညာခြင်းကလည်း ဒီလိုပါပဲ…

ကိစ္စသေးသေးလေးတစ်ခုကို စလိမ်လိုက်ရင်
➡️ နောက်တစ်ခါ ထပ်လိမ်ရမယ်
➡️ ထပ်ဖုံးဖိဖို့ ထပ်လိမ်ရမယ်

နောက်ဆုံး…
🎯 လိမ်ပြောတာ အကျင့်ဖြစ်သွားတတ်ပါတယ်။

အဲ့ဒီအချိန်မှာ ဆုံးရှုံးရတာက

💔 လူတွေရဲ့ ယုံကြည်မှု
💔 ကိုယ့်ရဲ့ ဂုဏ်သိက္ခာ
💔 ကိုယ့်ရဲ့ တန်ဖိုး

━━━━━━━━━━━━━━

🌎 ဘယ်နေရာရောက်ရောက်

ကိုယ့်စိတ်ထဲမှာ အမှားရှိနေတဲ့သူက
အလိုလို သိမ်ငယ်စိတ်ဝင်လာတတ်ပါတယ်။

စိတ်လုံခြုံမှုဆိုတာ
💎 ငွေနဲ့ဝယ်လို့မရတဲ့ အရာပါ။

━━━━━━━━━━━━━━

🙅‍♀️ “ငါမရှိရင် နင်ဘာဖြစ်သွားမလဲ”

ဆိုတဲ့ အတွေးကိုလည်း မတွေးပါနဲ့။

လောကကြီးက
🌅 ငါမရှိလည်း လည်ပတ်နေမှာပါ။
🌱 ငါမရှိလည်း လူတွေ အဆင်ပြေသွားကြမှာပါ။

━━━━━━━━━━━━━━

❤️ တချို့အရာတွေက

စေတနာကြောင့် မဟုတ်ဘဲ
🛢️ “ဆီပေးလို့ ဆန်ရတာ” မျိုးလည်း ရှိပါတယ်။

တကယ် စေတနာရှိတဲ့သူတွေကတော့…

🌸 ကျေးဇူးတင်ခံရမယ်လို့ မမျှော်လင့်ဘူး။
🌸 ငါမရှိရင် ဘာဖြစ်မလဲလို့ မတွေးဘူး။
🌸 ပေးနိုင်သလောက် ပေးပြီး ရှေ့ဆက်သွားတတ်ကြတယ်။

✨ စိတ်ကောင်းရှိသူတွေက သူတို့လုပ်ခဲ့တဲ့ ကောင်းမှုကို မှတ်တမ်းတင်မထားဘူး။
✨ လူတွေကသာ သူတို့ရဲ့ စေတနာကို မှတ်မိနေတတ်ကြတာပါ။ 🙏💖

🌿
⚖️
🤝
❤️

09/08/2026

မနာလိုစိတ်က အရမ်းကြောက်ဖို့ကောင်းတယ်။

တစ်ဖက်သားရဲ့ အောင်မြင်မှုကို မနာလိုနေသရွေ့
ကိုယ့်ရဲ့ စိတ်ချမ်းသာမှုနဲ့ ကောင်းသောအခွင့်အလမ်းတွေကို
ကိုယ်တိုင် ပိတ်ဆို့နေမိတယ်။

သူများအောင်မြင်မှုကို ဝမ်းမြောက်ပေးနိုင်တဲ့အခါ
ကောင်းသောစိတ်ထားက ကောင်းသောကံကို ဆွဲဆောင်လာတယ်။

သူများအလင်းကို ငြိမ်းသတ်ဖို့ မကြိုးစားနဲ့။
ကိုယ့်အလင်းကို ပိုမိုတောက်ပအောင် ကြိုးစားပါ။

ကောင်းသောစိတ်ထားက
ကောင်းသောကံကို ဖိတ်ခေါ်ပေးတယ်။

03/08/2026

မြေနီကုန်း Dagon Center နဲ့ ဂမုန်းပွင့်အနီးမှာ ကျမတို့ ညီအစ်မ ရန်ကုန်မှာ သင်တန်းတွေတက်ဖို့ တိုက်ခန်းလေးတစ်ခန်းငှားနေကြပါတယ်။
တစ်ညမှာတော့ ည ၁၁ နာရီဝန်းကျင်လောက် ကကျမ ကောင်လေးဆီက ဖုန်းလာလို့ ဝရံတာထွက်ပြီး ဖုန်းပြောနေတာပေါ့။
ကျမ အမကတော့ ဧည့်ခန်းမှာ Laptop တစ်လုံးနဲ့ စာကြည့်နေတယ်။

အဲ့ဒီအချိန်တုန်းက ညဉ့်နက်ပြီဆို ခွေးတွေအူအူနေတာ တစ်ရပ်ကွက်လုံးကတော့ ရိုးနေလောက်ပါပြီ။
ကျမတို့ တိုက်အောက်က ဦးလေးကြီးပြောပြတာကတော့ Dagon Center ဗုံးကွဲပြီးကတည်းက ညဆို ခွေးတွေက အူအူနေတာ ခုထိဘဲအေတဲ့။

ကျမက နဂိုကတည်းက သရဲမကြောက်တတ်သူပါ။
ခုနက ဇာတ်လမ်းပြန်ဆက်ရမယ်ဆိုရင် ကျမ ဝရံတာမှာ ဖုန်းပြောနေတုန်း ခွေးတွေကအူနေတယ်။ ကျမ မျက်နှာချင်းဆိုင်က အထပ်မြင့်တိုက်နှစ်ခုကို အလယ်ဘုံလှေကားကို ဝရံတာလေးတွေနဲ့ ဆောက်ထားတာပါ။
ကျမနုဲ့ မျက်နှာချင်းဆိုင် တည့်တည့် အလယ်လှေကားဝရံတာမှာ မိန်းမတစ်ယောက် ကျမကို ရပ်ကြည့်နေတယ်။
သိတဲ့အတိုင်း မြေနီကုန်း လမ်းကြားတွေက တကယ်လဲ အရမ်းမကျယ်ဘူးလေ။
အဲ့အချိန် မီးတွေကလဲ မှန်မှမှန်။ လမ်းမီးတိုင်က မီးနဲ့ဆို ရှင်းရှင်းလင်းလင်းကို မြင်ရတာ။
ကျမက ဖုန်းပြောရင်း အဲ့ဒီအမျိုးသမီးကို ဘာလို့ငါ့ကို ဒီလောက်စိုက်ကြည့်နေရတာလဲဆိုပြီး ပြန်စိုက်ကြည့်တာပေါ့။

သေချာကြည့်မှ အမျိုးသမီးက ဆံပင်ကို အနောက်ကို အပြောင်သိမ်းပြီးဆံထုံးထုံးထားတယ်။ ရင်စေ့အင်္ကျီအသားရောင်နဲ့ မျက်နှာက လုံးဝ ပြောင်ကြီးနော်။ မျက်လုံး ၊ နှာခေါင်း ၊ ပါးစပ် ဘာမှကို မပါတဲ့ မျက်နှာပြောင်ကြီးနဲ့ လက်တတစ်ဖက်ကမေးထောက်ပြီး ကျမကို ရပ်ကြည့်နေတာ။

ဒါနဲ့ ကျမက မကြောက်ဘူးနော်။ ဘာလဲဟ မျက်နှာကြီး ဘာမှလဲမပါဘူး ငါ မျက်စိမြင်မှားတာနေမှာပါပေါ့။ လူနဲ့တူတဲ့ အရာဝတ္ထုတစ်ခုခုများလားပေါ့။ ဖုန်းထဲမှာလဲ ကောင်လေးကို ပြောပြပေါ့။ ကောင်လေးကလဲ ဖုန်းထဲကနေ မင်းအမြင်မှားတာနေမှာပါပေါ့။

ဒါနဲ့ ကျမ သေချာကြည့်နေတုန်း လမ်းမပေါ် ကောင်လေးနှစ်ယောက် ညဘက် မူးပြီးလမ်းလျှောက်ဖြတ်သွားတယ်။

အယ် အဲ့တော့မှ အဲ့ဒီ သရဲမက မေးထောက်ထားတဲ့ လက်ကြီးကို အောက်ချပြီး အဲ့ဒီလူနှစ်ယောက်ကို ဝရံတာကနေ ငုံ့ကြည့်လိုက်တော့မှ သူဆံပင်အနောက်မှာ ထုံးထားတာတွေမြင်ပြီး သေချာပေါက် မျက်နှာမပါတဲ့ မိန်းမဆိုတာ ပိုသေချာသွားတာ။

ဒါနဲ့ ဝရံတာမှာရပ်နေရာကနေ ကျမ အမကို လှမ်းခေါ်တာပေါ့။ အမကိုပါ ပြမလို့။ ချက်ချင်းပျောက်သွားတာနော်။ မျက်စိရှေ့တင် လုံးဝပျောက်သွားတာ။

ကျမလဲ ဝရံတာကနေ အိမ်ထဲပြေးဝင်ပြီး တံခါးသေချာပိတ်ပြီး မနက် အခန်းအိမ်ရှင်ကို သွားပြောပြတော့ သရဲမရဲ့ အရပ်အမောင်း ခပ်ပိန်ပိန် အရပ်က ၅ ပေ လောက်ပေါ့။
အိမ်ရှင်ကလဲ အဲ့ဒီလှေကားဝရံတယဘေးက အခန်းက အမျိုးသမီးက မနှစ်က ထမင်းစားရင်း ရုတ်တရက် ဆုံးသွားတာတဲ့။ 😳
ဟုတ်ကဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းပါနော်။

လာပြောပြတဲ့သူကိုလဲ Credit ပေးပါတယ်။

03/08/2026

အပိုင်း (၁)
ဖြစ်ရပ်မှန် ဇာတ်လမ်းပါ။ ရန်ကုန်မြို့ မြေနီကုန်း မှာ တကယ့်ကိုယ့်တွေ့ သရဲဇာတ်လမ်းလေးပါ။ ဆက်ရန်

02/08/2026

I never give up.

11/05/2026

လူတစ်ယောက်က စိတ်ဒဏ်ရာရပြီး စိတ်နာသွားပြီဆိုရင် ခွင့်လွှတ်ဖို့ခက်တယ်။ ခွင့်မလွှတ်နိုင်ရင် စွန့်လွှတ်မှ ရမယ်။

05/05/2026

ဘဝကို ရိုးသားစွာ ဇွဲလုံ့လရှိရှိ ကြိုးစားမယ်ဆိုရင် အောင်မြင်မှုပန်းတိုင် ရောက်ကိုရောက်ပါတယ်။

02/05/2026

ကိုယ့်ထက်အားနည်းသူကို အထင်မသေးရသလို ကိုယ်သွားချင်တဲ့ပန်းတိုင်ကို ဇွဲလုံ့လရှိရှိနဲ့ ကြိုးစားအားထုတ်မယ်ဆိုရင် ပန်းတိုင်ကို အရောက်သွားနိုင်တယ်ဆိုတဲ့ သင်ခန်းစာပုံပြင်လေးပါ။

01/05/2026

လိမ်ပြောမိလို့ အရှက်ရသွားတဲ့ ယုန်ကလေး ပိုပို

Category

Website

Address


Yangon
11052

Alerts

Be the first to know and let us send you an email when Beautiful Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.