Gaia_Crystals from Earth
ကမ္ဘာမြေကြီးက ထွက်တဲ့ သဘာဝတွင်းထွက် crystals များကိုသာ ရောင်းချပေးပါတယ်ရှင့်
06/10/2026
ဒီတခါ 🌸 Rose Quartz အကြောင်းလေးပြောပြမယ်နော်..
Rose Quartz ကို အများအားဖြင့် “Stone of Love” လို့ခေါ်ကြပါတယ်..
အချစ်ရေးတစ်ခုတည်းအတွက်မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုချစ်ခြင်း၊ စိတ်နူးညံ့ခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ emotional healing တို့နဲ့ ဆက်စပ်ပြီး အသုံးပြုကြပါတယ်..
🤍 Body — ကိုယ်ခန္ဓာအတွက်
Crystal healing အယူအဆအရ Rose Quartz ကို
စိတ်ဖိစီးမှုနဲ့ တင်းကျပ်နေတဲ့ခံစားချက်တွေကို လျော့ချဖို့ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ သတိပေးချက်တစ်ခုအဖြစ် အနားယူခြင်း၊ relaxation နဲ့ self-care routine တွေမှာ နူးညံ့အေးချမ်းတဲ့ energy ကို ခံစားလိုတဲ့အချိန် အသုံးပြုကြပါတယ်..
🧠 Mind — စိတ်နဲ့အတွေးအတွက်
Rose Quartz ရဲ့ အဓိက energy က gentle & calming ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်..
⚡ကိုယ့်ကိုယ်ကို အပြစ်တင်နေတတ်တဲ့အခါ
⚡စိတ်နာကျင်မှု၊ ဝမ်းနည်းမှုတွေကို ဖြည်းဖြည်း ချင်း လွှတ်ချချင်တဲ့အခါ
⚡Self-love နဲ့ self-worth ကို တည်ဆောက်ချင်တဲ့အခါ
⚡အခြားသူတွေအပေါ် နားလည်မှု၊ သနားကြင်နာမှု ပိုရှိချင်တဲ့အခါမျိုးတွေမှာ
Rose Quartz ကို အနီးမှာထားပြီး meditation / journaling လုပ်တာမျိုး အသုံးပြုနိုင်ပါတယ်..
✨ Spirit — Spiritual အတွက်
Spiritual အရ Rose Quartz ကို Heart Chakra အတွက် အသုံးပြုကြပါတယ်.
အထူးသဖြင့်—
💗 Self-Love
ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့၊ ကိုယ့်တန်ဖိုးကို ပြန်သတိရဖို့
💗 Emotional Healing
အတိတ်က စိတ်ဒဏ်ရာတွေ၊ နာကျင်မှုတွေကို မေ့ပစ်ဖို့မဟုတ်ဘဲ ဖြည်းဖြည်းချင်း လွှတ်ချနိုင်ဖို့
💗 Forgiveness
ကိုယ့်ကိုယ်ကိုရော၊ တခြားသူတွေကိုပါ ခွင့်လွှတ်နိုင်ဖို့
💗 Compassion
ကိုယ့်အပေါ်နဲ့ ကိုယ်ချစ်ရတဲ့သူတွေအပေါ် ပိုမိုနူးညံ့နားလည်နိုင်ဖို့
💗 Love & Relationships
အချစ်ရေးမှာ ပိုမိုနူးညံ့ပြီး နားလည်မှုရှိတဲ့ energy ကို ဖန်တီးချင်သူတွေအတွက် အသုံးပြုကြပါတယ်
ဒါကြောင့် Rose Quartz ဟာ “အချစ်ရဖို့ ဆွဲဆောင်ပေးတဲ့ကျောက်” ဆိုတာထက်
“အချစ်ကို ပေးနိုင်ဖို့နဲ့ လက်ခံနိုင်ဖို့ ကိုယ့်နှလုံးသားကို ဖွင့်ပေးတဲ့ကျောက်” လို့ နားလည်ဖို့လိုပါတယ်နော် 🌸
♉♋♎♉ Zodiac Signs
Rose Quartz နဲ့ အများဆုံးဆက်စပ်ဖော်ပြကြတဲ့ Zodiac signs တွေက—
♉ Ta**us — Venus ruled ဖြစ်လို့ love, beauty, comfort နဲ့ Rose Quartz energy အလွန်လိုက်ဖက်ပါတယ်..
♎ Libra — Harmony, relationship, balance နဲ့ peace ကို တန်ဖိုးထားတဲ့ Libra အတွက် သင့်တော်ပါတယ်..
♋ Cancer — Emotional နဲ့ nurturing nature ရှိတဲ့ Cancer အတွက် gentle, comforting energy အနေနဲ့ အသုံးပြုနိုင်ပါတယ်..
♓ Pisces — Sensitive, compassionate ဖြစ်တဲ့ Pisces အတွက် emotional balance နဲ့ self-love ကို အာရုံစိုက်ရာမှာ လိုက်ဖက်ပါတယ်..
♌ Leo လည်း Rose Quartz ကို ဆောင်လို့ရပါတယ်နော် ❤️
Leo အတွက်တော့ ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်း၊ နှလုံးသားနဲ့ချစ်ခြင်း၊ နူးညံ့မှုကိုလက်ခံခြင်း ဆိုတဲ့ဘက်က အသုံးပြုရင် ပိုသင့်တော်ပါတယ်..
🌷 Rose Quartz ကို ဘယ်လိုဆောင်မလဲဆိုရင်
တစ်နေ့တာလုံး ကိုယ့်နားမှာထားချင်သူ ဆို bracelet လေး ဝတ်ဆင်လို့ရပါတယ်..
အိတ်ထဲ၊ အလုပ်စားပွဲပေါ်၊ ခေါင်းအုံးဘေးမှာထားချင်သူတွေဆို tumble stone လေးတွေသင့်တော်ပါတယ်..
Meditation လုပ်ချိန် လက်ထဲကိုင်ပြီး Heart Chakra / self-love ကို အာရုံစိုက်ချင်သူ တွေဆို tower နဲ့ tumble stone တွေ အသုံးပြုလို့ရပါတယ်
အေးချမ်းနူးညံ့တဲ့ atmosphere လိုချင်သူတွေဆို အိပ်ခန်းနဲ့ ရေချိုးခန်းတွေမှာ rose quartz ကို ထားလို့ရပါတယ်နော်..
Rose Quartz ရဲ့ ပေးချင်တဲ့ message လေးကတော့
🌸Love others, but don't forget to love yourself!
ဖြစ်ပါတယ်ရှင့် 🌿
05/10/2026
Crystal လေးတွေရဲ့ properties ကို မပြောပြတာကြာပြီဆိုတော့ ဒီနေ့ Amethyst ခရမ်းစွဲကျောက်လေးအကြောင်းပြောပြမယ်နော်..
Body . Mind . Spirit ၃မျိုးလုံးအတွက် ဘယ်လို အခြေအနေမှာ သုံးလို့ရလည်းဆိုတာကို ခွဲပြီးပြောပြပေးပါမယ်..
💜 Amethyst — Body • Mind • Spirit
🧘 BODY | ခန္ဓာကိုယ်ပိုင်း
Crystal healing tradition အရ Amethyst ကို—
အနားယူပြီး ခန္ဓာကိုယ်ကို relax လုပ်ချင်တဲ့အချိန်
ညဘက် အိပ်ရာဝင်မတိုင်ခင် peaceful atmosphere ဖန်တီးချင်တဲ့အချိန်
အလုပ်ပင်ပန်းပြီး ခဏနားချင်တဲ့အချိန်
တွေမှာ အသုံးပြုကြပါတယ်...
🧠 MIND | စိတ်နဲ့အတွေးပိုင်း
Amethyst ကို—
အတွေးများနေတဲ့အချိန်
စိတ်ရှုပ်ထွေးနေတဲ့အချိန်
Stress များတဲ့အချိန်
စိတ်ကို တည်ငြိမ်အောင် ပြန်ထားချင်တဲ့အချိန်
Meditation / mindfulness လုပ်တဲ့အချိန်
မှာ calm & clarity ကို ကိုယ်စားပြုတဲ့ crystal အဖြစ် အသုံးပြုကြပါတယ်..
🔮 SPIRIT | ဝိညာဉ်ရေးပိုင်း
ဒီပိုင်းက Amethyst ရဲ့ လူသိများတဲ့
meaning တစ်ခုပါ။
Meditation နဲ့ spiritual practice
Intuition ကို ပိုနားထောင်ချင်တဲ့အခါ
ကိုယ့်အတွင်းစိတ်ကို ပိုသိချင်တဲ့အခါ
Spiritual awareness တိုးစေဖို့ intention
ထားတဲ့အခါ Negative energy ကနေ
ကိုယ့်ကိုယ်ကို ကာကွယ်ချင်တယ်လို့ ယုံကြည်သူတွေအတွက် အသုံးပြုကြပါတယ်..
Amethyst ကို Crown Chakra နဲ့ ဆက်စပ်တဲ့ crystal အဖြစ်လည်း crystal traditions တွေမှာ သတ်မှတ်ကြပါတယ်..
♒ ဘယ် Zodiac တွေအသုံးပြုလို့ရလဲဆိုရင်
Amethyst ကို အများအားဖြင့်—
♒ Aquarius
♓ Pisces
♍ Virgo
♑ Capricorn
တို့ အသုံးအပြုလို့ ရပါတယ်..
ဒါပေမယ့် Zodiac မကိုက်လို့ Amethyst မဆောင်ရဘူးဆိုတာ မဟုတ်ပါဘူး။ Crystal ကို ကိုယ်နဲ့ resonate ဖြစ်တယ်၊ သဘောကျတယ်၊ သုံးချင်တယ်ဆိုရင် ဘယ် zodiac မဆို ဆောင်နိုင်ပါတယ်နော်..
📏 Size ဘယ်လောက်ဆောင်သင့်လဲဆိုရင်
ဒီအပိုင်းမှာ “size ကြီးလေ energy ပိုကောင်းလေ” ဆိုတဲ့ သတ်မှတ်ချက် မရှိပါဘူး။ Crystal size ကို ရွေးတဲ့အခါ အသုံးပြုပုံကို ကြည့်တာပိုကောင်းပါတယ်..
Small / pocket size ကို နေ့စဉ်ဆောင်ထားဖို့၊ အိတ်ထဲထည့်ဖို့ အသုံးပြုနိုင်ပါတယ်..
Bracelet size ကို နေ့စဉ်အမြဲနီးနီးကပ်ကပ် ဆောင်ချင်သူ အသုံးပြုလို့ရပါတယ်..
Tumble stone ကို လက်ထဲကိုင်ပြီး meditation / quiet time လုပ်ချင်သူတွေ အသုံးပြုနိုင်ပါတယ်..
Tower / larger piece တွေကိုတော့ အခန်းထဲမှာထားပြီး meditation corner၊ altar၊ personal space အတွက် အသုံးပြုနိုင်ပြီး
Larger crystal တွေကိုတော့ အလှဆင်ရင်း personal space ရဲ့ peaceful atmosphere ကို ဖန်တီးချင်သူတွေ အသုံးပြုလို့ရပါတယ်ရှင့်🥰
05/10/2026
Gaia က အသစ်ထွက်တဲ့ product လေးကတော့
Gaia- Earth လို့ နာမည်ပေးထားတဲ့ smoky quartz ritual set လေးပဲ ဖြစ်ပါတယ်...
တစ်ခါတလေ ကျမတို့ဘဝမှာ
ကိုယ့်ကိုယ်ကို ပြန်ပြီး မြေကြီးပေါ်မှာ ခြေချရပ်တည်ဖို့ လိုအပ်တဲ့အချိန်တွေ ရှိတတ်ပါတယ်…
အဲဒီလိုအချိန်တွေအတွက် GAIA က
Smoky Quartz ရဲ့ earthy & grounding energy
ကို အခြေခံပြီးဒီ EARTH set လေးကို ဖန်တီးထားခဲ့တာဖြစ်ပါတယ်..
ဒီ Set လေးထဲမှာ
smoky quartz ၂၇လုံး စိတ်ပုတီးလေး တစ်ကုံး
smoky quartz tower လေး တစ်ခု
smoky quartz နဲ့ 7 chakra လက်ပတ်လေး တစ်ခု
smoky quartz tumble stone နဲ့ raw stone လေး ၁ခုစီ ထည့်ပေးထားပါတယ်..
ထည့်သိမ်းလို့ရမယ့် Wooden box လေးလဲ လက်ဆောင်ထည့်ပေးထားပါသေးတယ်နော်..
Smoky Quartz ကို crystal tradition တွေမှာ
Grounding Stone တစ်ခုအဖြစ် လူသိများပြီး
စိတ်တွေရှုပ်ထွေးနေတဲ့အချိန်၊ energy တွေ scattered ဖြစ်နေတဲ့အချိန်မှာ
ကိုယ့်ကိုယ်ကို ပြန်တည်ငြိမ်အောင် သတိပေးပေးတဲ့ stone တစ်ခုအဖြစ် အသုံးပြုကြပါတယ်။
ဒါ့အပြင် protection, emotional balance နဲ့
letting go ဆိုတဲ့ symbolism တွေနဲ့လည်း ဆက်စပ်ပါတယ်...
နေ့စဉ်ကိုင်ဆောင်ဖို့ နဲ့ meditation /quiet moment တွေမှာ ၂၇လုံး ပုတီးလေးကို အသုံးပြုလို့ရပါတယ်...
Earth energy လေးရဖို့ ကိုယ့်နဲ့ အနီးအနားမှာ tower လေးကို ထားလို့ရပါတယ်..
ကိုယ်နဲ့မကွာ အမြဲရှိဖို့ Emotional balance ဖြစ်ဖို့နဲ့ protection အတွက် 7chakra နဲ့ လက်ပတ်လေးကို အမြဲ ဝတ်ဆင်ထားလို့ရပါတယ်..
လက်ထဲမှာကိုင်ထားဖို့၊ ကိုယ်နဲ့အတူ ဆောင်ထားဖို့၊ ကိုယ်ပိုင် quiet moment လေးတွေမှာ အသုံးပြုဖို့အတွက် tumble stone နဲ့ raw stone လေးကို အသုံးပြုလို့ရပါတယ်နော်..
ဒီ set တစ်ခုလုံးရဲ့ အဓိပ္ပါယ်က—
Ground yourself.
Release what feels heavy.
Protect your peace.
Come back to yourself.
GAIA ရဲ့ EARTH က
အရာအားလုံးကို ပြောင်းလဲပစ်ဖို့ မဟုတ်ပါဘူးနော်
ကိုယ့်ကိုယ်ကို ပြန်တည်ငြိမ်အောင်
ခဏလေး ရပ်နားပေးဖို့ပဲ လိုတာအပ်တဲ့ချိန်လေးမှာ အသုံးပြုဖို့အတွက်ပါနော်
Gaia- Earth (smoky quartz ritual set) လေးကို ၃စုံထဲ ပြုလုပ်ထားပါတယ်ရှင့်..
01/10/2026
Something from the Earth is coming… 🤎
ဒီနေ့ဒီအချိန်မှာ
အခက်အခဲတွေ၊ မသေချာမှုတွေနဲ့
စိတ်ပင်ပန်းစရာတွေကြားမှာ
ကိုယ့်ကိုယ်ကိုတောင် ခဏခဏ မေ့နေမိတတ်ပါတယ်။
တစ်ခါတလေတော့
အရာအားလုံးကို ခဏထားပြီး
အသက်ရှူဖို့၊
ကိုယ့်စိတ်ကို ပြန်တည်ငြိမ်ဖို့၊
ကိုယ့်ဆီကိုယ် ပြန်လာဖို့
အရာလေးတစ်ခု လိုအပ်တတ်ပါတယ်။ 🌿
Coming soon. 🤎
🌿 GAIA — crystals from earth 🌿 page လေး
တိတ်တိတ်လေးနားနေခဲ့တာ ကြာပြီနော်…
ခု GAIA လေး ပြန်လာပါပြီ 🤍
တစ်ချိန်က ကိုယ်တိုင်ရွေးချယ်ထားတဲ့ crystal လေးတွေ၊ လက်နဲ့တစ်ခုချင်းစီ ဖန်တီးခဲ့တဲ့ handmade လေးတွေကို သတိရနေကြသေးရဲ့လား?
အခုတော့ GAIA ကို နည်းနည်းလေး ပုံစံပြောင်းပြီး
ပိုပြီး နွေးထွေးတဲ့ handmade pieces လေးတွေပြန်လည်ဖန်တီးသွားပါမယ် 🌱
အသစ်တွေကိုလည်း မကြာခင် ပြန်တွေ့ရမယ်နော်…
ဘယ်လို crystal လေးတွေနဲ့ ဘယ်လို product လေးတွေကို မြင်ချင်လဲဆိုတာလဲ ပြောခဲ့ပေးပါဦး 🥰
With love,
GAIA 🤎
08/06/2026
Gaia က အသစ်ထပ်ထွက်မယ့် product အသစ်လေးကတော့ crystal လေးတွေနဲ့ ပုံဖော်ထားတဲ့ ပန်းချီကားလေးတွေပါ...
အိမ်မှာပဲအလှထားမလား
ရုံးစားပွဲမှာပဲ အလှထားမလား
လက်ဆောင်ပဲပေးမလား
အဆင်ပြေမယ့် Size လေးကို သုံးထားပေးပါတယ်..
နှစ်သက်တာလေးရှိရင် မှာယူလို့ရပါတယ်နော်...
06/06/2026
ဒီရက်ထဲမှာလေ smoke quartz ကျောက်လေးတွေရောက်တော့ အရမ်းပျော်သွားတာသိလား..
ဘာလို့ဆို မကြာခင် june 29 ဆိုရင် mercury retrograde လာတော့မယ်ဆိုတော့လေ အဲ့ချိန်မှာ ဖြစ်တတ်တဲ့ technology error ကို protect လုပ်ဖို့က smoke quartz က ရှိကိုရှိသင့်တာမို့ပါ..
mercury retrograde ကာလမှာ တခြားအရာတွေဖြစ်တဲ့ communication error တို့ decision error တွေအပြင် technology error ကလည်း ဖြစ်ကိုဖြစ်တတ်တာ သဘာဝဆိုတော့ အဲ့ဒိအချိန်မှာ ကိုယ့်အသုံးပြုနေတဲ့ စက်ပစ္စည်းတွေပျက်တာမျိုးဖြစ်တတ်ပြီး ပုံမှန်ဆို ဖြစ်နိုင်ရင်ခရီးမသွားသင့်ဘူးပေါ့နော် ဘာလို့လဲဆိုတော့ လမ်းခရီးမှာ ကားပျက်မှာတို့ လေယဥ်နဲ့ဆိုလဲ delay ဖြစ်တာတွေ စက်ချို့ယွင်းတာတွေဖြစ်လာတတ်တာဆိုတော့လေ..
Mercury retrograde ကာလမှာ မသွားမဖြစ်လို့ သွားရမယ့် ခရီးလေးရှိလာရင်တော့ smoke quartz လေးကို ဆောင်သွားလို့ရပါတယ်.. ဒီလက်ပတ်လေးဝယ်မှ မဟုတ်ပါဘူးနော် ကိုယ့်မှာ Smoke quartz ရှိပြီးသားဆို ဆောင်သွားလို့ရပါတယ်..
Smoke quartz က grounding ဖြစ်စေတယ် negative energy ကို စုတ်ယူပေးပြီးအန္တရာယ်ကင်းစေပါတယ်.. စိတ်ဖိစီးမှုကို သက်သာစေပြီး root chakra ကို balance ဖြစ်စေပါတယ်နော်...
ကိုယ့်စီမှာ Smoke quartz လေးမရှိလို့ လိုချင်တယ်ဆိုရင်တော့ Gaia မှာ smoke quartz လက်ပတ်လေးတွေရှိပါ.. 7chakra နဲ့ ရသလို smoke quartz သီးသန့်လက်ပတ်လည်းရပါတယ်.. smoke quartz tower လေးတွေလဲရှိပါတယ်ရှင့်..
05/06/2026
စားကြပါဦး အဲ့ ဝယ်ကြပါဦး 😁
Gaia မှာ ကျောက်ဝယ်မရလို့ ပစ္စည်းအသစ်လေးတွေ မတင်နိုင်တာကြာသွားတယ်...
ခု တော့ ရှားပါး ပစ္စည်းလေးတွေနဲ့ ပြန်လာပါပြီနော်..
Gaia မှာက အားလုံးသိတဲ့အတိုင်း ကျောက်အစစ်ကိုမှ quality ကောင်းတာလေးတွေရမှသာ crystal lover လေးတွေဆီပို့ပေးတာဆိုတော့လေ ကျောက်ရဖို့ က ခုချိန်မှာ အရမ်းခက်နေတာ..
7 chakra ဆိုလဲ ကျောက် ၇မျိုးလုံးစုံမှသာ လုပ်ပေးလို့ရတာဆိုတော့ ကျောက် စုံအောင် စုနေရတာကြောင့်မို့ပါ.. အခုတော့ 7 chakra လက်ပတ်လေးတွေမှာချင်ရင် လာမှာလို့ရပါပြီ ဒီတခါ 8mm ရော 10mm size ပါ ရတယ်..
stock က အများကြီးမရှိတာမို့ 7chakra လက်ပတ်လေးတွေ လိုချင်ရင်တော့ မြန်မြန်လေးတော့ မှာပေးနော်.. လိုချင်တဲ့ကျောက်လေးတွေ ရှိမရှိကိုတော့ admin ကို လာမေးပေးပါ စိတ်တိုင်းကျဖြစ်အောင် customize သီပေးမှာဆိုတော့လေ..
ခု အသစ်လုပ်ထားတာလေးတွေတော့ ပုံလေးတွေထည့်ပေးထားပါတယ်..
06/02/2026
နံသာဖြူနဲ့ ပေါင်းစပ်ထားတဲ့ နောက်ထပ်ရနိုင်တဲ့ကျောက်လေးက Tree agate ကျောက်လေးနဲ့ပါ..
Tree agate က earth element ဖြစ်တဲ့အတွက်
ကမ္ဘာမြေအတွင်းဆုံးထိ connection လုပ်ပေးပြီး inner peace ကို ရစေပါတယ်.. ကမ္ဘာကြီးနဲ့ချိတ်ဆက်ပေးထားတဲ့အတွက် grounding ဖြစ်စေတာကြောင့် စိတ်ကို တည်ငြိမ်စေတယ်..အေးချမ်းစေပါတယ်.. spiritual အတွက်ဆို mother earth နဲ့ connect လုပ်လို့ အကောင်းဆုံး ကျောက်တစ်မျိုးဖြစ်ပါတယ်ရှင့်..
Zodiac signs တွေအနေနဲ့ဆို Ta**us, virgo နဲ့ gemini တို့ အသုံးပြုနိုင်ပါတယ်နော်..
Price: 28000/-
30/01/2026
Dalmatian Jasper ကျောက်လေးနဲ့
နံသာဖြူ ပေါင်းစပ်ထားတဲ့ လက်ပတ်လေးပါ..
Dalmatian jasper က ပျော်ရွှင်ခြင်းကိုဖြစ်စေပြီး
balance ဖြစ်စေဖို့အတွက် grounding ဖြစ်အောင် ကမ္ဘာကြီးနဲ့ ပြန်ပြီး connect လုပ်ပေးပါတယ်..
ဒီလက်ပတ်လေးကို Virgo, Gemini နဲ့ Capricorn ရာသီဖွားတွေ အသုံးပြုလို့ရပါတယ်..
ဒီလက်ပတ်လေးမှာ gemini charm လေးကို
တပ်ပေးထားပေမယ့် တကယ်လို့
မှာယူတဲ့သူက Virgo နဲ့ Capricorn ဆို
charm လေးကို ပြောင်းပေးပါမယ်နော်..
price: 23000/-
Category
Contact the business
Telephone
Website
Address
Kan Kaw Street
Yangon
Opening Hours
| Monday | 09:00 - 22:00 |
| Tuesday | 09:00 - 22:00 |
| Wednesday | 09:00 - 22:00 |
| Thursday | 09:00 - 22:00 |
| Friday | 09:00 - 22:00 |
| Saturday | 09:00 - 22:00 |
| Sunday | 09:00 - 22:00 |
Alerts
Be the first to know and let us send you an email when Gaia_Crystals from Earth posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
