Bhone Shan's Mommy
Bhone Shan' Mommy
19/03/2026
🤱🏻ကျွန်မက မိခင်နို့တိုက်ကျွေးဖို့ကို ရွေးချယ်ခဲ့လို့ ကျွန်မအတွက် ကုန်ကျစရိတ် အများကြီး ချွေတာနိုင်ခဲ့ပါတယ်။
🙅🏻♀️ဒါပေမဲ့ မိခင်နို့တိုက်ကျွေးခြင်းကို အခမဲ့လို့တော့ မပြောလိုက်ပါနဲ့။
တကယ့်တန်ဖိုးကို ကျွန်မပေးချေနေခဲ့တာပါ။
ကုန်ကျစရိတ်က ကျွန်မခန္ဓာကိုယ်ပါ။
ကျွန်မရဲ့ အိပ်စက်ခြင်း။
ကျွန်မရဲ့ ဟော်မုန်းတွေ။
ကျွန်မရဲ့ အနားယူခြင်း။
ကျွန်မရဲ့ ညတွေ။
ဘယ်သူမှ မမြင်ရတဲ့ ကျွန်မရဲ့ စိတ်ကျန်းမာရေးတွေနဲ့ ပေးချေနေရတာပါ။
နာကျင်မှုတွေအတွက် ပြေစာမရှိခဲ့ပါဘူး။
ပင်ပန်းနွမ်းနယ်မှုအတွက် ပြန်အမ်းငွေမရှိပါဘူး။
🤦🏻♀️အရာအားလုံးကို ပေးဆပ်ရင်း တိတ်တိတ်လေး ငိုခဲ့ရတဲ့ အချိန် တွေအတွက် ပြန်လည် ကုစားနေဖို့ အနားယူချိန် မရှိပါဘူး။
မိခင်နို့တိုက်ကျွေးခြင်းက ကျွန်မတို့ကို ငွေချွေတာနိုင်ခဲ့တာမဟုတ်ပါဘူး - တကယ်တော့ ကုန်ကျစရိတ် ကို ကျွန်မဆီ လွှဲပြောင်းပေးလိုက်တာပါပဲ......
ဒါကြောင့်တယောက်ယောက်က "မိခင်နို့တိုက်ကျွေးတာက လွယ်ကူပြီး အခမဲ့ပါပဲ" လို့ ပြောလာခဲ့ရင် တကယ်တမ်း ဘာတွေပေးဆပ်နေရတာလဲ ဆိုတာ သတိရပေးပါ.....
👶🏻တယောက်ယောက် က ကျွန်မကို အမြဲလိုအပ်နေလို့ပါ။
ဘယ်တော့မှ အခမဲ့မဟုတ်ပါဘူး။
အိမ်မပျော်တဲ့ညတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေကို တိုက်ဖျက်ရင်း ကလေးကို ကျွန်မနို့တိုက်ကျွေးနေရတာပါ။
ဒါကြောင့် အခမဲ့ ဆိုတဲ့ စကားကို ဘယ်တော့မှ မပြောပါနဲ့။
အရာအာလုံးကို ပေးဆက်ရတာက မေတ္တာပါ။
Bhone Shan အတွက် ချက်ပြုတ်တာလေးတွေကို Page ကနေ တင်သွားပေးမှာမို့ ကြည့်ရှုပြီး Recommend ပေးပေးပါဦးနော်
Category
Website
Address
Yangon
Alerts
Be the first to know and let us send you an email when Bhone Shan's Mommy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
