Moe Kaung Kin

Moe Kaung Kin

Share

မိုးကောင်းကင်မှ ကြိုဆိုပါသည်

08/02/2022

👉 မဂ်လာပါရှင်😊...Promotion လေးတခုနဲ့ မိတ်ဆက်ပေးပါရစေရှင့်။လူကြီးမင်းတို့ရဲ့ ဆံသားလေးများ ငွေကုန်ကျမှု သက်သာပီး လှပကျော့ရှင်းစေရန် မိုးကောင်းကင်မှ အထူး Discount လေး စီစဥ်ထားပါတယ်။လစဥ်တိုင်းလည်း ဆိုင်မှာရရှိနိုင်သော ဝန်ဆောင်မှုများမှ တစ်ခုခြင်းစီကိုလဲ အထူး Discount အဖြစ် စီစဥ်ထားပါတယ်။
👉 ရုံးဝန်ထမ်း ၊ စက်ရုံဝန်ထမ်း ၊ အိမ်ရှင်မများ ငွေကုန်ကြေးကျ သက်သာစေရန် အဓိက ရည်ရွယ်ပြုလုပ်ထားသော အစီစဥ်လေး ဖြစ်ပါတယ်။
ယခုလို ခေတ်ကာလမှာ လူတိုင်းလှချင်ပေမယ့် ငွေကြေးရှာဖွေ ခက်ခဲခြင်း ၊ အလုပ်အကိုင် ရှားပါးခြင်းကြောင့် မလှမပဖြစ်နေသော ဆံပင်လေးများအတွက် အရင်းလောက်သာ ရသည့် Promotion အစီအစဥ်လေးဖြင့် မိတ်ဆက်လိုက်ပါရစေရှင်။
👉 ဆံပင်ဖြောင့်_တစ်ဦးဖြောင့် တစ်ဦး Free (သို့မဟုတ်) ဆေးဆိုး (သို့မဟုတ်) ဆံပင်ပေါင်း ကြိုက်နှစ်သက်ရာ လက်ဆောင်တစ်ခု ပြန်လည်ရယူနိုင်ပါသည်။အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်.....🙏🙏🙏🙏🙏
👉 Discount date ( 8.2.2022 >8.3.2022)

👉 Ph-09407973419. 09445264794

30/01/2021

စိတ္ပူပန္တတ္တဲ့အက်င့္ကိုေဖ်ာက္ပါ

ကြၽန္ေတာ္တို႔ဟာေန႕စဥ္အရာရာကိုပူပန္ေနတတ္ၾကပါတယ္။

အလုပ္မွာ လူႀကီးကဆူမွာေျပာမွာ၊ကေလးေနမေကာင္းျဖစ္မွာ၊အိမ္နီးခ်င္းေတြကအထင္ေသးမွာစသျဖင့္ပူပန္မႈ
မ်ားစြာနဲ႔ေန႔စဥ္ဘဝကိုျဖတ္သန္းေနၾကပါတယ္။တခ်ဳိ့ေတြကဆိုရင္'မင္းစိတ္မပူဘူးလား'လို႔ကိုယ္သတိမထားမိတာေတာင္သတိထားမိေအာင္လုပ္ၾကပါတယ္။

စိတ္ပူတယ္ဆိုတာကံဆိုးျခင္းကိုလက္ယပ္ေခၚတာပါပဲ။
က်န္းမာေရးကိုလည္းထိခိုက္ေစပါတယ္။

ဒါဆိုစိတ္မပူရေတာ့ဘူးလားလို႔ေမးစရာ႐ွိပါတယ္။
စိတ္ပူပန္မႈကိုေဖ်ာက္လိုက္ပါ။စိတ္ပူမယ့္အစားလုပ္စရာ႐ွိတာကိုလုပ္လိုက္ပါ။

အလုပ္မွာလူႀကီးကဆူမွာေျပာမွာပူပန္ေနမယ့္အစားကိုယ့္အလုပ္တာဝန္ကိုေက်ပြန္ေအာင္ဂ႐ုစိုက္ၿပီးလုပ္ပါ။

ကေလးေနမေကာင္းျဖစ္မွာကိုပူပန္ေနမယ့္အစားေနမေကာင္းျဖစ္ေစတဲ့အရာေတြကိုကာကြယ္မႈလုပ္ပါ။

အိမ္နီးနားခ်င္းေတြရဲ႕အထင္ေသးမႈကိုပူပန္ေနရမယ့္အစားအက်င့္သိကၡာကိုျပည့္စံုေအာင္ေစာင့္ထိန္းပါ။

စိတ္ပူေတာ့မယ္ဆိုရင္'အခုအခ်ိန္မွာစိတ္ပူေနတာဘာလဲ'လို႔ကိုယ့္ကိုယ္ကိုေမးပါ။

ေသေရး႐ွင္ေရးကိစၥေတြကနည္းၿပီးဘာမဟုတ္တဲ့ျပႆနာကိုစိတ္ပူေနမိတာကိုေတြ႔ရပါလိမ့္မယ္။ျပႆနာဆိုတာကေတာ့႐ွိေနမွာပါပဲ။ဖ်ားနာတယ္ဆိုတာျဖစ္တတ္ပါတယ္။အလုပ္မွာလည္းလူႀကီးကေတာ့ဆူမွာေျပာမွာပဲ။ဒါသူ႔အလုပ္ပဲေလ။တစ္ခ်ိန္လံုးပူပင္ေနၿပီးယုန္တစ္ေကာင္လိုအရာရာကို
ေၾကာက္ေနရတဲ့ဘဝနဲ႔ေတာ့မေနသင့္ပါဘူး။

ျပႆနာေတြအခက္အခဲေတြနဲ႔တကယ္ၾကံဳေတြ႔လာတဲ့အခါ
မွာလက္ေတြ႔က်က်ေျဖ႐ွင္းပါ။လက္ငင္းေျဖ႐ွင္းလို႔ရတာက
ဘာလဲ။ယခုလုပ္လို႔ရတာကိုခ်က္ခ်င္းလုပ္ပါ။မနက္ျဖန္အတြက္ကိုေတြးၿပီးပူမေနပါနဲ႔။

ဘဝမွာျပန္ၾကည့္မယ္ဆိုရင္မေက်ာ္လႊားႏိုင္ခဲ့တဲ့အခက္အခဲဆိုတာမ႐ွိပါဘူး။တစ္နည္းမဟုတ္တစ္နည္းနဲ႔ေတာ့ေက်ာ္
လႊားခဲ့တာခ်ည္းပါပဲ။

အခက္အခဲဆိုတာလည္းအသက္႐ွင္ေနသေရြ႔ ေန႔စဥ္ေတြ႔ေနရမွာပါ။ပူပန္ေနလို႔လည္းအခက္အခဲကိုေက်ာ္လႊားလို႔မရ
ပါဘူး။

#မွတ္သားစရာ

ပူပန္ေနမယ့္အစား၊လုပ္သင့္တာကို ခ်က္ခ်င္းလုပ္ပါ။
ပူပန္မႈကိုေဖ်ာက္ႏိုင္ရင္ေပ်ာ္ရႊင္မႈကေရာက္လာမွာပါ။



စိတ်ပူပန်တတ်တဲ့အကျင့်ကိုဖျောက်ပါ

ကျွန်တော်တို့ဟာနေ့စဉ်အရာရာကိုပူပန်နေတတ်ကြပါတယ်။

အလုပ်မှာ လူကြီးကဆူမှာပြောမှာ၊ကလေးနေမကောင်းဖြစ်မှာ၊အိမ်နီးချင်းတွေကအထင်သေးမှာစသဖြင့်ပူပန်မှု
များစွာနဲ့နေ့စဉ်ဘဝကိုဖြတ်သန်းနေကြပါတယ်။တချို့တွေကဆိုရင်'မင်းစိတ်မပူဘူးလား'လို့ကိုယ်သတိမထားမိတာတောင်သတိထားမိအောင်လုပ်ကြပါတယ်။

စိတ်ပူတယ်ဆိုတာကံဆိုးခြင်းကိုလက်ယပ်ခေါ်တာပါပဲ။
ကျန်းမာရေးကိုလည်းထိခိုက်စေပါတယ်။

ဒါဆိုစိတ်မပူရတော့ဘူးလားလို့မေးစရာရှိပါတယ်။
စိတ်ပူပန်မှုကိုဖျောက်လိုက်ပါ။စိတ်ပူမယ့်အစားလုပ်စရာရှိတာကိုလုပ်လိုက်ပါ။

အလုပ်မှာလူကြီးကဆူမှာပြောမှာပူပန်နေမယ့်အစားကိုယ့်အလုပ်တာဝန်ကိုကျေပွန်အောင်ဂရုစိုက်ပြီးလုပ်ပါ။

ကလေးနေမကောင်းဖြစ်မှာကိုပူပန်နေမယ့်အစားနေမကောင်းဖြစ်စေတဲ့အရာတွေကိုကာကွယ်မှုလုပ်ပါ။

အိမ်နီးနားချင်းတွေရဲ့အထင်သေးမှုကိုပူပန်နေရမယ့်အစားအကျင့်သိက္ခာကိုပြည့်စုံအောင်စောင့်ထိန်းပါ။

စိတ်ပူတော့မယ်ဆိုရင်'အခုအချိန်မှာစိတ်ပူနေတာဘာလဲ'လို့ကိုယ့်ကိုယ်ကိုမေးပါ။

သေရေးရှင်ရေးကိစ္စတွေကနည်းပြီးဘာမဟုတ်တဲ့ပြဿနာကိုစိတ်ပူနေမိတာကိုတွေ့ရပါလိမ့်မယ်။ပြဿနာဆိုတာကတော့ရှိနေမှာပါပဲ။ဖျားနာတယ်ဆိုတာဖြစ်တတ်ပါတယ်။အလုပ်မှာလည်းလူကြီးကတော့ဆူမှာပြောမှာပဲ။ဒါသူ့အလုပ်ပဲလေ။တစ်ချိန်လုံးပူပင်နေပြီးယုန်တစ်ကောင်လိုအရာရာကို
ကြောက်နေရတဲ့ဘဝနဲ့တော့မနေသင့်ပါဘူး။

ပြဿနာတွေအခက်အခဲတွေနဲ့တကယ်ကြုံတွေ့လာတဲ့အခါ
မှာလက်တွေ့ကျကျဖြေရှင်းပါ။လက်ငင်းဖြေရှင်းလို့ရတာကဘာလဲ။ယခုလုပ်လို့ရတာကိုချက်ချင်းလုပ်ပါ။မနက်ဖြန်အတွက်ကိုတွေးပြီးပူမနေပါနဲ့။

ဘဝမှာပြန်ကြည့်မယ်ဆိုရင်မကျော်လွှားနိုင်ခဲ့တဲ့အခက်အခဲဆိုတာမရှိပါဘူး။တစ်နည်းမဟုတ်တစ်နည်းနဲ့တော့ကျော်လွှားခဲ့တာချည်းပါပဲ။

အခက်အခဲဆိုတာလည်းအသက်ရှင်နေသရွေ့ နေ့စဉ်တွေ့နေရမှာပါ။ပူပန်နေလို့လည်းအခက်အခဲကိုကျော်လွှားလို့မရပါဘူး။

#မှတ်သားစရာ

ပူပန်နေမယ့်အစား၊လုပ်သင့်တာကို ချက်ချင်းလုပ်ပါ။
ပူပန်မှုကိုဖျောက်နိုင်ရင်ပျော်ရွှင်မှုကရောက်လာမှာပါ။

19/01/2021

ခံစားချက်တွေသာ စကားပြောနိုင်ခဲ့မယ်ဆိုရင် 🌬️

ဝမ်းနည်းခြင်းတွေနဲ့ ကြုံလာရင်
👉 ငို‌ကြွေးဖို့ပြောပါလိမ့်မယ်။

အထီးကျန်နေခဲ့ရင်
👉 အပေါင်းအသင်းတွေရှာဖို့ပြောပါလိမ့်မယ်။

ရှက်ရွံ့နေခဲ့မယ်ဆိုရင်
👉 ကိုယ့်ကိုကိုယ် ကရုဏာသက်ဖို့ပြောပါလိမ့်မယ်။

ကိုယ့်ဘက်က မကျေမချမ်းဖြစ်နေခဲ့ရင်
👉 ခွင့်လွှတ်ပေးဖို့ပြောလိမ့်မယ်။

ကိုယ့်ဆီမှာ ဘာမှမရှိဘူးဖြစ်နေရင်
👉 တစ်ခုခု ရှာဖွေဖန်တီးဖို့ပြောပါလိမ့်မယ်။

ဒေါသထွက်နေတယ်ဆိုရင်
👉 ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ဖို့ပြောပါလိမ့်မယ်။

စိုးရိမ်စိတ်တွေများနေရင်
👉 အသက်ပုံမှန် ရှူဖို့ပြောပါလိမ့်မယ်။

ဖိအားတွေနဲ့ကြုံလာရင်
👉 ကျွန်တော်တို့ကို တစ်ကြိမ်မှာ ခြေလှမ်းတစ်လှမ်းစီ လှမ်းဖို့ပြောပါလိမ့်မယ်။

အရေးကြီးတာတစ်ခုက
ကျွန်တော်တို့ရဲ့ ခံစားချက်၊ အတွေးတွေက ကောင်းနေဖို့လိုပါတယ်။ 🤗

ချစ်ခြင်းအားဖြင့်
ပြေခိုင်

Asia's Top Life & Business Coach

18/01/2021

👉ငါ ညံ့ရင်
ငါ ခံရမယ်။
သူများကိုအပြစ်မတင်ဘူး။

👉ငါ လဲရင်
ငါ ထရမယ်။
တွဲထူမယ့်သူလဲမမျှော်ဘူး။

👉ငါ ပျင်းလို့
ငါ ဖျင်းတာ။
ကြိုးစားတဲ့သူကိုမနာလိုမဖြစ်ဘူး။

👉ငါ မလေ့လာလို့
ငါ မတတ်တာ။
သူများနှိမ်လဲမနာဘူး။

👉ငါ့ လိုအပ်ချက်
ငါ ဖြည့်ဆည်းရမယ်။
မကူညီရကောင်းလားလို့လဲမမြင်ဘူး။

👉ငါ ကောင်းအောင်
ငါ နေရမယ်။

👉ငါ မကောင်းတဲ့အခါ
အပေါင်းသင်းကြောင့်လို့ခေါင်းစဉ်မတပ်ဘူး။

👉ငါ့ အကြောင်းကို
ငါ သိနေရမယ်။

ဒါမှ ပြုပြင်ပြောင်းလဲနိုင်မယ်။


ချစ်ခြင်းအားဖြင့်
ပြေခိုင်

Asia's Top Life & Business Coach

Category

Telephone

Website

Address


Yangon
11231/11232

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Alerts

Be the first to know and let us send you an email when Moe Kaung Kin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.