Diamond Nori Gold & Jewellery Shop

Diamond Nori Gold & Jewellery Shop

Share

အကောင်းဆုံးQuality Diamond Nori ၊စိန်ထည်တွေဝယ်မယ်ဆိုလျှင်Diamond Nori စိန်ဆိုင်ကြီးကိုသာသတိရလိုက်နော်

08/08/2026

စိန်အကြောင်းနဲ့ပက်သက်ပြီး ယနေ့မျှဝေပေးမှာကတော့ အက်ရာ (သို့) ပဲ့ရာလို့ခေါ်တဲ့ (Fracture) အကြောင်းပဲ ဖြစ်ပါတယ်ရှင့်💎

သဘာဝတွင်းထွက်များ စတင်ဖြစ်ပေါ်ခဲ့စဉ်ကလည်းကောင်း၊ ထိခိုက်မိ၍သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် အက်ရာများ ပါလာတတ်ပါတယ်ရှင်။

အကယ်၍ အက်ရာအရွယ်ကြီးမားသောကြောင့် ပဲ့သွားသည့်အခါမှာ စိန်၏မျက်နှာပြင်များသည် ယောက်သွားအခွံ၏ မျက်နှာပြင်များကဲ့သို့ အရစ်ရစ်တွေ ဖြစ်နေတတ်ပါတယ်ရှင်။၎င်းပဲ့ထွက်ရာများကို တွင်းထွက်ပညာရှင်များက ခရုပတ်အက်ရာ(Conchoidal Fracture) ဟု ခေါ်ကြပါတယ်ရှင်။
အက်ရာဖြစ်ပေါ်မှုသည် စိန်၏ အနုမြူတည်ဆောက်ပုံနှင့် မသက်ဆိုင်သလို၊ညီညာပြန့်ပြူးမှုလည်း မရှိနိုင်ပါဘူးရှင်။

စိန်မှာ ဖြစ်ပေါ်လေ့ရှိတဲ့အက်ရာကို Conchoidal Fracture ဟု ခေါ်ဆိုပြီး တခြားတွင်းထွက်တွေမှာ ဖြစ်ပေါ်တတ်တဲ့ Fracture အမျိုးအစားတွေကိုလည်း ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်ရှင်။

1. Conchoidal Fracture (ခရုပတ်အက်ရာ)
2. Even Fracture (အက်ရာချော)
3. Uneven Fracture (အက်ရာကြမ်း)
4. Hackly Fracture (အက်ရာထစ်)
5. Splinstery Fracture (မျှင်သားအက်ရာ)
တို့ ဖြစ်ပါတယ်ရှင်။

နောက်အပိုင်းတွေမှာလည်း စိန်နဲ့ပက်သက်တဲ့ ဗဟုသုတတွေကို ဆက်လက်မျှဝေပေးပါမှာဖြစ်လို့ Diamond Nori page လေးကို Like & Follow လေးလုပ်ထားပေးပါအုံးရှင့် 🧡

#အကောင်းဆုံးqualitydiamondnori

Photos from Diamond Nori Gold & Jewellery Shop's post 05/08/2026

လက်စွပ်တစ်ကွင်းရဲ့အနုပညာပြောင်မြောက်ခြင်းဆိုတာ ကိုယ်၀တ်ဆင်လိုက်တဲ့အခါ လိုက်ဖက်ညီပြီး ကိုယ့်ရဲ့ image ကိုပိုပြီး လေးလေးနက်နက်ထင်ဟပ်စေမှုနဲ့ တိုင်းတာလို့ရနိုင်ပါတယ် 🤍

Diamond Nori မှာဆိုရင် လက်စွပ်တစ်ကွင်းချင်းစီမှာ သူ့ဆွဲဆောင်မှုနဲ့ သူ ကိုယ်ပိုင်စတိုင်ကို ထင်ဟပ်နေစေတတ်တဲ့ Design မျိုးစုံရှိနေတဲ့ထဲကမှ ထူးခြားတဲ့ design လေးနှစ်ခုကိုတော့ ဒီနေ့မှ highlight လုပ်ပြီး တင်ဆက်ပေးလိုက်ရပါတယ် 🧡

Diamond Nori ၏ အဆင့်မြင့် စိန်ထည်၊ ရွှေထည် ရတနာများနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးတိုင်ပင်လိုပါက အောက်ပါဖုန်းနံပါတ်များမှတစ်ဆင့် ဆက်သွယ် စုံစမ်းနိုင်ပါတယ်။
𝟎𝟗 - 𝟐𝟓𝟑 𝟎𝟑𝟗 𝟐𝟕𝟓
𝟎𝟗 - 𝟒𝟓𝟔 𝟗𝟐𝟏 𝟒𝟔𝟏
𝟎𝟗 - 𝟐𝟓𝟒 𝟑𝟏𝟑 𝟗𝟕𝟗
𝟎𝟗 - 𝟗𝟖𝟎 𝟖𝟑𝟔 𝟓𝟗𝟖
𝟎𝟗 - 𝟕𝟗𝟕 𝟐𝟐𝟑 𝟎𝟗𝟏
လူကြီးမင်းတို့၏ စိတ်ကူးထဲက ရတနာများကို ပုံဖော်ပေးရန် Diamond Nori မှ အသင့်ရှိနေပါမယ် 💎
Page Messenger မှတစ်ဆင့်လည်း တိုက်ရိုက် စုံစမ်းမေးမြန်းနိုင်တယ်နော်။ 🧡

#အကောင်းဆုံးQualityDiamondNori

01/08/2026

တည်ငြိမ်မှု ပြတ်သားမှု လေးနက်မှုတွေဆိုတာ အမျိုးသားတစ်ယောက်မှာ ရှိသင့်တဲ့ လက္ခဏာတွေပါ 👔

ဒါတွေတင်မကသေးပဲ စစ်မှန်တဲ့ ကိုယ်ပိုင်ဟန်တစ်ခုပါ ရှိဖို့ဆိုရင်တော့ မိမိ၀တ်ဆင်မယ့် လက်၀တ်အဆင်တန်ဆာရဲ့ သေသပ်ရိုးရှင်းတဲ့ အသေးစိတ်လက်ရာတွေပေါ်မှာလည်းမူတည်သေးပါတယ် 🌟

Diamond Nori ရဲ့ အမျိုးသားဝတ်Hand Chainတွေကတော့ ခိုင်ခံ့မှုရှိပြီး နေ့စဉ်ဝတ်ဆင်ဖို့အတွက် သက်သောင့်သက်သာအရှိဆုံး ဖြစ်အောင် အထူးဖန်တီးထားတာ ဖြစ်ပါတယ် 🌟

ကျော့ရှင်းတဲ့ ဒီဇိုင်းနဲ့ ခိုင်ခံ့မှုတို့ကို ဟန်ချက်ညီညီ ပေါင်းစပ်ထားတာကြောင့် ပေါ့ပေါ့ပါးပါး စတိုင်လ်ကနေ အရေးကြီးတဲ့ လုပ်ငန်းခွင်အစည်းအဝေးတွေအထိ ဘယ်လိုနေရာမျိုးမှာမဆို ဝတ်ဆင်သူရဲ့ confidenceကို မြှင့်တင်ပေးမယ့် အဆင်တန်ဆာတစ်ခုဖြစ်နေမှာပါ 💼

Diamond Nori ၏ အဆင့်မြင့် စိန်ထည်၊ ရွှေထည် ရတနာများနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးတိုင်ပင်လိုပါက အောက်ပါဖုန်းနံပါတ်များမှတစ်ဆင့် ဆက်သွယ် စုံစမ်းနိုင်ပါသည်။
𝟎𝟗 - 𝟐𝟓𝟑 𝟎𝟑𝟗 𝟐𝟕𝟓
𝟎𝟗 - 𝟒𝟓𝟔 𝟗𝟐𝟏 𝟒𝟔𝟏
𝟎𝟗 - 𝟐𝟓𝟒 𝟑𝟏𝟑 𝟗𝟕𝟗
𝟎𝟗 - 𝟗𝟖𝟎 𝟖𝟑𝟔 𝟓𝟗𝟖
𝟎𝟗 - 𝟕𝟗𝟕 𝟐𝟐𝟑 𝟎𝟗𝟏
လူကြီးမင်းတို့၏ စိတ်ကူးထဲက ရတနာများကို ပုံဖော်ပေးရန် Diamond Nori မှ အသင့်ရှိနေပါသည်။ 💎 Page Messenger မှတစ်ဆင့်လည်း တိုက်ရိုက် စုံစမ်းမေးမြန်းနိုင်ပါသည်။ 🧡

#အကောင်းဆုံးQualityDiamondNori

29/07/2026

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ဝါဆိုလပြည့် (ဓမ္မစင်္ကြာ အခါတော်နေ့) အခါသမယတွင် ပြည်သူပြည်သားများအပေါင်း ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး စီးပွားလာဘ်လာဘများ တိုးပွားကာ နှလုံးစိတ်ဝမ်းအေးချမ်းသာယာကြပါစေ။ တရားဘာဝနာပွားများရင်း ကုသိုလ်များလည်း တိုးပွားကြပါစေကြောင်း Diamond Nori မိသားစုမှ ဆုတောင်း မေတ္တာ ပို့သလိုက်ပါသည်ရှင် 🙏🧡

#ဝါဆိုလပြည့် #အကောင်းဆုံးqualitydiamondnori

28/07/2026

အရည်အသွေးမြင့် စိန်ရတနာတွေဆိုတာ လှပတဲ့ အဆင်တန်ဆာတစ်ခုတင်မကဘဲ နောင်တစ်ချိန်အတွက်ပါ တန်ဖိုးမပျက် တည်ရှိနေမယ့် ရေရှည်ရင်းနှီးမြှုပ်နှံမှု အဆက်အသွယ်တစ်ခုလည်း ဖြစ်ပါတယ် 🌟

ချစ်ရသူတစ်ဦးအတွက်ဖြစ်စေ သားသမီး၊ မြေးအစဉ်အဆက်အတွက်ဖြစ်စေ လိုက်ဖက်ညီတဲ့ Diamond Nori ကလက်စွပ်လေးကို လက်ဆောင်ပေးခြင်းဟာ နောင်တစ်ချိန်အထိ အမှတ်ရနေစေမယ့် အဖိုးတန်ဆုံးသော မေတ္တာသက်သေတစ်ခုကို ဖန်တီးလိုက်တာနဲ့ တူတူပါပဲ 💗

ဘဝရဲ့ အမှတ်တရနေ့ရက်တွေကို Diamond Nori က လက်၀တ်ရတနာတွေကို အဖိုးတန်ဆုံး လက်ဆောင်မွန်တွေအဖြစ်ပေးရင်းဖြတ်သန်းလိုက်ပါ 🎁

Diamond Nori ၏ အဆင့်မြင့် စိန်ထည်၊ ရွှေထည် ရတနာများနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးတိုင်ပင်လိုပါက အောက်ပါဖုန်းနံပါတ်များမှတစ်ဆင့် ဆက်သွယ် စုံစမ်းနိုင်ပါတယ်။
𝟎𝟗 - 𝟐𝟓𝟑 𝟎𝟑𝟗 𝟐𝟕𝟓
𝟎𝟗 - 𝟒𝟓𝟔 𝟗𝟐𝟏 𝟒𝟔𝟏
𝟎𝟗 - 𝟐𝟓𝟒 𝟑𝟏𝟑 𝟗𝟕𝟗
𝟎𝟗 - 𝟗𝟖𝟎 𝟖𝟑𝟔 𝟓𝟗𝟖
𝟎𝟗 - 𝟕𝟗𝟕 𝟐𝟐𝟑 𝟎𝟗𝟏
လူကြီးမင်းတို့၏ စိတ်ကူးထဲက ရတနာများကို ပုံဖော်ပေးရန် Diamond Nori မှ အသင့်ရှိနေပါမယ် 💎
Page Messenger မှတစ်ဆင့်လည်း တိုက်ရိုက် စုံစမ်းမေးမြန်းနိုင်တယ်နော်။ 🧡

#အကောင်းဆုံးQualityDiamondNori

25/07/2026

အမျိုးသမီးလေးတို့အတွက် နေ့စဉ်ဝတ်ဆင်ဖို့ လက်၀တ်ရတနာတွေကို ရွေးချယ်တော့မယ်ဆိုရင် ဝတ်ဆင်ရတာ သက်သောင့်သက်သာရှိဖို့နဲ့ ရေရှည်အကြမ်းခံဖို့က အရေးကြီးဆုံးပါပဲ ❣️
အဲ့အတွက်တော့ Diamond Nori မှာရှိတဲ့ စိန်နားကပ်တွေနဲ့ စိန်ဆွဲကြိုးတွေက အလှအပတင်မကဘဲ နေ့စဉ်ဝတ်ဆင်ရတာ စိတ်အေးချမ်းသာရှိစေဖို့အထိ အလေးထား စဉ်းစားပေးထားတာမလို့ ဘယ်လိုအဝတ်အစားမျိုးနဲ့မဆို လိုက်ဖက်မှုအရှိဆုံးဖြစ်ဖို့ကူညီပေးပါလိမ့်မယ် 💖

Diamond Nori ၏ အဆင့်မြင့် စိန်ထည်၊ ရွှေထည် ရတနာများနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးတိုင်ပင်လိုပါက အောက်ပါဖုန်းနံပါတ်များမှတစ်ဆင့် ဆက်သွယ် စုံစမ်းနိုင်ပါတယ်။
𝟎𝟗 - 𝟐𝟓𝟑 𝟎𝟑𝟗 𝟐𝟕𝟓
𝟎𝟗 - 𝟒𝟓𝟔 𝟗𝟐𝟏 𝟒𝟔𝟏
𝟎𝟗 - 𝟐𝟓𝟒 𝟑𝟏𝟑 𝟗𝟕𝟗
𝟎𝟗 - 𝟗𝟖𝟎 𝟖𝟑𝟔 𝟓𝟗𝟖
𝟎𝟗 - 𝟕𝟗𝟕 𝟐𝟐𝟑 𝟎𝟗𝟏
လူကြီးမင်းတို့၏ စိတ်ကူးထဲက ရတနာများကို ပုံဖော်ပေးရန် Diamond Nori မှ အသင့်ရှိနေပါမယ် 💎
Page Messenger မှတစ်ဆင့်လည်း တိုက်ရိုက် စုံစမ်းမေးမြန်းနိုင်တယ်နော်။ 🧡

#အကောင်းဆုံးQualityDiamondNori

22/07/2026

ခေတ်ရေစီးကြောင်းတွေ ဘယ်လိုပဲပြောင်းလဲပါစေ၊ အနီရောင်တောက်တောက် လက်စွပ်တစ်ကွင်းရဲ့ တည်ငြိမ်ပြီး ဆန်းသစ်နေဆဲ ဆွဲဆောင်မှုကတော့ ဘယ်တော့မှ ရိုးမသွားပါဘူး ❤️

ခေတ်တစ်ခုကနေ နောက်တစ်ခုအထိ တန်ဖိုးမပျက်ဘဲ သမိုင်းဝင်ကျန်ရစ်မယ့် ဒီဇိုင်းဖြစ်တာမလို့ မိမိဘဝရဲ့ အောင်မြင်မှု မှတ်တိုင်တစ်ခုအတွက်ပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကိုယ် အလေးအနက်ထား ဆုချဖို့အတွက်ပဲဖြစ်ဖြစ် အခုလို လက်စွပ် ဒီဇိုင်းမျိုးက အမြဲတမ်း အသင့်တော်ဆုံး ရွေးချယ်မှုပါပဲ 🌟

✨ Diamond Nori ရဲ့ စိန်လက်စွပ်တွေအပါအ၀င် လက်၀တ်ရတနာဒီဇိုင်းများကို အသေးစိတ်စုံစမ်းချင်တယ်ဆိုရင်တော့ Chatbox ကနေ ဖြစ်စေ အောက်ပါဖုန်းနံပတ်များမှ ဖြစ်စေ အသေးစိတ် မေးမြန်းနိုင်ပါတယ် ✨
𝟎𝟗 - 𝟐𝟓𝟑 𝟎𝟑𝟗 𝟐𝟕𝟓
𝟎𝟗 - 𝟒𝟓𝟔 𝟗𝟐𝟏 𝟒𝟔𝟏
𝟎𝟗 - 𝟐𝟓𝟒 𝟑𝟏𝟑 𝟗𝟕𝟗
𝟎𝟗 - 𝟗𝟖𝟎 𝟖𝟑𝟔 𝟓𝟗𝟖
𝟎𝟗 - 𝟕𝟗𝟕 𝟐𝟐𝟑 𝟎𝟗𝟏

#အကောင်းဆုံးQualityDiamondNori

17/07/2026

ဒီနေ့မျှဝေပေးမှာကတော့ စိန်ရဲ့ မာခြင်းဂုဏ်သတ္တိနဲ့ ပတ်သက်ပြီး ရှင်းပြပေးသွားပါမယ်ရှင် 💎✨

💎စိန်သည် သဘာဝတွင် အမာဆုံးတွင်းထွက်ဖြစ်ပြီး မာခြင်းအဆင့်က (၁၀) ရှိပါတယ်ရှင်။ဓာတုဗေဒနည်းဖြင့် ရသော ကာဘိုက် (Carbite) မှာ လူတို့ပြုလုပ်သည့်ပစ္စည်းတွင် အမာဆုံးလို့ ဆိုရပါမယ်ရှင်။

သို့ပေမယ့် စိန်နှင့်စာလျှင် တစ်ဆင့်နိမ့်ကြောင်း သိရပါတယ်ရှင်။ ဘိုရွန်အဇိုက် (Boron Azite) သည် စိန်နှင့် မာဆင့် တူညီသည်ဟု ဆိုသော်လည်း အတိအကျ အခိုင်အမာ မဟုတ်ပါဘူးရှင်။

သဘာဝတွင်းထွက်များတွင် တစ်ခုနှင့်တစ်ခု မည်သည့်တွင်းထွက်က ပို၍မာကြောင်း နှိုင်းယှဉ်သိနိုင်သည့် နည်းလမ်းတစ်ခုကို လွန်ခဲ့သော နှစ်(၁၅၀)ခန့်က မိုး (Moh) ဆိုသူ ပညာရှင်တစ်ဦးက တီထွင်ထားခဲ့ပါတယ်ရှင်။ ၎င်းစနစ်အရ "စံ" တွင်းထွက် (၁၀) မျိုး ထားရှိပြီး အမာဆုံးနံပါတ် (၁၀) သည် စိန်ဖြစ်ပါတယ်ရှင်။
ဘယ်ကျောက်မျက်က မာခြင်းအဆင့်ဘယ်လောက်ရှိတယ်ဆိုတာကို ဖော်ပြပေးသွားပါမယ်ရှင်။

၁။ ကန့်ကူဆံ (Talc)
၂။ မြေဖယောင်း (Gypsum)
၃။ ကယ်လ်ဆိုက်စကျင်ကျောက်(Calcite)
၄။ မိုးကုတ်ပုလဲပြာ (Fluorite)
၅။ နဂါးသွဲ့ (Apatite)
၆။ ကြွေကျောက်(မြော)(Orthoclase)
၇။ စလင်း (Quartz)
၈။ ထပ်တရာ (Topaz)
၉။ ကုရန္ဒံ (Corundum)
၁၀။ စိန် (Diamond) တို့ ဖြစ်ပါတယ်ရှင်။

စိန်၏မာဆင့်နှင့်ပတ်သက်ပြီး တခြားထူးခြားချက်တစ်ခုမှာ စိန်သည်တွင်းထွက်ရှိရာဒေသအလိုက် မာဆင့်မတူညီကြပါဘူးရှင်။ဘော်နီယိုကျွန်းနှင့် အိန္ဒိယနိုင်ငံမှထွက်သော စိန်အချို့သည် အခြားဒေသများမှထွက်သော စိန်များထက်ပို၍မာကြောင်းသိရပါတယ်ရှင်။ဘာကြောင့်ပိုပြီးမာကြောလဲမေးရင်
စိန်တွေမှာ အမွှာပူးပုံဆောင်ခဲစိန်များပါဝင်နေခြင်းကြောင့် ဖြစ်နိုင်ပြီး၊၎င်း အမွှာပူးစိန်များမှာ သာမာန်စိန်ပုံဆောင်ခဲများထက်ပို၍ မာခြင်းကြောင့်သာ ဖြစ်ပါတယ်ရှင်။

စိန်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို နောက်အပိုင်းတွေမှာလည်း ဆက်လက်မျှဝေပေးပါမယ်ရှင်။

#အကောင်းဆုံးကွာလတီdiamondnori

03/07/2026

✨ အောင်မြင်နေသူတစ်ယောက်ရဲ့ တစ်နေ့တာမှာ လက်ဝတ်ရတနာက ဘယ်လောက်အရေးပါလဲ??

လက်ဝတ်ရတနာက အလှတရားကိုသာမက သင့်ရဲ့ပုံရိပ်ကိုပါ ပြည့်စုံစေပါတယ်။

ကိုယ့်ကိုယ်ကို ဘယ်လိုတန်ဖိုးထားတတ်လဲဆိုတာကလည်း အောင်မြင်သူတစ်ယောက်ရဲ့ အမှတ်အသားတစ်ခုပါ။

လက်ဝတ်ရတနာကို ဝတ်ဆင်ထားသူနဲ့ မဝတ်ဆင်ထားသူကြားမှာ ကွာခြားချက်က အလှတရားတစ်ခုတည်း မဟုတ်ပါဘူး။

✨ ပိုပြီး သပ်ရပ်တင့်တယ်တဲ့ အသွင်အပြင်

✨ ပိုပြီး ယုံကြည်မှုရှိတဲ့ ကိုယ်ရည်ကိုယ်သွေး

✨ လူတွေကို တွေ့တဲ့ ပထမဆုံးအချိန်မှာတင်
ကောင်းမွန်တဲ့ First Impression

✨ အောင်မြင်သူတစ်ယောက်ရဲ့ တည်ငြိမ်ပြီး
ဂုဏ်သိက္ခာရှိတဲ့ ပုံရိပ်

ဒီအရာတွေကို လက်ဝတ်ရတနာက ပိုမိုပေါ်လွင်စေပါတယ်။

စီးပွားရေးအစည်းအဝေးပဲဖြစ်ဖြစ်၊ အရေးကြီးတဲ့ပွဲတက်ချိန်ပဲဖြစ်ဖြစ်၊ နေ့စဉ်ဘဝမှာပဲဖြစ်ဖြစ်
အသေးစိတ်လေးတွေကပဲ ကြီးမားတဲ့ ကွာခြားမှုကို ဖန်တီးပေးပါတယ်။

လက်ဝတ်ရတနာတစ်စုံဟာ အလှဆင်ပစ္စည်းတစ်ခုထက် ပိုပါတယ်။

“ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု” ကို ဖော်ပြပေးတဲ့အရာ၊
“အောင်မြင်သူတစ်ယောက်ရဲ့ Lifestyle” ကို ပြသပေးတဲ့အရာ၊
“ယုံကြည်မှု” နဲ့ “ဂုဏ်သိက္ခာ” ကို ပိုမိုတောက်ပစေတဲ့ အရာတစ်ခုဖြစ်ပါတယ်။

💎 သင့်ရဲ့ အောင်မြင်မှုနဲ့ ထိုက်တန်တဲ့ လက်ဝတ်ရတနာကို ရွေးချယ်တော့မယ်ဆိုရင် Diamond Nori ကိုသာသတိရလိုက်ပါ… 🧡

#အကောင်းဆုံးကွာလတီdiamondnori

23/06/2026

ယခုမျှဝေပေးမှာကတော့ စိန်ကို အရောင်သွင်းခြင်းနဲ့ အရောင်ပြင်ခြင်းအကြောင်းပဲ ဖြစ်ပါတယ်ရှင် 🧡

စိန်ထဲကို အနုမြူဓာတ်ရောင်ခြည် ဖြတ်သန်းခြင်းဖြင့် အရောင်သွင်းသောနည်းလမ်းရှိပါတယ်ရှင်။
ထိုနည်းလမ်းကို သုံးခြင်းအားဖြင့် အစိမ်းရောင်၊အဝါရောင်၊အညိုရောင်နှင့် အပြာရောင်စိန်များ ရရှိစေနိုင်ပါတယ်ရှင်။

အရောင်သွင်းထားသော စိန်များသည် အနုမြူသတ္တိကြွခြင်းကြောင့်လည်းကောင်း၊အရောင်သွင်းရသည့် စရိတ်ကြီးမားခြင်းကြောင့်လည်းကောင်း အရောင်းအဝယ်ဈေးကွက်အတွင်းသို့‌အရောက်နည်းခြင်းဖြစ်ပါတယ်ရှင်။

အရောင်စွဲအနည်းငယ်ပါနေသော စိန်ပွင့်များကိုဖြူဖွေးသည်ဟု ထင်မြင်လာအောင် ပြုပြင်ပေးနိုင်သည့် နည်းလမ်းများလည်းရှိပါတယ်ရှင်။ဉပမာ အဝါရောင်စွဲရှိနေသော စိန်ပွင့်များ၏ ချွန်းဖက်အကွက်များကို အဖြူရောင် (သို့)ခရမ်းရောင်ခပ်ပါးပါး သုတ်လိမ်းခဲ့လျှင် စိန်သည်ပို၍ ဖြူဖွေးသယောင်ထင်ကြရပါတယ်ရှင်။

အရောင်ပြင်ရန် ဆေးခပ်ပါးပါးမျှ သုတ်လိမ်းထားသည့်အတွက်ရုတ်တရက်ဆို မသိနိုင်ပါဘူးရှင်။သို့ပေမယ့်အနားစွန်းများနှင့်ခါးနေရာများကို 10X ချဲ့အိတ်ဆောင်မှန်ဘီလူးဖြင့်အသေအချာကြည့်လျှင် သုတ်လိမ်းထားတဲ့ ဆေးအရောင်ကိုမြင်နိုင်ပါတယ်ရှင်။အသုံးပြုသောဆေးမှာ များသောအားဖြင့် ရေတွင်ပျော်ဝင်နိုင်သော ဆေးများဖြစ်တာကြောင့် ရေနွေးပူပူနှင့် ဆေးကြောတဲ့အခါမှာ ဆေးရောင်ပျောက်သွားနိုင်ပါတယ်ရှင်။

စိန်တွင်အရောင်စွဲရှိသော စိန်ထည်များကိုအမြင်ကောင်းအောင်ဖန်တီးကြသည့် နောက်ထပ်နည်းလမ်းတစ်မျိုးမှာ လက်ဝတ်ရတနာများပြုလုပ်ကြတဲ့အခါ ရွှေအစား ပလက်တီနမ် (သို့) ငွေရောင်များ ပြောင်းထားသဖြင့် အမှတ်တမဲ့ကြည့်လျှင် စိန်ပွင့်များသည်ဖြူဖွေးသည်ဟု ထင်ရပါတယ်ရှင်။

ဒါ့ကြောင့် စိန်ပွင့်များကို လက်ဝတ်ရတနာထည်များတွင် ကြည့်ရှုကြသည့်အခါ စိန်၏ အပေါ်မျက်နှာပြင်(ကရောင်း) ပိုင်းကို 10X ဆချဲ့ မှန်ဘီလူးဖြင့် မှန်ကွက်နှင့်အပြိုင်အနေအထားအတိုင်း ဘေးစောင်းကြည့်ခဲ့လျှင် စိန်ပွင့်၏ ပကတိအရောင်ကို သိနိုင်မှာဖြစ်ပါတယ်ရှင်။

နောက်အပိုင်းတွေမှာလည်း စိန်နဲ့ပတ်သက်တဲ့ဗဟုသုတရစရာတွေကို Diamond Nori page မှတစ်ဆင့်ဆက်လက်မျှဝေပေးပါဦးမယ်ရှင်🧡

#အကောင်းဆုံးကွာလတီdiamondnori

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Junction City ( Corner Of Bogyoke Aung San Road & Shwe Dagon Pagoda Road ) , 1st Floor/Shop (02-062/063)
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00