Revive Bag Spa By Thida Lwin

Revive Bag Spa By Thida Lwin

Share

Bring your beloved bags back to life and in some instances, they will look as good as new

Revive Bags Spa မှ ရရှိသော Service တွေကတော့

👜 Treatment Spa ( အိတ်အတွင်းအပြင် အခြောက်လျှော်ပေးပြီး Leather Treatment နှင့် Leather ကာလာတွေ အရောင်မကျစေရန် UV Protection ပြုလုပ်ပေးခြင်း)

👜 Recoloring ( အိတ်တွေ ဆေးကွက်တာ ဒေါင့်တွေပွန်းတာ၊ အရောင်မှိန်တာတွေအတွက် အရောင်ပြန်တင်ပေးခြင်း)

👜 Repairing ( အိတ်တွေကြိုးပျက်ခြင်း၊ ဇစ်ပျက်ခြင်း၊ ပေါက်ပြဲခြင်း စတဲ့ အမျိုးမျိုးသော ပျက်စီးမှုများအား ပြန်လည်ပြင်ဆင

14/07/2026

New Journey, New Destination! ✨🏛️

Revive Bag Spa ရဲ့ Branch အသစ်ကို သန်လျင် Star City မှာ ဖွင့်လှစ်လိုက်ပါပြီ။ Branch အသစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် Premium Bag Spa Free ပေးမယ့် World Cup Campaign လုပ်ပေးနေပါတယ်နော်။

Main Page က ချစ်ရသူတွေလည်း အောက်က Comment က Link ကနေတစ်ဆင့် Star City Page မှာ သွားရောက်ကံစမ်းနိုင်ပါတယ်ရှင်။ 👇🏆⚽

🏆 Champion မှန်ရင် $160 က Lady Boss တို့အတွက်✨🌟✨

2026 World Cup Winner ခန့်မှန်းရင်း... ကိုယ့်အိမ်က Lady တို့အတွက် 160$ တန် Premium Bag Spa နှင့် Premium Gifts လက်ဆောင်များ ပိုင်ဆိုင်နိုင်ကြမယ်🏆

ကိုကိုတွေ၊ မောင်မောင်တွေ ဘောလုံးပွဲကြည့်ရင်း Winner ခန့်မှန်းရုံနဲ့ အိမ်က Lady တွေ နေ့စဉ်မြတ်နိုးစွာ အသုံးပြုနေတဲ့ Branded အိတ်လေးတွေကို Premium Bag Spa နှင့် Bag Care Accessories များကို လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ (အိတ်ပိုင်ရှင် မမတွေ ကိုယ်တိုင်လည်း ပါဝင်နိုင်ပါတယ်) 🤩

🎁 ရရှိမည့် ဆုလက်ဆောင်များ

Grand Prize (အစောဆုံး မှန်ကန်သူ ၃ ဦးအတွက်)

✅တစ်ဦးလျှင် Full Premium Bag Spa ($160 Value) လုံးဝ အခမဲ့ ပေးအပ်သွားပါမယ်။ (Luxury အိတ်တစ်ခုလုံးအတွက် အဆင့်မြင့် အိတ်သန့်စင်ခြင်းနှင့် သားရေ ထိန်းသိမ်းခြင်းများ ပါဝင်ပါတယ်)

✅Special Prize (နောက်ထပ် အဖြေမှန်သူ ၁၀ ဦးအတွက်)

Luxury အိတ်လေးတွေကို အမြဲသစ်လွင်ပြီး ပုံကျနေစေမယ့် Premium Care Set (၁) စုံစီ ကို လက်ဆောင်အဖြစ် ထပ်မံပေးအပ်သွားပါဦးမယ်။ (ကံထူးရှင် တစ်ဦးချင်းစီအတွက် အောက်ပါ လက်ဆောင် ၄ မျိုးစလုံး အပြည့်အစုံ ပါဝင်မှာဖြစ်ပါတယ်)

🔥Bag Organizer
🔥Rain Cover (မိုးရေဒဏ်မှ ကာကွယ်ရန်)
🔥Premium Carbon နဲ့
🔥Dry Silica (အစိုဓာတ်နှင့် မှိုတက်ခြင်းမှ အထိရောက်ဆုံး ကာကွယ်ရန်)

📌 ပါဝင်ရမည့် စည်းကမ်းချက်များ

မိမိ ခန့်မှန်းသည့် World Cup Winner အသင်းကို Comment တွင် မိမိကိုယ်ပိုင် နံပတ်ဖြင့် ရေးသားရန်။

ဤ Post ကို Save (သိမ်းဆည်း) ထားရန်။ (မိသားစုဝင် သို့မဟုတ် ချစ်သူကို Mention ခေါ်ခိုင်းလည်း ရပါသည်)

⚠️ အထူးသတ်မှတ်ချက်
ဤဆုသည် လက်ရှိသုံးနေသော အိတ်များအတွက် သန့်စင်ထိန်းသိမ်းမှု Bag Spa သီးသန့်သာ ဖြစ်ပါသည်။ (ချုပ်ရိုးပြုတ်၊ ဇစ်လဲ၊ သားရေပွန်းပဲ့ခြင်းနှင့် ဆိုးဆေးအရောင်ပြောင်းလဲခြင်း စသည့် Error ပြင်ဆင်မှုများ — Repair & Recolor မပါဝင်ပါ)

📅 Campaign ကာလ
ယနေ့မှစတင်၍ ဇူလိုင်လ (၁၉) ရက်နေ့အထိသာ။

(ပွဲကန်နေစဉ်အတွင်း Comment ပေးထားသော အချိန် Timestamp ကိုသာ အတည်ပြုပါမည်)

Lady တို့ရေ... မိမိတို့ရဲ့ Luxury Bag လေးတွေကို Revive မှာ Premium အဆင့်အတန်းအတိုင်း $160 တန်ဖိုးရှိ Bag Spa Premium နဲ့ လိုအပ်တဲ့ Accessories တွေ ရယူနိုင်ဖို့ အခုပဲ အိမ်ကဘောလုံးပွဲကြည့်တဲ့ လူကြီးကို Mention ခေါ်ပြီး အမြန်ဆုံး ဝင်ရောက်ဆင်နွှဲလိုက်တော့နော်။ ✨

14/07/2026

Cowhide Leather သုံးထားတဲ့ Luxury အိတ်တွေက အရောင်ပြောင်းပြီး ညစ်ပေလွယ်တာကို သတိထားမိကြလား?

Luxury အိတ်တွေမှာ သုံးလေ့ရှိတဲ့ Italy Cowhide Leather စစ်စစ်တွေက ဆေးဆိုးထားခြင်းမရှိဘဲ သားရေကို ပေါင်းခံပြီး Raw Leather အစစ်အတိုင်း သုံးထားလို့ ဖြစ်ပါတယ်။

Raw Leather ရဲ့ သဘာဝအရ ဘာနဲ့မှမထိတွေ့ဘဲ သူ့အတိုင်းထားရင်တောင် လေနဲ့ Oxidization ဖြစ်ပြီး အရောင်တွေ ရင့်လာတတ်ပါတယ်။ အဆိုးဆုံးကတော့ သားရေသားက အရည်နဲ့ အငွေ့တွေကို စုပ်ယူရလွယ်တာကြောင့်... မိုးရေလိုမျိုး အရည်တစ်မျိုးမျိုး ဖြစ်ဖြစ်၊ Lotion, Hand Gel, Perfume တွေနဲ့ လက်ဖဝါးကထွက်တဲ့ ချွေးတွေနဲ့သာ ထိတွေ့မိရင် အစွန်းအကွက်တွေ ထင်ကျန်ရုံတင်မကဘဲ ချက်ချင်း မဲညစ်သွားတတ်ပါတယ်ရှင်။

ဒါကြောင့် Cowhide Leather ကို သုံးထားတဲ့ အိတ်လက်ကိုင်တွေဆိုရင် လူ့အသားအရေနဲ့ မကြာခဏ ထိတွေ့ရတာဖြစ်တဲ့အတွက် မဲညစ်တာ အရမ်းသိသာပါတယ်။ အိတ်လေးက တဖြည်းဖြည်းနဲ့ အရောင်ပြောင်းလာပြီး နောက်ဆုံးမှာတော့ Leather က အရောင်မလှတော့ဘဲ ပျော့ပြီး ဆွေးမြည့်ပျက်စီးသွားတတ်ပါတယ်။ အဆိုးဆုံးကတော့ ဆွေးသွားတဲ့အထိ ပစ်ထားမိရင် ပြုပြင်လို့ လုံးဝမရတော့ဘဲ Leather အသစ် အစားထိုးလဲလှယ်ရတဲ့အတွက် ကုန်ကျစရိတ် ပိုမိုများပြားသွားနိုင်ပါတယ်ရှင်။

ဒါကြောင့် Cowhide Leather သုံးထားတဲ့ အိတ်လေးတွေကို ပုံမှန်စစ်ဆေးပေးဖို့ လိုတဲ့အပြင် Condition စတင်ပြောင်းလဲလာပြီဆိုရင် ချက်ချင်း Bag Spa ပို့ဖို့ လိုအပ်ပါတယ်နော်။

ညီမတို့ Revive မှာဆိုရင် Founder အမ သီတာလွင် ကိုယ်တိုင် Well-Trained ပေးထားတဲ့ Professional Staff များက အဆင့်မြင့်နည်းပညာတွေနဲ့ သေသပ်ပြီး အနုစိတ်ကျနေအောင် ပြုပြင်ပေးနေတာဖြစ်လို့ မမတို့ရဲ့ အဖိုးတန် Luxury အိတ်လေးတွေ မူလအတိုင်း ပြန်လည်လှပဖို့အတွက် Revive Bag Spa ဆီသို့သာ လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင်။ 🥰

Call Center Number
09-779 779 809

Disclaimer: No copyright infringement. Product photos are for Repairing Service purposes only. We do not own the trademark of the product. All rights and credits go to the rightful owner.

12/07/2026

သိန်းရာချီတန်တဲ့ အိတ်လေးတွေ... ကိုယ့်လက်နဲ့ကိုယ် ဖျက်ဆီးမိနေတာ သတိမထားမိလိုက်ဘူးမလား? 😱

Luxury အိတ်ချစ်သူတွေ အလွန်အဖြစ်များတဲ့ (အမှားဆိုး) ၃ ချက်အကြောင်းနဲ့ အဲ့ဒီအမှားတွေကြောင့် အိတ်လေးတွေ ဘယ်လို ပျက်စီးသွားတတ်လဲဆိုတာကို ဒီနေ့ Bag Talk by Revive မှာ အသေးစိတ် ဆွေးနွေးထားပါတယ်။

တကယ်လို့ Lady Boss တို့ရဲ့ အိတ်လေးတွေ တစ်ခုခု ဖြစ်နေပြီဆိုရင်တော့ အိမ်မှာ လျှောက်မစမ်းပါနဲ့... Revive Bag Spa ဆီသာ အမြန်ဆုံး ပို့လိုက်ပါနော်။ 🥰

Call Center Number
09-779 779 809

Disclaimer: No Copyright infringement.
Treatment names, Luxury bags, background music, and models in these photos are provided for knowledge-sharing and service purposes only.

07/07/2026

အခု Spa မလုပ်ရင် နောက်မှ Treatment ပြန်ယူလည်း အနံ့လုံးဝ မပျောက်တော့ဘူးနော်

🌧️ မိုးရာသီရောက်ပြီဆိုတာနဲ့ မဖိတ်ခေါ်ဘဲ လိုက်ပါလာတတ်တဲ့ အနံ့ဆိုးတွေက... တန်ဖိုးကြီး Luxury အိတ်ချစ်သူတွေအတွက် အကြီးမားဆုံး အိပ်မက်ဆိုးပါပဲရှင်။

အိတ်လေးကနေ အနံ့အသက်တွေ စထွက်နေချိန်မှာ ချက်ချင်း Spa မလုပ်ဘဲ ထားလိုက်မယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ အနံ့ဆိုးတွေက Leather အတွင်းပိုင်းအထိ စွဲကပ်သွားပြီး Treatment ယူပြီးရင်တောင် အနံ့လုံးဝ ပျောက်ဖို့ ခက်ခဲသွားတတ်ပါတယ်။ ဒါတင်မကဘဲ စိုထိုင်းဆကြောင့် မှိုတက်တာ၊ ဖားဥစွဲတာတွေ ဖြစ်လာနိုင်ပြီး အချိန်လွန်သွားရင်တော့ Leather အသားပါ ဆွေးမြည့်ပျက်စီးသွားတဲ့အထိ ဆိုးရွားသွားနိုင်ပါတယ်ရှင်။

အခုလို စိုထိုင်းဆများတဲ့ ရာသီမှာ အိတ်တွေကို ပုံမှန်ထုတ်ပြီး သေချာစစ်ဆေးပေးဖို့ လိုအပ်ပါတယ်နော်။ Condition ပြောင်းလဲစပြုနေပြီလို့ ခံစားရရင်တော့ Bag Spa ကို ချက်ချင်းပို့ပြီး Treatment ယူဖို့ အကြံပြုလိုက်ပါရစေ။

Revive မှာ Luxury အိတ်တွေကို Brand အလိုက်၊ Leather အသားအလိုက် အနုစိတ် ပြုပြင်ပေးနေတဲ့ ၆ နှစ်တာ အတွေ့အကြုံရှိ Professional Staff တွေဟာ... Founder အစ်မသီတာလွင် ကိုယ်တိုင် သူမရဲ့ အတတ်ပညာ၊ စံချိန်စံညွှန်းတွေကို အသေအချာ လက်ဆင့်ကမ်း သင်ကြားမွေးထုတ်ပေးထားတဲ့ တပည့်ရင်းတွေပဲ ဖြစ်ပါတယ်ရှင်။

Luxury အိတ်တွေအတွက် မိုးရာသီ မှိုအနံ့ ပြဿနာတွေဆိုရင် ညီမတို့ Revive ကနေ အပြည့်အဝ တာဝန်ယူလိုက်ပါရစေရှင်။

🥰 အိတ်လေးတွေရဲ့ Condition ကို တိုင်ပင်ဆွေးနွေးချင်တာပဲဖြစ်ဖြစ်၊ Service အသေးစိတ် မေးမြန်းချင်တာပဲဖြစ်ဖြစ် Revive ရဲ့ Chatbox မှာ အခုပဲ လာရောက်မေးမြန်းနိုင်ပါပြီရှင်။

Disclaimer: No Copyright infringement. Product photos are for Repairing Service purposes only. We do not own the trademark of the product. All rights and credits go to the rightful owner.

05/07/2026

ကျောင်းကြိုပို့ လုပ်ရတဲ့ မေမေတို့အတွက် Luxury အိတ်တွေမှာ အဖြစ်များတဲ့ Error တွေဖြစ်တဲ့ မှင်စွန်းတာ၊ ဆီကွက်တာမျိုးတွေကို ဘယ်လိုဖြေရှင်းသင့်လဲ၊ ဘာတွေမလုပ်သင့်ဘူးလဲဆိုတာ သိပြီးကြပြီလား?

Call Center Number
09-779 779 809

Disclaimer: No Copyright infringement.
Treatment names, Luxury bags, background music, and models in these photos are provided for knowledge-sharing and service purposes only.

04/07/2026

👨‍🍳 MasterChef Revive 2026 🏆

🚨 ပြိုင်ပွဲစတင်ပါပြီ! 👨‍🍳🔥

MasterChef Revive ရဲ့ ပထမဆုံးစိန်ခေါ်မှုကို စတင်လိုက်ပါပြီ!

ဒီတစ်ခါတော့ Team တွေဟာ အလုပ်တာဝန်တွေကို ခဏနားပြီး မီးဖိုချောင်ထဲမှာ အရည်အချင်းတွေကို ပြသရတော့မှာ ဖြစ်ပါတယ်။

🥘 ဘယ် Team က အရသာအကောင်းဆုံး ဟင်းပွဲကို ဖန်တီးနိုင်မလဲ?
🎨 ဘယ် Team က Presentation နဲ့ အားလုံးကို အံ့ဩစေမလဲ?
🤝 ဘယ် Team က အကောင်းဆုံး Teamwork ကို ပြသနိုင်မလဲ?

အကဲဖြတ်မှုကိုတော့...
⭐ Taste
⭐ Presentation
⭐ Creativity
⭐ Hygiene
⭐ Teamwork တို့အပေါ် အခြေခံပြီး Rating ပေးသွားမှာ ဖြစ်ပါတယ်။

အပတ်စဉ် ရမှတ်တွေကို စုစည်းပြီး MasterChef Revive Champion Team ကို ဂုဏ်ပြုဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ 🏆

ညီမတို့ Revive ရဲ့ ယုံကြည်ချက်ကတော့...
အကောင်းဆုံး Team တွေဟာ အလုပ်စားပွဲပေါ်မှာတင် မဟုတ်ဘဲ၊ မီးဖိုချောင်ထဲမှာလည်း အတူတကွ အောင်မြင်မှုတွေ ဖန်တီးနိုင်တယ် ဆိုတာပါပဲ ရှင်။ 💙

🔥 Ready... Set... Cook!
Who will be crowned the first MasterChef Revive Champion?

03/07/2026

အိတ်လေးတွေ သိမ်းထားတာကြာလို့ သုံးမယ်ဆိုပြီး ထုတ်ကြည့်တော့မှ အခုလို Error ဖြစ်နေတာမျိုး၊ ဒါမှမဟုတ် သုံးနေရင်းနဲ့မှ Logo Design ကွက်လာတာမျိုး ကြုံဖူးကြလား?

Call Center Number
09-779 779 809

Disclaimer: No Copyright infringement.
Treatment names, Luxury bags, background music, and models in these photos are provided for knowledge-sharing and service purposes only.

01/07/2026

Luxury အိတ်ချစ်သူ မမတို့ရဲ့ အမှတ်တရတွေ များစွာရှိတဲ့ အိတ်လေးတွေ သုံးတာများလို့ အရောင်တွေကျပြီးတော့ အနားသားတွေ ပျက်စီးနေလို့ Bag Spa အပ်ဖို့ တွေးနေပြီလား?

ဒါဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော Bag Spa ဆိုင်ဖြစ်ပြီးတော့ ၆ နှစ်တာ အတွေ့အကြုံရှိတဲ့ Revive Bag Spa ကို လာရောက်အပ်နှံဖို့ ဖိတ်ခေါ်ချင်ပါတယ်🙋

Call Center Number
09-779 779 809

Disclaimer: No Copyright infringement.
Treatment names, Luxury bags, background music, and models in these photos are provided for knowledge-sharing and service purposes only.

26/06/2026

🎙️ Roundtable Podcast: မှိုတက်ခြင်းနှင့် စိုထိုင်းဆပြဿနာ - Now Streaming❗

စောင့်မျှော်နေကြတဲ့ Roundtable Podcast အစီအစဉ်သစ်ကို Founder အမနဲ့အတူ မိုးတွင်းကာလမှာ အိတ်တွေ ထိန်းသိမ်းနည်း၊ မှိုတက်ခြင်းနဲ့ စိုထိုင်းဆကြောင့် အဖြစ်များတဲ့ Error တွေအကြောင်းနဲ့ အဆင့်မြင့်ဇိမ်ခံပစ္စည်း (Luxury Items) တွေရဲ့ တန်ဖိုးကို ရေရှည်ထိန်းသိမ်းနည်းတွေကို ဆွေးနွေးပေးထားပါတယ်ရှင်။

မိုးရာသီမှာ ကိုယ့်ရဲ့အဖိုးတန်အိတ်လေးတွေ ပျက်စီးမသွားအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာ ဒီ Podcast လေးမှာ ကြည့်ရှုလေ့လာရင်း luxury အိတ်ချစ်သူ မမတို့ရဲ့အမြင်တွေကိုလည်း Comment မှာ မျှဝေပေးခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ 🥰

25/06/2026

👜 အိတ်လေးတွေကို Bag Spa ပုံမှန်ပို့ဖို့ တကယ်ရော လိုအပ်လို့လား ❓

Luxury အိတ်တွေကို Spa အပ်တာဟာ ငွေဖြုန်းတာမဟုတ်ဘဲ အိတ်ရဲ့ Re-sale Value (ပြန်လည်ရောင်းချမှုတန်ဖိုး) နဲ့ အလှတရားကို ရေရှည်ထိန်းသိမ်းမယ့် ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်ရှင်။

သားရေစစ်စစ်နဲ့ လုပ်ထားတာမို့ ပုံမှန် Treatment မလုပ်ဘဲ ပစ်ထားရင်

❌အရောင်မွဲတာ
❌မှိုတက်တာနဲ့
❌အက်ကွဲတာမျိုးတွေဖြစ်ပြီး
❌ပြန်ပြင်မရတဲ့အထိ တန်ဖိုးကျသွားနိုင်ပါတယ်။

🤕နည်းလမ်းမမှန်တဲ့ Home Spa တွေကြောင့် အိတ်ပျက်စီးတာမျိုးမဖြစ်ဖို့ Luxury Bag Spa ကို ပို့တာကသာ စိတ်အချရဆုံးပါပဲ။

✨ Luxury အားလုံးအတွက် Revive
Revive Bag Spa ရဲ့ အဓိကအားသာချက်ကတော့ အိတ်ရဲ့ မူရင်းအသားအရေ၊ ချုပ်ရိုးချုပ်သားနဲ့ မူရင်းပုံစံ လုံးဝမပျက်စေဘဲ Original အတိုင်း ပြန်လည် ပြုပြင်ပေးခြင်းပဲ ဖြစ်ပါတယ်။

Founder အမသီတာလွင် ကိုယ်တိုင် Well-Trained ပေးထားတဲ့ Professional Staff များက အဆင့်မြင့်နည်းပညာတွေနဲ့ အနုစိတ်ဆုံး ပြုပြင်ပေးတာမို့ မမတို့ရဲ့ အဖိုးတန် Luxury အိတ်လေးတွေ မူလအတိုင်း ပြန်လည်လှပဖို့အတွက် Revive Bag Spa ဆီသို့သာ လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင်။ 🥰

Disclaimer: No Copyright infringement.

Products of these photos are for Knowledge sharing and Bag Spa services purposes only.

We do not own the trademark of the product.
All rights and credits go to the rightful owner.

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 25, Room 305, Lift 3, Beside Shwe Moe Store II, Damazadi Road, Yuzana Business Tower, In Front Of Happy Zone ( People Park )
Yangon
11111

Opening Hours

Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30
Saturday 09:00 - 16:30
Sunday 09:00 - 16:30