Hair Queen - Nge Lay
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hair Queen - Nge Lay, Health/Beauty, Yangon.
29/12/2025
#တစ်ဗူးဝယ်တစ်ဗူးလက်ဆောင်တို့ #သုံးဗူးဝယ်တစ်ဗူးလက်ဆောင်တို့နဲ့HairQueenPromotionsလာပြန်ပါပြီရှင့်
အမြဲတမ်း ဒီလို Promotions ချိန်ကိုစောင့်ဝယ်ကြတဲ့
Hair Queen ချစ်သူတို့အတွက်
☃️ Hair Oil 3 ဗူး ဝယ် 1 ဗူး လက်ဆောင်
☃️ Shampoo 1 ဗူး ဝယ် 1 ဗူး လက်ဆောင်
☃️ဝက်ခြံတင်းတိတ်အမည်းစက်ပျောက်အသားချော
ဆပ်ပြာ 1 ဗူး ဝယ် 1 ဗူး လက်ဆောင်
လက်ကားယူချင်သူတွေအတွက်လည်း ရပါသေးတယ်ရှင့် အဲဒါကတော့ 25 ရက်နေ့ တစ်ရက်ထဲပဲ All Products 10 + 1 ရ မှာပါ ဆိုတော့ အရမ်းတန်နော်
Hair Queen က အမြဲတမ်း ပေးတာမို့ သုံးနေကြသူတွေ ဒီချိန်စောင့်ဝယ်နေကြဆိုတော့ ဒီတစ်ခါ လက်လီ promotions ကို 25.12.25 ကနေ 31.12.25 ထိ ပေးထားပါတယ်ရှင့်
ဆံသားအားဖြည့်ဆီ...၁ ဗူး...19500
Shampoo ၁ ဗူး...25000 ( 2 ဗူး ရ )
ဆပ်ပြာတစ်ဗူး....16000 ( 2 ဗူး ရ )
royal ရောက်တဲ့မြို့တိုင်း အိမ်ရောက်ငွေချေ ရပါတယ်ရှင့်
☎️ 09400475306
☎️ 09774457669
29/12/2025
reviewပေါင်းများစွာနဲ့ ရပ်တည်နေတဲ့ Hairqueen....🩵
ဝယ်ယူသူတိုင်း ထပ် ထပ် မှာတဲ့ Hairqueen😘
သဘာဝစစ်စစ်မို့စိတ်ချလက်ချသုံး...👌
24/12/2024
ပထမဆုံးပေးတဲ့အခွင့်အရေးကြီး
25000 တန် Shampoo တစ်ဗူးလက်ဆောင်ယူနော်
Hair Oil 5 ဗူးဝယ်တိုင်း Shampoo တစ်ဗူး
လက်ဆောင်ရမှာဆိုတော့ ရှယ်တန်နေပြီနော်
အခွင့်အရေးရတုန်း အမြန်ဝယ်လိုက်တော့နော်
15/11/2024
.
🎆တန်ဆောင်းမုန်းလပြည့် သာမညဖလ အခါတော်နေ့ 🎆
🙏🙏
***********************
မြတ်စွာဘုရားရှင်သည်
အဇာတသတ်မင်းကြီးအား ရဟန်းပြုသဖြင့် ရရှိမည့်အကျိုးတရားတော်
(သာမညဖလသုတ္တန် တရားတော်)ကို
တန်ဆောင်မုန်းလပြည့်နေ့တွင် ဟောကြားခဲ့ပါသည်။
အဇာတသတ်မင်းသည် ဖခင်ဖြစ်သူ ဗိမ္မိသာရ မင်းကြီးကို သတ်မိသောကြောင့် ကံကြီးထိုက်ပြီး အိပ်မပျော်သောဝေဒနာ စွဲကပ်ခဲ့ပါသည်။
ဆရာဇီဝက၏ အကြံပေးချက်အရ ဘုရားရှင်ထံ ဖူးမြော်ရန်သွားသောအချိန်သည် တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန်ဖြစ်သည်။
ဘုရားကျောင်းသို့ သွားသောအခါ ညအခါဖြစ်သည်ကတကြောင်း၊ တောရိပ်သစ်ရိပ် ဖုံးအုပ်နေသည်ကတကြောင်း၊ အမှောင်ဖုံးနေသည်ကတကြောင်းတို့ကြောင့်
လိုက်ပါလာသူအားလုံး မီးရှုးမီးတိုင် ကိုယ်စီထွန်းညှိပြီး သွားကြရသည်။
မီးရှုးမီးတိုင်ကို ပေါရာဏ ဝေါဟာရအားဖြင့်
"တန်ဆောင်တိုင်" ဟုခေါ်သည်။
အဇာတသတ်မင်းသည် ရာဇဂြိုဟ်မြို့အနီး ဇီဝကလှူထားသော သရက်ဥယျာဥ်၌ သီတင်းသုံးလျှက်ရှိသော
မြတ်စွာဘုရားထံမှ သာမညဖလခေါ်
*(ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်းရရှိသောအကျိုး)* တရားတော်ကို
တန်ဆောင်မုန်းလပြည့်နေ့ညတွင် နာကြားခဲ့ရပါသည်။
တရားတော်နာရသည့်အတွက် အိပ်မပျော်သောရောဂါ လုံးဝပျောက်ကင်းသွားပါသည်။
ပုထုဇဥ်တို့တွင် ရတနာသုံးပါးကို အကြည်ညိုဆုံး ပုဂ္ဂိုလ်အဖြစ် ဧတဒဂ်ပေး မှတ်တမ်းတင်ခြင်းခံရပါသည်။
ဒုက္ခကြီးလေးသော မဟာအဝီစိငရဲ၌ မကျတော့ပဲ ဒုက္ခပေါ့ပါးသော လောဟကုမ္ဘီငရဲ၌သာ ခံစားရခြင်း၊ နောင်သောအခါ ဝိဇိတာဝီ အမည်ဖြင့် ပစ္စေကဗုဒ္ဓါဖြစ်၍ ကျွတ်တမ်းဝင်ရမည်ဖြစ်ပါသည်။
အဇာတသတ်မင်းသည် ပထမသင်္ဂါယနာ မင်းအဖြစ် မှတ်တမ်းတင်ခံရခြင်း၊ မြတ်စွာဘုရား၏ ဓာတ်တော်များကို သိမ်းဆည်း၍
ဓာတ်တော်တိုက်ကြီးတည်ထားခဲ့ခြင်း၊ ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့ခြင်းတို့ ပြုလုပ်နိုင်ခဲ့ပါသည်။
အဇာတသတ်မင်း စုဆောင်းထားသော ဓာတ်တော်များကို ရှာဖွေ၍ သီရိဓမ္မာသောကမင်းကြီးက စေတီပေါင်း ရှစ်သောင်းလေးထောင် တည်ထား၍
သာသနာပြုခဲ့သောကြောင့် နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့်ရရှိနေခြင်းဖြစ်ပါသည်။
-------------
နိုင်ငံတော် ပိဋကတ်စာကြည့်တိုက်မှူး ဘဒ္ဒန္တပညာသာမိ(မာဂမီသာစည်) ဆရာတော် ရေးသားပြုစုသော အခါတော်နေ့များစာအုပ်မှ။
-------------
တန်ဆောင်မုန်းလပြည့်ည နှင့်
မဲဇလီဖူးသုတ်
•••••••••••
ကြတ္တိကာကြယ်မင်း ထွန်းလင်းကာရာသီမှာ ဗြိတ္ဆ ရာသီဖြစ်ပါသည်။
ရာသီရုပ်မှာ ကင်းပုဇွန်ရုပ် ရာသီပန်းမှာ ခဝဲပန်းဖြစ်ပါသည်။
တန်ဆောင်မုန်းလပြည့်ညတွင် ကောင်းကင်တစ်ခွင်လုံး အလွန်သာယာလှပနေပါသည်။
ဝင်းပကြည်လင်သော လပြည့်ဝန်းနှင့်အတူ သြတ္တိကနက္ခတ်နှင့် ကျီးတာရာ၊ ဟင်္သာတာရာ၊ ကြယ်တာယာ၊ နက္ခတ်ပေါင်းစုံ ကွန့်မြူးနေပေသည်။
ဤသို့ ကောင်းကင်နက္ခတ်စုံလင်နေသဖြင့် တစ်ဆယ့် နှစ်လသော လပြည့်ညများထဲတွင် အလှဆုံး၊ အတင့်တယ်ဆုံး လပြည့်နေ့ညဖြစ်ပါသည်။
ဤတန်ဆောင်မုန်းလပြည့်ည အချိန်အခါတွင် သစ်ရွက်သစ်ဖူးတို့၌ မဲဇလီဖူးသည် ဆေးပေါင်းခသည်ဟု အဆိုရှိကြပါသည်။
မဉ္ဇရီ ဟူ၍၎င်း၊ နတ်ပန်းမဉ္ဇူဟူ၍၎င်း၊ မဲဇလီကို တင်စားခေါ်ဝေါ်ကြပါသည်။
မဇ္ဇျိမဒေသမှလာတဲ့ သရကောမုဒိ ဆေးကျမ်းအရ တန်ဆောင်မုန်းလပြည့်ည သန်းခေါင်ယံ လမင်းကြီး ဝိုင်းစက်ပြည့်ဝန်းနေစဥ်မှာ
ကြတ္တိကာနက္ခတ်နှင့် စန်းယှဥ်၍ ပုဏ္ဍာတိတီ(ဗေဒင်အခေါ် တိတီ ၁၅လုံးအတွင်း) ဆေးပင်အပေါင်းကိုစောင့်ရှောက်သော နတ်တို့သည်
မဲဇလီပင်စောင့် နတ်မင်းကြီးထံ လာရောက်ခစားကြတာကြောင့် ထိုညထိုအချိန်မှာ မဲဇလီကို ဆေးဖက်ဝင်အောင် စီရင်ခြင်းဟာ အချိန်အခါကောင်း တစ်ရပ်လို့ ဖော်ပြထားပါတယ်။
ထိုသို့ စီရင်ရာမှာလည်း လမင်းကြီး ပြည့်ပြည့်ဝဝ ပြည့်ဝန်းနေချိန်မှာ အရှေ့ဖက်သို့ထွက်နေသော မဲဇလီ အဖူး၊ အပွင့်၊ အရွက်တို့ကို စုံလင်အောင် ဆွတ်ခူးယူ၍ ချက်ချင်း သုတ်စားရမယ်လို့ဆိုပါတယ်။
---------------
-
တန်ဆောင်မုန်းလနှင့် ကထိန်
••••••••••••
မန်လည်ဆရာတော်၏ မဃဒေဝ လင်္ကာကျမ်း၌
"ထို့ပြင်နောက်မှာ နှစ်ရာကျော်ငြား ငါးဆယ့်ငါးဖြင့် ရက်ပွားရောက်လွန်ဆုံးစွန်သော သရဒ ဟု မိုးလကုန်စဲ ကထိန်ပွဲ နှင့်" ဟူ၍
အတာကူးပြောင်းပြီး(၂၂၅) ရက် မြောက်သော တန်ဆောင်မုန်းလ မိုးဥတုအဆုံး "သရဒ ဥတု" အချိန်အခါ၌ ကထိန်ပွဲများကျင်းပကြောင်း ဖော်ကျူးထားပါသည်။
-------------
မသိုးသင်္ကန်း
•••••••••••••
မသိုးသင်္ကန်း ကပ်လှူခြင်းသည် ကထိန်အလှူမှ ထပ်ဆင့်ပေါ်ပေါက်လာသော ဒါနပွဲဖြစ်၏။
ကထိန်သင်္ကန်းလှူရာဝယ် သံဃာတော်များကို ကိုယ်တိုင်ချုပ်ဆိုးထားသော သင်္ကန်းအား ညအိပ်မသိမ်းစည်းပဲ လှူဒါန်းသောနေ့ အရုဏ်မတက်မီ သင်္ကန်းချုပ်ဆိုးမှုနှင့် အပ်နှင်းမှုများအား ပြီးစီးအောင် ဆောင်ရွက်နိုင်သော သင်္ကန်းကို မသိုးသင်္ကန်းဟုခေါ်ပါသည်။
သင်္ကန်းချုပ်ဆိုးနေစဥ်
အရုဏ်တက်လျှင်ဖြစ်စေ
အပ်နှင်းမှု လုံးဝမပြုပဲ
ညသိပ်ထားလျှင်ဖြစ်စေ
သင်္ကန်းသိုးသည်ဟု ဆိုပါသည်။
~~~~~~~~~~~~
( ဖတ်သမျှ မှတ်သမျှ ဗဟုသုတ. )
01/09/2024
ငွေးစျေး အခြေနေကြောင့် 1.9.2024 ရက်နေ့ မှ စပြီး
စျေးပြောင်းလဲ သတ်မှတ် ကြောင်း အသိပေး ပါရစေ ရှင့် ‼️
ကုန်ကြမ်းအခက်ခဲ ငွေစျေးမတည်ငြိမ်မှုကြောင့်
ပြောင်းလဲ သတ်မှတ်ခြင်း ဖြစ်သော ကြောင့် စဉ်ဆက်မပြတ်
ဝယ်ယူအားပေး သော မိတ်ဟောင်းမိတ်သစ်များ
နားလည် ပေးကြ မယ် လို့ မျှော်လင့် ပါ တယ် ရှင့် 💙🫶
ငွေစျေး ပြန်ကျ ခဲ့ ပါ က စျေးနှုန်း များ ပြန်ချ ပေး မည် ဖြစ်ကြောင်း လဲ အသိပေး ပါရစေ ခ 💙
ထူးခြားကောင်းမွန် တဲ့ အရည်သွေး နဲ့
အားလုံးရဲ့ ဆံသား အတွက်
30/06/2024
အသိပေးကြေညာခြင်း ‼️
HairQueen ကံစမ်းမဲ ရွှေ တကျပ်သား
မဲ ဖောက် ဖွင့် မည့် ရက် ကြေညာ ခြင်း
HairQueen ကံစမ်းမဲ အတွက် သတ်မှတ် တန်ဖိုး ဝယ် ယူ ထား သော customer များ အတွက် ကျေးဇူး တုံ့ ပြန် သော အား ဖြင့် ရွှေ တကျပ် သား မဲ ဖောက်ပေး မှာ ဖြစ် ပါ တယ် ရှင့် …
ကြေညာထားတဲ့ ရက် အချိန် မှာ Live လွင့် ပြီး ဖောက်ပေး မှာ ဖြစ် တဲ့ အတွက် ကံထူးသူ ဆီ Live ချိန် အတွင်း တိုက်ရိုက် ဖုန်းခေါ်ဆို မှာ ဖြစ် ပါ တယ် ရှင့်
3 ကြိမ် ဖုန်းခေါ် မှာ ဖြစ် တဲ့ အတွက် ဖုန်း မကိုင် ခဲ့ ရင်
ပယ်မဲ ဖြစ် သွား မဲ့ အကြောင်း ကြို တင် အသိပေးပါရစေ ခ ‼️
ကံစမ်းထားသော customer များ 5.7.2024 ရက်နေ့ မှာ
ဖုန်းကိုင် ဖို့ မမေ့ နဲ့ ကြ ခ နော် 🫶💙
03/06/2024
‼Hair Queen လေး စျေးတက်သွားပြီဆိုအစ်မတဲ့
ဟုတ်ပါတယ်ရှင်..
အစစအရာရာ အကုန်စျေးတက်နေတဲ့အတွက်
တောင့်မခံနိုင်ပဲ 1000 စျေးတက်လိုက်ရပါတယ်နော်...😔😔
စျေးပိစိလေး တက်လိုက်ရပေမယ့်
မိုးရာသီပရိုမိုးရှင်းလေးလုပ်ပေးထားလို့
ပိုတောင် တန်သွားပါသေးတယ်ရှင်..😇
တစ်ဘူး 16000 ks
2 ဘူး ➡ 30000 ks( save 2000 )
3 ဘူး➡ 40500 ks ( save 7500 )
5 ဘူး➡ 65000ks ( save 15000 )
30000 ဖိုးပြည့်ရင် ရွှေတစ်ကျပ်သားကံစမ်းခွင့် တစ်စောင် ကထပ်ရအုံးမှာပါတဲ့😱😱😱
စျေးတက်ပေမယ့် အရမ်းတန်နေသော
Hair Queen လေး..Pro ရှိတုန်း အမြန်သာဝယ်ဥ,ထားကြနော် 🤗😍😍
01/06/2024
Hair Queen ဆံသားအားဖြည့်ဆီလေး ဈေးနှုန်းလေး အနည်းငယ် ပြောင်းလဲသွားပါပီရှင်.....
ယခင်ဈေး 50ml - 15000
ယခု. 50ml - 16000 ပါရှင့်
ဈေးလေးပြောင်းသွားပေမယ့် ဒီ June လ တစ်လလုံး promotion လေးရှိပါတယ်နော်...
မှာယူလိုတယ်ဆိုရင်တော့ page cb သို့မဟုတ် 09965138455 ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်.....
26/05/2024
ပန်းပန်မှ နန်းဆန်တယ်ဆိုသလိုပဲ
ပန်းပန်ဖို့က လှပကျန်းမာသန်စွမ်းတဲ့ ဆံကေသာ ရှိဖို့လိုတယ်နော်
ကျန်းမာသန်စွမ်းတဲ့ဆံကေသာရဖို့က
ဆံသားနဲ့ဦးရေပြားကို ရေဓာတ်ဖြည့်ပေးပြီး
ဦးရေပြားပေါ်မှာရှိတဲ့ မှိုပိုးအညစ်အကြေးတွေ ရှင်းပေးဖို့လိုတယ်ခနော်
#ဦးရေပြားနှင့်ဆံသားအားဖြည့်ဆီ
#အဆိပ်ထုပ်ခေါင်းလျှော်ရည်
23/05/2024
ခုခေတ်စားနေတဲ့ထမင်း နည်းနည်း အိုးမကပ်အောင် ချက်နည်းလေး စမ်းသပ်အောင်မြင်🤗
ပုံပါအတိုင်းက နို့ဆီဘူးဝက်ကို စတီးချိူင့်လေးနဲ့ထည့်ချက်ထားတာပါ...
စတီးချိူင့်ထဲ ဆန်ဆေးပြီး ရေပုံမှန်တဆခွဲ
ထက် နဲနဲလျော့ထည့်ပါ...
ပေါင်းအိုးထဲတွင် ရေလက်တဆစ်ထည့်ပါ
မြန်မြန် ကျက်ချက်ရင် ဆန်ထဲရော ပေါင်းအိုးထဲရော ရေနွေးထည့်ချက်ရင် ပိုအကျက်မြန်ပါတယ်...
ခလုတ်နိုပ်ရုံပါပဲ...
ကျက်ခါနီးရင်မွှေပေးရင်ပိုကောင်းပါတယ်
ဆန်လေးတွေကော့စင်းနေတာပဲ
ထမင်းပူပူ လေးစားချင် နည်းနည်းလေး ချက်ရင် အိုးကပ်တာနဲ့ ဆန်နှမြောရတာတွေအတွက
ဒီနည်းလေးက အများကြီး အဆင်ပြေလို့
လက်တို့လက်ရပါကြောင်း...
♦Credit - မူရင်းရေးသားသူများ♦
22/05/2024
😇 ကဆုန်လပြည့် ဗုဒ္ဓနေ့ 🙏🏻
ယနေ့ (၂၀၂၄) ပြည့်နှစ်၊ မေလ (၂၂) ရက်နေ့၊ ဗုဒ္ဓဟူးနေ့သည်
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အထွတ်အမြတ်ထားရာ
ကဆုန်လပြည့် ဗုဒ္ဓနေ့ (ညောင်ရေသွန်းပွဲနေ့) ဖြစ်ပါတယ်
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ ...
(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်, စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ
သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....
#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့ တို့နှင့် တိုက်ဆိုက်နေပါတယ်..
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့် ပြည့်စုံတဲ့အတွက်
#ကဆုန်လပြည့်ဗုဒ္ဓနေ့ လို့ အမွှန်းတင် ခေါ်ဆိုကြပါတယ်။
ဗောဓိညောင်ပင်မှာ ညောင်ရေသွန်းလောင်းဖို့
အခွင့်အခါ မရပေမယ့်လည်း
အိမ်ထဲမှာ ဥပုသ်သီလဆောက်တည်ကာ
တရားဘဝနာ ပွားများပြီး ကုသိုလ်ယူနိုင်ကြပါစေနော် 😇
ကပ်ဘေးကြီးမှလည်း အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်.... 🙏🏻
Category
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 23:00 |
| Tuesday | 09:00 - 23:00 |
| Wednesday | 09:00 - 23:00 |
| Thursday | 09:00 - 23:00 |
| Friday | 09:00 - 23:00 |
| Saturday | 09:00 - 23:00 |
| Sunday | 09:00 - 23:00 |
Alerts
Be the first to know and let us send you an email when Hair Queen - Nge Lay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
