Kandy handmade soap
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kandy handmade soap, Beauty, cosmetic & personal care, No 349 Chanmyaetharyar Street shwe pyi thar, Yangon.
31/01/2026
💗မင်္ဂလာပါရှင့်
🌺🌺ကျွန်မတို့နေ့စဉ်တစ်ကိုယ်ရည်သန့်ရှင်းစေဖို့အတွက်ခေါင်းလျော်၊ရေချိုး၊မျက်နှာသစ် စတဲ့ပစ္စည်းများကိုလိုအပ်သလိုအသုံးပြုကြရပါတယ်
ခရီးသွားရမယ်ဆိုတဲ့အခါမှာလည်းကိုသုံးနေကျပစ္စည်းလေးတွေကိုစုံစေ့နေအောင်သတိထားပြီးယူသွား ကြမယ်ထင်ပါတယ်
🌺🌺ခရီးထွက်တဲ့အခါမှာဖြစ်စေ အိမ်မှာပဲရှိတဲ့အခါမှာဖြစ်စေ ဆပ်ပြာတစ်တုံးတည်းရှိရုံနဲ့ခေါင်းလျော်ရေချိုးမျက်နှာသစ်အတွက် အသုံးပြုနိုင်မယ့် Kandy handmade soap ကထုတ်
လုပ်ထားတဲ့ Shampoo soap လေးရှိပါတယ်နော်
🧼🧼ဆပ်ပြာတစ်မျိုးတည်းနဲ့ head to toe ခေါင်းအစခြေအဆုံး အသုံးပြုနိုင်လို့ travel friendly& eco friendly လည်းဖြစ်ပါတယ်ရှင့်
ဆပ်ပြာလို့ဆိုပေမယ့် ပုံမှန်ကိုယ်တိုက်ဆပ်ပြာ
တွေနဲ့မတူပဲ ဆံပင်အတွက်ပါအသုံးပြုနိုင်တဲ့သီးခြား Formula လေးနဲ့ထုတ်လုပ်ထားခြင်း
ဖြစ်ပါတယ်ရှင့်
🧼☘️ 🍀🧼Shampoo soap လေးကို
🌿လတ်ဆတ်တဲ့ရှားစောင်းလက်ပတ်အရည်
🌴အုန်းဆီ၊ကြက်ဆူဆီ၊သံလွင်ဆီ
🍀shea butter
🌿Rosemary &Teatree Essential oil
စတဲ့အပင်များမှရတဲ့အဆီအနှစ်များဖြင့်သာ
သဘာဝနည်းအတိုင်းထုတ်လုပ်ထားပါတယ်ရှင့်
🪴🥥ခေါင်းမလျော်မီ ဆံသားကိုဆီတမျိုးမျိုးလိမ်းပေးပြီးလျော်ချလိုက်တဲ့အခါ ဆံသားငြိတာရှုပ်တာတွေမဖြစ်တော့ပဲ ဆံသားတွေကိုသန်
စွမ်းကျန်းမာ တောက်ပြောင်လာစေမှာပါနော်☘️☘️
📌Price-15000 ks(1 pcs)
📌မှာယူလိုပါက page cb တွင်လာရောက်မှာယူနိုင်ပါသည်။
#သဘာ၀မျက်နှာသစ်ဆပ်ပြာ
24/12/2024
- [ ] 🌺Sea Clay & Charcoal Soap
(ပင်လယ်ရွှံ့စေးနှင့်ဝါးမီးသွေးဆပ်ပြာ)🌺
🍀🍀ဒီဆပ်ပြာလေးကိုတော့ သဘာဝကပေးတဲ့လက်ဆောင်လို့ဆိုရမယ့် ခန္ဓာကိုယ်
အတွက်ဆေးဖက်ဝင်လှတဲ့ရှားစောင်းလက်
ပတ်အရည်နဲ့ချက်လုပ်ထားပါတယ်။
☘️☘️ရှားစောင်းရဲ့သဘာဝအာနိသင်မှာကိုကတည်းကဆပ်ပြာရဲ့ဂုဏ်သတ္တိမျိုးကပါရှိနေပါတယ်။ ပြီးနောက်မှာအသားအရည်ကိုစိုပြေချောမွေ့စေခြင်း ၊အနာကျက်မြန်စေခြင်းစတဲ့အကျိုးကျေးဇူးများလည်းရရှိစေပါတယ်။
🍀🍀ပင်လယ်ရွှံ့စေးနှင့် ဝါးမီးသွေးတို့ထပ်မံပေါင်းစပ်ထားတဲ့အတွက် အရေပြားပေါ်မှာရှိတဲ့အဆိပ်အတောက် များအရေပြားဆဲလ်သေများကိုညင်သာစွာဖယ်ရှားပေးပြီးအညစ်အကြေး၊ဖုန်မှုန်နှင့်အဆီပိုများကိုချွေးပေါက်ငယ်လေးများအတွင်းထိတိုင်စုပ်ယူဖယ်ရှားပေးနိုင်လို့ ဝက်ခြံနှင့်ဆားဝက်ခြံများမဖြစ်ပေါ်စေရန်ကာကွယ်ပေးပါတယ်။
☘️☘️ရနံ့အတွက်ရော အသားအရည်အတွက်ပါအထူးကောင်းမွန်လှတဲ့ရို့စ်မေရီနှင့်
လာဗင်ဒါအဆီအနှစ်များ ဖြင့်ပေါင်းစပ်ထုတ်
လုပ်ထားလို့သဘာဝဆပ်ပြာ (Organic soap) စစ်စစ်ဖြစ်ပါတယ်ရှင်။
🌺ပါဝင်ပစ္စည်းများ
သံလွင်ဆီ၊အုန်းဆီ၊ကြက်ဆူဆီ၊ဆီအုန်း၊ထောပတ်သီးဆီ၊အာဖရိကရှေး အခွံမာသီးအဆီ(shea butter)
🌺လတ်ဆတ်သောရှားစောင်းလက်ပတ်အရည်၊ အလှကုန်အရည်အသွေးမှီ ပင်လယ်သေရွှံ့စေးမှုန့်၊ ဝါးမီးသွေး(Activated charcoal)၊
🌺သဘာဝရနံ့အဖြစ်အသုံးပြုထားသော
ရိုစ့်မေရီနှင့်လာဗင်ဒါဆီ
06/08/2024
- [🌺 ] ပြီးပြည့်စုံတဲ့skincare routine တစ်ခုကိုစတင်ဖို့ပထမဦးဆုံးပြုလုပ်ရမှာကတော့ မိမိရဲ့အသားအရေကိုသဘာဝပစ္စည်းများနဲ့သန့်စင်ပေးဖို့ပါပဲရှင်
- [🌺🌺 ] အသားအရေပေါ်မှာရှိတဲ့မိတ်ကပ်နှင့်ဖုန်၊မှုန်အညစ်အကြေးများကိုသန့်စင်ပေးရာမှာအသားအရေခြောက်သွေ့မသွားစေပဲသဘာဝအဆီများမခန်းခြောက်အောင်သန့်စင်ပေးနိုင်တဲ့ soap၊ cleanser စသည့်တို့ကိုရွေးချယ်အသုံးပြုရမှာပါနော်
- [ 🌺🌺] ကျွန်မတို့ထုတ်လုပ်ထားတဲ့သဘာဝ (organic)ဆပ်ပြာလေးတွေမှာ (glycerine)ပါဝင်မှု့များတဲ့အတွက်ဆပ်ပြာသုံးပြီးတိုင်းမှာအစိုဓာတ်လေးကျန်ရှိနေပါတယ်
- [ 🌺🌺] အသားအရေကျန်းမာစေရန်အားဖြည့်ပေးတဲ့အရည်အသွေးကောင်းမွန်တဲ့သဘာဝအပင်များမှအဆီအနှစ်များ၊အုတ်ဂျုံ၊ပျားရည်၊နနွင်း၊ကိုကိုးမှုန့်၊ကော်ဖီ၊ရှားစောင်းလက်ပတ်စတဲ့လတ်ဆတ်သောစားသောက်ကုန်များ၊ရနံ့အစစ်များဖြင့်သာထုတ်လုပ်ထားခြင်းဖြစ်ပါတယ်ရှင်
- [ 🌺🌺] မျက်နှာသစ်အတွက်သာမကခန္ဓာကိုယ်အတွက်ပါအသုံးပြုပါကကိုယ်သင်းရနံ့ကောင်းမွန်စေပြီးကျန်းမာလှပစေမှာပါရှင်
Price-15000 ks(1 pcs)
📌မှာယူလိုပါက page cb တွင်လာရောက်မှာယူနိုင်ပါသည်။
#သဘာ၀မျက်နှာသစ်ဆပ်ပြာ
🌺🌺
01/05/2024
ဝက်ခြံထွက်ခြင်းကိုသက်သာစေပြီးအသားအရေကိုစိုပြေဝင်းလက်စေသည့် 🌺နနွင်း၊အုတ်ဂျုံနှင့်ပျားရည် သဘာဝ(Organic)ဆပ်ပြာ
16/01/2024
Kandy handmade soap မှထုတ်လုပ်ထားတဲ့
ခေါင်းလျှော်ရေချိုး Head To Toe အသုံးပြုနိုင်တဲ့Shampoo Soap ကို
🍀လတ်ဆတ်တဲ့ရှားစောင်းလက်ပတ်အရည်
(fresh aloe vera liquid)
🍀ရေညှိစိမ်းအမှုန့်
(chlorella powder)
🍀ပြင်သစ်ရွှံ့စေးစိမ်း
(french green clay) နှင့်
🍀Tea Tree Essential oil blend တို့ပါဝင်ပြီး
ဆပ်ပြာဖြစ်စဉ်(sponification process)
အတွက်ကတော့ သဘာဝအပင်များကရရှိတဲ့
အသားအရေစိုပြေကျန်းမာစေတဲ့
🌿သံလွင်ဆီ
🥥အုန်းဆီ
🌿ကြက်ဆူဆီ
🌳ရှေးဘတ်တာ( Shea butter)
🪴စက်မှု့လုပ်ငန်းသုံးလျော်ပင်စေ့ဆီ
(h**p seed oil)
စတဲ့အရည်အသွေးမြင့်ဆီများနှင့်ပေါင်းစပ်
ထုတ်လုပ်ထားပါတယ်
🌺ခေါင်းမလျှော်မီမှာ မိမိနှစ်သက်ရာ hair oil တစ်မျိုးမျိုး ကို အချိန် ၁နာရီခန့်ကြိုတင်လိမ်းပေးထားပြီးမှခေါင်းလျှော်လိုက်ရင် conditioner သုံးဖို့မလိုလောက်အောင်ပဲဆံသားလေးတွေပျော့ပြောင်းနူးညံ့သွားစေမှာပါရှင်
🌺Kandy ရဲ့ Shampoo ဆပ်ပြာလေးရဲ့ creamy ဆန်တဲ့အမြှုပ်လေးတွေ sweet citrus ရနံ့လေးတွေနဲ့အတူ တနေ့တာပင်ပန်းမှု့တွေပြေ
ပျောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်
# handmade soap # #
Price-10000 kyats
📌မှာယူလိုပါက page cb တွင်လာရောက်မှာယူနိုင်ပါသည်။
#သဘာ၀မျက်နှာသစ်ဆပ်ပြာ # #
19/12/2023
🍺🍺အသားအရေနှင့်ဆံသားတို့အတွက်
Super Food ဟုဆိုရသည့်အရည်အသွေး
မြင့် Stout Beer ဖြင့်ပြုလုပ်ထားသည့်
🍺🧼Beer Soap
🍀🍀Beerတွင်ပါဝင်သော ကြွယ်ဝသည့်
Antioxidant များ၊ Vitamin B နှင့်
Amino acid များကအသားအရေကို
နူးညံ့ချောမွေ့စေ၍အရွယ်တင်နုပျိုစေ
ပါသည်။
🌺🌺Beer ချက်လုပ်ရာတွင်ပါဝင်သော
တဆေး (brewer yeast) နှင့် vitamin
များက နာကျင်ရောင်ရမ်းခြင်း၊ ဝက်ခြံ
ထွက်ခြင်း နင့် ယားယံခြင်းများကိုသက်သာ
စေပြီး အရေပြား၏ pH level ကိုထိန်းညှိပေး
နိုင်ပါသည်။🌺🌺
🌿Kandy handmade soap မှထုတ်လုပ်ထားသော Beer soap တွင်
🌿အသားအရေကိုသန့်ရှင်းကျန်းမာနုပျိုစေသည့်
Stout Beer
🌿နူးညံ့ချောမွေ့စေသည့် Oat အမှုန့်
🌿ဝက်ခြံဖြစ်ခြင်း၊အသားအရေခြောက်သွေ့ခြင်းများကိုကာကွယ်ပေးင်္ပြး အရေပြားအပေါ်ယံလွှာရှိဆဲလ်သေများကိုညင်သာစွာဖယ်ရှားပေးနိုင်သည့်ပင်လယ်ရေညှိ
🌿ဒါဏ်ရာအနာများကိုအမြန်ဆုံးသက်သာစေသည့် Patchouli essential oil တို့ဖြင့်ပေါင်းစပ်ထုတ်လုပ်ထားပါတယ်
organic handmade soap # #
Price-10000 kyats
📌မှာယူလိုပါက page cb တွင်လာရောက်မှာယူနိုင်ပါသည်။
#သဘာ၀မျက်နှာသစ်ဆပ်ပြာ
12/12/2023
Coffee စစ်စစ်ဖြင့်ပြုလုပ်ထားသော
Coffee Scrub 🧼
🌼. အသားအရေကိုတင်းရင်းစိုပြေစေခြင်း
🌼. နေလောင်ကွက်များက်ုသက်သာစေခြင်း
🌼. အရေပြားအပေါ်ယံရှိဆဲလ်အသေများကို
ညင်သာစွာဖယ်ရှားပေးနိုင်ခြင်း
🌼. ကော်ဖီစစ်စစ်တွင်ပါဝင်သော
caffeinic acid ကရောဂါပိုးမွှားများကိုသေစေနိုင်ခြင်းသည့်အကျိုးကျေးဇူးများရရှိစေပါသည်။
🌼. Coffee Scrub soap 🧼လေးကိုသုံးပြီးတိုင်း ယောင်္ကျားလေးရောမိန်းကလေးပါနှစ်သက်စေမဲ့ ရနံ့သင်းသင်းလေး ကျန်ခဲ့စေမှာဖြစ်ပါတယ်ရှင့်
🌼. Fragrance oil များကိုမသုံးဘဲorganic soap 🧼 ဖြစ်စေရန်
🪭 Woody 🪵 essential oils blend
ကိုသာ သဘာဝရနံ့အဖြစ်ထည့်သွင်းထားပါ
တယ်
သဘာဝအဆီအနှစ်(essential oil) များကို
သာ အသုံးပြုထာသောကြောင့် 'Organic Soap'
စစ်စစ်ဖြစ်ပါသည်။
#သဘာဝဆပ်ပြာ
Price-10000 kyats
14/11/2023
🙏မင်္ဂလာပါရှင့်
ကျွန်မရဲ့ဆပ်ပြာလေးတွေကို glycerine ထုတ်မထားတဲ့ cold process နည်းအတိုင်း
ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်
ဒီအတွက်ကြောင့် ကျွန်မရဲ့ဆပ်ပြာက storeတွေကပုံမှန်ရောင်းတဲ့ဆပ်ပြာတွေထက်ပျော့ပါတယ်
ဆပ်ပြာထဲမှာပါဝင်နေတဲ့သဘာဝအတိုင်းထွက်လာတဲ့ glycerine ရဲ့အစိုဓာတ်ကိုစုပ်ယူထိန်းသိမ်းထားနိုင်တဲ့အစွမ်းကြောင့်ဖြစ်ပါတယ်။
ဒါကြောင့်မို့ ဆပ်ပြာတိုက်ရင်ရေအများကြီးနဲ့လောင်းပြီးမပွတ်ပဲလက်ကိုရေဆွတ်လိုက်ပြီးဆပ်ပြာတုံးလေးကိုပွတ်လိုက်ရင်ပဲအမြှုပ်လေးတွေထွက်လာပါပြီ ။ ပြီးရင်ဆပ်ပြာတုံလေးကို ရေကန်ပေါင်ပေါ်တို့ ရေပန်းကျတဲ့နေရာတို့မှာမထားပဲရေနဲ့ဝေးတဲ့နေရာလေးမှာခြောက်သွေ့အောင် လေသလပ်ခံထားလိုက်ပါရှင့်
❤️မျက်နှာအတွက်ပဲသုံးတဲ့အစ်မတစ်ယောက်ဆိုရင် သူလက်ကိုရေဆွတ်လိုက်ပြီးမျက်နှာပဲသစ်တာ
၇ လအသုံးခံပါတယ်ဆိုပြီးကျွန်မကိုပြောပြလာလို့
ကိုယ့်ဆပ်ပြာလေးကိုဒီလိုဂရုတစိုက်သုံးပေးတယ်ဆိုပြီး ဝမ်းသာမိပါတယ်ရှင့်။❤️
💗💗ဝယ်ယူအားပေးသောချစ်မိတ်ဆွေများ
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင့်
အားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေရှင့်💗
# handmade soap # #
# handmade soap # #
# in Myanmar # #
Category
Telephone
Website
Address
No 349 Chanmyaetharyar Street Shwe Pyi Thar
Yangon
Alerts
Be the first to know and let us send you an email when Kandy handmade soap posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
