Ni's Beauty House
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ni's Beauty House, Health/Beauty, Yangon.
#ဝါဆိုလပြည့်နေ့အလှူ_၉_မျိုး
ဝါဆိုလပြည့်နေ့မှာ
ကံဇာတာအညံ့အဆိုးတွေ ပြေပျောက်ပြီး ကံပွင့်၊ လာဘ်ပွင့်၊ အိမ်သူအိမ်သား တွေ စိတ်အေးချမ်းသာဖြစ်စေဖို့အတွက်
မဖြစ်မနေ လုပ်ပေးရမယ့် ကံဇာတာမြှင့် အလှူ (၉) မျိုး
ဒီ (၉) မျိုးကို ဝါဆိုလပြည့်နေ့ (နံနက်ပိုင်း သို့မဟုတ် နေ့ခင်း) မှာ မိမိတို့အိမ်က ဘုရားကျောင်းဆောင်ပေါ်မှာ သေသေချာချာ ပြင်ဆင်ပြီး ကပ်လှူပူဇော်ပေးရမှာ
ဖြစ်ပါတယ်။
ကံဇာတာမြှင့် ဝါဆိုလှူဖွယ် (၉) မျိုး
ဆန် (နို့ဆီဗူး ၁ ဗူး) - စားဝတ်နေရေး ပူပန်မှုမရှိဘဲ စီးပွားလာဘ်လာဘ အမြဲအဆင်ပြေစေရန်။
ဆီ (ပုလင်းငယ် ၁ ပုလင်း) - ဘဝခရီးလမ်း ချောမွေ့ စေရန်နှင့် အနှောင့်အယှက်ကင်းစေရန်။
ဆေး (အိမ်သုံးဆေး သို့မဟုတ် ဗီတာမင်) -အိမ်သူအိမ်သားများ ဘေးဥပဒ်ကင်းဝေးပြီး ကျန်းမာ ကြံ့ခိုင်စေရန်။
ဆား (အထုပ်ငယ် ၁ ထုပ်) - ဂုဏ်သတင်းကျော်စော စေရန်နှင့် စကားအရာတွင် ဩဇာညောင်းစေရန်။
ရေချမ်း (၁ ခွက်) - စိတ်နှလုံး အေးချမ်းပြီး ပူပန်မှု ဟူသမျှ ငြိမ်းအေးသွားစေရန်။
ဆီမီး / ဖယောင်းတိုင် (၁ တိုင် သို့မဟုတ် ၁ ခွက်) ဉာဏ်ပညာ ပွင့်လင်းစေပြီး ဘဝအမှောင်ထုများ ပပျောက်စေရန်။
အမွှေးတိုင် (၃ တိုင်) - နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်ပြီး ကောင်းသော အတိတ်နိမိတ်များ လွင့်ပျောက်စေရန်။
မိမိဝါဆိုပန်း (ထီးပန်း၊ ညောင်ရေ သို့မဟုတ် မိမိကြိုက်နှစ်သက်ရာ ပန်း) - ကံဇာတာ မြင့်မားပြီး လူ ချစ်လူခင် ပေါများစေရန်။
အလှူငွေ (မိမိတတ်နိုင်သလောက် ပမာဏ)လာဘ်ပိတ်နေမှုများကို ပွင့်စေပြီး ငွေကြေးဓန တိုးပွား စေရန်။
ကံပွင့်အောင် ဘယ်လိုပူဇော်မလဲ
******************
ပြင်ဆင်ပုံ -
ဗန်းတစ်ခုထဲတွင် အထက်ပါ (၉) မျိုးကို သေသေချာချာ သန့်သန့်ရှင်းရှင်း ထည့်သွင်းပြင်ဆင်ပါ။
ကပ်လှူပုံ - ဝါဆိုလပြည့်နေ့တွင် အိမ်ကဘုရားကျောင်းဆောင်ပေါ်၌ တင်လှူပူဇော်ပြီး မိမိဖြစ်ချင်သော ဆုတောင်း (ကံဇာတာ မြင့်မားစေရန်၊ စီးပွားပွင့်စေရန်)ကို အာရုံပြု၍ ဆုတောင်းပါ။
လောဘမကြီးဘဲ သဒ္ဒါ တရားထက်သန်မှုက အရေးကြီးပါတယ်...
စွန့်ရမည့်အချိန် - လပြည့်နေ့ညနေ သို့မဟုတ် နောက် တစ်နေ့နံနက်တွင် ဘုရားကျောင်းဆောင် မှ ပြန်လည်စွန့်ယူနိုင်ပြီး ဆန်၊ ဆီ၊ ဆား၊ ဆေးတို့ကို အိမ်မှာပဲ ပြန်လည်သုံးစွဲခြင်း သို့မဟုတ် သံဃာတော်များအား ဆက်လက် လှူဒါန်းခြင်းဖြင့် ကုသိုလ်ထပ်မံယူနိုင်ပါတယ်။
ဒီလို စနစ်တကျ ကပ်လှူပူဇော်ပေးခြင်းဖြင့် ဝါဆိုလ ပြည့်နေ့မှစ၍ ကံဇာတာ အဆိုးများ လွင့်စင်ပြီး ကံပွင့် လာဘ်ပွင့်ကာ စီးပွားရေး၊ ကျန်းမာရေး အစစအရာရာ ဒီရေအလား တိုးတက်မြင့်မားလာပါလိမ့်မယ်။
အားလုံး ကုသိုလ် များ တိုးပွား ရရှိကြပါစေ🙏
မူရင်းအား လေးစားစွာဖြင့်
ကုသိုလ်ယူ မျှဝေပါသည်...
24/11/2021
အားလုံးပဲ မင်္ဂလာညချမ်းလေးဖြစ်ပါစေရှင့်
🙏🙏🙏
#ဝါဆိုလပြည့်နေ့
အကြောင်း သိကောင်းစရာ အကျဉ်းချုပ် 🙏🙏🙏
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၁။ ဘုရားလောင်း သိဒ္ဓတ္ထမင်းသား ပဋိသန္ဓေနေသောနေ့🙏
၂။ ဘုရားလောင်း တောထွက်တော်မူသောနေ့🙏
၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား
စတင်ဟောတော်မူသောနေ့🙏
၄။ ရေ,မီး,...အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာ ကို ပြတော်မူသောနေ့🙏
၅။ ဘုရားအဖြစ် ကိုခံဝန်တော်မူသောနေ့🙏
၆။ တရားရတနာ စတင်ပေါ်သောနေ့🙏
၇။ သံဃာရတနာ စတင်ပေါ်သောနေ့🙏
၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့🙏
၉။ ဧဟိ ဘိက္ခု ဟူသောစကား ကို စတင်ကြားရသောနေ့🙏
အထက်ဖော်ပြပါ ဝိသသေအကြောင်းများကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့က ဤဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှုခြင်း ၊ ဝါဆိုသင်္ကန်း လှုဒါန်းခြင်း ၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့်
" ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ " ကို ဆင်နွှဲပြုလုပ်ကြပါသည် ။
(မူရင်းတင်သူအားအစဉ်လေးစားလျှက် ခရက်ဒစ်ပေးပါသည်)
မိမိကိုလည်း
ကောင်းကျိုးပေး
သူတပါးကိုလည်း
ကောင်းကျိုးပြုသော
ကုသိုလ်အလင်းရောက်
အောင် ကျင့်ဆောင်နိုင်ပါစေ
#ဝါဆိုလပြည့်နေ့ #သစ်သီးကိုးမျိုး #ကိုယ်ပွား
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
