Ei Chaw Beauty & Health

Ei Chaw Beauty & Health

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ei Chaw Beauty & Health, Health/Beauty, Yangon.

25/07/2026

Skincare တွေ လိမ်းလိုက်တိုင်း အသားထဲ မဝင်ဘဲ အဖတ်ဖတ်တွေ ထွက်လာတာမျိုး ကြုံဖူးလား ...

ဒါကို Skincare လောကမှာ Skincare Pilling လို့ ခေါ်ပါတယ်။ ကိုယ်သုံးနေတဲ့ Product တွေက မကောင်းလို့ မဟုတ်ဘဲ၊ လိမ်းတဲ့ နည်းလမ်းနဲ့ အလေ့အကျင့်လေးတွေ လွဲချော်နေလို့ ဖြစ်ရတာပါ။

ဒီတော့ ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုတဲ့ အဓိက အကြောင်းရင်း (၃) ချက်နဲ့ ဘယ်လိုပြင်ရမလဲ ဆိုတာကို ကနေ ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်နော် ...

ဆဲလ်သေများ ပိတ်ဆို့နေခြင်း
မျက်နှာပေါ်မှာ မျက်စိနဲ့မမြင်ရတဲ့ ဆဲလ်သေတွေ စုပုံနေရင် ဘယ်လောက်ကောင်းပြီး ဈေးကြီးတဲ့ Skincare တွေ သုံးသုံး အသားထဲ စိမ့်မဝင်နိုင်ပါဘူး။ ဒါကြောင့် မျက်နှာသစ်တဲ့အခါ ဆဲလ်သေတွေကို ညင်သာစွာ ဖယ်ရှားပေးနိုင်တဲ့ Enzyme Cleanser မျိုးကို ရွေးချယ်အသုံးပြုပေးဖို့ အရမ်းအရေးကြီးပါတယ်။

Skincare လိမ်းပုံ လိမ်းနည်း မှားယွင်းနေခြင်း
Skincare တွေကို လိမ်းတဲ့အခါ အပျစ်၊ အကျဲ အပေါ်မူတည်ပြီး အကျဲဆုံးကနေ အပျစ်ဆုံးကို အစဉ်လိုက် လိမ်းရပါတယ်။ (ဥပမာ - Toner Essence Soft Cream Sunscreen) ရေဓာတ်ပိုများတဲ့ အကျဲကို အရင်မလိမ်းဘဲ အပျစ်ကို အရင်လိမ်းမိရင် နောက်ကလိမ်းတဲ့အရာတွေက လုံးဝ စိမ့်မဝင်နိုင်တော့ပါဘူး။

အချိန်ခြားပြီး မလိမ်းခြင်း
ဒါကတော့ အများဆုံး မှားတတ်တဲ့ အချက်ပါပဲ။ မနက်ဘက် အလုပ်သွားခါနီး အချိန်လုရတဲ့အခါ Skincare တစ်ခုနဲ့တစ်ခုကြားမှာ အချိန်မခြားဘဲ ဆက်တိုက် အလောတကြီး လိမ်းချလိုက်တာမျိုးပါ။ Skincare တစ်ခုလိမ်းပြီးတိုင်း အသားထဲ သေချာစိမ့်ဝင်သွားဖို့ အနည်းဆုံး စက္ကန့် (၃၀) ကနေ (၁) မိနစ်လောက်အထိ အချိန်ပေးပြီးမှ နောက်တစ်ဆင့်ကို ထပ်လိမ်းသင့်ပါတယ်။

ဒီအချက်လေးတွေကို သေချာ ဂရုစိုက်ပြီး ပြင်ဆင်လိမ်းပေးမယ်ဆိုရင်တော့ ကိုယ်သုံးလိုက်တဲ့ Skincare ရဲ့ အာနိသင်ကို အပြည့်အဝရရှိပြီး အမြဲတမ်း ကျန်းမာ စိုပြည် တဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်မှာ သေချာပါတယ်နော် ...

ကိုယ့်ရဲ့ လက်ရှိ အသားအရေနဲ့ အကိုက်ညီဆုံးဖြစ်မယ့် Skincare Routine လေးတွေကို သေချာ ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ Messenger မှာ အချိန်မရွေး လာရောက် အခမဲ့ ဆွေးနွေးတိုင်ပင်လို့ ရပါတယ်ရှင်။

21/07/2026

ဘာလိမ်းလိမ်း မျက်နှာနီရဲတက်လာတဲ့ ခံစားချက်ကို သိလား ...? 🥺

"ကိုယ်တိုင် Sensitive Skin သမားဖြစ်လို ပိုပြီး နားလည်ပေးနိုင်ပါတယ် ..." ဆိုတဲ့ စကားလေးက 𝐇𝐌 𝐒𝐊𝐈𝐍𝐂𝐀𝐑𝐄 𝐌𝐘𝐀𝐍𝐌𝐀𝐑 ရဲ့ အစပြုရာ ဇာတ်လမ်းလေးတစ်ခုပါ ...

Skincare အသစ်တစ်ခု ပြောင်းသုံးတိုင်း အဖုအပိမ့်တွေ ထွက်လာမလား၊ စပ်ဖျင်းဖျင်း ဖြစ်လာမလားဆိုပြီး ရင်တမမနဲ့ စမ်းသုံးခဲ့ရတဲ့ ဒုက္ခတွေကို Founder ကိုယ်တိုင် အဆိုးဆုံး ကြုံတွေ့ခဲ့ရဖူးပါတယ်။

ဒီလို ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် တကယ် စိတ်ချရပြီး ရေရှည် အသုံးပြုလိုရမယ့် Skincare မျိုးကို ရှာရတာ ဘယ်လောက် ခက်ခဲလဲဆိုတာ အသေအချာ ကိုယ်ချင်းစာ နားလည်ခဲ့ရပါတယ်။

ဒါကြောင့် တကယ့်ကို အနူးညံ့ဆုံးနဲ့ အထိရောက်ဆုံးဖြစ်မယ့် Natural Ingredients တွေကိုပဲ အခြေခံပြီး HM Skincare ကို သေချာ ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။ 🌿

HM ရဲ့ အဓိက ရည်ရွယ်ချက်က ဈေးကွက်ထဲမှာ ပစ္စည်းတစ်ခု ရောင်းထွက်ဖိုသက်သက် မဟုတ်ဘဲ၊ ကိုယ့်လိုမျိုး Sensitive Skin သမားတွေရဲ့ အသားအရေ ပြဿနာတွေကို တကယ့်ကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ဖိုပါပဲ။

ပြင်းထန်တဲ့ ဓာတုပစ္စည်းတွေ လုံးဝမပါဝင်ဘဲ Skin Barrier ကို သေချာ ပြန်လည်တည်ဆောက်ပေးပြီး အသားအရေကို အမြဲတမ်း ကြည်လင် စိုပြည် နေစေဖိုကိုသာ အဓိကထား ထုတ်လုပ်ပေးထားပါတယ်။ ✨

ဒါကြောင့် ဘာလိမ်းလိမ်း မတည့်လို စိတ်ညစ်နေရတဲ့ သူတွေအနေနဲ့ ကိုယ့်အသားအရေ ပြဿနာကို တကယ်နားလည်ပေးနိုင်တဲ့ HM Skincare ကူညီပေးနိုင်ပါသည်။

21/07/2026

မထက်ကိုယ်တိုင်သုံးပြီး အရမ်းကြိုက်နေတဲ့ Blinks Hair Care Set

Blinks Hair Care Set ကို မထက်ကတော့ အရမ်းကြိုက်နေပြီတဲ့နော်။ Quality ကောင်းတဲ့အပြင် အနံ့လေးကလည်း မွှေးပြီး Luxury ဆန်တယ် ✨

Hair Care ဘူးကြီးတစ်ဘူးမှာ ပမာဏ အများကြီးပါဝင်လို့ အကြာကြီးလည်း အသုံးခံတယ် ✅

မထက်ကြိုက်တဲ့ Blinks Hair Care Set လေးကို အစမ်းဝယ်သုံးချင်တယ်ဆိုရင် Travel Size လေးတွေလည်း ဝယ်ယူလို့ ရတယ်နော် 🩷

21/07/2026

တင်းတိပ်သက်သာစေတဲ့ IB Set လေးကို ဗူးကြီးတန်းမဝယ်ဘဲ အထုပ်လေးတွေနဲ့လည်း စမ်းသုံးလို့ရပါပြီ ✨

✨တင်းတိပ်ထပ်မပွားအောင် ကာကွယ်ပေးတဲ့ Sunscreen
✨အမဲစက်၊ တင်းတိပ်၊ အသားရေမညီတာတွေကို အသားအရေအတွင်းပိုင်းအထိ ကုသပေးနိုင်တဲ့ Serum
✨အသားရေကို အာဟာရဖြည့်တင်းပေးပြီး တင်းတိပ် အမဲစက်တွေကို လျော့ပါးစေတဲ့ Snow White Cream

ဒီ (၃) မျိုးကို အထုပ်လေးတွေနဲ့တွဲပြီး တင်းတိပ် Mini Set အဖြစ်ဝယ်ယူလို့ရပြီနော် 🌱

20/07/2026

Skincare တွေ အများကြီး အထပ်ထပ် မလိမ်းချင်ဘူး ... ဒါပေမဲ့ မျက်နှာလေးက အမြဲတမ်း ကြည်လင်ပြီး စိုစိုအိအိလေး ဖြစ်နေချင်တယ် ဆိုတဲ့ သူလေးတွေ ရှိလား ...🙋‍♀️

တကယ်တော့ ကြည်ကြည်စိုစို Skin လေးကို ရဖို့အတွက် အများကြီး လိမ်းနေစရာ မလိုပါဘူး။ ကိုယ့်အသားအရေက တကယ်လိုအပ်နေတဲ့ ရေဓာတ်ကို သေချာဖြည့်ပေးနိုင်တဲ့ Set လေး ရှိရင်ကို လုံလောက်နေပါပြီ ...

ဒါကြောင့် ပေါ့ပေါ့ပါးပါးနဲ့ အသားအရေကို ရေဓာတ် အပြည့်ဝဆုံး ဖြည့်ပေးနိုင်မယ့် HM Skin Toner & Liquid Essence Combo လေးအကြောင်း ပြောပြချင်ပါတယ် ...

ဒီ (၂) ခုက ဘာလို့ မဖြစ်မနေ တွဲသုံးသင့်တာလဲ ဆိုရင်တော့ ရေမြှုပ် သီအိုရီ လေးနဲ့ ဥပမာပေးရပါမယ် ... 🧽

ရေမြှုပ်ခြောက်ခြောက်ကြီး တစ်ခုပေါ်ကို ရေတွေ တစ်ခါတည်း လောင်းချလိုက်ရင် အလွယ်တကူ စိမ့်မဝင်နိုင်သလိုပါပဲ၊ ခြောက်သွေ့နေတဲ့ အသားအရေပေါ်ကို Skincare တွေ အများကြီး တန်းလိမ်းရင် အသားထဲကို ကောင်းကောင်း မရောက်ပါဘူး။

ဒါကြောင့် ပထမအဆင့် အနေနဲ့ HM Skin Toner လေးကို သုံးပေးရပါတယ်။ သူက မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးရုံသာမကဘဲ၊ ခြောက်သွေ့နေတဲ့ အသားအရေကို ရေမြှုပ်လေး ရေစိုသွားသလိုမျိုး ချက်ချင်း နူးညံ့ပျော့ပျောင်းသွားစေပါတယ်။

အဲ့ဒီလို အသားအရေလေး ပျော့ပျောင်းသွားတဲ့ အချိန်မှာ ဒုတိယအဆင့် အနေနဲ့ HM Liquid Essence ကို လိမ်းပေးလိုက်တဲ့အခါ ... ပွင့်နေတဲ့ ချွေးပေါက်လမ်းကြောင်းတွေကနေတစ်ဆင့် ရေဓာတ်နဲ့ အာဟာရဓာတ်တွေက အသားအရေ အတွင်းဆုံးပိုင်းထိ အတားအဆီးမရှိ တန်းပြီး စိမ့်ဝင်သွားပါတော့တယ်။

ဒါ့အပြင် လေထုထဲကို ရေဓာတ်တွေ ပြန်မလွင့်ထွက်သွားအောင် Essence လေးက အပေါ်ယံကနေ သေချာ Lock ချပေးထားလိုက်တဲ့အတွက် တစ်နေကုန် မွဲခြောက်မသွားတော့ဘဲ ကြည်ကြည်စိုစိုလေးနဲ့ Glow နေစေတာပဲ ဖြစ်ပါတယ်။ ✨

အချိန်လည်း အရမ်းမပေးရဘဲ Step (၂) ခုတည်းနဲ့ ကြည်လင်စိုပြည်တဲ့ အသားအရေလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီ HM Hydration Combo လေးကိုသာ ယုံယုံကြည်ကြည် ရွေးချယ်လိုက်ပါနော်။

Photos from Ei Chaw Beauty & Health's post 19/07/2026

Toner သုံးရမလား❓ Serum သုံးရမလား❓

စဉ်းစားရခက်နေရင်တော့ ပုံထဲမှာ အဖြေရှိတယ်နော်။
ကိုယ့်အသားအရေလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ product လေးကိုရွေးချယ်အသုံးပြုလို့ရပါတယ်။
နှစ်မျိုးလုံးသုံးရင်လည်း ရပါတယ်ရှင် 🫶

Made in Korea 🇰🇷
Myanmar FDA Approved 🇲🇲
Dermatological Tested ✅

18/07/2026

Skincare သုံးတဲ့သူတိုင်း လုံးဝ မသိလိုမရတဲ့ နာမည်အကြီးဆုံး ပါဝင်ပစ္စည်း ... 😮

အခုနောက်ပိုင်း Skincare တွေ ဝယ်တဲ့အခါ Ingredients မှာ Hyaluronic Acid (HA) ဆိုတာကို မကြာခဏ တွေ့ဖူးကြမှာပါ။ တကယ်တော့ သူက အသားအရေအတွက် လိုအပ်တဲ့ ရေဓာတ်ကို အကောင်းဆုံး ဖြည့်တင်းပေးနိုင်တဲ့ သဘာဝ အစိုဓာတ်ထိန်း ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။

ဒီတော့ Hyaluronic Acid က Skincare လောကမှာ ဘာကြောင့် ဒီလောက်တောင် နာမည်ကြီးပြီး လူကြိုက်များနေရတာလဲ ဆိုတာကို ကနေ ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်နော် ...

သူ့ရဲ့ အကြီးမားဆုံး စွမ်းရည်ကတော့ မိမိကိုယ်အလေးချိန်ထက် အဆ (၁၀၀၀) ပိုများတဲ့ ရေဓာတ်ကို စုပ်ယူ ထိန်းသိမ်းပေးနိုင်တာပါပဲ။ ရေမြှုပ်လေးတစ်ခုလိုမျိုး အသားအရေအတွင်းပိုင်းအထိ ရေဓာတ်ကို ဆွဲယူသိမ်းဆည်းပေးလို အသားအရေ ခြောက်သွေ့ခြင်းကို အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

ရေဓာတ် ပြည့်ဝနေတဲ့အတွက် ပြင်ပက ဖုန်မှုန့်နဲ့ ညစ်ညမ်းမှုတွေကြောင့် အသားအရေ ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် Skin Barrier ကို အကောင်းဆုံး ကာကွယ်ပေးထားနိုင်ပါတယ်။

အသားအရေက ရေဓာတ်ပြည့်ဝပြီး ဖောင်းမိုနေတဲ့အတွက် အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ အရေးအကြောင်းတွေနဲ့ ပါးရေတွန့်တာတွေကို သိသိသာသာ လျော့ပါးသက်သာစေပါတယ်။

Hyaluronic Acid ပါဝင်တဲ့ Skincare တွေကို ပုံမှန် သုံးပေးမယ်ဆိုရင် အသားအရေလေးက ခြောက်ကပ်မနေဘဲ အမြဲတမ်း ကြည်လင် စိုပြည် ပြီး ကျန်းမာနေစေမှာ အသေအချာပါပဲ။

ဒါကြောင့် ကိုယ့်ရဲ့ မျက်နှာလေး ရေဓာတ်ခမ်းခြောက်ပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာမျိုး မဖြစ်ရလေအောင် နေ့စဉ် Skincare Routine ထဲမှာ Hyaluronic Acid ပါဝင်တဲ့ Skincare လေးတွေကို မဖြစ်မနေ ထည့်သွင်း အသုံးပြုပေးသင့်ပါတယ်နော် ...

ကိုယ့်ရဲ့ လက်ရှိ အသားအရေနဲ့ အကိုက်ညီဆုံးဖြစ်မယ့် Skincare လေးတွေကို သေချာ ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ ရဲ့ Page Messenger မှာ အချိန်မရွေး လာရောက် အခမဲ့ ဆွေးနွေးတိုင်ပင်လို ရပါတယ်ရှင်။

Photos from Ei Chaw Beauty & Health's post 18/07/2026

မှန်ကြည့်တိုင်း စိတ်ချမ်းသာပြီး Glow Look ကို ရစေတဲ့ Skincare ထဲက👨👩👨👩👨👩
♻ အမဲစက်
♻ အမာရွတ်
♻ အဆီဖု
♻ ဝက်ခြံ/ ဆားဝက်ခြံ
♻ တင်းတိပ် သမားတွေဆိုရင် ဒီ (5) မျိုးကိုသုံးကြည့်ပါ

မနက်/ ည တနေ့ (2) ကြိမ် ပုံမှန် သုံးပေးခြင်းဖြင့် အသားအရေကို ကြည်ပြောင် Glow စေပါတယ်။

Korea Made နဲ့ မို့စိတ်ချသုံး

5မျိုးဆက် -181000 ကျပ်

skincare
#တင်းတိပ်ကင်းစင်ကြည်လင်တဲ့အသားရေအတွက်
#ထိုင်း_မလေး_စလုံး_ဂျပန်_အိုမန်_အကုန်ပို့
#ပြည်တွင်းပြည်ပလက်လီလက်ကားပို့ဆောင်ပေးပါတယ်

17/07/2026

နေ့စဉ်လုပ်ဖြစ်နေတဲ့ Skincare Routine လေးထဲမှာ HM ရဲ့ ဘယ် Product လေး မပါရင် မနေနိုင်ဘူးလဲ

လူတစ်ယောက်နဲ့ တစ်ယောက် Skin Type ချင်းလည်း မတူသလို၊ ဖြေရှင်းချင်တဲ့ အသားအရေ ပြဿနာတွေလည်း မတူညီတတ်ကြတာမို အကြိုက်ဆုံးနဲ့ ကိုယ့်အတွက် အသင့်တော်ဆုံးဖြစ်မယ့် Skincare ပစ္စည်းလေးတွေကလည်း ကွဲပြားတတ်ကြပါတယ်။

တချိုကတော့ အမဲစက်တွေ သိသိသာသာ ပါးသွားစေတဲ့ Liquid Essence လေးကို အသည်းစွဲ ဖြစ်နေတတ်သလို ...

တချိုကျတော့လည်း မျက်နှာသစ်ပြီးတိုင်း အသားမခြောက်စေတဲ့ Soothing Enzyme Cleanser လေးကိုမှ သဘောကျနေတတ်ပါတယ်။

နေပူထဲသွားတိုင်း မပါမဖြစ်တဲ့ 2 in 1 Sunscreen လေးကို ရွေးမလား၊ အနူးညံ့ဆုံး သန့်စင်ပေးတဲ့ Multi-Amino Cleansing Water လေးကိုပဲ အကြိုက်ဆုံးလား ...?

ကဲ ... HM Skincare ချစ်သူတွေအနေနဲ့ ကိုယ့်အတွက် "ဒီတစ်မျိုးတော့ မရှိမဖြစ်ပဲ" ဆိုပြီး ကုန်တော့မယ်ကြံတိုင်း ခဏခဏပြန်ဝယ်ဖြစ်တဲ့ အကြိုက်ဆုံး Product လေးကို အောက်က Comment မှာ ဝင်ရောက်ဖြေဆိုပေးသွားကြပါဦးနော် ...

17/07/2026

Skincare တွေ အများကြီး အထပ်ထပ် မလိမ်းချင်ဘူး ... ဒါပေမဲ့ မျက်နှာလေးက အမြဲတမ်း ကြည်လင်ပြီး စိုစိုအိအိလေး ဖြစ်နေချင်တယ် ဆိုတဲ့ သူလေးတွေ ရှိလား ...🙋

တကယ်တော့ ကြည်ကြည်စိုစို Skin လေးကို ရဖို့အတွက် အများကြီး လိမ်းနေစရာ မလိုပါဘူး။ ကိုယ့်အသားအရေက တကယ်လိုအပ်နေတဲ့ ရေဓာတ်ကို သေချာဖြည့်ပေးနိုင်တဲ့ Set လေး ရှိရင်ကို လုံလောက်နေပါပြီ ...

ဒါကြောင့် ပေါ့ပေါ့ပါးပါးနဲ့ အသားအရေကို ရေဓာတ် အပြည့်ဝဆုံး ဖြည့်ပေးနိုင်မယ့် HM Skin Toner & Liquid Essence Combo လေးအကြောင်း ပြောပြချင်ပါတယ် ...

ဒီ (၂) ခုက ဘာလို့ မဖြစ်မနေ တွဲသုံးသင့်တာလဲ ဆိုရင်တော့ ရေမြှုပ် သီအိုရီ လေးနဲ့ ဥပမာပေးရပါမယ် ...

ရေမြှုပ်ခြောက်ခြောက်ကြီး တစ်ခုပေါ်ကို ရေတွေ တစ်ခါတည်း လောင်းချလိုက်ရင် အလွယ်တကူ စိမ့်မဝင်နိုင်သလိုပါပဲ၊ ခြောက်သွေ့နေတဲ့ အသားအရေပေါ်ကို Skincare တွေ အများကြီး တန်းလိမ်းရင် အသားထဲကို ကောင်းကောင်း မရောက်ပါဘူး။

ဒါကြောင့် ပထမအဆင့် အနေနဲ့ HM Skin Toner လေးကို သုံးပေးရပါတယ်။ သူက မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးရုံသာမကဘဲ၊ ခြောက်သွေ့နေတဲ့ အသားအရေကို ရေမြှုပ်လေး ရေစိုသွားသလိုမျိုး ချက်ချင်း နူးညံ့ပျော့ပျောင်းသွားစေပါတယ်။

အဲ့ဒီလို အသားအရေလေး ပျော့ပျောင်းသွားတဲ့ အချိန်မှာ ဒုတိယအဆင့် အနေနဲ့ HM Liquid Essence ကို လိမ်းပေးလိုက်တဲ့အခါ ... ပွင့်နေတဲ့ ချွေးပေါက်လမ်းကြောင်းတွေကနေတစ်ဆင့် ရေဓာတ်နဲ့ အာဟာရဓာတ်တွေက အသားအရေ အတွင်းဆုံးပိုင်းထိ အတားအဆီးမရှိ တန်းပြီး စိမ့်ဝင်သွားပါတော့တယ်။

ဒါ့အပြင် လေထုထဲကို ရေဓာတ်တွေ ပြန်မလွင့်ထွက်သွားအောင် Essence လေးက အပေါ်ယံကနေ သေချာ Lock ချပေးထားလိုက်တဲ့အတွက် တစ်နေကုန် မွဲခြောက်မသွားတော့ဘဲ ကြည်ကြည်စိုစိုလေးနဲ့ Glow နေစေတာပဲ ဖြစ်ပါတယ်။

အချိန်လည်း အရမ်းမပေးရဘဲ Step (၂) ခုတည်းနဲ့ ကြည်လင်စိုပြည်တဲ့ အသားအရေလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီ HM Hydration Combo လေးကိုသာ ယုံယုံကြည်ကြည် ရွေးချယ်လိုက်ပါနော်။

အသေးစိတ် ဆွေးနွေးဝယ်ယူချင်တယ်ဆိုရင်လည်း ရဲ့ Page Messenger ကို အချိန်မရွေး လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon