Amy Thwe

Amy Thwe

Share

Personal blogs

22/02/2025

မိုးတွေ တိတ်သွားတဲ့အချိန်
ထီး ဟာ ဝန်ပို တစ်ခုလို ဖြစ်လာတယ် ။

မှင် မရှိတော့တဲ့အချိန်
ဘောပင် ဟာ အမှိုက်လို ဖြစ်သွားတယ်။

ပန်ထားတဲ့ပန်းတွေ ညှိုးနွမ်းသွားတဲ့အချိန်
အမှိုက်ပုံး ထဲကို ရောက်သွားတယ် ။

လောကမှာ
ဘယ်အရာမဆို အချိန် အကန့်သတ်နဲ့
တန်ဖိုး ရှိကြတယ် ၊

အချိန် အကန့်သတ်နဲ့
ကြည်နူး မြတ်နိူး ကြတယ်၊

အာ့ အချိန် ကျော်လွန်သွားရင်
တန်ဖိုး နည်းသွားတယ်။

ဘယ်အရာကိုမှ အရမ်းကြီး
တွယ်တာပြီး ဖက်တွယ် မထားချင်ပါနဲ့။
ထာဝရဆိုတာ လောကမှာ မရှိပါဘူး။

အချိန်နဲ့အမျှ ကိုယ့်ကိုကိုယ်
ပြောင်းလဲ ပစ်ဖို့ ကြိုးစားပါ ။

ကောင်းတဲ့ အလုပ်နဲ့
ပျော်ပျော် နေတတ်ဖို့ ကြိုးစားပါ ။

#ℂ𝕣𝕖𝕕𝕚𝕥 𝐭𝐨 𝐨𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐰𝐫𝐢𝐭𝐞𝐫.

17/02/2025

အချစ်ခံရပြီလို့ ထင်ပေမယ့် တကယ်တမ်း အပယ်ခံလူသားပဲဖြစ်နေတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ် ။
အဲ့ဒီ အမျိုးသမီးဟာ သံယောဇဉ်ကြီးပြီး အရမ်းခင်တွယ်တက်ပေမယ့် တစ်ယောက်ထဲအထီးကျန် နေရတာပဲ များတယ် ၊ သူမက ဂရုစိုက်ခံချင်ပေမယ့် သူမကို ဘယ်သူမှ မနွေးထွေးခဲ့ကြဘူး ၊ လိုအပ်တဲ့အချိန်မှ သတိရကြတဲ့ လိုသုံးတစ်ယောက်ထက်မပိုခဲ့ဘူး ။

တစ်ခါတစ်လေ နားကြပ်လေးကိုတပ်ပြီး သီချင်းနားထောင်နေတက်သလို ၊ ဝမ်းနည်းတဲ့အခါ တစ်ယောက်ထဲကြိတ်ငိုနေတက်ပြန်တယ် ။

သူမဟာ ဘယ်တုန်းကမှ အချစ်မခံခဲ့ရပါဘူး။
သနားစရာ အဲ့ဒီအမျိုးသမီးကတော့ ကျွန်မ ကိုယ်တိုင်ပါပဲ ။

crd_to_owner_with_respect

20/10/2024

" ကိုယ်ဟာ လူစစ်စစ်ဖြစ်တယ်ဆိုရင် "

သူတစ်ပါးရဲ့ နာကျင်မှုကို
ဘယ်တော့မှ ပျက်ရယ်မပြုနဲ့။

သူတစ်ပါးရဲ့ အားနည်းချက်ကို
ဘယ်တော့မှ မလှောင်ပြောင်နဲ့။

သူတစ်ပါးရဲ့ မျက်ရည်ကို
ဘယ်တော့မှ မပျော်ရွှင်နဲ့။

သူတစ်ပါးရဲ့ နွမ်းပါးမှုကို
ဘယ်တော့မှ အခွင့်အရေးမယူနဲ့။

သူတစ်ပါးရဲ့ရိုးသားမှုကို
ဘယ်တော့မှ မဖျက်ဆီးနဲ့။

သူတစ်ပါးရဲ့အောင်မြင်မှုကို
ဘယ်တော့မှ မနာလိုမဖြစ်နဲ့။

သူတစ်ပါးရဲ့ အားနာမှုကို
ဘယ်တော့မှ အခွင့်အရေးမယူနဲ့။

သူတစ်ပါးရဲ့ ချို့ယွသးင်းချက်ကို
ဘယ်တော့မှ မကဲ့ရဲ့မိစေနဲ့။

🔰 အစဉ်လေးစား ချစ်ခင်နေလျှက် ....... ✍🏻

Credit

09/10/2024

မှားနေရင်တောင်
ဖိနှိမ်မပြောရက်တဲ့..
နှလုံးသားမျိုးကမှ..နွေးထွေးမှုရှိတာပါ။

လွဲနေရင်တောင်
မသိမသာလေးတည့်ပေးတတ်တဲ့
နှလုံးသားမျိုးကမှ..ကြင်နာတတ်တာပါ..။

ချို့ယွင်းနေရင်တောင်
စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာမပေးတတ်တဲ့
နှလုံးသားမျိုးကမှ..တကယ်မွန်မြတ်တာပါ...။

အဆိုးတွေရှိရင်တောင်
အကောင်းလေးတွေနဲ့..ထေပြီး
မြင်တတ်နားလည်တတ်တဲ့နှလုံးသားမျိုးကမှ
တကယ့်ကို...ရင့်ကျက်တာပါ..။

လိုအပ်နေရင်တောင်
လိုလို့ဖြည့်ပေးတယ်ဆိုတဲ့သဘော
မသက်ရောက်အောင်
စေတနာသီးသန့်နဲ့ ဖြည့်ပေးတတ်တဲ့
နှလုံးသားမျိုးကမှ
တကယ့်ကို..လေးစားထိုက်တာပါ..။

#သံသာရှင်းထက်

05/10/2024

'' ခင်ပွန်းများ သိရထားရမည့် အရာ ''
▪▪▪▪▪▪▪▪▪▪▪▪

မင်းမိန်းမ ပင်ပန်းနေပြီ...

မင်းမိန်းမ ဘယ်လိုခံစားရလဲ နင်တွေးဖူးလား။

ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ သင့်ဇနီးသည်သည် သူ့ပခုံးပေါ်၌ အလုပ်များစွာကို သယ်ဆောင်ပြီး နေ့တိုင်းသွားနေရဆဲဖြစ်သည်။

မင်းမိန်းမက ငါ မလုပ်နိုင်တော့ဘူးလို့ မင်းကိုပြောရင် —သူ့ကို မစီရင်ပါနဲ့၊
ဒါမှမဟုတ် မင်းကို ထားသွားချင်တယ်လို့လဲ မထင်ပါနဲ့။ တစ်ခါတလေ သူမမှာ ဖြေရှင်းရမဲ့ ပြဿနာတွေများလွန်းပြီး နှလုံးသားထဲမှာ နာကျင်မူခံစားရသောကြောင့်ဖြစ်နိုင်သည်။

သူမလည်း ပင်ပန်းနေပြီမို့ အိမ်မှုကိစ္စများစသည့်
ပန်းကန်ဆေးတာ၊ အိမ်သန့်ရှင်းရေးလုပ်တာတွေမှာ
ကူညီပေးလိုက်ရင် မင်းကို ယောက်ျားမပီသစေမှာ
မဟုတ်ပါဘူး…
သူလည်း ငိုတတ်တယ်၊ ခံစားတတ်တယ် ၊ ဘယ်သူ့မှ အဆင်ပြေလာ မိန်းမဆိုပြီး မမေးကြဘူး။ .

သူမသည် မိခင်တစ်ယောက်...
စိတ်ပညာရှင်... ဆရာဝန်... ထမင်းချက်သူ အိမ်ရှင်မ... ဇနီးသည်.. နှင့် အခြားသော
အရာများစွာ ပုံဆောင်သည်။
၊ ဒါပေမယ့် အရေးကြီးဆုံးကတော့ မိတ်ဖက်တစ်ဦးအနေဖြင့် သင်၏ပံ့ပိုးမှုကိုသူအရမ်းလိုအပ်
သည်...သူမကို အစစအရာရာမှာ ထောက်ပံ့ပါ၊ အားပေးပါ၊ ကူညီပါ။

မင်းမှာ ပြဿနာရှိရင် သူက မင်းကို ထောက်ပံ့လိမ့်
မယ်၊ အရာရာအားလုံး အဆင်ပြေသွားမယ်လို့ မင်းကိုပြောလိမ့်မယ်။
ပိုက်ဆံမရှိရင် ပိုက်ဆံရအောင်
နည်းလမ်းရှာလိမ့်မယ်၊ မင်းသူ့မကို ကောင်းကောင်းမဆက်ဆံ ရင်တောင် မင်းကို တစ်ယောက်တည်း ဘယ်တော့မှ ထားခဲ့မှာမဟုတ်ဘူး။
သူ့မှာ ဘာမှမရှိဘူးလို့ အမြဲပြောနေပေမယ့် သူ့မှာ အရာအားလုံးရှိတယ်...
အဲဒါ မိခင်ကောင်းတစ်ယောက်ရဲ့ စိတ်စာတ်ပဲ...

တိုက်ပွဲဝင်အမျိုးသမီးများနှင့် ဇနီးများအားလုံး ကျန်းမာပါစေ
Min Thadan Htun Presentation

02/10/2024

မွေးပေးရုံနဲ့မပြီးပါဘူး

ချစ်ပေးရတယ်

ဂရုစိုက်ပေးရတယ်

ပျိုးထောင်ပေးရတယ်

တာဝန်ယူပေးရတယ်

အဲ့ဒါကြောင့် စေတနာရှိနေဖို့လည်းလိုပါသေးတယ်

တကယ်တော့ မိဘဆိုတဲ့ရာထူးကြီးက

တာဝန်သိတတ်သူတွေအဖို့ သိပ်ကို တာဝန်ကြီးလွန်းပါတယ်🫶

တချို့က မွေးပေးရုံနဲ့ပြီးသွားပြီလို့ ထင်နေကြတဲ့ လူကြီးတွေ ရှိနေကြသေးလို့ရယ် 😔

Crd

25/09/2024

ဘဝမှာ အများကြီး အမှတ်တရမရှိချင်ပါဘူး

ချစ်တဲ့သူတွေနဲ့ 💜

ပျော်စရာအချိန်တွေပဲ အမှတ်ရချင်တာ 💜

22/09/2024

ဘာလိုအပ်နေလဲ မေးတဲ့သူထက်
လိုတာလေး အလိုက်တသိ လုပ်ပေးတဲ့သူကို
သဘောကျတာ မမှားပါဘူး

ဂရုစိုက်ပေးပါလို့ တောင်းဆိုစရာမလိုပဲ
ဂရုစိုက်ပေးတဲ့ အရိပ်ကို ခိုလှုံတာမမှားသလို

ကြင်နာပေးပါလို့ ပြောစရာမလိုပဲ
ကြင်နာတတ်တဲ့ နှလုံးသားလေးတစ်စုံမှာ
ပျော်ဝင် နားခိုမိတာလဲ မမှားပါဘူးနော်

လိုအပ်နေတာက
ပြောစရာမလိုပဲ ချစ်ပေးနေတဲ့သူကိုပဲ လိုတာပါ။

🍂❤️

09/09/2024

ကျွန်မကလေ
ပျော်ပျော်နေတတ်တယ်
တကယ်ခင်မိရင်
တွယ်တာတတ်တယ်
ဒါတွေကြောင့်ပဲ ထင်ပါတယ်
မခွဲနိုင်မှန်းသိတော့
တချို့က ပိုပြီး အနိုင်ယူချင်ကြတယ်

#သျှင်ယွန်း

25/05/2024

လူတစ်ယောက်ကို မခေါ်ပဲ
အချိန်အကြာကြီးပစ်ထားရင်

သူ အစတော့ အထီးကျန်ပီး
ဝမ်းနည်းနေပါလိမ့်မယ်။

အဲ့အချိန်မှာ မင်း ခေါ်လိုက်ရင်
သူအရမ်းပျော်ပီး တွေ့ချင်နေပါလိမ့်မယ်။

နည်းနည်းကြာလာရင်တော့
သူ မင်းမရှိလဲ နေတတ်သွားပါလိမ့်မယ်။

အဲ့အချိန်မှာတော့ မင်း ဘယ်လောက်ခေါ်ခေါ်
သူလာမွာ မဟုတ်တော့သလို စိတ်နာတာတွေရော
မေ့ပစ်တာတွေပါ ထပ်တိုးလာပါလိမ့်မယ်။

နေတတ်သွားတာ သူ့အပြစ်မဟုတ်ဘူး။
နေတတ်အောင်ထားတဲ့ မင်း အပြစ်ပါ။

copyပါ


#စာပေချစ်သူများအားလေးစားစွာဖြင့်
#ဘဝဒိုင်ယာရီ

Photos from Amy Thwe's post 12/05/2024

Happy mother's day ပါမေမေ Daw Nwet Nwet Win

ချစ်တယ်😘😘😘

11/05/2024

အပြောလွယ်ပြီး
ထိန်းဖို့ခက်တာက "စကား"

အပေးလွယ်ပြီး
တည်ဖို့ခက်တာက "ကတိ"

မုန်းဖို့လွယ်ပြီး
မေ့ဖို့ခက်တာက "နာကျင်မှု"

ပြတ်သားဖို့လွယ်ပြီး
မေ့ပျောက်သွားဖို့ခက်တာက" အလွမ်း"

အပေးလွယ်ပြီး
ပြန်ရဖို့မလွယ်တာက "မေတ္တာ"

တိုးတက်ဖို့ လွယ်ပြီး
ရေရှည်တည်တံ့ဖို့မလွယ်တာက "အောင်မြင်မှု"

ထားဖို့လွယ်ပြီး
အသိအမှတ်ပြုခံရဖို့ မသေချာတာက "စေတနာ"

အတူတူရှိနေပေမယ့်
နှလုံးသားရင်ခုန်သံ ထပ်တူကျဖို့ခက်စေတာက" နားလည်မှု"

လိုချင်ကြပြီး
ပြန်ပေးဖို့မေ့နေကြတာက "ကိုယ်ချင်းစာတရား"

"ဖြစ်တတ်သော သဘာဝများနှင့် လက်ရှိဖြစ်ပေါ်နေပြီး
တကယ်ခက်ခဲနေသော အမှန်တရားများ"

လေးစားစွာဖြင့်♥ ♥ ♥

#ဂျူး

Category

Telephone

Website

Address


Kyaukmyaung
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Amy Thwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.