AURA PLUS By Yadanar

AURA PLUS By Yadanar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AURA PLUS By Yadanar, Skin Care Service, Yangon.

01/10/2026

အိပ်စက်လိုက်တိုင်း ကိုယ့်ရဲ့မျက်နှာအသားအရည်လေး ပိုပိုလှလာဖို့ ဘာလုပ်ရမလဲ?

အဖြေကတော့ လွယ်လွယ်လေးပါပဲရှင် …

AURA Plus ရဲ့ Premium Night Repair Cream လေးကို ညအိပ်ရာမဝင်မီ ပုံမှန်လေး လိမ်းပေးရုံပါပဲ 🩷

ညဘက်အိပ်စက်နေချိန်အတွင်း တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်ပျက်စီးခဲ့တဲ့ အရေပြားဆဲလ်တွေကို အနက်ရှိုင်းဆုံး ပြန်လည်ပြုပြင်ပေးပြီး အစိုဓာတ်ကို အပြည့်အဝ ဖြည့်တင်းပေးပါတယ်။

Night Repair Cream လေးလိမ်းပြီး အိပ်စက်လိုက်တိုင်း မနက်ခင်းနိုးထလာတဲ့အခါ ဝက်ခြံ၊ တင်းတိပ်၊ အမဲစက်၊ အမာရွတ်တွေကို မှေးမှိန်သက်သာစေပြီး စိုပြေတင်းရင်းဝင်းပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်စေမှာ အသေချာပါပဲရှင် 😚

ဈေးနှုန်း
➖➖➖
Premium Night Repair Cream _ 45,000 Ks (15g)

Photos from AURA PLUS By Yadanar's post 29/09/2026

အနူးညံ့ဆုံးအမြှုပ်လေးတွေရဲ့နောက်ကွယ်မှာ အထိရောက်ဆုံးအစွမ်းတွေရှိတယ် ☁️🫧

မျက်နှာသစ်လိုက်တိုင်း အမြှုပ်အိအိလေးတွေရဲ့နောက်ကွယ်မှာ အသားအရည်အတွက် တကယ့်ကို အစွမ်းထက်လှတဲ့ သဘာဝပါဝင်ပစ္စည်းတွေဖြစ်တဲ့ ပျားရည်၊ ခရုကော်ရည်၊ ရွှေမှုန်၊ နနွင်း တို့ကို အချိုးကျ ထည့်သွင်းဖော်စပ်ထားပါတယ် 🫧

🍯 ပျားရည် ➜ အသားအရည်ကို စိုပြေဝင်းပစေပြီး ဘက်တီးရီးယားတွေကို ဖယ်ရှားပေးတယ်။
🐌 ခရုကော်ရည် ➜ ပျက်စီးနေတဲ့ဆဲလ်တွေကို ပြုပြင်ပေးပြီး အသားအရည်ကို တင်းရင်းနုပျိုစေတယ်။
✨ ရွှေမှုန် ➜ အိုမင်းရင့်ရော်မှုကို တားဆီးပေးပြီး ရွှေလိုဝင်းပတဲ့မျက်နှာလေးကို ပိုင်ဆိုင်စေတယ်။
🫚 နနွင်း ➜ အမဲစက်၊ တင်းတိပ်၊ အမာရွတ်တွေကို လျော့ပါးသက်သာစေပြီး အသားအရည်ကို ကြည်လင်စေပါတယ်။

AURA Plus က ထုတ်လုပ်ထားတဲ့ Premium Snail Soap နဲ့ Brightening Facial Cleanser နှစ်မျိုးလုံးက အခဲနဲ့အရည် ပုံစံသာ ကွဲပြားပေမဲ့ အမြှုပ်ထွက်အားရော ... မျက်နှာအသားအရည်ကို အပြည့်အဝ အကျိုးပြုတဲ့အာနိသင်‌ရော တူညီပြီး ထိရောက်မှုအပြည့် ရှိပါတယ်။
မိမိအသုံးပြုရတာ ပိုအဆင်ပြေမဲ့ပုံစံကို စိတ်ကြိုက်ရွေးချယ်လို့ရပါတယ်။

နူးညံ့အိစက်တဲ့အမြှုပ်လေးတွေနဲ့အတူ သဘာဝရဲ့ အထိရောက်ဆုံး အစွမ်းထက်အာနိသင်တွေကို အပြည့်အဝရရှိဖို့ AURA Plus မျက်နှာသစ်ဆပ်ပြာလေးတွေကို ရွေးချယ်လိုက်တော့ရှင် 💛

ဈေးနှုန်း
➖➖➖
Premium Snail Soap _ 16,000 Ks (45g)
Brightening Facial Cleanser _ 25,000 Ks (50ml)

28/09/2026

🙋🏻‍♀️ လိုင်ချီးသီးကြိုက်တဲ့သူတွေရှိလား?

သဘာဝအတိုင်း ချိုမွှေးနေတဲ့ လိုင်ချီးသီးရဲ့အရသာကို အပြည့်အဝခံစားရင်း အသားအရည်ကို ကြည်လင်ဝင်းပလာစေမဲ့ လျှို့ဝှက်ချက်လေးတစ်ခုရှိပါတယ်

ဒါကတော့ AURA Plus Collagen Supplement ပါပဲ 🩵

သူ့ထဲမှာ အရသာရှိလှတဲ့ Lychee Extract ကို အဓိက သုံးထားလို့ သောက်လိုက်တိုင်း ချိုမွှေးလန်းဆန်းတဲ့ အရသာကို တစ်ဝကြီး ခံစားရမှာပါ 🍷

အရသာတစ်ခုတည်းအတွက် ထည့်ထားတာမဟုတ်ဘဲ …
🫧 Lychee Extract မှာ Vitamin C နဲ့ Antioxidants တွေကြွယ်ဝစွာ ပါဝင်လို့ အသားအရည်ကို အတွင်းပိုင်းကနေ ကြည်လင်ဖြူဝင်းစေပါတယ်။
🫧 Anti-Aging Effect ပါဝင်လို့ အရေးအကြောင်းတွေကို လျှော့ချပေးပြီး နုပျိုမှုကို ထိန်းသိမ်းပေးပါတယ်။
🫧 Collagen Booster အဖြစ်လည်း စွမ်းဆောင်နိုင်လို့ ပါဝင်တဲ့ Collagen ရဲ့ စုပ်ယူမှုကို ပိုမိုမြန်ဆန်ကောင်းမွန်စေပြီး အသားအရည်ကို တင်းရင်းစိုပြေစေပါတယ်။

တစ်နေ့တစ်ထုပ်သောက်ရုံနဲ့ ချိုမွှေးတဲ့အရသာအပြင် Aura တောက်ပပြီး ကြည်လင်အသားအရည်ကိုပါ ပိုင်ဆိုင်နိုင်ပါပြီ 🩷

ဈေးနှုန်း
➖➖➖
10 Sachets ➜ 37,500 Ks
30 Sachets ➜ 110,000 Ks

25/09/2026

Apple မှာ iPhone Duo ရှိရင် AURA Plus မှာ အသားဖြူဖို့ အလိုက်ဖက်ဆုံး Vampire Duo ရှိပါတယ် 🧛🏻‍♀️♥️

AURA Plus ရဲ့ Vampire Duo ကတော့ အသားအရည်ကို အတွင်းပိုင်းအလွှာထိ အနက်ရှိုင်းဆုံး စိမ့်ဝင်ပြုပြင်ပေးမဲ့ Vampire Ultra Whitening Body Serum နဲ့ အပြင်ထွက်တိုင်း ချက်ချင်း ဖြူဝင်းစေမဲ့ Vampire Ultra Whitening Body CC Cream ပဲပေါ့ ...

🩸 Ultra Whitening Body Serum: အသားအရည်ကို ရေဓာတ်ပြည့်ဝစေပြီး အမဲစက်၊ အမာရွတ်တွေကို မှေးမှိန်လျော့ပါးစေပါတယ်။
♥️ Ultra Whitening Body CC Cream: အသားအရောင်ကို ချက်ချင်းညီညာဖြူဝင်းစေပြီး မွဲခြောက်ညိုညစ်ခြင်းကို ချက်ချင်း ဖုံးကွယ်ပေးပါတယ်။

ဒီနှစ်ခုကို တွဲလိမ်းလိုက်ရင်
လိမ်းတဲ့အခါ အေးမြပြီး ခြောက်ခြောက်ကပ်ကပ်ကြီးမဖြစ်ဘဲ လိမ်းရတာတအားလွယ်တယ်၊ Cream သားဆွဲရခက်တာမျိုးမဖြစ်ပါဘူး။
အသားအရည်ကို ထိန်းသိမ်းရာလည်း ရောက်ပါတယ်။
Finish အနေနဲ့လည်း အချိန်အကြာကြီးစောင့်စရာမလိုဘဲ လုံးဝမပြာ၊ မကွက်ဘူး။
ဖြူဖြူသိပ်သိပ်ညက်ညက်လေး ပိုဖြစ်စေပါတယ်။

လှပကျော့ရှင်း၊ စို‌ပြေဖြူဝင်းတဲ့အသားအရည်ပိုင်ရှင်ဖြစ်ဖို့ AURA Plus ရဲ့ Vampire Duo ကို အခုပဲ ရွေးချယ်လိုက်တော့ရှင် 👇🏻

ဈေးနှုန်း
➖➖➖
Vampire Ultra Whitening Body Serum _ 40,000 Ks (100ml)
Vampire Ultra Whitening Body CC Cream _ 40,000 Ks (120ml)

Photos from AURA PLUS By Yadanar's post 24/09/2026

ခေါင်းလျှော်ပြီးလို့တစ်ရက်ပဲရှိသေးတယ် ... ဆံပင်က အဆီတွေနဲ့ကပ်ပြီး ပုံပျက်နေပြီလား?

ဒါဆိုရင်တော့ AURA Plus ရဲ့ Argan Oil Hydrating Hair-Care Set လေးကို ရွေးချယ်လိုက်ပါ။

❝တစ်ခါလျှော်... တစ်ပတ်လှ❞ ဆိုတဲ့အတိုင်း AURA Plus ရဲ့ Argan Oil Hydrating Hair-Care Set လေးနဲ့ခေါင်းလျှော်ပြီးရင် တစ်ပတ်လောက်ထိ ဆံသားလေးက ပုံမပျက်ဘဲ ပုံကျလှပနေစေမှာပါ 💚

🌱 Argan Oil Hydrating Shampoo 🌱
• ဦးရေပြားကို အေးမြစေပြီး အဆီအညစ်အကြေး၊ ဗောက်တွေကို အန္တရာယ်ကင်းစွာ အနက်ရှိုင်းဆုံး ဖယ်ရှားပေးတယ်။
• ဆံပင်ကျွတ်ခြင်းမှ အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

🌱 Argan Oil Hydrating Conditioner 🌱
• ဆံပင်တစ်ချောင်းချင်းစီကို အာဟာရဖြည့်ပေးလို့ ဆံလုံးကြီးပြီး အုံထူစေတယ်
• ရှုပ်ထွေးကြမ်းတမ်းခြင်းကင်းပြီး ဆံသားကို ပျော့ဝပ်အိစင်းစေပါတယ်။

🌱 Hair Repair Serum 🌱
• စေးကပ်ခြင်းလုံးဝမရှိဘဲ ဆံသားကို ပြောင်လက်တောက်ပစေပါတယ်။
• အဖျားနှစ်ခွဖြစ်ခြင်း၊ ပျက်စီးကျိုးကြေခြင်းစတဲ့ ဆံသားပြဿနာတွေကို အထိရောက်ဆုံး ပြုပြင်ပေးပါတယ်။

AURA Plus ရဲ့ Argan Oil Hydrating Hair-Care Set လေးရှိရုံနဲ့ အလှပြင်ဆိုင် သွားစရာမလိုဘဲ အိမ်မှာတင် Salon အဆင့်မီ Hair Treatment ကိုရရှိနိုင်ပါပြီ 💚

အဆင့်ဆင့်ခေါင်းလျှော်နည်းလေးကတော့ ...
✅ ဦးရေပြားနဲ့ဆံပင်ကို Argan Oil Hydrating Shampoo နဲ့ သန့်စင်စွာ ဆေးကြောပါ။
✅ Argan Oil Hydrating Conditioner နဲ့ (3)မိနစ်လောက် ဆံပင်ကိုပေါင်းထားပြီး ရေဆေးချပါ။ (ဦးရေပြားမထိရ)
✅ ဆံသားမစိုမခြောက်ဖြစ်တဲ့အချိန်မှာ Argan Oil Hydrating Repair Serum ကို လိမ်းပေးပါ။ (ဦးရေပြားမထိရ)

ဈေးနှုန်း
➖➖➖
Shampoo _ 28,000 Ks (300ml)
Conditioner _ 28,000 Ks (300ml)
Hair Serum _ 28,000 Ks (100ml)

23/09/2026

Fruity Cream Mask လေးတွေက အရမ်းကို သိသိသာသာ အသားအရည် ကြည်လင်၊ တင်းရင်း၊ ဝင်းအိလာတာလဲတဲ့?

သဘာဝအသီးအနှံတွေကနေရရှိတဲ့ အာဟာရဓာတ်ကောင်းများကို အခြေခံထားတဲ့ Fruity Formula နဲ့ ဖော်စပ်ထားလို့ပဲပေါ့ 🥑

သဘာဝအသီးစစ်စစ်လေးတွေကို သေချာသန့်စင်ပိုးသတ်ပြီး ရလာတဲ့အဆီအနှစ်၊ အာဟာရတွေကို ထည့်သွင်းပြုလုပ်ထားလို့
အကြောင်းအမျိုးမျိုးကြောင့် ပင်ပန်းနွမ်းလျနေတဲ့မျက်နှာအသားအရည်ကို Fruity Cream Mask နဲ့ ပေါင်းတင်လိုက်ရုံနဲ့ သိသိသာသာ သစ်လွင်လန်းဆန်းလာစေပါတယ်။

💆🏻‍♀️ ပုံမှန်အချိန်ပေးပြီး ပေါင်းတင်ခြင်းဖြင့်
• မဲညစ်အဆီပြန်ခြင်းကင်းပြီး ကြည်လင်လာမယ်။
• အရေးအကြောင်းတွေပါးပြီး တင်းတင်းရင်းရင်းလေးဖြစ်လာမယ်။
• ရေဓာတ်ပြည့်ဝပြီး ဝင်းအိချောမွေ့လာမယ်။

နေ့တိုင်းရင်ဆိုင်နေရတဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ခဏမေ့ထားပြီး Fruity Cream Mask နဲ့ မျက်နှာအသားအရည်ကို သစ်လွင်လန်းဆန်းစေဖို့ ခဏတာ အနားပေးဖို့ မမေ့ပါနဲ့ …

ဈေးနှုန်း
➖➖➖
Fruity Cream Mask _ 12,000 Ks (50g)

22/09/2026

အသားအရည်ကို ချက်ချင်းဖြူဝင်းဥသွားစေမဲ့ AURA Plus ရဲ့ အသစ်စက်စက် Vampire Ultra Whitening Body CC Cream လေး စတင်ရောင်းချပေးနေပါပြီ ♥️🛒

ပွဲတက်တွေနဲ့အရေးကြီးအပြင်သွားစရာရှိတဲ့အခါ Vampire မလေးတွေလို ဖြူဝင်းဥနေတဲ့အသားအရည်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒါလေးက ကွက်တိပဲ ...

✓ Tone-Up CC Cream ဖြစ်လို့ လိမ်းလိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်း လက်၊ ခြေထောက်၊ ပေါင်‌‌တစ်ဝိုက် အသားအရောင် မညီညာတာတွေကို ညှိပေးပြီး တပြေးတည်း ညီညာဖြူဝင်းဥသွားစေတယ်။

✓ Shimmer လေးတွေပါဝင်လို့ အသားအရည်ကို သိသိသာသာ ထင်းလင်းစေပါတယ်။

✓ UV Filter ထည့်ထားလို့ နေလောင်ဒဏ်ကနေလည်း အသင့်အတင့်ကာကွယ်ပေးနိုင်ပါတယ်။

🫧 Niacianamide, HYA, Vitamin E, Bisabolol, Blackcurrant Seed Oil စတဲ့ Skincare Ingredients တို့ပေါင်းစပ်ပါဝင်လို့ ပုံမှန်စွဲလိမ်းမယ်ဆိုရင်လည်း အသားအရည်ကို မထိခိုက်စေတဲ့အပြင် အာဟာရဖြည့်ပေးပြီး သဘာဝအတိုင်း စိုပြေကြည်လင်လာစေပါတယ်။
ခန္ဓာကိုယ်မှာရှိတဲ့ အမဲစက်၊ အမာရွတ်တွေကိုလည်း တဖြည်းဖြည်း မှေးမှိန်‌ပျောက်ကွယ်သွားစေပါတယ်။

စက္ကန့်ပိုင်းအတွင်း အသားဖြူဖို့ ခုပဲ မှာယူလိုက်တော့ရှင် 📩

ဈေးနှုန်း
➖➖➖
Vampire Ultra Whitening Body CC Cream _ 40,000 Ks (120ml)

21/09/2026

💡 ဘယ်ချိန်ပဲကြည့်ကြည့် မီးထိုး၊ မှန်ထိုးထားသလို ဖြူဝင်းကြည်လင်နေတဲ့ အသားအရည်မျိုးကို ပိုင်ဆိုင်ချင်လား?

AURA Plus Vampire Ultra Whitening Body Serum က အချိန်တိုအတွင်း ပိုမို ဖြူဝင်း၊ ကြည်လင်၊ စိုပြေစေဖို့ ကူညီပေးနိုင်ပါတယ် ♥️

🩸 Niacinamide, TXA, Mandarin Orange, Guava, Tamarind စတဲ့ Anti-Melanin-Producing ဂုဏ်သတ္တိတွေ ကြွယ်ဝတဲ့ Ingredient တွေနဲ့ပြုလုပ်ထားတဲ့ Ultra Whitening Formula ကြောင့် အမဲစက်၊ အမာရွတ်၊ နေလောင်ကွက်တွေကို မှေးမှိန်သက်သာစေပြီး အသားအရည်ကို ပုံမှန်ထက် 3ဆင့် ဖြူဝင်းကြည်လင်လာစေပါတယ်။

🩸 Dragon’s Blood လို့ ခေါ်တဲ့ ရှားပါးအပင်ကရတဲ့နီညိုရောင်သစ်စေးကိုလည်း ထည့်သွင်းထားလို့ နေလောင်ခြင်း၊ နီမြန်းခြင်းကို အထူးသက်သာစေပြီး ပျက်စီးသွားတဲ့ Skin Cells, Skin Tissues တွေကို ပြန်လည်ပြုပြင်ပေးနိုင်ပါသေးတယ်။

🩸 စီးကပ်ကပ်ဖြစ်တာမျိုးမရှိဘဲ Texture က ကျဲကျဲလေးနဲ့ အသားအရည်ကို အေးမြစေတယ်။

🩸 အသားအရည်ကို မခြောက်သွေ့စေသလို အသားအရည်အတွင်းပိုင်းအလွှာထိ စိမ့်ဝင်လွယ်ပြီး အစိုဓာတ်ပြည့်ဝနေစေပါတယ်။

အသားအရည်ကို မီးထိုး၊ မှန်ထိုးထားသလိုမျိုး နေရာတိုင်းမှာ ထင်ပေါ်တောက်ပနေဖို့ Vampire Ultra Whitening Body Serum ကို အခုပဲ စမ်းသုံးကြည့်လိုက်တော့ရှင် ♥️

စျေးနှုန်း
➖➖➖
Vampire Ultra Whitening Body Serum _ 40,000 Ks (100ml)

18/09/2026

ပိုလန်းတဲ့ ဗူးခွံအသစ်နဲ့ 50ml ပိုပါလို့ ပိုတန်တယ်ဗျို့ 🩷

ဟုတ်ပါတယ် … Speed White Lotion ကို ရာသီဥတုတိုင်းနဲ့ကိုက်ညီ‌ပြီး သိမ်းဆည်းရလွယ်ကူအောင် အရင်ညှစ်ဗူးကနေ ဂေါက်ဗူးအဖြစ် ဗူးခွံအသစ်ပြောင်းထားပါတယ် ➠

ဒါ့အပြင် အရင်ညှစ်ဗူးတုန်းက Net Weight 250ml ပဲပါပြီး ခုပြောင်းလိုက်တဲ့ဂေါက်ဗူးက Net Weight 300ml တောင်ပါပါတယ်။

50ml ပိုပါလို့ ဈေးအရမ်းပိုကြီးသွားမယ်လို့တော့ မထင်လိုက်ပါနဲ့ 🙅🏻‍♀️
50ml ပိုပါတာတောင် ဈေးက တစ်ထောင်ပဲ တက်ထားပါတယ်။

Quality ကတော့ လုံးဝ မလျော့ထားသလို လုံးဝ မပြောင်းထားလို့ 100% ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ်ရှင့် 🛒

စျေးနှုန်း
➖➖➖
Speed White Lotion _ 36,000 Ks (300ml)

16/09/2026

အဆီပြန်ခြင်းကင်းပြီး ကြည်လင်ဝင်းပတဲ့မျက်နှာကို ပိုင်ဆိုင်ဖို့ဆိုရင်
အကြည်လင်ဆုံး ရေဓာတ်တွေ ပြည့်ဝနေဖို့ပဲ အဓိက လိုတာပါ 🤍

Skin Barrier မှာ ရေဓာတ်တွေ အပြည့်အဝရှိနေရင် ဘာမှအများကြီး လိမ်းစရာမလိုဘဲ ကြည်လင်ဝင်းပနေမှာ အသေချာပါပဲ …

AURA Plus ရဲ့ Booster Moisturizing Gel က မျက်နှာမှာ အကြည်လင်ဆုံး ရေဓာတ်တွေ ပြည့်ဝနေဖို့ အထိရောက်ဆုံး စွမ်းဆောင်နိုင်ပါတယ်။

🫧 Oil Free Energy အပြည့်နဲ့ ကြည်တောက်နေတဲ့ Gel Texture နဲ့ပြုလုပ်ထားလို့ အဆီပြန်ခြင်းကို အထူးသက်သာလျော့ပါးစေပြီး မျက်နှာကို တင်းတင်းကြည်ကြည်လေးဖြစ်စေတယ်။
🫧 သူ့မှာပါတဲ့ HYA က မျက်နှာကို စိုပြေတင်းရင်းစေပြီး 24 နာရီကြာ ရေဓာတ်ပြည့်ဝစေပါတယ်။
🫧 Vitamin B3 ပါဝင်လို့ မျက်နှာပေါ်ကအမဲစက်တွေကို သဘာဝအတိုင်း မှေးမှိန်စေပြီး ကြည်လင်ဝင်းပလာစေပါတယ်။
🫧 Organic Aloe Vera ကြောင့် ညစ်နွမ်းပင်ပန်းနေတဲ့အသားအရည်ကို ပြန်လည် လန်းဆန်းအေးမြစေပါတယ်။

☀️🌙 မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာသစ်ပြီးတိုင်း သင့်တော်ရုံ ပမာဏကို မျက်နှာနဲ့လည်ပင်းအနှံ့ အသာအယာ ပွတ်လိမ်းပေးပါ။
မိတ်ကပ်မလိမ်းမီ Primer အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

အဆီပြန်ခြင်းကင်းပြီး ကြည်လင်ဝင်းပတဲ့မျက်နှာကို ပိုင်ဆိုင်ဖို့ ခုပဲ မှာယူလိုက်တော့ရှင် 🛒

စျေးနှုန်း
➖➖➖
Booster Moisturizing Gel _ 35,000 Ks (30g)

Telephone

Website

Address


Yangon