OHOO
OHOO Othopedic & Body Aids
ကျန်းမာရေးအထောက်အကူပြုပစ္စည်းများဆက်သွယ်မှာယူနိုင်ပါပြီ။
24/09/2026
ခါးနာတဲ့ ဝေဒနာ ခံစားနေရချိန်မှာ ခါးစည်း (Lumbar Support Belt) ဝတ်ဆင်ပေးတာဟာ နာကျင်မှုကို မြန်မြန်ဆန်ဆန် သက်သာစေပြီး ပုံမှန်လှုပ်ရှားမှုတွေကို ရဲရဲဝံ့ဝံ့ ပြန်လုပ်နိုင်ဖို့ အကောင်းဆုံး အထောက်အပံ့ ဖြစ်ပါတယ်။
ခါးစည်းဝတ်ဆင်ခြင်းက နာကျင်မှုကို ချက်ချင်း သက်သာစေရုံသာမကခါးကျော ပိုမဒဏ်ရာရအောင် ကာကွယ်ပေးပြီးအထိုင်အထနှင့် ကိုယ်ဟန်မူရာကိုပါမှန်ကန်စေပါတယ်။
ခါးနာတာကြောင့် သင့်ရဲ့ နေ့စဉ်အလုပ်တွေကို အဟန့်အတား မဖြစ်ပါစေနဲ့။
သင့်ခါးအတွက် သက်တောင့်သက်သာရှိပြီး အထိရောက်ဆုံး ပံ့ပိုးပေးနိုင်မယ့် OHOO Lumbar Support Belt ရှိနေပါပြီ။OHOOရဲခါးစည်းတွေဟာဆိုရင်
✨High-Grade Breathable Fabricနဲ့ပြုလုပ်ထားလို့ လေဝင်လေထွက် ကောင်းမွန်ပြီး ချွေးစို့တာ၊ ယားယံတာမျိုး မရှိဘဲ သက်တောင့်သက်သာ ရှိစေပါတယ်။
✨Ergonomic Design & Firm Supportပါလို့ခါးရဲ့ သဘာဝ ကွေးညွတ်မှုအတိုင်း ထိန်းမတ်ပေးနိုင်ပြီး နာကျင်မှုကို ထိရောက်စွာ လျှော့ချပေးပါတယ်။
✨ Durable & Seamless Fit: အဝတ်အစား အောက်မှာ ဝတ်ဆင်ရုံနဲ့ ခန္ဓာကိုယ်နဲ့ တစ်သားတည်း ဖြစ်စေပြီး ပုံစံ မပျက်လွယ်ဘဲ ရေရှည် အသုံးခံပါတယ်။
ခါးနာတာကို အောင့်အီးမခံပါနဲ့တော့။ ပရီမီယံ Quality နဲ့ သက်တောင့်သက်သာရှိမှုကို ပေးစွမ်းနိုင်တဲ့ OHOO ခါးစည်း နဲ့ သင့် ခါးကျန်းမာရေးကို စနစ်တကျ စောင့်ရှောက်လိုက်ပါ။❤️
22/09/2026
"အူကျတယ်ဆိုတာ ခွဲစိတ်မှ ရမှာလား… နေ့စဉ်ဘဝမှာရော ဘာတွေ သတိထားရမလဲ?" 🩺
အူကျရောဂါ (Hernia) ခံစားနေရသူတွေအတွက် နေ့စဉ် လူနေမှုပုံစံက အလွန် အရေးကြီးပါတယ်။ အသေးအဖွဲလို့ ထင်ရတဲ့ အမူအကျင့်လေးတွေက ရောဂါအခြေအနေကို ပိုဆိုးသွားစေနိုင်လို့ ရှောင်ရန်/ဆောင်ရန်တွေကို သိထားဖို့ လိုပါတယ်—
❌ ရှောင်ရန်
အလေးအပင် အလွန်အကျွံ မ ခြင်း။
ဝမ်းဗိုက်ကို ဖိအားပေးသည့် ကိုယ်လက်လှုပ်ရှားမှုများ အတင်းအကျပ် လုပ်ခြင်း။
✅ ဆောင်ရန်
ဝမ်းမချုပ်အောင် အမျှင်ဓာတ်များတဲ့ အစားအစာနဲ့ ရေများများ သောက်ပါ။
ချောင်းဆိုး/နှာချေရင် ဝမ်းဗိုက်ကို အသာအယာ ထိန်းပေးပါ။
ခွဲစိတ်ကုသမှု မလုပ်မီစောင့်ဆိုင်းစဉ် သို့မဟုတ် ဆရာဝန်ညွှန်ကြားချက်အတိုင်း သင့်တော်သည့် Hernia Belt/Aid များကို စနစ်တကျ အသုံးပြုပါ။
💡 OHOO Hernia Aids က ဆိုရင်
ထွက်နေသည့် နေရာကို စနစ်တကျ ထိန်းမတ်ပေးပြီး နာကျင်မှုကို သက်သာစေပါတယ်။
Comfort & Confidence: ပါးလွှာပြီး ခန္ဓာကိုယ်နဲ့ တစ်သားတည်းကျအောင် ဒီဇိုင်းထုတ်ထားတာကြောင့် အဝတ်အစားအောက်မှာ သက်တောင့်သက်သာ ဝတ်ဆင်နိုင်ပါတယ်။
Safety First: ခွဲစိတ်မှု မပြုလုပ်မီ သို့မဟုတ် ခွဲစိတ်ပြီး ပြန်လည်သက်သာချိန်မှာ လိုအပ်တဲ့ အထောက်အပံ့ကို စိတ်ချလက်ချ ရရှိစေပါတယ်။
နာကျင်မှုမရှိဘဲ စိတ်အေးချမ်းစွာနဲ့ နေ့စဉ်အလုပ်တွေကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ဖို့ OHOO Hernia Aid ကို ရွေးချယ်လိုက်ပါ။
26/08/2026
လက်မောင်းသိုင်းကြိုး ပုံစံမှား တပ်ရင် ပခုံးပါ လွဲသွားနိုင်သလား? ⚠️🚨
လက်မောင်း သို့မဟုတ် လက်ကောက်ဝတ် ဒဏ်ရာရလို့ တပ်ဆင်ရတဲ့ Arm Sling ကို ပုံစံမှားယွင်းစွာ ဝတ်ဆင်ထားရင် ဒဏ်ရာ မသက်သာတဲ့အပြင် နောက်ဆက်တွဲ ပြဿနာတွေပါ ဖြစ်လာနိုင်ပါတယ်!
⚠️ ကြိုး အတိုအရှည် မမှန်ခြင်း – ကြိုးတိုလွန်းရင် ပခုံးကြွက်သားတွေကို အမြဲတမ်း တင်းအားဖြစ်စေပြီး ပခုံးနာခြင်း၊ ကြွက်သားညောင်းညာခြင်း ဖြစ်စေပါတယ်။ ကြိုးရှည်လွန်းရင်လည်း ဒဏ်ရာကို ပိုဆိုးစေပါတယ်။
⚠️ တံတောင်ဆစ် ထောင့်မှားခြင်း – တံတောင်ဆစ်ကို ၉၀ ဒီဂရီ ထောင့်မှန်အတိုင်း ထားရှိရမှာဖြစ်ပြီး မို့မို့မတ်မတ် မရှိပါက ပခုံးအဆစ်လွဲခြင်းနှင့် သွေးလှည့်ပတ်မှု မမှန်ခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။
⚠️ လည်ပင်းပေါ် အလေးချိန်အကုန် ရောက်နေခြင်း – ကြိုးထိန်း pads များကို စနစ်တကျ မထားပါက လည်ပင်းရိုးကို ထိခိုက်စေနိုင်ပါတယ်။
အမှန်တကယ် သက်သာ ပျောက်ကင်းဖို့အတွက် သိုင်းကြိုးဝတ်ဆင်ရာမှာ ဆရာဝန်/ကျွမ်းကျင်သူများရဲ့ ညွှန်ကြားချက်အတိုင်း မှန်ကန်စွာ ဝတ်ဆင်ဖို့အပြင် သိုင်းကြိုးqualityကလည်းကောင်းနေမှဒဏ်ရာကိုသက်သာစေမှာနော်။
စိတ်ချယုံကြည်ရတဲ့ အရည်အသွေးနဲ့ အကောင်းမွန်ဆုံး ထောက်ပံ့ပေးနိုင်ဖို့ဆိုရင် ... OHOO Arm Sling ကိုပဲ သတိရလိုက်ပါ
19/08/2026
လူကြီးလက်မောင်းသိုင်းကြိုးနဲ့ ကလေးလက်မောင်းသိုင်းကြိုးက အရွယ်အစားပဲ ကွာတာလား? 🤔
ဒဏ်ရာရတဲ့အခါ လက်မောင်း သို့မဟုတ် ပခုံးကို ထိန်းပေးဖို့ လက်မောင်းသိုင်းကြိုး အသုံးပြုကြရာမှာ "ကလေးအတွက်ဆိုရင် လူကြီးသုံးကို ကြိုးတိုတိုချည်ပြီး သုံးလိုက်ရင် ရတာပဲ" လို့ ထင်တတ်ကြပါတယ် ⚠️
ဒါပေမဲ့ တကယ်တော့ အရွယ်အစားတစ်ခုတည်း ကွာခြားတာ မဟုတ်ပါဘူး။
တည်ဆောက်ပုံ အချိုးအစား ကွာခြားခြင်း – ကလေးတွေရဲ့ ခန္ဓာကိုယ် နဲ့ အရိုးဖွဲ့စည်းပုံဟာ လူကြီးနဲ့ မတူတာကြောင့် သိုင်းကြိုးရဲ့ ထောက်ပံ့ပေးနိုင်စွမ်း အချိုးအစား မတူပါဘူး။
အလေးချိန် လွှဲပြောင်းပေးမှု – ကလေးတွေရဲ့ လည်ပင်းနဲ့ ပခုံးကြွက်သားတွေဟာ နုနယ်တာကြောင့် အလေးချိန်ကို ပခုံးပေါ်တင်မကဘဲ ကျောကုန်းဘက်ကိုပါ မျှဝေပေးနိုင်တဲ့ ဒီဇိုင်းမျိုး လိုအပ်ပါတယ်။
သက်သောင့်သက်သာရှိမှု – ကလေးအသားအရေနဲ့ ကိုက်ညီတဲ့ မွေးပွ၊ နူးညံ့ပြီး လေဝင်လေထွက်ကောင်းတဲ့ ဒဏ်မဖြစ်စေမယ့် ဒိုင်ပါဇာတ်စ အမျိုးအစားတွေကို သုံးစွဲထားရပါတယ်။
ဒါကြောင့် ကလေးအတွက် ဒဏ်ရာရရှိပါက သီးသန့်ဒီဇိုင်းထွင်ထားတဲ့ ကလေးသုံး Arm Sling များကိုသာ စနစ်တကျ သုံးစွဲပေးသင့်ပါတယ်။
28/07/2026
ခွဲစိတ်ပြီးနောက် ဗိုက်စည်း (Abdominal Binder) စည်းပေးဖို့ တကယ်လိုအပ်သလား? 🤔
ဝမ်းဗိုက်ပိုင်း ခွဲစိတ်မှုတစ်ခုခု ပြုလုပ်ပြီးတဲ့အခါ (ဥပမာ - သားဖွားမီးယပ်ခွဲစိတ်တာ၊ အူအတက် ဒါမှမဟုတ် ဝမ်းဗိုက်ခွဲစိတ်မှုတွေအပြီး) ဆရာဝန်တွေက ဗိုက်စည်းလေး စည်းထားဖို့ လမ်းညွှန်လေ့ရှိကြပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင်...👇
🟢 ၁။ နာကျင်မှုကို လျှော့ချပေးခြင်း
ခွဲစိတ်ဒဏ်ရာရှိတဲ့နေရာကို အကောင်းဆုံး ထောက်ပံ့ပေးထားတာမို့ လှုပ်ရှားတဲ့အခါ၊ ချောင်းဆိုး/နှာချေတဲ့အခါ ဖြစ်တတ်တဲ့ ဒဏ်ရာနာကျင်မှုကို သိသိသာသာ သက်သာစေပါတယ်။
🟢 ၂။ အနာကျက်မြန်စေပြီး ရောင်ရမ်းမှု လျှော့ချပေးခြင်း
ခွဲစိတ်ထားတဲ့ နေရာတစ်ဝိုက်ကို ပွတ်တိုက်မိခြင်းမှ ကာကွယ်ပေးပြီး သွေးလည်ပတ်မှုကောင်းမွန်စေလို့ ရောင်ရမ်းတာကို ကျစေကာ အနာကျက် ပိုမြန်စေပါတယ်။
🟢 ၃။ ခန္ဓာကိုယ်အနေအထားကို ထိန်းညှိပေးခြင်း
ခွဲစိတ်ပြီးစမှာ ဗိုက်ကြွက်သားတွေ အားနည်းနေတတ်လို့ ဗိုက်စည်းက ခါးနဲ့ကျောရိုးကို ထောက်ကူပေးပြီး လမ်းလျှောက်လှုပ်ရှားရတာ ပိုမိုလွယ်ကူ လုံခြုံစေပါတယ်။
💡 OHOO ရဲ့ စေတနာစကား
ဗိုက်စည်းကို စည်းတဲ့အခါ အသက်ရှူရကျပ်တဲ့အထိ အရမ်းကြပ်အောင် မစည်းရပါဘူး။ မိမိရဲ့ ခွဲစိတ်မှုအမျိုးအစားပေါ်မူတည်ပြီး ဘယ်နှရက်၊ ဘယ်နှပတ်အထိ စည်းရမလဲဆိုတာကိုတော့ တာဝန်ခံဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း အတိအကျလိုက်နာဖို့ အရေးကြီးပါတယ်နော်။ 💚
27/07/2026
လည်ပင်းကော်လာ အပျော့နဲ့ အမာ... ဘယ်လိုကွာခြားပြီး ဘယ်အချိန်မှာ သုံးရမလဲ? 🤔
လည်ပင်းနာလို့ပဲဖြစ်ဖြစ်၊ ထိခိုက်ဒဏ်ရာရလို့ပဲဖြစ်ဖြစ် လည်ပင်းကော်လာ တပ်ဖို့ လိုအပ်လာတဲ့အခါ အပျော့ (Soft) နဲ့ အမာ (Hard) ဘာကွာလဲဆိုတာ OHOO Health Care က ဝေမျှပေးလိုက်ပါတယ်နော်။ 👇
၁။ လည်ပင်းကော်လာ အပျော့ (Soft Collar)
🟢 ဘယ်လိုအချိန်သုံးလဲ - လည်ပင်းကြွက်သားဒဏ်ရာရတာ၊ ဇာတ်ကြောတက်တာနဲ့ အသေးစားလည်ပင်းနာကျင်မှုတွေမှာ သုံးပါတယ်။
🟢 အကျိုးကျေးဇူး - နူးညံ့ပြီး ဝတ်ဆင်ရ သက်တောင့်သက်သာရှိစေတယ်၊ ကြွက်သားတွေကို အနားရစေပါတယ်။
၂။ လည်ပင်းကော်လာ အမာ (Hard Collar)
🔴 ဘယ်လိုအချိန်သုံးလဲ - ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရတာ၊ လည်ပင်းရိုးကျိုး/အဆစ်လွဲတာနဲ့ ခွဲစိတ်မှုအပြီး လည်ပင်းလုံးဝမလှုပ်ရှားစေချင်တဲ့ အချိန်တွေမှာ သုံးပါတယ်။
🔴 အကျိုးကျေးဇူး - လည်ပင်းလှုပ်ရှားမှုကို အပြည့်အဝ တားဆီးပေးပြီး လည်ပင်းရိုးနဲ့ အာရုံကြောမကြီးကို ကာကွယ်ပေးပါတယ်။
💡 OHOO ရဲ့ ကျန်းမာရေးသတိပေးချက်
လည်ပင်းကော်လာတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကာလရှည်တပ်ဆင်ထားရင် လည်ပင်းကြွက်သားတွေကို အားနည်းသွားစေနိုင်တာမို့ အထူးကုဆရာဝန်ရဲ့ လမ်းညွှန်ချက်အတိုင်းသာ စနစ်တကျ အသုံးပြုပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။ 💚
25/06/2026
"အရည်အသွေးမြင့်ပြီး ဈေးနှုန်းသင့်တင့်တဲ့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေကို မြန်မာနိုင်ငံမှာတင် ဝယ်လို့ရနေပြီဆိုတာ သိပါသလား?" 🇲🇲🩺
𝐎𝐇𝐎𝐎 အမှတ်တံဆိပ်ဟာ ပြည်တွင်းရှိ မိဘပြည်သူတွေရဲ့ ကျန်းမာရေးအတွက် အထူးရည်ရွယ်ပြီး ယုံကြည်စိတ်ချရတဲ့ အရည်အသွေးမြင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ကို သင့်တင့်သော ဈေးနှုန်းများဖြင့် ထုတ်လုပ်ဖြန့်ချီနေပါတယ်။
မိသားစုဝင်တွေရဲ့ အဆစ်အမြစ်နဲ့ အရိုးအကြော ကျန်းမာရေးအတွက် လိုအပ်တာမှန်သမျှ 𝐎𝐇𝐎𝐎 မှာ တစ်နေရာတည်း ရနိုင်ပါတယ် 👇
𝟏 ချိန်ညှိနိုင်သော ဗိုက်စည်းခါးပတ် (𝐀𝐝𝐣𝐮𝐬𝐭𝐚𝐛𝐥𝐞 𝐀𝐛𝐝𝐨𝐦𝐢𝐧𝐚𝐥 𝐁𝐞𝐥𝐭)
𝟐 ချိန်ညှိနိုင်သော ခါးစည်း (𝐀𝐝𝐣𝐮𝐬𝐭𝐚𝐛𝐥𝐞 𝐋𝐮𝐦𝐛𝐚𝐫 𝐁𝐚𝐜𝐤 𝐁𝐫𝐚𝐜𝐞)
𝟑 လည်ပင်းကော်လာ (အမာ) (𝐇𝐚𝐫𝐝 𝐂𝐞𝐫𝐯𝐢𝐜𝐚𝐥 𝐂𝐨𝐥𝐥𝐚𝐫)
𝟒 လည်ပင်းကော်လာ (အပျော့) (𝐒𝐨𝐟𝐭 𝐂𝐞𝐫𝐯𝐢𝐜𝐚𝐥 𝐂𝐨𝐥𝐥𝐚𝐫)
𝟓 လက်မောင်းသိုင်းကြိုး - လူကြီး (𝐀𝐝𝐮𝐥𝐭 𝐏𝐨𝐮𝐜𝐡 𝐀𝐫𝐦 𝐒𝐥𝐢𝐧𝐠)
𝟔 လက်မောင်းသိုင်းကြိုး - ကလေး (𝐊𝐢𝐝 𝐒𝐢𝐳𝐞𝐝 𝐏𝐨𝐮𝐜𝐡 𝐀𝐫𝐦 𝐒𝐥𝐢𝐧𝐠)
𝟕 အူကျအထောက်အကူပြုခါးပတ် (𝐇𝐞𝐫𝐧𝐢𝐚 𝐀𝐢𝐝𝐬)
𝟖 ခါးစည်းခါးပတ် (𝐋𝐮𝐦𝐛𝐚𝐫 𝐁𝐚𝐜𝐤 𝐁𝐫𝐚𝐜𝐞)
🛒 ဝယ်ယူရရှိနိုင်မည့်နေရာ: နီးစပ်ရာ ဆေးဆိုင်ကြီးများနှင့် စတိုးဆိုင်ကြီးများတွင် ဝယ်ယူနိုင်သလို 𝐎𝐇𝐎𝐎 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 ကနေလည်း အွန်လိုင်းကနေ တိုက်ရိုက် မှာယူနိုင်ပါတယ်။
📍 လိပ်စာ: အမှတ် (၂၂၃/၁)၊ ဒေါင်းမင်းလမ်း၊ ၁၄/၂ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
📞 ဖုန်း: 𝟎𝟗 𝟓𝟎𝟑𝟕𝟖𝟏𝟑, 𝟎𝟗 𝟒𝟐𝟎𝟎𝟐𝟕𝟐𝟖𝟓, 𝟎𝟗 𝟗𝟓𝟐𝟐𝟑𝟓𝟒𝟐𝟏
မိသားစုရဲ့ ကျန်းမာရေးအတွက် 𝐎𝐇𝐎𝐎 ကို ရွေးချယ်ပါ 💚
15/06/2026
ရင်သွေးလေးကို လွယ်ထားရတဲ့ လပေါင်း (၁၀) လအတွင်း မေမေတို့ရဲ့ ခန္ဓာကိုယ်ဟာ အပြောင်းအလဲများစွာကို ကြုံတွေ့ခဲ့ရပါတယ်။
မီးဖွားပြီးစ မေမေတို့ ကြုံရလေ့ရှိတဲ့ အကြီးမားဆုံး ဝေဒနာတွေကတော့ ခါးနာတာ၊ လှုပ်ရှားရခက်တာနဲ့ ဗိုက်ကြီး တွဲကျန်ခဲ့တာတွေပါပဲ။ ဒီပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းပေးနိုင်တာကတော့ ဆရာဝန်တွေပါ အကြံပြုတဲ့ ဗိုက်စည်း (𝐀𝐛𝐝𝐨𝐦𝐢𝐧𝐚𝐥 𝐁𝐞𝐥𝐭) စည်းပေးခြင်းပါပဲ။
ကလေးမွေးဖွားပြီးနောက် ခန္ဓာကိုယ်အတွင်းပိုင်း အင်္ဂါတွေနဲ့ ကြွက်သားတွေ မူလနေရာကို ပြန်ရောက်ဖို့ ခရီးစဉ်မှာ 𝐎𝐇𝐎𝐎 𝐀𝐝𝐣𝐮𝐬𝐭𝐚𝐛𝐥𝐞 𝐀𝐛𝐝𝐨𝐦𝐢𝐧𝐚𝐥 𝐁𝐞𝐥𝐭 (ဗိုက်စည်း) က မေမေတို့အတွက် အကောင်းဆုံးကျန်းမာရေးအထောက်အကူပြု ပစ္စည်းတစ်ခု ဖြစ်လာမှာပါ။
𝐎𝐇𝐎𝐎 𝐀𝐝𝐣𝐮𝐬𝐭𝐚𝐛𝐥𝐞 𝐀𝐛𝐝𝐨𝐦𝐢𝐧𝐚𝐥 𝐁𝐞𝐥𝐭 (ဗိုက်စည်း)လေးနဲ့ဆိုရင်မေမေတို့ရဲ့~🤗
ခါးနာသက်သာစေတယ်: ကျောရိုးနဲ့ ခါးကြွက်သားတွေကို အကောင်းဆုံး ထိန်းမတ်ပေးလို့ ခါးနာတာ ချက်ချင်း သက်သာစေတယ်။💥
သွားလာရ ပေါ့ပါးစေတယ်: သားအိမ်နဲ့ ဝမ်းဗိုက်ပိုင်းကို အထိန်းအကပ် ပေးထားလို့ ကလေးချီပြီး လမ်းလျှောက်ရတာ ပိုယုံကြည်မှု ရှိစေတယ်။🏃🏻♀️➡️
ဗိုက်ချပ်စေတယ်: လျော့ရဲသွားတဲ့ ဝမ်းဗိုက်ရှေ့ကြွက်သားတွေကို မူလနေရာ ပြန်ရောက်အောင် ထောက်ပံ့ပေးပြီး ဝမ်းဗိုက်ဖောင်းရောင်တာကို လျှော့ချပေးတယ်။👀
ဆီးမထိန်းနိုင်ခြင်းကို ကာကွယ်တယ်: တင်ပါးဆုံကွင်း ကြွက်သားတွေကို ပံ့ပိုးပေးလို့ မီးဖွားပြီးစ ဆီးမထိန်းနိုင်တဲ့ ပြဿနာကို သက်သာစေတယ်။🧚
ဒါ့အပြင်ခန္ဓာကိုယ် အနေအထားအလိုက် အတိုးအလျှော့ လုပ်ရလွယ်ကူလို့အဝတ်အစားအောက်မှာ ဝတ်ထားရင်လည်း သက်သောင့်သက်သာ ရှိနေမှာပါနော်။😍
31/05/2026
မေမေတို့ ကလေးမွေးပြီးတဲ့အခါ ဗိုက်စည်းဖို့ လိုမလို ဘယ်လိုသိနိုင်မလဲ။🤰🤔
ကလေးမွေးပြီးတဲ့အခါ မေမေတို့ ဝမ်းဗိုက်ပတ်လည်က ကြွက်သားတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေ အားပျော့တာကြောင့် ဝေဒနာတွေ ခံစားရပါတယ်။
ကလေးမွေးပြီးနောက်ပိုင်းမှာ မေမေတို့
• ခါးနာတယ်
• သွားလာလှုပ်ရှားရတာ မလွယ်ဘူး
• ဆီးမထိန်းနိုင်ဘူး
• ဝမ်းဗိုက်တစ်ဝိုက် ဖောင်းနေတယ်
• ကိုယ်နေဟန်ထား မမှန်ဖြစ်နေတယ်ဆိုရင် ဗိုက်စည်းဝတ်ပေးလို့ ရပါတယ်။😍
𝐎𝐇𝐎𝐎 ရဲ့ ဗိုက်စည်းတွေက
• ကြွက်သားတွေကို ဖိထိန်းပေးတာကြောင့် ခါးနာသက်သာစေခြင်း
• သားအိမ်နဲ့ ဆီးအိမ်ကို နေရာကျစေတာကြောင့် ဆီးမထိန်းနိုင်တာကို သက်သာခြင်း၊ သားအိမ်ကို ကျုံ့စေခြင်း
• ဝမ်းဗိုက်ကြွက်သားတွေကို ဖိထိန်းထားတာကြောင့် ဖောရောင်တာ၊ ဝမ်းဗိုက်ကြွက်သား ကွဲတာကို သက်သာစေခြင်း
• ခန္ဓာကိုယ်ကို ချပ်ကပ်စေတာကြောင့် သွားလာလှုပ်ရှားရလွယ်စေခြင်း
• ခွဲမွေးထားတယ်ဆိုရင် အနာကျက်မြန်စေခြင်း
• နူးညံ့ပြီး လေဝင်လေထွက်ကောင်းတဲ့ပိတ်သားကြောင့် ယားယံခြင်းမရှိခြင်း
• အတိုးအလျော့လုပ်လို့ရတာကြောင့် အသက်ရှူရတာ ပေါ့ပါးခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေမှာ ဖြစ်ပါတယ်။🥰
ဒါကြောင့် ကလေးမွေးထားတဲ့ မေမေတို့ဝတ်ဖို့ သက်သောင့်သက်သာဖြစ်တဲ့ ဗိုက်စည်းကို ရှာနေတယ်ဆို 𝐎𝐇𝐎𝐎 ဗိုက်စည်းကို သတိရပေးပါနော်။
👉𝐎𝐇𝐎𝐎 အမှတ်တံဆိပ်ကျန်းမာရေး ပစ္စည်းများ အကြောင်း အသေးစိတ် သိရှိလိုပါက…
💬𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှဖြစ်စေ၊ ☎️ ဖုန်း 𝟎𝟗 𝟓𝟎𝟑 𝟕𝟖𝟏 𝟑 ၊ 𝟎𝟗 𝟒𝟐𝟎 𝟎𝟐𝟕 𝟐𝟖𝟓 နဲ့ 𝟎𝟗 𝟗𝟓𝟐 𝟐𝟑𝟓 𝟒𝟐𝟏 တို့ကို ဆက်သွယ်၍ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်။
🏠ဆက်သွယ်ရန် လိပ်စာ
အမှတ် (၂၂၃/၁) ဒေါင်းမင်းလမ်း၊ ၁၄/၂ ရပ်ကွက်၊ တောင်ဥက္ကလာပ မြို့နယ်၊ ရန်ကုန်မြို့။
#𝐎𝐇𝐎𝐎𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞
#𝐎𝐇𝐎𝐎
28/05/2026
ကလေးမွေးပြီးတဲ့အခါ ဝမ်းဗိုက်နဲ့ ခါးတစ်ဝိုက်က ကြွက်သားတွေ အားလျော့နေတာ၊ ဝမ်းဗိုက်ပူနေတာကြောင့် နေရတာ သက်သောင့်သက်သာ မဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။🤔
ဒီလိုအချိန်မှာ ဗိုက်စည်းစည်းထားပေးတာက ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။😍
ဗိုက်စည်းက စနစ်တကျစည်းမယ်ဆိုရင်👇
• တင်ပဆုံကွင်းက ကြွက်သားတွေနဲ့ သားအိမ်၊ ဆီးအိမ်တွေကို နေရာတကျဖြစ်အောင် ထိန်းထားပေးနိုင်ပါတယ်။
• ကိုယ်ဝန်ကြောင့် ဝမ်းဗိုက်ရှေ့ကြွက်သားဟတဲ့ 𝐝𝐢𝐚𝐬𝐭𝐚𝐬𝐢𝐬 𝐫𝐞𝐜𝐭𝐢 ပြဿနာမှာ ကြွက်သားတွေကို ဖိထိန်းပေးပြီး နေရာမှန်အောင် ပြုလုပ်ပေးပါတယ်။
• ဗိုက်ဘေးပတ်လည်က ကြွက်သားတွေကို ထိန်းထားပေးတာကြောင့် သွားလာလှုပ်ရှားရ လွယ်ကူစေပါတယ်။
ဒါကြောင့် ကလေးမွေးပြီးတဲ့နောက် ဗိုက်စည်းစည်းတဲ့အခါ👇
• နာကျင်မှုသက်သာခြင်း
• သွေးလည်ပတ်မှုကောင်းမွန်ခြင်း
• သားအိမ်မြန်မြန်ဝပ်စေခြင်း
• ဖောရောင်တာ သက်သာစေခြင်း
• ကိုယ်နေဟန်ထားမှန်စေခြင်း
• ခါးနာသက်သာစေခြင်း
• ဗိုက်ခွဲထားတဲ့ ချုပ်ရိုးကို အနာကျက်မြန်စေခြင်း စတဲ့ ကောင်းကျိုးတွေ ရရှိစေမှာပဲ ဖြစ်ပါတယ်။🥰
𝐎𝐇𝐎𝐎 မှာ မေမေတို့အတွက် ဝတ်ရတာ သက်သောင့်သက်သာဖြစ်တဲ့ ဗိုက်စည်းများ ရနိုင်တာကြောင့် မေမေတို့ ချပ်ရပ်လှပစေဖို့ ဗိုက်စည်းများ ဝတ်လိုက်ကြစို့နော်။
👉𝐎𝐇𝐎𝐎 အမှတ်တံဆိပ်ကျန်းမာရေး ပစ္စည်းများ အကြောင်း အသေးစိတ် သိရှိလိုပါက…
💬𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှဖြစ်စေ၊ ☎️ ဖုန်း 𝟎𝟗 𝟓𝟎𝟑 𝟕𝟖𝟏 𝟑 ၊ 𝟎𝟗 𝟒𝟐𝟎 𝟎𝟐𝟕 𝟐𝟖𝟓 နဲ့ 𝟎𝟗 𝟗𝟓𝟐 𝟐𝟑𝟓 𝟒𝟐𝟏 တို့ကို ဆက်သွယ်၍ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်။
🏠ဆက်သွယ်ရန် လိပ်စာ
အမှတ် (၂၂၃/၁) ဒေါင်းမင်းလမ်း၊ ၁၄/၂ ရပ်ကွက်၊ တောင်ဥက္ကလာပ မြို့နယ်၊ ရန်ကုန်မြို့။
#𝐎𝐇𝐎𝐎𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞
#𝐎𝐇𝐎𝐎
Category
Contact the business
Telephone
Website
Address
Yangon
Alerts
Be the first to know and let us send you an email when OHOO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
