7887 Healthcare
7887 Healthcare Media Channel
This page is owned and operated by Trust Oo Co., Ltd., a social enterprise which has been implementing mHealth (healthcare service delivery through mobile devices) platforms including 7887 Healthcare Call Center under the approval of the Ministry of Health of the Union of Myanmar since 2015. The contents featured in this page are based on the internationally-recognized references and data
08/06/2026
7887 Healthcare ရှိဆရာဝန်များသည် လူနာများနှင့် ဆရာဝန်များကြားက အပြန်အလှန်လေးစားမှုကို အစဉ်အမြဲ အလေးထားလျက်ရှိပါတယ်။ အပြန်အလှန်လေးစားတန်ဖိုးထားမှုရှိတဲ့အခါမှသာ ပိုမိုနွေးထွေးပြီးအထိရောက်ဆုံးသောကုသမှုရလဒ်တွေကိုရရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်ဖုန်းဖြင့်ဆွေးနွေးတဲ့အခါမှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အလေးထားမှုဖြင့် ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
08/06/2026
𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 𝐖𝐞𝐞𝐤
++++++++++++++++++++
ဆီးချိုရောဂါရဲ့ သံသယဖြစ်ဖွယ် အစောပိုင်းလက္ခဏာများ (Warning Signs)
အောက်ပါလက္ခဏာများ အကြောင်းရင်းမရှိဘဲ ဖြစ်ပေါ်လာပါက သွေးတွင်းသကြားဓာတ် စစ်ဆေးကြည့်ရန် လိုအပ်ပါတယ်-
• ခဏခဏ ရေငတ်ခြင်းနှင့် ဆီးခဏခဏ သွားခြင်း (အထူးသဖြင့် ညဘက်)
• အစား အလွန်အကျွံစားသော်လည်း အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် ကျသွားခြင်း
• အမြဲတမ်း နုံးခွေပတ်လက်ဖြစ်ပြီး မောပန်းလွယ်ခြင်း
• အမြင်အာရုံများ ဝေဝါးလာခြင်း
• အနာတရဖြစ်ပါက အနာကျက်နှေးခြင်း
S - Sugar & Carb Control (အချိုနဲ့ ကာဗိုဟိုက်ဒရိတ် လျှော့ချပါ)
ဆီးချိုကာကွယ်ဖို့အတွက် အဓိကသော့ချက်ကတော့ စားသုံးတဲ့ သကြားနဲ့ ကစီဓာတ် (Carbohydrate) ပမာဏကို ထိန်းချုပ်ဖို့ ဖြစ်ပါတယ်။
• သကြားလျှော့ပါ: အချိုရည်များ၊ မုန့်များနှင့် ပြုပြင်ဖန်တီးထားသော အစားအစာများကို ရှောင်ကြဉ်ပါ။
• စီမံထားသော ကာဗိုဟိုက်ဒရိတ် (Refined Carbs) ကို အစားထိုးပါ: ဆန်ဖြူ၊ ပေါင်မုန့်ဖြူ၊ ခေါက်ဆွဲများနေရာတွင် အမျှင်ဓာတ် (Fiber) ကြွယ်ဝပြီး သွေးတွင်းသကြားဓာတ်ကို ဖြည်းဖြည်းချင်းပဲ တက်စေတဲ့ ဆန်လုံးညို၊ ဂျုံကြမ်းပေါင်မုန့်၊ အုတ်ဂျုံ (Oats) တို့ကို အစားထိုး စားသုံးပါ။
M - Move Your Body (ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ)
ပုံမှန် လေ့ကျင့်ခန်းလုပ်ပေးခြင်းက ဆဲလ်တွေရဲ့ အင်ဆူလင်အာနိသင်တုံ့ပြန်မှု (Insulin Sensitivity) ကို ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်ကို ကျစေပါတယ်။
• အချိန်သတ်မှတ်ပါ: တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ (တစ်ရက်လျှင် မိနစ် ၃၀ ဖြင့် ၅ ရက်) လမ်းသွက်သွက်လျှောက်ခြင်း၊ စက်ဘီးစီးခြင်း သို့မဟုတ် ရေကူးခြင်း စသည့် အလတ်စား ကိုယ်လက်လှုပ်ရှားမှုမျိုး လုပ်ဆောင်ပါ။
• ထိုင်ချိန်လျှော့ပါ: ကွန်ပျူတာရှေ့ သို့မဟုတ် ဖုန်းကြည့်ရင်း နာရီဝက်ထက်ပိုပြီး ဆက်တိုက်ထိုင်နေခြင်းကို ရှောင်ပါ။ နာရီဝက်ပြည့်တိုင်း ထိုင်ရာမှထပြီး ခဏတာ လမ်းလျှောက်ပေးပါ။
A - Assess Your Weight (ကိုယ်အလေးချိန်ကို ထိန်းညှိပါ)
ကိုယ်အလေးချိန် လွန်ကဲခြင်း (အထူးသဖြင့် ဝမ်းဗိုက်တွင် အဆီစုခြင်း) ဟာ အမျိုးအစား (၂) ဆီးချိုရောဂါ (Type 2 Diabetes) ဖြစ်ပွားနိုင်ခြေကို အဆမတန် မြင့်တက်စေပါတယ်။
• ဝိတ်ချပါ: အဝလွန်သူများအနေဖြင့် မိမိလက်ရှိ ကိုယ်အလေးချိန်ရဲ့ ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းခန့်အထိ လျှော့ချနိုင်ရုံရုံဖြင့် ဆီးချိုဖြစ်နိုင်ခြေကို ၅၈ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း လေ့လာမှုများအရ သိရပါတယ်။
R - Regular Screenings (သွေးတွင်းသကြားဓာတ် ပုံမှန်စစ်ဆေးပါ)
ဆီးချိုရောဂါဟာ အစောပိုင်းအဆင့်တွေမှာ လက္ခဏာမပြတတ်တာကြောင့် "တိတ်ဆိတ်သော လူသတ်သမား (Silent Killer)" လို့ တင်စားကြပါတယ်။
• စောစောသိ စောစောကာကွယ်: အသက် ၃၅ နှစ်ကျော်သူများ၊ မိသားစုထဲတွင် ဆီးချိုမျိုးရိုးရှိသူများနှင့် ကိုယ်အလေးချိန်များသူများအနေဖြင့် တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် သွေးတွင်းသကြားဓာတ် (Fasting Blood Glucose သို့မဟုတ် HbA1c) ကို ပုံမှန်စစ်ဆေးသင့်ပါတယ်။
T - Total Wellness: Sleep & Stress Management (အိပ်စက်ခြင်းနှင့် စိတ်ဖိစီးမှု ထိန်းချုပ်ပါ)
စိတ်ဖိစီးမှုနဲ့ အိပ်ရေးပျက်ခြင်းဟာ ဆီးချိုရောဂါနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။
• စိတ်ဖိစီးမှု လျှော့ချပါ: စိတ်ဖိစီးတဲ့အခါ ထွက်လာတဲ့ ကော်တီစော (Cortisol) ဟော်မုန်းဟာ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပါတယ်။ တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းတို့ဖြင့် စိတ်ကို လျှော့ချပါ။
• အိပ်ရေးဝပါစေ: တစ်ညလျှင် ၇ နာရီမှ ၉ နာရီအထိ အရည်အသွေးပြည့်ဝသော အိပ်စက်ခြင်း ရရှိအောင် ဂရုစိုက်ပါ။
Dr. Hazel
Ref: American Diabetes Association, WHO, US CDC
ညနက်မှဗိုက်ဆာတယ်ဆိုရင် ကျန်းမာရေးနှင့်ညီညွတ်အောင်ဘာတွေစားရမလဲ?ဆိုတဲ့အကြောင်းအရာလေးကို ဆရာမမှ ဒီ Video လေးမှာတင်ဆက်ပေးလိုက်ပါတယ်။
ကျန်းမာရေးကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ 7887 သို့ ATOM SIM Card ဖြင့်အခမဲ့ခေါ်ဆိုဆွေးနွေးနိုင်ပါတယ်။
06/06/2026
😱ကျန်းမာရေးပြဿနာတစ်ခုခုဖြစ်လာလို့ အထူးကုဆရာဝန်ကြီးတွေနဲ့ ပြသချင်ပေမယ့် ဆေးရုံ၊ ဆေးခန်းတွေအထိ လူကိုယ်တိုင်သွားဖို့ အချိန်မပေးနိုင်တာ၊ လမ်းခရီးဝေးတာတွေကြောင့် စိတ်ညစ်နေရပါသလား?
အခုဆိုရင် 7887 ရဲ့ 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 𝐒𝐞𝐫𝐯𝐢𝐜𝐞 ရှိနေပြီမို့ စိုးရိမ်စရာမလိုတော့ပါဘူး🤗။
👉7887 ကို ဘာကြောင့် ရွေးချယ်သင့်တာလဲဆိုရင် -
• Video Call ဖြင့် တိုက်ရိုက်ဆွေးနွေးနိုင်ခြင်း: အင်တာနက်လိုင်းရှိရုံနဲ့ မိမိအိမ်မှာတင် နာမည်ကြီး အထူးကုဆရာဝန်ကြီးတွေကို ဗီဒီယိုကောလ်ခေါဆိုမှုနဲ့ မျက်နှာချင်းဆိုင် သေသေချာချာ တိုင်ပင်နိုင်ပါတယ်။
• နိုင်ငံရပ်ခြားနှင့် နယ်ဝေးများအတွက် အဆင်ပြေခြင်း: နယ်ဝေးမှာပဲဖြစ်ဖြစ်၊ ဘာသာစကားအခက်အခဲရှိတဲ့ နိုင်ငံရပ်ခြားမှာပဲ ရောက်နေပါစေ... မြန်မာနိုင်ငံက ကျွမ်းကျင်ဆရာဝန်ကြီးတွေနဲ့ အလွယ်တကူ ဆေးပြသနိုင်ပါတယ်။
• အချိန်ကုန်သက်သာခြင်း: ဆေးရုံအထိ သွားရောက်တန်းစီစရာမလိုလို့ အချိန်ကုန်၊ လူပင်ပန်းတာတွေ သက်သာစေမယ့်အပြင် တိကျသေချာတဲ့ လမ်းညွှန်မှုတွေကို ရရှိမှာပါ။
ဒါကြောင့် ဘယ်နေရာမှာပဲရှိရှိ ကျန်းမာရေးပြဿနာတွေရှိလာရင် လုံခြုံစိတ်ချစွာ တိုင်ပင်ဆွေးနွေးနိုင်ဖို့ 7887 ရဲ့ 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 𝐒𝐞𝐫𝐯𝐢𝐜𝐞 Phone နံပါတ်📞 09-442111110 မှာ Booking ယူကာပြသလိုက်တော့နော်။
05/06/2026
သွေးလွန်တုပ်ကွေး၏ အရေးပေါ်အန္တရာယ်ရှိသော လက္ခဏာများ
++++++++++++++++++++++++++++++++++
ဖျားရာကနေ အဖျားပြန်ကျသွားတဲ့အချိန် (ရောဂါစတင်ပြီး ၃ ရက်မှ ၇ ရက်အတွင်း) ဟာ အန္တရာယ်အရှိဆုံး Critical Phase ဖြစ်တတ်ပါတယ်။
အောက်ပါလက္ခဏာများပြသလာပါက ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်း သွားရောက်ရပါမယ်။
• ဗိုက်ပြင်းထန်စွာ အောင့်ခြင်း
• မပြတ်အန်ခြင်း (သို့မဟုတ်) သွေးအန်ခြင်း
• ၀မ်းမည်းမည်းသွားခြင်း (သို့မဟုတ်) ၀မ်းထဲသွေးပါခြင်း
• သွားဖုံးမှ သွေးယိုခြင်း၊ နှာခေါင်းသွေးလျှံခြင်း
• မောဟိုက်ခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း (သို့မဟုတ်) ခြေကုန်လက်ပန်းကျခြင်း
Dr. Hazel
Ref: WHO, US CDC, MOH
04/06/2026
ကလေးငယ်များတွင် 𝐒𝐜𝐫𝐞𝐞𝐧 𝐓𝐢𝐦𝐞 များခြင်းကြောင့် ဉာဏ်ရည်ဖွံ့ဖြိုးခြင်းအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုများ
++++++++++++++++++++++++++++++++++++++++
ယနေ့ခေတ် ကလေးထိန်းနည်းအသစ်မှာ ဖုန်းများမှ ကလေးသီချင်းမျာ၊ ကာတွန်းကားများပြသ၍ ကလေးငြိမ်လျှင်ပြီးရောဆိုသည့် အတွေးအခေါ်ဖြင့် လုပ်ဆောင်နေကြသည်ကို တွေ့နေရပါသည်။သုတေသနအသစ်များအရ ကလေးငယ်များ တစ်နေ့လျှင် မိနစ် ၃၀ မျှ ဖုန်း သို့မဟုတ် တက်ဘလက် ကြည့်ရုံဖြင့် စကားပြောနောက်ကျနိုင်ခြေ နှစ်ဆနီးပါး မြင့်တက်လာကြောင်း သိရှိရပါသည်။
လက်ကိုင်ဖုန်းသုံးစွဲခြင်းနှင့် ကလေးငယ်များ စကားပြောနောက်ကျမှု ဆက်စပ်နေခြင်းဖြစ်ပါသည်။
လက်ကိုင်အီလက်ထရွန်နစ်ပစ္စည်းများ အသုံးပြုခြင်းနှင့် ကလေးငယ်များ၏ ဖွံ့ဖြိုးမှုဖြစ်စဉ်အကြား ထိတ်လန့်ဖွယ်ရာ ဆက်စပ်မှုကို မကြာသေးမီက ပြုလုပ်ခဲ့သော လေ့လာမှုများက ဖော်ထုတ်နိုင်ခဲ့သည်။
အသက် ၂ နှစ်အောက် ကလေးငယ်များတွင် နေ့စဉ် မျက်နှာပြင်ကြည့်ချိန် (Screen time) မိနစ် ၃၀ တိုးလာတိုင်း၊ မိမိစိတ်ဆန္ဒကို ထုတ်ဖော်ပြောဆိုနိုင်စွမ်း (Expressive speech) နောက်ကျနိုင်ခြေ ၄၉% ပိုမိုမြင့်မားလာသည်ဟု ဆိုပါသည်။
အဆိုပါဖြစ်စဉ်သည် ဒစ်ဂျစ်တယ်အကြောင်းအရာများကို တစ်ဖက်သတ်ကြည့်ရှုနေရသည့် Passive nature ကြောင့် ဖြစ်ရခြင်းဖြစ်ပြီး၊ ဘာသာစကားသင်ယူမှုတွင် အလွန်အရေးကြီးသည့် 'အပြန်အလှန် တုံ့ပြန်ဆက်သွယ်မှု' (Serve and return interaction) ကင်းမဲ့နေခြင်းကြောင့် ဖြစ်သည်။
ကလေးငယ်များသည် ၎င်းတို့၏ ဖွံ့ဖြိုးမှုအကောင်းဆုံးအချိန်များကို တက်ဘလက် သို့မဟုတ် စမတ်ဖုန်းများနှင့်သာ တစ်ဖက်သတ် အချိန်ကုန်လွန်စေပါက၊ စကားပြောကျွမ်းကျင်မှု၏ အခြေခံအုတ်မြစ်ဖြစ်သော ပြုစုစောင့်ရှောက်သူများနှင့် အပြန်အလှန် စကားပြောဆိုနိုင်မည့် အခွင့်အလမ်းများကို ဆုံးရှုံးသွားစေပါသည်။
ယခုသက်ရောက်မှုသည် ဝေါဟာရကြွယ်ဝမှုအပေါ်တွင်သာမကဘဲ၊ ဖုန်းကြည့်ချိန် အလွန်အကျွံများခြင်းက လူမှုဆက်ဆံရေးဖွံ့ဖြိုးမှုကို နှောင့်နှေးစေနိုင်သလို ဖွံ့ဖြိုးဆဲဦးနှောက်အတွင်းရှိ အဖြူရောင်ပစ္စည်း (White matter) များ ကြီးထွားမှုကိုပင် နှေးကွေးစေနိုင်ပါသည်။
ကလေးငယ်များအတွက် ငယ်ရွယ်စဉ်ကတည်းက ကာကွယ်ရန်အတွက် အမေရိကန် ကလေးအထူးကုအကယ်ဒမီ (American Academy of Pediatrics) က အောက်ပါအတိုင်း အကြံပြုထားပါသည် ။
၁။ အသက် ၁၈ လအောက် ကလေးများ: ဗီဒီယိုကောလ် (Video chatting) ပြောခြင်းမှလွဲ၍ ကျန်သည့် Screen time အားလုံးကို လုံးဝရှောင်ကြဉ်ခြင်း။
၂။ အသက်ကြီးသော ကလေးများ: မိဘများအနေဖြင့် နည်းပညာပစ္စည်းများအစား ကလေးနှင့်အတူ စာဖတ်ခြင်း၊ ကစားခြင်းနှင့် တိုက်ရိုက်စကားပြောဆိုခြင်းတို့ကို ဦးစားပေးလုပ်ဆောင်ခြင်း။
ဤသို့လုပ်ဆောင်ခြင်းဖြင့် ကျန်းမာသော သိမြင်နားလည်မှုနှင့် ဘာသာစကားဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော လူမှုဆက်ဆံရေးများကို နည်းပညာက အစားထိုးသွားခြင်းမျိုး မဖြစ်အောင် ကာကွယ်နိုင်မည်ဖြစ်ကြောင်း အကြုံပြုအပ်ပါသည်။
Dr Kyaw (Resilience)
လက်ချောင်းတွေ၊ ဒူးတွေမြည်တာက အရိုးပွရောဂါရဲ့ လက္ခဏာလားဆိုတဲ့အကြောင်းအရာလေးကို ဆရာမမှ ဒီ Video လေးမှာတင်ဆက်ပေးလိုက်ပါတယ်။
ကျန်းမာရေးကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ 7887 သို့ ATOM SIM Card ဖြင့်အခမဲ့ခေါ်ဆိုဆွေးနွေးနိုင်ပါတယ်။
03/06/2026
Gym ဆော့တဲ့သူတွေနဲ့ ကိုယ်အလေးချိန်ချနေသူတွေကြား ခေတ်စားနေတဲ့ Intermittent Fasting (အစာဖြတ်ခြင်း) မှာ လူကြိုက်အများဆုံး စနစ်က ဘယ်ဟာလဲ?
ကျန်းမာရေးကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်လိုပါက 7887 ကို ATOM SIM Card ဖြင့်အခမဲ့ခေါ်ဆို ဆွေးနွေးနိုင်ပါတယ်။
အစာစားပြီးချင်း သွားတိုက်တာဆိုရင် သွားကြွေလွှာကိုပျက်စီးစေသလား?ဆိုတဲ့အကြောင်းအရာလေးကို ဆရာမမှ ဒီ Video လေးမှာတင်ဆက်ပေးလိုက်ပါတယ်။
ကျန်းမာရေးကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ 7887 သို့ ATOM SIM Card ဖြင့်အခမဲ့ခေါ်ဆိုဆွေးနွေးနိုင်ပါတယ်။
02/06/2026
သင်သိပါသလား?
+++++++++++
ဓာတ်လိုက်ခံရသူဟာ အပြင်ပန်းမှာ ဒဏ်ရာမရသကဲ့သို ထင်ရပေမယ့် လျှပ်စစ်စီးကြောင်းကြောင့် ခန္ဓာကိုယ်တွင်းအင်္ဂါများနှင့် နှလုံးခုန်နှုန်းကို ထိခိုက်ပျက်စီးစေနိုင်လို ဆေးရုံတွင် သေချာစွာ စစ်ဆေးမှု ခံယူရပါမယ်။
Dr. Hazel
Click here to claim your Sponsored Listing.
Category
Website
Address
Tsp, 6, Mya Thiri Lane, A1 St, Myanmar (Burma)
Yangon
11062
