7887 Healthcare

7887 Healthcare

Share

7887 Healthcare Media Channel

This page is owned and operated by Trust Oo Co., Ltd., a social enterprise which has been implementing mHealth (healthcare service delivery through mobile devices) platforms including 7887 Healthcare Call Center under the approval of the Ministry of Health of the Union of Myanmar since 2015. The contents featured in this page are based on the internationally-recognized references and data sources which are in turn researched and reviewed by our medical workforce on a regular basis before being published to the public. The page covers a wide range of health education areas such as Emergency Health, Communicable Diseases, Non- Communicable Diseases, Sexual and Reproductive Health, Obstetrics and Gynecology, Child Health, Skin Health, Mental Health, Beauty and Healthy Lifestyle, Food and Health, and other miscellaneous health topics. To effectively capture the attention of the public to reduce monotony, "7887 Healthcare" utilizes diverse modes of content delivery in carrying out health education: Photo, Video, Info graphic, Article, Health Quiz, Campaign, Reel Video and Facebook Story. The "7887 Healthcare" page played a significant role in Trust Oo's win of the ASEAN Business Award 2020 (ABA 2020) for Combating COVID-19. With its ever-growing Follower base, diverse delivery modes and creative contents, the page continues to make health information more accessible and interesting, saving time, cost and energy of individuals, families and communities, thereby helping uplift the health status of the population of Myanmar. The health education contents posted on the "7887 Healthcare" page are also made readily available on its official website https://www.healthcare.com.mm/.



ဤ page သည် 7887 ကျန်းမာရေး Call Center အပါအဝင် ၂၀၁၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ခွင်ပြုချက်ရရှိထားပြီး မိုဘိုင်းဖုန်းများမှတဆင့် ကျန်းမာရေးဝန်ဆောင်မှု ပေးခြင်းဖြစ်သည့် mHealth Platform များကို အကောင်အထည်ဖော်ဆောင်ရွက်နေသော လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းများလုပ်ဆောင်နေသည့် Trust Oo ကုမ္ပဏီလီမိတက်မှ ပိုင်ဆိုင်သော page ဖြစ်ပါသည်။ ဤ page တွင် တင်ဆက်သော အကြောင်းအရာများသည် နိုင်ငံတကာ အသိအမှတ်ပြု ကိုးကားချက်များနှင့် ဒေတာအရင်းအမြစ်များကို အခြေပြုထားပြီး အများပြည်သူထံသို့ မျှဝေခြင်းမပြုမီ 7887 ကျန်းမာရေး Call Center ၏ ဆရာဝန်များအဖွဲ့မှ တဆင့်ထပ်မံ သုတေသနပြု ပြန်လည်သုံးသပ် စိစစ်ထားပါသည်။ ဤ page တွင် အရေးပေါ်ကျန်းမာရေး၊ ကူးစက်တတ်သောရောဂါများ၊ မကူးစက်တတ်သောရောဂါများ၊ လိင်မှုကိစ္စနှင့် မျိုးဆက်ပွားကျန်းမာရေး၊ သားဖွားမီးယပ်၊ ကလေးကျန်းမာရေး၊ အရေပြားကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ အလှအပနှင့် ကျန်းမာသောနေထိုင်မှုပုံစံ၊ အစားအစာနှင့်ကျန်းမာရေး၊ အခြားထွေပြောလှသော ကျန်းမာရေးအကြောင်းအရာခေါင်းစဉ်များနှင့် ကျယ်ဝန်းလှသော ကျန်းမာရေးဗဟုသုတ နယ်ပယ်အမျိုးမျိုးကို အခမဲ့ ပညာပေးမျှဝေပေးနေပါသည်။ အများပြည်သူများအား ငြီးငွေ့မှုမရှိစေဘဲ စိတ်ဝင်စားမှု ရှိစေရန် ကျန်းမာရေးပညာပေးအကြောင်းအရာများကို နည်းလမ်းပုံစံ ကျယ်ပြန့်စုံလင်စွာဖြင့် တင်ဆက်ပေးနေပါသည် (ဥပမာ- ဓာတ်ပုံ၊ ဗွီဒီယို၊ Infographics၊ ဆောင်းပါး၊ ကျန်းမာရေးဉာဏ်စမ်း၊ ကမ်ပိန်း၊ Reel Video၊ Facebook Story)။ ဤ page သည် ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် ၂၀၂၀ ခုနှစ်အတွက် အာဆီယံစီးပွားရေးဆု (ASEAN Business Award 2020) ကို Trust Oo မှ ရရှိခြင်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ စဉ်ဆက်မပြတ် တိုးပွားလျက်ရှိသော Follower အရေအတွက်များ၊ စုံလင်သော တင်ဆက်မှုပုံစံများနှင့် တီထွင်ဆန်းသစ်မှုရှိသော ဖန်တီးမှုအကြောင်းအရာများနှင့်တကွ ဤ page သည် ကျန်းမာရေးအချက်အလက်များကို အလွယ်တကူ လက်လှမ်းမီစေရန်နှင့် စိတ်ဝင်စားမှုဖြစ်နေစေရန် ဆက်လက်၍ ကြိုးစားဆောင်ရွက်နေပြီး လူပုဂ္ဂိုလ်များ၊ မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းများ၏ အချိန်၊ ငွေနှင့် စွမ်းအင်များကို ချွေတာမှုဖြစ်စေကာ ထိုမှတစ်ဆင့် မြန်မာနိုင်ငံ လူထုကျန်းမာရေး အဆင့်အတန်းကို ကူညီ၍ မြှင့်တင်ပေးလျှက်ရှိပါသည်။ ဤ page တွင် တင်ဆက်ထားသော ကျန်းမာရေးအချက်အလက်များကို Trust Oo ၏ တရားဝင် ဝက်ဘ်ဆိုဒ် ဖြစ်သော https://www.healthcare.com.mm/ တွင်လည်း အခမဲ့ အလွယ်တကူ လေ့လာကြည့်ရှုနိုင်ပါသည်။

16/10/2026

7887 Call Center သို့ ဆက်သွယ်ရာတွင် မြို့နယ်အမည် နှင့် 7887 ကို မည်သို့သိရှိကြောင်း မေးမြန်းရခြင်းရဲ့ ရည်ရွယ်ချက်

7887 Healthcare Call Center သို့ ယုံကြည်စွာ ဆက်သွယ် မေးမြန်းကြတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။

ကျန်းမာရေးဆိုင်ရာ မေးမြန်းဆွေးနွေးစဉ်မှာ ဆရာဝန်များက အသက်၊ ကျန်းမာရေးအခြေအနေအပြင် နေထိုင်ရာ မြို့နယ် (Township) နှင့် 7887 ကို မည်သည့်နေရာမှတစ်ဆင့် သိရှိခဲ့သလဲ ဆိုတာကိုပါ မေးမြန်းလေ့ ရှိတာကို သတိပြုမိကြမှာပါခင်ဗျာ။

အချို့သော ဖုန်းခေါ်ဆိုသူများအနေနဲ့ ဒီလို မေးမြန်းမှုအပေါ် စိုးရိမ်မှု သို့မဟုတ် အဆင်မပြေမှုများ ရှိနိုင်တာကို ကျွန်တော်တို့ အပြည့်အဝ နားလည်ပါတယ်။ ဒါပေမဲ့ ဒီအချက်အလက်များကို မေးမြန်းရခြင်းမှာ အောက်ပါ အဓိက ရည်ရွယ်ချက်များကြောင့် ဖြစ်ပါတယ်ခင်ဗျာ -

• ထိရောက်သော ကျန်းမာရေး လမ်းညွှန်မှုပေးနိုင်ရန် - မတူညီသော ဒေသ/မြို့နယ်များအလိုက် ကူးစက်ရောဂါ ဖြစ်ပွားမှုပုံစံများ၊ မျိုးရိုးဗီဇအခြေအနေပြောင်းလဲမှုများ ကွာခြားသည့်အတွက် ပိုမိုတိကျသော ကျန်းမာရေး အကြံပြုချက် ပေးနိုင်ရန်။
• အနီးစပ်ဆုံး ဆေးရုံ/ဆေးခန်း ညွှန်းဆိုပေးနိုင်ရန် - အရေးပေါ်အခြေအနေများတွင် ခေါ်ဆိုသူနှင့် အနီးစပ်ဆုံးရှိ ဆေးရုံ၊ ဆေးခန်း သို့မဟုတ် ကျန်းမာရေးဌာနများသို့ အချိန်မီ လမ်းညွှန်းပေးနိုင်ရန်။
• ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဒေတာဆန်းစစ်ရန် (Public Health Analysis) - မည်သည့်ဒေသများတွင် မည်သည့် ကျန်းမာရေးပြဿနာများ ပိုမိုဖြစ်ပွားနေသည်ကို ဆန်းစစ်ပြီး နောင်တွင် ထိုဒေသများအတွက် ပိုမိုကောင်းမွန်သော ကျန်းမာရေး ဝန်ဆောင်မှုနှင့် ကာကွယ်ရေး လုပ်ငန်းများ စီစဉ်ပေးနိုင်ရန်။
• ကျန်းမာရေးသတင်းအချက်အလက် ထိရောက်စွာ ရောက်ရှိမှုကို ဆန်းစစ်ရန် - မိဘပြည်သူများ 7887 ကို မည်သည့် လမ်းကြောင်းများမှတစ်ဆင့် ပိုမိုသိရှိကြသည် (ဥပမာ - လူမှုကွန်ရက်၊ မိတ်ဆွေညွှန်းဆိုမှု သို့မဟုတ် အခြားသတင်းမီဒီယာများ) ကို လေ့လာပြီး နောင်တွင် လိုအပ်သော ကျန်းမာရေးဗဟုသုတများနှင့် သတင်းအချက်အလက်များကို ပြည်သူများလက်ဝယ်သို့ ပိုမိုလွယ်ကူ ထိရောက်စွာ ဖြန့်ဝေပေးနိုင်ရန်။

ကျွန်တော်တို့ Call Center မှ ကောက်ယူရရှိသော အချက်အလက်များအားလုံးကို လုံခြုံစိတ်ချစွာဖြင့် ကျန်းမာရေးဆိုင်ရာ ဆန်းစစ်ချက်များအတွက်သာ အသုံးပြုပြီး မည်သည့် ကိုယ်ရေးကိုယ်တာ အချက်အလက်ကိုမျှ အပြင်သို့ ပေါက်ကြားမှု မရှိစေရန် စနစ်တကျ ထိန်းသိမ်းထားပါသည်။

အထူးသဖြင့် ဖုန်းခေါ်ဆိုသူ၏ အမည်ကို မေးမြန်းမည်မဟုတ်သည့်အတွက် သုံးစွဲသူများ၏ မည်သူမည်ဝါဖြစ်ကြောင်း (Identity) ကို အပြည့်အဝ လျှို့ဝှက်ပေးထားမည် ဖြစ်ပါသည်။
ပိုမိုတိကျပြီး ထိရောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ရေးအတွက် မေးမြန်းသည့်အခါ မေတ္တာရှေ့ထား၍ ကူညီဖြေကြားပေးပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

16/10/2026

အစာအိမ်ရောင်ခြင်း (Gastritis) နှင့် အက်ဆစ်ပြန်တက်ခြင်း (GERD) သက်သာစေမည့် နည်းလမ်းများ
++++++++++++++++++++++++++++++++++++++++++++++++++++
စားသောက်မှု ပုံစံ စနစ်တကျ ပြောင်းလဲပါ
• ထမင်းကို နည်းနည်းနှင့် မကြာခဏ စားပါ: တစ်ကြိမ်တည်း ဗိုက်ပြည့်အောင့်နေအောင် မစားဘဲ နည်းနည်းနှင့် မကြာခဏ (တစ်နေ့ ၄-၅ ကြိမ်) ခွဲစားပေးခြင်းက အစာအိမ် အက်ဆစ်ထွက်ရှိမှုကို ထိန်းညှိပေးပါတယ်။
• အစာကို ဖြည်းဖြည်းနှင့် ညက်အောင် ဝါးစားပါ: အစာမညက်ပါက အစာအိမ်က အက်ဆစ် ပိုမိုထုတ်လုပ်ရသဖြင့် အစာအိမ်နံရံကို ပိုမို ရောင်ရမ်းစေပါတယ်။
• အစာစားပြီးပြီးချင်း လှဲအိပ်ခြင်း ရှောင်ပါ: အစာစားပြီးပါက အနည်းဆုံး ၃ နာရီမှ ၄ နာရီခန့် မလှဲပါနှင့်။ အစာစားပြီးချင်း လှဲလိုက်ပါက အက်ဆစ်များ လည်ချောင်းဆီသို့ အလွယ်တကူ ပြန်တက်လာနိုင်ပါတယ်။
ရှောင်ကြဉ်ရမည့် အစားအသောက်များနှင့် သောက်စရာများ
• အက်ဆစ်နှင့် အဆီ လွန်ကဲသော အစားအစာများ: ငရုတ်သီး၊ ချဉ်လွန်းသော သစ်သီးများ (လိမ္မော်၊ သံပုရာ)၊ ခရမ်းချဉ်သီးနှင့် အဆီပြင် လွန်ကဲသော ကြော်လှော်စာများကို ရှောင်ပါ။
• ကဖင်းနှင့် အယ်လ်ကိုဟော: ကော်ဖီ၊ လက်ဖက်ရည်၊ အမြှုပ်ထွက်သော အအေးများ (Carbonated Drinks) နှင့် အရက်တို့သည် အစာရေပြွန် အောက်ခြေ ကြွက်သားကို လျှော့ကျစေပြီး အက်ဆစ် ပြန်တက်ခြင်းကို ပိုဆိုးစေပါတယ်။
• ဆေးလိပ်သောက်ခြင်း: ဆေးလိပ်သည် အစာအိမ်နံရံ ကာကွယ်လွှာကို ပျက်စီးစေပြီး အက်ဆစ်ပြန်တက်ခြင်းကို အားပေးပါတယ်။
နေထိုင်မှု ပုံစံ ပြောင်းလဲနည်းများ
• ခေါင်းအုံးကို မြှင့်အိပ်ပါ: ညအိပ်သည့်အခါ ခေါင်းနှင့် ရင်ဘတ်ပိုင်းကို ၆ လက်မမှ ၈ လက်မခန့် မြှင့်ထားပေးပါ (ခေါင်းအုံးကိုသာ မြှင့်ရုံမကဘဲ အိပ်ရာခေါင်းရင်းကို မြှင့်ပေးခြင်းက အက်ဆစ် ပြန်မတက်အောင် ကာကွယ်ပေးပါတယ်)။
• အဝတ်အစား ကျပ်ကျပ်များ မဝတ်ပါနှင့်: ဝမ်းဗိုက်ကို တင်းကျပ်နေသော ဘောင်းဘီများ၊ ခါးပတ်များကို ရှောင်ပါ (ဝမ်းဗိုက်ကို ဖိအားပေးရာရောက်၍ အက်ဆစ် အထက်သို့ တက်စေပါတယ်)။
• ကိုယ်အလေးချိန် ထိန်းသိမ်းပါ: ဝမ်းဗိုက်အဆီ များပြားခြင်းက အစာအိမ်ကို ဖိအားပေးသဖြင့် GERD ဝေဒနာကို ပိုဆိုးစေပါတယ်။
• စိတ်ဖိစီးမှု လျှော့ချပါ: စိတ်ဖိစီးမှုသည် အစာအိမ် အက်ဆစ် ထုတ်လုပ်မှုကို မြင့်မားစေသောကြောင့် တရားထိုင်ခြင်း၊ ထိရောက်စွာ အနားယူခြင်းများ ပြုလုပ်ပါ။
ဆေးဝါးများ အသုံးပြုရာတွင် သတိပြုရန်
ကိုက်ခဲပျောက်ဆေးများ (NSAIDs - ဥပမာ Ibuprofen, Diclofenac) ကို ဆရာဝန် ညွှန်ကြားချက်မပါဘဲ ရေရှည်သောက်သုံးခြင်းသည် အစာအိမ်ရောင်ခြင်းနှင့် အစာအိမ်အနာ ဖြစ်စေသည့် အဓိက အကြောင်းအရင်း ဖြစ်ပါတယ်။
အစာအိမ်ဆေးများ (Antacids, H2 Blockers, PPIs) ကို သောက်သုံးလိုပါက သက်ဆိုင်ရာ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးပြီးမှသာ စနစ်တကျ သောက်သုံးသင့်ပါတယ်။
Dr. Hazel
Ref: Mayo clinic, Johns Hopkins Medicine

16/10/2026

World Food Day
+++++++++++++
ကမ္ဘာ့အစာအာဟာရနေ့ (World Food Day - အောက်တိုဘာ ၁၆) ကို အကြောင်းပြုပြီး တစ်ကိုယ်ရေ ကျန်းမာရေးနဲ့ အာဟာရပြည့်ဝမှုအတွက် လိုက်နာသင့်တဲ့ ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များကို ဖော်ပြပေးလိုက်ပါတယ်။

အာဟာရစုံလင်စွာ စားသုံးပါ
• ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ရရှိဖို့အတွက် အသီးအရွက်၊ သစ်သီးဝလံ၊ ပဲအမျိုးမျိုးနဲ့ ကောက်နှံ(Whole grains) များကို နေ့စဉ် အစားအစာမှာ မျှတစွာ ထည့်သွင်းစားသုံးပါ။
• တစ်နေ့လျှင် အသီးအရွက်နှင့် သစ်သီးဝလံ 400g ခန့် စားပါ: ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ လမ်းညွှန်ချက်အရ တစ်နေ့လျှင် လတ်ဆတ်သော အသီးအရွက်နှင့် သစ်သီးဝလံ အနည်းဆုံး ၄၀၀ ဂရမ် (သို့မဟုတ် စားပွဲတင်ဇွန်းကြီး ၅ ဇွန်းခန့်) စားသုံးပေးသင့်ပါတယ်။
ဆား၊ သကြားနှင့် အဆီဓာတ်ကို လျှော့ချပါ
• ဆားလျှော့စားပါ: တစ်နေ့လျှင် ဆားပမာဏ ၅ ဂရမ် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ထက် မပိုသင့်ပါ။ ဆားများခြင်းက သွေးတိုးရောဂါနဲ့ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါတယ်။
• သကြားလျှော့ပါ: အချိုရည်များ၊ မုန့်များနှင့် ပြုပြင်ဖန်တီးထားသော အစားအစာများတွင် ပါဝင်သည့် အပိုသကြား (Free sugars) ကို ခန္ဓာကိုယ်စွမ်းအင်လိုအပ်ချက်၏ ၅% မှ ၁၀% ထက် မပိုအောင် လျှော့ချပါ။

• ကျန်းမာရေးနှင့်ညီညွတ်သော အဆီကို ရွေးချယ်ပါ: ကြော်လှော်ထားသော အစားအစာများနှင့် Trans-fat (အသွင်ပြောင်းထားသောအဆီ) ပါဝင်သည့် အစားအစာများကို ရှောင်ကြဉ်ပြီး သံလွင်ဆီ၊ မြေပဲဆီ၊ အစေ့အဆံများနှင့် ငါးများတွင် ပါဝင်သော မပြည့်၀ဆီများကို ရွေးချယ်ပါ။

အစားအစာ ဘေးကင်းလုံခြုံရေး သတိပြုပါ (Keep Food Safe)

WHO ၏ "Five Keys to Safer Food" လမ်းညွှန်ချက်အတိုင်း လိုက်နာပါ -
1. သန့်ရှင်းမှု ရှိပါ: အစားအစာ မကိုင်တွယ်မီ သို့မဟုတ် မချက်ပြုတ်မီ လက်ကို စနစ်တကျ ဆေးကြောပါ။
2. အစိမ်းနှင့် အကျက် သီးခြားခွဲပါ: အသားစိမ်း/ငါးစိမ်းများနှင့် စားသုံးရန်အသင့် အစားအစာများကို သီးခြားခွဲထားပါ။
3. ကျက်အောင် ချက်ပြုတ်ပါ: အထူးသဖြင့် အသား၊ ဝက်သား၊ ကြက်သားနှင့် ပင်လယ်စာများကို စနစ်တကျ ကျက်အောင် ချက်ပြုတ်ပါ။
4. သင့်တော်သော အပူချိန်တွင် သိမ်းဆည်းပါ: ချက်ပြုတ်ပြီးသား အစားအစာများကို အပြင်မှာ ချက်ချင်း မထားဘဲ အေးမြသောနေရာ သို့မဟုတ် ရေခဲသေတ္တာထဲတွင် စနစ်တကျ သိမ်းဆည်းပါ။
5. သန့်ရှင်းသော ရေနှင့် ကုန်ကြမ်းများကို သုံးပါ: အစားအစာ သန့်ရှင်းရေးအတွက် သန့်ရှင်းသောရေကိုသာ အသုံးပြုပါ။

အစားအစာ လေလွင့်ပြုန်းတီးမှုကို လျှော့ချပါ
• မိသားစုအတွင်း စားသောက်နိုင်သလောက်သာ မျှတစွာ ဝယ်ယူချက်ပြုတ်ခြင်းဖြင့် အစားအစာ လေလွင့်မှုကို လျှော့ချပါ။ အစားအစာ ချွေတာခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရာရောက်ရုံမျှမက အာဟာရပြည့်ဝသော အစားအစာများကို စနစ်တကျ စီမံခန့်ခွဲရာတွင်လည်း အထောက်အကူပြုပါတယ်။

💦ရေလုံလောက်စွာ သောက်သုံးပါ (Stay Hydrated)

• သကြားပါဝင်သော အချိုရည်များ၊ အားဖြည့်အချိုရည်များထက် ရိုးရိုးရေသန့်ကိုသာ နေ့စဉ် လုံလောက်စွာ (တစ်နေ့လျှင် ၂ လီတာခန့်) သောက်သုံးပေးပါ။
Dr. Hazel
References

1. Food and Agriculture Organization (FAO) - World Food Day Official Page
2. World Health Organization (WHO) - Healthy Diet Fact Sheet
3. WHO - Five Keys to Safer Food Manual

Photos from 7887 Healthcare's post 15/10/2026

သတိပြုရမည့် အပူဒဏ်အန္တရာယ်များ
+++++++++++++++++++++++
Heat exhaustion (အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း)
👉ဂနာမငြိမ်ခြင်း
👉ခေါင်းမူးနောက်ခြင်း၊ ခေါင်းကိုက်ခြင်း
👉ကြွက်တက်ခြင်းနှင့် နုံးချိပျော့ခွေခြင်း
👉အလွန်အမင်းရေဆာခြင်း
👉ခန္ဓာကိုယ် အပူချိန်မြင့်တက်ခြင်း

Heat stroke (အပူဒဏ်ကြောင့်သတိလစ်ခြင်း)
👉 ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်လာခြင်း
👉အရေပြားပူ၍ခြောက်သွေ့ခြင်း သို့ ချွေးခန်းခြောက်ခြင်း
👉ကယောင်ကတမ်းဖြစ်ခြင်း
👉သတိလစ်ခြင်း၊ တက်ခြင်း

15/10/2026

7887 Healthcare Call Center ရဲ့ September လအတွက် ကံထူးရှင်များ ကြေညာခြင်း 🎉

ATOM ဖြင့် 7887 သို့ အခမဲ့ခေါ်ဆိုပြီး ကျန်းမာရေးဆွေးနွေးတိုင်ပင်ရင်း ATOM Data 138 GB ကံထူးသွားကြတဲ့ စက်တင်ဘာလရဲ့ ကံထူးရှင် (၆) ဦးကို ဂုဏ်ပြုဆုမဲများ ပေးအပ်လိုက်ပါပြီ။

ကံထူးရှင် ဖုန်းနံပါတ်များ -
09 792***646
09 783***612
09 776***014
09 753***350
09 751***981
09 795***172

14/10/2026

အိပ်ချိန် ၈ နာရီပြည့်ပေမဲ့ ဘာလို့ မလန်းဆန်းဘဲ ပင်ပန်းနေရတာလဲ?
+++++++++++++++++++++++++++++++++++++++++++
အိပ်စက်ခြင်း သံသရာနှင့် နှစ်ခြိုက်စွာ အိပ်ပျော်ခြင်း
လူတစ်ယောက်၏ အိပ်စက်ခြင်းတွင် မိနစ် ၉၀ ခန့် ကြာမြင့်သော Sleep Cycles များကို ညစဉ် ၄ ကြိမ်မှ ၆ ကြိမ်အထိ ဖြတ်သန်းရပါတယ်။
• Stage 3 (Non-REM / Deep Sleep): ခန္ဓာကိုယ်နှင့် ကြွက်သားများ ပြန်လည် ပြုပြင်ပေးခြင်း၊ ကိုယ်ခံအား မြှင့်တင်ပေးခြင်းနှင့် အကြောအခြင်များ အနားရစေသည့် အဆင့် ဖြစ်ပါတယ်။
• REM Sleep: ဦးနှောက်နှင့် မှတ်ဉာဏ်များကို ပြန်လည် သန့်စင်ပေးပြီး စိတ်ဓာတ် ကြည်လင်စေသည့် အဆင့် ဖြစ်ပါတယ်။
အိပ်ချိန် ၈ နာရီ အိပ်သော်လည်း ညဘက်တွင် မကြာခဏ နိုးနေခြင်း၊ အလင်း သို့မဟုတ် အသံကြောင့် ခဏခဏ နိုးသွားခြင်းတို့ ဖြစ်ပါက ခန္ဓာကိုယ်သည် Deep Sleep အဆင့်သို့ မရောက်ရှိဘဲ အရေအတွက်သာ ပြည့်ပြီး အရည်အသွေး မပြည့်မီသည့် အိပ်စက်ခြင်း ဖြစ်သွားရပါတယ်။
မလန်းဆန်းရသည့် အဓိက အကြောင်းအရင်းများ
1. Sleep Inertia (အိပ်စက်မှု သံသရာ မပြည့်မီ နိုးထခြင်း):
နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် Deep Sleep အဆင့်အတွင်း နာရီနှိုးစက် မြည်၍ ရုတ်တရက် နိုးလာပါက အိပ်ချင်မူးတူးဖြစ်ခြင်း၊ ခေါင်းမကြည်ခြင်း (Sleep Inertia) ကို ၁၅ မိနစ်မှ ၁ နာရီအထိ ခံစားရတတ်ပါတယ်။
2. အိပ်စက်စဉ် အသက်ရှူ ရပ်တန့်သည့် ရောဂါ (Sleep Apnea):
အိပ်နေစဉ် လေပြွန် ကျဉ်းမြောင်းသွားရာမှ အသက်ရှူ ခဏတာ ရပ်သွားပြီး ခန္ဓာကိုယ်က အောက်ဆီဂျင် လိုအပ်၍ သတိမမူမိဘဲ ခဏခဏ နိုးနေခြင်း ဖြစ်ပါတယ်။ အိပ် snoring (ဟောက်ခြင်း) ရှိသူများတွင် အဖြစ်များပြီး အိပ်ချိန် မည်မျှပြည့်စေကာမူ နိုးလာပါက အလွန် ပင်ပန်းနေတတ်ပါတယ်။
3. ညဘက် မကြာခဏ ဆီးသွားခြင်း (Nocturia):
အိပ်ခါနီး ရေ သို့မဟုတ် အရည် အလွန်အကျွံ သောက်သုံးခြင်း၊ ဆီးချိုရောဂါ ရှိခြင်းတို့ကြောင့် ညဘက် ခဏခဏ နိုးပါက အိပ်စက်ခြင်း သံသရာ ပျက်စီးသွားပါတယ်။
4. အိပ်ခါနီး ကဖိန်း သို့မဟုတ် အယ်လ်ကိုဟော သောက်သုံးခြင်း:
ကော်ဖီ/လက်ဖက်ရည်တွင်ပါသော ကဖိန်းသည် ခန္ဓာကိုယ်ထဲတွင် ၆ နာရီမှ ၈ နာရီအထိ ကျန်ရှိနေနိုင်ပြီး ဦးနှောက်ကို Deep Sleep မရောက်အောင် တားဆီးထားပါတယ်။ အရက်သည် အလွယ်တကူ အိပ်ပျော်စေသော်လည်း အိပ်စက်ခြင်း အရည်အသွေး (REM Sleep) ကို ပြင်းထန်စွာ ထိခိုက်စေပါတယ်။
5. စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများခြင်း:
စိတ်ဖိစီးမှု လွန်ကဲပါက ခန္ဓာကိုယ်မှ Stress Hormone (Cortisol) များ ထွက်ရှိနေသဖြင့် ဦးနှောက်သည် အမြဲ သတိရှိနေကာ နှစ်ခြိုက်စွာ မအိပ်ပျော်နိုင်ပါ။
နှစ်ခြိုက်စွာ အိပ်ပျော်ပြီး လန်းဆန်းစွာ နိုးထစေမည့် Health Tips (Sleep Hygiene)
• ပုံမှန် အိပ်ချိန်နှင့် နိုးချိန် သတ်မှတ်ပါ: စနွေ/တနင်္ဂနွေ အပါအဝင် နေ့စဉ် အိပ်ချိန်နှင့် နိုးချိန်ကို ပုံမှန်အတိုင်း ထားရှိခြင်းဖြင့် ခန္ဓာကိုယ်၏ Biological Clock (Circadian Rhythm) ကို စနစ်တကျ ရှိစေပါ။
• အိပ်ခန်း ပတ်ဝန်းကျင်ကို ပြင်ဆင်ပါ: အိပ်ခန်းကို အေးစက်၊ မှောင်မည်းပြီး ငြိမ်သက်အောင် ဖန်တီးပါ။ အလင်းရောင်နှင့် ဖုန်း Screen လင်းရောင်များကို ရှောင်ပါ။
• အိပ်ခါနီး ၁ နာရီအလို Digital Detox ပြုလုပ်ပါ: ဖုန်း၊ ကွန်ပျူတာနှင့် တီဗီတို့မှ ထွက်သော Blue Light သည် အိပ်စက်စေသည့် Melatonin ဟော်မုန်း ထွက်ရှိမှုကို ဟန့်တားပါသည်။
• မွန်းလွဲပိုင်း နောက်ပိုင်း ကဖင်းဓာတ်ပါသော အစားအသောက်များကို ရှောင်ပါ: မွန်းလွဲ ၂ နာရီ နောက်ပိုင်းတွင် ကော်ဖီ၊ အားဖြည့်အချိုရည်နှင့် ရေနွေးကြမ်း သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။
• အိပ်ခါနီး အဆီအဆိမ့်များသော အစာများ မစားပါနှင့်: အစာအိမ် အလုပ်လုပ်နေရပါက နှစ်ခြိုက်စွာ အိပ်ပျော်ရန် ခက်ခဲပါသည်။

Dr. Hazel
Ref: CDC, National Sleep Foundation, Mayo clinic

13/10/2026

7887 ရဲ့ ကျန်းမာရေးအခမဲ့ ဝန်ဆောင်မှုတွေကို စဉ်ဆက်မပြတ်သိရှိနိုင်ဖို့ ဒီ Channel လေးတွေကို Join ထားလိုက်နော် ...

👉Youtube : https://www.youtube.com/
👉Viber : https://invite.viber.com/...

13/10/2026

Leptospirosis ဆိုတာ ဘာရောဂါလဲ?
++++++++++++++++++++++++
Leptospirosis ဆိုတာ Leptospira ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါပါ။ ပိုးရှိတဲ့ တိရစ္ဆာန်တွေရဲ့ ဆီး (သေး) နဲ့ ညစ်ညမ်းနေတဲ့ ရေ၊ မြေအစိုကနေ လူကို ကူးပါတယ်။ အစပိုင်းမှာ တုပ်ကွေးနဲ့ ဆင်တူလို မသိလိုက်ဘဲ နောက်ကျသွားရင် ကျောက်ကပ်၊ အသည်း ထိခိုက်တာ၊ ဦးနှောက်အမြှေးရောင်တာနဲ့ အသက်အန္တရာယ်အထိ ဖြစ်နိုင်ပါတယ်။ မိုးရာသီနဲ့ ရေကြီးချိန်မှာ အဖြစ်အများဆုံးပါ။
ဘယ်လို ကူးသလဲ

ရောဂါပိုးရှိတဲ့ကြွက်၊ ခွေး၊ နွား၊ ဝက် စတဲ့ တိရစ္ဆာန်တွေရဲ့ ဆီးနဲ့ ညစ်ညမ်းတဲ့ ရေ၊ မြေအစိုထဲ ဆင်းမိ၊ ထိမိတာ အရေပြားမှာ အနာ၊ ပွန်းပဲ့ရာ ရှိချိန် အဲဒီရေနဲ့ ထိတာ၊ ပိုးက အနာကနေ၊ ဒါမှမဟုတ် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်ကနေ ဝင်တာ ညစ်ညမ်းတဲ့ ရေကို သောက်မိ၊ ရေကူးရင်း မျိုချမိတာတိုကနေကူးပါတယ်။
ပိုးဟာ ရေ၊ မြေစိုထဲမှာ ရက်သတ္တပတ်ကနေ လများအထိ ရှင်နေနိုင်ပါတယ်။ လူအချင်းချင်း ကူးတာကတော့ အလွန် ရှားပါတယ်။ လယ်သမား၊ မြောင်းရှင်း/သန့်ရှင်းရေး လုပ်သား၊ တိရစ္ဆာန်နဲ့ အလုပ်လုပ်ရသူတွေနဲ့ ရေကြီးဒေသမှာ နေသူတွေ အန္တရာယ် ပိုများပါတယ်။

လက္ခဏာများ

ပိုးဝင်ပြီး ၂ ရက်ကနေ ရက် ၃၀ အတွင်း လက္ခဏာ ပေါ်တတ်ပါတယ်။
အစပိုင်း လက္ခဏာတွေအနေနဲ့ အဖျားကြီး၊ ချမ်းတုန်၊ ခေါင်းကိုက်၊ ကြွက်သားနာ (အထူးသဖြင့် ခြေသလုံး)၊ မျက်လုံးနီ၊ ပျိုအန်၊ ဝမ်းလျှော၊ ဝမ်းဗိုက်နာ၊ အသားဝါလာတာ။

ခဏ သက်သာသွားပြီးမှ ပြင်းထန် လက္ခဏာ တွေ ပြန်ပေါ်လာနိုင်ပါတယ်။ အသားဝါ ပိုဆိုးလာတာ၊ ဆီးနည်း/ဆီးထဲ သွေးပါတာ၊ ချောင်းဆိုးသွေးပါ၊ အသက်ရှူကျပ်တာ၊ ဝမ်းမည်း သွားတာ။ ဒီလက္ခဏာတွေ ပေါ်ရင် အရေးပေါ် ဆေးရုံ ချက်ချင်း သွားရပါမယ်။

ကုသမှု
Leptospirosis ဟာ ပဋိဇီဝပိုးသတ်ဆေးနဲ့ ကုသရတဲ့ ရောဂါပါ။ စောစော ကုလေ ပြင်းထန်တဲ့ အဆင့် မရောက်အောင် တားနိုင်လေပါ။ ပြင်းထန်ရင် ဆေးရုံတက်ပြီး သွေးကြောထဲ ဆေးသွင်း ကုသဖို့ လိုပါတယ်။
အိမ်တွင်းကုထုံးနဲ့ ပျောက်တဲ့ ရောဂါ မဟုတ်ပါဘူး။ အိမ်မှာ နားတာ၊ ရေနဲ့ ဓာတ်ဆား တိုက်တာက အထောက်အကူပဲ ဖြစ်ပြီး ကုသမှု မဟုတ်ပါဘူး။ ဆရာဝန် မညွှန်ဘဲ ပဋိဇီဝဆေး ကိုယ့်သဘောနဲ့ မသောက်ပါနဲ့။

ဆောင်ရန် / ရှောင်ရန်များ
ဆောင်ရန်
ရေကြီးရေ၊ လယ်ရေ၊ မြေစိုနဲ့ ထိပြီးတိုင်း လက်၊ ခြေထောက်ကို ဆပ်ပြာနဲ့ သေချာ ဆေးပါ။
အနာ ရှိရင် ရေစိုခံ ပလာစတာနဲ့ ဖုံးထားပါ။ အလုပ်လုပ်ရရင် ဖိနပ်ရှည်၊ လက်အိတ် ဝတ်ပါ။
သောက်ရေကို ကျိုချက်သောက်ပြီး အစားအစာကို ကြွက်မထိနိုင်အောင် ဖုံးသိမ်းပါ။
အိမ်ပတ်ဝန်းကျင်မှာ ကြွက်ခိုရာတွေ ရှင်းပြီး ကြွက် ထိန်းချုပ်ပါ။
ထိတွေ့ထားဖူးပြီး ဖျားလာရင် ဆေးခန်း စောစောသွားပြီး ထိတွေ့ခဲ့တဲ့ အကြောင်း ပြောပြပါ။
ရှောင်ရန်
ရေကြီးတဲ့နောက် ကျန်တဲ့ ရေ၊ ချောင်း၊ မြစ်ရေတွေမှာ ရေကူးတာ၊ ခြေဗလာနဲ့ ဆင်းတာ မလုပ်ပါနဲ့။
မသန့်ရှင်းတဲ့ ရေကို မသောက်ပါနဲ့၊ အဲဒီရေနဲ့ မျက်နှာ မသစ်ပါနဲ့။
နေမကောင်း၊ သေနေတဲ့ တိရစ္ဆာန်ကို လက်ဗလာနဲ့ မကိုင်ပါနဲ့။
တုပ်ကွေးလို ယူဆပြီး ရက်ရှည် စောင့်ကြည့်တာ မလုပ်ပါနဲ့။
ဒီရောဂါကို ကာကွယ်ဖိုနဲ့ အန္တရာယ် ကင်းဖို အဓိကက ညစ်ညမ်းနိုင်တဲ့ ရေကို အကာအကွယ်နဲ့ ကိုင်တွယ်ပါ၊ အနာရှိရင် ဖုံးထားပါ၊ ရောဂါပိုးရှိတိရစ္ဆာန်အညစ်အကြေးတိုနဲ့ထိထားပြီး ဖျားလာရင် ဆေးခန်း စောစောသွားပါ။ အားလုံးပဲ ကျန်းမာကြပါစေရှင်။

Dr. Hazel
Ref: CDC, Cleveland clinic

12/10/2026

ပလိပ်ရောဂါ ဆိုတာ ဘာလဲ?
++++++++++++++++++
ပလိပ်ရောဂါ (Plague) ဆိုတာ Yersinia pestis လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါ တစ်မျိုးပါ။ ဒီပိုးဟာ ကြွက်လို နို့တိုက်သတ္တဝါငယ်တွေနဲ့ အဲဒီသတ္တဝါတွေမှာ ကပ်နေတဲ့ သန်းတွေမှာ သဘာဝအတိုင်း နေထိုင်လည်ပတ်နေတာ ဖြစ်ပါတယ်။ ဟိုးအရင်က Black Death လို့ လူသိများခဲ့ပြီး လူအမြောက်အမြား သေဆုံးခဲ့ဖူးတဲ့ ရောဂါဖြစ်ပေမဲ့ ဒီနေ့ခေတ်မှာတော့ စောစောသိပြီး ပဋိဇီဝဆေးနဲ့ အချိန်မီ ကုသရင် ပျောက်ကင်းနိုင်တဲ့ ရောဂါ ဖြစ်လာပါပြီ။ အဓိကက လက္ခဏာကို စောစောသိဖို့နဲ့ ကုသမှု စောစောခံယူဖို့ပါပဲ။
ဖြစ်ရတဲ့ အကြောင်းရင်း
ပလိပ်ရောဂါရဲ့ အရင်းအမြစ်က Yersinia pestis ဘက်တီးရီးယားပါ။ ဒီပိုးဟာ တောကြွက်တွေ၊ ရှဉ့်တွေ၊ မြေကြွက်တွေ အပါအဝင် နို့တိုက်သတ္တဝါငယ် အမျိုးမျိုးရဲ့ ကိုယ်ပေါ်မှာကပ်တဲ့ သန်းတွေကတစ်ဆင့် သတ္တဝါအချင်းချင်း ကူးစက်လည်ပတ်နေပါတယ်။ တိရစ္ဆာန်တွေကြားမှာ ရောဂါ ပျံ့နှံ့တဲ့ ကာလမျိုးမှာဆိုရင် လူတွေဆီ ကူးစက်နိုင်တဲ့ အန္တရာယ် ပိုများလာတတ်ပါတယ်။
ဘယ်လို ကူးစက်သလဲ
လူကို ကူးစက်တဲ့ နည်းလမ်း ၃ မျိုး ရှိပါတယ်။
၁။ သန်းကိုက်ခြင်း — ပိုးရှိတဲ့ သန်း ကိုက်ခံရတာက အဖြစ်အများဆုံး ကူးစက်နည်းပါ။ ရောဂါနဲ့ သေဆုံးသွားတဲ့ ကြွက်တွေပေါ်က သန်းတွေဟာ အစာရှာဖို့ လူကို လာကိုက်ရာက ပိုး ကူးစက်လာတာ ဖြစ်ပါတယ်။ အိမ်မွေးခွေး၊ ကြောင်တွေကလည်း အပြင်က သန်းတွေကို အိမ်ထဲ သယ်လာနိုင်ပါတယ်။
၂။ တိုက်ရိုက် ထိတွေ့ခြင်း — ရောဂါရှိတဲ့ တိရစ္ဆာန်ရဲ့ အသား၊ သွေးနဲ့ ကိုယ်အရည်တွေကို အကာအကွယ်မပါဘဲ လက်ဗလာနဲ့ ကိုင်တွယ်မိရင် ပိုးဟာ အရေပြားက အနာအဆတ်လေးတွေကနေ ဝင်ရောက်နိုင်ပါတယ်။
၃။ အသက်ရှူလမ်းကြောင်းက တစ်ဆင့် ကူးစက်ခြင်း — အဆုတ်ပလိပ် ရှိတဲ့ လူနာ (ဒါမှမဟုတ် တိရစ္ဆာန်) ချောင်းဆိုး၊ နှာချေရာက ထွက်တဲ့ အမှုန်အမွှားလေးတွေကို အနီးကပ် ရှူသွင်းမိရင် အဆုတ်ပလိပ် ကူးစက်နိုင်ပါတယ်။ လူအချင်းချင်း ကူးစက်နိုင်တဲ့ တစ်မျိုးတည်းသော ပုံစံက ဒီအဆုတ်ပလိပ် ပုံစံပဲ ဖြစ်ပါတယ်။
အမျိုးအစားနဲ့ လက္ခဏာများ
ပိုးဝင်ပြီး ၁ ရက်ကနေ ၇ ရက်အတွင်း လက္ခဏာ စပေါ်တတ်ပါတယ်။ အမျိုးအစားအလိုက် လက္ခဏာ ကွဲပြားပါတယ်။
၁။ Bubonic ပလိပ် (အဖြစ်အများဆုံး) — ရုတ်တရက် အဖျားတက်တာ၊ ချမ်းတုန်တာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက် နာကျင်ပြီး အားနည်းတာ၊ ဝမ်းဗိုက်နာတာနဲ့အတူ ပေါင်ခြံ၊ ချိုင်း၊ လည်ပင်း စတဲ့ နေရာတွေမှာ ပြန်ရည်ကျိတ်တွေ ရောင်ရမ်းပြီး အလွန် နာကျင်လာတာတွေ ဖြစ်ပါတယ်။ ကုသမှု မခံယူရင် ပိုးဟာ တခြားနေရာတွေကို ပြန့်သွားနိုင်ပါတယ်။
၂။ Pneumonic ပလိပ် / အဆုတ်ပလိပ် (အန္တရာယ် အရှိဆုံး) — အဖျား၊ ခေါင်းကိုက်၊ အားနည်းတာတွေနဲ့အတူ အဆုတ်ရောင် လက္ခဏာတွေ အမြန် ပေါ်လာပါတယ်။ အသက်ရှူကျပ်တာ၊ ရင်ဘတ်အောင့်တာ၊ ချောင်းဆိုးတာနဲ့ တခါတရံ သွေးပါတဲ့ (ဒါမှမဟုတ် ရေလို ကျဲတဲ့) သလိပ် ထွက်တာတွေ ဖြစ်ပါတယ်။ ပိုးဝင်ပြီး ၂၄ နာရီအတွင်းတောင် လက္ခဏာ ပေါ်နိုင်ပြီး မကုသရင် ၁၈ နာရီကနေ ၂၄ နာရီအတွင်း အသက်အန္တရာယ် ရှိတဲ့အထိ အခြေအနေ မြန်မြန် ဆိုးရွားနိုင်ပါတယ်။
၃။ Septicaemic ပလိပ် (သွေးထဲ ပိုးပြန့်ခြင်း) — အဖျား၊ ချမ်းတုန်၊ အလွန် အားနည်းတာ၊ ဝမ်းဗိုက်နာတာ၊ သွေးလွန်လန့်တာတွေ ဖြစ်ပြီး အရေပြားအောက် သွေးယိုတာ၊ လက်ချောင်း၊ ခြေချောင်း၊ နှာခေါင်း စတဲ့ နေရာတွေမှာ အသားတွေ မည်းပြီး သေသွားတာမျိုး ဖြစ်နိုင်ပါတယ်။ Bubonic ကနေ မကုသဘဲ ပြန့်လာတာလည်း ဖြစ်နိုင်ပါတယ်။
အရေးပေါ် သတိပေးချက်
အထက်ပါ လက္ခဏာတွေ၊ အထူးသဖြင့် ပြန်ရည်ကျိတ် ရောင်နာတာ ဒါမှမဟုတ် အသက်ရှူကျပ် ချောင်းဆိုးတာတွေ ပေါ်လာရင် အိမ်မှာ စောင့်ကြည့် မနေပါနဲ့။ ဆေးရုံ၊ ဆေးခန်းကို ချက်ချင်း သွားပါ။ ပလိပ်ဟာ ပဋိဇီဝဆေးနဲ့ စောစော ကုသရင် အသက်ကို ကယ်နိုင်တဲ့ ရောဂါပါ။ နောက်ကျလေ အန္တရာယ် ကြီးလေပါပဲ။
ဆောင်ရန် / ရှောင်ရန်
ဆောင်ရန်
• လက္ခဏာ သံသယရှိရင် ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားပြီး ဆရာဝန် စမ်းသပ် ကုသမှု ခံယူပါ။
• အိမ်နဲ့ ပတ်ဝန်းကျင်မှာ ကြွက်ခိုနိုင်တဲ့ ခြုံပုတ်တွေ၊ ကျောက်ပုံတွေ၊ အမှိုက်ပုံတွေ၊ သစ်ပုံတွေနဲ့ ကြွက်အစာ ဖြစ်နိုင်တဲ့ ပစ္စည်းတွေကို ရှင်းလင်းပြီး အိမ်ကို ကြွက်မဝင်အောင် ကာကွယ်ပါ။
• အပြင်ထွက် လှုပ်ရှားတာ၊ တောထဲ သွားတာ၊ အလုပ်လုပ်တာမျိုးမှာ သန်းနဲ့ ခြင် အကိုက်မခံရအောင် DEET ပါတဲ့ ကြွက်ပြေးဆေးကို အရေပြားနဲ့ အဝတ်အစားမှာ ညွှန်ကြားချက်အတိုင်း သုံးပါ။
• တိရစ္ဆာန်တွေကို ကိုင်တွယ်ရမယ့် အလုပ်ရှိရင် လက်အိတ် ဝတ်ပါ။
• အိမ်မွေးခွေး၊ ကြောင်တွေကို သန်းချဆေး ပုံမှန်ထည့်ပေးပြီး နေမကောင်းတာနဲ့ တိရစ္ဆာန်ဆေးခန်း ချက်ချင်း ပြပါ။
• လက်ကို ဆပ်ပြာနဲ့ ရေ (ဒါမှမဟုတ် အယ်လ်ကိုဟောပါတဲ့ လက်သန့်ဆေးရည်) နဲ့ ပုံမှန် သေချာ ဆေးပါ။
ရှောင်ရန်
• သေနေတဲ့ ဒါမှမဟုတ် နေမကောင်းတဲ့ တိရစ္ဆာန်ကို လက်ဗလာနဲ့ ကိုင်တွယ်တာ မလုပ်ပါနဲ့။
• အိမ်အပြင် လွတ်လွတ်လပ်လပ် သွားလာနေတဲ့ ခွေး၊ ကြောင်တွေကို အိပ်ရာပေါ် တင်ပြီး အတူ မအိပ်ပါနဲ့။
• လက္ခဏာ ပေါ်နေချိန်မှာ အိမ်တွင်းနည်း၊ ဆေးမြီးတိုတွေနဲ့ အချိန်ကုန် စောင့်ကြည့်တာ မလုပ်ပါနဲ့။
• အဆုတ်ပလိပ် သံသယရှိတဲ့ လူနာနဲ့ Mask မပါဘဲ အနီးကပ် မနေပါနဲ့။
အိမ်တွင်းကုထုံးများ
ပလိပ်ရောဂါကို ပျောက်ကင်းစေတဲ့ အိမ်တွင်းကုထုံး မရှိပါဘူး။ ကုသနည်းက ပဋိဇီဝဆေးနဲ့ ဆေးရုံစောင့်ရှောက်မှုပဲ ဖြစ်ပါတယ်။ အိမ်မှာ လုပ်နိုင်တာတွေက ဆေးရုံ မသွားခင် ကြားကာလမှာ လူနာရော၊ မိသားစုပါ ပိုမထိခိုက်အောင် ကူညီပေးတဲ့ အထောက်အကူပြု အဆင့်တွေပဲ ဖြစ်ပါတယ်။
• လူနာကို Mask ဝတ်ခိုင်းပြီး တခြား မိသားစုဝင်တွေနဲ့ ခပ်ခွာခွာ သီးသန့် နေခိုင်းပါ၊ အထူးသဖြင့် ချောင်းဆိုး၊ အသက်ရှူကျပ် နေရင် ပိုပြီး သတိထားပါ။
• လူနာကို စောင့်ရှောက်သူ ကိုယ်တိုင်လည်း Mask ဝတ်ပြီး ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာ ဆေးပါ။
• လူနာကို အိပ်ရာထဲမှာ သက်သောင့်သက်သာ အနားယူစေပြီး ရေနဲ့ အရည်ကို နည်းနည်းချင်း တိုက်ပေးနိုင်ပါတယ် — ဒါပေမဲ့ ဒါတွေဟာ ကုသမှု မဟုတ်ဘဲ ဆေးရုံကို အမြန်ဆုံး ပို့ဖို့ ပြင်ဆင်နေတဲ့ ကြားကာလ စောင့်ရှောက်မှုသာ ဖြစ်ပါတယ်။
• လက္ခဏာ စပေါ်တဲ့ အချိန်၊ အဖျား အခြေအနေ၊ ဘယ်နေရာတွေ နာသလဲ ဆိုတာကို မှတ်ထားပြီး ဆေးရုံရောက်ရင် ဆရာဝန်ကို အပြည့်အစုံ ပြောပြပါ။ ကြွက်၊ သန်း၊ နေမကောင်းတဲ့ တိရစ္ဆာန်တွေနဲ့ ထိတွေ့ခဲ့ဖူးရင် အဲဒီ အချက်ကိုလည်း မချန်ဘဲ ပြောပြပါ — ရောဂါ ရှာဖွေရာမှာ အများကြီး အထောက်အကူ ဖြစ်ပါတယ်။
• ဆရာဝန် မညွှန်ဘဲ ကိုယ့်သဘောနဲ့ ပဋိဇီဝဆေး ဝယ်သောက်တာ၊ သူများ အကြံပေးတဲ့ ဆေးမြီးတို သုံးတာမျိုး မလုပ်ပါနဲ့။
ပလိပ်ရောဂါဟာ ကြောက်စရာ နာမည်ရှိပေမဲ့ သိထားသင့်တဲ့ အချက်တွေကို သိထားရင် ကာကွယ်လို့ ရပြီး စောစော ကုသလို့ ရတဲ့ ရောဂါပါ။ မှတ်ထားရမှာက သုံးချက်တည်းပါ။ သန်း မကိုက်အောင် ကာကွယ်ပါ၊ လက္ခဏာကို စောစောသိပါ၊ သံသယရှိရင် ဆေးရုံ စောစောသွားပါ။ အားလုံးပဲ ကျန်းမာကြပါစေရှင်။
Dr. Hazel
Ref: WHO, CDC

12/10/2026

ပူအိုက်တဲ့ ရာသီမှာ သိုမဟုတ် ချွေးထွက်လွန်ချိန်မှာ ရိုးရိုးရေတစ်မျိုးတည်းမကဘဲ သဘာဝအုန်းရည် (သိုမဟုတ်) ဓာတ်ဆားဓာတ် ဖြည့်တင်းပေးခြင်းက ခန္ဓာကိုယ်စွမ်းအင်ကို ပိုမိုမြှင့်တင်ပေးနိုင်ပါသလား?

(က) ဟုတ်ကဲ့၊ ပိုမိုမြှင့်တင်ပေးပါတယ်။
(ခ) မဟုတ်ပါ၊ ရိုးရိုးရေနဲ့ အတူတူပါပဲ။

Category

Address


Tsp, 6, Mya Thiri Lane, A1 St, Myanmar (Burma)
Yangon
11062

Alerts

Be the first to know and let us send you an email when 7887 Healthcare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.