Linlatt Pharmacy Mingaladon
��ပစ္စည်းမှန်စျေးတန်တာ Linlatt Pharmacy ပါ
22/06/2026
✅ဆေးဝါးကျွမ်းကျင်သင်တန်းဆင်းများ လျောက်ထားနိုင်ပါသည်။
✅လုပ်ငန်းအတွေ့အကြံုပေါ်မူတည်ပြီး လစာပေးမည်။
#ဆေးမျိုးစုံလက်လီလက္ကား
💊နေ့စဉ် ပစ္စည်းအဝင်လေးများ🥰
သိချင်တာရှိရင်
☎️09799951930(viber)ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Disclaimer:This video is only for information purposes only.
လက္ကား orderတွေပို့🥰🥰
☎️09799951930(viber)
26/05/2026
✅မြန်မာဆေး ၊နိုင်ငံခြားဆေးမျိုးစုံ
✅လူကြီးကလေးသုံး ဖြည့်စွက်စာမျိုးစုံ
✅ကလေး၊လူကြီးသုံး ဒိုက်ဘာ၊သေးခင်း၊wettissue
မျိုးစုံ
✅ဆေးရုံ၊ဆေးခန်းသုံး ထိုးဆေး၊သောက်ဆေး၊ဆေးကရိယာမျိုးစုံ
💢တစ်နေရာထဲမှာ စျေးနှုန်းချိုသာစွာ လက်လီ၊လက္ကား ဝယ်ယူရရှိနိုင်ပါတယ်💢
🌼ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေ ပို့ပေးပါတယ်။
🌼ကျန်မြို့များကို ငွေလွှဲဝင်တာနဲ့ ဂိတ်တင်၊အိမ်အရောက်ပို့ပေးပါတယ်။
💢☎️0979951930(viber)ကို မှာလို့ရပါတယ်💢
မြန်မာနှစ်သစ်မှစလို့ ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ချမ်းသာကြပါစေလို့ လင်းလက်ဆေးဆိုင်မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်🙏🙏
☎️09799951930
✅✅ကို့ကလေးနဲ့ သင့်တော်တဲ့အားဆေး ဘယ်လိုရွေးတိုက်မလဲ?
26/01/2026
-သေနှုန်းမြင့်တဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း သိထားသင့်တဲ့ (၅) ချက်�
- အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်နေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ် - မြန်မာတွေ ဘာတွေသတိထားရမလဲ? 🦇🚨
မင်္ဂလာပါ... ဒေါက်တာရဲ ဖြစ်ပါတယ်။
ဒီရက်ပိုင်း သတင်းတွေမှာ အိမ်နီးချင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်မှာ နီပါ (Nipah Virus) ပြန်တွေ့နေရသလို၊ ထိုင်းနိုင်ငံဘက်ကလည်း သတိပေးချက်တွေ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဒါကြောင့် ကိုယ့်မြန်မာနိုင်ငံက ပြည်သူတွေလည်း ကြိုတင်သတိထားနိုင်အောင် ဒီဗိုင်းရပ်စ်အကြောင်းလေး အရေးပေါ် မျှဝေပေးချင်ပါတယ်။
Nipah ဆိုတာက သာမန်တုပ်ကွေးလိုလိုနဲ့ အသက်အန္တရာယ်အထိ ပေးနိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။ ဒီရောဂါအတွက် အတိအကျ ကုသပျောက်ကင်းနိုင်တဲ့ ဆေးမရှိသေးသလို၊ ကြိုတင်ကာကွယ်ဖို့ ကာကွယ်ဆေး (Vaccine) လည်း ကမ္ဘာပေါ်မှာ မပေါ်သေးပါဘူး။
သေဆုံးနှုန်းက (၄၀% ကနေ ၇၅%) အထိ မြင့်မားနိုင်တာမို့ လုံးဝပေါ့ဆလို့ မရပါဘူး။
🔍 ဘယ်လိုကူးစက်နိုင်လဲ?
အဓိကကတော့ တိရစ္ဆာန်ကနေ လူကို ကူးစက်တာပါ။
(၁) လင်းနို့များ
လင်းနို့တွေက အသီးမှည့်ရင် အရမ်းကြိုက်ပါတယ်။ သရက်သီး၊ မာလကာသီး စတာတွေပေါ့။
* ❌ အပင်အောက် ပြုတ်ကျနေတဲ့ အသီးတွေကို ကောက်မစားပါနဲ့။
* ❌ ငှက်ဆိတ်ရာ၊ အကောင်ကိုက်ရာ ပါတဲ့ အသီးဆိုရင် နှမြောပြီး လှီးထုတ်စားတာမျိုး လုံးဝ မလုပ်ပါနဲ့။ တစ်လုံးလုံး လွှင့်ပစ်လိုက်ပါ။ အဲ့ဒီအသီးမှာ လင်းနို့တံတွေးကနေတဆင့် ဗိုင်းရပ်စ်ပါလာနိုင်ပါတယ်။
လင်းနို့တွေက ထန်းရည်အိုးတွေမှာ လာတွဲခိုတတ်သလို၊ အိုးထဲကို အညစ်အကြေးစွန့်တာတွေ ရှိနိုင်ပါတယ်။
* ❌ ထန်းရည်အိုးဖွင့်ထားတာတွေကို သောက်တာက အရမ်းအန္တရာယ်များပါတယ်။
(၂) ရောဂါပိုးရှိတဲ့ ဝက် တွေကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။
(၃) ရောဂါပိုးရှိတဲ့ လူနာ ရဲ့ ခန္ဓာကိုယ်အရည် (တံတွေး၊ သွေး၊ ဆီး) နဲ့ အနီးကပ်ထိတွေ့မိရင်လည်း လူအချင်းချင်း ကူးစက်နိုင်ပါတယ်။
🚨 သတိထားရမည့် လက္ခဏာများ (Symptoms)
ဗိုင်းရပ်စ်ဝင်ပြီး (၄) ရက်ကနေ (၁၄) ရက်အတွင်းမှာ လက္ခဏာပြတတ်ပါတယ်။
1. ဖျားခြင်း၊ ခေါင်းအရမ်းကိုက်ခြင်း။
2. ကြွက်သားတွေ နာကျင်ကိုက်ခဲခြင်း။
3. အော့အန်ခြင်း၊ လည်ချောင်းနာခြင်း။
4. မောပန်းခြင်း၊ အသက်ရှူရခက်ခဲခြင်း
5. အရေးကြီးဆုံးအဆင့် - ရောဂါရင့်လာရင် ဦးနှောက်ရောင်ရမ်းခြင်း (Encephalitis) ဖြစ်လာမယ်။ ခေါင်းမူးဝေမယ်၊ ကယောင်ကတမ်းဖြစ်မယ်၊ သတိလစ်မလိုဖြစ်မယ်။ ဒီအဆင့်ရောက်ရင် (၂၄) နာရီကနေ (၄၈) နာရီအတွင်း ကိုမာ (Coma) ဝင်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။
-လောလောဆယ် နီပါဗိုင်းရပ်စ်အတွက် တိကျတဲ့ ကုသဆေးနဲ့ ကာကွယ်ဆေး မရှိသေးပါဘူး။ ဒါကြောင့် ကာကွယ်ခြင်းကသာ အထိရောက်ဆုံး ကုသမှုပါ။
🛡️ ဘယ်လိုကာကွယ်ကြမလဲ?
✅ (၁) အသီးအနှံများကို သတိထားစားသုံးပါ - အသီးတွေကို ရေစင်စင်ဆေးပြီးမှ စားပါ။ အခွံနွှာစားပါ။ ငှက်/လင်းနို့ ကိုက်ရာပါတဲ့ အသီးတွေကို လုံးဝ(လုံးဝ) မစားပါနဲ့။ မြေကြီးပေါ် ကြွေကျနေတဲ့ အသီးတွေကို ကောက်မစားပါနဲ့။
✅ (၂) လက်သန့်ရှင်းရေး - ဆပ်ပြာနဲ့ ရေကိုသုံးပြီး မကြာခဏ လက်ဆေးပါ။ အထူးသဖြင့် အစားမစာခင်နဲ့ တိရစ္ဆာန်တွေနဲ့ ထိတွေ့ပြီးချိန်မှာ လက်ဆေးပါ။
✅ (၃) ထန်းရည် - ထန်းရည်အိုးတွေမှာ လင်းနို့တွေ လာပြီးတွဲခိုနေတတ်တာကြောင့် သတိထား သောက်သုံးပါ။
✅ (၄) လူနာနှင့် ထိတွေ့မှု - ဖျားနာနေတဲ့လူနာကို ပြုစုရမယ်ဆိုရင် Mask တပ်ပါ၊ လက်အိတ်စွပ်ပါ၊ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ။
ဒီရောဂါက ကုဆေးမရှိပေမယ့် "ဆင်ခြင်မှု" နဲ့ ၁၀၀% ကာကွယ်လို့ ရပါတယ်။
ကျန်းမာရေးသတိ၊ အမျိုးသားသတိ ဆိုသလိုပဲ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင် ဂရုစိုက်ကြပါခင်ဗျာ။
ဒီအကြောင်းအရာလေးကို ကိုယ်ချစ်ရတဲ့ သူတွေလည်း သိရအောင် Share လုပ်ပြီး သတိပေးလိုက်ကြပါ။
#နီပါဗိုင်းရပ်စ်
#ကျန်းမာရေး
#နီပါဗိုင်းရပ်စ် #ကျန်းမာရေးဗဟုသုတ
#ဒေါက်တာရဲ
✅✅Digital စက်နှင့် သွေးပေါင်ချိန်နည်း
✅✅
Digital သွေးပေါင်ချိန်စက်နှင့် သွေးပေါင်ချိန်နည်း
✅မင်မင်သိသလောက်မျှဝေပေးတာမို့ အကျိုးရှိခဲ့ရင် like and follow လုပ်ပေးပါအုန်းရှင့်🌼🌼
☎️09799951930(viber)
Telephone
Website
Address
Yangon
Alerts
Be the first to know and let us send you an email when Linlatt Pharmacy Mingaladon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
