Trendy K

Trendy K

Share

Korean beauty skincare products များကို 100% ပစ္စည်းမှန် စျေးမှန် မြန်ဆန်စွာ ၀န်ဆောင်မှုပေးနေပါပြီ။

Photos from Trendy K's post 02/10/2026

ပစ္စည်း အသင့်ရှိပါတယ်ရှင် 💜

အရေးအကြောင်းငယ်လေးတွေကို သိသိသာသာ လျော့ပါးစေမဲ့ numbuzin No.9 NAD⁺ Gold 3D Firming Cream 50 ML

Exp 2029, 8 လပိုင်း

မျက်နှာသာမက body အတွက်ပါ အရေပြားလျော့တွဲကျတာနဲ့ အရေးအကြောင်းတွေကို သိသိသာသာ သက်သာလျော့နည်းစေမဲ့ အသစ်စက်စက် Cream လေးပါရှင်

💛 24K Gold + NAD⁺: အသားအရေ လျော့တွဲတာတွေကို အထူးတင်းရင်းစေပြီး Skin Elasticity ကို ပိုမိုကောင်းမွန်လာစေပါတယ်

🐟 Salmon PDRN: အရေးကြောင်းများကို သက်သာစေပြီး အသားအရေကို ပြန်လည်နုပျို လန်းဆန်းစေပါတယ်

💧 Collagen & Peptides: ရေဓာတ်ပြည့်ဝပြီး ပြည့်ဖြိုးဝင်းပတဲ့ Glass Skin Look ကို ပေးစွမ်းပါတယ်

မျက်နှာတင်မကဘဲ လည်ပင်းအရေးကြောင်းများ၊ ဝမ်းဗိုက်၊ တင်ပါးလျော့တွဲခြင်းများနှင့် အကြောပြတ်ရာများကိုပါ အထူးပြုပြင်ပေးနိုင်တဲ့ 3D Firming Care Cream လေးပါပဲရှင်

After official sale price 69000 ကျပ်ဖြင့် ပစ္စည်း အသင့်မှာယူနိုင်ပါပြီရှင် 💜

Photos from Trendy K's post 02/10/2026

ပစ္စည်းအသင့်ရှိပါတယ်ရှင် ✅

Olive Young No.1 Foot care 🫒

Softener Spray သုံးရင်း တသက်စာ Foot File လေး အလကားရလိုက်သလို Baren At Home Kit 💜

Exp 2029 , 7

လတ်လတ်ဆတ်ဆတ် Mfg date 7 လပိုင်းမှ ထုတ်ထားတာလေးပါ

ခြေဖဝါးနူးညံ့ချောမွေ့ဖို့ Baren ရဲ့ Perfect Duo ရှိပါတယ် ✨

ခြေဖနောင့်ကွဲတာ၊ အသားမာတက်တာတွေအတွက် အချိန်ကုန်ခံပြီး အားစိုက်တိုက်နေရလို့ စိတ်ညစ်နေပြီဆို ……

Baren ရဲ့ Softener Spray နဲ့ Foot File အတွဲလိုက်လေးက သင့်ကို အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး ကူညီပေးမှာပါ 💜

💜 Softener Sprayလေးက

💧Panthenol ပါဝင်မှု: အသားအရေကို မထိခိုက်စေဘဲ အစိုဓာတ်ကို အပြည့်အဝ ဖြည့်တင်းပေးပါတယ်

💧Maximum Hydration: ခြေထောက်ကို ရေဓာတ်ဖြည့်ပေးပြီး နူးညံ့ပျော့ပျောင်းလာစေပါတယ်

💧Minimal Irritation: အသားအရေ ယားယံခြင်းကို အနည်းဆုံးဖြစ်အောင် ဖော်စပ်ထားလို့ စိတ်ချလက်ချ သုံးနိုင်ပါတယ်

Foot Fileလေးက Premium Quality 304 Stainless Steel နဲ့ ပြုလုပ်ထားလို့ အရည်အသွေး ကောင်းမွန်ပါတယ်

Stronger & Saferက ပိုမိုခိုင်ခံ့ပြီး အသားအရေကို မထိခိုက်စေဘဲ ဘေးကင်းစွာ အသားမာတွေကို ဖယ်ရှားပေးနိုင်ပါတယ်

Built to Last: ကြာရှည် အသုံးခံအောင် ဒီဇိုင်းထုတ်ထားလို့ တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ

💡 ဘယ်လိုသုံးရမလဲ?

1. Softener Spray လေးကို ခြေဖနောင့် သို့မဟုတ် အသားမာရှိတဲ့နေရာကို ဖြန်းပေးပါ။
2. ခဏစောင့်ပြီး အသားနူးလာပြီဆိုရင် Foot File လေးနဲ့ အသာအယာ တိုက်ပေးရုံပါပဲ!

After official sale price 79500 ကျပ်ဖြင့် ပစ္စည်းအသင့်မှာယူနိုင်ပါပြီရှင် 🫶

Photos from Trendy K's post 02/10/2026

🆕 Arrival

ပစ္စည်းအသစ်လေးတွေ နဲ့ Preorder မှာယူထားသော ပစ္စည်းလေးတွေ ရောက်ပါပြီရှင် 🙌✨

INSTOCK အပိုပါတာလေးတွေလည်း after official sale price လေးနဲ့ ရဦးမှာမို့ စျေးတန်ပါမယ်ရှင့် 🥰🌸

သတိသရ အားပေးသူ တဦးချင်းစီကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင် 🙇‍♀️

Photos from Trendy K's post 01/10/2026

Hello , Beauties 🌸

အတန်ဆုံး Double SALE လေး နဲ့ ရဦးမဲ့ Mega Clearance SALE ကြီးလာပါပြီ 📣

Exp 2027 ရေးထားတဲ့ ပစ္စည်းလေးတွေကလွဲ ကျန် ပစ္စည်းတွေက 2028,2029 တွေပါရှင် 🙌✨

အရေအတွက် အကန့်အသတ်လေး ရှိလို့ လက်မြန်မှ ရပါမယ်ရှင့်

အတု၊ အပ မရောင်းပါရှင် အတုကိုကြားညှပ်ပြီးလည်း မရောင်းပါ ‼️

အရည်အသွေး မပြည့်ဝ တဲ့ ပစ္စည်းတွေလည်း မရောင်းပါ 🫠

Official Items Only သာ ရောင်းပါတယ်ရှင့် ✅

Photos from Trendy K's post 30/09/2026

INSTOCK SALE 🍀

အဆီပြန်လွယ်သော၊ ဝက်ခြံထွက်လွယ်သော သို့မဟုတ် ထိခိုက်လွယ်သော အသားအရေများအတွက် အထူးထုတ်လုပ်ထားတဲ့

Orien Mugwort Zero Film Cleansing Foam 150 ML

Exp 2027,11

45000 MMK

ပေါ့ပါးနူးညံ့သော အမြှုပ်လေးများဖြင့် အသားအရေကို ခြောက်ကပ်မသွားစေဘဲ သန့်စင်ပေးမဲ့ Deep Cleansing Foam လေးပါ

0.5% BHA (Salicylic Acid):
ချွေးပေါက်ထဲရှိ ပိုလျှံနေသော အဆီများနှင့် အညစ်အကြေးများကို နူးညံ့စွာ ဖယ်ရှားပေးပြီး ဝက်ခြံများကို သက်သာစေပါတယ်

Mugwort + Cica Complex:
ယားယံခြင်းနှင့် နီမြန်းခြင်းများကို သက်သာစေပြီး အသားအရေ ရေဓာတ်ဖြည့်ပေးကာ Skin Barrier ကို သန်မာစေပါတယ်

Tea Tree Extract:
အဆီပြန်ခြင်းကို ထိန်းညှိပေးပြီး အသားအရေကို ကြည်လင်သန့်စင်စေပါတယ်

Trouble Care Formula:
ဝက်ခြံနှင့် အဆီပြန်ခြင်းကို ထိရောက်စွာ ထိန်းချုပ်ပေးပါတယ်

Skin Soothing & Barrier Support:
နေ့စဉ် ကြုံတွေ့ရသော အရေပြား ထိခိုက်ယားယံမှုများကို လျော့နည်းစေပါတယ်

Daily Gentle Cleanser: အသားအရေကို မတင်းရင်း စိမ့်မသွားစေဘဲ နေ့စဉ် စိတ်ချစွာ သုံးစွဲနိုင်ပါတယ်

Only 1 available ပါရှင် 🍀🍀

Photos from Trendy K's post 30/09/2026

ပစ္စည်း အသင့်ရှိပါတယ်ရှင် 🌸

ကိုရီးယားမလေးတွေကြားမှာ မိတ်ကပ်သား တစ်နေကုန် လှပပြည့်စုံနေစေဖို့ အရမ်းခေတ်စားပြီး ဆုတွေအများကြီးရထားတဲ့ High-end Brand တစ်ခုဖြစ်တဲ့ YUNJAC ရဲ့

Skin Perfecting Protective Base Prep 15 ML 💛💛💛💛

Exp 2029, 2

ဘယ်လောက်ပဲ ကောင်းတဲ့ Foundation ဒါမှမဟုတ် Cushion တွေ သုံးသုံး (၂) နာရီ၊ (၃) နာရီလောက်ဆိုရင်ပဲ မိတ်ကပ်ကွက်တာ၊ အဖတ်ကွာတာတွေ အတွက် ကိုရီးယား Olive Young ရဲ့ Glowpick Awards မှာ အဆင့် (၁) ချိတ်ထားပြီး ကမ္ဘာကျော် မိတ်ကပ်ပညာရှင်တွေပါ မိတ်ကပ်မလိမ်းခင် မရှိမဖြစ် သုံးကြတဲ့ High-end Brand ဖြစ်တဲ့ YUNJAC Skin Perfecting Protective Base Prep လေး မင်တို့ TrendyK မှာ ပစ္စည်းအသင့်ရောက်ရှိလို့လာပါပြီ! 🌟👑

ဒီ Base Prep လေးက သာမန် Primer တွေထက် ဘာကြောင့် ပိုပြီး ဆန်းသစ်ပြီး ထိရောက်တာလဲ?

🤍Thin & Clear Glow (မှန်ချပ်လို ပြောင်ဝင်းစေခြင်း)
အသားအရေပေါ်မှာ အလွန်ပါးလွှာပြီး စိုပြေတဲ့ ရေဓာတ် Shield (အလွှာ) လေးတစ်ခုကို ဖန်တီးပေးပါတယ်။ မိတ်ကပ်လိမ်းလိုက်တဲ့အခါ ခြောက်ကပ်ကပ်ကြီး မဖြစ်ဘဲ သဘာဝအတိုင်း ပြောင်ပြောင်တင်းတင်းနဲ့ကြွေရုပ်မလေးတွေလို ဇိမ်ခံ Look မျိုးကို ပေးစွမ်းမှာပါ

🛡️ Zero Cakey & Flaky (မိတ်ကပ်ကွက်ခြင်းကို ရာနှုန်းပြည့်ကာကွယ်ခြင်း)
အသားခြောက်လို့ နှာခေါင်းဘေး၊ ပါးစပ်ဘေးတွေမှာ မိတ်ကပ်ဖွာထွက်တာ၊ ကွက်တာတွေကို လုံးဝမရှိအောင် အစိုဓာတ်ကို အပြည့်အဝ ထိန်းချုပ်ပေးထားလို့ မိတ်ကပ်သားကို တစ်နေကုန် ပုံမှန်အတိုင်း လှပနေစေပါတယ်

🌿 Smooth Skin Texture (ချွေးပေါက်များနှင့် အသားအရေကို ချောမွေ့စေခြင်း)
မျက်နှာပေါ်က အဆီကျိတ်လေးတွေ၊ ချွေးပေါက်ကျယ်တာတွေနဲ့ အသားအရေ ကြမ်းတမ်းတာတွေကို ညင်သာစွာ ဖုံးအုပ်ပေးပါတယ်

ဒါကြောင့် Foundation လိမ်းတဲ့အခါ ချောချောမွေ့မွေ့နဲ့ အသားထဲ တစ်သားတည်း စိမ့်ဝင်သွားစေပါတယ်

🚫 Protective Barrier (အရေပြားကို ကာကွယ်ပေးခြင်း)
မိတ်ကပ်ထဲမှာပါတဲ့ ဓာတုပစ္စည်းတွေ အသားထဲ တိုက်ရိုက်ဝင်ပြီး ဝက်ခြံဖုတွေ ထွက်လာတာမျိုး မရှိအောင် အသားအရေကို အကောင်းဆုံး ကာကွယ်ပေးတဲ့အပြင် ပြင်ပလေထု ညစ်ညမ်းမှုဒဏ်ကိုလည်း ဒိုင်းတစ်ခုလို ကာကွယ်ပေးပါတယ်။
💡 အသုံးပြုပုံ: နေ့စဉ် မနက်ပိုင်း မိတ်ကပ် သို့မဟုတ် Cushion မလိမ်းခင် Skincare ရဲ့ နောက်ဆုံးအဆင့်မှာ Serum လိုမျိုး မျက်နှာပေါ် ဖွဖွလေး လိမ်းပေးရုံပါပဲရှင်

Olive Young No.1 Skin Base Prep 🫒 15 ML size ကို after official sale price 69900 ကျပ်
ဖြင့် စောင့်ဆိုင်းစရာမလို အသင့်မှာယူရရှိနိုင်ပါပြီရှင်

Photos from Trendy K's post 30/09/2026

INSTOCK SALE 🍀

LAKA Natural Colorize Fixing Brow Care 8 g

After official sale price + Extra Big SALE 🙌

35000 MMK

01 Peanut Brown 🥜
Exp 2028 , 8 လပိုင်း

ထူကဲ ထင်းနေတဲ့ မျက်ခုံးတစုံကို ကူညီ ဖန်တီးပေးမဲ့ Laka ရဲ့ Brow care လေးတွေကို စောင့်ဆိုင်းစရာမလို အသင့်ရပါပြီရှင် 🌸

30/09/2026

ဆံပင် blend လုပ်တဲ့ဆေး နဲ့ မျက်ခုံး blend လုပ်တဲ့ဆေး ဘာတွေ ကွာခြားလဲ သိရဲ့လား 🧐

အရောင်ပြောင်းသွားတာချင်း အတူတူပဲဆိုပေမဲ့ အရေပြားပေါ သက်ရောက်မှုကတော့ လုံးဝခြားနားလို့ သတိပြုဖို့ လိုအပ်ပါတယ်ရှင် 🙌‼️

မျက်ခုံး bleach/bleach (blend) လုပ်တဲ့ဆေး နဲ့ ဆံပင် Bleach ဆေး က ဓာတုဗေဒသဘောတရားအရ အရောင်ချွတ်ပေးတာချင်း တူပေမဲ့ မျက်လုံးနဲ့ မျက်နှာအရေပြား ဘေးကင်းလုံခြုံရေးအတွက် မတူညီပါဘူး။

မျက်ခုံးကို ဆံပင် Bleach ဆေးနဲ့ ချွတ်ပါက မျက်လုံးထဲ ဆေးဝင်ခြင်း၊ မျက်နှာ အသားအရေ လောင်ခြင်း/အဖုအပိန့် ထွက်ခြင်း စတဲ့ အန္တရာယ်များလွန်းပါတယ်ရှင်

ဒါကြောင့် မျက်လုံးနဲ့ မျက်နှာအတွက် အထူးပြုလုပ်ထားတဲ့ မျက်ခုံးသီးသန့် Tone Changer/Bleach ဆေးကိုပဲ သုံးစွဲတာ အကောင်းဆုံးပါ

ဓာတုဗေဒ ပြင်းအား မတူခြင်း (Formula Strength):
ဆံပင် Bleach ဆေး: ဆံပင်က ပိုထူပြီး သန်တာကြောင့် ဓာတုပစ္စည်း (Peroxide) ပြင်းအား ပိုများပါတယ်။ မျက်နှာပေါ်မှာ သုံးရင် အသားအရေကို လောင်သွားစေတာ (Chemical Burn) သို့မဟုတ် ပြင်းထန်စွာ နီမြန်းယားယံတာတွေ ဖြစ်စေနိုင်ပါတယ်။

မျက်ခုံး Bleach ဆေး: မျက်နှာ အသားအရေနဲ့ မျက်လုံးနား ကပ်နေတာကြောင့် ဓာတုပြင်းအားကို အထူးလျှော့ချထားပြီး Mild ဖြစ်အောင် စီမံထားပါတယ်။

မျက်လုံး ဘေးကင်းလုံခြုံရေး (Eye Safety):
ဆံပင်ဆေးတွေမှာ ပါဝင်တဲ့ Ammonia နဲ့ ပြင်းထန်တဲ့ အငွေ့တွေက မျက်လုံးကို စပ်စေပြီး မျက်လုံးနီတာ၊ ရေတိမ်တာနဲ့ မျက်လုံး ထိခိုက်တာတွေ ဖြစ်စေနိုင်ပါတယ်။

မျက်ခုံးသီးသန့်ဆေးတွေကတော့ မျက်လုံးစပ်တာမျိုး နည်းအောင်နဲ့ အငွေ့မထအောင် ပြုလုပ်ထားပါတယ်။

ပျစ်ခဲမှုနဲ့ လိမ်းရလွယ်ကူမှု (Viscosity & Texture):
မျက်ခုံးဆေးတွေက အမြှုပ် သို့မဟုတ် ခရင်မ်အပြစ် ပုံစံမျိုး ထုတ်ထားလို့ မျက်ခုံးပေါ် လိမ်းထားစဉ် မျက်လုံးထဲ စီးကျမသွားအောင် ထိန်းပေးနိုင်ပါတယ်။

သုံးစွဲရသည့် ပမာဏ (Dose Packaging):
ဆံပင် Bleach ဆေးက ဗူးကြီးကြီးနဲ့ လာတာကြောင့် မျက်ခုံးနည်းနည်းလေးအတွက် စပ်ရတာ အချိုးအစား မမှန်နိုင်ပါဘူး။ မျက်ခုံးသီးသန့်ဆေး (Cosnori လိုမျိုး) ကတော့ တစ်ကြိမ်စာ (Sachet) လေးတွေနဲ့ လာတာမို့ အချိုးအစား စပ်ရတာ တိကျပြီး လွယ်ကူပါတယ်

မျက်ခုံးအတွက် သီးသန့်ထုတ်ထားတဲ့ ဆေး (Cosnori Easy Brow Tone Changer လိုမျိုး) ကို သုံးတာက ပိုမိုဘေးကင်းပြီး ထိရောက်မှုရှိပါတယ်

Brow Changer ကဘာတွေ ပိုကောင်းလဲဆို

အသားအရေ ထိခိုက်မှု မရှိခြင်း: မျက်ခုံးတစ်ဝိုက်က အသားအရေက အရမ်းပါးတာကြောင့် သီးသန့်ဆေးက အပူလောင်ခြင်းနဲ့ နီမြန်းယားယံခြင်းကို ကာကွယ်ပေးပါတယ်။

အရောင်ညီညာပြီး သဘာဝကျခြင်း: ဆံပင် Bleach ဆေးက မြန်မြန်နဲ့ ပြင်းပြင်း အရောင်ချွတ်တာမို့ မျက်ခုံးက ခဏလေးနဲ့ ကောက်ရိုးရောင်/ဝါကြောင်ကြောင် ဖြစ်သွားနိုင်ပါတယ်။ မျက်ခုံးဆေးကတော့ ဖြည်းဖြည်းချင်း ညီညီညာညာ Soft Brown / Ash Tone လေးတွေ ပြောင်းပေးပါတယ်။

အသုံးပြုရ လွယ်ကူခြင်း: ဘရပ်ရှ်အသေးလေးတွေ (Screw brush) ပါဝင်လေ့ရှိတာကြောင့် မျက်ခုံးမွှေးပေါ် ပုံသွင်းလိမ်းရတာ ပိုမိုလွယ်ကူပါတယ်

ပစ္စည်းလေး အသင့်ရှိတုန်း မှာယူလို့ရပါပြီရှင်

Photos from Trendy K's post 29/09/2026

ခုနောက်ပိုင်း အရမ်းရေပန်းစား လူကြိုက်များလာတဲ့ Leave-on Bubble Mask တွေကို ရွေးချယ်မှု ပိုများလာတာ ဘာကြောင့်လဲ သိပြီးပြီလားရှင်

ဒီအချက်တွေကြောင့်ပါ 👇👇👇👇👇

အရင်က Bubble Mask တွေဟာ အမြှုပ်ထပြီးရင် ရေပြန်ဆေးချရတဲ့ (Wash-off) သန့်စင်ရေး Mask တွေများပါတယ်

ဒါပေမဲ့ Leave-on Bubble Mask တွေကတော့ Essence/Serum ကို အမြှုပ်ပုံစံ ပြောင်းလဲထုတ်လုပ်လာတာက

💗စိမ့်ဝင်မှု တိုးမြှင့်ပေးခြင်း (Micro-bubble Technology):
Bubble Mask အဖြစ် ပြောင်းသွားတဲ့ အမြှုပ်သေးသေးလေးတွေ (Microbubbles) က အရေပြားပေါ်မှာ ပေါက်ကွဲစိမ့်ဝင်တဲ့အခါ အာဟာရဓာတ်တွေကို အရေပြားအကွာအဝေးအတွင်းပိုင်းအထိ ပိုမိုမြန်ဆန် စိမ့်ဝင်စေပါတယ်

💗အချိန်ကုန် သက်သာခြင်း:
Sheet Mask တွေလို မိနစ် ၁၅~၂၀ စောင့်စရာ မလိုဘဲ အချိန်တိုအတွင်းမှာတင် Sheet Mask ကဲ့သို့ အစိုဓာတ်နဲ့ အာဟာရကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်

💗စိမ့်ဝင်ရလွယ်ပြီး စီးကပ်မှုမရှိခြင်း:
Serum အရည်အတိုင်း လိမ်းတာထက် အမြှုပ်ပုံစံလိမ်းပေးခြင်းဖြင့် အသားအရေက စိမ့်ဝင်ရလွယ်ပြီး လိမ်းပြီးနောက် မစေးမကပ်ဘဲ စိုပြေသွားစေပါတယ်

Menokin က အခြား bubble mask တွေထပ် ဘာတွေ ပိုထူခြားလဲဆို

စက္ကန့် ၃၀ အတွင်း စိမ့်ဝင်မှု (30-Seconds Quick Care):
မျက်နှာပေါ် ပွတ်လိမ်းပေးလိုက်တာနဲ့ စက္ကန့် ၃၀ အတွင်း အမြှုပ်များ စိမ့်ဝင်သွားပြီး တိုက်ရိုက် ရေပြည့် Glass-Skin Glow ကို ရရှိစေပါတယ်

Sheet Mask မလိုဘဲ သုံးနိုင်ခြင်း:
၁ ဗူးဟာ Sheet Mask အချပ် ၇၀ စာနဲ့ ညီမျှလို့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပြီး အသုံးခံပါတယ်

မိတ်ကပ်မလိမ်းမီ အရေးပေါ် အစိုဓာတ်ဖြည့်စနစ်: မိတ်ကပ် မပြင်ခင် စက္ကန့် ၃၀ အလိုမှာ သုံးပေးရုံနဲ့ မိတ်ကပ်ကွက်တာ၊ အကွက်ထတာတွေကို ကာကွယ်ပေးနိုင်ပါတယ်ရှင်

After official sale price 89000 ကျပ်ဖြင့် ပစ္စည်းအသင့်ရနေပါသေးတယ်ရှင် 🙌

Photos from Trendy K's post 29/09/2026

ပစ္စည်း အသင့်ရှိပါတယ်ရှင် 💙

အထိအတွေ့မှာ ပေါ့ပါးလွန်းသော VT Air Cloud™ Balance Layer Sun Stick 💨

2029,5

After official sale price

69900 MMK ✨

Unisex အသုံးပြုရလွယ်ကူတယ် ✅

Easy to retouch, lightweight Sun Stick ☀️

SPF 50+ / PA++++ ကာကွယ်မှုအပြည့်အဝပါဝင်တဲ့ Sunscreen Stick ဖြစ်ပြီး၊ နေရောင်ခြည်ဒဏ် (UVA/UVB) ကို ကာကွယ်ပေးရုံတင်မကဘဲ Skincare အာနိသင်များပါ ပေါင်းစပ်ထားတဲ့ ပေါ့ပါးသော Sun Stick type လေးပါ

⭐️Low-Molecular Wild Ginseng PDRN: အသားအရေကို တင်းရင်းကြည်လင်စေပါတယ်

⭐️Smart Peptide & Panthenol:
အသားအရေ ကျန်းမာရေးကို ထိန်းသိမ်းပေးပြီး ရေဓာတ်ပြည့်ဝစေပါတယ်

⭐️Succinic Acid & Zinc PCA: အသားအရေကြမ်းတမ်းမှုကို ပြုပြင်ပေးပြီး ဆီနဲ့ ရေဓာတ် မျှတမှုကို ထိန်းညှိပေးပါတယ်

လုပ်ဆောင်ချက်လေးတွေက ⭐️⭐️⭐️⭐️⭐️

🌸Soft-Matte Finish (အဆီထိန်းပေးခြင်း)

Time-Release Sebum Care နည်းပညာကြောင့် တစ်နေကုန် ထွက်လာတဲ့ ပိုလျှံနေတဲ့ အဆီများကို ထိန်းပေးပြီး လန်းဆန်းပြောင်လက်မှုမရှိတဲ့ Soft-Matte Finish ကို ပေးစွမ်းပါတယ်

🌸Ultra-Lightweight & No Caking (ပေါ့ပါးနူးညံ့ခြင်း):

ထပ်ခါထပ်ခါ ထပ်မံလိမ်းပေးရင်တောင် လေးလံကွက်ကျန်ခဲ့ခြင်း မရှိဘဲ ပေါ့ပါးပြီး အသားထဲ ထိထိရောက်ရောက် စိမ့်ဝင်လွယ်ပါတယ်

🌸Pore & Texture Refinement (ချွေးပေါက်ကျဉ်း/အသားအရေညှိပေးခြင်း):

ချွေးပေါက်များနှင့် အသားအရေ မညီညာတာတွေကို
Blur လုပ်ပေးပြီး ချောမွေ့သွားစေပါတယ်

Skincare Routine ၏ နောက်ဆုံး Step အဖြစ် သုံးရန်: 📝

မျက်နှာပေါ်သို့ အသာအယာ ဆွဲလိမ်းပေးခြင်းဖြင့် သဘာဝအတိုင်း Soft-Matte Look ကို ရရှိစေပါတယ်

Makeup မလိမ်းမီ သုံးရန် 📝

မိတ်ကပ်မလိမ်းမီ လိမ်းပေးပါက အသားအရေ မညီညာတာကို ညှိပေးပြီး မိတ်ကပ်ကွက်ခြင်းမှ ကာကွယ်ပေးပါတယ်

အပြင်ထွက်နေစဉ် ထပ်မံလိမ်းရန်
(Reapplication): 📝

အပြင်မှာ ရောက်နေချိန် နေရောင်ခြည်ကာကွယ်မှုကို ထိန်းသိမ်းရန်အတွက် လေးလံမှုမရှိဘဲ လွယ်ကူစွာ ထပ်မံဆွဲလိမ်းပေးနိုင်ပါတယ်

Telephone

Website

Address


Yangon