Farmstay - Korea Beauty

Farmstay - Korea Beauty

Share

Farmstay Skin Care by Ma Thida
Official dealer Ma Thida

28/07/2026

CITRUS YUJA VITALIZING TONER & CREAM ဖြင့်

အသားအရေတိုင်းကို Glow စေပြီး၊ ကျန်းမာတဲ့အသားအရေကို ရရှိစေမှာပါ။
ယခုပဲ ဝယ်ယူပြီး Glow စေဖို့ စမ်းသပ်ကြည့်လိုက်ပါနော်။

26/07/2026

မိုးအေးအေးမှာ နှုတ်ခမ်းနဲ့ လက်ဖဝါးလေးတွေ အသားပတ်လို့ စိတ်ညစ်နေရပြီလား? 🌧️🌸

မိုးရာသီမှာ ရာသီဥတုက အေးစိမ့်လာတာနဲ့အမျှ မျက်နှာတင်မကဘဲ နှုတ်ခမ်းနဲ့ လက်ဖဝါးလေးတွေပါ အစိုဓာတ်ခမ်းခြောက်ပြီး အသားပတ်တာ၊ အဖတ်ကွာတာမျိုးတွေ ဖြစ်တတ်ပါတယ်နော်။

ဒါကြောင့် မိုးအေးတဲ့ရက်တွေမှာ နှုတ်ခမ်းနဲ့ လက်ဖဝါးလေးတွေကို နုဖတ်အိစိုနေစေဖို့ ထိန်းသိမ်းနည်း Tips လေးတွေကို မျှဝေပေးလိုက်ချင်ပါတယ်ရှင့်။

၁။ လက်ဖဝါးနုနုလေးတွေအတွက် (Hand Care) 👐

မိုးရာသီမှာ ရေခဏခဏကိုင်တာ၊ လက်ဆေးတာတွေကြောင့် လက်ဖဝါးက သဘာဝအဆီဓာတ်တွေ ခမ်းခြောက်ပြီး ကြမ်းတမ်းလာတတ်ပါတယ်။

ဒီလိုဖြစ်ပြီဆိုရင် လက်ဆေးပြီးတိုင်း ဒါမှမဟုတ် အသားခြောက်တယ်လို့ ခံစားရတိုင်း FARMSTAY PINK FLOWER BLOOMING HAND CREAM လေးကို ပုံမှန်လိမ်းပေးပါနော်။ ပန်းပွင့်အဆီအနှစ်တွေက လက်အရေပြားကို အနက်ရှိုင်းဆုံးအထိ အစိုဓာတ်ပြန်ဖြည့်ပေးလို့ ခြောက်သွေ့အသားပတ်တာကို အမြန်ဆုံးသက်သာစေပြီး ဖူးဖူးအိအိလေး ဖြစ်နေစေမှာပါရှင့်။

၂။ နှုတ်ခမ်းဖူးဖူးလေးတွေအတွက် (Lip Care) 💋

နှုတ်ခမ်းအရေပြားဟာ ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေထက် ပိုပြီး ပါးလွှာတာကြောင့် ရာသီဥတုအေးတာနဲ့ ချက်ချင်းအဖတ်ကွာပြီး သွေးထွက်တဲ့အထိ ဖြစ်တတ်ပါတယ်။

ဒါဆိုရင်တော့ နှုတ်ခမ်းအဖတ်တွေကို လက်နဲ့ခွာတာမျိုး လုံးဝမလုပ်ပါနဲ့နော်။ Lip Balm သို့မဟုတ် Moisturizer တစ်မျိုးမျိုးကို နေ့ခင်းဘက်တင်မကဘဲ ညအိပ်ခါနီးမှာပါ ခပ်ထူထူလေး သပ်သပ်စီ လိမ်းပေးတဲ့ အလေ့အကျင့်လုပ်ပေးပါ။

ရေဓာတ်ခမ်းခြောက်ရင် နှုတ်ခမ်းက အရင်ဆုံး ခြောက်တတ်တာမို့ မိုးအေးလို့ ရေမငတ်ရင်တောင် ရေကို ပုံမှန်လေး သောက်ပေးဖို့ လိုအပ်ပါတယ်ရှင့်။

💡 Pro Tip:
ညဘက် အိပ်ခါနီးမှာ လက်ကို Hand Cream သေချာလိမ်းပြီးမှ အိပ်စက်တာက နောက်တစ်နေ့မနက်မှာ အံ့သြစရာကောင်းလောက်အောင် နုညံ့တဲ့ လက်ဖဝါးလေးကို ပိုင်ဆိုင်စေမှာပါရှင့်။

📩 မိုးရာသီ Hand Care အတွက် အသေးစိတ် သိရှိလိုပါက Message Box မှာ အခုပဲ လာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်နော်။

𝑭𝒂𝒓𝒎𝒔𝒕𝒂𝒚 Cosmetics လေးတွေကို လက်လီတစ်ဘူးချင်းလည်း ဝယ်ယူနိုင်ပြီး၊ လက်ကားပြန်လည်ရောင်းချလိုပါကလည်း လက်ကားစျေး သီးသန့်နဲ့ ဝယ်ယူရရှိနိုင်ပါပြီရှင့်။

𝑭𝒂𝒓𝒎𝒔𝒕𝒂𝒚 - 𝑲𝒐𝒓𝒆𝒂 𝑩𝒆𝒂𝒖𝒕𝒚
(𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗗𝗲𝗮𝗹𝗲𝗿)

☎️ Phone / Viber - 09692290102
🏠 Address - No 17/19, East Horses Race Road, Tamwe Gyi B Quarter, Yangon

22/07/2026

မွဲခြောက်ပြီး ညိုညစ်နေတဲ့ မျက်နှာအသားအရေ... တရားခံက ဘယ်သူလဲ? 🔍

မှန်ကြည့်လိုက်တိုင်း ငါ့မျက်နှာလေး ဘာလို့ ဒီလောက် ညိုညစ်ပြီး မွဲခြောက်နေရတာလဲလို့ တွေးမိနေပြီလား 🤦‍♀️

အသားဖြူခရင်မ်တွေ၊ ဆီရမ်တွေ ဘယ်လောက်ပဲ လိမ်းလိမ်း အသားအရေက ဝင်းပမလာဘဲ အရောင်မှိန်နေရတဲ့ တရားခံ (၃) ချက်ကို ဒီနေ့ Farmstay က ပြောပြပေးသွားပါမယ်။ 👇

✨ မျက်နှာအသားအရေ ညိုညစ်ရခြင်းရဲ့ တရားခံ (၃) ချက်

၁။ ဆဲလ်သေ (Dead Skin Cells) တွေ စုပုံလာခြင်း
အသားအရေဟာ သဘာဝအတိုင်း ဆဲလ်အသစ်လဲလေ့ရှိပေမဲ့ အသက်အရွယ်ရလာတာနဲ့ ထိန်းသိမ်းမှုအားနည်းတာကြောင့် အဲဒီဆဲလ်သေတွေက ကွာမကျဘဲ မျက်နှာပြင်ပေါ်မှာ အထပ်ထပ် စုပုံနေတတ်ပါတယ်။ ဒါကပဲ မျက်နှာကို အဓိက ညိုညစ်စေတဲ့ တရားခံပါ။

၂။ နေရောင်ခြည်နဲ့ UV Rays ဒဏ်
နေလောင်ဒဏ်က အသားအရေကို ညိုရုံတင်မကဘဲ Melanin ဓာတ်တွေကို ပိုထွက်စေလို့ တင်းတိပ်၊ မှဲ့ခြောက်နဲ့ အမည်းစက်တွေကိုပါ ဖိတ်ခေါ်သလို ဖြစ်စေပါတယ်။

၃။ ရေဓာတ်ခန်းခြောက်ပြီး ပင်ပန်းနွမ်းနယ်ခြင်း
အိပ်ရေးပျက်တာ၊ ရေလုံလုံလောက်လောက်မသောက်တာနဲ့ အသားအရေ ရေဓာတ် (Moisture) ခန်းခြောက်တဲ့အခါ သွေးလှည့်ပတ်မှု နှေးကွေးသွားပြီး မျက်နှာလေးက သွေးရောင်မရှိဘဲ ညိုမှိုင်းသွားတတ်ပါတယ်။

💡 ညိုညစ်မှုကို တာ့တာပြဖို့ Farmstay ရဲ့ အကောင်းဆုံးအဖြေ

မွဲခြောက်နေတဲ့ အသားအရေကို ဆဲလ်သေတွေ ညင်သာစွာဖယ်ရှားပြီး ပြန်လည်ကြည်လင်လာစေဖို့ ရက်သတ္တပတ်မှာ (၁) ကြိမ် ကနေ (၂) ကြိမ် အထိ Farmstay Deep Clear Peeling Gel လေးကို သုံးပေးဖို့ အကြံပြုပါရစေ။ ကိုယ့်အသားအရေအလိုက် ရွေးချယ်နိုင်အောင် (၂) မျိုးတောင် ရှိတယ်နော်... 😉

🍋 Farmstay Real Lemon Deep Clear Peeling Gel

ဗီတာမင်စီ ကြွယ်ဝတဲ့ လိမ္မော်သီး/ရှောက်သီး Extract ပါဝင်လို့ အသားအရေ ညိုညစ်တာ၊ အမည်းစက်ရှိတာတွေကို သိသိသာသာ လျော့ပါးစေပြီး ပိုမိုဖြူစင်ဝင်းပတဲ့ Brightening Effect ကို ပေးစွမ်းပါတယ်။

🌱 Farmstay Real Green Tea Deep Clear Peeling Gel

ဂရင်းတီး (လက်ဖက်စိမ်း) Extract ပါဝင်လို့ အသားအရေကို အေးမြစေပြီး ဝက်ခြံ/အဆီဖုသမားတွေနဲ့ အသားအရေနီမြန်းလွယ်တဲ့ Sensitive Skin သမားတွေအတွက် အထူးသင့်လျော်ပြီး ရေဓာတ်ကို အပြည့်အဝ ဖြည့်တင်းပေးပါတယ်။

💡 အသုံးပြုပုံလေးကတော့- မျက်နှာသစ်ပြီးနောက် ရေခြောက်အောင်သုတ်၊ မျက်လုံးနဲ့ နှုတ်ခမ်းတစ်ဝိုက်ကို ရှောင်ပြီး မျက်နှာအနှံ့ ညင်သာစွာ စက်ဝိုင်းပုံစံ ပွတ်တိုက်ပေးပါ။ ဆဲလ်သေတွေ ကွာကျလာပြီဆိုရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။

ဒီနေ့ပဲ မိမိအသားအရေနဲ့ ကိုက်ညီမယ့် Farmstay Peeling Gel လေးကို ရွေးချယ်ပြီး ကြည်လင်တောက်ပတဲ့ အသားအရေကို ပြန်လည်ရယူလိုက်ရအောင်... 💚

𝑭𝒂𝒓𝒎𝒔𝒕𝒂𝒚 Cosmetics လေးတွေကို လက်လီတစ်ဘူးချင်းလည်း ဝယ်ယူနိုင်ပြီး၊ လက်ကားပြန်လည်ရောင်းချလိုပါကလလည်း လက်ကားစျေး သီးသန့်နဲ့ ဝယ်ယူရရှိနိုင်ပါပြီရှင့်။

𝑭𝒂𝒓𝒎𝒔𝒕𝒂𝒚 - 𝑲𝒐𝒓𝒆𝒂 𝑩𝒆𝒂𝒖𝒕𝒚
(𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗗𝗲𝗮𝗹𝗲𝗿)

☎️ Phone / Viber - 09692290102
🏠 Address - No 17/19, East Horses Race Road, Tamwe Gyi B Quarter, Yangon

19/07/2026

အသက် (၂၅) နှစ်နောက်ပိုင်းမှာ မှန်ထဲကြည့်တိုင်း အရင်လို အသားအရေက တင်းရင်းမနေတော့ဘဲ အရေးအကြောင်း သေးသေးလေးတွေ စမြင်လာရတာ သဘာဝပါပဲ။ ဒါဟာ ဘာကြောင့်လဲဆိုတာနဲ့ ဘယ်လို ကြိုတင်ကာကွယ်ရမလဲဆိုတဲ့ ဗဟုသုတလေးကို မျှဝေပေးလိုက်ပါတယ်နော်။

🔍 အသက် (၂၅) ကျော်ရင် Collagen ဓာတ် ဘာလို့ လျော့နည်းလာတာလဲ?

Collagen ဆိုတာ အသားအရေကို တင်းရင်း elastic ဖြစ်အောင် ထိန်းပေးထားတဲ့ ပရိုတင်းတစ်မျိုးပါ။ အသက် (၂၅) နှစ် မတိုင်ခင်အထိ ခန္ဓာကိုယ်က Collagen တွေကို အပြည့်အဝ ထုတ်လုပ်ပေးနိုင်ပေမယ့် အသက် (၂၅) နှစ်ကျော်တာနဲ့ တစ်နှစ်ကို 1% နှုန်းခန့် သဘာဝအတိုင်း ထုတ်လုပ်မှု လျော့နည်းသွား တတ်ပါတယ်။

ဒါ့အပြင် နေ့စဉ်ကြုံတွေ့နေရတဲ့ ပြင်ပက နေလောင်ဒဏ်၊ စိတ်ဖိစီးမှုနဲ့ အိပ်ရေးပျက်တာတွေကလည်း အရေပြားထဲက Collagen တွေကို ပိုပြီး ပျက်စီးစေလို့ အရေးအကြောင်းတွေ မြန်မြန်ထင်လာရတာ ဖြစ်ပါတယ်ဗျာ။

💡 အရေးအကြောင်းတွေကို ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်း (၂) ဆင့်
အသက်အရွယ်ကြောင့် Collagen ဆုံးရှုံးမှုကို အပြင်ကနေ သေချာပြန်လည် ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။

အဆင့် (၁) အာဟာရပြည့် Serum အပြင်းစားဖြင့် ပြုပြင်ပါ ✨
မျက်နှာသစ်ပြီးတာနဲ့ အသားအရေ အတွင်းပိုင်းအထိ Collagen ဓာတ် ပြန်လည်အားဖြည့်ပေးဖို့ FARMSTAY GOLD COLLAGEN NOURISHING AMPOULE ကို သုံးပေးပါ။ ရွှေနဲ့ ကော်လာဂျင် အဆီအနှစ်တွေက ဆုံးရှုံးသွားတဲ့ Elasticity (ရုန်းကန်အား) ကို ပြန်လည်ဖြည့်တင်းပေးပြီး အသားအရေကို စိုအိတင်းရင်းစေပါတယ်။

အဆင့် (၂) အစိုဓာတ်နှင့် တင်းရင်းမှုကို သိုလှောင်ပါ 🧴
Ampoule လိမ်းပြီးရင်တော့ ပိုမိုထိရောက်သွားစေဖို့ FARMSTAY GOLD COLLAGEN NOURISHING CREAM ကို ထပ်လိမ်းပေးပါ။ သူက အရေးအကြောင်း ဖြစ်ပေါ်မှုကို ကြိုတင်ကာကွယ်ပေးပြီး အသားအရေ ခြောက်သွေ့လျော့တွဲခြင်း ကင်းဝေးကာ နုပျိုဝင်းပတဲ့ အသွင်ကို ရေရှည်ထိန်းသိမ်းပေးပါတယ်ဗျာ။

💡 Extra Tip: Skincare လိမ်းတဲ့အခါ မျက်နှာကို အောက်ကနေ အထက်ကို ပင့်ပြီး မဆာ့ဂျ် (Massage) လုပ်ပေးရင်း လိမ်းပေးရင် အသားအရေ လျော့တွဲတာကို ပိုမိုကာကွယ်ပေးနိုင်ပါတယ်နော်။

အသက် (၂၅) ကျော်လို့ Anti-Aging Care စတင်ဖို့ တိုင်ပင်ချင်တယ်ဆိုရင် Message Box မှာ အခုပဲ မေးမြန်းနိုင်ပါတယ်ရှင့်။

𝑭𝒂𝒓𝒎𝒔𝒕𝒂𝒚 Cosmetics လေးတွေကို တစ်ဘူးချင်းလည်းဝယ်ယူနိုင်ပြီး၊ လက်ကားပြန်လည်ရောင်းချလိုပါကလည်း လက်ကားစျေး သီးသန့်နဲ့ ဝယ်ယူရရှိနိုင်ပါပြီရှင့်။

𝑭𝒂𝒓𝒎𝒔𝒕𝒂𝒚 - 𝑲𝒐𝒓𝒆𝒂 𝑩𝒆𝒂𝒖𝒕𝒚
(𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗗𝗲𝗮𝗹𝗲𝗿)

☎️ Phone / Viber - 09692290102
🏠 Address - No 17/19, East Horses Race Road, Tamwe Gyi B Quarter, Yangon

Photos from Farmstay - Korea Beauty's post 12/07/2026

July 10 ရက်နေ့ မော်လမြိုင်မြို့မှာ စီစဥ်ပြုလုပ်ခဲ့တဲ့ ရဲ့ Free Skin Test ဆောင်ရွက်ပေးခဲ့တဲ့ မြင်ကွင်းလေးတွေပဲ ဖြစ်ပါတယ်။

Farmstay အလှကုန်ပစ္စည်းလေးတွေကို လက်လီ လက်ကား မှာယူလိုပါက ☎️ Phone / Viber - 09692290102 ကို ဆက်သွယ် မှာယူနိုင်ပါတယ်ရှင့်။

29/06/2026

FREE Skin Test !!!

မော်လမြိုင်မြို့မှာ ရှိတဲ့ Brand Shop ကြီးမှာ 10.7.26 နဲ့ 11.7.26 ရက်နေ့တွေမှာ အခမဲ့ လေး ပြုလုပ်ပေးသွားမှာ ဖြစ်တဲ့အကြောင်း သတင်းကောင်းလေးပါးလိုက်ပါရေစရှင့်။

ကိုယ့်ရဲ့ အသားအရေအမျိုးအစား၊ ဘယ်လို Skin care နဲ့ Cosmetics တွေနဲ့ လိုက်ဖက်တယ်၊ ဘယ်လိုအရာတွေကို ရှောင်သင့်တယ်ဆိုတာတွေကို သိရဖို့ 10 ရက်နဲ့ 11 ရက်နေ့တွေမှာ Grand Mawlamyine Shopping Mall ရဲ့ Farmstay Brand Shop ကြီးဆီကို လှမ်းခဲ့လိုက်ပါနော်။

Grand Mawlamyine Shopping Mall လိပ်စာ-
Corner of Tharthana Baikman St and Thahton Bridge St, Phat Tam Qts, Mawlamyine City.

𝑭𝒂𝒓𝒎𝒔𝒕𝒂𝒚 - 𝑲𝒐𝒓𝒆𝒂 𝑩𝒆𝒂𝒖𝒕𝒚
(𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗗𝗲𝗮𝗹𝗲𝗿)

☎️ Phone / Viber - 09692290102
🏠 Address - No 17/19, East Horses Race Road, Tamwe Gyi B Quarter, Yangon

26/06/2026

ဖုန်းလေးကို ကိုင်နေတာပဲဖြစ်ဖြစ်၊ ကီးဘုတ် ရိုက်နေတာဖြစ်ဖြစ် ကိုယ့်လက်ကလေးကို ကိုယ်ပြန်ကြည့်လိုက်တိုင်း ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်တဲ့အခါမျိုးမှာ နူးညံ့အိစက်နေတဲ့ ခံစားချက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေပါတယ်။

အလုပ်တွေများလို့ဖြစ်ဖြစ်၊ လေအေးပေးစက်အောက်မှာ အနေများလို့ဖြစ်ဖြစ် လက်အရေပြား ခြောက်သွေ့ကြမ်းတမ်းလာပြီဆိုရင်တော့ ကိုရီးယားနိုင်ငံက ထုတ်လုပ်တဲ့ Farmstay Pink Flower Blooming Hand Cream (Pink Lotus) လေးက အကောင်းဆုံး အဖော်မွန်ဖြစ်မှာပါ။

🌸 ဒီ Hand Cream လေးက ဘာတွေ ထူးခြားတာလဲ?

နွေဦးပေါက် ချယ်ရီပန်းပွင့်လေးတွေရဲ့ သဘာဝအဆီအနှစ်က ခြောက်သွေ့နေတဲ့ အသားအရေကို ချက်ချင်း ရေဓာတ်ဖြည့်ပေးပြီး ဝင်းပစိုပြေသွားစေပါတယ်။

အသားထဲကို စိမ့်ဝင်လွယ်ပြီး စီးကပ်ကပ်ကြီး ဖြစ်မနေဘဲ အစိုဓာတ်ထိန်းနံရံတစ်ခုကို ဖန်တီးပေးပါတယ်။ လက်သည်းဘေးက အရေပြားမာတာ၊ ကွဲတာတွေကိုပါ သက်သာစေပြီး တစ်နေ့တာလုံး နူးညံ့အိစက်နေစေမှာပါ။

လက်မှာ လိမ်းလိုက်တာနဲ့ ချယ်ရီပန်းခြံထဲ ရောက်သွားသလိုမျိုး စိတ်ကို လန်းဆန်းစေမယ့် ပန်းရနံ့သင်းသင်းလေးက တစ်နေကုန် သင်းပျံ့နေမှာ ဖြစ်လို့ Perfume သီးသန့်ဆွတ်စရာတောင် မလိုတော့ပါဘူး။

100ml တောင် ပါဝင်တဲ့ ဘူးအကြီးစားဖြစ်လို့ အိတ်ထဲဆောင်ထားပြီး လိုအပ်သလို စိတ်ကြိုက် လိမ်းနိုင်တဲ့အပြင် အကြာကြီး အသုံးခံလို့ အဲကွန်းထဲမှာ အလုပ်လုပ်ရတဲ့ ရုံးသမားတွေ တကယ့်ကို ဆောင်ထားသင့်ပါတယ်။

မျက်နှာအသားအရေကို ဂရုစိုက်သလိုမျိုးပဲ ကိုယ့်ရဲ့ ဒုတိယမျက်နှာဖြစ်တဲ့ "လက်ကလေးတွေ" ကိုလည်း ပန်းပွင့်လေးလို လှပနူးညံ့နေအောင် ဒီနေ့ပဲ Farmstay Pink Flower Blooming Hand Cream လေးနဲ့ အလှဆင်လိုက်ပါတော့နော်။ 💖

𝑭𝒂𝒓𝒎𝒔𝒕𝒂𝒚 Cosmetics လေးတွေကို လက်ကားပြန်လည်ရောင်းချလိုပါကလလည်း လက်ကားစျေး သီးသန့်နဲ့ ဝယ်ယူရရှိနိုင်ပါပြီရှင့်။

𝑭𝒂𝒓𝒎𝒔𝒕𝒂𝒚 - 𝑲𝒐𝒓𝒆𝒂 𝑩𝒆𝒂𝒖𝒕𝒚
(𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗗𝗲𝗮𝗹𝗲𝗿)

☎️ Phone / Viber - 09692290102
🏠 Address - No 17/19, East Horses Race Road, Tamwe Gyi B Quarter, Yangon

22/06/2026

Lotion လိမ်းရတာ ကြိုက်ပေမယ့် စေးကပ်ကပ်ကြီး ဖြစ်နေလို့ မလိမ်းချင်ဘူး ဆိုသူတွေအတွက် အကြိုက်တွေ့စေမယ့် 𝑸𝒖𝒆𝒆𝒏 𝑪𝒂𝒓𝒆 - Collagen Body Lotion လာပါပြီ။

- Collagen Body Lotion လေးက #ထိုင်းနိုင်ငံမှာ_ထုတ်လုပ် ထားပြီး၊ ပုံမှန် နေ့စဥ် အသုံးပြုပေးခြင်းဖြင့် -

💦 အသားအရေရဲ့ အောက်ခြေအလွှာထိ ရေဓာတ်ကို အပြည့်အဝ ဖြည့်တင်းပေးပြီး တစ်နေကုန် စိုပြေအိစက်နေစေမှာပါ။ ဒါ့အပြင် အဲယားကွန်းခန်းထဲ ခဏခဏနေရလို့ အသားခြောက်တဲ့သူတွေအတွက် အထူးပဲ သင့်တော်ပါတယ်။

🍃 Non-Sticky Formula ဖြစ်လို့ လိမ်းလိုက်တာနဲ့ အသားထဲကို ချက်ချင်း စိမ့်ဝင်သွားပြီး ပေါ့ပါးလန်းဆန်းတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ပြီး၊ ရာသီဥတု ဘယ်လောက် ပူပူ စေးကပ်ခြင်း လုံးဝ (လုံးဝ) မရှိပါဘူး။

✨ သဘာဝအတိုင်း ဝင်းပကြည်လင်ပြီး ပန်းရောင်သန်းတဲ့ Glow Skin လေးကို ပိုင်ဆိုင်နိုင်ဖို့ Collagen ဓာတ်က အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ ပုံမှန်လိမ်းပေးရုံနဲ့ အသားအရေကို ပိုမို တင်းရင်းပြီး သိသိသာသာ ဝင်းပလာစေမှာပါ။

𝑸𝒖𝒆𝒆𝒏 𝑪𝒂𝒓𝒆 - Collagen Body Lotion လေးကို လက်လီ လက်ကားပြန်လည်ရောင်းချလိုပါက အောက်ပါ ဖုန်းနဲ့ Viber နံပါတ်တွေမှာ ဆက်သွယ်စုံစမ်းနိုင်ပါပြီ။

𝑸𝒖𝒆𝒆𝒏 𝑪𝒂𝒓𝒆

☎️ Phone / Viber - 09692290102
🏠 Address - No 17/19, East Horses Race Road, Tamwe Gyi B Quarter, Yangon

18/06/2026

မိုးရွာနေလို့ အသားအရေကို ပျက်စီးစေတဲ့ UV ကို ကာကွယ်စရာ မလိုဘူး ထင်နေတုန်းလား?

မိုးရွာလို့ ကောင်းကင်မှာ တိမ်တွေ ဘယ်လောက်ပဲ အုံ့ဆိုင်းနေပါစေ တိမ်တွေနဲ့ မိုးစက်တွေက UV ရောင်ခြည်ကို မတားဆီးနိုင်ပါဘူး။

အသားအရေကို အိုမင်းရင့်ရော်စေပြီး အရေပြားကင်ဆာအထိ ဖြစ်စေနိုင်တဲ့ UVA ရောင်ခြည်ရဲ့ ၈၀ ရာခိုင်နှုန်းဟာ တိမ်တွေကို ဖောက်ထွက်ပြီး မျက်နှာပေါ်ကို ကျရောက်နေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် မိုးရေစက်တွေက UV ကို ပိုပြီး အားကောင်းစေနိုင်တယ်လို့တောင် လေ့လာချက်တွေက ဆိုကြပါတယ်။ မိုးရေစက်တွေနဲ့ လမ်းမပေါ်က ရေအိုင်တွေဟာ နေရောင်ခြည် (UV Rays) တွေကို ပြန်လည်အလင်းပြန် (Reflect) စေတဲ့အတွက် အသားအရေကို UV ဒဏ် ပိုမိုထိခိုက်စေနိုင်ပါတယ်။

ဒါ့ကြောင့် ထိန်းသိမ်းထားတဲ့ အသားအရေလေးတွေ မပျက်စီးဖို့ မိုးရာသီမှာ အပြင်ထွက်ရင်လည်း Sunscreen မပါပဲ မထွက်မိကြဖို့ သတိပေးလိုက်ရပါတယ်နော်။

FARMSTAY ALOEVERA PERFECT SUN CREAM ကတော့ SPF50+ နဲ့ PA+++ ပါဝင်လို့ မိုးရာသီမှာ စေးကပ်တာမျိုး မဖြစ်စေဘဲ စိုစွတ်မှုကိုပါ ထိန်းညှိပေးနိုင်တဲ့အတွက် နွေ၊ မိုး၊ ဆောင်း ခွဲခြားစရာမလိုပဲ နေ့တိုင်းလိမ်းလို့ရတဲ့အကြောင်းလေးကို သတင်းကောင်းပါးလိုက်ပါရစေရှင့်။

𝑭𝒂𝒓𝒎𝒔𝒕𝒂𝒚 Cosmetics လေးတွေကို လက်ကားပြန်လည်ရောင်းချလိုပါကလလည်း လက်ကားစျေး သီးသန့်နဲ့ ဝယ်ယူရရှိနိုင်ပါပြီရှင့်။

𝑭𝒂𝒓𝒎𝒔𝒕𝒂𝒚 - 𝑲𝒐𝒓𝒆𝒂 𝑩𝒆𝒂𝒖𝒕𝒚
(𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗗𝗲𝗮𝗹𝗲𝗿)

☎️ Phone / Viber - 09692290102
🏠 Address - No 17/19, East Horses Race Road, Tamwe Gyi B Quarter, Yangon

13/06/2026

💧 အသားအရေကို အောက်ဆီဂျင်အပြည့်အဝပေးမယ့် Farmstay O2 Foam Cleansing

မျက်နှာသစ်ရုံနဲ့တင် အသားအရေကို ကြည်လင်လန်းဆန်းသွားစေမယ့် Farmstay O2 Premium Aqua Foam Cleansing ရဲ့ အကျိုးကျေးဇူးတွေကတော့

အောက်ဆီဂျင် Bubble အာနိသင်:
နူးညံ့တဲ့ အမြှုပ်အိအိလေးတွေက ချွေးပေါက်ထဲအထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ပြီး ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပါတယ်။

ရေဓာတ်အပြည့်အဝဖြည့်တင်းပေးခြင်း:
Aqua Formula ဖြစ်လို့ မျက်နှာသစ်ပြီးရင် အသားခြောက်ကပ်ပြီး တင်းတောင့်မနေဘဲ စိုစိုအိအိလေး ဖြစ်ကျန်ခဲ့စေမှာပါ။

ကြည်လင်တောက်ပစေခြင်း:
အသားအရေကို အောက်ဆီဂျင်ဓာတ် ဖြည့်ပေးတာမို့ အမည်းစက်နဲ့ အသားအရောင်မညီတာတွေကို သက်သာစေပြီး ပင်ကိုယ်အတိုင်း ကြည်လင်ဝင်းပလာစေပါတယ်။

All Skin Type ရွေးချယ်စရာ:
အသားအရေမရွေး အသုံးပြုနိုင်ပြီး အသားကို အေးမြလန်းဆန်းစေတဲ့ ခံစားမှုကို ပေးစွမ်းပါတယ်။

ပင်ပန်းနွမ်းနယ်နေတဲ့ အသားအရေကို O2 ရေဓာတ်ဖြည့်အမြှုပ်လေးတွေနဲ့ ပြန်လည်အသက်သွင်းနိုင်ဖို့ အခုပဲ Farmstay O2 Premium Aqua Foam Cleansing ကို မှာယူလိုက်ပါနော်။

𝑭𝒂𝒓𝒎𝒔𝒕𝒂𝒚 Cosmetics လေးတွေကို လက်ကားပြန်လည်ရောင်းချလိုပါကလလည်း လက်ကားစျေး သီးသန့်နဲ့ ဝယ်ယူရရှိနိုင်ပါပြီရှင့်။

𝑭𝒂𝒓𝒎𝒔𝒕𝒂𝒚 - 𝑲𝒐𝒓𝒆𝒂 𝑩𝒆𝒂𝒖𝒕𝒚
(𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗗𝗲𝗮𝗹𝗲𝗿)

☎️ Phone / Viber - 09692290102
🏠 Address - No 17/19, East Horses Race Road, Tamwe Gyi B Quarter, Yangon

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No 17/19 East Horses Race Road, Tarmwe Gyi B Quarter
Yangon
08011