The Beauty Pie

The Beauty Pie

Share

ဆိုင်လိပ်စာ - အမှတ် ၅၃၅၊
မြတ်ဆုမွန်ကွန်ဒို(မြေညီ)
ဟီရိလမ်း၊ ၄ ရပ်ကွက်၊ တောင်ဥက္ကလာ။

Google Map မှာ "The Beauty Pie”ထောက်ပြီးလာလို့ရပါတယ်ရှင့်

29/07/2026

Skincare တွေ အသားထဲ ပိုစိမ့်ဝင်ဖို့အတွက်
Toner က အရမ်းအရေးကြီးတယ်နော်

ဘယ်တော့မှ ရိုးမသွားတဲ့ Bioderma Tonerမှာ

Bioderma Sensibio Tonique ပန်းရောင်ဗူးက
Sensitive ဖြစ်တတ်တဲ့
အသားအရေပိုင်ရှင်တွေအတွက် 💖

နီမြန်းတာနဲ့ ယားယံတာတွေကို
ချက်ချင်းသက်သာစေပြီး အသားအရေကို အေးမြစေတယ်

Skinပါးတဲ့သူတွေ အလွယ်တကူ နီမြန်းတတ်တဲ့သူတွေနဲ့
Sensitive ဖြစ်တဲ့သူတွေအတွက် သုံးနော်

Bioderma Hydrabio Tonique အပြာရောင်ဗူးက
ရေဓာတ်ခမ်းခြောက်နေတဲ့ အသားအရေတွေအတွက်
ရေဓာတ်ကို အပြည့်အဝ ဖြည့်ပေးတယ်

အသားအရေကို ကြည်လင်ဝင်းပစေပြီး
ရေဓာတ်ကို အသားထဲမှာ
ကြာရှည်ထိန်းထားပေးနိုင်အောင် ကူညီပေးတယ်

အသားအရေ ခြောက်သွေ့တဲ့သူတွေ အသားပတ်တတ်တဲ့သူတွေနဲ့ အသားကြည်ချင်သူတွေ အပြာလေးသုံး 💙

29/07/2026
29/07/2026

ဝက်ခြံအဆီဖုလဲထွက်တုန်း😭
ဝက်ခြံအမာရွတ်နဲ့ အမဲစက်လေးတွေကလဲ ပျောက်ချင်တယ်😎
ဆိုရင် Skin 1004 Centella Toner Brightening Creamလေးကိုသာယူ မမှားစေရဘူး🥳

Step တွေအများကြီးသုံးစရာလဲမလိုဘူး 🤞
Moisture လေးတခုလိမ်းတာနဲ့ ကို အိုကေစိုပြေ👍

Centella🍀 ပါဝင်လို့ ဝက်ခြံ နီမြန်းယောင်ယမ်းတာသက်သာစေတယ်
အဆီဖုလေးတွေချပ်စေတယ်
အသားရေယားယံတာကိုလဲသက်သာစေပါတယ်🥰

Niacinamide နဲ့Tranexamicပါဝင်လို့✌ အသားရေအပေါ်ယံလွှာမှာရှိတဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ် နဲ့ နေလောင်ဓာတ်ကြောင့်ဖြစ်တဲ့ အမဲစက် လေးတွေကို အချိန်၂ပတ်အတွငိးမှာ သိသိသာသာမှေးမှိန်လာစေပါတယ်🥰

💧 Panthenolနဲ့ Hyaluronicလဲပါတဲ့အတွက် အသားရေရဲ့အတွင်းပိုင်းအလွှာကို အစိုဓာတ်သေချာပေးနိုင်ပြီး Skin Barrier ကို Strong ဖြစ်အောင်လုပ်ပေးပါတယ်❣

Oily Skin /Combination/Sensitive skinတွေအတွက် Recommend ပါ✋

75mlကို 6သောင်းကျော်ဆိုတော့ တန်နေပီလေ🥰

29/07/2026

အမည်းစက်တွေများပြီး ချွေးပေါက်ကျယ်တဲ့သူတွေအတွက် အရမ်းကောင်းတဲ့ Cleanser လေးရှင်
✅ Mild ဖြစ်ပြီး အမြှုပ်ထွက်တာလေးမှသုံးချင်ရင် ဒါလေးယူ🥰

အမည်းစက်ထွက်တတ်သူတွေက Skin ရဲ့ အစိုဓာတ်ကိုအမြဲထိန်းထားဖို့လိုပါတယ်
ဒီ foam လေးက Hyaluronic acid ပါလို့ မျက်နှာသစ်ပြီးရင်တောင် အသားလေးစိုပြီးဝင်းမွတ်နေတာ💦

Soothing & Calming ကောင်းလို့ ဝက်ခြံအဆီဖုတွေ/ အသားအရေတင်းခြောက်နီမြန်းတာတွေလည်း သက်သာတယ်ကွယ်

Skin ရဲ့ သဘာဝအစိုဓာတ်ကိုစုပ်ယူသွားတာမျိုးမရှိပဲ မျက်နှာသစ်ပြီးအချိန်အတော်ကြာထိ စိုပြေနူးညံ့နေတာမျိုးနော်🩵


DIVE IN Cleansing foam

29/07/2026

instock now🥰

Yoon Skin ကနေအသစ်ထွက်ချလာတဲ့ Damage Repair Protein Shampoo။ အရင်လက်ဟောင်းတွေကိုမသုံးဖူးပေမယ့်အခု Upgrade Versionနဲ့အသစ်ထွက်လာတာ ကတော့လျှော်ကြည့်ရသလောက် "ခေတ်" ရဲ့Hair Condition နဲ့တော်တော်အဆင်ပြေနေတယ်။

အရင်က ဆေးဆိုး/အပူပေး ပုံသွင်းတာမျိုးတွေ
တစ်ခါမှမလုပ်ဖူးဘူး ဝါသနာလည်းမပါဘူး။ ဒါပေမယ့် 2025 လောက်မှာဆံပင်တစ်ခါ ဆိုးလိုက်ပြီး after careမလုပ်နိုင်တော့ ဆံသားကအရင်လိုကြည့်မကောင်းတော့တာတော့အမှန်ဘဲ။ အရင်ကကိုင်လိုက်ရင်နူးညံ့ပြီးကြည့်ကောင်းတဲ့ ဆံသားက ကြမ်းပြီးခြောက်လာတယ်၊ဘီးဖြီးရင်ငြိလာတယ်။ပြီးတော့ဆံပင်တွေပါကျွတ်လာပြီး Shiny Hairကနေမွဲခြောက်ခြောက်ကြီးဖြစ်လာတော့တည်းက လူကပျော်မနေတော့တာ။

သက်သာမလားဆိုပြီး Shampoo တွေအမျိုးမျိုး ပြောင်းသုံးခဲ့ပေမယ့် အရင်လို Healthy Hair ကိုပြန်ရဖို့ကလုံးဝမလွယ်တော့ဘူးဆိုတာ သိလိုက်တည်းက ဆံပင်က Weak ဖြစ်နေပြီ။ဒီတိုင်းကြုံရာ Shampoo တွေနဲ့လျှော်နေလို့မရတော့ဘူး။ခန္ဓာကိုယ်လည်းprotein ဓာတ်လိုသလို ဆံပင်တွေလည်း Protein Care လုပ်ပေးဖို့လိုနေပြီဆိုတာသိလိုက်တယ်။အချိန်ကိုက်ဘဲ ကိုယ့်လိုအပ်ချက်ကို ကြိုသိနေလားမသိ Yoon Skin ရဲ့ Damage Repair Protein Shampoo က လက်ထဲရောက်ချလာတာ။

သူက Damage Repair Protein Shampooမျိုးမို့ပျက်စီးဆံသားတွေ၊ ခြောက်ပြီးဖွာနေတဲ့ဆံသားတွေနဲ့ Colorဆိုးထားတဲ့ဆံသားတွေအတွက်သုံးရပြေဖို့ရည်ရွယ်ပြီးထုတ်ထားတာ။ တစ်ကြိမ်လျှော်ကြည့်ရင်းသဘောကျသွားတာက ဦးရေပြားကိုပေါ့ပါးပြီးသန့်ရှင်းသွားစေတဲ့ခံစားချက်က အသက်ဘဲ။ပေါ့ပါးပြီးနေလို့ကောင်းနေရော။ Cleansing Power အားကောင်းတော့ အဆီနဲ့ Build-upတွေကိုသေချာcleanလုပ်ပေးသွားတာ။

ဒါ့အပြင် Polyquaternium-10 နဲ့ Protein တွေပါလို့ လျှော်ပြီးတာနဲ့ ဆံသားကပိုစည်းပြီးလက်နဲ့သပ်ချရင်တောင်ရင် မငြိတော့ဘူး။ Frizz ဖြစ်တာတွေလည်းသက်သာသလို ဆံသားလည်းအသက်ပိုဝင်လာသလိုပဲ။နောက်ထပ်လည်း Hydrolyzed Corn Protein, Hydrolyzed Wheat Protein နဲ့ Hydrolyzed Soy Protein ဆိုတဲ့ Protein ( ၃ )မျိုးပါသေးတယ်။ ဒီProtein တွေကပျက်စီးနေတဲ့ ဆံသားကိုအားဖြည့်ပေးပြီး ဆံလုံးကိုပိုပြီးသန်မာချောမွတ်စေတယ်။ Trehalose လည်းပါလို့ဆံသားရဲ့အစိုဓာတ်ကိုပါ ထိန်းပေးထားနိုင်တယ်။

သိထားသင့်တာတစ်ခုတော့ရှိတယ်။ ဒီ Shampoo မှာ SLES နဲ့ ALS လို Sulfate တွေပါတာကြောင့် Cleansing အားကောင်းတယ်။အဲ့တော့ Oily Scalp သမားတွေ၊ Medium Porosity နဲ့ High Porosity Hair သမားတွေ၊ Colorဆိုးထားတဲ့ဆံသားတွေ၊ Heat Damage ရှိတဲ့ဆံသားတွေသုံးလို့ Okတယ်။ Dry Scalp နဲ့ Sensitive Scalp သမားတွေကတော့ Moisturizing Shampooတွေနဲ့အလှည့်ကျသုံးဖို့ အကြံပြုချင်တယ်။

လိုရင်းကတော့ ခေတ်အတွက်တော့ဒီShampooက ဆေးဆိုးပြီးနောက်ပိုင်းအားနည်းလာတဲ့ဆံသားကို Protein Care လေးလုပ်ပေးချင်တဲ့အချိန်မှာသုံးလို့ကောင်းတာထက်ပိုခဲ့တဲ့ Shampoo လေးပါ။တစ်ခါလျှော်ရုံနဲ့ဆံသားပျက်စီးတာအားလုံးပြန်ကောင်းသွားမယ်လို့တော့အာမမခံပေမယ့် ဆံသားကိုပိုချောမွေ့ပြီး Healthy Shiny Look ရစေတဲ့ Protein Shampoo တစ်မျိုးအနေနဲ့ သုံးလို့ကောင်းတာကိုတော့ ရဲရဲကြီးပြောရဲတယ်ဆိုတာပါဘဲ။

29/07/2026

မိုးတွင်းမှာတောင် ပူအိုက်အိုက်နဲ့ Sunscreen မလူးချင်ဘူးဆို ဒီ၂ ခုတော့ try ကြည့်💦🩵

Canmake ကကျတော့လူးလိုက်ရင်
သူ့ tone up finish က တအားလှတာပါ
ခရမ်းရောင် gel cream လေးက
အသားမညီတာတွေငြှိပေးပြီး
Skin tone တဆင့်ဝင်းသွားတာ
Niacinamide ပါလို့ အမာရွတ်တွေဆိုမှိန်လာတယ်

💜Mayko မိတ်ကပ်မလူးချင်တဲ့နေ့ဆို
ဒါလေးကောက်လူးလိုက်တာပဲ
တနေကုန် မျက်နှာလေးကဖြူကြည်နေတာပဲ🫠

🩵 ကိုယ့် skin နဲ့တထပ်တည်းကျပြီး
ပေါ့ပါးတဲ့ Sunscreen ရှာနေရင်
Beauty of Joseon လေးသာလူး
မျက်နှာလေးကဝင်းပြီး တနေကုန်အဆီမပြန်ဘူး
ချွေးပေါက်ပိတ်တာ/ မျက်နှာကြီးပြာသွားတာလည်း
လုံးဝမရှိဘူး
Texture က အေးးပြီး မျက်နှာလေးကြည်သွားတာကွယ်
အပေါ်က မိတ်ကပ်ထပ်လူးရင် တအားလှတာပါ🥹

SPF အပြည့်ပါပြီး
နေလောင်ဒဏ်က သေချာကာကွယ်ပေးလို့
အသားလည်းကြည်လာတယ်🥰

၂ ခုလုံးက Alcohol free / Fragrance free ဆိုတော့
အရေပြားပါးတဲ့သူတွေလည်း သုံးလို့ရတယ်နော််

28/07/2026

ဆိုင်မှာ၂မျိုးလုံးinstockနော်မမတို့🥰

🫶🏻 ဒီ ၂ နှစ်ခု တွဲသုံးကြည့်နော်။ ဘာလို့နောက်ကျမှ သုံးရလေခြင်း ဖြစ်ပြီး အရမ်း ကြိုက်သွားမယ်။ မင်တေဇ ညွှန်ရင် bratha တို့ အမတို့ ပစ်ယုံလိုက်တော့။

နဂိုကတည်းက Celimax dark spot cream က သူ့ဟာနဲ့သူ ကောင်းပါတယ်ဆိုမှ I’m from rice toner နဲ့ တွဲပေးလိုက်တော့ အိုကေမှာ စိုပြေသွားတာပဲ။

အဓိကက Toner ကောင်းလို့လဲ ပါတယ်။
ဘယ်လို ကောင်းလဲဆို
▫️အသားရေက ✨Glow လာပြီး ညစ်နေတဲ့အသားရေ ဖွေးပြောင်စိုလာမယ်။
▫️အသားရေကြမ်းတာက အစ ပြောက်သွားမယ်။
▫️သိသိသာသာ အသားရေအစိုဓာတ်ရတာ တွေ့ရလိမ့်မယ်။
▫️ဆန်ကနေ ထုတ်ထားတဲ့ skincare တွေက skin texture ကို နူးညံ့ချောအိပြီး collagen production မြှင့်ပေးလို့ နုပျိုအရွယ်တင်တာ လိုချင်လို့ retinol မသုံးချင်သူတွေ ဒီ အတွဲသုံးသင့်တယ်။

▫️ရေနဲ့ အဆီနဲ့ရောထားတဲ့ Emulsion type toner ကျဲကျဲလေး မို့ Skin type အားလုံး ရေဓာတ်လိုအပ်ချက် ပြေပြီး ဒီ toner တစ်မျိုးတည်း 2 /3 layering လုပ်ရုံနဲ့ one step နဲ့ အပြီး Moisturizer တောင် မလိုပါ။

✅Dry skin တွေ အကြိုက်ဆုံးဖြစ်ပြီး Oily skin က အထိသုံးလို့ရတယ်။

ဆိုတော့ ကိုယ်က Toner ကောင်းကောင်းရှာနေတယ် / ပေးရတာ တန်တာ သုံးချင်တယ် , မတည့်မှာ ကြောက်တဲ့သူတွေ I’m from rice toner သာသုံးပါ။

❗️မသုံးခင် shake လှုပ်သုံးပါ။ Toner ဂွမ်းနဲ့မသုံးပဲ လက်နဲ့သာ သုံးပါ။ ✨အစက်ချရာနေရာကအစ နူးညံ့စိုပြေလာပါလိမ့်မယ်။

I’m from က အတု တအား ထွက်လို့ ဝယ်ချင်ရင်
တရားဝင် တင်သွင်းတဲ့ official distributor I'm From Myanmar Exclusive ကနေ ဖြစ်ဖြစ် သူ့ဆီကနေ တစ်ဆင့် ယူ တဲ့ ဆိုင်/OS ကနေသာဝယ်ပါ။

တစ်ခုခုသိချငိတာရှိ Cmt မှာ စာချန်ခဲ့နော်။ ကောင်းသောညပါဗျာ။

28/07/2026

လိမ်းလိုက်ရင်လည်း မိတ်ကပ်လိမ်းထားသလို Glow ပြီး
ချက်ချင်း Tone Up ဖြစ်သွားစေတဲ့
Skin Aqua ရဲ့ နာမည်ကြီး Tone Up UV Essence လေး 🔆

💚 အစိမ်းရောင်လေးက ဝက်ခြံကြောင့်
မျက်နှာနီမြန်းတတ်တဲ့သူတွေ/ဝက်ခြံအမာရွတ် ရှိသူနဲ့
ပါးပြင်နီတတ်တဲ့သူတွေအတွက်

အစိမ်းရောင် Base က
မျက်နှာပေါ်က အနီစက်တွေကို Neutralize လုပ်ပေးပြီး
Skin Tone ကို ညီညာဝင်းပသွားစေပါတယ်

💜 ခရမ်းရောင်ဗူးလေးကတော့ အသားအရေ
ညိုညစ်ညစ်ဖြစ်ပြီး အဝါရောင်သန်းနေလို့
မျက်နှာလေး ဖြူစင်ဝင်းပသွားချင်သူတွေအတွက်

ခရမ်းရောင် Base က အသားအရေ ညှိုးနွမ်းတာကို
ဖျောက်ပေးပြီး ချက်ချင်း ကောင်းကင်ပြာရောင်လို
ကြည်လင်ပြီး ပန်းရောင်သန်းတဲ့
Glow Skin လေးကို ရစေမှာနော်

နှစ်ခုလုံးက SPF50+ PA++++ တောင်ပါလို့
နေလောင်ဒဏ်ကို အပြည့်အဝကာကွယ်ပေးတဲ့အပြင်
Texture ကလည်း Lightweight ဖြစ်လို့
လိမ်းလိုက်ရင် စေးကပ်ကပ်ကြီးမဖြစ်ဘဲ
အေးအေးအိအိလေးကွယ်✨

28/07/2026

အသားဖြူဝင်းချင်သူတွေဆို သုံးရင်းသုံးရင်းပိုကြိုက်လာစေရမယ်ကွာ
🌾 Rice water 77.78% တောင်ပါလို့
တခါသုံးတခါ skin ကစိုအိကြည်တောက်လာတယ်

🌾Skin barrier ပိုကျန်းမာပြီး အမဲစက်တွေမှိန်လာတယ်
ချွေးပေါက်ကျယ်တာတွေ လုံးဝသက်သာတယ်

ဘူးဒီဇိုင်းအသစ်နဲ့ထွက်ချလာတဲ့ I’m from rice toner

လက်နဲ့ပုတ်ပုတ်ပြီး ရွှဲရွှဲလေးလူးရင်ပိုကောင်း🥰

150ml - 79500 ks ✅

28/07/2026

ဝက်ခြံရောင်နေတာနဲ့ breakout ဗြုတ်စိသေးသေးလေးတွေကအစ သက်သာတဲ့ Soothing gel လေး

✅ Mugwort leaf water ချည်းပဲ 83% အထိ
ထည့်ပေးထားလို့ နေလောင်ပြီးအသားနီမြန်းတာကအစပျောက်တယ်
✅ လူးရတာ အေးအေးလေးနဲ့
Chamomile နဲ့ centella တွေလည်းပါလို့
Soothing အာနိသင်ကောင်းကောင်းပေးနိုင်တယ်
✅ Green tea ပါလို့ အသားလည်းတော်တော်ကြည်လာတယ်

Oliy Skin / ဝက်ခြံအဆီဖုသမားတွေ
ပေါ့ပေါ့ပါးပါး Moisturizer ရှာနေရင် ဒါသာလူး

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


ဟီရိလမ်း
Yangon