Ly'si Myanmar
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ly'si Myanmar, Health/Beauty, No. 83, YayKyaw Road, Pazundaung, Yangon.
04/08/2026
သန်စွမ်းတဲ့ အရိုးအဆစ်နဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် Ly'si Myanmar💪
ကလေးတို့ရဲ့ နေ့စဉ် ပြေးလွှားဆော့ကစားခြင်း၊ လှုပ်ရှားသွားလာခြင်းတွေအတွက် အဓိက အုတ်မြစ်ကတော့ "သန်စွမ်းတဲ့ အရိုးအဆစ်နဲ့ ကျန်းမာတဲ့ ကြီးထွားဖွံ့ဖြိုးမှု" ဘဲဖြစ်ပါတယ်။ ရင်သွေးငယ်တွေရဲ့ ခန္ဓာကိုယ် တည်ဆောက်ရေးကာလမှာ လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝနေဖို့ဆိုတာ မိဘတိုင်းရဲ့ အဓိက ဂရုစိုက်ရမယ့် အပိုင်းလည်း ဖြစ်ပါတယ်။🦸♂️
Ly'si Myanmar က ဘယ်လို အထောက်အကူပြုပေးမလဲ?
❇️ဗီတာမင် ဒီ (Vitamin D): အရိုးများ ကြံ့ခိုင်သန်စွမ်းစေရန်အတွက် ခန္ဓာကိုယ်တွင်းသို့ ကယ်လ်ဆီယမ် (Calcium) စုပ်ယူမှုကို အဓိက အားဖြည့်ပေးပြီး ကလေးငယ်များ၏ အရိုးစုနှင့် သွားများကို ခိုင်မာစေရန် အထူး အထောက်အကူပြုပါသည်။
❇️အိုမီဂါ-၃ ဖတ္တီအက်ဆစ် (Omega-3 Fatty Acids - EPA & DHA): အရိုးအဆစ်များ လှုပ်ရှားရာတွင် နာကျင်မှုနှင့် ရောင်ရမ်းမှုများကို သက်သာစေပြီး အဆစ်အမြစ် ကျန်းမာရေးကို အကောင်းဆုံး ထိန်းသိမ်းပေးသည်။
❇️ဗီတာမင် အေ (Vitamin A): ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ဆဲလ်များနှင့် တစ်ရှူးများ ကျန်းမာစွာ ကြီးထွားဖွံ့ဖြိုးမှုကို အားဖြည့်ပေးပါသည်။
"သားသားမီးမီးတို့ရဲ့ တောက်ပတဲ့ အနာဂတ်နဲ့ ကြံ့ခိုင်သန်စွမ်းတဲ့ ကိုယ်ခန္ဓာပိုင်ဆိုင်နိုင်ဖို့ Ly'si Myanmar က အမြဲ အဖော်ပြုလျက်ရှိပါတယ်။"😍
ယနေ့ပဲ သင့်ရင်သွေးငယ်အတွက် အကောင်းဆုံး အာဟာရပြည့်ဝမှုကို ပေးအပ်လိုက်ပါ...👍
29/07/2026
🪷 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🪷
ယနေ့ကျရောက်တဲ့ ဗုဒ္ဓမြတ်စွာဘုရားရှင် တရားဦးဓမ္မစကြာကို စတင်ဟောကြားတော်မူခဲ့တဲ့ ဝါဆိုလပြည့်နေ့ထူးနေ့မြတ်လေးမှာ ခုနစ်ရက်သားသမီးအပေါင်း
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံ၍ လိုရာဆန္ဒများ အားလုံးပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။🙏
#ဝါဆိုလပြည့်နေ့
23/07/2026
နှလုံးသားလေး ကျန်းမာရေးအတွက် Ly'si နဲ့အတူ ဂရုစိုက်ကြစို့ ❤️
နေ့စဉ်ဘဝမှာ မနားတမ်း အလုပ်လုပ်ပေးနေတဲ့ ကိုယ့်ရဲ့အဖိုးတန် နှလုံးသားလေးကို သေချာဂရုစိုက်ဖို့ မေ့နေတတ်ကြလား? 🤔
အစားအသောက်အနေအထိုင် မမှန်တာတွေ၊ နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေက နှလုံးကျန်းမာရေးကို တိတ်တဆိတ် ထိခိုက်စေနိုင်ပါတယ်။ ချစ်ရတဲ့ မိသားစုနဲ့အတူ အချိန်ကြာကြာ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ဆိုရင် ခန္ဓာကိုယ်ရဲ့ အဓိကအင်ဂျင်ဖြစ်တဲ့ "နှလုံးသားလေး" ကျန်းမာနေဖို့က အရေးအကြီးဆုံးပါပဲ။ 💯
ဒါကြောင့် သင့်နှလုံးသားလေးကို နေ့စဉ် အကောင်းဆုံး ကာကွယ်စောင့်ရှောက်ပေးဖို့ Ly'si က အသင့်ရှိနေပါတယ်။
Ly'si ဟာဆိုရင်... 👇
🩸 သွေးလည်ပတ်မှုကို ပုံမှန်ဖြစ်စေပြီး ကောင်းမွန်စေခြင်း
🛡 မကောင်းတဲ့ ကိုလက်စထရော (Cholesterol) တွေကို လျှော့ချပေးပြီး နှလုံးသွေးကြောများကို ကျန်းမာစေခြင်း
✨ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါဝေဒနာများကို ကြိုတင်ကာကွယ်ပေးနိုင်ခြင်း
🌿 နေ့စဉ်ဘဝမှာ ပိုမိုလန်းဆန်း တက်ကြွနေစေရန် ခွန်အားဖြည့်ပေးခြင်း
ကိုယ်တိုင်ပဲ သောက်သုံးမလား၊ ကိုယ်ချစ်ရတဲ့ မိဘဘိုးဘွားတွေအတွက်ပဲ လက်ဆောင်ပေးမလား... Ly'si က အကောင်းဆုံးသော ကျန်းမာရေးလက်ဆောင်လေး ဖြစ်မှာ အသေအချာပါပဲ။ 🎁
"နှလုံးသားလေး ကျန်းမာရေးအတွက် ယနေ့ပဲ Ly'si ကို ရွေးချယ်လိုက်ပါ။"🥰
01/07/2026
✨ "မိမိကိုယ်ကို ချစ်ပါ၊ Ly'si နေ့စဉ်သောက်ပါ" ✨
နေ့စဉ်ဘဝရဲ့ မအားလပ်တဲ့ လုပ်ငန်းဆောင်တာတွေ၊ စိတ်ဖိစီးမှုတွေကြားမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။ တကယ့်တော့ မိမိကိုယ်ကို ချစ်ခြင်း (Self-care) ဆိုတာ ကျန်းမာရေးကို ဂရုစိုက်ခြင်းကနေ စတင်တာပါ။
ခန္ဓာကိုယ်အတွက် နေ့စဉ်မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်ဝနေစေဖို့နဲ့ ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ Ly'si ကို နေ့စဉ်သောက်သုံးဖို့ တိုက်တွန်းချင်ပါတယ်။
🔹 Ly'si ကို ဘာကြောင့် နေ့စဉ်သောက်သုံးသင့်တာလဲ?💁🏻♀️🐬
✅ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း - ရောဂါဝေဒနာတွေကို ခုခံကာကွယ်ပေးပြီး ဖျားနာခြင်းကင်းဝေးစေပါတယ်။💪
✅ဦးနှောက်နှင့် အာရုံကြောကို ထောက်ပံ့ပေးခြင်း - မှတ်ဉာဏ်ကို ကောင်းမွန်စေပြီး အာရုံစူးစိုက်မှုကို ပိုမိုအားကောင်းစေပါတယ်။🧠
✅နှလုံးကျန်းမာရေးကို စောင့်ရှောက်ပေးခြင်း - သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။🫀
✅တစ်နေ့တာလုံး လန်းဆန်းစေခြင်း - ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေပြီး တက်ကြွစွာ ဖြတ်သန်းနိုင်ဖို့ ခွန်အားပေးပါတယ်။🦸♂️✨
ကိုယ့်ကိုယ်ကိုယ် တကယ်ချစ်တဲ့သူတိုင်း ကျန်းမာရေးကို အလေးထားကြပါတယ်။ ဒါကြောင့် သင့်ရဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ် (Daily Routine) ထဲမှာ Ly'si ကို ထည့်သွင်းပြီး မိမိကိုယ်ကို အကောင်းဆုံး ဂရုစိုက်လိုက်ပါ။🙆♀️🤍
16/06/2026
အားကစားသမားတွေ ငါးကြီးဆီ (Fish Oil) သောက်သုံးသင့်လား? 🏃♂️🏋️♀️
အားကစားလုပ်ရတာ ဝါသနာပါသူတွေ၊ Gym ဆော့သူတွေနဲ့ Professional အားကစားသမားတွေအနေနဲ့ ခန္ဓာကိုယ်အမောခံနိုင်ဖို့၊ ကြွက်သားထုတက်ဖို့နဲ့ စွမ်းဆောင်ရည်ကောင်းဖို့အတွက် သေချာပြင်ဆင်ကြရပါတယ်။ ဒီနေရာမှာ မရှိမဖြစ်လိုအပ်တဲ့ ဖြည့်စွက်စာတစ်ခုကတော့ ငါးကြီးဆီ (Fish Oil) ပဲ ဖြစ်ပါတယ်။
ဒါဆို အားကစားသမားတွေအတွက် ငါးကြီးဆီက ဘယ်လိုအကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်။ 👇
ကြွက်သားနာကျင်မှုကို လျော့ကျစေခြင်း (Reduced Muscle Soreness)🏃♂️🏋️♀️
ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်ပြီးတဲ့အခါ ကြွက်သားတွေ ရောင်ရမ်းနာကျင်တာ (DOMS) ဖြစ်တတ်ပါတယ်။ ငါးကြီးဆီမှာပါဝင်တဲ့ Omega-3 (EPA & DHA) က ကြွက်သားရောင်ရမ်းမှုကို လျင်မြန်စွာ လျော့ကျစေပြီး ပုံမှန်အခြေအနေကို မြန်မြန်ပြန်ရောက်အောင် ကူညီပေးပါတယ်။
အဆစ်အမြစ်တွေကို ကာကွယ်ပေးခြင်း (Joint Health)🏃♂️🏋️♀️
အလေးမတာ၊ ပြေးတာတွေဟာ အဆစ်အမြစ်တွေပေါ် ဝန်ပိစေပါတယ်။ Omega-3 က အဆစ်အမြစ်တွေ သန်မာစေပြီး ပွတ်တိုက်မှုကို လျော့ချပေးတဲ့အတွက် ဒဏ်ရာရရှိမှုကနေ ကာကွယ်ပေးပါတယ်။
နှလုံးနှင့် အဆုတ် လုပ်ဆောင်ချက်ကို ကောင်းမွန်စေခြင်း (Cardiovascular Support)🫀🫁
လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း နှလုံးခုန်နှုန်းကို ထိန်းညှိပေးပြီး အောက်ဆီဂျင်စီးဆင်းမှုကို ကောင်းမွန်စေလို့ အမောခံနိုင်ရည် (Endurance) ကို သိသိသာသာ တိုးတက်လာစေပါတယ်။
ကြွက်သားတက်စေခြင်း (Muscle Growth)🏃♂️🏋️♀️
ငါးကြီးဆီက ခန္ဓာကိုယ်ရဲ့ Metabolism (ဇီဝကမ္မဖြစ်စဉ်) ကို မြှင့်တင်ပေးပြီး အဆီပိုတွေကို လောင်ကျွမ်းရလွယ်ကူစေသလို၊ ကြွက်သားတည်ဆောက်မှုကိုလည်း အထောက်အကူပြုပါတယ်။
အိုက်စလန်နိုင်ငံရဲ့ ကမ္ဘာ့အဆင့်မီ နည်းပညာတွေနဲ့ သန့်စင်ထုတ်လုပ်ထားတဲ့ Ly'si ငါးကြီးဆီဟာ Omega-3 အဆီအက်ဆစ် ကြွယ်ဝစွာပါဝင်ပြီး အားကစားသမားတွေရဲ့ နေ့စဉ်လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ပါတယ်။🐬
ခန္ဓာကိုယ်စွမ်းဆောင်ရည်ကို အမြင့်ဆုံးအထိ မြှင့်တင်ပြီး ပန်းတိုင်တွေကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ဖို့ Ly'si Myanmar က အမြဲအနားမှာ ရှိနေပါတယ်!💪✨
27/05/2026
ငါးကြီးဆီကို ဘယ်အချိန်မှာ သောက်ရင် အကောင်းဆုံးဖြစ်မလဲ? ⏰🐬
Ly'si ချစ်သူတို့ရေ... ငါးကြီးဆီ သောက်တော့မယ်ဆိုရင် "မနက်သောက်ရမလား၊ ညသောက်ရမလား၊ အစားစားပြီးချိန်လား၊ မစားခင်လား" ဆိုတဲ့မေးခွန်းတွေမေးဖူးလား🐬
တကယ်တော့ ငါးကြီးဆီမှာပါဝင်တဲ့ Omega-3 ဆိုတာ "အဆီ" ထဲမှာ ပျော်ဝင်တဲ့ အာဟာရဓာတ် (Fat-soluble nutrient) ဖြစ်လို့... အဓိက အကျဆုံး အချိန်ကတော့ "အစာစားပြီးချိန်သောက်ပေးဖို့ပါပဲ။
ဘာလို့ အစာနဲ့ တွဲသောက်သင့်တာလဲ?🤔
ဗိုက်ထဲမှာ တခြားအစားအစာတွေ (အထူးသဖြင့် အဆီဓာတ်အနည်းငယ်ပါတဲ့ အစားအစာ) ရှိနေမှ Ly'si ရဲ့အာဟာရကို ခန္ဓာကိုယ်က၁၀၀% အပြည့်ရနေမှာပါ။ ဗိုက်ထဲမှာ အစာရှိနေတဲ့အတွက် ငါးကြီးဆီသောက်ပြီး လေချဉ်တက်တာ၊ ရင်ပြည့်တာမျိုး လုံးဝမဖြစ်တော့ပါဘူး။မနက်စာ စားလေ့ရှိသူဆို - မနက်စာစားပြီးတာနဲ့ သောက်လိုက်ပါ ၊ တစ်နေ့တာလုံး ဉာဏ်ရည်ထက်မြက်ပြီး လန်းဆန်းနေစေပါတယ်။🧠
မနက်၊ နေ့လယ်၊ ည ဘယ်အချိန်ပဲဖြစ်ဖြစ် အစားအစာတစ်ခုခု စားပြီးတာနဲ့ Ly'si ငါးကြီးဆီကို တွဲဖက်သောက်သုံးပေးပါ။💙❓
အိုက်စလန်နိုင်ငံထုတ် အဆင့်မြင့် Lysi ငါးကြီးဆီကို နေ့တိုင်း အစာစားပြီးတိုင်း ပုံမှန်သောက်ဖို့ မမေ့နဲ့နော်။ 🇮🇸✨🐬
01/05/2026
မေလ (၁) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (May Day) ကို ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။ 👷♂️👷♀️✨
#အလုပ်သမားနေ့
🙏💦"မင်္ဂလာရှိသော မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်အခါသမယမှာ မိဘပြည်သူများအားလုံး ဘေးဘယာကင်းစင်ပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း Ly'si Myanmar မိသားစုမှ နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။"🙏💦
#မြန်မာ့ရိုးရာအတာသင်္ကြန်
01/04/2026
Lemon အရသာနဲ့ငါးကြီးဆီ 🐬🍋
ငါးညှီနံ့ကြောင့် ငါးကြီးဆီသောက်ဖို့ ဝန်လေးနေတဲ့သူတွေအတွက် Ly'Si ရဲ့ Lemon Flavor လေး ရှိတယ်နော်။ 💛🍋
Iceland နိုင်ငံရဲ့ သန့်ရှင်းလတ်ဆတ်တဲ့ ပင်လယ်ပြင်ကနေ ထုတ်လုပ်ထားပြီး လတ်ဆတ်တဲ့ Lemon အရသာလေးကြောင့် သောက်လိုက်တိုင်း လန်းဆန်းစေမှာပါ။ 🌟အနံ့ညှီမှာ ပူစရာမလိုတော့ဘဲ ကလေးရော လူကြီးပါ အကြိုက်တွေ့စေမယ့် အရသာမျိုးပါ။မိသားစုကျန်းမာရေးအတွက် နေ့စဉ် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေကို Ly'Si (Lemon Flavor) တစ်ဇွန်းတည်းနဲ့ ရရှိနိုင်ပါတယ်။🍋 Lemon Flavor ရဲ့ ပါဝင်တဲ့ အာဟာရဓာတ်များ
✅ ဦးနှောက်နဲ့ မှတ်ဉာဏ်ကို ထောက်ပံ့ပေးတဲ့ Omega-3 (DHA & EPA)🧠
✅ ကိုယ်ခံအားကောင်းမွန်စေပြီး အမြင်အာရုံကြည်လင်စေတဲ့ Vitamin A 💪👀
✅ အရိုးနဲ့ သွားတွေကို သန်မာစေတဲ့ Vitamin D 🦷🦴
✅ ဆဲလ်တွေကို ကျန်းမာစေပြီး အသားအရေကို ကြည်လင်စေပါတယ် Vitamin E 🌟
ကျန်းမာရေးအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုကတော့ Ly'Si ပါပဲ။ ✨
အရည်အသွေးမြင့် Iceland ထုတ် ငါးကြီးဆီစစ်စစ်ကိုမှ သောက်ချင်တယ်ဆိုရင် Ly'Si ကို ရွေးချယ်လိုက်ပါ။ 🙌🐬
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No. 83, YayKyaw Road, Pazundaung
Yangon
YANGON
