Myint Moh

Myint Moh

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myint Moh, Health/Beauty, Yangon.

24/05/2026

ဒီမှာရှိတဲ့ အစောင့်အရှောက်တွေကို ရေစက်ရှိတဲ့သူက မြင်
နိုင်ပါလိမ့်မယ်။ 🌿
အကျယ်တဝင့်တော့ မပြောတော့ဘူးနော်။
တွေ့မြင်ရရင် မေတ္တာပို့ ဆုတောင်းလိုက်ပါ။
ဆယ့်တစ်မီးငြိမ်းကြပါစေ🙏🙏🙏

🌹အရေးကြီးကိစ္စရှိသူများ အဓိဌာန်ပြုဆုတောင်း၍ ရှဲက မိမိ၏ wall တွင် pinထောက်ထားပါ။ 🌹
မိမိ၏ ဆုတောင်းမပြည့်မချင်း အဓိဌာန်ဆုပန်နိုင်သည်။ အဓိဌာန်အောင်မြင်ပါက အဓိဌာန်အောင်ပွဲ 3 ပွဲ ဆက်ကပ်လှူဒါန်းလိုက်ပါ။
အဓိဌာန်အောင်မြင်ပါက မက်ဆင်ဂျာတွင် လာရောက် အကြောင်းကြားအသိပေးနိုင်ပါသည်။ ( ကျမကို တပြားတချပ်မှ ပေးရန်မလိုပါ။ အဓိဌာန်အောင်ကြောင်းလေးသာအသိပေးစေလိုပါသည်။)

🌿မေတ္တာဖြင့်🌿
✍️မေဘုန်းခန့်✍️

22/05/2026

ဝိဇ္ဇာအစောင့်အရှောက် ရရှိသူတို့မှာ တွေ့ရတတ်တဲ့
ထူးခြားချက်များ
🔅🔅🔅🔅🔅🔅🔅🔅🔅🔅🔅🔅🔅

ဝိဇ္ဇာအစောင့်အရှောက်ရတဲ့သူတွေမှာ တွေ့ရတတ်တဲ့
ထူးခြားချက်တွေကို ရေးသားဖော်ပြပေးသွားမှာပဲ
ဖြစ်ပါတယ်။

ဝိဇ္ဇာအစောင့်အရှောက်ရတဲ့သူတွေဟာ‌​...
ဘေးအန္တရာယ်ကနေ သီသီလေးလွတ်တတ်တာ၊ တစ်ခါတလေ ကိုယ်သွားမယ့်လမ်းမှာ
အခက်အခဲတစ်ခုခုကြောင့် နောက်ကျသွားလို့ပဲဖြစ်ဖြစ်၊
စိတ်ထဲမှာ တစ်ခုခုကြောင့် မသွားချင်တော့လို့ပဲဖြစ်ဖြစ် ရှောင်လိုက်တဲ့အခါမျိုးမှာ တကယ့်အန္တရာယ်ကြီးတွေနဲ့ လွဲသွားတာမျိုး ကြုံရတတ်ပါတယ်။

"ကံကောင်းလို့" လို့ ထင်ရပေမဲ့ တကယ်တော့ တစ်စုံတစ်ခုက ကြိုတင်တားဆီးပေးလိုက်သလိုမျိုးပါ။
တစ်ခုခုဖြစ်တော့မယ်ဆိုရင် စိတ်ထဲမှာ ကြိုသိနေတာမျိုး ဒါမှမဟုတ် အိပ်မက်ထဲမှာ ပေးသိတာမျိုးတွေ ရှိတတ်ပါတယ်။

စိတ်ထဲမှာ "ဒါတော့ ဒီလိုဖြစ်တော့မယ်" လို့ ထင်လိုက်ရင် တကယ်လည်း အပြင်မှာ ထပ်တူကျကျ ဖြစ်လာတာမျိုးပါ။

ဘယ်သွားသွား လူချစ်လူခင် ပေါတတ်ပါတယ်။ ကိုယ်က ဘာမှမတောင်းဆိုရသေးခင်မှာတင် ဘေးနားကလူတွေက ဝိုင်းကူညီချင်စိတ် ပေါက်နေတာမျိုး၊ ဆရာသမားကောင်းတွေနဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ရတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ပဲဖြစ်ဖြစ်၊ ဘယ်လိုပတ်ဝန်းကျင်မှာပဲ ကြီးပြင်းလာပါစေ တရားထိုင်ရတာ၊ ပုတီးစိပ်ရတာနဲ့ ဂါထာမန္တန်တွေကို စိတ်ဝင်စားတတ်ပါတယ်။
ဘုရားကျောင်းကန်သွားရတာကို စိတ်အေးချမ်းမှုလို့ ခံယူထားတတ်ကြပါတယ်။

ကိုယ့်ပါးစပ်က ပြောလိုက်တဲ့အတိုင်း ဖြစ်သွားတာမျိုးပါ။ ကောင်းတာပြောရင်လည်း ဖြစ်သလို၊ မတော်တဆ တစ်ဖက်လူကို စိတ်ဆိုးပြီး ပြောလိုက်ရင်လည်း အဲ့ဒီအတိုင်း ဖြစ်သွားတတ်တာကြောင့် စကားကို ဆင်ခြင်ပြီး ပြောရသူတွေ ဖြစ်ပါတယ်။

တကယ်ကို ဒုက္ခရောက်နေပြီ၊ လမ်းပိတ်နေပြီလို့ ထင်ရတဲ့အချိန်မျိုးမှာ မမျှော်လင့်ဘဲ အကူအညီတစ်ခုခု ပေါ်လာတာ ဒါမှမဟုတ် ဖြေရှင်းနိုင်မယ့် လမ်းစတစ်ခုခုကို အလိုလို သိသွားတာမျိုးတွေ ကြုံရတတ်ပါတယ်။

💥ထူးခြားသောစရိုက် လက္ခဏာများကတော့ 💥

၁။)လူအများကြီးနဲ့ ရောရောနှောနှော နေရတာထက်စာရင် တိတ်ဆိတ်တဲ့နေရာမှာ တစ်ယောက်တည်း အေးဆေး
နေရတာကို ပိုသဘောကျတတ်ပါတယ်။

စိတ်ရှုပ်ထွေးတဲ့ပတ်ဝန်းကျင်ကို သိပ်မကြိုက်ဘဲ ကိုယ့်လောကလေးနဲ့ကိုယ် နေတတ်ကြပါတယ်။

၂။)ရှေ့မှာ ဘာဖြစ်မယ်ဆိုတာကို စိတ်ထဲက ကြိုသိနေတာမျိုး၊ လူတစ်ယောက်ကို မြင်လိုက်တာနဲ့ ဒီလူက စိတ်ရင်းကောင်းသလား၊ မကောင်းဘူးလားဆိုတာကို အလိုလို သိမြင်နေတာမျိုးပါ။
သူတို့ရဲ့ စိတ်အထင်ကလည်း မှားခဲပါတယ်။

၃။)ထူးထူးခြားခြား အိပ်မက်တွေ မကြာခဏ မက်တတ်ပါတယ်။ အိပ်မက်ထဲမှာ တစ်စုံတစ်ယောက်က လာသင်ပေးတာ၊ လမ်းညွှန်တာမျိုး ကြုံရတတ်သလို အိပ်မက်ထဲကအတိုင်း အပြင်မှာ တကယ်ဖြစ်လာတာမျိုးတွေလည်း ရှိတတ်ပါတယ်။

၄။)ငယ်ငယ်ကတည်းက ဖြစ်စေ၊ အသက်ကြီးမှဖြစ်စေ တရားထိုင်တာ၊ ပုတီးစိပ်တာနဲ့ ဂါထာမန္တန်တွေကို အထူးတလည် သင်ယူစရာမလိုဘဲ စိတ်ဝင်စားနေတတ်ပါတယ်။ တချို့ဆိုရင် ရှေးဟောင်းဘုရားစေတီတွေ ဒါမှမဟုတ် တောတောင်တွေဆီ သွားရတာကို စိတ်ထဲမှာ အရမ်းနှစ်သက်နေတတ်တာမျိုးပါ။

၅။)သူတို့ရဲ့ မျက်နှာက ပေါ့ပျက်ပျက် မရှိဘဲ တစ်မျိုးကြည့်ကောင်းပြီး တည်ငြိမ်နေတတ်ပါတယ်။ လူအများကြားထဲမှာ ရှိနေရင်တောင်မှ တစ်မူထူးခြားတဲ့ အရှိန်အဝါမျိုး ထွက်နေတတ်လို့ လူတွေက အလိုလို ရိုသေလေးစားတတ်ကြပါတယ်။

၆။)သူတစ်ပါး ဒုက္ခရောက်နေရင် မနေနိုင်ဘဲ ကူညီတတ်တဲ့ သနားကြင်နာတတ်တဲ့ စိတ်ရှိပါတယ်။ ဒါပေမဲ့ မဟုတ်မမှန်တာကို မြင်ရင်တော့ လုံးဝ အလျှော့မပေးဘဲ ပြတ်ပြတ်သားသား ဆုံးဖြတ်တတ်တဲ့ စရိုက်ရှိပါတယ်။

၇။)ခန္ဓာကိုယ် သန့်ရှင်းမှုတင်မကဘဲ နေထိုင်တဲ့ ပတ်ဝန်းကျင်ကိုပါ သန့်သန့်ရှင်းရှင်း ထားတတ်ပါတယ်။ ညစ်ပတ်ပေရေနေတဲ့ နေရာမျိုးမှာဆိုရင် စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်နေပြီး မနေတတ်မထိုင်တတ် ဖြစ်တတ်ကြပါတယ်။

💡ဒီအချက်တွေကဝိဇ္ဇာ လမ်းစဉ်ကို လိုက်စားသူတွေ
ဒါမှမဟုတ် အဆက်အသွယ်ရှိသူတွေမှာ အတွေ့ရများတဲ့ သဘာဝလေးတွေပဲ ဖြစ်ပါတယ်။

အဓိကကတော့ ကိုယ်တိုင်ကလည်း သီလ၊ သမာဓိ ရှိလေလေ အစောင့်အရှောက်က ပိုခိုင်မြဲလေလေပဲဖြစ်ပါကြောင်းရေးသားဖော်ပြလိုက်ရပါတယ်။

မူရင်းရေးသားသူ...ဆရာမ အိမ့်မြတ်ဖူး
လေးစားစွာဖြင့်
ကုသိုလ်ယူ မျှဝေပေးလိုက်ပါသည်..

18/05/2026
Photos from မိုးကြိုးလျှပ်စီး Moe Kyo Hlet See's post 16/05/2026

Category

Telephone

Website

Address


Yangon

Alerts

Be the first to know and let us send you an email when Myint Moh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.