Bangkok product
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bangkok product, Beauty, cosmetic & personal care, No, 752/Maga(7)th street/12 block/South Okkalap/Yangon, Yangon.
20/10/2025
🪔ယနေ့ကျရောက်သော ဒီပါဝလီ
နေ့ထူးနေ့ရက်လေးမှာ
ဟိန္ဒူဘာသာဝင်များနှင့်အတူ
မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး …
ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေလို့
Bangkokproduct မိသားစုမှ
ဆုမွန်ကောင်း တောင်းဆုပြုလိုက်ပါတယ်ရှင်
07/10/2025
Bangkokproduct မိသားစုမှ မိတ်ဟောင်းမိတ်သစ် မိသားစုဝင်အားလုံးပျော်ရွှင်ကြည်နူးစရာ
တူရွှင်နွှဲပျော် သီတင်းကျွတ်မီးထွန်းပွဲတော် အချိန်အခါသမယကို ပိုင်ဆိုင်ကြပါစေ …
ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး
စိတ်ချမ်းသာ၊ကိုယ်ကျန်းမာ ရှိကြပါစေ …
စီးပွါးဥစ္စာများလည်း ဒီရေအလားတိုးတက်ကြပါစေ လို့ Bangkokproduct မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင် 🙏🙏🙏
ပုံကတော့ ဇူ့အကြိုက်
ရူပ ဒါန တဖြတ်😜
28/08/2025
ချစ်သောတို့ မင်ခင့်ကို သနားရင်
အကြံပေးကူကြပါအူးလို့😎
၁၂/ အလုပ်မလုပ်ရ မနေနိုင်တဲ့သူဆို
စျေးရောင်းစားတဲ့ ဘဝလဲ ဇတ်က
သိမ်းတော့မယ်ဆိုတော့
Food blogger လုပ်စားရင်ကောင်းမလား
တွေးလိုက်တယ်🤔
ဟင်းမပြောနဲ့
ထမင်းကြော်တောင် ဝါရင်မစားဘူး
ဖြူလွန်းရင်စားဘူး
ညိုသွားရင်မစားဘူး မဲသွားရင်အစားဘူး
ကြက်သွန်ပါရင်မစားဘူး ထောပတ်နဲ့ကြော်မစားဘူးဆိုတော့ အဲ့မှာတင် ပွံသိမ်း❌
ကဲလေ ငါလေးက အလှပကြိုက်သူ
အလှကုန်ရောင်းနေတဲ့သူဆိုတော့
beauty blogger လုပ်စားမလားဟဲ့ဆိုပီး
စိတ်ကူးတော့
အသားရည်က စူပါ့စူပါ စန်းစန်းတင့်
လိမ်းနေကျ ရောင်းနေကျ ဆပ်ပြာကုန်လို့
ကုန်ပစ္စည်းအသစ် စမ်းသုံးလိုက်တာ
နူမသွားတာ ကံကောင်း ဆေးကုလိုက်ရတာ
ခုထိ အမာရွတ်ကျန်သေး
အိမ်ကလူကြီး မသိသေးဘူး(သိရင် ဦးပွါးကြီးကပွါးမှာ)
အဲ့မှာတင် တခန်းရပ်ပဲ❌
ဪ ငါ့မှာ တစ်တော့အကောင့်လေး
ငါ့တူမ ဖွင့်ပေးထားတာ
စျေးရောင်းမလား ကမလား
ဒေါ်လာရတယ်ဟဲ့ ဆိုရအောင်လဲ
ချိုမိုင်မိုင်တောင် စည်းချက်က မမှန်တော့
ပွဲသိမ်း❌
ကဲလေ live လွှင့်ပီး ကိုယ့်အမစက်ရုံက
အထည်လေး ယူရောင်းမလား တွေးတော့
ချစ်တို့ရေ သဲတို့ရေက စာထဲသာ ပြောရတာ
အာသဝေါရွှင်တာ အပြင်မှာ စကားပြောရင်
အတောင့်လိုက် အိမ်ကလူကြီးတောင်
ကိုကို ခေါ်ဖို့ မနည်းကျင့်ယူရတာ
ဒါတောင် ခုထိ လျှာ ခလုတ်တိုက်ပီး
ရုံပတေသီးသံ မပေါက်သေး
အဲ့လိုလေးသံလေး လက်ခံပါတယ်ထားလိုက်အူး
ကဲဒါဆိုလဲ အထည်နဲ့လူတွဲရိုက်ပီး
အလှပုံတင် လူသိရင် ရောင်းအားတတ်မယ်ဆိုတော့လဲ
က်ိုယ့်ရုပ်ရည်က အပြင်မှာ
ရုပ်အဆိုးထဲမပါပေမဲ့
ပုံရိုက်တိုင်း ရွဲ့သွားတဲ့ပါးစပ်ကြောင့်
ပုံတောင်မရိုက်ရဲဘူး
ငါလခွီး
ကဲ ကဲ ကဲ
ကျမ ဘာလုပ်စားရမတုန်းလို့
ပုံထဲက နှုတ်ခမ်းနီက ဘာလေးလဲ
လာမေးနေကြမှာစိုးလို့
Etude water tint စတော်လေးပါ
အတော်လေးကောင်းပါတယ်(ဆိုးနည်းပေးပါမယ်။
ဆိုးပီးရင် နှုတ်ခမ်းမစိလိုက်နဲ့ မွမွ မလုပ်နဲ့
အပေါ်နဲ့အောက်မထိအောင် ထော်ထားပါ
ခဏနေရင် သွသူခြောက်သွားရင်
အရောင်စွဲချက်က လက်လန်ပါတယ်)
Ps..ပုံရဲ့မမြင်ရတဲ့အခြမ်းဖက်က ရွဲ့နေလို့
ကောင်းတဲ့ထက်က ရွေးတင်သည်🤓
24/08/2025
Air cargo တွေပိတ်လိုက်ပီဆိုတော့လေ
😵💫😵💫😵💫😵💫😵💫😵💫
စီးပွားရေးဈေးကွက်တန်းမြင်တာ
အလှကြိုက်တဲ့သူတွေအတွက်
ဒန့်သလွန်သီးserumတို့
ရဲယိုသီးTonerတို့ လုပ်ရောင်းပေးမယ်
ဘာမှအားမငယ်နဲ့
ဆန်းကစ်သီးခွံကောက်ပြီးရင် ဆပ်ပြာလည်းထုတ်ပေးမယ်
ခုတော့ ဒန်အိုးနှစ်လုံးသွားဝယ်လိုက်အုံးမယ်😎
Crd #
reach ကျမှာစိုးလို့ ပုံပါတွဲတင်ပေးလိုက်ပါတယ်
ကဇူစူရေ😎
13/08/2025
ယာယီ ခွင့်မပြုတဲ့ ပစ္စည်းတွေတော့
သိရပါပီ
အဲ့တော့ ဘာတွေ ရောင်းကြမလဲ ??
စဥ်းစားလို့ရပီပေါ့😞
Local တွေ ရောင်းရင်လည်း အားပေးကြပါဦးရှင့် 🙏🙏🙏
13/07/2025
ချစ်သောတို့ရေ
Bangkokproduct page စဖွင့်ထဲက
လက်တွဲလာတဲ့ Ninja van က
ခုဆ်ို အတော်အဆင်မပြေတော့ဘူး။
အော်ဒါကောက်ပီး လာယူဖို့လဲ
ရက်အတော်ကြာပီး
မရတဲ့မြို့တွေ များလာလို့
ဝယ်သူတွေနဲ့ မျက်နှာပျက်ရပေါင်းများပါပီရှင်😢
ချစ်သောတို့ရော
ဘယ် deli နဲ့ အဆင်ပြေမလဲ မန့်သွားပေးပါနော်။
မနက်ထဲက ဝယ်သူတွေ
လိုက်တောင်းပန်နေရတယ်ကွယ်😢
Online shopping စလုပ်ထဲက
လက်တွဲလုပ်လာတဲ့ ninja van က
၁၉ရက်နေ့မှ ရန်ကုန်ဆို ဒဂုံမြို့နယ်
လသာ၊လမ်းမတော်၊လှိုင်သာယာ၊အလုံ ယာယီ ရပ်နားထားပါတယ်တဲ့😢
ကိုယ်က အော်ဒါတွေ ပါဆယ်ထုပ်ပီးခါမှ
မရဘူးဆိုတော့
တခြားစက်ဘီး deli တွေ ပြန်ဆက်သွယ်တော့
အမရေ ဘက်ထရီဘီးတွေ တွေ့တဲ့နေရာ ဖမ်းသိမ်းခံရလို့ ပို့မရ
ခြေနင်းဘီး ကျတော့ ဝေးတော့ အဆင်မပြေ
Bus နဲ့ပို့တဲ့ deli ဆို လတ်တလော အဆင်ပြေပါမယ်တဲ့
ကောင်းရောပဲ ….
မင်ခင် နောက် deli နဲ့ စာချုပ်ဖို့ ကြိုးစားနေတာမို့
နားလည်ပေးပါလို့🙏🙏🙏
19/06/2025
ချစ်ရတဲ့ ထမင်းရှင်တို့ရေ
မင်ခင် announce လုပ်ခြင်ပါတယ်။
အပ်ထားတဲ့ Ninja van deli service က
အဝါရောင်ခြစ်ထားတဲ့ မြို့၊
မြို့နယ်များ ၊ လတ်တလော ပစ္စည်းပို့ ရပ်ထားလို့
စက်ဘီး deli နဲ့ ပြောင်းအပ်ဖို့ ကြိုးစားနေပါတယ်။
ဒါကြောင့် အော်ဒါမှာထားတဲ့ အသဲတို့
ခဏ စောင့်ဆိုင်းပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။
မင်ခင်ရေ ညီမတို့က မစောင့်ခြင်လို့ လမ်းကြုံ ဝင်ယူမယ်ဆိုလဲ
အိမ်မှာ လာ ယူလို့ရပါတယ်ရှင်။
19/06/2025
ရေမွှေးမလိုတဲ့ စျေးတန်် တအားမွှေးတဲ့
- BeNice Shower ရောင်စုံ ပြန်ဝင်ပြီနော် 💓
အမြှုပ် အရမ်းနူးညံ့ပြီး
ရေဆေးချလွယ်တဲ့
Shea butter, Vitamin E
Collagen ပါဝင်လို့
အသားရည်ကို ချောမွေ့ပြီး
ကြည်ဝင်းလာစေပါတယ်
ရေချိုးပီးရင် လူကFresh ဖြစ်ပြီး
တစိမ့်စိမ့်နဲ့ မွှေးတာမို့
စိတ်ကိုချမ်းသာနေရော
11500 mmk (400ml)
တစ်မိသားစုလုံး သုံးရင်တောင်
3/4 လ အေးဆေးခံတယ် 🫶🏻
ထိုင်းပြည်တွင်းသုံး 🇹🇭
18/06/2025
🦋Raip Argan hair oil (R3 hair coat )🦋
ပန်းရောင် တရောင်ထဲ ရောက်ထားပါတယ်
Price 17500ks (100ml)
Budget save ဖြစ်ပြီး ကောင်းတာမှသုံးချင်တဲ့သူယူထားနော်
သူသုံးပြီးရင် ရှင်းရခက်တဲ့ဆံသားတွေလည်း
ရှင်းရလွယ်တယ် dryer မသုံးခင် သုံးပေးရင်လည်း
ဆံသားအတွက်ပိုခံနိုင်တယ်
အဖျားနှစ်ခွဖြစ်တာတွေ ထိန်းပေးတယ်
ဆံပင်ကျွတ်လည်းသက်သာတယ်
အရောင်ဆိုးထားရင်လည်း ပြောင်ပြောင်လေးနဲ့ colour လေးလင်းစေတယ်
အကြိုက်ဆုံးကတော့ စေးကပ်မနေတာပါဘဲ 💁♀️
ဆံသားခြောက်တဲ့သူတွေတော့ ပိုသုံးသင့်ပါတယ်
မင်ခင်ကတော့ ခေါင်းလျှော်ပီး
ရေမစိုမခြောက် အနေထားမှာ
လိမ်းပေးလိုက်တယ် ပီးကျ သဘာဝလေနဲ့ အခြောက်ခံပါတယ် ရေခြောက်သွားရင်
ခေါင်းဖီးစရာ မလိုအောင် ရှလွတ်ထနေတာ
စွရမ်းသဘောကျ🐌🐌
Category
Contact the business
Telephone
Website
Address
No, 752/Maga(7)th Street/12 Block/South Okkalap/Yangon
Yangon
11091
Opening Hours
| Monday | 09:00 - 19:00 |
| Tuesday | 09:00 - 19:00 |
| Wednesday | 09:00 - 19:00 |
| Thursday | 09:00 - 19:00 |
| Friday | 09:00 - 19:00 |
| Saturday | 09:00 - 19:00 |
| Sunday | 09:00 - 17:00 |
Alerts
Be the first to know and let us send you an email when Bangkok product posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
