May Nadi Phyo

May Nadi Phyo

Share

USA cosmetics
ELLE Cosmetics
လက်လီ လက်ကား အားပေးလို့ရပါပြီရှင်။
09250065225 yes

08/07/2026

စိတ်မပင်ပန်းချင်တော့ဘူး။
တစ်နေ့ပြီးတစ်နေ့ အေးအေးချမ်းချမ်း ဖြတ်သန်းချင်ရုံပါ။

အရာအားလုံးကို ပိုင်ဆိုင်ဖို့ မမျှော်လင့်တော့ဘူး။
ကိုယ်နဲ့ထိုက်တန်ရင် ကိုယ်ပိုင်ဆိုင်ရမှာပါပဲ။

ရတာကို ကျေနပ်တယ်၊ မရတာကို လွှတ်ချလိုက်တယ်။
ဒီလိုလေး နေတတ်သွားတာကိုက ဘဝရဲ့ အဖြေတစ်ခုပဲ။ 💭

#ဘဝစာပေ #စိတ်ငြိမ်းချမ်းမှု

24/06/2026

ကော်ဖီခွက်လေး မှောက်ကျသွားတာကို
နာရီဝက်လောက် ငိုလိုက်မိသေးတယ်။

သိတယ်မလား
ကော်ဖီခွက်ကြောင့် ငိုတာ မဟုတ်ဘူးဆိုတာ။

ကော်ဖီက အကြောင်းပြချက်ပဲ
ပင်ပန်းနေတာက အရင်ကတည်းက။

- မြတ်

23/06/2026

တိမ်တွေဟာ မြောက်အရပ်ကို
တရိပ်ရိပ်နဲ့ ပြေးနေတယ် ။

အငွေ့တထောင်းထောင်းထနေတဲ့
ကော်ဖီရနံ့လေးတွေလည်း
ဒီအနီးတဝိုက်မှာ
တစိမ့်စမ့်ပဲ မွှေးနေတယ် ။

ဖြိုးဖြိုးဖြောက်ဖြောက် ကျနေတဲ့
မိုးစက်မိုးပေါက်လေးတွေနဲ့
နံနက်ခင်းဟာ လွမ်းမောစရာပါ ။

#ပုရစ်

07/06/2026

ကိုယ့်ဘေးမှာရှိတဲ့ လူတွေကို
မြဲစေချင်သလား

ဒီ (၃) ခုအရင်လုပ်

၁) အပူမပေးနဲ့။ ပူနေတဲ့ လူအနား
ဘယ်သူမှ မနေဘူး

အစထဲက လူတွေဟာ
ကိုယ့်အပူနဲ့ ကိုယ်
ပူလောင်လာတယ်
ပူရပင်ရတယ်ဆိုရင် နေမှာမဟုတ်ဘူး

၂) စိတ်ချမ်းသာအောင်နေ

ကိုယ့်ကိုယ်ကိုယ်လည်း
စိတ်ချမ်းသာအောင် ထား
တဖက်ကိုလည်း စိတ်ချမ်းသာအောင်နေ

ခဏ လေး လာတွေ့ပြီး
လာဆုံဆည်းရတာ
အချိန်တန်ရငိ ခွဲရမဲ့ လူတွေ
အတူရှိနေတော့မှာမဟုတ်တဲ့ လူတွေ

ထွက်သွားချင်ရင် ပေးထွက်သွားလိုက်
မစွဲနဲ့

၃) မေတ္တာထားတတ်အောင်ကြိုးစား

ညဘက်ဖုန်းမပြောရတဲ့အခါ
ငါ့ကို ဖုန်းမဆက်ဘူး ဆက်ကိုဆက်ရမယ်ဆိုတာ
လောဘ

အော် သူ့မှာအကြောင်းကိစ္စရှိမယ်
ရှိတတ်တာပဲလေလို့ တွေးပေးလိုက်တာ
မေတ္တာပဲ

အချစ်ခံချင်တယ် ဟိုဟာဖြည့်ဆည်းပေး
ဒီဟာ အလိုလိုက်ပေးဆိုတာ လောဘ

ရှိနေလဲ အေးချမ်းစေ
မရှိနေလဲ ချမ်းမြေ့စေ ဆိုတာ မေတ္တာ

ကွဲအောင် မြင်ကြ

ဒါဆို အတော်အဆင်ပြေနေပြီ

03/06/2026

မလိုအပ်တဲ့အချိန်မှာ
ပျောက်ကွယ်ပေးရတာဟာလည်း
ချစ်ခြင်းမေတ္တာပါပဲ ။
🌿🍂🍀🌼

Photos from May Nadi Phyo's post 29/04/2026

L’Oréal shampoo 400ml
ရောက်ပါပြီ

Pice - 25000 Ks ပါ

400 ml တောင်ပါတာမို့ အများကြီးပိုတန်ပါတယ်

14/04/2026

အိမ်ပြန်ရောက်လို့ ပုံတွေတင်တဲ့အခါ

တပုံတင်တင် ဆယ်ပုံတင်တင်
တပိုစ့်ကို reactတစ်ခုနှုန်းပဲရမယ်နော်..

ငါတို့က အများနဲ့လုပ်နေရတာ

11/04/2026

ကပ်စေးနဲတာဆိုတာ အမြဲမကောင်းတာမဟုတ်ပါဘူး။
တချို့အချိန်တွေမှာတော့ အကျိုးရှိတတ်ပါတယ်။

ဥပမာအားဖြင့်
ကပ်စေးနဲတတ်တဲ့သူတွေက ပိုက်ဆံကို အလွဲသုံးစားမလုပ်ဘဲ သိမ်းဆည်းတတ်ကြတယ်။

အနာဂတ်အတွက် စုဆောင်းနိုင်ပြီး အခက်အခဲတွေကြုံလာရင်လည်း ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပါတယ်။

ဒါကြောင့် တချို့အခြေအနေတွေမှာ
ကပ်စေးနဲတာက အရမ်းအသုံးဝင်ပါတယ်။

ဒါပေမယ့် လွန်လွန်းသွားရင်တော့
လူမှုရေးဆက်ဆံရေးတွေမှာ မကောင်းသလို
အခြားသူတွေကို ကူညီသင့်တဲ့အချိန်မှာ မကူညီနိုင်တော့ပါဘူး။

အကျဉ်းချုပ်ဆိုရင်

👉 “ကပ်စေးနဲတာဟာ သင့်တော်သလို
အသုံးချရင် ကောင်းပါတယ်၊ လွန်လွန်းရင်တော့"

27/03/2026

အမှန်တရားကို သိချင်ရင်
ကာယံကံရှင် ကို မေးပါ။

မဟုတ်တမ်း တရားတွေ သိချင်ရင်
သူနဲ့ မတည့်တဲ့သူကို မေးပါ။

ပေါက်ကရတွေ သိချင်ရင်တော့
ပတ်ဝန်းကျင်ကို မေးပါ တဲ့။

မှန်လိုက်တဲ့စကားတွေ။ ♥🍀

—

13/03/2026

သူရှိတယ်ဆိုတဲ့အသိစိတ်နဲ့
ဘယ်သူ့ကိုမှ အရောမဝင်ဘူး။
သူ့ရဲ့မမြင်ကွယ်ရာမှာပါ
သူစိတ်ချရတဲ့သူပဲဖြစ်ချင်တာ။

သူ့ဘက်ကလဲ ပြောစရာမလိုအောင်
တန်ဖိုးထားပြီး ချစ်ပေးနေတာမို့
သူစိတ်ပျက်စေမယ့်
ဘယ်အရာကိုမှ မလုပ်မိချင်တာအမှန်ပဲ။

သူတန်ဖိုးထားသလို
ပြန်ပြီးတန်ဖိုးထားပေးတဲ့ ချစ်ခြင်းမျိုးနဲ့ပေါ့။

💭 || 19.2.2026

Telephone

Website

Address


Yangon

Alerts

Be the first to know and let us send you an email when May Nadi Phyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.