May Oo A.Lin.Gar2

May Oo A.Lin.Gar2

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May Oo A.Lin.Gar2, Health/Beauty, အမှတ် ၄၁၊ ၅၃ လမ်း၊ ပုဇွန်တောင် ၊, Yangon.

03/08/2025

Set လိုက်လိုချင်လည်း ရတယ်
တခု တည်း ခွဲယူချင်လည်းရတယ်

30/07/2025

၁ ကျပ်အဟန့် အခေါက်ပြား
Stainless steel
15000

30/07/2025

လူကြိုက်များတဲ့ ကာတီးယား ၁၅၀၀၀

06/05/2025

အရမ်းလှတဲ့ HC လေး 15000
Stainless steel ရဲ့ အားသာချက်ကတော့ ပြောပြစရာလိုမယ်မထင်ဘူးနော်
တခါဝယ် နှစ်ချီခံတဲ့ ရွှေအစားထိုးလေးတွေပါ

15/02/2025

ရေ ချွေး ဆပ်ပြာ လိုးရှင်း ကြိုက်ရာထိ အရောင်မကျဘဲ daily ဝတ်လို့ရတယ်
ss လေးမို့ နှစ်ချီခံတယ်

09/01/2025

For myanmar တရော် ကင်ပွန်း shampoo
7500

Photos from May Oo A.Lin.Gar2's post 24/11/2024

Hair brush ဘီး
Price - 5500 ks

ဆံပင်ကျွတ်နေပြီလား ???
ဆံသားမကျန်းမမာဖြစ်နေလား ???
ဆံပင်တွေပါးနေလား ??

ဦးရေပြားကိုလည်းအညောင်းပြေစေပြီး ဆံပင်ကျွတ်ခြင်းကနေလည်းကာကွယ်ပေးနိုင်ပါတယ်နော်😍

Photos from May Oo A.Lin.Gar2's post 17/11/2024

Natcha whiteing serum 11000

Photos from May Oo A.Lin.Gar2's post 17/11/2024

ဝက်ခြံအဆီဖုအတွက်အကောင်းဆုံး ပျားရည်မျက်နှာသစ်
13500

13/11/2024

Skin care ရွေးချယ်နည်း

အလှကုန်ပစ္စည်းတွေလိမ်းတဲ့အခါ တခုချင်းအာနိသင် သိရမယ်။ဒါမှကိုယ်နဲ့ကိုက်ညီတာကို ရွေးချယ်နိုင်မယ်။ အသားရေပေါ်လိုက်ပြီး သုံးရမယ့် လိမ်းဆေးတွေ မတူညီကြပါဘူး။
လိမ်းဆေးတွေကို ယေဘုယျ လေးမျိုးခွဲနိုင်တယ်။

• Emulsion
Emulsionဆိုတာ ရေဓာတ်အခြေခံ အစိုဓာတ်ထိန်းပစ္စည်းပါပဲ။ အဆီပြန်တဲ့အသားအရေအတွက် emulsion type ကို ရွေးချယ်သင့်တယ်။ အစိုဓာတ်ကို ထိန်းပေးရုံမက အသားအရောင်ကို နည်းနည်းတင်ပေးတယ်။အသားရောင် ဖြူစင်ဝင်းပစေတယ်။ အဆီဂလင်းပိတ်ဆို့မှု လျှော့နည်းစေတယ်။ အရေပြားပါးပြီး sensentive သိပ်ဖြစ်ရင် Emulsion ကိုသုံးပါ။

• Lotion
လိုးရှင်းဆိုတာ အရေပြားကို လိမ်းရတဲ့ ခပ်ကျဲကျဲအရည်ကို ခေါ်တာပါ။ Emulsion ထက် နည်းနည်းပိုပြစ်တယ်။ ဒါပေမယ့် ထုတ်တဲ့ နိုင်ငံပေါ်မူတည်ပြီး လက်တွေ့မှာ အခေါ်ဝေါ်တွေ မတူညီကြပါ။ ကိုရီးယားလိုးရှင်းတွေဟာ moisturizer အများစုမှာ သုံးတဲ့အခေါ်ဖြစ်ပါတယ်။ ဂျပန်လိုးရှင်းတွေဆိုရင် toner ကို အဓိကပြောချင်တာပါ။ ဥပမာ Kose Sekkisei Lotion ဆိုတာ refreshing toner တိုနာတမျိုး ဖြစ်ပါတယ်။

• Cream
အဆီကို အခြေခံထုတ်ထားတယ်။ ဒါပေမယ့် အဆီပြန်တဲ့အသားအရေမှာ မသုံးပဲ အရေပြားခြောက်သွေ့သူတွေ သုံးသင့်တယ်။ အထူးသဖြင့် ဆောင်းရာသီမှာ သုံးရတယ်။ ခရင်မ်တွေထဲမှာလည်း အသားဖြူတာ၊ အရေးအကြောင်းကင်းစင်တာ၊ ရေဓာတ်အားဖြည့်တာနဲ့ ဝက်ခြံအတွက်ဆိုပြီး ထုတ်ထားတယ်။ မိမိနှစ်သက်ရာ ရွေးချယ်သုံးပါ။

• Gel
ရေဓာတ်အခြေခံဖြစ်လို့ အဆီပြန်တဲ့အသားအရေတွက်သင့်တော်တယ်။ silicone or gylerin မျိုး ထည့်ထားတယ်။ ဂျယ်ပုံစံဖြစ်လို့ cream (သို့) emulsion တို့ထက် အရောင်ပိုကြည်တယ်။ သုံးထားရင် အရေပြားက သန့်စင်ကြည်လင်သလို ဖြစ်နေတယ်။ ဥပမာ Neutrogena Hydra Boost ဆိုတာ အစိုဓာတ်ထိန်းဂျယ်(Gel moisturizers )တမျိုး ဖြစ်ပါတယ်။

ခြုံသုံးသပ်ရရင် အဆီပြန်တဲ့အသားအရေမှာEmulsion နဲ့ Gel moisturizers ကို သုံးရမှာ ဖြစ်ပြီး အရေပြားခြောက်သွေ့သူမှာ Creamကိုသုံးရမှာ ဖြစ်ပါတယ်။ lotion ကတော့ ပါဝင်ပစ္စည်းကို ကြည့်ပြီး သုံးသင့်တယ်။ သာမန်အရေပြားအတွက် ဘယ်ပုံစံမဆို သုံးလို့ရပါတယ်။

ဒေါက်တာ အေးမင်းထူး
အရေပြားအထူးကု ဆရာဝန်

13/11/2024

ဗောက်ပျောက်ချင်လား

လူတိုင်း တချိန်မဟုတ် တချိန် ဗောက်ထဖူးကြပါတယ်။ ဗောက်ဆိုတာ ဦးရေပြား ယားယံတဲ့ အဖြူဖတ်ကလေးတွေကို ခေါ်တာပါ။ အင်္ဂလိပ်လို dandruff လို့ သုံးတယ်။ anti-dandruff shampoo ဆိုတာ ဗောက်ပျောက်ခေါင်းလျှော်ရည်ကို ခေါ်တာဖြစ်တယ်။ အနောက်နိုင်ငံတွေမှာ လူဦးရေရဲ့ ထက်ဝက်ခန့်ဟာ ဗောက်ထနေကြတယ်။ အမျိူးသားတွေဟာ အမျိုးသမီးတွေထက် ပိုဖြစ်လေ့ရှိတယ်။ အထူးသဖြငိ့ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေပါ။ ဟော်မုန်း၊ အစားအသောက်နဲ့ ရာသီဥတုအပြောင်းအလဲတွေကလည်း ဗောက်ထစေတဲ့အကြောင်းရင်းတွေထဲမှာပါတယ်။

ယေဘုယျအားဖြင့် ဟော်မုန်းအပြောင်းအလဲများတဲ့ လူပျိုပေါက်အရွယ်မှာစဖြစ်ပြီး လူလတ်ပိုင်းကျော်အရွယ်ထိ ဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါ ဖြစ်ပွားမှုက သိသိသာသာလျှော့ကျလာတယ်။ အဆီဂလင်းထုတ်လုပ်မှု နည်းသွားလို့ဖြစ်ပါတယ်။ အစားအသောက်ကလည်း နောက်ကွယ်က ပံ့ပိုးနေတဲ့ အကြောင်းတရပ်ပါ။ အပူအစပ်၊ အချို၊ အငန် ကြိုက်သူတွေဟာ သူများထက် ပိုဖြစ်နိုင်ပါတယ်။ အရက်၊ဘီယာစတာတွေကလည်း ဗောက်ထစေနိုင်တဲ့ အကြောင်းရာထဲပါတယ်။ အေအိုင်ဒီအက်စ်ရောဂါနဲ့ တီဘီရောဂါသည်တွေမှာ ပုံမှန်ထက် ခုခံအားကျဆင်းလို့ ဗောက်ထတတ်တယ်။

ဗောက်ပေါက်သူအများစုကို လေ့လာကြည့်ရင် ဆောင်းရာသီမှာ ပိုမိုဖြစ်ပွားလေ့ရှိတယ်။ လေထုစိုထိုင်းစနည်းပါးမှုက ဆံသားနဲ့ ဦးရေပြားက ပိုမိုခြောက်သွေ့စေတယ်။ ရလာဒ်ကတော့ ဆဲလ်ဟောင်းတွေကွာကျတာနဲ့ ဗောက်ထလာတာပါ။ ဆောင်းရာသီမှာဖြစ်တဲ့ ဗောက်ဖတ်တွေက အဖြူရောင်သာများတယ်။ အိပ်ရေးမဝတာနဲ့ ခုခံအားနည်းတာကလည်း ဗောက်ထနိုင်တယ်။ psoriasis ဆိုရီအေးဆစ်အရေပြားရောဂါ၊ နှင်းခူနာရှိသူတွေဟာ သူများထက် ဗောက်ထနိုင်ခြေပိုများသူတွေ ဖြစ်ကြတယ်။ ထပ်လက်ညှိုးထိုးရမှာက အလေ့အကျင့်ပါ။ နေ့တိုင်းခေါင်းလျှော်တာလည်း ကောင်းတဲ့အလေ့ကျင့်မျိုးတော့ မဟုတ်ဘူး။ အရေပြားအဆီဂလင်းကို ပိုအလုပ်ပေးလို့ ဗောက်ပိုထလာတယ်။ အာဟာရချိူ့တဲ့မှုကလည်း အကြောင်းရာတရပ်အနေနဲ့ ပါဝင်နေပြန်တယ်။ သွပ်ဓာတ်၊ ဗီတာမင် ဘီနဲ့ အိုမီဂါသရီး ချို့တဲ့သူတွေဟာ သူများထက် ဗောက်ထနိုင်ချေပိုများပါတယ်။

ဗောက်ထသူအများစုဟာ သူများထက် ဆဲလ်လွှာကွာကျမှု ပိုများလို့ဖြစ်တယ်။ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်။ ဦးရေပြားခြောက်သွေ့မှု၊ seborrheic dermatitis အရေပြားရောဂါ၊ မှိုပိုး စတာတွေနဲ့ အဓိက ဆက်စပ်နေတယ်။ seborrheic dermatitisဆိုတာ အဆီထုတ်လုပ်မှု များရာက ဦးရေပြားရောင်ရမ်းတဲ့ရောဂါတမျိုးပါ။ ဒီအရေပြားရောဂါက Malassezia တစေးမှိုပိုးတမျိုးနဲ့ ဆက်စပ်နေတာ သိလာကြတယ်။ ဒီမှိုပိုးက ဦးရေပြားက ထွက်တဲအဆီကို စားသုံးပြီးရင် ပိုမိုပေါက်ဖွားလေ့ရှိတယ်။ ပေါက်ဖွားလာတဲ့ မှိုကြောင့် ဦးရေပြားက စတင်ရောင်ရမ်းလာတယ်။ ရောင်ရမ်းမှုကြောင့် ဆဲလ်လွှာတွေ တဖြည်းဖြည်းပျက်ဆီးလာပြီး ဆဲလ်သေတွေပိုထွက်လာတယ်။ အပေါ်ယံဆဲလ်သေတွေနဲ့ ဦးရေပြားကထွက်တဲ့ အဆီ ရောစပ်တဲ့အခါ ဗောက်ဖတ်လေးတွေ ဖြစ်လာပါတယ်။ seborrheic dermatitis ကြောင့်ဖြစ်တဲ့ ဦးရေပြားကရောင်နေမယ်။ ရဲနေမယ်။ ယားယံနေမယ်။ အဖြူသုိ့မဟုတ် အဝါဖတ်လေးတွေ ကပ်ညှိနေတာရှိတတ်တယ်။ ဝါတာက sebum အဆီထုတ်လုပ်မှု များလို့ဖြစ်တယ်။

အရေပြားခြောက်သွေ့သူတွေလည်း ဗောက်ထနိုင်ပါတယ်။ အရေပြားဆဲလ်တွေ ခြောက်သွေ့ပျက်ဆီးကွာကျရာကဖြစ်တယ်။ အရေပြားခြောက်သွေ့ရာက ထွက်တဲ့ ဗောက်ဖတ်မှန်သမျှ အဖြူရောင်သာ ရှိမယ်။ ခပ်သေးသေးဖတ်ကလေးတွေ ဦးရေပြားနဲ့ ပခုံးမှာ ကပ်ညှိနေတတ်တယ်။ ယားယံမှုရှိနိုင်ပေမယ့် seborrheic dermatitis လောက် မဆိုးပါ။ဆိုးဆေးနဲ့ ဆံပင်သန်ဆေးတွေကြောင့်လည်း ဗောကိထတာရှိနိုင်တယ်။ ဓာတ်မတဲ့ရာက ဖြစ်တယ်။

ဗောက်ပျောက်အောင် ကုရတော့မယ်ဆိုရင် အချက်နှစ်ချက်ကို အရင်ကြည့်ရတယ်။ ပထမတချကိက အသက်အရွယ်ပါ။ ဒုတိယအချက်က ဗောက်ထတာ ဘယ်လောက်ကြာပြီလဲ။ ဘယ်လောက် ဆိုးနေသလဲ၊ဒီအချက်တွေပေါ် အခြေခံပြီး ကုမှ ဗောက်ပျောက်မှာ ဖြစ်ပါတယ်။ လူအများစုဟာ မှိုပိုးကြောင့် ဖြစ်တယ်ယူဆပြီး မှိုပိုးသတ်ဆေးတွေ တွင်တွင် သုံးကြတယ်။ သို့သော် လက်တွေ့မှာတော့ မပျောက်ကင်းကြဘူး။ ဘာ့ကြောင့်လဲ။ ကုသနည်းမမှန်ကန်လို့ပါ။တကယ်တမ်း ဖြစ်စေတဲ့အကြောင်းရင်းကိုရှာပြီး ကုမှသာ ဗောက်ပျောက်မှာ ဖြစ်ပါတယ်။

ဗောက်အတွက် အသုံးများတဲ့ ခေါင်းလျှော်ရည် သုံးမျုိးရှိပါတယ်။ Ketoconazole , selenium sulphide နဲ့ zinc pyrithione ခေါင်းလျှော်ရည်တွေဖြစ်တယ်။ Ketoconazoleက မှိုပိုးသတ်တဲ့ ဆေးတမျိုးပါ။ လိမ်းဆေး၊သောက်ဆေး၊ ခေါင်းလျှော်ရည် စသည်ဖြင့် ပုံစံအမျိုးမျိုးလာတယ်။ ခေါင်းလျှော်ရည်တမျိုးတည်းနဲ့ မရရင် လိမ်းဆေးထပ်ထည့်ရဦးမယ်။ ဒါမှ မရသေးရင် သောက်ဆေး လိုပါတယ်။ selenium sulphide က ဦးရေပြားအဆီထုတ်လုပ်မှုကို လျှော့ချပေးတဲ့ဆေးဖြစ်တယ်။ ဗောက်အဝါဖတ်တွေပါရင် selenium sulphide ပါတဲ့ခေါင်းလျှော်ရည်က ပိုကောင်းတယ်။ seleniumက အဆီထုတ်လုပ်မှုကို လျှော့ချနိုင်တယ်။ ဆာလဖာကတော့ ဗက်တီးရီးယားနဲ့ မှိုပိုးကို သတ်နိုင်တယ်။ နောက်ဆေးတမျိုးကတော့ melassezia မှိုပိုးကို နိုင်တဲ့ zinc pyrithione ခေါင်းလျှော်ရည်တွေ ဖြစ်ပါတယ်။ သတိပြုရမှာက ဗောက်ပျောက်ခေါင်းလျှော်ရည်တွေသုံးတဲ့အခါ ဦးရေပြားပေါ် အနည်းဆုံး ငါးမိနစ်ထားရမယ်။ ဒါမှ အရေပြားက ကောင်းကောင်းစုပ်ယူနိုင်မယ်။ အာနိသင်လည်း ရှိမယ်။ပြီးမှ ခေါင်းလျှော်လိုက်ပါ။ ခေါင်းလျှော်တဲအခါ ဆံသားကို အတင်းပွတ်ဆွဲတာမျိုး မလုပ်သင့်ဘူး။ စက်ဝိုင်းပုံ ခပ်ဖြေးဖြေးသာ လိမ်းသင့်တယ်။

ဗောက်ပျောက် ခေါင်းလျှော်ရည်အချို့မှာ coal tar နဲ့ Salicylic acidတွေ ပါတာတွေလည်း ရှိပါသေးတယ်။ coal tar ဆိုတာ ကတ္တရာစေးပါတဲ့ ဆိုးဆေးတမျိုးဖြစ်တယ်။ သူ့သဘာဝက မှိုပိုးကိုနိုင်တယ်။ ပြသနာကခေါင်းမှာ ရေရှည်စွဲမသုံးသင့်ဘူး။ဆံသားကို ပျက်ဆီးစေတယ်။ Salicylic acid ကတော့ အရေပြားဆဲလ်သေတွေကို ဖယ်ရှားနိုင်တယ်။ ဆောင်းရာသီလိုကာလမျိုးမှာ Salicylic acid ပါတာမသုံးသင့်ဘူး။ ဗောက်ဖတ်ပိုဆိုးလာနိုင်တာ တွေ့ရတယ်။ လိမ်းဆေး သုံးတဲ့အခါ သက်သာသည်ထိ နေ့စဉ်သုံးသင့်တယ်။ သက်သာသွားရင် သုံးတဲ့ အကြိမ်အရေအတွက် ပြန်လျှော့ဖို့ လည်း လိုပါတယ်။ ဗောက်ကုရာမှာ ဘယ်ဆေးကအကောင်းဆုံးလည်း ပြောမရပါဘူး။ လူနာပေါ်အခြေခံပြီး ကုရတာမျိုးဖြစ်ပါတယ်။

ဗောက်အတွက် သဘာဝဆေးနည်းနှစ်မျိုးရှိပါတယ်။ လက်ဖက်ဆီ(tea tree oil)နဲ့ လက်ဖက်စိမ်း (green tea )ကို အသုံးပြုတာဖြစ်တယ်။ လက်ဖက်ဆီထဲမှာ Australian Tea Tree က ရတဲ့ အဆီက သိပ်ကောင်းတယ်။ သဘာဝအားဖြင့်ကို မှိုပိုးနဲ့ ဗက်တီးရီးယားပိုးတွေကို နှိမ်နင်းနိုင်တယ်။ဝက်ခြံမှာသုံးတာနဲ့ အမျိုးစားတူတယ်။ ပါဝင်မှုပြင်းအားများတာကြောင့် အရေပြားခြောက်သွေ့တာ၊ ဓာတ်မတဲ့တာရှိနိုင်တယ်။ ဒီလိုဖြစ်ရင် ဆက်မသုံးပါနဲ့။ သို့သော် ရှန်ပူမှာအများစုမှာတော့ လက်ဖက်ဆီရဲ့ ပြင်းအား(concentration)ကို သိသိသာသာ လျှော့ချထားပါတယ်။ လူတိုင်းသုံးစွဲနိုင်အောင် ထုတ်ထားတာမို့ပါ။ နောက်နည်းတမျိုးက ပိုလီဖီနော ကြွယ်ဝတဲ့ လက်ဖက်စိမ်းပင်ဖြစ်ပါတယ်။ ဂျော်ဂျီယာ ဆေးကောလိပ်အဆိုအရ လက်ဖက်စိမ်း(green tea)ဟာ ဗောက်အတွက်သာမက ဆိုရီအေးဆစ်အရေပြားရောဂါအတွက်ပါ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

ဗောက်ပျောက်ဖို့ သိပ်မလွယ်ကူလှပါဘူး။ သို့သော် ဒီရောဂါက ကုသဖို့ အခက်ကြီးထဲမှာလည်း မပါဝင်ဘူး။ စနစ်တကျကုရင် ပျောက်နိုင်တဲ့ရောဂါမျိုးဖြစ်ပါတယ်။ သန့်ရှင်းရေးကို အလေးထား ပြောဆိုနေကြတာလည်းရာနှုန်းပြည့်တော့ မမှန်သေးဘူး။ နေ့စဉ်ခေါင်းလျှော်ရင် ဗောက်ကို ပိုဆိုးလာနိုင်သေးတယ်။ နောက်ပြီး မြင်သမျှ ရှန်ပူတွေ အရမ်းကာရော သုံးနေတာလည်း မဟုတ်သေးဘူး။ တချို့ရှန်ပူတွေမှာ စတီးရွိုက်အပြင်းစားတွေ ပါနေတတ်တာမို့ ရိုးရိုးဗောက်မှာ သုံးရင် ပိုဆိုးလာနိုင်တယ်။ ဒီအချက်တွေတော့ သတိပြုစေချင်တယ်။

ဗောက်သဘောက မကြာခဏဖြစ်တတ်ပါတယ်။ ပျောက်ပြီးရင် ပြန်ပေါ်လာတတ်တယ်။ ကုတဲ့အခါ ဆေးတမျိုးတည်း အမြဲသုံးစွဲခြင်းဟာ ရေရှည်အကျိုးသက်ရောက်မှုကို ထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် အချိန်ခါလိုက်ပြီး လိုသလိုပြောင်းသုံးရမယ်။ ဘယ်လိုသုံးမလဲဆိုတာ ရောဂါတခုချင်းအနေထားပေါ်သာမူတည်တယ်။ ကုတဲ့ဆရာဝန်ကလည်း ဒီအပိုင်းမှာ ကျွမ်းကျင်နေဖို့လိုပါတယ်။ မှိုပိုးတခုတည်းလက်ညှိုးထိုးပြီး မှိုပိုးသတ်ဆေး ထိုင်ပေးနေရုံနဲ့ သက်သာမှာ မဟုတ်ပါ။ နောက်ထပ် ထည့်သွင်းစဉ်းစားရမှာက အာဟာရဓာတ်ချု့တဲ့မှုပါ။ ဇင့်၊ ဖောလစ်အက်ဆစ်နဲ့ ဗီတာမင်ဘီ ဓာတ်တွေလည်း လိုနိုင်ပါသေးတယ်။ အစိုဓာတ်နည်းရင် အိုမီဂါသရီးပါတာတွေ ထပ်ထည့်ရဦးမယ်။ ဗောက်ကို မကုဘဲထားရင် ဆံပင်ကျွတ်နိုင်တယ်။ ထိပ်ပြောင်နိုင်တယ်။ ကုတ်ပါများရင် ဦးရေပြား ပိုးဝင်တာထိ ဖြစ်လာနိုင်တယ်။ ဆရာဝန်နဲ့သေချာကုဖို့လိုပါတယ်။

မွေးကင်းစကလေးတွေမှာဖြစ်တဲ့ cradle cap ဦးရေပြားရောင်တာကလည်း အဖြစ်များတယ်။ အသက်(၁)နှစ်အောက် အဖြစ်များတယ်။ seborrheic dermatitis အမျိုးအစားထဲပါတယ်။ မွေးကင်းစအရွယ် ဦးရေပြားမှာ ခပ်ထူထူ ခပ်ကြီးကြီးအဝါဖတ်တွေ အကွက်လိုက်ဖြစ်တာမျိုးကို ခေါ်တာပါ။ ပုံမှန်အားဖြင့် ကုဖုိ့မလိုဘဲ အသက်(၆)လအတွင်း သူ့ဘာသာ သက်သာတယ်။ စိုးရိမ်နေတဲ့မိဘများအနေနဲ့ baby mild shampoos သို့မဟုတ် baby oil ,olive oil ,coconut oil စသည်ဖြင့် ဆီတမျုးမျိုးကို နေ့စဉ် အသုံးပြုရုံနဲ့လုံလောက်ပါတယ်။

ဗောက်ကို ကာကွယ်ဖို့ အရေးကြီးတဲ့ အချက်(၅)ချက်ရှိပါတယ်။ ဒီအချက်တွေ သေချာလိုက်နာရမယ်။

(၁) တပတ်ကို ၂-၃ကြိမ်သာ ခေါင်းလျှော်ပါ။နေ့စဉ်မလျှော်ပါနဲ့။ ခေါင်းလျှော်နေစဉ် ဦးရေပြားကို အတင်းကုပ်ခြစ်တာမျိုး မလုပ်ရဘူး။

(၂) ခေါင်းလျှော်ပြီးတဲ့အခါ hair gel တွေ၊ spray တွေ မသုံးပါနဲ့။ အဆီဂလင်းနဲ့ပေါင်းပြီး ဗောက်ကို ပိုဆိုးစေနိုင်တယ်။ အလားတူ ဆိုးဆေးနဲ့ ဆံပင်သန်ဆေးသုံးတဲ့အခါ သတိပြုရမယ်။

(၃) နေ့စဉ်ခေါင်းဖီးသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဦးရေပြားအခြေက ထွက်လာတဲ့ ဆဲလ်သေတွေကို ဖယ်ရှားဖို့ ဖြစ်ပါတယ်။

(၄) စိတ်ဖိစီးမှုက ဗောက်ထစေတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုတတ်နိုင်သမျှ လျှော့ချပါ။

(၅) ဗောက်ထသူတွေအနေနဲ့ မကြာခဏ နေရောင်ပြသင့်တယ်။ ခရမ်းလွန်ရောင်ခြည်မှာပါတဲ့ UVA အမျိုးအစားက ဗောက်ကိုသက်သာစေတယ်။

အပြင်ထွက်လျှင် ဦးထုပ်အမြဲဆောင်းတာ ပုံမှန်အားဖြင့် မကောင်းဘူး။ ထွက်လာတဲ့ ချွေးနဲ့ အစိုဓာတ်က မှိုပိုးပေါက်ဖွားမှုကို အားပေးလို့ဖြစ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
အရေပြားအထူးကု ဆရာဝန်

https://drayeminhtoo.com/dandruff/

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


အမှတ် ၄၁၊ ၅၃ လမ်း၊ ပုဇွန်တောင် ၊
Yangon