Hair Queen:Organic Hair Treatment
Hair Queen ဆံသားအားဖြည့်ဆီ +
Detox and Repair Shampoo
လက်လီလက်ကားဖြန့်ချီရေး 09780660160/09258552141
11/03/2026
🌞 နေပူပူနဲ့ ပြန်လာပြီး ချက်ချင်း ရေချိုးချလိုက်တာ၊ ခေါင်းပေါ်ကနေ ရေစလောင်းချတာ စတဲ့ အကျင့်တွေက သင့်ရဲ့ ကျန်းမာရေးအတွက် အလွန်အန္တရာယ်များတယ်ဆိုတာ သိပါသလား?
အထူးသဖြင့် သွေးတိုးရောဂါရှိသူတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ရေချိုးမှားခြင်းကြောင့် သွေးလန့်တာ နဲ့ လေဖြတ်ခြင်း အထိ ဖြစ်ပွားနိုင်ပါတယ်။
🤔ဘာကြောင့် ခေါင်းကနေ ရေစမလောင်းသင့်တာလဲ?
ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ အပူချိန်ပြောင်းလဲမှုကို ချက်ချင်း လိုက်မညှိနိုင်ပါဘူး။ ခေါင်းပေါ်ကို ရေအေးစလောင်းချလိုက်ရင် သွေးကြောတွေက ရုတ်တရက် ကျုံ့သွားပြီး သွေးဖိအား မြင့်တက်ကာ ဦးနှောက်သွေးကြော ပေါက်ထွက်တာမျိုးအထိ ဖြစ်စေနိုင်လို့ပါ။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ ရေချိုးနည်းလမ်း (၅) ဆင့် -
ခန္ဓာကိုယ်ကို အပူချိန်နဲ့ တဖြည်းဖြည်း ညှိယူနိုင်ဖို့ အောက်ပါအတိုင်း အစဉ်လိုက် ရေချိုးပေးပါ-
🔹1. ခြေဖဝါးမှ စတင်ပါ
အရင်ဆုံး ခြေဖဝါးနဲ့ ခြေထောက်တွေကို ရေစလောင်းပါ။
🔹2. ဒူးနှင့် ပေါင်
ထို့နောက် ဒူးကနေ ပေါင်အထိ ရေလောင်းပြီး အအေးဓာတ်ကို ခံယူပါ။
🔹3. လက်နှင့် ပခုံး
လက်ချောင်းလေးတွေကနေ ပခုံးအထိ ရေကို ဖြည်းဖြည်းချင်း ဆွတ်ဖျန်းပေးပါ။
🔹4. ကိုယ်ခန္ဓာ
ခါးကနေ ရင်ဘတ်အထိ ရေလောင်းပြီး ခန္ဓာကိုယ် အပူချိန်ကို ညှိပါ။
🔹5. နောက်ဆုံးမှ ဦးခေါင်း
ခန္ဓာကိုယ်တစ်ခုလုံး အအေးဓာတ်နဲ့ ယဉ်ပါးသွားပြီဆိုမှ ဦးခေါင်းကို ရေလောင်းချပါ။
သတိထားရမည့် အချက်များ ⚠️
* နေပူထဲက ပြန်လာလျှင် သို့မဟုတ် လေ့ကျင့်ခန်း လုပ်ပြီးလျှင် အနည်းဆုံး (၁၅) မိနစ်ခန့် အနားယူပြီး ချွေးစင်မှ ရေချိုးပါ။
* ဗိုက်အရမ်းဆာနေချိန် သို့မဟုတ် အစာစားပြီးခါစတွင် ရေမချိုးပါနှင့် (အစာခြေစနစ်ကို ထိခိုက်စေနိုင်ပါသည်)။
* အရမ်းအေးလွန်းသော သို့မဟုတ် အရမ်းပူလွန်းသော ရေကို ရှောင်ကြဉ်ပါ။
✅️ ရေချိုးတာဟာ ကိုယ်ခန္ဓာ သန့်ရှင်းဖို့တင်မကဘဲ သွေးလှည့်ပတ်မှုကိုလည်း ထိန်းညှိပေးတာမို့ အစဉ်လိုက် စနစ်တကျ ချိုးပေးဖို့ အရေးကြီးပါတယ်နော်။
မိမိတို့ရဲ့ မိဘဘိုးဘွားတွေနဲ့ သူငယ်ချင်းတွေ သိသွားအောင် ဒီအချက်လေးကို **Share** လုပ်ပြီး သတိပေးလိုက်ပါဦး။ 👇
"အားလုံးပဲ ကျန်းမာပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ.....
သင် ချစ်ခင်ရတဲ့မိတ်ဆွေ၊ အပေါင်းသင်းများကိုလည်း မျှဝေပေးခြင်းဖြင့် ကျန်းမာရေးကုသိုလ်ယူနိုင်ပါ....."
& Knowledge #ကျန်းမာရေးဗဟုသုတ #ကျန်းမာရေး
crd
06/03/2026
IMEI စစ်ကြည့်ချင်ရင်...
အရင်ဆုံး * #06 # ကိုနှိပ်။
IMEI ဆိုတဲ့ ဂဏန်းတွဲအများကြီးကို ကူးထား။
အောက်က ဝက်ဆိုက်ကိုသွား
https://ceir.gov.mm/
လက်ရှိအခြေအနေစစ်ဆေးရန်ဆိုတဲ့ခလုတ်ကိုနှိပ်။
ကူးထားတဲ့ IMEI ဂဏန်းတွေဖြည့်။ I am not robot ကို အမှန်ခြစ်။ လက်ရှိအခြေအနေကို စစ်ဆေးရန်ကိုနှိပ်။ အခွန်ပေးပြီးသားဆို ပုံထဲကအတိုင်းပြလိမ့်မယ်။
အလွယ်ပြောရရင် ဝက်ဆိုက်ထဲဝင် စာဖတ်ကြည့်ပြီး ခိုင်းတာလိုက်လုပ်ပြီး စစ်ကြည့်လို့ရတယ်။ မြန်မာဘာသာ ပြောင်းဖတ်လို့ရတယ်။ (လိုရမယ်ရ vpn ခဏ ပိတ်ချင်ပိတ်ပေါ့)
မပေးရသေးရင် အခွန်ဆောင်ရန်ကို ဝင်ဖတ်ကြည့်ပေါ့။
Crd
17/02/2026
ဆံပင် အမြဲလှပနေတဲ့ သော့ချက်က ဆံသားနှပ်ဆီပဲ နော်
➡️ ဆံပင်ရှယ်ကျွတ်ပြီး အုံပါးသွားတာတို့
➡️ ဆံပင် အရမ်းခြောက် နေတာတို့
➡️ ဦးရေပြားခြောက်ပြီး ဗောက်အချပ်လိုက် ထတာတို့
Hair Queen Oil ကိုသာ နှပ်ပြီး ခေါင်းလျှော် ကြည့်လိုက်ပါ
လှပ ကျန်းမာတဲ့ ဆံပင်လေးပိုင်ဆိုင်ရမှာ အမှန်ပဲနော် 🫶🫶
Crdsengaye
#ဦးရေပြားနဲ့ဆံသားအားဖြည့်အဆီ
💧 ရေသောက်နည်းခြင်းရဲ့ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ....
ကျန်းမာရေးဆိုင်ရာ လေ့လာသုံးသပ်ချက်များ အရ အမျိုးသား တစ်ဦး အနေနဲ့ တစ်နေ့ကို ရေ ၃.၇ လီတာခန့် သောက်သုံးပေးဖို့ လိုအပ်ပြီး၊ အမျိုးသမီးတွေကတော့ တစ်နေ့ကို ၂.၇ လီတာခန့် သောက်သုံးပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကုန်ဆုံးသွားတဲ့ ရေဓာတ်တွေကို ပြန်လည် ဖြည့်တင်းပေးခဲ့ခြင်း မရှိဘူးဆိုရင် မလိုလာအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
ကျန်းမာရေးဆိုင်ရာ လေ့လာသုံးသပ်ချက်များ အရ အမျိုးသား တစ်ဦး အနေနဲ့ တစ်နေ့ကို ရေ ၃.၇ လီတာခန့် သောက်သုံးပေးဖို့ လိုအပ်ပြီး၊ အမျိုးသမီးတွေကတော့ တစ်နေ့ကို ၂.၇ လီတာခန့် သောက်သုံးပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကုန်ဆုံးသွားတဲ့ ရေဓာတ်တွေကို ပြန်လည် ဖြည့်တင်းပေးခဲ့ခြင်း မရှိဘူးဆိုရင် မလိုလာအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
ဒါကြောင့် ရေသောက်နည်းခြင်းရဲ့ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
ကိုယ်အပူချိန် မြင့်တက်ခြင်း
ချွေးထွက်ခြင်းဖြင့် ကျွန်တော်တို့ ခန္ဓာကိုယ်တွင်း မြင့်တက်လာတဲ့ အပူချိန်ကို ထိန်းညှိပေးလျက် ရှိပါတယ်။ တကယ်လို့ ရေသောက်နည်းခြင်းကြောင့် ခန္ဓာကိုယ် အတွင်းမှာ ရေဓာတ် နည်းပါးသွားခဲ့မယ်ဆိုရင် ချွေးထွက်ခြင်း လုပ်ငန်းစဥ်ကို လုပ်ဆောင်နိုင်တော့မှာ မဟုတ်တာကြောင့် ကိုယ်အပူချိန် မြင့်တက်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
သွေးပေါင်ကျခြင်း
ခန္ဓာကိုယ်တွင်း ရေဓာတ်နည်းပါးသွားတဲ့ အခါမျိုးတွေမှာ ပရိုတိန်း ပါဝင်တဲ့ သွေးရည်ကြည် ထုထည် ကျဆင်းခြင်းကို ဖြစ်ပွားစေမှာ ဖြစ်တာကြောင့် သွေးပေါင်ကျခြင်းကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။
မူးဝေခြင်း၊ အော့အန်ခြင်း
ခန္ဓာကိုယ်တွင်း ရေဓာတ် နည်းပါးခြင်းကြောင့် ကိုယ်အပူချိန် မြင့်တက်ခြင်း၊ သွေးပေါင်ကျခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားရမှာဖြစ်တဲ့ အပြင် နှလုံးခုန်မြန်ခြင်းကိုလည်း ခံစားရနိုင်ပါတယ်။ နှလုံးခုန်မြန်ခြင်းကြောင့် မူးဝေခြင်း၊ အော့အန်ခြင်းတို့ကို ခံစားရမှာ ဖြစ်ပါတယ်။
ဝမ်းချုပ်ခြင်း
ရေဓာတ် အနေနဲ့ ခန္ဓာကိုယ်အတွင်းမှ မလိုအပ်တော့တဲ့ အစားအစာတွေကို ခန္ဓာကိုယ် အပြင်ဘက်ကို ချောမွေ့စွာ စွန့်ထုတ်နိုင်ဖို့ ကူညီပေးလျက် ရှိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ် နည်းပါးသွားတဲ့ အခါမှာ အစာချေနဲ့ အူလမ်းကြောင်း စနစ်မှာ မလိုလားအပ်တဲ့ ဘေးထွက် ဆိုးကျိုးတွေကို ဖြစ်ပွားစေနိုင်ပြီး ဝမ်းချုပ်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
ခေါင်းကို'က်ခြင်း
အကြောင်းပြချက် မရှိဘဲ ခေါင်းကို'က်ခြင်းကို ခံစားရတာကလည်း ခန္ဓာကိုယ်တွင်း ရေဓာတ် နည်းပါးလာတာကြောင့် ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းမှာ ရေဓာတ် နည်းပါးသွားတဲ့ အခါမှာ ဦးနှောက် အနေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း မရှိတာကြောင့် ခေါင်းကို'က်ခြင်း၊ ခေါင်းမူးခြင်းစတဲ့ ဝေဒနာတွေကို ခံစားရတာ ဖြစ်ပါတယ်။
အသားအရေ ခြောက်သွေ့ခြင်း
ရေသောက်နည်းနေပြီဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်တဲ့ နောက်ထပ် အချက်တစ်ချက်ကတော့ အသားအရေ ခြောက်သွေ့လာခြင်းပဲ ဖြစ်ပါတယ်။ အရေပြားဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ လှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ အတွက် တစ်နေ့ကို ရေ ၈ ခွက်ခန့် သောက်သုံးပေးဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်တွင်းမှာ ရေဓာတ် နည်းပါးသွားတဲ့ အခါမှာ ခန္ဓာကိုယ် အတွင်းရှိ အဆိပ်အတောက်တွေကို ချွေးအဖြစ် စွန့်ထုတ်နိုင်မှာ မဟုတ်တာကြောင့် အသားအရေ ခြောက်သွေ့ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
ခံတွင်း အနံ့ဆိုးထွက်ခြင်း
ရေသောက်နည်းတဲ့ အခါမှာ ပါးစပ်တွင်း တံတွေး ထုတ်လုပ်မှုလည်း နည်းပါးသွားမှာ ဖြစ်တာကြောင့် ပါးစပ်ခြောက်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တံတွေး ထုတ်လုပ်မှု နည်းပါးသွားခြင်းကြောင့် ပါးစပ်တွင်း ဘက်တီးရီးယားများ ပိုမို ပေါက်ဖွားလာနိုင်ပြီး ခံတွင်း အနံ့ဆိုးထွက်ခြင်းကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။
"အားလုံးကျန်းမာပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ.....
သင် ချစ်ခင်ရတဲ့မိတ်ဆွေအပေါင်းသင်းများကိုလည်း မျှဝေပေးခြင်းဖြင့် ကျန်းမာရေးကုသိုလ်ယူနိုင်ပါတယ်....."
& Knowledge #ကျန်းမာရေးဗဟုသုတ #ကျန်းမာရေး
23/12/2025
#မှာနေကျ cus မမရဲ့ Hair Queen အမှာလေး
pro က 25-31 ထိ
Hq oil Buy 3 Get 1
Shampoo Buy 1 Get 1 ရမှာမို့ စောင့်ခိုင်းထားပြီ
25 ရက်နေ့ပို့ပါမယ်
Hq oil 3+1=4 ဘူး
shampoo 2+2=4 ဘူး
Hair Queen
09780660160
09258552141
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
