Her Beauty

Her Beauty

Share

အစစ်အမှန် authentic skincare & cosmetics များကို ဥရောပနိုင်ငံများနှင့် အင်ဒိုနီးရှားမှ official counters များမှတဆင့် ဝယ်ယူရောင်းချပါသည်။

Photos from Her Beauty's post 08/07/2026

Charlotte Tilbury lip combo နဲ့ mascara လေး website price အတိုင်း တချောင်းစီရပါမယ်။ ဒါက ရန်ကုန်အရောက်ဆို ၂သိန်းကျော်ရှိပါတယ်။ ယူရိုမို့လို့ AYA bank rate အတိုင်း 5000 နဲ့ပါ။ အကုန်လုံး တတွဲတည်းယူမယ်ဆို ၄သိန်းခွဲပါ။ Sept ပထမအပတ်လောက် ရန်ကုန်ရောက်ပါမယ်။

Photos from Her Beauty's post 03/07/2026

Lip balm နဲ့ nail balm ချစ်စရာလေး သော့ချိတ်လေးလိုပဲ

18/06/2026

ghdက မှာထားတဲ့ hot brush set လေးရ 🥹
သူ့ရဲ့ hot brush ထည့်တဲ့
အပူခံ သားရေအိတ်က အရောင်စိုပြီး
ထသွားထလာ accessory အနေနဲ့တောင် ကိုင်လို့ရ

16/06/2026

အမှန်ဆို စိန်ထက် ရွှေစုတာကို အားပေးတယ်။ ဒါပေမယ့် ကိုယ့် engagement ring တုန်းကတော့ စိန် ပဲလိုချင်ခဲ့တယ်။ အမှန်ကြိုက်တာက Sapphire ဒါပေမယ့် နီလာက နေ့စဉ်ဝတ်ဖို့ မမာတော့ စိန်ပဲစဉ်းစားမိသွားတာ။ ချမ်းသာတဲ့သူတွေတော့မသိပေမယ့် ကိုယ်တွေလို လူလတ်တန်းစားကတော့ ရွှေစုတာပိုပြီး လက်တွေ့ကျတယ်။ ဒါပေမယ့် မင်္ဂလာဆောင်မယ့်နေ့အတွက်တော့ gems stone တခုခုကို တဆက်စာလောက်တော့ ဝယ်စေချင်တယ်။ ဘာလို့လဲဆို ဒါတွေက အမှတ်တရဖြစ်တဲ့အတွက် ပြန်ရောင်းမှာမဟုတ်သလို ကလေးရှိလာရင် ကိုယ့်ကလေးအတွက် ဒီတဆက်စာကို လက်ဆင့်ကမ်း မိဘအမွေအဖြစ် ပေးလိုက်လို့ရတယ်။ ရသမျှ ရွှေစု၊ ဒါပေမယ့် မိဘအမွေအဖြစ် လက်ဆင့်ကမ်းချင်တဲ့ ရတနာဆက်လေးတွေတော့ ရှိသင့်တယ်ထင်တယ်။

Photos from Her Beauty's post 16/06/2026

အမ်မီ ဇူလိုင်လနဲ့ ဒီဇင်ဘာလမှာ ဥရောပဘက် သွားစရာရှိလို့ ချစ်သူကောင်မလေးအတွက် GIA/IGI certificate အပြည့်အစုံလည်းရှိပြီး natural diamonds တွေကိုmining လုပ်တဲ့ဆီက တိုက်ရိုက်ယူပြီး နံမည်ကြီးတဲ့ ဘယ်ဂျီယံ Antwerp မြို့မှာရှိတဲ့ BAUNAT jewelry ကနေ စိန်လက်စွပ်တွေ engagement ringsတွေမှာမယ်ဆိုရပါတယ်။ သူတို့ဆီက jelwery တွေက နှစ် ၂၀ အာမခံမို့လို့ နောက်ပိုင်း ချစ်သူကောင်မလေးကို သူ့ကို proposeလုပ်တဲ့ ring ရဲ့ မူရင်းဒေသအကြောင်းပြောပြပြီး wedding anniversary / honeymoon trip အနေနဲ့တောင် စီစဉ်ရင်တောင် Antwerp က အရမ်းလည်လို့ကောင်းတဲ့ ကျောင်းသားမြို့မို့ အဘက်ဘက်က ပြည့်စုံပြီး ဖြစ်နေမှာပါ။ သူ့ရဲ့ ringတွေက carat weight ရယ် clarity ရယ် အရောင်ရယ် cutရယ်ပေါ်မူတည်ပြီး USD 3000+ ပါ။ စျေးအရမ်းကြီးတဲ့ထဲမပါပါဘူး။ ဘယ်ဂျီယံက artisan တွေကိုယ်တိုင် craft လုပ်ထားတဲ့ jelwery တွေပါ။ ဒါကတော့ သူတို့ရဲ့ website ပါ။ (https://www.baunat.com/en/about-baunat)

ရန်ကုန်အရောက် Service fees အနေနဲ့ USD 5,000 အောက်ဆို 20 ရခိုင်နှုန်းနဲ့ USD 5,000 အထက်ဆို 15 ရာခိုင်နှုန်းပါ။ jelwery စျေးနှုန်းနဲ့ design က အပေါ်က website မှာ ကြည့်လို့ရပါတယ်။ ဇူလိုင်အမှီဆို စက်တင်ဘာလ ရန်ကုန်ရောက်မှာဖြစ်ပြီး ဒီဇင်ဘာအတွက်ဆို ဖေဖော်ဝါရီလ ရမှာပါ။ paymentက မြန်မာငွေနဲ့ပေးချေလို့ရပြီး ပေးတဲ့နေ့ရဲ့ ပေါက်စျေးအတိုင်းပါ။

Photos from Her Beauty's post 09/06/2026

ရေအပြောင်းအလဲကြောင့် ဆံပင်ကျွတ်လာတွေ အသားအရေခြောက်လာတာတွေဆိုWeddell duo shower filter ကို recommendပါ။ ဘာကြောင့်လဲဆို အမ်မီကိုယ်တိုင် သုံးဖို့အတွက် review တွေကို report တွေက အစ လိုက်ဖတ်ထားတာမို့ပါ။ အောက်ကတော့ SQ သွားတုန်းက ဝယ်လာတာပါ။ 9/10 ပါ။ သူနောက်ဒုတိယအနေနဲ့ လိုက်တာက Sprite Slim-line 2 shower filterပါ။ အမှန်ပြောရင် ဒီfilter က chlorine ကို water treatment မှာ အရမ်းသုံးကြတဲ့ ထိုင်းတို့ Singapore တို့ Europe တို့အတွက်ပိုအဆင်ပြေတယ်။ သူက တပ်ရလည်း လွယ် သယ်ရလည်းလွယ်တော့ ခရီးသွားရင်တောင် ယူလို့ အဆင်ပြေတယ်။ မြန်မာအတွက်တော့ recommend မပေးပါ။ သူက water treatment မဟုတ်လို့ပါ။

ဒါကတော့ websiteမှာရေးထားတဲ့ သူတို့ရဲ့ statementပါ။
“NSF အသိအမှတ်ပြု လက်မှတ်ရထားသော ရေချိုးခေါင်းစစ်ကိရိယာဖြစ်ပြီး ကလိုရင်းဓာတ်ကို လျှော့ချပေးသည့်အပြင် PFAS နှင့် အမှုန်အမွှားများကိုလည်း စစ်ဆေးအတည်ပြုထားသည့် အတိုင်း လျှော့ချပေးနိုင်ရန် ဒီဇိုင်းထုတ်ထားပါသည်။ ထို့ကြောင့် အသားအရေ၊ ဆံကေသာနှင့် နေ့စဉ်အသုံးပြုသည့် ရေအရည်အသွေး ကျန်းမာကောင်းမွန်ရေးကို ပံ့ပိုးပေးပါသည်။”

09/06/2026

နာရီမှာဆို Rolex, ကားမှာဆို Rolls Royce လို့ပြောလို့ရသလို ခေါင်းဖီး hairbrush မှာဆို Mason Pearson က luxury of luxury လို့တောင်ပြောလို့ရမယ်။ website စျေးတင် size နဲ့ အမျိုးအစားပေါ်မူတည်ပြီး 120-450 USD ကြားရှိတယ်။ 🥲

သူ့မှာနံမည်ကြီးတာက ပုံမှာပါတဲ့ boar bristle နဲ့ nelon (နိုင်လွန်) နဲ့လုပ်ထားတဲ့ brushပဲ။ Abbey Young တို့လည်း review ပေးထားလို့လိုက်ဖတ်ကြည့်တာ ဆံသားသေးတဲ့သူဆို full boar bristleကို recommend ပေးကြတယ်။

သူကဘယ်လိုလဲဆို ကိုယ်တွေခေါင်းလျှော်ပြီး ၂-၃ ရက်ဆို ဦးရေပြား အဆီပြန်တယ်မလား။ ဒီ Boar Bristle က ဦးရေပြားမှာရှိတဲ့ သဘာဝအဆီတွေကို ဆံသားအရှည်တစ်လျှောက် ညီညီမျှမျှ ဖြန့်ပေးနိုင်လို့ ဆံပင်က ပိုမိုတောက်ပလာပြီး ကိုယ်တွေ ပုံမှန် ခေါင်းဖီးပြီးရင် ဖြစ်လေ့ရှိတဲ့ ဘေးနားကနေ ဖွာထွက်နေတာ၊ look neat ဖြစ်မနေတာတွေကို လျော့လာတယ်ပြောတယ်။ Brush လုပ်ပြီးတဲ့အချိန်မှာလည်း ဆံပင်က နူးညံ့ပြီး healthy look ပိုရတယ်လို့ ပြောကြတယ်။ ဒါပေမယ့် သူက detangling brush မဟုတ်ပါဘဲ stylingလိုမျိုးသုံးရတာပါ။ သူရဲ့ dupe တွေလည်း အများကြီးထွက်တယ်။ အဲ့ထဲမှာ စျေးအနည်းဆုံးနဲ့ ဆင်တာက Denman brandလို့ပြောကြတယ်။ user review တွေသွားကြည့်လိုက်ရင် နှစ်ဆယ်ချီသုံးနေကြတာတွေ နောက်ပြီး အမေ့ဆီက အဖွားဆီက အမွေရလို့ တန်ဖိုးထားသုံးနေတာတွေလည်းတွေ့။

ကိုယ့်အနေနဲ့တော့စျေးအတော်များ ဒါပေမယ့် ကိုယ့်သူငယ်ချင်းအတွက် wedding gift ပေးတာဖြစ်ဖြစ် Mother Day giftလို Anni giftလိုမျိုး အနေနဲ့တွေးလိုက်ရင် မဆိုးဘူးလို့တော့ ထင်တယ်။ မှာမယ်ဆိုရင်တော့ နယ်သာလန်က ဝယ်ပေးလို့ရပါတယ်။ ဒါပေမယ့်လောလောဆယ်က USက မှာရင်အတန်ဆုံးပဲထင်တယ်။ Costco မှာ 100 ကျော်နဲ့ size အသေးဝယ်လို့ရတယ် တွေ့တယ်။

Photos from Her Beauty's post 06/06/2026

Dyson ကိုတော့ တော်တော်များများ သုံးကြပေမယ့် Ghd styling tool တွေကိုတော့ သုံးတာသိပ်မတွေ့လို့။ သူက end user ထက် hair saloon တွေနဲ့ hairstylist တွေကို target ထားလို့လည်း ပါမယ်။ အခု 6.6 sales မှာ သူ့ဆီက Hot Brush Straightener လေး sales ချနေတာတွေ့လို့ လာပြောပြတာ။ ပုံမှန်ဆို သူ့တခုတည်းကို ရန်ကုန်အရောက် kg ခ မပါသေး။ website price တင် ၉ သိန်းခွဲကို အခု ဒီတိုင်းဝယ်ရင် တသိန်းလောက်ပေးရမယ့် Ghd brush ရယ် hot brush straightener ရယ် luxury heatless pouch ရယ်ကိုမှ ရန်ကုန်အရောက် ၉သိန်းခွဲပဲကျပါမယ်။

Youtube မှာ reviewလိုက်ကြည့်သမျှ hair saloon တော်တော်များများက ghd ကို recommend ပေးကြတယ်။ user reviewလိုက်ကြည့်တာ သုံးရတဋလည်း အရမ်းလွယ်။ ရိုးရိုး ခေါင်းဖီးသလိုပဲ။ အဲ့ဒါအပြင် သူက brush အပေါ်လက်တင်ရင်တောင် လုံးဝ မပူ။ ဆံပင်ကော ဖြောင့်ရဲ့လားဆို color people တွေရဲ့ ကောက်နေတဲ့ ဆံပင်ကိုတောင် အေးဆေးဖြောင့်ပေးတာ။ တကယ်သုံးရလွယ်တဲ့ ပစ္စည်းကောင်း။ အမ်မီလည်း တစုံ မှာလိုက်တယ်။

01/06/2026

ဒီ DHT Blocker အကြောင်း စတွေ့တာ Tik Tok မှာတကယ်အလုပ်ဖြစ် မဖြစ် တခြား vloggers review တွေလည်း လိုက်ကြည့်တာ recommend ကြလို့ (သူတို့ပြောတဲ့ brand ကတော့ စျေးကြီး) try ကြည့်လိုက် ပါမယ်ဆိုပြီး ပုံထဲက pumpkin seeds oil ကို စသောက်နေတာ ၂ပတ်ကျော် သုံးပတ်တော့ရှိနေပြီ။

အမ်မီကတော့ approved ပါ။ 🥹

အရင်ကလို ဆံပင်ကျွတ်တာ များမနေတော့ဘဲ လက်သည်းတွေပါ ပိုမာလာပြီး ကျန်းမာလာသလို ခံစားရပါတယ်။ အထူးသဖြင့် လက်သည်းကျိုးလွယ်တာလည်း မဖြစ်တဲ့အပြင် လက်သည်းလေးတွေကပါ ရဲလာတာ။

Pumpkin Seed Oil ကို သဘာဝ DHT Blocker တစ်မျိုးအဖြစ် လူသိများကြပြီး DHT (Dihydrotestosterone) ဆိုတဲ့ ဟော်မုန်းက ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းတွေနဲ့ ဆက်စပ်နိုင်တယ်လို့ ပြောကြပါတယ်။

လူတစ်ယောက်နဲ့တစ်ယောက် ရလဒ်ကွာခြားနိုင်ပေမယ့် ကကိုယ့်အတွက်တော့ တော်တော်အဆင်ပြေ။

ဒါလေးကတော့ မှာမယ်ဆိုရင်တော့ ရပါမယ်။ စောင့်တော့စောင့်ရမယ်။

01/06/2026

ရောင်းတာမဟုတ် ကိုယ့်ဘာသာ လျှောက်ဝယ်ထားတာ။ အထုပ်များစွာထဲက တထုပ်🥹

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


May Inya Resience
Yangon
11161