Lamin's Daily

Lamin's Daily

Share

မှန်ကန်သောအတွေးအခေါ်တွေနဲ့

မိသားစုအပေါ်ဦးဆောင်တတ်ဖို့နဲ့

လောကဓံကပေးရတဲ့လက်ဆောင်

မှန်သမျှ တည်ငြိမ်စွာကျော်ဖြတ်နိုင်စေ
ဖို့

12/06/2026

မိသားစုအတွက် အရာရာကိုသီးခံပြီးကျော်ဖြတ်နေရတဲ့သူဆို ဒီVd က မင်းအတွက်ပါဘဲ့

11/06/2026

ချစ်လှစွာသော ငါရေ...
ဒီနေ့ ဒီအချိန်လေးထိ ကောင်းကောင်းမွန်မွန်လေးရှင်သန်နေပေးလို့ ကျေးဇူးတင်ပါတယ်...
ဒီနေ့လေးမှာ ဝမ်းနည်းစေခဲ့တာမျိုးရှိခဲ့မယ်ဆို ငါ့ရဲ့နှလုံးသားလေးကို ကြင်ကြင်နာနာလေးထွေးပွေ့လို့ပေးထားပါ့မယ်...
ဒီနေ့လေးမှာ တစ်စုံတစ်ရာကြောင့် စိတ်ကလေးပင်ပန်းစေသလိုဖြစ်စေခဲ့မယ်ဆိုလည်း ငါ့ကိုပင်ပန်းစေတဲ့အရာတွေဆီကနေ လွတ်မြောက်ခွင့်ပေးပါတယ်...။
ကျေးဇူးပြု၍ မလိုအပ်တဲ့အတွေးတွေထပ်မတွေးပဲစိတ်နှလုံးသားကိုပင်ပန်းစေမယ့်အရာတွေမခံစားပဲပေါ့ပါးစွာရှင်သန်နေပေးနော်...ဒါလေးကိုမမေ့နဲ့...။
" ငါကိုယ်ငါ ချစ်ပါတယ်...
ငါက ပျော်ရွှင်ခြင်းတွေပြည့်ဝနေတဲ့လူသားလေးအဖြစ်ရှိနေဖို့ ထိုက်တန်ပါတယ်...
ငါလိုချင်တောင့်တတဲ့အရာတွေလည်း ငါရရှိတယ်
ငါလိုချင်တောင့်တတဲ့ချစ်ခြင်းတွေလည်းရရှိတယ်
ငါလိုချင်တဲ့ ငါနဲ့ထိုက်တန်တဲ့ကြွယ်ဝချမ်းသာမှုတွေကိုလည်း ငါကလက်ခံရရှိပါတယ်...
ကောင်းမွန်ခြင်းတွေအားလုံးကိုလက်ခံရရှိတဲ့ လူသားလေးအဖြစ်ရှင်သန်ခွင့်ရနေခဲ့လို့ ကျေးဇူးပါပဲ...

11/06/2026

ရေထဲမှာ လှေရှိတာပြသနာမဟုတ်ဘူးနော်
လှေထဲမှာ ရေရှိနေတာကတကယ်ပြသနာ

10/06/2026

မနက်အိပ်ယာနိုးတာနဲ့ မိမိကိုယ်ကိုဒီလိုလေးမေတ္တာအရင်ပို့ပါ

▪️“ အရှင်ဘုရား ….
တပည့်တော်သည် ဘဝသံသရာ အစမှ စ၍ ယခုအချိန်အထိ မပြစ်မှားထိုက်သော ပုဂ္ဂိုလ်တို့အပေါ် ကာယကံ ၊ ဝစီကံ ၊ မနောကံ ၊ တစ်ပါးပါးသော ကံတို့ဖြင့် ပြစ်မှားမိခဲ့သည်ရှိသော် ထိုအပြစ်တို့မှ အမြန်ဆုံး ကင်းလွတ်ငြိမ်းပါစေဘုရား”

▪️ “ဘုရားတပည့်တော်သည် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျဿနတရား ငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်း၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။

▪️ “ဘုရားတပည့်တော်သည် ယနေ့ ယခုအချိန်မှစ၍ စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ”

▪️ “သွားလေရာ လာလေရာ ခလုတ်မထိ ဆူးမငြိဘဲ ဘေးအန္တရာယ်အသွယ်သွယ်တို့မှ
လည်း လွတ်မြောက်နိုင်ပါစေ”

▪️ “ ဘုရားတပည့်တော် ခံစားနေရသော ဝမ်းနည်းပူဆွေးမှုများသည်လည်း ယနေ့မှစ၍ ပပျောက်ငြိမ်းပြီး ဘုရားတပည့်တော် ဘဝ အမြန်ဆုံး ပျော်ရွှင်အေးချမ်းရပါစေဘုရား”

▪️ “ ဘုရားတပည့်တော်ကို ချစ်သောသူများ ၊ မုန်းသောသူများသည်လည်း ယနေ့မှစ၍
စိတ်ချမ်းသာပါစေ။ ကိုယ်ကျန်းမာပါစေ”

▪️ “ ဘုရားတပည့်တော်ကို အကြိမ်ကြိမ် စိတ်ဆင်းရဲစေသူများသည်လည်း အေးချမ်းကြပါစေ၊ ပျော်ရွှင်ကြပါစေ”

▪️ “ ဘုရားတပည့်တော်ကို စောင့်ရှောက်ကြကုန်သော နတ်မြတ် ၊ နတ်ကောင်း ၊ နတ်အပေါင်းတို့သည် စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ”

▪️ “တပည်တော်သည် ယနေ့မှစ၍ မကောင်းသောပုဂ္ဂိုလ် ၊ ဒုက္ခပေးတတ်သော ပုဂ္ဂိုလ်တို့နဲ့ ကင်းဝေးရပါစေ”

▪️ “ဘုရားတပည့်တော်သည် ယခုအချိန်မှစ၍ စိတ်ဆင်းရဲမှုတွေ ကင်းဝေးပြီး ကောင်းစွာ အိပ်စက်နိုင်ပါရစေ၊ ကောင်းစွာ နေထိုင်နိုင်ပါစေ၊ ကောင်းစွာ စားသောက်နိုင်ပါစေ”

▪️ “ဘုရားတပည့်တော်သည် ယနေ့မှစ၍ သူတော်ကောင်းတို့နှင့်သာ တွေ့ဆုံပြီး သူယုတ်မာတို့နှင့် ကင်းဝေးပါရစေ”

▪️ “ ဘုရားတပည့်တော်သည် မပျော်ရွှင်ရတာ ကြာပြီ ဖြစ်သောကြောင့် ဘုရားတပည့်တော်ရဲ့ စိတ်ကလေး အမြန်ဆုံး အေးချမ်းပါစေ၊ အမြန်ဆုံး ပျော်ရွှင်ပါစေ”

▪️ “ ဘုရားတပည့်တော်နဲ့ ပတ်သက်ဆက်စပ်သော ပုဂ္ဂိုလ်များ ၊ ထို ပုဂ္ဂိုလ်တို့နဲ့ ပတ်သက်ဆက်စပ်သော သတ္တဝါများသည်လည်း ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ”

▪️ “ ဘုရားတပည့်တော် ကြုံတွေ့ခံစားနေရသော ရောဂါ ဝေဒနာများ ရှိခဲ့ပါကလည်း အမြန်ဆုံး သက်သာပျောက်ကင်းရပါလို၏ အရှင်ဘုရား”

▪️ “ဘုရားတပည့်တော်ကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ ဒုက္ခမရောက်ကြပါစေနဲ့ဘုရား၊ ဘုရားတပည့်တော်သည်လည်း မည်သူ့ကြောင့်မှ ဒုက္ခမရောက်ပါစေနဲ့ဘုရား”

09/06/2026

လောကကြီးထဲ
လူတိုင်းငြင်းဆန်ခွင့်မရှိတဲ့အရာများ

28/05/2026

လူရာဝင်ချင်ကြလို့ လူတွေက ဒီလိုအပြုအမူတွေ လုပ်ဆောင်လေ့ရှိကြတယ်

28/05/2026

ဘဝတွေမြင်းမားချင်ရင်
ဒီစိတ်လေး ထားတတ်အောင်ကြိုးစားဖို့လိုပါတယ်

26/05/2026

ဘဝင်မြင့်ခြင်းရဲ့အဆုံးသတ်

25/05/2026

အမျိုးသမီးတယောက်ရဲ့
အလှတရား အမှန်က ❓❓

24/05/2026

ကိုယ်ကိုအဖက်မလုပ်တဲ့သူတွေကိုဘယ်လိုတုံ့ပြန်မလဲ❓❓

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon