Dr. Moe’s Skin Corner

Dr. Moe’s Skin Corner

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr. Moe’s Skin Corner, Health/Beauty, Yangon.

01/04/2026

နွေရာသီမှာ ခရီးသွားဖို့ နေမလောင်အောင် ဘာတွေဆောင်ရမလဲ ဆိုသူတို့အတွက်

ပိတ်ရက်ရှည် ရောက်ပြီဆိုတော့ ✨🏖️
ကမ်းခြေမှာ အပီလန်းဖို့ စီစဉ်နေကြတယ်ဟုတ်?💕🌊

Outfit လှလှလေးတွေရွေးရင်း 😍
နေလောင်ကာပစ္စည်းလေးတွေလည်း ထည့်ဖို့ မမေ့ကြနဲ့နော်? ☀️💦

☀️🥺နေလောင်တယ် ဆိုတာကတော့ အသားအရေက ခရမ်းလွန်ရောင်ခြည် (UV Rays) ကို အလွန်အကျွံ ထိတွေ့မိလို့ ဖြစ်တာပါနော်။

😢နေလောင်တာက မိမိရဲ့ အသားအရေကို နီစေ၊ မည်းစေ၊ လောင်စေ၊ အရည်ကြည်ဖု တွေဖြစ်စေတဲ့အထိဖြစ်စေတတ်ပါတယ်။ အရမ်းဆိုးရင်တော့ အရေပြားကင်ဆာ အထိပါဖြစ်စေနိုင်ပါတယ်။😱

🌊 အပန်းဖြေရင်း နွေနေပူပူမှာ နေမလောင်အောင် လိုအပ်တဲ့အချက်လေးတွေ Sun-Safe Tips ကို ဖော်ပြပေးလိုက်ပါတယ်နော် ✨💖

🧴နေရောင်ကာဆေး Sunscreen ကတော့ အရေးအကြီးဆုံးပဲနော်!
အပြင်မထွက်ခင် မိနစ် 30 အလိုမှာ SPF 50+ PA++++ ပါတဲ့ Sunscreen ကို မျက်နှာနဲ့ တစ်ကိုယ်လုံး အနှံ့ လိမ်းပေးပါ။ ရေစိုသွားရင် ဒါမှမဟုတ် ၂ နာရီခြားတစ်ခါ ပြန်လည်လိမ်းပေးဖို့က အရေးကြီးဆုံးပဲနော်။ 🧴✨

😎လန်းလည်းလန်း နေပူလည်း ကာတဲ့ပစ္စည်းတွေ မမေ့ခဲ့နဲ့နော်!
👒🕶️လှပတဲ့ ဦးထုပ်အဝိုင်းကြီးတွေ၊ နေကာမျက်မှန် နဲ့ နေရောင်ကာပေးနိုင်တဲ့ အဝတ်အစားလေးတွေက သင့်ကို နေရောင်တိုက်ရိုက်မထိအောင် ကာကွယ်ပေးပြီး ပိုပြီးလည်း စတိုင်ကျနေစေမှာပါ။🌹

💦ရေဓာတ်ကို အမြဲဖြည့်တင်းပါ!
နေပူထဲမှာ အချိန်အကြာကြီးနေရရင် ခန္ဓာကိုယ်ထဲက ရေဓာတ်တွေ ခမ်းခြောက်တတ်လို့ ရေများများသောက်ပေးပါ။ ဒါမှ အသားအရေက အတွင်းပိုင်းကနေ စိုပြေနေမှာပါ။ 💧🥰

🍀🌸After-Care ကုထုံးလေးတွေနဲ့ ပြန်လည်ပြုစုပါ!
နေပူထဲက ပြန်လာရင်လည်း အသားအရေကို အေးမြစေမယ့် Soothing Gel (ဥပမာ- Aloe Vera) လေးတွေနဲ့ အသာအယာ လိမ်းပေးပြီး အပူဒဏ်ကို လျှော့ချပေးပါရှင့်။ 🧊🌿

❓ဘယ်လိုနေကာဆေးကို ရွေးရမလဲ။
❓ဘာတံဆိပ်တွေက မိမိအသားအရေနဲ့သင့်တော်မလဲ။
❓ကမ်းခြေမှာလည်း အပီglow ချင်တယ် ဆိုရင်တော့ Amara AD Wellness Clinic မှာ တတ်သိနားလည်တဲ့ဆရာ၀န်နဲ့တိုင်ပင်ဖို့ အခုပဲ Appointment လုပ်လိုက်တော့နော် 📩✨

📞 09253072968, 09428626407
📍 No. 40, Shan Kone Street, Sanchaung Township, Yangon

💕✨

06/03/2026

မေးအောက်ကအဆီထပ်အတွက် ဘာလုပ်ရမလဲဆိုသူတို့အတွက် 🎈

💐အသက်အရွယ်ကြောင့် ပျောက်ကွယ်သွားတတ်တဲ့ မေးရိုးအလှ (Jawline) ကို ပြန်လည်ဖော်ထုတ်လိုပါလား?

🥺မေးနှစ်ထပ်ဖြစ်လို့ စိတ်ညစ်နေပါလား?

📸ဓာတ်ပုံရိုက်တိုင်း လာလာကွယ်တဲ့ မေးအောက်က အဆီထပ်ကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်ချက် ပျောက်နေပါလား?

✨ အချိန်တိုင်းမှာ ယုံကြည်ချက် ရှိရှိ နုပျိုလှပနေစေဖို့... အဆီဖျော်ဆေး Mesolipolysis ရှိနေပါပြီနော်။

💘အဆီဖျော်ဆေးရည်ကို အဆီပိုရှိတဲ့နေရာထဲကို တိုက်ရိုက်ထိုးသွင်းပြီးတော့ အဆီဆဲလ်တွေကို သဘာ၀အတိုင်းပျော်၀င်စေတဲ့ ခေတ်မီနည်းပညာဖြစ်ပါတယ်။

• ✅ ခွဲစိတ်စရာမလိုပဲ သဘာဝအတိုင်း မျက်နှာကျပုံစံကို ပိုမိုပေါ်လွင်စေခြင်း

• ✅ နာကျင်မှုနည်းပြီး အချိန်တိုအတွင်းကုသနိုင်ခြင်း…..စတဲ့ အချက်တွေကြောင့်လည်း လူကြိုက်များ ပါတယ်။

🩺ကျွမ်းကျင်ဆရာ၀န် ကိုယ်တိုင် ကုသမှုပေးတာမို့ မေးရိုးအောက်က အဆီတွေဖျော်ဖို့ စိတ်၀င်စားတယ် ဆိုရင်တော့

☎️ဖုန်းနံပါတ် 09253072968, 09428626407 ကိုအခုပဲ ဆက်သွယ် လိုက်တော့နော်။

📍လိပ်စာ - အမှတ် ၄၀၊ ရှမ်းကုန်းလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။

📩 အသေးစိတ်ကို Messenger မှ တစ်ဆင့်လည်း မေးမြန်းနိုင်ပါတယ်ရှင်။

#မေးနှစ်ထပ်
#အဆီဖျော်

02/03/2026

ဝက်ခြံ မှာဘာတွေရှောင်ရမလဲ၊ ဘာတွေသတိထားရမလဲ ဆိုတဲ့သူလေးတွေ အတွက်….

⭐️ဝက်ခြံကင်းရှင်းပြီး နုပျိုကြည်လင်တဲ့ အသားအရေပိုင်ရှင်ဖြစ်ဖို့အတွက် ဂရုပြုလုပ်‌‌ဆောင်ရမဲ့အချက်(၄)ချက်ကို မျှဝေပေးလိုက်ပါတယ်နော်။ 💖

🌸(၁) လက်နဲ့ လုံးဝ (လုံးဝ) မထိပါနဲ့။ ✅
လက်နဲ့ခဏခဏ သွားကိုင်ရင် ပိုးမွှားတွေဝင်ပြီး ပိုပြီးယောင်ယမ်းတတ်ပါတယ်။

🌸(၂) အစိုဓာတ်ကို မမေ့ပါနဲ့။✅
အသားအရေ ခြောက်သွေ့ရင်လည်း ဝက်ခြံဖြစ်တတ်လို့ ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ moisturizer လေးတွေ ရွေးသုံးပေးပါ။

🌸(၃) ခေါင်းအုံးစွပ်ကို ပုံမှန်လဲပေးပါ။✅
ခေါင်းအုံးစွပ်မှာ ကပ်နေတဲ့ ဖုန်မှုန့်နဲ့ ဘက်တီးရီးယားတွေက ‌၀က်ခြံထွက်ခြင်းကို အားပေးတာမို့ ခေါင်းအုံးစွပ်ကို အနည်းဆုံး တစ်ပတ်တစ်ခါ အသစ်လဲပေးဖို့ လိုပါတယ်။

🌸(၄) ရေများများသောက်ပြီး အိပ်ရေးဝဝအိပ်ပါ။✅
တစ်နေ့ကို ရေ (၂) လီတာသောက်ပြီး အိပ်ချိန်မှန်အောင် ကြိုးစားကြည့်ဖို့လည်း မမေ့နဲ့နော်။

🤔🤔ဒီအချက်တွေ လိုက်နာလျက်နဲ့ ၀က်ခြံတွေမသက်သာလာဘူးဆိုရင်တော့ ကျွမ်းကျင်တဲ့ အရေပြားနှင့်အလှအပဆိုင်ရာ ဆရာဝန်နဲ့တိုင်ပင်ပြီး စနစ်တကျ ကုသမှုခံယူတာကအကောင်းဆုံးပါပဲ။

🌿Amara AD Wellness Clinic မှာ ...
🌈 ဝက်ခြံရောဂါ ကုသမှုများပြုလုပ်ပေးခြင်း။

🌈 အသားအရေ အမျိုးအစားအလိုက် သုံးစွဲသင့်သော အလှကုန်များ တိုင်ပင်ရွေးချယ်ပေးခြင်း။

🌈ကြည်လင်ဝင်းပစေမယ့် သင့်တော်သော Facial Treatments များ ပြုလုပ်ပေးခြင်း တို့ကို နွေးထွေးပျူငှာစွာ ဝန်ဆောင်မှုပေးနေပါပြီ။

💃"ယုံကြည်မှုအပြည့်နဲ့ ဝက်ခြံမြန်မြန်ကင်းဖို့ ...
AMARA AD Wellness Clinic ကို လှမ်းသာလာခဲ့စို့"

📍လိပ်စာ - အမှတ် ၄၀၊ ရှမ်းကုန်းလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
☎️ဖုန်းနံပါတ် - 09253072968,09428626407
📩 Book Now: Messenger မှတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်။





#ဝက်ခြံ
#ဝက်ခြံသက်သာ
#ဝက်ခြံကုသ

08/02/2026

ပွဲလေးလည်းရှိတယ်။ အသားလည်းဝင်းချင်လို့ peeling လုပ်ချင်တယ်ဆိုတဲ့ သူတွေ အတွက်

🥺အသားအရေက မွဲခြောက်ခြောက်ဖြစ်နေတယ်။

🪞🪩မှန်တစ်ချပ်လို ကြည်တောက်ရှင်းတဲ့ မျက်နှာလေးလိုချင်လို့ Peeling လုပ်ချင်တယ်။

🥺ဒါပေမယ့် အာနိသင်မပြခင်မှာ အသားခြောက်မှာ၊ စပ်မှာ၊ အမှုန်လေးတွေထွက်မှာ လည်း မလိုချင်ဘူး။

🤩ဒီအချက်တွေ အားလုံး အတွက် အဖြေကတော့ LHA Luxury Peeling ပါပဲ! 🕊️

🌈🌈 LHA Luxury Peeling က ဘာတွေ ပိုကောင်းသလဲ?

💚အသားထဲကို တဖြည်းဖြည်းချင်း စိမ့်ဝင်လို့ အသားစပ်တာမျိုး မရှိဘဲ ထိရောက်မှု ကလည်း ပိုကြာရှည်ခံပါတယ်။

💚အဆီဝက်ခြံဖုလေးတွေနဲ့ ချွေးပေါက်ကျဉ်းတာအတွက် အထူးကောင်းမွန် ပါတယ်။

💚Sensitive Skin ရှိသူတွေပါ လုပ်လို့ရပါတယ်။

💚ဆဲလ်သေတွေကို ဖယ်ရှားပေးရုံတင်မကဘဲ ကော်လဂျင်ထွက်အောင်ပါ ကူညီပေးလို့ အရေးအကြောင်းတွေကိုပါ သက်သာစေပါတယ်။

စိတ်၀င်စားတယ်ဆိုရင်တော့ ….
☎️09253072968, 09428626407 ကိုဆက်သွယ်လိုက်တော့နော်။

📢အမှတ် ၄၀၊ ရှမ်းကုန်းလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။

💫💃နူးညံ့ပြီး တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ LHA Luxury Peeling ကို ခုပဲ ရွေးချယ်လိုက်တော့နော်။ 💖
#ချွေးပေါက်ကျဉ်း #အသားကြည် #မျက်နှာဝင်း

01/01/2026

အားလုံးပဲ မဂ်လာရှိသောနှစ်သစ် ကိုပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်။🎉🎊🗓️

31/12/2025

🌙ဒီနေ့ဒီဇင်ဘာ31ရက်ည သန်းခေါင်မှာ စပျစ်သီး စားဖို့ စီစဉ်ထားတဲ့ သူတွေရှိကြပါသလား?⁉️⁉️⁉️

🍇 စပျစ်သီး (၁၂) လုံး၊ တောင်းဆု (၁၂) ခုနဲ့ (၁၂) လပတ်လုံး ဝင်းပမယ့် အသားအရေ! ✨

🎈နှစ်သစ်ကူးည သန်းခေါင်ယံအချိန်မှာ ကံကောင်းခြင်းတွေ ရအောင် စပျစ်သီး (၁၂) လုံးစားတဲ့အလေ့အထလေးကို ကြားဖူးကြပါသလား?

🇪🇸🍇စပိန်ရိုးရာအရ စပျစ်သီးတစ်လုံးချင်းစီက ရှေ့လာမယ့် လအသစ်တွေအတွက် ဆုတောင်းချက်တစ်ခုစီကို ကိုယ်စားပြုပါတယ်။

🙏🍀ဒီနှစ်မှာတော့ ကံကောင်းခြင်းတွေတင်မကဘဲ ကိုယ့်ရချင်တဲ့ အသားအရေပုံစံလေးအတွက်ကိုပါ တောင်းဆုပြုကြည့်ဖို့ အဆင်သင့်ပဲလားရှင့်။

🍇စပျစ်သီးမှာပါတဲ့ Antioxidant တွေက အသားအရေအတွက် ကောင်းမွန်သလိုပဲ၊ စပျစ်သီးလေးတွေစားရင်း ကိုယ့်ကိုယ်ကိုယ် ချစ်ခင်ဂရုစိုက်ဖို့ ဆုတောင်းလိုက်တာက အလှပဆုံးသော အစပြုခြင်းပါပဲ။😍

🍀စပျစ်သီးစားရင်း ဆုတောင်းရုံတင်မကဘဲ တကယ်လက်တွေ့ကျတဲ့ ကျန်းမာ ကြည်လင် စိုပြေ တဲ့အသားအရေရဖို့ Amara AD Wellness Clinic က အမြဲရှိနေမှာပါ။

✨ဒီနှစ်သစ်မှာ သင်အလိုချင်ဆုံး Skin Goal လေးက ဘာဖြစ်မလဲ? Comment မှာ "🍇" လေးနဲ့ ပြောပြခဲ့ပါဦး!

📞 09253072968, 09428626407
💬 Messenger မှတစ်ဆင့်လည်း အသေးစိတ် စုံစမ်းနိုင်ပါပြီ။

27/12/2025

💎💎💎ကြည်လင်ပြီး ချွေးပေါက်ကင်းတဲ့ အသားလေး အတွက် ဆိုရင်တော့…….

🧊 ကြည်လင်ပြီး ချွေးပေါက်ကင်းတဲ့ အသားအရေပိုင်ရှင်ဖြစ်ဖို့ အချိန်အများကြီး မလိုတော့ဘူးနော် ✨

👉 အသက်အရွယ်ကြောင့် ကော်လဂျင်လျော့နည်းလာပြီး ချွေးပေါက်ကျယ်တာ၊ အသားအရေ ပွယောင်းလာတာတွေအတွက် စိတ်မညစ်ပါနဲ့တော့။ 🙅‍♀️

🤩 လျော့နည်းလာတဲ့ ကော်လဂျင်ဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပြီး ပိုမိုနုပျိုတဲ့ပုံရိပ်ကို ဖန်တီးပေးမယ့်
💎 Mono Thread (ကော်လဂျင်ကြိုးသေး) ကုသမှု။

👉📣 ဘာတွေထူးခြားသွားမလဲ❓

✅ ချွေးပေါက်တွေ သိသိသာသာ ကျဉ်းသွားမယ်။

✅ အသားအရေ တင်းရင်းပြီး ညက်ညက်လေး ဖြစ်လာမယ်။

✅ သဘာဝအတိုင်း ကြည်လင်ဝင်းပလာမယ်။

👩‍⚕️ ကျွမ်းကျင်ဆရာဝန်ကိုယ်တိုင် သေချာတိုင်ပင်ဆွေးနွေး‌ပေးပြီး သင့်တော်လိုအပ်တဲ့ကုသမှု‌ ပေးတာမို့ ရလဒ်အတွက် ယုံကြည်စိတ်ချလိုက်တော့နော်။

💚🌿 သဘာဝကျကျ ကြည်လင်လှပဖို့
👉 အခုပဲ Booking တင်လိုက်‌စို့။

☎️Phone : 09253 072 968, 09428 626 407
📍လိပ်စာ- အမှတ်၄၀၊ ရှမ်းကုန်းလမ်း၊ စမ်းချောင်းမြို့နယ်။




#ချွေးပေါက်ကျဉ်း
#အသားညက်
#အသားရောင်ညီ
#အသားကြည်

22/12/2025

မိမိဆီမှာ ဖြစ်နေတဲ့အရေပြား၊ အလှအပနဲ့ပတ်သက်တဲ့ပြဿနာလေးတွေ၊ မေးခွန်းလေးတွေအတွက် ဒီvideo လေးက တစ်ထောင့်တစ်နေရာ ကနေ ကူညီပေးနိုင်မယ် မျှော်လင့်ပါတယ်နော်။



#ချွေးပေါက်ကျဉ်း
#အမဲအမာရွတ်

14/12/2025
04/12/2025

❄️Hello , Sweet December🌟

☃️🗓️ပျော်ပွဲရွှင်ပွဲတွေနဲ့အတူ နှစ်သစ် 2026ဆီသွားမယ့် နှစ်တစ်နှစ်ရဲ့နောက်ဆုံးလကို ရောက်ရှိလို့လာပါပြီ။

💃ပွဲတိုင်းမှာ ခေါင်းစခြေဆုံး သဘာဝကျကျ ကျော့မော့ကြည်လင် ချင်ပါသလား။?

🧤🧣ချမ်းအေးတဲ့ လဒီဇင်ဘာမှာ တက်ကြွလန်းဆန်းပြီး ကျန်းမာတောက်ပကြည်လင် ဖို့ အဆင်သင့်ပဲလား။🤩

👩‍⚕️ဒါဆိုရင်တော့ တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ တိုင်ပင် ဖို့ Amara AD ကိုအရောက်လှမ်းလာဖို့မမေ့နဲ့နော်။

Photos from Dr. Moe’s Skin Corner's post 18/11/2025

ဒီစာအုပ်လေးကိုဖတ်လိုက်ရတဲ့အခါ Dr. Yuri ရဲ့ စေတနာလေး ကို အထင်းသား မြင်နေရပါတယ်။

ပညာပေးစာအုပ်ပေမယ့် ပျင်းစရာမကောင်းပဲ ရေးသားထားပုံဟာ ကျစ်လစ်ပြီး ရှင်းလင်းတာနဲ့မို့ဘေးမှာ Dr. Yuri ထိုင်ပြောပြနေသလို ခံစားရစေပါတယ်။

မိန်းကလေးတွေ အတွက် ဘဝမှာနေထိုင်တဲ့အခါ အခြေခံသိထားသင့်တဲ့ အချက်လေးတွေကို တစ်စုတစည်းထဲ ရေးထားတာကိုတွေ့ရပါတယ်။အမျိုးသမီးတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာသာမက၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျန်းမာကြံံ့ခိုင်ဖို့ ကိုဦးတည်ထားတာကိုတွေ့ရပါတယ်။

အရေပြားနဲ့ အလှအပအတွက် skincare နဲ့ပတ်သက်တဲ့ အချက်လေးတွေ၊ အဆင့်လေးတွေကို စိတ်ရှည်ရှည် ရှင်းပြထားတာတွေ့ပါတယ်။ အလှကုန် ဝယ်တဲ့အခါမှာ အန္တရာယ်ရှိပစ္စည်းတွေကိုရှောင်နိုင်ပြီး ကျန်းမာတဲ့ အရေပြားအလှအပ အတွက် လမ်းညွှန်လေးလိုပါပဲ။

ဒါတင်သာမက reproductive health သားဆက်ခြားကျန်းမာရေးပါ အကြောင်း နားလည်လွယ်အောင် သေချာလေး ရေးပြထားတာသဘောကျလှပါတယ်။

ဆွေမျိုးထဲမှာ မြှီးကောင်ပေါက်အရွယ် မိန်းကလေးရှိရင် ဘိုးဘိုး၊ ဘွားဘွား၊ ဖေဖေ၊မေမေ၊ ဦးဦး၊ဒေါ်ဒေါ်ကနေ ဝယ်ပေးသင့်တဲ့ စာအုပ်လို့မြင်ပါတယ်။ ဘာကြောင့်ရာသီလာသလဲ၊ ရာသီလာရင် ဘယ်လိုလုပ်ရမလဲ ကစပြီး ဟော်မုန်းအတက်အကျ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် အကြောင်းလေးတွေကိုလည်း ရေးပြထားတာမို့ပါ။

တစ်ဆက်တည်းမှာပဲ ဝယ်ပေးတဲ့လူကြီး တွေလည်း ဖတ်သင့်တယ် မြင်မိပါတယ်။ ဘာလို့လဲဆိုတော့ ဟော်မုန်းကြောင့် ဒီလိုပြောင်းလဲမှုလေးတွေ ဖြစ်တာပါလားလို့ နားလည်သွားတာမို့ ကိုင်တွယ်ရခက်တဲ့ ဆယ်ကျော်သက် မိန်းကလေးငယ်နဲ့ပြောဆိုဆက်ဆံတဲ့အခါ ပိုပြီး အဆင်ပြေလာစေမှာမို့ပါ။

တစ်ခါတလေ လူကြီးမိဘက အရေးမကြီးဘူးထင်ပြီး မရှင်းပြမိတဲ့ အရေးကြီးတဲ့အရာလေးတွေ၊ ရှင်းပြရခက်တဲ့အရာလေးတွေ ကို Dr. Yuri က ပိုင်ပိုင်နိုင်နိုင်လေး ရေးပြထားပါတယ်။

သဘောအကျဆုံးကို ပြောပါဆိုရင် Sexual Harrassment အကြောင်းလေးပါ။ လိင်ပိုင်းဆိုင်ရာ ထိပါးစောက်ကားမှုဆိုတာ ဘဝမှာအမျိုးသမီးတိုင်းနီးပါး ကြုံရနိုင်တဲ့အရာမို့ ဒါလေးကို ကြိုသိထားခြင်းအားဖြင့် ကြိုတင်သတိထားမိပြီး အန္တရာယ်ကာကွယ်နိုင်မှာပါ။ ကိုယ်တွေ့ အတွေ့အကြုံလေးတွေနဲ့ ယှဉ်ပြီး ရေးပြထားတာမို့ စာဖတ်သူအနေနဲ့ ရသစာအုပ်ဖတ်ရသလိုတောင် စိတ်လှုပ်ရှားမိပါတယ်။

သမီးလေးတွေ၊ တူမလေးတွေ၊ မြေးလေးတွေ၊ ဝန်ထမ်းအမျိုးသမီးငယ်လေးတွေကို လက်ဆောင်ပေးဖို့ဆိုရင်တော့ ဒီစာအုပ်လေးက လုံးဝ အသင့်တော်ဆုံးနေမှာပါ။

ဒီပုံလေးကတော့ ဆေးခန်းဖွင့်ပွဲနေ့မှာ စာအုပ်လက်ဆောင်နဲ့အတူ Dr. Yuri ကိုယ်တိုင် လက်မှတ်လေးအမှတ်တရ ထိုးပေးနေတဲ့ပုံလေးပါ။ 😍😍😍

Photos from Amara AD Wellness Clinic's post 06/11/2025

Dr Moe နဲ့ online မှာသာမက အပြင်မှာပါ လူကိုယ်တိုင် ဆေးခန်းလာပြချင်သူတို့အတွက်

✨✨✨Amara AD Wellness Clinic

📍အမှတ် ၄၀၊ ရှမ်းကုန်းလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

📞09 253 072 968, 📞09 428 626 407

😉မလာခင်မှာ ဖုန်းနဲ့ဖြစ်ဖြစ် ၊ page messenger ကဖြစ်ဖြစ် appointment ယူဖို့မမေ့နဲ့နော်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon