Sapizo For Acnes

Sapizo For Acnes

Share

ဝက်ခြံကင်းစင် ပြုံးပျော်ရွှင် Sapizo နှင့် ထာဝစဉ်

13/07/2026

ဆယ်ကျော်သက်(မြီးကောင်ပေါက်) အရွယ်မှာဆိုရင် ဝက်ခြံအဖြစ်များတက်ကြပါတယ်။

ဝက်ခြံတွေရဲ့ အဓိကတရားခံကတော့ လူပျိုဖော်၊အပျိုဖော်ဝင်ချိန်မှာဆိုရင် ခန္ဓာကိုယ်တွင်း ဟော်မုန်းဓာတ်တွေ ဆက်ခနဲပြောင်းလဲတိုးမြင့်လာတာကြောင့် ဖြစ်ပါတယ်။

လူပျိုဖော်၊အပျိုဖော်ဝင်ချိန်မှာဆိုရင် ဟော်မုန်းရုတ်တရက်တိုးလာတာကြောင့် အရေပြားအောက်ကအဆီဂလင်းတွေကို လှုံ့ဆော်ပေးတဲ့အတွက် အဆီ(Sebum) တွေအလွန်အကျွံ ထွက်လာတက်ပါတယ်။

အဆီအလွန်အကျွံ ထွက်လာခြင်းနဲ့အတူ အ​ရေပြားဆဲလ်သေတွေပေါင်းစပ်သွားပြီး ချွေးပေါက်တွေကိုအလွယ်တကူပိတ်ဆို့စေနိုင်ပါတယ်။

ဆယ်ကျော်သက်လေးများ ဝက်ခြံအတွက်အားထားရာ 𝐒𝐚𝐩𝐢𝐳𝐨 𝐟𝐨𝐫 𝐀𝐜𝐧𝐞𝐬 ဟာဆိုရင် ဝက်ခြံတွေကိုအလျင်မြန်ဆုံးနဲ့ အထိရောက်ဆုံး အမြန်ဆုံးသက်သာပျောက်ကင်းစေမှာပဲဖြစ်ပါတယ်။

"ဝက်ခြံကင်းစင် ပြုံးပျော်ရွှင် Sapizo နဲ့ ထာဝစဥ်"


#ဝက်ခြံပျောက်ဆေး

19/01/2026

အချိုတွေ၊ အဆီအစိမ့်တွေ စားလွန်းရင် ဝက်ခြံထွက်တတ်တယ်ဆိုတာ တော်တော်များများ သိထားကြပေမယ့် အရက်ကြောင့် ဝက်ခြံတွေ ပိုထွက်လာနိုင်တယ်ဆိုတာတော့ သတိထားမိသူ နည်းမယ် ထင်ပါတယ်နော် 🍺🙋‍♀️

ဒီတော့ အရက်နဲ့ ဝက်ခြံ ဘယ်လိုဆက်စပ်မှုတွေ ရှိနေမလဲ ? 🤔

👉 အရက်က ဆဲလ်ရောင်ရမ်းမှုတွေကို အားပေးပြီး ဝက်ခြံဆိုတာလည်း ဆဲလ်ရောင်ရမ်းမှုတွေကနေ ဖြစ်လာတာကြောင့် ဝက်ခြံပြဿနာတွေ ကြုံရနိုင်ပါတယ်။

👉 အရက်က ခုခံအားကို ထိန်းချုပ်ထားတဲ့ ဟော်မုန်းတွေကို အပြောင်းအလဲ၊ အတက်အကျတွေ ဖြစ်စေလို့ ဝက်ခြံတွေ ပိုပြီး များပြားလာနိုင်ပါတယ်။

👉 အရက်က သွေးတွင်းသကြားဓာတ်ကိုလည်း တက်စေတာကြောင့် အသည်းကနေ IGF-1 လို့ခေါ်တဲ့ ဓာတ်တွေက အဆီတွေကို ပိုထွက်စေပြီး ရှိပြီးသား ဝက်ခြံတွေကို ပိုမိုဆိုးရွားလာစေပါတယ်။

ဒါကြောင့် အရက်သောက်ခြင်းက ဝက်ခြံကို တိုက်ရိုက်ထွက်စေတာ မဟုတ်ပေမယ့် ခန္ဓာကိုယ်မှာ ဝက်ခြံထွက်စေနိုင်တဲ့ အခြေအနေတွေကို ဖန်တီးလှုံ့ဆော်ပေးနေတာကြောင့် ဝက်ခြံထွက်တတ်သူတွေအဖို့ ဆင်ခြင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နော် 🤗💗


#ဝက်ခြံပျောက်ဆေး

12/01/2026

အရေးတကြီး သွားစရာရှိပြီဆို ကောက်ခါငင်ခါ အချိန်ကိုက် ထွက်လာတတ်တဲ့ ဝက်ခြံတွေကြောင့် စိတ်ညစ်နေရပြီဆို အစွမ်းထက် မှော်ဆရာလေး Sapizo ကိုသာ သတိရလိုက်နော် 🥰

Sapizo က ဝက်ခြံအဖု‌တွေပေါ်မှာ တို့ထားပေးရုံနဲ့ အမြန်ချပ်စေပြီး အမာရွတ်ပါ မကျန်အောင် ကူညီပေးနိုင်တဲ့အပြင် ဝက်ခြံတွေ ထပ်မဖြစ်အောင်ပါ တားဆီးကာကွယ်ပေးနိုင်ပါတယ်။

Result မြန်ဆန်ပြီး ဘေးကင်း ထိရောက်တဲ့ အာနိသင်စွမ်းတွေကြောင့် Sapizo က ဝက်ခြံခဏခဏ ထွက်တတ်တဲ့ အသားအရေပိုင်ရှင်လေးတွေအတွက် အသည်းစွဲ မှော်ဆရာလေး ဖြစ်နေရတာပေါ့ 💗

"ဝက်ခြံကင်းစင် ပြုံးပျော်ရွှင် Sapizo နဲ့ ထာဝစဥ်"


#ဝက်ခြံပျောက်ဆေး

06/10/2025

ဓလေ့ မပြတ်၊ ရိုးရာ မတိမ်ကောတဲ့ သီတင်းကျွတ် အချိန်အခါလေးမှာ မိသားစု၊ ဆွေမျိုး၊ ချစ်ခင်ရသူတွေအားလုံး မိသားစုဝင်များအားလုံး ဘေးဘယာကင်းကွာပြီး ကျန်းမာခြင်းသုခနှင့် ပြည့်စုံ၍ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝပါစေကြောင်း Sapizo မှ ဆုမွန်ကောင်းတောင်း မေတ္တာပို့သအပ်ပါတယ်ရှင့် 💗


#ဝက်ခြံပျောက်ဆေး #သီတင်းကျွတ်လပြည့်နေ့

02/10/2025

👉 ဝက်ခြံတွေက မျက်နှာပေါ်မှာ အများဆုံး ပေါက်တတ်ပေမဲ့ ဦးရေပြား၊ ရင်ဘတ်၊ နောက်ကျောနဲ့ ပုခုံးတွေလို ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာလည်း ပေါက်နိုင်ပါတယ်။ များသောအားဖြင့် ခန္ဓာကိုယ်မှာ ဝက်ခြံထွက်ရတဲ့ အကြောင်းအရင်းက ဟော်မုန်းကြောင့် ဖြစ်နိုင်ပေမယ့်

📌 အဆီဂလင်းများမှ အဆီပိုထွက်ခြင်း
📌 ချွေးပေါက်ပိတ်ဆို့ခြင်း
📌 ဘက်တီးရီးယားပိုးများ ဝင်ရောက်ခြင်း
📌 စိတ်ဖိစီးမှု များခြင်း
📌 စတီးရွိုက်ပါသော ဆေးဝါးများ သောက်သုံးရခြင်း

စတာတွေအပြင် အဆီအစိမ့်များတဲ့ အစားအစာတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ လွန်ကဲစွာ စားသောက်ခြင်းကြောင့်လည်း ခန္ဓာကိုယ်မှာ ဝက်ခြံတွေ ဖြစ်နိုင်ပါတယ်။

ဘယ်လိုနေရာမှာ ဝက်ခြံပဲ ဖြစ်ဖြစ် အရေးကြီးဆုံးက ဝက်ခြံကို မညှစ်မိဖို့ပဲ ဖြစ်ပြီး ဝက်ခြံအမျိုးမျိုးအတွက် အချိန်တိုအတွင်း ထိထိရောက်ရောက် သက်သာပျောက်ကင်းစေနိုင်တဲ့ Sapizo ကို ပုံမှန်လိမ်းပေးလို့ ဝက်ခြံကင်းစင် ကျန်းမာတဲ့ အသားအရေကို ရယူလိုက်ကြရအောင်နော် 💗

"ဝက်ခြံကင်းစင် ပြုံးပျော်ရွှင် Sapizo နဲ့ ထာဝစဥ်"


#ဝက်ခြံပျောက်ဆေး

10/09/2025

ဝက်ခြံဆို မြင်တာနဲ့ ညှစ်လိုက် ဖဲ့လိုက်ရမှ ဆိုတဲ့သူတွေ ရှိတယ်ဟုတ်❓

ဝက်ခြံဆိုတာ ဘက်တီးရီးယား ပိုးတွေ ဝင်ပြီး ဖြစ်လာတဲ့ အဖုတွေဖြစ်လို့ ဝက်ခြံထွက်ပြီဆို ရောင်ရမ်းတာတွေ ဖြစ်တတ်ပြီး မသန့်ရှင်းတဲ့ လက်နဲ့ ညှစ်မိတဲ့အခါ လက်သည်းဆိပ်တက်ပြီး ပိုးဝင်ရောင်ရမ်းမှုတွေ ပိုဆိုးကာ အမဲစက်၊ အမာရွတ်တွေ ကျန်သွားတတ်ပါတယ်။ ❗

ဒီလိုမျိုး အခြေအနေတွေ ပိုမဆိုးသွားစေဖို့ဆိုရင်တော့ လက်နဲ့ ညှစ်တာ၊ ကုတ်ဖဲ့တာတွေ ရှောင်ပြီး ဝက်ခြံမှန်သမျှ အချိန်တိုအတွင်း သက်သာစေတဲ့ Sapizo ကိုသာ ပုံမှန်သုံးပေးဖို့ လိုပါတယ်နော် 🥰

"ဝက်ခြံကင်းစင် ပြုံးပျော်ရွှင် Sapizo နဲ့ ထာဝစဥ်"


#ဝက်ခြံပျောက်ဆေး

19/08/2025

👉 ဝက်ခြံထွက်ပြီး နောက်ဆက်တွဲ ကြုံရတတ်တဲ့ ပြဿနာတစ်ခုကတော့ ပျောက်ဖို့ခက်တဲ့ ဝက်ခြံအမာရွတ်တွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဝက်ခြံအမာရွတ်တွေ မကျန်ခဲ့ဖို့ သတိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ ❗

📌 သာမန်ဝက်ခြံတွေအပြင် ဆားဝက်ခြံတွေကိုပါ ညှစ်တာမျိုး ရှောင်ပါ။
📌 ရောင်ရမ်းနေတဲ့ ဝက်ခြံတွေကို မကုသဘဲ ထားတာမျိုး ရှောင်ပါ။
📌 မိတ်ကပ်တွေ သေချာမဖျက်တာမျိုး ​ရှောင်ပါ။
📌 မျက်နှာကို လက်ဖြင့် ခဏခဏ ထိခြင်းကို ရှောင်ပါ။

ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်တာမို့ ဝက်ခြံအမာရွတ်တွေ မဖြစ်စေဖို့ ဒီအချက်လေးတွေကို လိုက်နာရင်း ဝက်ခြံနဲ့ ဝက်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်တွေကို အမြစ်ဖြတ် အနိုင်ယူဖို့ အစွမ်းထက် ဖိုက်တာလေး Sapizo ကို ပုံမှန်သုံးပေးဖို့ သတိရလိုက်ပါနော် 💗

"ဝက်ခြံကင်းစင် ပြုံးပျော်ရွှင် Sapizo နဲ့ ထာဝစဥ်"


#ဝက်ခြံပျောက်ဆေး

22/07/2025

မှန်ကြည့်လိုက်လို့ ဝက်ခြံတွေ့ပြီ ဆိုတာနဲ့ ဖျစ်လိုက် ညှစ်လိုက်ရမှ နေသာထိုင်သာ ရှိတယ်ဆို မျက်နှာရဲ့ အန္တရာယ်ရှိတဲ့ Danger Triangle တဝိုက်ကိုတော့ မဖြစ်မနေ ရှောင်ဖို့လိုပါတယ်။ ❗

🔺 Danger Triangle Zone ဆိုတာ နှာခေါင်းထိပ်ဖျားကနေ ပါးစပ်ထောင့်နှစ်ဖက်အထိ နေရာကို ပြောတာဖြစ်ပြီး ဒီဧရိယာအတွင်းမှာ ရှိတဲ့ သွေးကြောလေးတွေက ဦးနှောက်ရဲ့ အောက်ခြေနားမှာရှိတဲ့ Cavernous Sinus လို့ခေါ်တဲ့ သွေးပြန်ကြောကြီးနဲ့ တိုက်ရိုက်ချိတ်ဆက်နေတာ ဖြစ်လို့

ဒီအန္တရာယ် Zone အတွင်းက ဝက်ခြံတွေကို ညှစ်မိတယ်ဆို ပိုးဝင်သွားနိုင်တာကြောင့် ဦးနှောက်ထဲ ပြည်တည်တာ၊ ဦးနှောက်အမှေးပါးရောင်တာ၊ မျက်လုံးထိခိုက်တာ၊ လေဖြတ်တာ စတဲ့ ကျန်းမာရေး ပြဿနာတွေကတဆင့် အသက်အန္တရာယ်အထိ ဖြစ်စေနိုင်လို့ Danger Triangle or Triangle of Death လို့လည်း ခေါ်ကြပါတယ်တဲ့...😰

📌 ဒါကြောင့် ဒီ Danger Triangle တဝိုက်မှာ ဝက်ခြံဖြစ်တယ်ဆို ဖျစ် ညှစ် ဗျစ် မလုပ်မိဖို့၊ မသန့်ရှင်းတဲ့ လက်နဲ့ မျက်နှာကို ကိုင်တွယ်တာတွေ မလုပ်မိဖို့ သတိထားရင်း ဝက်ခြံမှန်သမျှ အချိန်တိုအတွင်း သက်သာပျောက်ကင်းစေပြီး ဘေးထွက်ဆိုးကျိုးရှိမှာလည်း စိတ်ပူစရာမလိုတဲ့ Sapizo ကိုသာ စိတ်ချလက်ချ သုံးပေးလိုက်ပါနော်...💗

"ဝက်ခြံကင်းစင် ပြုံးပျော်ရွှင် Sapizo နဲ့ ထာဝစဥ်"


#ဝက်ခြံပျောက်ဆေး

14/07/2025

ဝက်ခြံတွေ မကြာခဏ ထွက်လွယ်တတ်သူဆို ဒီအချက်တွေကို သတိထားရှောင်ကြဉ်ဖို့ လိုပါတယ် 👇

📌 အဆီများတဲ့ အစားအသောက်များကို ရှောင်ပါ။
📌 ခေါင်းအုံးစွပ်တွေကို တစ်ပတ်တစ်ခါ လဲလှယ်ပါ။
📌 မျက်နှာကို Cleansing သေချာ လုပ်ပေးပါ။
📌 ဝက်ခြံကို လက်ဖြင့် ကုတ်ဖဲ့ခြင်း၊ ညှစ်ခြင်းကို ရှောင်ပါ။

ဒီလို အချက်တွေကို သတိထား ရှောင်ရင်း ဝက်ခြံနဲ့ ဝက်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်တွေကို အချိန်တိုအတွင်း ဖယ်ရှားပေးနိုင်တဲ့ Sapizo ကို တစ်နေ့ (၂) ကြိမ်မှ (၃) ကြိမ် ပုံမှန် အသုံးပြုပေးနိုင်ပါတယ်။ 💗

"ဝက်ခြံကင်းစင် ပြုံးပျော်ရွှင် Sapizo နဲ့ ထာဝစဥ်"


#ဝက်ခြံပျောက်ဆေး

10/06/2025

🌸 Sapizo မှာ ပါဝင်တဲ့ Papaya, Neem, Liquorice, Aloe နဲ့ Turmeric အစရှိတဲ့ Herbal Extract တွေရဲ့ Effect က ဘက်တီးရီးယားပိုးတွေ မဝင်ရောက်အောင် ကာကွယ်ပေးခြင်း၊ ဝက်ခြံဖြစ်လာဖို့ အားပေးတဲ့ အဆီများစုဝေးခြင်းကိုလည်း တားဆီးပေးခြင်း၊ ဝက်ခြံကြောင့် ယားယံခြင်းနှင့် ရောင်ရမ်းမှု​တွေကို သက်သာစေပါတယ်။

ဆင်ဝက်ခြံ၊ ပြည်တည်ဝက်ခြံ၊ ဆားဝက်ခြံ အစရှိတဲ့ အမျိုးမျိုးသော ဝက်ခြံများကို ပျောက်ကင်းစေတဲ့အပြင် ဝက်ခြံများ ပြန်လည်ဖြစ်ပွားမှုကိုပါ ကာကွယ်ပေးနိုင်လို့ ဘယ်ဝက်ခြံနဲ့ ကြုံကြုံ Sapizo ကိုသာ စိတ်ချယုံလိုက်တော့နော် 🥰

"ဝက်ခြံကင်းစင် ပြုံးပျော်ရွှင် Sapizo နဲ့ ထာဝစဥ်"


#ဝက်ခြံပျောက်ဆေး

Category

Telephone

Address


34, Sabal Street, Corner Of Kantkaw Street, Bolane Aungmingalar Quarter, Tamwe Township
Yangon
11211

Alerts

Be the first to know and let us send you an email when Sapizo For Acnes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.