Double Relax Beauty Salon

Double Relax Beauty Salon

Share

hair

06/06/2026

ဒီနေ့တော့ အားပေးကြမ်းကြလို့ Full Booked ဖြစ်သွားပါပြီဗျို့! 🥳🔥

📢 အသိပေးချင်တာလေးတစ်ခုကတော့...
လာမယ့် (၈) ရက်နေ့ (တနင်္လာနေ့) မှာ ကျွန်တော်တို့ Double Relax ဆိုင်လေး (၁) ရက်တာ ခေတ္တပိတ်မှာ ဖြစ်ပါတယ်ဗျ။

တနင်္ဂနွေ အားလပ်ရက်မှာ Relax လုပ်ပြီး တစ်ပတ်စာ အမောတွေ ပြေပျောက်ချင်တယ်ဆိုရင်တော့... မနက်ဖြန် 7/6/2026 အတွက် ဘိုကင်လေးတွေ ကြိုတင်ဦးထားမှ စိတ်ချရမယ်နော်။ 😎

ကျနော်တို့ customer လေးတို့ရဲ့ စိတ်ကျေနပ်မှုအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ Double Relax က အမြဲအဆင်သင့် ရှိနေပါတယ်ဗျာ။ 🙌

📥 Page Messenger ကနေဖြစ်စေ၊ 09-40 966 4141 ကိုဖြစ်ဖြစ် ဖုန်းဆက်ပြီးဖြစ်စေ အခုပဲ ဘိုကင်လှမ်းယူလိုက်တော့နော်!

#ဖုန်းဆက်ပြီးဖြစ်စေ #ဦးရေပြားscrub

04/06/2026

📢 Important Notice လေးပါရှင် 📢
မင့်customer လေးတို့ရေ...

မင်တို့တစ်ဆိုင်လုံး Skillတွေ တိုးတက်ဖို့အတွက် သင်တန်းတက်ရမှာမို့လို့...

ဘိုကင်အချိန်လေးတွေကို ညနေ ၆:၃၀ ထိပဲ နောက်ဆုံးလက်ခံပေးတော့မယ်နော် 🥰

ပိုကောင်းတဲ့ နည်းပညာတွေနဲ့ အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ဖို့ အမြဲပြင်ဆင်ကြိုးစားနေတာမို့လို့

နားလည်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင် ✨
(26000 head spa+ facial combo လေးလုပ်ဖို့ အမြန်ဆုံး ဘိုကင်တင်လိုက်တော့နော်!)

02/06/2026

02/06/2026

😁😁

28/05/2026

မနှိုးပါဘူး 😁😁

ကျနော်တို့ ဆိုင်လေးက
⏰ ဖွင့်ချိန် - မနက် ၉ နာရီ မှ ည ၉ နာရီအထိ (နေ့တိုင်းဖွင့်ပါတယ်ဗျ)

📍 ဆိုင်နေရာ - (၉)ရပ်ကွက်၊ နဝရတ်လမ်းကျယ်၊ သာကေတ။ (ထက်ဝေပိုင်ထမင်းဆိုင်အကျော် ။ သာသနာ့ဂုဏ်ရှိန်ကျောင်းတိုက်အရှေ့ပါဗျ)

🗺️ Google Map - https://maps.app.goo.gl/pidVxprsP5RBRXvm8?g_st=ic

📞 Booking တင်ရန် - 09409664141

#ဦးရေပြားသန့်ရှင်းရေး #ဦးရေပြားscrub

26/05/2026

မင် နှမြောလို့ နှပ်ချေးထွက်သွားတယ် 🤧

25/05/2026

အသဲယားလိုက်တာ 😁

#ဦးရေပြားနှိပ်စက်

25/05/2026

Dandruff (ဗောက်ထခြင်း) နဲ့ Dry Scalp (ဦးရေပြားခြောက်သွေ့ခြင်း) က လက္ခဏာချင်း ဆင်တူတာကြောင့် လူတော်တော်များများ မှားတတ်ကြပါတယ်။

ဒါပေမဲ့ သူတို့ဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ ကုသပုံက လုံးဝမတူပါဘူး။

ခေါင်းယားပြီး အဖတ်တွေကြွေလာရင် အားလုံးက ဗောက်ထတယ်လို့ပဲ ပြေးမြင်တတ်ကြတယ်မလား?

ဒါပေမဲ့ တကယ်တော့ သင်ကြုံနေရတာက ဗောက်ထတာမဟုတ်ဘဲ "ဦးရေပြားခြောက်သွေ့တာ" လည်း ဖြစ်နိုင်ပါတယ်။

ဒီနှစ်ခုက ပြဿနာချင်းမတူသလို ကုသပုံလည်း လုံးဝမတူလို့ သေချာခွဲခြားသိထားဖို့ လိုပါတယ်နော်။

တူသလိုလိုနဲ့ မတူတဲ့ Dandruff နဲ့ Dry Scalp အကြောင်းကို အလွယ်ဆုံး ခွဲခြားကြည့်ရအောင် 👇

၁။ ဖြစ်ရတဲ့ အကြောင်းအရင်း (Causes)

Dry Scalp: ဦးရေပြားမှာ ရေဓာတ်နဲ့ သဘာဝအဆီဓာတ် ခမ်းခြောက်လို့ ဖြစ်ရတာပါ။

ရာသီဥတုအေးတာ၊ ရေပူနဲ့ခေါင်းလျှော်တာ၊ ခေါင်းလျှော်ရည်ပြင်းပြင်း သုံးတာတွေကြောင့် ဖြစ်တတ်ပါတယ်။

Dandruff: ဦးရေပြားမှာ အဆီပြန်လွန်ကဲပြီး Malassezia လို့ခေါ်တဲ့ မှိုတစ်မျိုး ပွားများလာတာကြောင့် ဖြစ်တာပါ။ (အဆီများလို့ ဖြစ်တာပါ!)

၂။ အဖတ်များ၏ ပုံသဏ္ဍာန် (Flakes Type)

Dry Scalp: အဖတ်လေးတွေက သေးငယ်ပြီး ခြောက်သွေ့တယ်၊ အဖြူရောင် ရှိပါတယ်။

ခေါင်းခါလိုက်ရင် ဖုန်မှုန့်လို အလွယ်တကူ လွင့်စဉ်ကျတတ်ပါတယ်။

Dandruff: အဖတ်တွေက ကြီးတယ်၊ စေးကပ်ကပ်ဖြစ်ပြီး အဝါရောင်သန်းပါတယ်။

ဦးရေပြားနဲ့ ဆံသားမှာ ကပ်နေတတ်ပြီး အဆီအိုင်တဲ့ ပုံစံမျိုး ရှိပါတယ်။

၃။ ခံစားရတဲ့ လက္ခဏာ (Symptoms)

Dry Scalp: ဦးရေပြားတစ်ခုလုံး တင်းကျပ်ပြီး ခြောက်သွေ့နေမယ်။

ခန္ဓာကိုယ်ရဲ့ တခြားနေရာ (လက်၊ ခြေထောက်) တွေမှာပါ အရေပြားခြောက်တတ်ရင် ဦးရေပြားလည်း ခြောက်ဖို့ ရာခိုင်နှုန်းများပါတယ်။

Dandruff: ဦးရေပြားက အဆီပြန်ပြီး စေးကပ်နေမယ်။ ယားယံခြင်းက ပိုပြီး ပြင်းထန်တတ်ပါတယ်။

💡 ဘယ်လိုကုသမလဲ?

ဦးရေပြားခြောက်ရင်: ရေဓာတ် (Moisture) ဖြည့်ပေးဖို့ လိုပါတယ်။
Gentle ဖြစ်တဲ့ ခေါင်းလျှော်ရည်သုံးပါ၊
Scalp Treatment လုပ်ပြီး ဦးရေပြားကို အစိုဓာတ်ထိန်းပေးပါ။

ဗောက်ထရင်: မှိုသတ်ပေးမယ့် Anti-dandruff (Zinc Pyrithione, Ketoconazole ပါဝင်သော) ခေါင်းလျှော်ရည်ကို သုံးပေးဖို့ လိုအပ်ပြီး
ဦးရေပြားကို သန့်ရှင်းအောင် ထားရပါမယ်။

သင်ကကော အခု ဘယ်လိုအဖတ်မျိုး ကြွေနေတာလဲ? ကိုယ့်ဦးရေပြား အခြေအနေကို သေချာမသိသေးရင် Double Relax မှာ လာရောက် ဆွေးနွေးပြီး သင့်တော်တဲ့ Scalp Care ပြုလုပ်နိုင်ပါတယ်ရှင်။ 🤍

#ဦးရေပြားကျန်းမာရေး #ဗောက်ပျောက်နည်း

#ဦးရေပြားသန့်ရှင်းရေး

24/05/2026

ကျနော်တို့ဆိုင်လေးက မနက်(၉) မှ ည(၉) ထိ
နေ့တိုင်းဖွင့်ပါတယ်ခင်ဗျ😻

ရှေ့မှာcusလေးတွေရှိတတ်လို့ 🥹

လာချင်တဲ့အချိန်လေးကို မစောင့်ရအောင်

09 40 966 4141 ကို ဘိုကင်လေး တင်ထားလို့လည်း ရပါတယ်ခင်ဗျ😻

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Address


အမှတ်(၁၀၅၀/က), နဝရတ်လမ်းကျယ်, (၉)ရပ်ကွက်, သာကေတမြို့နယ်
Yangon