MoeMoe Thae

MoeMoe Thae

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MoeMoe Thae, Health/Beauty, Yangon.

10/03/2026

" လူတွေဟာ အချိန်တွေလွန်သွားမှ 'ငါ ဒါကို လုပ်ခဲ့သင့်တယ်၊ ဟိုဟာကို မလုပ်ခဲ့သင့်ဘူး' ဆိုပြီး နောင်တရတတ်ကြတယ် ။ တကယ်တော့ နောင်တကင်းချင်ရင် အခုလက်ရှိ ပစ္စုပ္ပန်မှာတင် 'လုပ်သင့်တဲ့အလုပ်' ကို အကောင်းဆုံး လုပ်ထားဖို့ လိုပါတယ်။

မိဘကို လုပ်ကျွေးဖို့ပဲဖြစ်ဖြစ် ၊ ကုသိုလ်ကောင်းမှုပြုဖို့ပဲဖြစ်ဖြစ် 'နောက်မှလုပ်မယ်' ဆိုပြီး ရွှေ့ဆိုင်းမထားပါနဲ့ ။ အချိန်ဆိုတာက ဘယ်သူ့ကိုမှ စောင့်မနေပါဘူး ။ ကိုယ် လုပ်နေတဲ့ အလုပ်တိုင်းမှာ သတိနဲ့ ပညာယှဉ်ပြီး အကောင်းဆုံး လုပ်ဆောင်သွားမယ်ဆိုရင် ဘဝရဲ့ နောက်ဆုံးအချိန်မှာ ဘာတစ်ခုမှ နောင်တရစရာရှိတော့မှာမဟုတ်ဘဲ အေးအေးချမ်းချမ်းနဲ့ ကျေနပ်သွားနိုင်မှာ ဖြစ်ပါတယ်။ "

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ

10/03/2026

ဆင်ခြင်တုံတရား မရှိသူတွေက
စိတ်ထဲကစကားကို
နှုတ်က တန်းထွက်တတ်တယ် ။

ဆင်ခြင်တုံတရား ရှိသူက
စိတ်ထဲက ပြောချင်တဲ့စကားကို
နှုတ်က တန်းမထွက်ဘဲ
ဦးနှောက်ဆီကို အရင်ပို့တယ် ။

ဦးနှောက်ကနေမှ
ပြောသင့်တဲ့ စကားလား
မပြောသင့်တဲ့ စကားလား
ပြောလိုက်ရင် ဘယ်လိုအကျိုးရနိုင်လဲ
မပြောလိုက်ရင် ဘယ်လိုအကျိုးရနိုင်လဲ
သုံးသပ်ဝေဖန် ပိုင်းခြားတယ် ။

အသိရှိသူ သတိရှိသူတွေဟာ
စကားကို လွယ်လွယ်မပြောတတ်ကြဘူး ။
ဘုရားတွေဘယ်လောက်ရှိခိုး ရှိခိုး ၊
မေတ္တာသုတ်တွေ ဘယ်လောက်ရွတ်ရွတ်
မမေ့ မလျော့သော စိတ်နဲ့
သတိတခု လက်ကိုင်ပြုရမှာပါ ။

စကားပြောတဲ့အခါ
စိတ်နဲ့နှုတ် နှစ်ခုတည်း
ဆက်သွယ်နေတာမျိုး မဟုတ်ဘဲ
စိတ်ရယ်...ဦးနှောက်ရယ်...နှုတ်ရယ်
သုံးမျိုးနဲ့ ဆက်သွယ်ပြီးမှပြောရင်
မပြောသင့်တာတွေ မပြောမိတော့ဘဲ
ပြောသင့်တာတွေပဲ ပြောမိလာပါလိမ့်မယ်....။

ဒါ အဆင့်အတန်းပါပဲ …

10/03/2026

ရင့်ကျက်တယ်ဆိုတာ....
ကြိုက်တဲ့အရာကို ကြိုက်နေတုန်းပဲ
ဒါပေမဲ့ မပိုင်ဆိုင်ရလည်း ဖြစ်တယ် ။

မုန်းတဲ့အရာကို မုန်းနေတုန်းပဲ
ဒါပေမဲ့ သည်းခံတတ်သွားတယ် ။

ကြောက်တဲ့အရာကို ကြောက်နေတုန်းပဲ
ဒါပေမဲ့ ရင်ဆိုင်ရဲသွားတယ် ။

အရင်က စိတ်ပါမှရွေ့တယ်
ရင်ဘတ်တူမှ ပေါင်းတယ် ။

အခုတော့လည်း
နားမလည်ဘူးထင်တဲ့ အရာတွေကို
ဒါ ဖြစ်နေကျ ဖြစ်တတ်တဲ့သဘောပါလို့
နားလည်သွားတယ် ။

09/07/2025

အကြည်ဓါတ်ရှိတယ်ဆိုတာ
အတွင်းစိတ်နှလုံးက စိတ်ကောင်းရှိလို့
ရောင်ပြန်ဟပ်တဲ့ ကိုယ်ရှိန်ကိုယ်ဝါ တမျိုးပါပဲ ။

ရုပ်ချောတာ မချောတာ
ဈေးကြီးပစ္စည်းတွေ
ဝတ်နိုင်တာ မဝတ်နိုင်တာနဲ့ မဆိုင်ပါဘူး ။

🔹အမှန်တရားကိုမြင်တာ လက်ခံနိုင်တာ
🔹အကောင်းမြင်စိတ်ရှိတာ
🔹တရားမျှတစိတ်ရှိတာ
🔹ပေးကမ်းလိုစိတ်ရှိတာ
🔹ကိုယ်ချင်းစာစိတ်ကြီးတာ
🔹ကြင်နာသနားတတ်တာ
🔹တာဝန်ယူတတ်တာ
🔹အားလုံးကို ကောင်းစေချင်တာ
🔹ငြူစူစောင်းမြောင်းမှု ကင်းတာ
🔹စိတ်ရှင်းပြီး အထအန မကောက်တတ်တာ
🔹ပြိုင်ဆိုင်မှု မနာလိုမှုတွေ ကင်းတာ
🔹အော်ကြီးဟစ်ကျယ် ရန်မဖြစ်တတ်တာ
🔹နင်ပန်းငဆ မပြောတတ်တာ
🔹ကြမ်းတမ်းတဲ့ စကားတွေ မသုံးတတ်တာ
🔹အတင်းအဖျင်း မပြောတာ
🔹ကုန်းချောစကား မပြောတာ
🔹မဟုတ်တာလုပ်ရမှာ အရှက်အကြောက်ရှိတာ
🔹မိမိကြောင့် သူတပါး မနစ်နာစေတာ
🔹နိုင့်ထက်စီးနင်း မလုပ်တာ
🔹ကျေးဇူးတရားကို သိတတ်တာ
🔹ကိုယ်ကစပြီး ခွင့်လွှတ်တတ်တာတွေ ဖြစ်တယ် ။

တချို့လူတွေ
အဖိုးတန် (Branded)တွေဝတ်ထားပေမယ့်
🔸 စိတ်ကောင်းမရှိတာ
🔸 စိတ်ပုပ်တာ
🔸 မတရားအနိုင်ကျင့်တတ်တာ
🔸 မြေနိမ့်ရာလှံစိုက်တတ်တာ
🔸 မနာလိုစိတ် အားကြီးတာ
🔸 ကျေးဇူးမသိတတ်တာ
🔸 အထအနကောက် ငြင်းခုန်တတ်တာ
🔸 ငြူစူတတ်တာတွေကြောင့်

ဘယ်လိုပဲ အကုန်အကျများစွာ
ဝတ်စား ပြင်ဆင်ထားပါစေ ။
ပင်ကိုယ် စိတ်နှလုံး ရဲ့ အလင်းရောင် မရှိတော့...
အကြည်ဓါတ် မရှိပါဘူး....
(ကျက်သရေကင်းမဲ့ နေတတ်ပါတယ်)

🌸 စိတ်ရှင်းရင် မျက်နှာရှင်းမယ်..
🌸 စိတ်လှရင် လူလှမယ်....

12/03/2024

ကိုယ်အပေါ်မကောင်းတဲ့လူတွေလည်း
ခွင့်လွှတ်တတ်လာတယ်
နာကျင်စရာ ဒဏ်ရာတွေများလာတဲ့အခါ
ကိုယ့်ကိုယ်ကို ဖြေသိပ့်တတ်လာတယ်။

ကိုယ့်အပေါ်မကောင်းခဲ့လို့လည်း
စိတ်ထဲမထားတော့သလို
အရာအရာအားလုံးကို သည်းခံပြီး
ဥပေက္ခာပြုတတ်လာတယ်။

ကိုယ်နဲ့မတိုက်ဆိုင်တဲ့ လူတချို့ကိုလည်း
ဝင်လာပါလို့လည်းမခေါ်တော့ဘူး
ကိုယ့်ဘဝအတွက်တိုက်ဆိုင်ရင်
သူတို့ဝင်လာလိမ့်မယ်။

နာကျင်စရာတွေများလာတဲ့အခါ မိမိကိုယ်ကိုယ် ဖြေသိပ့်တတ်လာတယ်။

ကိုယ့်နားမှာအဖော်မရှိတဲ့အခါ မွေးကတည်းက
တစ်ယောက်ထည်းဆိုပြီး မိမိကိုယ်ကို
အဖော်ပြုတတ်လာတယ်။

ကိုယ်အဆင်မပြေဖြစ်တဲ့အခါ
ဘဝဆိုတာဖြောင့်ဖြူးတယ်မရှိဘူး
အရာအားလုံးက ခဏလေးပါဆိုပြီး မိမိကိုယ်ကိုယ်
အဆင်ပြေအောင်နေတတ်လာတယ်။

လူတိုင်းကိုယ့်အပေါ်မကောင်းနိူင်ဘူး ဒါကြောင့်မို့
မကောင်းတဲ့လူတွေကို သည်းခံခွင့်လွှတ်ပြီး
ကောင်းတဲ့လူတွေကို
တန်ဖိုးထားတတ်လာတယ်။

12/03/2024

•••သင်အဆင်ပြေနေရင်
သင့်အကြောင်း အကောင်းပြောမယ်
သင်အဆင်မပြေရင် သင့်အကြောင်း
မကောင်းပြောကြမယ် ဒါကလောကသဘာဝပါပဲ။

•••သင်နဲ့ အဆင်ပြေတဲ့အချိန်တော့
စကားတွေက ချိုသာပြီး
သင်နဲ့ အဆင်မပြေတော့တဲ့အခါ
စကားတွေက ခါးသွားကြလိမ့်မယ်။

•••ချီးမွမ်းခြင်းမှာလည်း မပျော်မွေ့နဲ့
ကဲ့ရဲ့ခြင်းမှာလဲ စိတ်မထိခိုက်နဲ့
သင်ဘယ်လောက် ကောင်းအောင်နေနေ
သင့်ကို မကြိုက်တဲ့သူကတော့
သင့်ကို မကောင်းပြောမှာပဲလေ
လူတိုင်းကြိုက်အောင်
နေပြဖို့မလိုဘူး
လူတိုင်းအပေါ် ကိုယ်ချင်းစာစိတ်
ထားတတ်ဖို့ပဲလိုပါတယ်။

•••ပတ်ဝန်းကျင်ကို လိုအပ်တာထက်ပိုပြီး
ဂရုမစိုက်မိစေနဲ့
သင်အဆင်ပြေနေရင် သာ မလိုကြ တာ
သင်အဆင်မပြေရင်
ကြိတ်ဝမ်းသာနေတတ်တာမျိုး။

#ℂ𝕣𝕖𝕕𝕚𝕥 𝐭𝐨 𝐨𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐰𝐫𝐢𝐭𝐞𝐫.
မူရင်းစာရေးသူ ကိုလေးစားစွာဖြင့် ℂ𝕣𝕖𝕕𝕚𝕥 ပေးပါသည်။

28/02/2024

အားနာသင့်တာထက်မပိုပါနဲ့
_____________________

🌺လွယ်လွယ်နဲ့ ရရင်
ဘယ်လိုလူမျိုးကမှ တန်ဖိုးမထားဘူး
ဒါကြောင့် ဘယ်အရာပဲဖြစ်ဖြစ်
အားနာလို့ ဆိုတဲ့ စကားတစ်ခွန်းနောက်ကွယ်မှာ
ကိုယ့်ရဲ့တန်ဖိုးကို အလကားမပေးမိပါစေနဲ့။

🌺ပျော် စေချင်လို့ ရောလိုက်တဲ့အခါ
ပေါ တယ်ထင်တာမျိုး
အလိုက်သိစွာနဲ့ လုပ်ပေးလိုက်တဲ့အခါ
ခိုင်းလို့ရတယ် ထင်တာမျိုး
ချစ်လို့ အနစ်နာ ခံပေးတဲ့အခါ
သိက္ခာပါ ချနင်းခံရတာမျိုး...

🌺ဒီလိုတွေ ကြုံတွေ့ရတဲ့အခါ
အားနာခြင်းရဲ့ ဓားထက်က
လမ်းလျှောက်နေသူက ကိုယ်ပဲမဟုတ်လား။

🌺ဒါကြောင့် ကိုယ်ပေးဆပ်ရတဲ့ အရာတွေနဲ့တန်တဲ့
တန်ရာတန်ကြေးတော့
ရအောင်ယူပါ ....
လောကမှာ...
ချစ်ခြင်း‌ပဲ‌ဖြစ်စေ...
စေတနာဖြစ်စေ...
ဘယ်အရာမှ အလကားမရပါဘူး။

🌺မေတ္တာပေးလို့ မေတ္တာ ပြန်မရချင်နေပါစေ
တချို့တွေက ကိုယ်ပေးသလောက်
ပြန်မရတဲ့အပြင် ကိုယ့်အတွက်
ဝေဒနာတွေပဲ ချန်ခဲ့တာမျိုးဖြစ်တတ်ပါတယ်။

🌺အိမ်တစ်အိမ်မှာပဲဖြစ်စေ
အလုပ်ခွင်မှာပဲ ဖြစ်စေ
Relationship တစ်ခု
အိမ်ထောင်တစ်ခု စတဲ့ဘယ်လိုပေါင်းသင်းဆက်ဆံရေးဖြစ်ဖြစ် အလိုက်သိတတ်လွန်းသူ အနစ်နာခံသူက ပိုပင်းပန်းရသလို
ကိုယ့်အတွက် ကိုယ်မငဲ့ပဲ
အရာအားလုံးကို ထမ်းပိုးထားသူ
စေတနာလွန်ကဲသူက လောကမှာ
အပင်ပန်းဆုံးသူပါ။

🌺ဒါကြောင့်
လူတိုင်းကို မေတ္တာပေးပါ
ချစ်ခြင်းနဲ့ စေတနာကိုတော့
ပေးတဲ့အခါ လူရွေးမှန်ပါစေ
အားနာခြင်းကို အကြောင်းပြပြီး
ကိုယ့်ပေးဆပ်မှုနဲ့ မတန်တာတွေအတွက်
အသုံးချခံ မဖြစ်ပါစေနဲ့။

Category

Website

Address


Yangon

Alerts

Be the first to know and let us send you an email when MoeMoe Thae posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.