Myanmar Fitness Trainer Academy -MFTA

Myanmar Fitness Trainer Academy -MFTA

Share

Official Page of Myanmar Fitness Trainer Academy

03/10/2026

MFTA Trainer တန်းခွဲသစ်များစရန် ၄-ရက်သာလိုတော့တာမို့အခုပဲအပ်ပါ။

02/10/2026

Motivation မလိုဘဲ ဘဝကို ပြောင်းလဲပေးနိုင်တဲ့ Iron Man system အဆုံးထိ ကြည့် ပါ ။ အကျိုးရှိ ပါလိမ့်မယ် ။ 37 မိနစ် စ long form content YouTube link ကို comment မှာ ချပေးထား ပါ တယ် ။ အဆင်ပြေကြပါစေ ခင်ဗျာ ။

ဒီမှာကြည့်ပါ👇

Photos from Myanmar Fitness Trainer Academy -MFTA 's post 01/10/2026

ဒီ batch မတက်လိုက်ရလို့ နောင်တမရစေချင်ပါ

ကျွန်တော်အခုပဲ ခရီး က ပြန်ရောက်တယ်။
8 October 2026 မနက် ၉ နာရီမှာ
Client ရဲ့ကျန်းမာရေး၊ ကြံ့ခိုင်ရေးနဲ့ စွမ်းဆောင်ရည်မြင့်အောင်ကူညီပေးချင်တဲ့ Future Fitness Coach တွေအတွက်
MFTA Pro စတင်တော့မှာဖြစ်ပါတယ်။

၁။ MFTA Pro မှာ ဘာတွေလေ့လာရမလဲ။
CPT, FNS, FLS ဒီ program သုံးခုစလုံးလေ့လာရမယ်။​

၂။အဲ့ဒါတွေက ဘာတွေလဲ။
CPT — Certified Personal Trainer
Client တစ်ယောက်ကို Assessment လုပ်နည်း၊ Goal Setting လုပ်နည်း၊Training Program ရေးနည်း၊ Exercise နဲ့ Coaching အခြေခံများကို Professional အဆင့်နဲ့ လေ့လာရမှာဖြစ်ပါတယ်။

FNS — Fitness Nutrition Specialist
Client ရဲ့ Goal နဲ့ Lifestyle ကိုလိုက်ပြီး
Nutrition ကို ဘယ်လိုနားလည်စေမလဲ၊
အစားအသောက်ပိုင်းကို ဘယ်လိုလမ်းညွှန်ပေးမလဲဆိုတာ
လေ့လာရမှာဖြစ်ပါတယ်။

FLS — Fat Loss Specialist
Exercise နဲ့ Nutrition တင်မဟုတ်ဘဲ
Sleep, Stress, Habit, Lifestyle တွေက
Client Result အပေါ် ဘယ်လိုသက်ရောက်လဲ၊
ရေရှည်ပြောင်းလဲမှုရအောင် ဘယ်လို Coach လုပ်မလဲဆိုတာ
လေ့လာရမှာဖြစ်ပါတယ်။

၃။ ဘယ်လိုလေ့လာရမလဲ။
Facebook Secret Group ထဲမှာ
Content နဲ့ Learning Materials တွေကို တင်ပေးသွားမှာဖြစ်ပြီး
ရာသက်ပန် ပြန်လေ့လာလို့ရပါတယ်။
Gym အလုပ်ချိန်နဲ့ မကိုက်မှာစိုးရိမ်စရာမလိုပါဘူး။
ကိုယ့်အချိန်နဲ့ကိုယ် လေ့လာပြီး
Assignment တွေကိုလုပ်ရင်း
တကယ် Client ကိုင်နိုင်အောင် လေ့ကျင့်သွားရမှာပါ။

၄။ ဘယ်သူတွေ တက်ရောက် လေ့လာသင့်သလဲ။​

Gym Experience အနည်းဆုံး 1 နှစ်ရှိသူ
Client တွေကို Result ရအောင် ကူညီပေးချင်သူ
ပညာမပြည့်ဝလို့ Client ကို confidence နဲ့မကိုင်နိုင်သေးသူ
Fitness ကို Professional Career အဖြစ် တည်ဆောက်ချင်သူ
Trainer အများကြီးထဲက တစ်ယောက်မဟုတ်ဘဲ
Client တွေယုံကြည်တဲ့ Professional တစ်ယောက် ဖြစ်ချင်သူ

သင်တန်းပြီးရင် Certification ရမလား?
သင်တန်းတက်ရုံနဲ့တော့ Certification မရပါဘူး။
CPT, FNS, FLS Certification ရဖို့
သင်ခန်းစာတွေကို ပုံမှန်လေ့လာရမယ်။
Assignment တွေကို လုပ်ရမယ်။
လိုအပ်တဲ့ Standard ကို ပြည့်မီရပါမယ်။
ဒါမှ Certificate တစ်ရွက်ရုံမဟုတ်ဘဲ
Client ကို တကယ် Result ရအောင်
ကူညီပေးနိုင်တဲ့ Coach တစ်ယောက်ဖြစ်လာမှာပါ။

Certification အတွက် ခက်လား?
ပုံမှန်လေ့လာပြီး
အိမ်စာနဲ့ Assignment တွေကို ပုံမှန်လုပ်သွားရင်
မခက်ပါဘူး။အခုထိ “ငါလုပ်နိုင်မလား” လို့ စိုးရိမ်နေသူတွေလည်း
တကယ်လေ့လာဖို့ စိတ်ရှိရင်
လုပ်နိုင်ပါတယ်။

သင်တန်းကို ဘယ်လိုအပ်ရမလဲ။
Naing Oo - Muscleprofessor Page သို့ MFTA Page မှာ
MFTA Pro လို့ပို့ပေးပါ။​

သင်တန်းကြေး
Original Price — 690,000 MMK
နောက်ပိုင်း Program Value နဲ့အတူ
စျေးနှုန်းတိုးနိုင်ပါတယ်။
❇️ဒီ Batch အတွက် Special Price — 350,000 MMK ❇️

MFTA အရင် Batch မှာ တက်ထားသူတစ်ယောက်က
Referral ပေးထားရင်—
❇️Referral Price — 350,000 MMK❇️
Client တွေရဲ့ Health, Fitness နဲ့ Performance ကို
တကယ်ပြောင်းလဲပေးနိုင်တဲ့
Professional Fitness Coach တစ်ယောက်ဖြစ်ချင်ရင်—
Naing Oo – Muscleprofessor Page
သို့မဟုတ်
MFTA Myanmar Page ကို
“MFTA Pro” လို့ Messenger မှာပို့ပေးပါ။
ဒီ Batch မတက်လိုက်ရလို့
နောင်တမရပါနဲ့။
#ဝါသနာကိုဝင်ငွေအဖြစ်ပြောင်းဖို့သင့်ရဲ့ProfessionalဘဝကိုMFTAမှစတင်ပါ
လေးစားလျက်
နိုင်ဦး – ၁၁၉
#ဝိတ်ချခြင်းအနုပညာ

30/09/2026

Biceps ၊ Triceps ၊ Quadriceps စတဲ့ ကြွက်သားနာမည်တွေကို အလွတ်ရပြီးရင် နောက်ထပ် ဘာသိဖို့ လိုအပ်သေးသလဲ။
ကြွက်သားအမည်တွေနဲ့ တည်နေရာတွေကို သိထားတာဟာ Trainer တစ်ယောက်အတွက် အရေးကြီးတဲ့ ပထမခြေလှမ်းပါပဲ။ ဒါပေမဲ့ စာအုပ်ထဲက ပုံတွေကို ကြည့်ပြီး နာမည်ရွတ်ပြနိုင်ရုံနဲ့တော့ လက်တွေ့ကွင်းပြင်မှာ Client တစ်ယောက်ကို ထိထိရောက်ရောက် ပြောင်းလဲပေးနိုင်မှာ မဟုတ်ပါဘူး။
လက်တွေ့မှာ လူတစ်ယောက်ကို လေ့ကျင့်ပေးတဲ့အခါ ကြွက်သားနာမည်ထက် ပိုနက်ရှိုင်းတဲ့ မေးခွန်းတွေ ဆက်တိုက်ပေါ်လာပါတယ်။
ဒီလှုပ်ရှားမှုမှာ ဘယ်အဆစ်က အဓိက ဘာအလုပ်လုပ်နေတာလဲ။
ကြွက်သားတွေက အဆစ်ကို ရွှေ့ပေးနေတာလား၊ ဒါမှမဟုတ် မလှုပ်သွားအောင် ထိန်းပေးနေတာလား။
ပြင်ပက အလေးဝန်က အဆစ်နဲ့ ကြွက်သားပေါ်ကို ဘယ်လိုသက်ရောက်နေသလဲ။
Client က သတ်မှတ်ထားတဲ့ ပုံစံအတိုင်း မလုပ်နိုင်တဲ့အခါ ဘယ်အပိုင်းကို အတိအကျ ပြင်ဆင်ပေးမလဲ။
ဒီမေးခွန်းတွေကို ဖြေနိုင်တဲ့အခါမှသာ စာအုပ်ထဲက Anatomy အသိပညာဟာ လက်တွေ့အသုံးချလို့ရတဲ့ Coaching ဆုံးဖြတ်ချက်အဖြစ် ပြောင်းလဲသွားတာ ဖြစ်ပါတယ်။
လူတိုင်း နားလည်လွယ်ပြီး ပြန်လည်မျှဝေနိုင်အောင် ခန္ဓာကိုယ် လှုပ်ရှားမှုဖြစ်စဉ်ကို ဒီအစီအစဉ်လေးအတိုင်း အလွယ်တကူ မှတ်သားထားနိုင်ပါတယ်။
အချက်ပေးခြင်း ၊ အင်အားထုတ်လုပ်ခြင်း ၊ အင်အားလွှဲပြောင်းခြင်း ၊ လှုပ်ရှားခြင်း သို့မဟုတ် ထိန်းချုပ်ခြင်း။
၁။ အချက်ပေးခြင်း
လှုပ်ရှားမှုတိုင်းဟာ ကြွက်သားက စတင်တာ မဟုတ်ပါဘူး။ ဦးနှောက်နဲ့ အာရုံကြောစနစ် Central Nervous System ကနေ ဘယ်ကြွက်သားအမျှင်တွေ အလုပ်လုပ်ရမလဲ ဆိုတာကို လျှပ်စစ်အချက်ပြမှုတွေ ပေးပို့ပြီး ထိန်းချုပ်တာ ဖြစ်ပါတယ်။
၂။ အင်အားထုတ်လုပ်ခြင်း
အာရုံကြောက အချက်ပေးလိုက်တဲ့အခါမှ ကြွက်သားအတွင်းက အသေးစိတ်ဖွဲ့စည်းပုံတွေဖြစ်တဲ့ Actin နဲ့ Myosin တို့ ပူးကပ်ဆွဲငင်ပြီး ကြွက်သားညှစ်အား Mechanical Tension ကို စတင်ထုတ်လုပ်ပေးပါတယ်။
၃။ အင်အားလွှဲပြောင်းခြင်း
ကြွက်သားက ထုတ်လိုက်တဲ့ အင်အားဟာ သူ့အလိုလို အရိုးဆီကို မရောက်သွားပါဘူး။ ကြွက်သားကို ပတ်ထားတဲ့ ဆက်သွယ်တစ်ရှူးတွေနဲ့ အရွတ်ချောင်း Tendon တွေကတစ်ဆင့် အရိုးပေါ်ကို အင်အားလွှဲပြောင်းပေးရပါတယ်။
၄။ လှုပ်ရှားခြင်း သို့မဟုတ် ထိန်းချုပ်ခြင်း
အရိုးပေါ်ကို အင်အားသက်ရောက်သွားတဲ့အခါမှ ခန္ဓာကိုယ်က ကိုယ်လိုချင်တဲ့ အကွေးအဆန့် လှုပ်ရှားမှုကို လုပ်ဆောင်တာ၊ ဒါမှမဟုတ် ခါးနဲ့ ပခုံးလို အဆစ်တွေ မတည်မငြိမ် မဖြစ်သွားအောင် အနေအထားတစ်ခုမှာ ငြိမ်နေအောင် ထိန်းချုပ်ပေးတာ ဖြစ်ပါတယ်။
ဒါဟာ သဘောတရားကို နားလည်လွယ်အောင် စုစည်းထားတဲ့ သင်ကြားရေးပုံစံ ဖြစ်ပါတယ်။ တကယ့်သက်ရှိ ခန္ဓာကိုယ်မှာတော့ လှုပ်ရှားနေရင်းနဲ့ အဆစ်အမြစ်နဲ့ ကြွက်သားတွေဆီက သတင်းအချက်အလက်တွေကို ဦးနှောက်ဆီ ပြန်ပို့ပေးတဲ့ Sensory Feedback တွေနဲ့ စက္ကန့်မလပ် အပြန်အလှန် ထိန်းချုပ်မှုတွေလည်း ပါဝင်နေပါတယ်။
ဒီသိပ္ပံနည်းကျ အမြင်နဲ့ Client တစ်ယောက်ကို ကြည့်တတ်သွားပြီဆိုရင် သူ လေ့ကျင့်ခန်းတစ်ခုကို ကောင်းကောင်းမလုပ်နိုင်တဲ့အခါ အားနည်းလို့ပဲ ဆိုတဲ့ သာမန်အဖြေတစ်ခုတည်းနဲ့ ရပ်တန့်နေတော့မှာ မဟုတ်ပါဘူး။
ပြဿနာရဲ့ အရင်းအမြစ်ကို အခုလို အဆင့်ဆင့် ခွဲခြမ်းစဉ်းစားလာနိုင်ပါလိမ့်မယ်။
ဘာလုပ်ရမယ်ဆိုတဲ့ လှုပ်ရှားမှုပုံစံ Task ကို သေချာနားမလည်သေးလို့လား။
အာရုံကြောနဲ့ ကြွက်သား ချိတ်ဆက်လုပ်ဆောင်ရမယ့် ကျွမ်းကျင်မှု Skill မရသေးလို့လား။
ပေးထားတဲ့ အလေးဝန်က သူ့ရဲ့ လက်ရှိထိန်းချုပ်နိုင်စွမ်းထက် များလွန်းနေလို့လား။
အာရုံကြောစနစ် ဒါမှမဟုတ် ကြွက်သားက ပင်ပန်းနွမ်းနယ်နေလို့လား။
ဒါမှမဟုတ် အဆစ်အမြစ်တစ်ခုခုမှာ တင်းကျပ်မှုနဲ့ သက်သောင့်သက်သာမရှိတဲ့ လက္ခဏာတစ်ခုခု ရှိနေလို့လား။
ဒီလို အဖြေရှာပေးနိုင်တာဟာ သာမန်လေ့ကျင့်ခန်း ခိုင်းတတ်သူနဲ့ ကျွမ်းကျင်တဲ့ Professional Coach တစ်ယောက်ကြားက အဓိက ကွာခြားချက်ပါပဲ။
MFTA မှာ အဓိက တည်ဆောက်ပေးချင်တဲ့ သင်ယူမှုစနစ်ကတော့ အမည်ကိုသိခြင်း ၊ အလုပ်လုပ်ပုံကို နားလည်ခြင်း ၊ Client အပေါ် လက်တွေ့အသုံးချခြင်း နဲ့ တုံ့ပြန်မှုကို ပြန်လည်စစ်ဆေးခြင်း ဆိုတဲ့ လက်တွေ့ကျတဲ့ ပုံစံပဲ ဖြစ်ပါတယ်။
ခန္ဓာကိုယ်ရဲ့ သဘောတရားကို အခုလို နက်နက်ရှိုင်းရှိုင်း နားလည်ပြီး Client တစ်ယောက်ချင်းစီရဲ့ ပြဿနာကို တိတိကျကျ ဖြေရှင်းပေးတတ်တဲ့ အဆင့်မီ Trainer တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ မိမိရဲ့ လက်ရှိအတွေ့အကြုံနဲ့ ရည်မှန်းချက်ကို MFTA Page Messenger မှာ ရေးသားပေးပို့ပြီး မိမိနဲ့ကိုက်ညီမယ့် သင်ယူမှုလမ်းကြောင်းအကြောင်း အသေးစိတ် လာရောက်စုံစမ်းနိုင်ပါတယ်။ကြွက်သားကို အမည်နဲ့ မှတ်ပါ။အလုပ်လုပ်ပုံနဲ့ နားလည်ပါ။လူတစ်ယောက်အတွက် လက်တွေ့အသုံးချတတ်အောင် လေ့လာပါ။
#သင့်ရဲ့ProfessionalဘဝကိုMFTAမှစတင်ပါ
ိုMFTAမှာသင်ယူပါ

ကျန်းမာကြပါစေ။
လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ

29/09/2026

MFTA Pro စတင်တော့မှာ ဖြစ်ပါတယ်။
Gym မှာ Trainer လုပ်နေသူတစ်ယောက်အတွက်
အလုပ်လုပ်စားရတာက အရင်ကထက် ပိုကြပ်လာပါတယ်။
AI ခေတ်မှာ Client တွေကလည်းWorkout ပေးရုံနဲ့ မကျေနပ်တော့ဘူး။
Result ထုတ်ပြနိုင်ဖို့လိုတယ်။
Nutrition အကြောင်း ရှင်းပြနိုင်ရမယ်။
သူ့ရဲ့ Lifestyle နဲ့ကိုက်အောင် Guidance ပေးနိုင်ရမယ်။
Progress မတက်ရင် ဘာကြောင့်လဲဆိုတာ သိရမယ်။
ဒါကြောင့် ဒီခေတ်မှာ
Trainer တစ်ယောက်ဖြစ်ရုံနဲ့ မလုံလောက်တော့ပါဘူး။
Professional Fitness Coach တစ်ယောက်ဖြစ်ဖို့ လိုပါတယ်။
MFTA Pro မှာ ဘာတွေ လေ့လာရမလဲ?
MFTA Pro မှာ Program သုံးခုလုံးကို လေ့လာရမှာ ဖြစ်ပါတယ်။
CPT — Certified Personal Trainer
Client တစ်ယောက်ကို Assessment လုပ်နည်း၊
Goal Setting ချမှတ်နည်း၊
Training Program ရေးနည်း၊
Exercise နဲ့ Coaching အခြေခံများကို
Professional အဆင့်နဲ့ လေ့လာရမှာဖြစ်ပါတယ်။

FNS — Fitness Nutrition Specialist
Client ရဲ့ Goal နဲ့ Lifestyle ကိုလိုက်ပြီး
Nutrition ကို ဘယ်လိုနားလည်စေမလဲ၊
အစားအသောက်ပိုင်းကို ဘယ်လိုလမ်းညွှန်ပေးမလဲဆိုတာ
လေ့လာရမှာဖြစ်ပါတယ်။

FLS — Fat Loss Specialist
Exercise နဲ့ Nutrition တင်မဟုတ်ဘဲ
Sleep, Stress, Habit, Lifestyle တွေက
Client Result အပေါ် ဘယ်လိုသက်ရောက်လဲ၊
ရေရှည်ပြောင်းလဲမှုရအောင် ဘယ်လို Coach လုပ်မလဲဆိုတာ
လေ့လာရမှာဖြစ်ပါတယ်။
ဘယ်လိုလေ့လာရမလဲ?
Facebook Secret Group ထဲမှာ
Content နဲ့ Learning Materials တွေကို တင်ပေးသွားမှာဖြစ်ပြီး
ရာသက်ပန် ပြန်လေ့လာလို့ရပါတယ်။
Gym အလုပ်ချိန်နဲ့ မကိုက်မှာစိုးရိမ်စရာမလိုပါဘူး။
ကိုယ့်အချိန်နဲ့ကိုယ် လေ့လာပြီး
Assignment တွေကိုလုပ်ရင်း
တကယ် Client ကိုင်နိုင်အောင် လေ့ကျင့်သွားရမှာပါ။
ဘယ်သူတွေ လေ့လာသင့်လဲ?
Gym Experience အနည်းဆုံး 1 နှစ်ရှိသူ
Client တွေကို Result ရအောင် ကူညီပေးချင်သူ
ပညာမပြည့်ဝလို့ Client ကို confidence နဲ့မကိုင်နိုင်သေးသူ
Fitness ကို Professional Career အဖြစ် တည်ဆောက်ချင်သူ
Trainer အများကြီးထဲက တစ်ယောက်မဟုတ်ဘဲ
Client တွေယုံကြည်တဲ့ Professional တစ်ယောက် ဖြစ်ချင်သူ
သင်တန်းပြီးရင် Certification ရမလား?
သင်တန်းတက်ရုံနဲ့တော့ Certification မရပါဘူး။
CPT, FNS, FLS Certification ရဖို့
သင်ခန်းစာတွေကို ပုံမှန်လေ့လာရမယ်။
Assignment တွေကို လုပ်ရမယ်။
လိုအပ်တဲ့ Standard ကို ပြည့်မီရပါမယ်။
ဒါမှ Certificate တစ်ရွက်ရုံမဟုတ်ဘဲ
Client ကို တကယ် Result ရအောင်
ကူညီပေးနိုင်တဲ့ Coach တစ်ယောက်ဖြစ်လာမှာပါ။
Certification အတွက် ခက်လား?
ပုံမှန်လေ့လာပြီး
အိမ်စာနဲ့ Assignment တွေကို ပုံမှန်လုပ်သွားရင်
မခက်ပါဘူး။အခုထိ “ငါလုပ်နိုင်မလား” လို့ စိုးရိမ်နေသူတွေလည်း
တကယ်လေ့လာဖို့ စိတ်ရှိရင်
လုပ်နိုင်ပါတယ်။
သင်တန်းကြေး
Original Price — 690,000 MMK
နောက်ပိုင်း Program Value နဲ့အတူ
စျေးနှုန်းတိုးနိုင်ပါတယ်။
ဒီ Batch အတွက် Special Price —350,000 MMK
Client တွေရဲ့ Health, Fitness နဲ့ Performance ကို
တကယ်ပြောင်းလဲပေးနိုင်တဲ့
Professional Fitness Coach တစ်ယောက်ဖြစ်ချင်ရင်—
Naing Oo – Muscleprofessor Page
သို့မဟုတ် MFTA Official Page ကို
“MFTA Pro” လို့ Messenger မှာပို့ပေးပါ။
ဒီ Batch မတက်လိုက်ရလို့
နောင်တမရပါနဲ့။
လေးစားလျက်
နိုင်ဦး – ၁၁၉
#ဝိတ်ချခြင်းအနုပညာ

29/09/2026

Trainer မဖြစ်သေးရင်ကော MFTA Pro ကို တက်လို့ ရလား? (Fitness ကို Career အဖြစ် ပြောင်းချင်သူများအတွက်)
Gym မှာ အလုပ်မလုပ်သေးတာ၊ Trainer အတွေ့အကြုံ မရှိသေးတာက သင့်အတွက် အားနည်းချက်လို့ ထင်နေပါသလား? တကယ်တော့ ဒါဟာ သင့်ရဲ့ "အကြီးမားဆုံး အားသာချက် (The Biggest Advantage)" တစ်ခု ဖြစ်နေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ပါ။
အတွေ့အကြုံမရှိသေးသူတွေရဲ့ "Blank Slate" အားသာချက်
Fitness လောကမှာ ကြုံတွေ့ရတဲ့ အဆိုးဆုံးအရာက "အမှားတွေကို အမှန်ထင်ပြီး စွဲလမ်းနေတာ (Bro-science Baggage)" ပါပဲ။ အတွေ့အကြုံရှိပြီးသား Trainer တချို့ဟာ ခေတ်နောက်ကျနေတဲ့ နည်းစနစ်ဟောင်းတွေကို စွန့်လွှတ်ဖို့ (Unlearn လုပ်ဖို့) အရမ်းခက်ခဲကြပါတယ်။
ဒါပေမယ့် သင်က အခုမှ fitness education စတင်လေ့လာမယ့်သူ တစ်ယောက်ဆိုရင်... သင့်ခေါင်းထဲမှာ မှားယွင်းတဲ့ အယူအဆဟောင်းတွေ မရှိသေးပါဘူး။ စက္ကူအလွတ် (Blank Slate) တစ်ရွက်လို ဖြစ်နေတဲ့အတွက်၊ ကမ္ဘာ့အဆင့်မီ "Evidence-based Science (သိပ္ပံနည်းကျ အမှန်တရားများ)" ကို Day 1 ကတည်းက အတိအကျ အုတ်မြစ်ချ တည်ဆောက်နိုင်မယ့် အခွင့်အရေး အပြည့်အဝ ရှိနေပါတယ်။ ဒါဟာ အမှားတွေနဲ့ အချိန်ကုန်ခဲ့တဲ့ သူတွေထက် အများကြီး ခြေလှမ်းသာတဲ့ အချက်ပါပဲ။
The Foundation of a Top 1% Coach
Fitness ကို ဝါသနာအဆင့်ကနေ ဝင်ငွေကောင်းတဲ့ Professional Career အဖြစ် ပြောင်းလဲချင်တယ်ဆိုရင်၊ အရေးကြီးဆုံးက "Foundation (အခြေခံ)" ကို အမှန်ကန်ဆုံး စတင်ဖို့ပါပဲ။ ပြေးစက်ပေါ်ပြေးခိုင်းတာ၊ အလေးမခိုင်းတာလောက်နဲ့ Trainer တစ်ယောက်ရဲ့ အသက်မွေးဝမ်းကျောင်းကို စတင်လို့ မရပါဘူး။
MFTA Pro မှာ သင့်ကို သုညကနေစပြီး အဆင့်မီ Trainer တစ်ယောက်ဖြစ်လာဖို့ အောက်ပါ "System" တွေကို အခြေခံကနေ စနစ်တကျ သင်ကြားပေးသွားမှာပါ-
Anatomy & Assessment-လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံနဲ့ လှုပ်ရှားမှုတွေကို သေချာနားလည်ပြီး ဒဏ်ရာကင်းအောင် ဘယ်လို ကြိုတင်စစ်ဆေးမလဲ?
Evidence-Based Programming-YouTube က ကူးချတာမျိုး မဟုတ်ဘဲ Block Periodization နဲ့ Progressive Overload ကိုသုံးပြီး Client အတွက် စိတ်ကြိုက် လေ့ကျင့်ရေးအစီအစဉ် ဘယ်လို ရေးဆွဲမလဲ?
Real-World Nutrition- "ထမင်းလျှော့စား၊ အဆီရှောင်" ဆိုတဲ့ အဆင့်ကနေ ခွဲထွက်ပြီး Macros တွေကို သိပ္ပံနည်းကျ ဘယ်လို တွက်ချက်မလဲ?
Coaching Mindset & Psychology-Client တွေရဲ့ ယုံကြည်မှုကို ရယူပြီး ဈေးကွက်ထဲမှာ Authority ရှိတဲ့ Fitness Entrepreneur တစ်ယောက် ဘယ်လို ဖြစ်လာအောင် တည်ဆောက်မလဲ?
ဒီကနေစတင်ပါ။
Trainer အလုပ် မလုပ်သေးဘူး ဆိုတာ... Career ကို စတင်လို့ မရတော့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ "အချိန်မှန်ကန်စွာနဲ့ အမှန်ကန်ဆုံး လမ်းကြောင်းပေါ်ကနေ စတင်ဖို့ အခွင့်အရေးရနေတာ" သက်သက်ပါ။
အချိန်တွေ၊ ငွေတွေ အကုန်ခံပြီး အမှားတွေနဲ့ လမ်းစမ်းမနေပါနဲ့တော့။ ရမ်းသန်းခိုင်းတဲ့ အဆင့်ကနေ Top 1% Authority Coach အဖြစ် သင့်ရဲ့ Career အသစ်ကို ယုံကြည်မှုအပြည့်နဲ့ စတင်ချင်တယ်ဆိုရင်...
အခုပဲ Page Messenger မှာ “Pro” လို့ စာပို့ပြီး သင့်ရဲ့ Career Roadmap ကို စတင်လိုက်ပါ။

ကျန်းမာကြပါစေ။
လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ
Founder, Myanmar Fitness Trainer Academy

28/09/2026

ကမ္ဘာမှာ ကျော်ကြားလွန်းတဲ့ Trend Bio hacking Science or Scam ကို YouTube မှာ မိနစ် ၂၀ ကျော်စာ long form content အနေနဲ့ တင်ထားလိုက်ပြီး လွယ်ကူရိုးရှင်းစွာ အသုံးချလို့ရမည့် နည်းလမ်းလေး မျှဝေပေးထားတယ်။ Link ကို comment မှာ ချပေးထားတယ်။ ဝင်ကြည့်ပါ၊ channel ကို subscribe လုပ်ပေးပါ၊ ကျေးဇူးတင်ပါတယ်၊ ကျန်းမာကြပါစေ။

28/09/2026

ဒီနေ့ ၈ ကြိမ်ပဲ မနိုင်တော့တာနဲ့ သင် တကယ်ပဲ အားနည်းသွားပြီလား။
ပြီးခဲ့တဲ့အပတ်က ဒီအလေးချိန်နဲ့ပဲ ၁၀ ကြိမ် ရအောင် မနိုင်ခဲ့တယ်။ ဒီနေ့ ပြန်ကစားကြည့်တော့ ၈ ကြိမ်မှာတင် အားကုန်ပြီး ဆက်မတက်နိုင်တော့ဘူး။ အဲဒီအခါ ငါ့ကြွက်သားတွေ ပြန်ကျသွားပြီလား၊ ငါ အားနည်းသွားပြီလား ဆိုပြီး စိတ်ပျက်အားလျော့မိတတ်ကြပါတယ်။
ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အားနည်းသွားပြီလို့ ဆုံးဖြတ်ချက်မချခင် သိပ္ပံနည်းကျ ပြန်စစ်ဆေးရမယ့် အချက်တွေ အများကြီး ရှိပါသေးတယ်။
Fitness Science မှာ Fitness-Fatigue Model ဆိုတဲ့ သဘောတရားတစ်ခု ရှိပါတယ်။ သင့်ရဲ့ လက်တွေ့စွမ်းဆောင်ရည်ဆိုတာ သင်ပိုင်ဆိုင်ထားတဲ့ ကြံ့ခိုင်မှုထဲကနေ လက်ရှိပင်ပန်းနွမ်းနယ်မှုကို နုတ်ထားတဲ့ ရလဒ်ပါပဲ။ တစ်ပတ်အတွင်းမှာ သင့်ရဲ့ ကြွက်သားနဲ့ ခွန်အားက အလိုလို ပျောက်ကွယ်မသွားပါဘူး။ ဒီနေ့ ပင်ပန်းနွမ်းနယ်မှု များနေတဲ့အခါ ရှိပြီးသား ခွန်အားကို အပြည့်အဝ ထုတ်မသုံးနိုင်တာပဲ ဖြစ်ပါတယ်။
ဒါကြောင့် အကြိမ်ရေ လျော့ကျသွားတဲ့အခါ ဒီအချက် ၃ ချက်ကို အရင်ဆုံး စစ်ဆေးကြည့်ပါ။
၁။ လေ့ကျင့်တဲ့ အခြေအနေချင်း တူရဲ့လား။
အလေးချိန် တူပေမဲ့ လှုပ်ရှားမှုအကွာအဝေး Range of Motion နဲ့ အနှေးအမြန် Tempo တူရဲ့လား။ ဒီနေ့မှာ ပိုပြီး စနစ်တကျနဲ့ အပြည့်အဝ ကစားလိုက်လို့ အကြိမ်ရေ နည်းသွားတာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် တစ်ကျော့နဲ့တစ်ကျော့ကြား နားချိန် တူရဲ့လား၊ အရင်အပတ်က ဒီလေ့ကျင့်ခန်းကို ပထမဆုံး ကစားခဲ့ပြီး ဒီနေ့မှ နောက်ဆုံးမှာ ကစားမိတာလား ဆိုတာတွေက အကြိမ်ရေအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်။
၂။ ဒီနေ့ ကိုယ့်ခန္ဓာကိုယ်ရဲ့ Readiness က ဘယ်လိုရှိလဲ။
ညက အိပ်ရေးဝရဲ့လား၊ အလုပ်ဖိအားနဲ့ စိတ်ဖိစီးမှု များနေလား၊ လေ့ကျင့်ခန်းမလုပ်ခင် အာဟာရနဲ့ ရေဓာတ် လုံလောက်ရဲ့လား။ ဒီအချက်တွေ လိုအပ်နေရင် သင့်ရဲ့ အာရုံကြောစနစ် Central Nervous System က ပင်ပန်းနေပြီး ကြွက်သားတွေကို အားအပြည့်ထုတ်ဖို့ အချက်ပြနိုင်စွမ်း လျော့ကျသွားတတ်ပါတယ်။
၃။ တစ်ရက်တည်း ဖြစ်တာလား၊ ဆက်တိုက် ဖြစ်နေတာလား။
ဒီတစ်ရက်တည်းမှာပဲ ရလဒ်ကျသွားတာဆိုရင် ဒါဟာ ပုံမှန်ဖြစ်တတ်တဲ့ အတက်အကျ သက်သက်ပါပဲ။ ဒါပေမဲ့ လေ့ကျင့်ချိန် ပေါင်းများစွာမှာ ဆက်တိုက် အကြိမ်ရေ ကျဆင်းနေပြီဆိုရင်တော့ သင့်ရဲ့ အနားယူမှု Recovery ဒါမှမဟုတ် Training Volume ကို ပြန်လည်ပြင်ဆင်ဖို့ အချက်ပြနေတာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့ ပြသနိုင်တဲ့ Performance နဲ့ ရေရှည်တည်ဆောက်ထားတဲ့ Fitness ကို ဘယ်တော့မှ တစ်ထပ်တည်း မယူဆပါနဲ့။
တစ်ရက်တာ ရလဒ်ကျတာကို စိတ်ပျက်စရာ မလိုသလို လျစ်လျူရှုထားဖို့လည်း မဟုတ်ပါဘူး။ မှတ်တမ်းသေချာယူပါ။ အခြေအနေကို စစ်ဆေးပါ။ လိုအပ်သလို ပြင်ဆင်ပြီး တူညီတဲ့ အခြေအနေချင်း နှိုင်းယှဉ်နိုင်မယ့် ရေရှည်လမ်းကြောင်းကိုသာ ပြန်ကြည့်ပါ။
MFTA ရဲ့ နည်းပြသင်ကြားရေးမှာ အလေးထားတဲ့ အရေးကြီးဆုံး အချက်တစ်ခုကတော့ ရလဒ်တစ်ခုကို မြင်တာနဲ့ ချက်ချင်း ဆုံးဖြတ်ချက် မချခင် အဲဒီရလဒ်ဖြစ်ပေါ်လာတဲ့ နောက်ကွယ်က အခြေအနေကို သိပ္ပံနည်းကျ ဖတ်တတ်ဖို့ပဲ ဖြစ်ပါတယ်။
Client တစ်ယောက် မနိုင်လိုက်တဲ့ အကြိမ်ရေတွေရဲ့ နောက်ကွယ်မှာ သူ့ရဲ့ အိပ်ရေး၊ အလုပ်ခွင်က ဖိအား၊ ပင်ပန်းနွမ်းနယ်မှုနဲ့ နေ့စဉ်ဘဝကြီး ရှိနေပါတယ်။ တကယ်ကောင်းတဲ့ Coaching ဆိုတာ ကိန်းဂဏန်းတွေတင်မကဘဲ အဲဒီလူသားဆန်တဲ့ အချက်အလက်တွေကိုပါ ထည့်သွင်းစဉ်းစားပေးနိုင်ရပါမယ်။
နောက်တစ်ခါ Gym မှာ အကြိမ်ရေ လျော့သွားခဲ့ရင် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ခင် အချက်အလက်တွေကို အရင်စစ်ဆေးကြည့်ပါ။
သင်ရော လေ့ကျင့်ခန်းလုပ်တဲ့အခါ ဘယ်လိုအခြေအနေမျိုးမှာ အားအနည်းဆုံး ဖြစ်တတ်သလဲ။ အိပ်ရေးပျက်တဲ့နေ့လား ဒါမှမဟုတ် အလုပ်ပင်ပန်းတဲ့နေ့လား။ Comment မှာ မျှဝေပေးသွားပါဦး။
#သင့်ရဲ့ProfessionalဘဝကိုMFTAမှစတင်ပါ
ိုMFTAမှာသင်ယူပါ
ကျန်းမာကြပါစေ။
လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ

28/09/2026

ဆရာ တစ်နေ့လုံး အနားမနေရဘဲ လှုပ်ရှားနေရတာပဲ။ ဒါပေမဲ့ ဘာလို့ လူက မကြံ့ခိုင်သလို ခံစားနေရတာလဲ။
အိမ်အလုပ်တွေ လုပ်တယ်။ ဆိုင်မှာ တစ်နေကုန် မတ်တပ်ရပ်တယ်။ ဈေးသွားတယ်။ ပစ္စည်းတွေ သယ်တယ်။ တစ်နေ့တာ ကုန်ဆုံးသွားတဲ့အခါ လူက သန်မာမလာဘဲ ညောင်းညာကိုက်ခဲပြီး နွမ်းနယ်သွားတာမျိုး ကြုံဖူးကြမှာပါ။
ဒါတွေအားလုံးဟာ ကိုယ်လက်လှုပ်ရှားမှု Physical Activity တွေ ဖြစ်တဲ့အတွက် ကျန်းမာရေးအတွက် တန်ဖိုးရှိပါတယ်။ ဒါပေမဲ့ သိပ္ပံနည်းကျ အမှန်တရားတစ်ခုကတော့ တစ်နေကုန် လှုပ်ရှားနေရုံနဲ့ ကိုယ်လိုအပ်တဲ့ ကြံ့ခိုင်မှုစွမ်းရည်အားလုံး တိုးတက်နေပြီလို့ မဆိုနိုင်ပါဘူး။
နေ့စဉ်လုပ်နေကျ အလုပ်တွေက ခန္ဓာကိုယ်ကို ပင်ပန်းစေပေမဲ့ ကြွက်သားနဲ့ အဆစ်အမြစ်တွေ ပိုသန်မာလာအောင် စနစ်တကျ ဖိအားပေးတဲ့ Training မဟုတ်တဲ့အတွက် ရေရှည်မှာ ပင်ပန်းနွမ်းနယ်မှုကိုပဲ ဖြစ်စေတတ်ပါတယ်။
နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခုက Fitness Science မှာ Specificity လို့ခေါ်တဲ့ သီးသန့်တုံ့ပြန်မှု သဘောတရား ရှိပါတယ်။ ခန္ဓာကိုယ်ဟာ ကိုယ်လေ့ကျင့်ထားတဲ့ စွမ်းရည်တစ်ခုအတွက်ပဲ သီးသန့် တိုးတက်လာတာပါ။
ဥပမာအနေနဲ့ ကြည့်ရအောင်။
နေ့တိုင်း လမ်းအများကြီးလျှောက်ရတဲ့ သူတစ်ယောက်ဟာ ခြေထောက်ခံနိုင်ရည် ကောင်းနိုင်ပေမဲ့ ဝန်လေးလေးတစ်ခုကို မတင်လိုက်တဲ့အခါ ခက်ခဲနိုင်ပြီး ခါးနာသွားတတ်ပါတယ်။
အလေးဝန်လေးလေး မနိုင်တဲ့ သူတစ်ယောက်ကလည်း ခရီးရှည် လမ်းလျှောက်ရတဲ့အခါ ဒါမှမဟုတ် လှေကားအမြင့်ကြီး တက်ရတဲ့အခါ မောပန်းနေနိုင်ပါတယ်။
အရာတစ်ခုကို ကောင်းကောင်းလုပ်နိုင်ခြင်းက ကျန်တဲ့အရာအားလုံးကိုပါ အလိုအလျောက် လုပ်နိုင်စေမယ်လို့ ဘယ်တော့မှ မယူဆသင့်ပါဘူး။
ဒါကြောင့် ပိုပြီး Fit ဖြစ်ချင်တယ်လို့ ပြောတဲ့အခါ ဒီမေးခွန်းကို အရင်ဆုံး တိတိကျကျ ဖြေကြည့်ပါ။
နေ့စဉ်ဘဝမှာ ဘာကို ပိုပြီး လွယ်လွယ်ကူကူ လုပ်နိုင်ချင်တာလဲ။
ကလေးကို ခါးမနာဘဲ ပိုအဆင်ပြေပြေ ချီနိုင်ချင်တာလား။
လှေကားတက်ရာမှာ မမောဘဲ ပိုခံနိုင်ရည် ရှိချင်တာလား။
ဈေးအိတ်လေးလေးတွေ သယ်ရတာ ပိုလွယ်ကူချင်တာလား။
အသက်ကြီးလာတဲ့အခါ သူများအကူအညီ မလိုဘဲ ကိုယ့်အလုပ်ကိုယ် လွတ်လွတ်လပ်လပ် လုပ်နိုင်ချင်တာလား။
ဒီအဖြေ ရှင်းလင်းလာတာနဲ့ ကိုယ်ရွေးချယ်ရမယ့် လေ့ကျင့်မှုအတွက် တိကျတဲ့ ဦးတည်ချက် ရလာပါလိမ့်မယ်။
MFTA မှာ အသုံးပြုတဲ့ Professional Trainer တစ်ယောက်ရဲ့ စဉ်းစားပုံအဆင့်ဆင့်ကတော့—
ရည်မှန်းချက် ချမှတ်ခြင်း → လိုအပ်တဲ့စွမ်းရည်ကို ရှာဖွေခြင်း → သင့်တော်တဲ့ လေ့ကျင့်မှု ပေးခြင်း → ရလဒ်ပြန်လည်စစ်ဆေးခြင်း ပဲ ဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝ လှုပ်ရှားမှုပုံစံနဲ့ အခက်အခဲကို သေချာနားလည်မှသာ သူ့အတွက် တကယ်အဓိပ္ပာယ်ရှိပြီး လက်တွေ့ဘဝကို ပိုကောင်းစေမယ့် Training ကို ရေးဆွဲပေးနိုင်မှာ ဖြစ်ပါတယ်။
အဲဒါကြောင့် ကျွန်တော် အမြဲပြောလေ့ရှိတာပါ။
Everyone is an athlete in daily life.
ပြိုင်ပွဲဝင်နေတဲ့ အားကစားသမားတွေမှ ကြံ့ခိုင်ဖို့ လိုအပ်တာ မဟုတ်ပါဘူး။ လူတိုင်းမှာ နေ့စဉ်ကျော်ဖြတ်နေရတဲ့ ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ လိုအပ်ချက်တွေ ကိုယ်စီရှိကြပါတယ်။
သင့်အတွက်ရော နေ့စဉ်ဘဝမှာ အခုထက် ပိုပြီး လွယ်လွယ်ကူကူ လုပ်နိုင်ချင်တဲ့ အလုပ်တစ်ခုက ဘာဖြစ်မလဲ။ Comment မှာ ရေးပေးသွားပါဦး။ #သင့်ရဲ့ProfessionalဘဝကိုMFTAမှစတင်ပါ
ိုMFTAမှာသင်ယူပါ
ကျန်းမာကြပါစေ။
လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ

27/09/2026

Gym သွားတယ်ဆိုတာ လုပ်ဆောင်မှုတစ်ခု သက်သက်ပါပဲ။ ဒါပေမဲ့ တကယ်ရော Fit ဖြစ်လာပြီလား ဆိုတာကတော့ သီးသန့်စဉ်းစားရမယ့် နောက်ထပ်မေးခွန်းတစ်ခု ဖြစ်ပါတယ်။
လူတော်တော်များများက Gym ကို နေ့တိုင်းသွားနေပေမဲ့ အချိန်ကြာလာတဲ့အထိ ခန္ဓာကိုယ်နဲ့ စွမ်းဆောင်ရည်က သိသိသာသာ ပြောင်းလဲမလာကြပါဘူး။ ဘာကြောင့်လဲဆိုတော့ Fitness လောကမှာ မကြာခဏကြားနေရတဲ့ အရေးကြီးဆုံး စကားလုံး ၄ လုံးရဲ့ အဓိပ္ပာယ်ကို ရောထွေးနေကြလို့ပါပဲ။
အဲဒီစကားလုံးတွေကတော့ Fitness ၊ Exercise ၊ Training နဲ့ Performance တို့ပဲ ဖြစ်ပါတယ်။
ဒီစကားလုံး ၄ လုံးဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပေမဲ့ သိပ္ပံနည်းကျ အဓိပ္ပာယ်သတ်မှတ်ချက်ချင်း လုံးဝမတူညီပါဘူး။ အလွယ်ကူဆုံး နားလည်သွားအောင် လမ်းလျှောက်ခြင်းနဲ့ ဥပမာပေးပြီး ရှင်းပြချင်ပါတယ်။
၁။ Exercise ဆိုတာ ဘာလုပ်သလဲ။
ကြံ့ခိုင်မှုအတွက် ရည်ရွယ်ပြီး ဒီနေ့ မိနစ် ၂၀ လမ်းသွက်သွက် ထွက်လျှောက်လိုက်တယ်။ ဒါဟာ ဒီနေ့အတွက် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်တဲ့ Exercise ပါပဲ။
၂။ Training ဆိုတာ ဘယ်လို ဆက်လေ့ကျင့်မလဲ။
နောက်ပိုင်းမှာ ပိုကြာကြာ လမ်းလျှောက်နိုင်ဖို့အတွက် တစ်ပတ်မှာ ဘယ်နှရက်လျှောက်မလဲ၊ ဘယ်လောက်ကြာအောင် လုပ်မလဲဆိုတာကို စနစ်တကျ ကြိုတင်စီစဉ်ထားတာပါ။ ပြီးတော့ ကိုယ့်ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုအလိုက် အစီအစဉ်ကို လိုအပ်သလို ပြန်ပြင်ဆင်သွားတာဟာ Training ကို စဉ်းစားတဲ့ ပုံစံအမှန်ပါပဲ။
၃။ Fitness ဆိုတာ ဘယ်လိုစွမ်းရည်ရှိလာသလဲ။
စနစ်တကျ လေ့ကျင့်ခဲ့တဲ့အတွက် အရင်လို မောပန်းမနေတော့ဘဲ ကြာရှည်လမ်းလျှောက်နိုင်တဲ့ ခံနိုင်ရည်စွမ်းအား ခန္ဓာကိုယ်မှာ အမှန်တကယ် ရှိလာတာဟာ Fitness ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
၄။ Performance ဆိုတာ အခု ဘယ်လောက်လုပ်ပြနိုင်သလဲ။
ဒီနေ့ သတ်မှတ်ထားတဲ့ လမ်းကြောင်းတစ်ခုကို အချိန်ဘယ်နှမိနစ်နဲ့ အပြီးလျှောက်ပြနိုင်သလဲ။ အဲဒီအခြေအနေတစ်ခုမှာ လက်တွေ့ထုတ်သုံးပြနိုင်တဲ့ စွမ်းဆောင်ရည်ဟာ Performance ပါပဲ။
မှတ်သားရလွယ်အောင် အနှစ်ချုပ်ကြည့်ရအောင်။
Exercise ဆိုတာ လတ်တလော လုပ်ဆောင်မှု။
Training ဆိုတာ ရည်မှန်းချက်အတွက် စီစဉ်ထားတဲ့ လေ့ကျင့်မှု။
Fitness ဆိုတာ ကိုယ့်မှာ ပိုင်ဆိုင်ထားတဲ့ စွမ်းရည်။
Performance ဆိုတာ လက်တွေ့ပြသနိုင်တဲ့ ရလဒ်။
ဒီကွာခြားချက်ကို သေချာနားလည်တဲ့ Professional Trainer တစ်ယောက်ဟာ Client ကို ဒီနေ့ ဘာကစားမလဲ ဆိုတာလောက်ပဲ စဉ်းစားပေးမှာ မဟုတ်ပါဘူး။ ဘာစွမ်းရည်တွေ တိုးတက်ဖို့ ဒီလေ့ကျင့်ခန်းကို ကစားခိုင်းတာလဲ၊ တိုးတက်လာတာကိုရော ဘယ်လိုပြန်စစ်ဆေးမလဲ ဆိုတာတွေအထိပါ မေးခွန်းထုတ်ပြီး စနစ်တကျ စီစဉ်ပေးနိုင်လာပါလိမ့်မယ်။
MFTA မှာ တည်ဆောက်ပေးချင်တဲ့ နည်းပြအရည်အချင်းဆိုတာ အဲဒီလို သဘောတရားတွေကို အချင်းချင်း ချိတ်ဆက်နားလည်ပြီး Client တစ်ယောက်ချင်းစီကို လက်တွေ့ကျကျ ပြန်လည်ရှင်းပြနိုင်ခြင်းပဲ ဖြစ်ပါတယ်။
ဝေါဟာရတွေကို သိခြင်းက ပညာရပ်ရဲ့ အစပဲ ရှိပါသေးတယ်။
အဲဒီသဘောတရားတွေကို လူတစ်ယောက်အတွက် လက်တွေ့အသုံးချနိုင်ခြင်းကမှ တကယ့် ကျွမ်းကျင်မှု အစစ်အမှန်ပါပဲ။
ဒီပို့စ်ကို သိမ်းထားပြီး အခုလက်ရှိ ကိုယ်လုပ်နေတဲ့ လေ့ကျင့်မှုကို ဒီစကားလုံးလေးလုံးနဲ့ ပြန်ရှင်းကြည့်ပါ။ သင်လုပ်နေတာ Exercise သက်သက်ပဲလား ဒါမှမဟုတ် Training လားဆိုတာ အဖြေပေါ်လာပါလိမ့်မယ်။ #သင့်ရဲ့ProfessionalဘဝကိုMFTAမှစတင်ပါ ိုMFTAမှာသင်ယူပါ

ကျန်းမာကြပါစေ။
လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ

Category

Telephone

Address


No. 133, Sat Yone Street
Yangon
11221

Alerts

Be the first to know and let us send you an email when Myanmar Fitness Trainer Academy -MFTA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.