Kiss Me Myanmar_Official
No. 1 Japanese Eye Makeup brand. A Real & Authentic Kiss Me Myanmar Page
27/09/2026
ပျားရည် mask နဲ့ ဝက်ခြံ ကုကြမယ်
ပျားရည် ဆိုတာ သဘာဝက ရတဲ့ ဆေးဖက်ဝင် ပစ္စည်း တစ်ခု ပါ။ သူ့ရဲ့ အာနိသင်အစွမ်းတွေကြောင့် ဟိုးအရင်တည်းက တိုင်းရင်းဆေးပညာမှာတောင် ဆေးဖော်စပ်ရာမှာ အသုံးများပါတယ်။ အလှအပ ဘက်မှာလည်း ပျားရည်က ဘယ်လို အကျိုးပြုတယ် ဆိုတာ ကြားဖူးကြမှာပေါ့။ ဒါကြောင့် အခုတစ်ခေါက်မှာ ပျားရည် mask နဲ့ ဝက်ခြံ ကုသနည်းလေးကို ပြောပြပေးသွားဖို့ ရှိပါတယ်။
ပျားရည် mask နဲ့ ဝက်ခြံ ကုကြမယ်
အလှအပ နဲ့ အသားအရေ အတွက်ဆို အနှောင့်အယှက်တစ်ခု ဖြစ်တဲ့ ဝက်ခြံ တွေကို ပျားရည် က ကုသပေးနိုင်တယ် ဆိုတာ သိပြီးပြီလား။ ပြီးတော့ အိမ်မှာပဲ ကိုယ်တိုင် ပေါင်းတင် ကုသလို့ ရတာ ကိုရော သိထားပြီးပြီလား။ ကဲ …. ပျားရည် mask နဲ့ ဝက်ခြံ ကုကြမယ် နော်။
** အကြောင်းအရာ အပြည့်အစုံကို Kiss Me Myanmar_Official page ရဲ့ post comment မှာ ဆက်လက်ဖတ်ရှုပေးပါ **
26/09/2026
မျက်တောင်ကို ရှည်ပြီးကော့ညွတ်စေတဲ့
💗𝐋𝐨𝐧𝐠 & 𝐂𝐮𝐫𝐥 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐅𝐢𝐥𝐦 𝐌𝐚𝐬𝐜𝐚𝐫𝐚 - 𝐖𝐚𝐭𝐞𝐫𝐩𝐫𝐨𝐨𝐟
01 - Black, 02 - Brown
💗 𝐄𝐲𝐞𝐥𝐚𝐬𝐡 𝐩𝐫𝐨𝐭𝐞𝐜𝐭𝐢𝐨𝐧 𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭𝐬 ပါ၀င်ခြင်း
💗 မျက်တောင်တမွေးချင်းစီကို ပူးကပ်မှုမရှိစေဘဲ ရှည်လျားလှပကော့ညွှတ်နေစေခြင်း
💗 𝐅𝐢𝐛𝐞𝐫 အမျှင်ပါရှိပြီး မျက်တောင်မွေးကို မူလထက် 𝟓𝐦𝐦 ပိုမိုရှည်လျားလာစေခြင်း
💗 𝐖𝐚𝐭𝐞𝐫𝐩𝐫𝐨𝐨𝐟 ဖြစ်လို့ ရေစို၊ ချွေးစိုခံနိုင်ပြီး မျက်လုံးအောက်တွေမှာ မဲသွားတာမျိုးတွေ မရှိပါဘူးနော
💗 ပြန်ဖျက်တဲ့ခါမှာ 𝐫𝐞𝐦𝐨𝐯𝐞𝐫 သို့ ရေနွေးနွေး နဲ့ သုံးနေကျမျက်နှာသစ်ဆေးလေးနဲ့ ဖျက်လို့ရပါတယ်
24/09/2026
Kiss Me Product လေးတွေ အစဉ်အမြဲ အားပေးနေတဲ့ချစ် Customer လေးတို့ရေ Kiss Me ရဲ့ Product လေးတွေကို Kiss Me ရဲ့ Tiktok Account Message Box လေးမှာလည်းဝယ်ယူလို့၇နိုင်တယ်ဆိုတာလေး မိတ်ဆက်ပေးပါရစေရှင့်
20/09/2026
မျက်တောင်လေးတွေထိခိုက်ပျက်စီးစေမယ့် အမူအကျင့်မှား (၉) ခု
ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့မျက်နှာမှာ အလှကိုပြီးပြည့်စုံစေတာက မျက်လုံးမျက်ခုံးလေးတွေပါပဲ။ မျက်လုံးမျက်ခုံးကောင်းရင် မချောရင်တောင် ကြည့်ကောင်းကြပါတယ်။ မိန်းကလေးတွေကတော့ မျက်ခုံးနဲ့ မျက်တောင်အတွက် အလှအပပြင်ဆင်နည်းတွေအများကြီးရှိတာမို့ မျက်နှာအလှအတွက် ပူစရာသိပ်မရှိပါဘူး။ ဒါပေမယ့် မိတ်ကပ်လိမ်းခြယ်တာ ဘယ်လောက်ကောင်းကောင်း မျက်ဝန်းအလှကို မခြယ်သနိုင်ရင် ဆားမပါတဲ့ဟင်းလို ဘာလိုနေမှန်းမသိတဲ့အလှကို ရရှိပါလိမ့်မယ်။အခုပြောပြပေးမှာက ကိုယ့်ရဲ့သတိမထားမိတဲ့အပြုအမူလေးတွေကြောင့် မျက်တောင်လေးတွေကို ထိခိုက်စေပြီး အလှပျက်စေတဲ့အကြောင်းပါ။ မသိလိုက်ဘဲ အမြဲလိုလိုဆက်လုပ်မိနေမယ်ဆိုရင် ရှိရင်းစွဲအလှတရားတွေ ပျက်ယွင်းစေနိုင်တာကြောင့် ဒီအချက်တွေကို သတိထားသင့်ပါတယ်။
** အကြောင်းအရာ အပြည့်အစုံကို Kiss Me Myanmar_Official page ရဲ့ post comment မှာ ဆက်လက်ဖတ်ရှုပေးပါ **
19/09/2026
𝐕𝐨𝐥𝐮𝐦𝐞 & 𝐂𝐮𝐫𝐥 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐅𝐢𝐥𝐦 𝐌𝐚𝐬𝐜𝐚𝐫𝐚 - 𝟎𝟐 (𝐁𝐫𝐨𝐰𝐧)
💜 မျက်တောင်တမွေးချင်းစီကို ပူးကပ်မှုမရှိစေဘဲ လှပကော့ညွှတ်နေစေခြင်း
💜 Powder မှုန့်ပါရှိခြင်းကြောင့် မျက်တောင်မွေးကို ထူထဲကော့ညွှတ်စေခြင်း
💜 Waterproof ဖြစ်လို့ ရေစို၊ ချွေးစိုခံနိုင်ပြီး မျက်လုံးအောက်တွေမှာ မဲသွားတာမျိုးတွေ မရှိပါဘူးနော
💜 ပြန်ဖျက်တဲ့ခါမှာ remover သို့ ရေနွေးနွေး နဲ့ သုံးနေကျမျက်နှာသစ်ဆေးလေးနဲ့ ဖျက်လို့ရပါတယ်
13/09/2026
နံ့သာဖြူ ကပေးတဲ့ အသားအရေ လှပခြင်း
နံ့သာဖြူ ဆိုတာက အမွှေးနံ့သာ တစ်မျိုးပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အာရှဒေသမှာ အလေးအမြတ် သုံးစွဲခဲ့ကြတဲ့ အပင်တစ်မျိုးပေါ့။ ဆေးဖက်ဝင်သလို အမွှေးနံ့သာအနေနဲ့လည်း အသုံးပြုကြပါတယ်။ နံ့သာဖြူကို အရေပြားမှာ တိုက်ရိုက်လိမ်းကျံကြသလို ဘာသာရေး အခမ်းအနားတွေမှာ အမွှေးနံ့သာအနေနဲ့လည်း အသုံးပြုကြပါတယ်။
နံ့သာဖြူ အဆီကို အသုံးပြုကြသလို ဆပ်ပြာ၊ အလှကုန်၊ ဖယောင်းတိုင် ခရင်မ်တွေနဲ့ အမွှေးတိုင်အဖြစ်လည်း အသုံးပြုကြပါတယ်။ဒီလိုမျိုး အသုံးပြုကြတဲ့ နံ့သာဖြူက အသားအရေကို ကျန်းမာစေသလား။ အသားအရေကို ဘယ်လိုမျိုး ကောင်းကျိုးတွေ ပေးစွမ်းလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ နံ့သာဖြူ ကပေးတဲ့ အသားအရေ လှပခြင်း ဆိုတဲ့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်တော့နော်။
** အကြောင်းအရာ အပြည့်အစုံကို Kiss Me Myanmar_Official page ရဲ့ post comment မှာ ဆက်လက်ဖတ်ရှုပေးပါ **
12/09/2026
𝐊𝐢𝐬𝐬 𝐌𝐞 𝐒𝐨𝐟𝐭 𝐃𝐞𝐟𝐢𝐧𝐞 𝐂𝐫𝐞𝐚𝐦 𝐏𝐞𝐧𝐜𝐢𝐥 𝐋𝐢𝐧𝐞𝐫 (𝐖𝐚𝐭𝐞𝐫𝐩𝐫𝐨𝐨𝐟)
🍀 နူးညံ့တဲ့ ခရင်မ်ဖော်မြူလာ ဘဲဥပုံခဲသား
🍀 နူးညံ့တဲ့ခဲသားလေးကြောင့် မိမိစိတ်ကြိုက် လိုသလိုပုံဖော်နိုင်ခြင်း
🍀 ချွေးထွက်ခြင်း၊ အဆီပြန်ခြင်း နှင့် ပွတ်တိုက်မိတဲ့ချိန်မျိုးမှာလည်း
အလွယ်တကူ ပြန့်သွားခြင်း၊ ပျက်သွားခြင်းမရှိဘဲ ကြာရှည်ခံခြင်း
🍀 ခဲသားလေးက လိုသလိုအသွင်း၊ အထုတ်ပြုလုပ်နိုင်ခြင်း
🍀 အသုံးပြုပြီးပါက အဖုံးလုံအောင် ပိတ်ပေးပါ။
🍀 အပူချိန်မြင့်ပြီး နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့နိုင်သော နေရာမျိုးတွင် မထားရပါ။
🍀 လိုင်နာကို ပြန်ဖျက်တဲ့ချိန်မှာလည်း ရေနွေးနွေးနဲ့သုံးနေကျမျက်နှာသစ်ဆေး (သို့)
remover သုံးပြီး ဖျက်လို့ရပါတယ်
06/09/2026
လယ်ပတူ ဆေးဖက်ဝင်သလား!
လယ်ပတူကို မန်ကျည်းမှည့်လေးနဲ့ ပြုတ်လို့ တို့စားလို့ ရသလို ပြုတ်ပြီးသားကို ဆီချက်၊ ကြက်သွန်နီ၊ မြေပဲထောင်၊ ပုစွန်ခြောက်ထောင်း၊ သံပုရာရည်လေးတွနဲ့ အချိုအငန်ထည့်လိူ့ သုပ်စားလို့လည်း ရပါတယ်။ လယ်ပတူ ဆိုတာက ကနဖော့လိုမျိုး အရိုးပျော့ပျော့ အရွက်ဖားဖားလေးနဲ့ အပင်ပျော့လေး တစ်မျိုးပါ။ ပန်းလေးတွေ ပွင့်သလို ရေငန်တိုးတဲ့ နေရာလေးတွေ ရေမြောင်းစပ် ချောင်းစပ်လေးတွေမှာလည်း ပေါက်ရောက် ကြပါတယ်။ ပန်းပွင့်လေးတွေကတော့ ခရမ်းရောင် ခပ်ဖျော့ဖျော့လေးတွေပါ။ အပင်ရဲ့ ပင်စည်ကိုရော အရွက်တွေကိုပါ စားသုံးပေးလို့ ရပါတယ်။ဒီလိုမျိုး ပြုတ်တို့တို့ သုပ်စားစား စားလို့ကောင်းတဲ့ လယ်ပတူ ဆေးဖက်ဝင်သလား! ဆိုပြီး သိချင်နေပြီလား…. ဒါဆိုရင်တော့
** အကြောင်းအရာ အပြည့်အစုံကို Kiss Me Myanmar_Official page ရဲ့ post comment မှာ ဆက်လက်ဖတ်ရှုပေးပါ **
05/09/2026
𝐋𝐨𝐧𝐠 𝐔𝐩 𝐌𝐚𝐬𝐜𝐚𝐫𝐚 -𝟎𝟏 (𝐉𝐞𝐭 𝐁𝐥𝐚𝐜𝐤), 𝟎𝟐 (𝐁𝐫𝐨𝐰𝐧)
🩷 ကော့ညွှတ်မှု ကြာရှည်ခံပြီး တနေ့တာလုံး ပုံမပျက်လှပနေစေမဲ့ 𝐒𝐮𝐩𝐞𝐫 𝐖𝐚𝐭𝐞𝐫𝐩𝐫𝐨𝐨𝐟 𝐌𝐚𝐬𝐜𝐚𝐫𝐚
🩷 မျက်တောင်မွေးရှည်လျားစေတဲ့ 𝐋𝐨𝐧𝐠 𝐄𝐗 𝐅𝐢𝐛𝐞𝐫 ပါဝင်လို့ မျက်တောင်မွေးကို နဂိုထက် 𝟱𝗺𝗺 ပိုမိုရှည်လျားလာစေခြင်း
𝐕𝐨𝐥𝐮𝐦𝐞 𝐔𝐩 𝐌𝐚𝐬𝐜𝐚𝐫𝐚 - 𝟎𝟏 (𝐉𝐞𝐭 𝐁𝐥𝐚𝐜𝐤), 𝟎𝟐 (𝐁𝐫𝐨𝐰𝐧)
💜 ကော့ညွှတ်မှု ကြာရှည်ခံပြီး တနေ့တာလုံး ပုံမပျက်လှပနေစေမဲ့ 𝐒𝐮𝐩𝐞𝐫 𝐖𝐚𝐭𝐞𝐫𝐩𝐫𝐨𝐨𝐟 𝐌𝐚𝐬𝐜𝐚𝐫𝐚
💜 မျက်တောင်မွေး ထူထဲစေတဲ့ 𝐕𝐨𝐥𝐮𝐦𝐞 𝐄𝐗 𝐩𝐨𝐰𝐝𝐞𝐫 နှင့် 𝐕𝐨𝐥𝐮𝐦𝐞 𝐬𝐞𝐩𝐚𝐫𝐚𝐭𝐢𝐨𝐧 𝐩𝐨𝐰𝐝𝐞𝐫 ပါဝင်ခြင်းကြောင့် မျက်တောင်မွေးကို မူလထက် ပိုမိုထူထဲကော့ညွှတ်နေစေခြင်း
💜 မျက်တောင်တမွေးချင်းစီကို ပူးကပ်မှုမရှိဘဲ ရှည်လျားကော့ညွှတ်နေစေခြင်း
💜 𝐂𝐨𝐧𝐭𝐚𝐢𝐧𝐬 𝐞𝐲𝐞𝐥𝐚𝐬𝐡 𝐞𝐬𝐬𝐞𝐧𝐜𝐞 𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭𝐬
💜 𝐒𝐮𝐩𝐞𝐫 𝐖𝐚𝐭𝐞𝐫𝐩𝐫𝐨𝐨𝐟 ဖြစ်လို့ပြန်ဖျက်တဲ့ခါမှာ 𝗿𝗲𝗺𝗼𝘃𝗲𝗿 သုံးပြီးမှ ဖျက်ပေးရပါမယ်
30/08/2026
ချဉ်ပေါင်ဖူး ရေနွေးကြမ်းက ဘယ်လိုဆေးဖက်ဝင်သလဲ
ချဉ်ပေါင်ဖူးဆိုတာ ချဉ်ပေါင်ပင်ရဲ့ အဖူးပါ။ အနီရဲရဲလေးနဲ့ ချဉ်ပြုံးပြုံး အရသာရှိပါတယ်။ ကြော်စားလို့ရသလို ချဉ်ရည်ချက်စားလို့လည်း ရပါတယ်။ ယိုထိုးစားကြတာမျိုး ရှိသလို ရေနွေးကြမ်းထဲ ထည့်သောက်ကြတာလည်း ရှိပါတယ်။
ဟိုးအရင်တည်းကမြန်မာ့ထမင်းဝိုင်းမှာပြေးမလွတ်တဲ့အထဲ ချဉ်ပေါင်၊ လက်ဖက်၊ ငါးပိရည်နဲ့ ကန်စွန်းရွက်တို့က အခုထိ ပါဝင်နေဆဲပါ။ ဒီလိုနည်းမျိုးစုံနဲ့ စီမံချက်ပြုတ်စားသုံးကြတာဟာ ချဉ်ပေါင်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့်ဖြစ်မယ်ထင်ပါတယ်။ ဒီလိုစားနေကျ ချဉ်ပေါင်ရွက်အပြင် ချဉ်ပေါင်ဖူးမှာလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိပါတယ်။
ချဉ်ပေါင်ဖူးခြောက်ကို ရေနွေးပူပူမှာ ခတ်လိုက်တဲ့အခါ ရေနွေးကြမ်းနီနီလေးက ဘယ်ရီသီးဖျော်ရည်လိုလို ပါပဲ။ ချဉ်ပြုံးပြုံးလေးနဲ့ အအေးလိုသောက်ချင်ရင်လည်း ရပါတယ်။ ကယ်လိုရီနည်းပြီး ကဖင်းမပါတဲ့ လက်ဖက်ရည်ကြမ်းဖြစ်ပါတယ်။
** အကြောင်းအရာ အပြည့်အစုံကို Kiss Me Myanmar_Official page ရဲ့ post comment မှာ ဆက်လက်ဖတ်ရှုပေးပါ **
Category
Contact the business
Telephone
Address
No. 17, Baho Road, San Chaung Township
Yangon
11111
Opening Hours
| Monday | 09:00 - 17:30 |
| Tuesday | 09:00 - 17:30 |
| Wednesday | 09:00 - 17:30 |
| Thursday | 09:00 - 17:30 |
| Friday | 09:00 - 17:30 |
| Saturday | 09:00 - 17:30 |
Alerts
Be the first to know and let us send you an email when Kiss Me Myanmar_Official posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
