TK Clothing Yangon

TK Clothing Yangon

Share

Viber No 09793962817/09425863097
ဒီ ဖုန်းနံပါတ် 2 လုံးဘဲ သုံးပါတယ်ရှင့်

03/10/2026

ပိုက်ဆံကုန်သွားမှာကို မကြောက်ပါနဲ့…
ဘဝတစ်ခုလုံး အလုပ်လုပ်ရင်းနဲ့ပဲ
ကုန်ဆုံးသွားမှာကို ပိုကြောက်ပါ။ ✈️

အသက်ငယ်ရွယ်စဉ်ဆိုတာ
ပိုက်ဆံရှာဖို့အတွက်ပဲ ရှိတာမဟုတ်ပါဘူး။

ကိုယ်သွားချင်တဲ့နေရာတွေကို သွားဖို့၊
ကိုယ်မြင်ချင်တဲ့အရာတွေကို မြင်ဖို့၊
မသိသေးတဲ့ ကမ္ဘာကြီးကို လေ့လာဖို့အတွက်လည်း
အကောင်းဆုံးအချိန်တစ်ခုပါ။

ခရီးသွားတာကို
ပိုက်ဆံဖြုန်းတီးတာလို့ မထင်ပါနဲ့။

တစ်ခါတလေ ကိုယ့်စိတ်ကို ပြန်လည်ကုစားပေးတယ်။
တစ်ခါတလေ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေတွေ့ရှိစေတယ်။
တစ်ခါတလေမှာတော့
“ငါ ဒီလိုဘဝမျိုးကိုလည်း ဖြတ်သန်းခဲ့ဖူးတယ်” ဆိုတဲ့
တန်ဖိုးရှိတဲ့ အမှတ်တရတွေကို ပေးစွမ်းတယ်။ 🤍

တစ်ယောက်တည်း ခရီးသွားရင်
ကိုယ့်ကိုယ်ကို ပိုနားလည်လာမယ်။

သူငယ်ချင်းတွေနဲ့ သွားရင်
နှစ်တွေကြာတဲ့အထိ ပြန်ပြောဖြစ်မယ့်
ဇာတ်လမ်းကောင်းတွေ ရလာမယ်။

မိသားစုနဲ့ သွားရင်
နောက်တစ်ကြိမ် ပြန်မရနိုင်တော့တဲ့ အချိန်တွေကို
အတူတူ ဖြတ်သန်းပြီး အမှတ်တရအဖြစ် သိမ်းဆည်းထားနိုင်မယ်။

ဟုတ်ပါတယ်…
ခရီးသွားရင် ပိုက်ဆံကုန်တယ်။

ဒါပေမယ့်
ပိုက်ဆံက အလုပ်လုပ်ပြီး ပြန်ရှာလို့ရတယ်။

အသက် ၂၀ ကျော်အရွယ်မှာ ရရှိထားတဲ့ ခန္ဓာကိုယ်ကျန်းမာမှု၊
အသက် ၃၀ ကျော်အရွယ်မှာ ရရှိထားတဲ့ လွတ်လပ်မှုနဲ့
ဒီနေ့ရဲ့ အချိန်တွေကိုတော့
ပိုက်ဆံဘယ်လောက်ပေးပေး ပြန်ဝယ်လို့မရပါဘူး။

ဒါကြောင့်
အလုပ်လုပ်ပါ။
ပိုက်ဆံရှာပါ။
စုဆောင်းပါ။

ဒါပေမယ့် ကိုယ့်ဘဝကိုလည်း ကိုယ်တိုင်နေထိုင်ပါ။ 🌿

အခွင့်အရေးရှိတုန်း…
ကျန်းမာနေတုန်း…
အသက်ငယ်ရွယ်နေတုန်း…

ခရီးသွားပါ။ ✈️🤍

တစ်နေ့ကျရင်
ကိုယ်သုံးခဲ့တဲ့ ပိုက်ဆံတွေကို မမှတ်မိတော့ပေမယ့်
ကိုယ်မြင်တွေ့ခဲ့တဲ့ နေရာတွေ၊
ကိုယ်ရယ်မောခဲ့တဲ့ အချိန်တွေ၊
ကိုယ်ချစ်ရတဲ့သူတွေနဲ့ ဖန်တီးခဲ့တဲ့
အမှတ်တရတွေကိုတော့
ပြန်တွေးမိတိုင်း ပြုံးမိနေမှာပါ။

#ပြန်လည်ကူယူမျှဝေပါသည်။

03/10/2026

ဘားအံမှာ TK CLOTHING က Maxi Dress လေးတွေနဲ့ လှနေတဲ့ အချောလေးတွေ အဖွဲ့နဲ့

02/10/2026

ဘားအံ ရောက်တုန်း တည်းခဲ့တဲ့ Zwekapin Valley Resort

02/10/2026

လွန်းညရေပြာအိုင် (ဘားအံ)

02/10/2026

မုန်တိုင်း ရက်နဲ့ ကွက်တိ Hpa-An ရောက်သွားသော မိမိတို့ အဖွဲ့ အခြေနေ 🤣🤭

02/10/2026

နေရာ ရွေးမှန်ဖို့လည်း လိုသေးတယ်ဆိုတာ ဒါကို ပြောတာဖြစ်မယ် 🤣🤣

Reality & Social Media ကွာခြားပုံ 🤣🤣🤭

Photos from TK Clothing Yangon's post 02/10/2026

အရမ်းခေတ်စားနေတဲ့ ဘားအံ နောင်လုံတောင်ကြား

(ဒုတိယအကြိမ် ထပ်ရောက်💜)

02/10/2026

Zin Mar Swe ဦးလေးကြီးရောင်းနေတဲ့ ဘဲ…တွေနဲ့ သာယာနေသော အမကြီး 🤭🤣 (နောက်ဆုံးထိ ကြည့်နော် 🤭🤣)

Photos from TK Clothing Yangon's post 01/10/2026

ဘားအံ အလဝံအင်းရဲ့ ရှုခင်းကြီးက ရှယ်လှတာ

တို့မြန်မာပြည်မှာလည်း အလှတွေ အများကြီးဘဲ ကွယ်

01/10/2026

ဘားအံရောက်ရင် ဒီ Trend Join ရတယ်ဆိုလို့ 🤭🙈

Category

Telephone

Website

Address


Yangon
11071

Alerts

Be the first to know and let us send you an email when TK Clothing Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.