Nway Oo Yeik
wattpad user name
" nwayooyeik8 "
20/05/2026
"ဂုဏ်သိက္ခာတို့၏အကျည်းထောင်မှလွတ်မြောက်ခြင်း"
ဟိတ်... ဘာလို့ ဒီလောက်မြန်မြန် လျှောက်နေရတာလဲ။ မောနေပါဦးမယ်ဆို"
ယောနသံက ခွန်းသကို မျက်စောင်းလေး ထိုးလိုက်ပေမယ့် သူ့မျက်လုံးထဲမှာတော့ ဒေါသထက် ရှက်ရွံ့မှုက ပိုများနေတာကို ခွန်းသ ရိပ်မိလိုက်တယ်။ သူတို့နှစ်ယောက်ဟာ ခဏတာ ရှက်စရာကောင်းတဲ့ ရေခဲမုန့်အခိုက်အတန့်ကို ကျော်လွန်ပြီး မြို့လယ်ခေါင်က စည်ကားတဲ့ ဈေးတန်းဆီကို ဦးတည်သွားကြတယ်။
"ဟိုမှာကြည့်စမ်း... ခွန်းသ၊ အဲ့ဒီဆိုင်လေး... အရမ်းလှတယ်နော်"
ယောနသံက လက်ညှိုးထိုးပြတဲ့ ဆိုင်လေးက အမှတ်တရ လက်ဆောင်ပစ္စည်းဆိုင်လေးပါ။ ဆိုင်ထဲမှာ ရောင်စုံ ဆင်တူလက်ပတ်၊ဆွဲကြိုး၊ အချစ်သင်္ကေတ ပစ္စည်းလေးတွေနဲ့ ပြည့်နှက်နေတယ်။
"သူတို့နှစ်ယောက် ဆိုင်ထဲကို ဝင်သွားတဲ့အခါ"
ယောနသံက တက်ကြွနေတဲ့ ကလေးတစ်ယောက်လို ပစ္စည်းတွေကို လိုက်ကြည့်နေတယ်။
"ယောနသံ ငါတို့ ဒီနေ့အတွက် အမှတ်တရ တစ်ခုခု ဝယ်ထားရအောင်။ ငါတို့ ဆေးရုံကနေ ခိုးထွက်လာတဲ့ ဒီနေ့ကို ဘယ်တော့မှ မမေ့အောင်လေ"
ခွန်းသက အကြံပေးလိုက်တော့ ယောနသံက မျက်လုံးလေးတွေ ဝင်းလက်သွားတယ်။ နောက်ဆုံးမှာ သူတို့နှစ်ယောက်ဟာ အပြာရောင် ကျောက်လေးတွေ စီခြယ်ထားတဲ့ ဆွဲကြိုးလေး နှစ်ကုံးကို ရွေးချယ်လိုက်ကြတယ်။ တစ်ကုံးစီမှာ အပြန်အလှန် ပုံစံတူလေးတွေပါ။ ခွန်းသက ယောနသံရဲ့ လည်ပင်းမှာ ဆွဲကြိုးလေးကို ခပ်ဖွဖွလေး ပတ်ပေးလိုက်တဲ့အခါ ယောနသံရဲ့ နှလုံးခုန်သံက ခွန်းသရဲ့ နားထဲအထိ ကြားနေရသလိုပဲ။
ခွန်းသက ယောနသံရဲ့ ပခုံးနှစ်ဖက်ကို ကိုင်ပြီး မျက်လုံးတွေကို စိုက်ကြည့်လိုက်တယ်။
"ယောနသံ... ဒီဆွဲကြိုးက ရိုးရိုးလက်ဝတ်ရတနာ မဟုတ်ဘူး။ ငါတို့နှစ်ယောက်ရဲ့ ကတိစကားပဲ။ ငါ့အတွက် မင်းက ဒီကမ္ဘာကြီးမှာ အမြတ်နိုးဆုံး အရာဝတ္ထုဆိုတာကို သက်သေပြတာပေါ့။ ငါတို့ဘဝမှာ ဘယ်လောက်ပဲ မုန်တိုင်းတွေ တိုက်ခတ်ပါစေ၊ ဘယ်သူတွေပဲ ခွဲကြပါစေ... ဒီဆွဲကြိုးလေးကို ကြည့်လိုက်တိုင်း မင်းဘေးမှာ ငါ အမြဲရှိနေမယ်ဆိုတာ သတိရပေးပါ။
ငါက မင်းရဲ့ မျက်ရည်တိုင်းကို ငါ အရင်ဆုံး သုတ်ပေးမယ့်သူ၊ မင်းရဲ့ အပြုံးတိုင်းအတွက် ငါ အရင်ဆုံး ဝမ်းသာပေးမယ့်သူ ဖြစ်မယ်လို့ ကတိပေးတယ်"
ယောနသံရဲ့ မျက်လုံးတွေကနေ မျက်ရည်စလေးတွေ ကျလာတယ်။ သူ ခွန်းသရဲ့ လက်ကို တင်းတင်းဆုပ်ကိုင်ရင်း... "ငါလည်း ကတိပေးတယ်... ဒီကတိစကားတွေက ဒီဆွဲကြိုးလေးလိုပဲ ဘယ်တော့မှ အရောင်မှိန်သွားမှာ မဟုတ်ဘူး" လို့ တိုးတိုးလေး ပြောလိုက်တယ်။
မြို့ထဲမှာ လျှောက်လည်ရင်း ယောနသံက ရိုလာကိုစတာ ကြီးကို လက်ညှိုးထိုးပြီး "ခွန်းသ... ဟိုမှာကြည့်! စီးချင်လိုက်တာ၊ ငါတို့ အဲ့ဒါ စီးကြရအောင်" လို့ ကလေးတစ်ယောက်လို တက်ကြွစွာ ပြောလိုက်တယ်။
ခွန်းသက ရိုလာကိုစတာကို ကြည့်လိုက်တာနဲ့ မျက်နှာပျက်သွားတယ်။ "ဟေ့... ယောနသံ၊ မင်း ရူးနေလား။ အဲ့ဒီ အမြင့်ကြီးပေါ် တက်ရမယ့် အကြောင်းကော ရှိသေးလား? ငါ... ငါ အမြင့်ကြောက်တယ်ဟ!"
"ဟာ... ခွန်းသကလည်း၊ ကြောက်စရာမလိုပါဘူး။ ငါ့လက်ကို တင်းတင်းဆုပ်ထားလေ။ လာပါ... နော်လို့" ယောနသံက ခွန်းသရဲ့ လက်ကို ဆွဲခေါ်သွားတယ်။
ယောနသံတစ်ယောက် ရိုလာကိုစတာစီးဖို့ လက်မှတ်သွားဝယ်တယ်။အမရေ လက်မှတ်နှစ်ဆောင်လောက်လို့ပြောလိုက်တဲ့အချိန် ခွန်းသတစ်ယောက် ကြောက်လန့်နေရှာတယ်။
"မောင်လေးတို့အလှည့်ရောက်ပြီနော် ဝင်ခဲ့ကြတော့ ဆိုပြီး ဝန်ထမ်းအမကပြောနေတယ်"
ဟုတ်အမ လာပြီဗျ ဆိုပြီး ယောနသံက တက်ကြွနေတယ်။
ခွန်းသတစ်ယောက်ကတော့
ရိုလာကိုစတာ စီးဖို့ ခါးပတ်ပတ်လိုက်ချိန်မှာမျက်နှာက ဖြူဖျော့နေပြီ။
ရိုလာကိုစတာကြီးက စက်သံမြည်ပြီး တဖြည်းဖြည်းနဲ့ အမြင့်ဆုံးကို တက်သွားတယ်။
ခွန်းသက မျက်စိကို တင်းတင်းမှိတ်ပြီး "ယောနသံ... ငါတော့ သေပြီ! ငါ့လက်ကို လွှတ်မပေးနဲ့!" လို့ အော်နေတယ်။ ယောနသံကတော့ ရယ်ပြီး "ဟားဟား... ခွန်းသ၊ မျက်လုံးဖွင့်ကြည့်ပါဦး၊ အရမ်းလှတယ်!" လို့ ပြောနေတုန်းမှာပဲ... ရိုလာကိုစတာက အောက်ကို ဒိုင်ဗင်ထိုးပြီး ပြုတ်ကျလာတော့တယ်။
"အမလေးးးးးးးးးးးသေပါပြီဗျာ!" ဆိုတဲ့ ခွန်းသရဲ့ အသံက ဈေးကွက်တစ်ခုလုံး ဟိန်းထွက်သွားတယ်။ သူက ကြောက်လွန်းလို့ ယောနသံရဲ့ လက်ကို တင်းတင်းဆုပ်ထားရင်း ယောနသံရဲ့ ပခုံးပေါ်မှာ မျက်နှာကို ဝှက်ထားတယ်။ ယောနသံကတော့ ရယ်လိုက်၊ ပျော်လိုက်နဲ့။ ခွန်းသကတော့ အမြင့်ပေါ်ရောက်တိုင်း "နောက်တစ်ခါ မစီးတော့ဘူး! နောက်တစ်ခါ မစီးတော့ဘူး!" လို့ ငိုသံပါကြီးနဲ့ အော်နေလို့ ယောနသံမှာ အူတက်အောင် ရယ်ရတော့တယ်။
ရိုလာကိုစတာကနေ ဆင်းလာတော့ ခွန်းသက အော့ချင်အန်ချင် ဖြစ်နေပေမယ့် ယောနသံကို ကြည့်ပြီး အားတင်းထားရတယ်။ "ဘယ်လိုလဲ... ပျော်လား?" လို့ ယောနသံက မေးတော့ "မင်း ပျော်ရင် ပြီးတာပါပဲ..." လို့ ခွန်းသက ခေါင်းမူးမူးနဲ့ပဲ ပြန်ပြောလိုက်တယ်။
အမလေး ငါကမင်းကို ကြမ်းကြမ်းတမ်းတမ်းကြီးဆိုပြီး အထင်တွေကြီးနေတာ
ရိုလာကိုစတာ ပေါ်မှာ ငယ်သံပါအောင် အော်နေလိမ့်မယ်လို့မတွေးမိ လိုက်ဖူးဆိုပြီး စရီးပါလေရော ဟားဟားဟားးးးးးးး!
မင်း....မင်းး ငါ့ကိုလှောင်တယ်ပေါ့?
ဟုတ်တယ် ဟုတ်တယ် ဘာဖြစ်လဲဆိုပြီး
ယောနသံက လျှာလေးထုတ်ပြီး ချစ်စရာကောင်းအောင်ပြောင်ပြနေပါတယ်။
မင်းထပ်ပြီးလှောင်နေမယ်ဆိုရင် ငါမင်းကိုဖတ်နမ်း လိုက်မှာနော်လို့ ခွန်းသပြောလိုက်တော့မှ
ရှက်ကိုးရှက်ကန်းလေး ဖြစ်ပြီး ငြိမ်သွားသတဲ့..
မောပန်းနေတဲ့ သူတို့နှစ်ယောက်
ယောနသံ ငါတို့လည်းမောနေပြီဆိုတော့ မြို့ပြင်ကတောင်ကုန်းပေါ်မှာ နေဝင်ဆည်းဆာသွားကြည့်ကြမလား။ အင်းကောင်းတယ် ခွန်းသ!....သွားကြတာပေါ့။
နှစ်ယောက်သား စက်ဘီးလေးနင်းရင်း
မြို့ပြင်က တောင်ကုန်းပေါ်ကို တက်သွားကြတယ်။ သူတို့နှစ်ယောက်လည်းတောင်ကုန်းပေါ်က ခုံတန်းရှည်လေးပေါ်မှာထိုင်လိုက်ပြီး နေဝင်ဆည်းဆာအချိန်ကို စောင့်နေကြသတဲ့...
ခဏအကြာ....
နေဝင်ဆည်းဆာက အခုမှ စပြီး အရောင်စိုနေပြီး မြို့ရဲ့ မြင်ကွင်းက တောင်ကုန်းပေါ်ကနေ ကြည့်ရင် တကယ်ကို အံ့ဩစရာပါ။ ကောင်းကင်ကြီးက လိမ္မော်ရောင်၊ ခရမ်းရောင်တွေ ရောယှက်ပြီး တစ်မြို့လုံးကို ဖုံးလွှမ်းသွားတယ်။
တောင်ကုန်းပေါ်က နေဝင်ဆည်းဆာအောက်မှာ ခွန်းသက ယောနသံရဲ့ ဆံပင်လေးတွေကို သပ်တင်ပေးလိုက်တယ်။ "ဒီနေ့... မင်းနဲ့အတူ လုပ်ခဲ့တဲ့ အရာအားလုံးက ငါ့ဘဝမှာ အမှတ်တရ အဖြစ်ဆုံးပဲ။ ရိုလာကိုစတာမှာ ငါကြောက်ခဲ့ရတာတွေက မင်းရဲ့ အပြုံးလေးကို မြင်လိုက်ရတာနဲ့တင် ပျောက်သွားပြီ"
ယောနသံက ခွန်းသရဲ့ ပခုံးပေါ်မှာ မှီရင်း... "မင်းက အမြင့်ကြောက်ပေမယ့် ငါ့အတွက်တော့ အမြင့်ကြီးပေါ်ထိ လိုက်တက်ပေးခဲ့တာပဲ။ ဒါဟာ မင်းရဲ့ အချစ်အစစ်ပါပဲ" လို့ ပြောလိုက်တယ်။
သူတို့နှစ်ယောက်ဟာ ဆည်းဆာအလင်းတန်းအောက်မှာ တစ်ယောက်နဲ့တစ်ယောက် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တွေကို အပြန်အလှန် ပေးအပ်လိုက်ကြသလိုပါပဲ။
အဲ့ဒီနေ့ကစပြီး သူတို့နှစ်ယောက်ရဲ့ ဆွဲကြိုးလေးတွေက သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို အမြဲတမ်း သက်သေခံပေးနေတော့မှာပါ။
ဇာတ်လမ်းလေးကိုနှစ်သက်ရင်vote, comment ပေးခဲ့လို့ရပါတယ်ရှင့်🥰🌻
ဒီလင့်မှာလာဖတ်လို့ရပါတယ်နော်💙💙
https://www.wattpad.com/story/410337109?utm_source=android&utm_medium=link&utm_content=share_writing&wp_page=create&wp_uname=nwayooyeik8
19/05/2026
အပိုင်း(17)
ခွန်းသက ယောနသံရဲ့အနားကို တိုးသွားပြီး လက်ကလေးကို ခပ်ဖွဖွလေး ဆုပ်ကိုင်လိုက်တယ်။
"ယောနသံ... ဒီထဲမှာ နေရတာ မွန်းကြပ်နေပြီမလား။ ဟို... ငါတို့... ငါတို့ ဆေးရုံကနေ ခိုးထွက်ကြမလား"
ယောနသံက အံ့ဩသွားတဲ့ မျက်လုံးဝိုင်းလေးတွေနဲ့ ခွန်းသကို လှည့်ကြည့်လာတယ်။
"ဟင်... ခိုးထွက်မယ်? ဒါပေမဲ့ ဆရာဝန်တွေ သိသွားရင် ဒုက္ခရောက်ကုန်မှာပေါ့ ခွန်းသရဲ့။ ပြီးတော့ ငါ့အဖေ... ငါ့အဖေ သိသွားရင်..."
"မင်းအဖေလည်း အခုလောလောဆယ် ဆေးရုံမှာ မရှိဘူးလေ။ ဆရာဝန်တွေကလည်း အပြင်မှာ အလုပ်ရှုပ်နေကြတာ။ ငါ ရှိတယ်... ဘာမှမကြောက်နဲ့။ မင်း ငါနဲ့အတူ လိုက်ချင်လား"
ခွန်းသရဲ့ ယုံကြည်မှုအပြည့်နဲ့ အပြုံးကြောင့် ယောနသံရဲ့ စိုးရိမ်စိတ်တွေ အကုန်အရည်ပျော်သွားခဲ့ရတယ်။ ယောနသံက ခေါင်းကို တရစပ် ငြိမ့်ပြလိုက်မိတော့တာပေါ့။
သူတို့နှစ်ယောက်ဟာ ဆရာဝန်တွေ၊ သူနာပြုတွေ မမြင်အောင် ဆေးရုံရဲ့ နောက်ဖေးပေါက်ကနေ
ကြောင်ကလေးတွေလို ခြေသံဖွဖွလေးနဲ့ ခိုးထွက်ခဲ့ကြတယ်။ ဆေးရုံအပြင်ဘက် ရောက်လို့ လွတ်လပ်တဲ့ လေထုကို ရှူရှိုက်လိုက်ရတဲ့အချိန်မှာတော့ နှစ်ယောက်လုံး ပြိုင်တူ ပြုံးမိသွားကြတယ်။
ဒါပေမဲ့ ပြဿနာက... ခွန်းသက ကျောင်းဝတ်စုံအဖြူနဲ့အစိမ်း၊ ယောနသံကလည်း ဆေးရုံဝတ်စုံအပြာနုလေးနဲ့ဆိုတော့ လမ်းသွားလမ်းလာတွေက သူတို့နှစ်ယောက်ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြတာလေ။
"ခွန်းသ... လူတွေ ကြည့်နေကြတယ်ဟ။ ငါ... ငါ ရှက်လာပြီ"
ယောနသံက ခွန်းသရဲ့ အင်္ကျီစလေးကို ဆွဲပြီး ခေါင်းလေးငုံ့ကာ ကပ်ပြောလိုက်တယ်။ ခွန်းသက ပတ်ဝန်းကျင်ကို ကြည့်ပြီး သဘောကျသလို ရယ်လိုက်မိတယ်။
"အေးဟ... ဟုတ်သားပဲ။ လာ... အဲ့ဒါဆို အရင်ဆုံး အင်္ကျီသွားဝယ်ကြမယ်"
သူတို့နှစ်ယောက် လမ်းဘေးက အဝတ်အထည်ဆိုင်လေး တစ်ဆိုင်ထဲကို ဝင်လာခဲ့ကြတယ်။ ဆိုင်ထဲက ရိုးရိုးရှင်းရှင်း တီရှပ်လေးတွေနဲ့ ဂျင်းဘောင်းဘီတွေကို ကြည့်ပြီး ခွန်းသက သူ့ရဲ့ ဘောင်းဘီအိတ်ကပ်ထဲကို နှိုက်ကြည့်လိုက်မိတယ်။
'ဒုက္ခပါပဲ... ပိုက်ဆံက အင်္ကျီနှစ်စုံစာအတွက် မလောက်နိုင်ဘူး...'
ခွန်းသက ခဏလောက် စဉ်းစားလိုက်ပြီး သူ့လက်ကောက်ဝတ်မှာ ပတ်ထားတဲ့ နာရီလေးကို ဖြုတ်လိုက်တယ်။ ဒါက သူ့အတွက် တန်ဖိုးရှိတဲ့ နာရီအကောင်းစားလေးပါ။
"ယောနသံ... မင်း ဒီမှာ ငြိမ်ငြိမ်လေးခဏစောင့်နေနော်။ ငါ အပြင် ခဏသွားလိုက်ဦးမယ်"
ခွန်းသက နှစ်လမ်းကျော်လောက်ကိုအမြန်ပြေးပြီး အပေါင်ဆိုင်လေးတစ်ဆိုင်ထဲကို ဝင်သွားခဲ့တယ်။ ယောနသံကို ပျော်ရွှင်အောင် ထားချင်တဲ့ စိတ်က ပိုကြီးစိုးနေတာပေါ့။
အပေါ်ဆိုင်ထဲရောက်တော့ ဦးလေး ကျွန်တော်
ဒီနာရီလေးပေါင်ချင်လို့။ ဆိုင်ရှင်ကလည်း
ခွန်းသရဲ့ကျောင်းဝတ်စုံကိုကြည့်ပြီး ကလေးတွေနဲ့ မပတ်သက်ချင်တာနဲ့ မရဖူးလို့ ခပ်ပြတ်ပြတ်ပြောလိုက်တယ်။ ထိုအချိန် ခွန်းသကလည်း သနားစရာမျက်နှာလေးလုပ်ပြလိုက်ပြီး
ဦးလေးရယ် ကူညီပေးပါ။ကျွန်တော် ဒီနေ့စာအုပ်ဝယ်ဖို့ ပိုက်ဆံလုံးဝမရှိလို့ပါ လို့ပြောလိုက်တော့
ဆိုင်ရှင်လည်း စိတ်ပျော့သွားပြီး ဟုတ်ပြီကွာ။
မင်းဆက်ဆက်တော့ပြန်လာရွေးနော်။ငါကလေးတွေနဲ့ ပြဿနာမဖြစ်ချင်ဖူးလို့ပြောပြီး နာရီကိုသေချာကြည့်ကာ 1သိန်း2သောင်း ပေးမယ်ရလား လို့မေးလိုက်တယ်။ ဟုတ်ကဲ့ရပါတယ်ဗျာ အဲ့ဒါဘဲပေးပါလို့ပြောလိုက်တယ်။
ခဏကြာတော့ခွန်းသတစ်ယောက် နာရီကို ပေါင်ပြီး ရလာတဲ့ ပိုက်ဆံလေးနဲ့ အပြုံးကြီးပြုံးကာ ပြန်ရောက်လာခဲ့တယ်။
"ရပြီ ယောနသံ! မင်း ကြိုက်တဲ့အင်္ကျီ ရွေးတော့။ ငါတို့ ပိုက်ဆံရှိပြီ"
ယောနသံက ခွန်းသရဲ့ လက်ကောက်ဝတ်မှာ နာရီမရှိတော့တာကို သတိထားမိသွားပြီး စိုးရိမ်တကြီး မေးလိုက်တယ်။
"ခွန်းသ... မင်းနာရီကော။ မင်း... ငါ့အတွက်နဲ့ နာရီကို သွားပေါင်လိုက်တာလား"
ခွန်းသက ယောနသံရဲ့ ခေါင်းလေးကို အသာအယာ ပွတ်ပေးလိုက်ရင်း ပြုံးပြလိုက်တယ်။
"နာရီဆိုတာ နောက်မှ ပြန်ရွေးလို့ရတယ် ယောနသံ။ အခု အရေးကြီးဆုံးက မင်းပျော်ဖို့ပဲ။ လာ... စုံတွဲဝတ်စုံလေးတွေ ဝယ်ဝတ်ကြရအောင်"
ဆိုင်ထဲမှာ အတွဲတွေအတွက် ပရိုမိုးရှင်းချထားတဲ့အဝတ်တွေကိုယောနသံမြင်ပြီး ခွန်းသ ငါတို့ဒါဝယ်ရအောင် 50%offတဲ့ ။ ခွန်းသကတော့ဈေးကြီးတာဝယ်ပါကွာ ငါ့မှာပိုက်ဆံရှိပါတယ်လို့ပြောတယ်။ ယောနသံကတော့50%off couple T shirt ဝယ်ဖို့စိတ်အားထက်သန်နေတယ်။
နောက်ဆုံးတားမရတော့ မိုးပြာရောင် couple T shirt ဘဲဝယ်ပြီး ဘောင်းဘီကိုတော့ နှစ်ယောက်လုံး ဂျင်းဘောင်းဘီအပြာလေးတွေ တူတူဝတ်ထားကြတာမို့လို့ ကြည့်ရတာ တကယ့်ကို လိုက်ဖက်လွန်းတဲ့ ချစ်သူသက်တမ်းနုနု စုံတွဲလေးလိုပါပဲ။
အဝတ်အစားလဲပြီးတော့ သူတို့နှစ်ယောက် မြို့ထဲက ဈေးတန်းလေးထဲမှာ လမ်းလျှောက်နေခဲ့တာပေါ့။ထိုအချိန် ယောနသံက ရေခဲမုန့်ဆိုင်ကို မျက်လုံးမခွာဘဲ ကြည့်နေတာကို ခွန်းသမြင်သွားပြီးတော့ လက်ကိုဆွဲပြီး ရေခဲမုန့်ဆိုင်အရှေ့ မှာရပ်လိုက်တယ်။ကဲဘာစားမလဲ လို့ခွန်းသကမေးတော့ ရတယ်ငါမစားတော့ဖူး ရေခဲမုန့်လဲမကြိုက်ဖူးလို့အားနာပြီး ဗြောင်ငြင်းပါတော့တယ်။
ခွန်းသကတော့ အားရပါးရရီချလိုက်ပြီး မင်းအခုန အငမ်းမရရေခဲမုန့်ကိုကြည့်နေတာ ငါမမြင်ဖူးထင်လို့လား ဆိုပြီး အူတက်အောင်ရီနေပါတော့တယ်။ ယောနသံကလည်း ရှက်ကိုးရှက်ကန်းလေးဖြစ်သွားပြီး တော်ပြီ ငါပြန်တော့မယ်ဆိုပြီး စိတ်ကောက်သွားပါတယ်။ အမလေးတောင်းပန်ပါတယ်ဗျာ ပြန်တော့မပြန်လိုက်ပါနဲ့။
ဒါဆို ချောကလပ် လို့ယောနသံကပြောလိုက်တော့ ခွန်းသ က ပိုရီပါတယ် အခုနပြောတော့မကြိုက်ဖူးဆို အခုကျ ချောကလပ်တဲ့လားဆိုပြီး
ဟားဟားဟားဟား။
တော်ပြီနော်ခွန်းသ ငါ့ကိုမရီနဲ့။ ငါတဂယ်စိတ်ဆိုးမှာနော်။ဟုတ်ပါပြီ ကျွန်တော်မျိုးကြီး မစတော့ပါဖူးခမျာ။ထိုအချိန် ရေခဲမုန့်ကရလာတော့ ယောနသံမျက်နှာ တစ်ခုလုံးဝင်းလက်သွားပါတယ်။
ယောနသက ခွန်းသကိုမေးတယ်။
မင်းရောမဝယ်ဖူးလား။ တော်ပါပြီ မင်းဆီကဘဲကပ်စားတော့မယ် ဟီးဟီး ဆိုပြီးပြောတယ်။
ယောနသံက ရေခဲမုန့်ကိုအရသာရှိရှိ စားနေရင်းနဲ့ နှုတ်ခမ်းထောင့်မှာ ရေခဲမုန့်တွေ ပေသွားတော့ ခွန်းသက ယောနသံရဲ့ နှုတ်ခမ်းလေးပေါ်မှာပေနေတဲ့ ရေခဲမုန့်ကို ခပ်မြန်မြန်ဘဲ လျှာနဲ့ လှမ်းယက်လိုက်ပါတယ်။မင်း မင်း ဒါဘာလုပ်တာလဲခွန်းသ။
ငါပြောပြီးသားလေ မင်းဆီက ရေခဲမုန့်ကပ်စားပါမယ်ဆိုမှ။ ယောနသံကတော့ ဆောက်တည်ရာမဲ့နေပြီး နှာရွက်တွေရော၊ပါးတွေရော နီရဲနေပါတယ်။ ဘာပြောရမှန်းမသိဘဲ ရှက်ရှက်နဲ့ အရှေ့ကနေ လောလော လောလော နဲ့ လျှောက်သွားပလတယ်။ ခွန်းသကတော့အောင်နိုင်သူလိုမျိုး ပြုံးပြုံးကြီး ဖြစ်နေပါတော့တယ်။
ပြီးတော့မှဟိတ်ခဏစောင့်ဦးလေ ဆိုပြီး ယောနသံနောက်ကိုပြေးလိုက်သွားပါတော့တယ်။
ဒီ linkမှာ အပိုင်း17ထိတင်ထားပေးပါတယ်ရှင့်
https://www.wattpad.com/story/410337109?utm_source=android&utm_medium=link&utm_content=share_writing&wp_page=create&wp_uname=nwayooyeik8
ဇာတ်လမ်းရဲ့ link လေးပါရှင့်❤️
https://www.wattpad.com/story/410337109?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=nwayooyeik8
27/04/2026
ရိုးရိုးရှင်းရှင်းလေးနဲ့ ရင်ထဲကို တစိမ့်စိမ့် တိုးဝင်လာမယ့် ဇာတ်လမ်းလေးတစ်ပုဒ်...
ဒီစာအုပ်ကို ဖတ်တဲ့အခါ ဇာတ်ကောင်တွေရဲ့ ကြိုးစားအားထုတ်မှုတွေ၊ တစ်ယောက်ပေါ်တစ်ယောက် ထားရှိတဲ့ နူးညံ့တဲ့ သံယောဇဉ်တွေကို မြင်ရပြီး စိတ်ထဲမှာ တစ်မျိုးလေး ကြည်နူးနေမိပါလိမ့်မယ်။ အိပ်မက်တွေကို အတူတူ ပုံဖော်ကြရင်းနဲ့ ရရှိလာတဲ့ ရင်ခုန်သံလေးတွေက စာဖတ်သူကိုပါ ပြုံးမိစေမှာပါ။
အရမ်းကြီး ပူဆွေးနေတာမျိုး မဟုတ်ဘဲ၊ တစ်ယောက်ကိုတစ်ယောက် စိတ်ပူပေးတတ်တဲ့ အပြုအမူလေးတွေ၊ သတိရနေမိတဲ့ ခံစားချက်လေးတွေကို အေးအေးချမ်းချမ်းလေးနဲ့ ခံစားရမှာပါ။ ဖတ်နေရင်းနဲ့ "သူတို့လေးတွေ ဘယ်လိုများ ရှေ့ဆက်ကြမလဲ" ဆိုတဲ့ စိတ်နဲ့တင် ဇာတ်လမ်းထဲမှာ စီးမျောသွားစေမှာပါ။
ချိုချိုအေးအေးနဲ့ ရင်ထဲမှာ အမှတ်တရတွေ ကျန်ရစ်ခဲ့မယ့် ဇာတ်လမ်းမျိုးကိုမှ ဖတ်ချင်တယ်ဆိုရင်တော့... ဒီ Ongoing လေးက နင့်အတွက် အဖော်မွန်ကောင်းတစ်ခု ဖြစ်လာမှာ အသေအချာပါပဲ။
https://www.wattpad.com/story/410337109?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=nwayooyeik8
20/04/2026
"ဂုဏ်သိက္ခာဆိုတဲ့ အုတ်တံတိုင်းတွေကြားမှာ မင်းရဲ့ ဝိညာဉ်က သေဆုံးနေပြီလား?"
ဆွေကြီးမျိုးကြီး ဆရာဝန်မျိုးရိုးရဲ့ အောင်မြင်မှုတွေ၊ အဆင့်အတန်းတွေနဲ့ စည်းကမ်းတွေအောက်မှာ "ယောနသံ" ဆိုတဲ့ လူငယ်လေးဟာ အသက်ရှူရတာတောင် မေ့လျော့နေခဲ့ရသူ။ သူက သားတစ်ယောက်ထက် မိသားစုဂုဏ်ကို ဖော်ဆောင်ရတဲ့ အရုပ်တစ်ရုပ်နဲ့ ပိုတူနေခဲ့တယ်။
ဒါပေမဲ့... သူ့ရဲ့ မှောင်မှိုင်တိတ်ဆိတ်နေတဲ့ အကျဉ်းထောင်ထဲကို "ခွန်းသမူပိုင်" ဆိုတဲ့ ဝိညာဉ်တစ်ခု ဝင်ရောက်လာတဲ့အခါ...
"မင်းရဲ့ အေးစက်စက် မျက်နှာဖုံးအောက်မှာ ဘာတွေ ဖုံးကွယ်ထားလဲဆိုတာ ငါက ပိုသိချင်လာလို့လေ..."
ခွန်းသမူပိုင်က စည်းကမ်းတွေကို ရိုက်ချိုးပစ်မယ့် လေပြေညင်းလား? ဒါမှမဟုတ် အားလုံးကို ဖျက်ဆီးပစ်မယ့် မုန်တိုင်းလား?
ယောနသံ ကရော ဂုဏ်သိက္ခာကို ငဲ့ပြီး တစ်သက်လုံး အကျဉ်းကျခံသွားမလား?
ဒါမှမဟုတ် အရာအားလုံးကို စွန့်လွှတ်ပြီး လွတ်မြောက်ခြင်းဆီကို လှမ်းတက်မလား?
ဆိုတာကိုအချစ်ဇာတ်လမ်းတစ်ပုဒ်အနေနဲ့
ဖတ်ရှူရမှာဖြစ်ပါတယ်။
ဇာတ်လမ်းလေးရဲ့အမည်ကတော့
"ဂုဏ်သိက္ခာတို့၏အကျဉ်းထောင်မှလွတ်မြောက်ခြင်း"
wattpad ရဲ့ "nwayooyeik8"ဆိုတဲ့အကောက်မှာလာဖတ်လို့ကပါတယ်ရှင့်❤️🌻
20/04/2026
"ဂုဏ်သိက္ခာတို့၏ အကျဉ်းထောင် မှလွတ်မြောက်ခြင်း"
အပိုင်း(1)
စာမေးပွဲရလဒ်ကပ်ထားတဲ့ ကျောင်းရှေ့က မြေဖြူစာသင်ပုန်းရှေ့မှာ ကျောင်းသားတွေ တိုးဝှေ့နေကြတယ်။ ယောနသံ တစ်ယောက် လက်ထဲက စာအုပ်တွေကို တင်းတင်းဆုပ်ကိုင်ရင်း ရင်ခုန်သံတွေကို ထိန်းထားရတယ်။ သူ အမြဲတမ်း မျှော်လင့်နေတာက အပေါ်ဆုံးမှာ ရှိနေမယ့် သူ့နာမည်။
ဒါပေမဲ့... ထုံးစံအတိုင်းပဲ။
အဆင့် (၁) - ခွန်းသမူပိုင်
အဆင့် (၂) - ယောနသံ
ယောနသံရဲ့ မျက်မှောင်တွေက ချက်ချင်း ကြုတ်သွားရတယ်။ ဘယ်နှစ်ကြိမ်ရှိပြီလဲ။ သူ ညမအိပ်ဘဲ စာကျက်ခဲ့ရတဲ့ ညတွေ၊ မိသားစုရဲ့ မျှော်လင့်ချက်တွေ အားလုံးက ဒီလူတစ်ယောက်ကြောင့် အမြဲတမ်း ဒုတိယနေရာမှာပဲ ရပ်တန့်နေရတယ်။
"ဟားဟား... ဟေ့ကောင် ခွန်းသမူပိုင်! မင်းကတော့ အေးဆေးပဲနော်။ စာမေးပွဲနီးမှ ငါတို့နဲ့ ဘောလုံးကန်နေပြီးတော့တောင် အဆင့်တစ်က မလွတ်ဘူး"
သူငယ်ချင်းတွေရဲ့ ဝိုင်းဝန်းချီးကျူးသံနဲ့အတူ လူအုပ်ထဲကနေ ပေပေတေတေ ပုံစံနဲ့ ထွက်လာတဲ့ ခွန်းသမူပိုင် ကို ယောနသံ စူးစူးရဲရဲ စိုက်ကြည့်မိတယ်။ ခွန်းသမူပိုင်က ကျောင်းဝတ်စုံအင်္ကျီကို အပြင်ထုတ်ထားပြီး ကော်လာကလည်း လိပ်နေသေးတယ်။ ဒါပင်မဲ့ သူ့ရဲ့ ယောက်ျားပီသတဲ့ ရုပ်ရည်နဲ့ ခန့်ညားတဲ့ ကိုယ်ဟန်ကြောင့် မိန်းကလေးတွေက ငေးကြည့်နေကြပေမဲ့ ယောနသံအတွက်တော့ ဘယ်တုန်းကမှ အနိုင်မရခဲ့တဲ့ ပြိုင်ဘက်တစ်ယောက်အပြင်မပိုခဲ့ဖူး။
ခွန်းသမူပိုင်က သူ့ကို စိုက်ကြည့်နေတဲ့ ယောနသံကို တွေ့တော့ ခြေလှမ်းတွေ ရပ်လိုက်တယ်။ ပြီးတော့ ခပ်နောက်နောက် အပြုံးတစ်ခုနဲ့ ယောနသံရဲ့ အနားကို တိုးလာခဲ့တယ်။
"ဘယ်လိုလဲ... ဒုတိယမင်းသားလေး။ ဒီတစ်ခါလည်း ငါ့ကို မကျော်နိုင်ပြန်ဘူးလား?"
ယောနသံရဲ့ ဖြူနုတဲ့ ပါးပြင်တွေက ဒေါသကြောင့် နီမြန်းလာတယ်။
"မင်း... မင်း ကံကောင်းသွားတာပါ"
"ကံကောင်းတာလား? ငါကတော့ ကြိုးစားတာလို့ ထင်တာပဲ" ခွန်းသမူပိုင်က ပြောရင်း ယောနသံရဲ့ နဖူးပေါ်က ဝဲကျနေတဲ့ ဆံပင်လေးတွေကို အမှတ်မထင် ကြည့်လိုက်မိတယ်။ အနားကပ်သွားမှ မြင်ရတဲ့ ယောနသံရဲ့ နုနယ်တဲ့ အလှတရားကို ခွန်းသမူပိုင်မြင်ပြီး "ဒီကောင်ယောက်ျားရောဟုတ်ရဲ့လား"ဆိုပြီး
စိတ်ထဲမှာတွးနေမိတယ်။ပြီးတော့
"နောက်တစ်ခါ အဆင့်တစ်ရချင်ရင် ငါ့ကို လာတောင်းပန်လေ... ငါ နည်းနည်း လျှော့ပေးမယ်"လို့လည်းပြောလိုက်ပါသေးတယ်
ယောနသံ ဘာမှ ပြန်မပြောနိုင်ခင်မှာပဲ ခွန်းသမူပိုင်က သူ့ပုခုံးကို တစ်ချက်ပုတ်ပြီး ရယ်မောကာ ထွက်သွားတော့တယ်။ ယောနသံ အံကို တင်းတင်းကြိတ်ထားမိတယ်။ အိမ်ပြန်ရောက်ရင် ဆီးကြိုနေမယ့် ဖခင်ဖြစ်သူရဲ့ အေးစက်တဲ့ အကြည့်တွေကို တွေးမိတော့ ရင်ထဲမှာ လေးလံသွားရတယ်။
ချမ်းသာတဲ့ မိသားစုမှာ မွေးဖွားလာပေမဲ့ အဆင့်တစ်မှ မဟုတ်ရင် အသိအမှတ် မပြုခံရတဲ့ ဘဝ။ တခြားတစ်ဖက်မှာတော့ သာမန်မိသားစုကနေ ရုန်းကန်နေရပေမဲ့ ဘာကိုမှ ဂရုမစိုက်သလို နေတတ်တဲ့ ခွန်းသမူပိုင်။ သူတို့နှစ်ယောက်ရဲ့ ပြိုင်ဆိုင်မှုက ဒီနေ့မှာ ပိုပြီး ပြင်းထန်သွားခဲ့ပြီ။
ခွန်းသမူပိုင်ရဲ့ လှောင်ပြုံးကို နောက်ကျောမှာ ထားရစ်ခဲ့ပြီး ယောနသံ ကျောင်းကနေ အမြန်ထွက်လာခဲ့တယ်။ သူ့ရဲ့ ဇိမ်ခံကားလေးက ကျောင်းရှေ့မှာ အသင့်စောင့်နေပေမဲ့ ယောနသံအတွက်တော့ အဲ့ဒီကားက အကျဉ်းထောင်တစ်ခုဆီ ခေါ်ဆောင်သွားမယ့် ရထားလုံးလိုပဲ။
အိမ်ထဲကို ခြေချလိုက်တာနဲ့ အေးစက်လှတဲ့ လေထုက ဆီးကြိုနေတယ်။ ဧည့်ခန်းထဲမှာ သတင်းစာဖတ်နေတဲ့ ဖခင်ဖြစ်သူက ယောနသံကို မော့တောင်မကြည့်ဘဲ မေးလိုက်တယ်။
"ဒီလ စာမေးပွဲ ရလဒ်ထွက်ပြီမလား"
ယောနသံ လည်ချောင်းထဲမှာ တစ်ခုခု တစ်ဆို့သွားသလိုပဲ။ "ဟုတ်... ထွက်ပါပြီ အဖေ"
"အဆင့်တစ်လား"
"ဒု... ဒုတိယပါ အဖေ။ အမှတ်က (၂) မှတ်ပဲ ကွာတာပါ"
ထိုအခါမှာ ဖခင်ဖြစ်သူ ဦးမင်းအာကာ က သတင်းစာကို ချလိုက်ပြီး ယောနသံအနားကိုလာကာစူးစိုက်ကြည့်လိုက်တယ်။ပြီတော့ ခပ်ပြင်းပြင်းနဲ့ မျက်နှာကိုထိုးလိုက်တယ်။ ယောနသံကြမ်းပြင်ပေါ်ကိုလဲကျသွားတယ်။ထိုအချိန်"ငါ့သားသမီးတွေထဲမှာ အမြဲတမ်း ဒုတိယဖြစ်နေတာ မင်းတစ်ယောက်ပဲရှိတယ်။ ငါတို့မျိုးရိုးမှာ ဒုတိယဆိုတာ ရှုံးနိမ့်တာနဲ့ အတူတူပဲ။ မင်း အစ်ကိုနဲ့ အစ်မကို ကြည့်စမ်း... သူတို့က ဘယ်တုန်းကမှ သူများအောက် မကျခဲ့ဘူး။ မင်းကို ဒီလောက် ထောက်ပံ့ပေးထားတာက ဒုတိယရဖို့ မဟုတ်ဘူး ယောနသံ"
အပြစ်တင်စကားတွေက မြားအဆိပ်တွေလို ယောနသံရဲ့ ရင်ဘတ်ကို တည့်တည့်မှန်တယ်။ သူ ဘာမှ ပြန်မပြောဘဲ ခေါင်းငုံ့ကာ သူ့အခန်းထဲကို ပြေးဝင်ခဲ့မိတယ်။ မျက်ရည်တွေက ဝေ့တက်လာပေမဲ့ အံကို တင်းတင်းကြိတ်ထားပြီး မျက်တောင်ခတ်ကာ ပြန်သိမ်းလိုက်တယ်။
"ခွန်းသမူပိုင်... မင်းကြောင့်... အားလုံးက မင်းကြောင့်ပဲ"
တစ်ဖက်မှာတော့ နေဝင်ရိုးရီ အချိန်...။
ကျောင်းသားအများစု အိမ်မှာ နားနေကြချိန်မှာ ခွန်းသမူပိုင် ကတော့ ကျောင်းဝတ်စုံကို လဲဖို့တောင် အချိန်မရဘဲ မြို့စွန်က ဈေးတန်းလေးထဲမှာ အလုပ်ရှုပ်နေတယ်။ သူက အမေဖြစ်သူ ဒေါ်လှရီ ရဲ့ ထမင်းသုပ်ဆိုင်လေးမှာ ဝိုင်းကူရင်း ဈေးသည်တွေ ဆူညံသံတွေကြားမှာ ချွေးတလုံးလုံးနဲ့ အလုပ်လုပ်နေတာ။
"သားကြီး... ပင်ပန်းနေပြီလား။ နားလိုက်ပါဦး၊ အမေ ဆက်လုပ်လိုက်မယ်"
"ရတယ် အမေ။ အမေပဲ နားလိုက်။ ဒီမှာ ညီလေးကိုလည်း စာသင်ပေးရဦးမယ်"
ခွန်းသမူပိုင်က ပြောရင်း ဆိုင်ဘေးက ခုံပုလေးမှာ ထိုင်ပြီး စာအုပ်ကို ခေါင်းစိုက်ကြည့်နေတဲ့ ညီလေး ခွန်းသညီဇေ ရဲ့ ခေါင်းကို အသာအယာ ပုတ်လိုက်တယ်။ သူ့ရဲ့ ယောက်ျားပီသတဲ့ လက်မောင်းတွေမှာ အကြောစိမ်းတွေ ထောင်နေပြီး၊ ကျောင်းမှာ တွေ့ရတဲ့ ပေတီပေစုတ် ပုံစံက အခုတော့ အားကိုးထိုက်တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်လို ပြောင်းလဲသွားတယ်။
သူ့စိတ်ထဲမှာ ခဏတာ ယောနသံရဲ့ မျက်နှာကိုပြန်မြင်ယောင်လာတယ်ပေါ်လာတယ်။ ခုနက ကျောင်းမှာ တွေ့ခဲ့တုန်းက ယောနသံရဲ့ မျက်လုံးတွေထဲမှာ ဒေါသတင်မကဘဲ တစ်ခုခုကို ကြောက်ရွံ့နေတဲ့ အရိပ်အယောင်တွေကို ခွန်းသမူပိုင် သတိထားမိလိုက်တယ်။ဪ ချမ်းသာတဲ့သူတွေမှာလည်း သူတို့ ဒုက္ခနဲ့သူတို့ ရှိတာပဲလို့ သူတွေးမိတယ်။
နောက်တစ်နေ့ မနက်... ကျောင်းတက်ချိန်။
ယောနသံက ကျောင်းကို စောစောရောက်နေပြီး စာကြည့်တိုက်ထဲမှာ စာအုပ်တွေကြား ခေါင်းနှစ်ထားတယ်။ မျက်ကွင်းတွေက နည်းနည်း ညိုနေပြီး ညက ကောင်းကောင်းအိပ်မပျော်ခဲ့တဲ့ပုံပဲ။ အဲ့ဒီအချိန်မှာပဲ စာကြည့်တိုက် တံခါးပွင့်သွားပြီး... ခြေသံပြင်းပြင်းနဲ့ လူတစ်ယောက် ဝင်လာတယ်။
ဘယ်သူလဲဆိုတာ ယောနသံ ကြည့်စရာတောင် မလိုဘူး။ ဒီလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ လျှောက်တတ်တာ ခွန်းသမူပိုင်ကလွဲလို့ ဘယ်သူမှ မရှိဘူးလေ။
ခွန်းသမူပိုင်က ယောနသံရဲ့ မျက်စောင်းကို ဂရုမစိုက်ဘဲ သူ့ဘေးက ခုံမှာ ဝင်ထိုင်လိုက်တယ်။ ပြီးတော့ စာအုပ်တစ်အုပ်ကို ယောနသံရဲ့ ရှေ့ကို ပစ်တင်လိုက်တယ်။
"ဒါ... မင်း မနေ့က ကျောင်းရှေ့မှာ ကျန်ခဲ့တဲ့ မှတ်စုစာအုပ်မလား"
ယောနသံက အံ့ဩသွားပြီး စာအုပ်ကို ကြည့်လိုက်တော့ သူ့ရဲ့ လျှို့ဝှက်ချက်တွေ ရေးထားတဲ့ ဒိုင်ယာရီလို မှတ်စုစာအုပ် ဖြစ်နေတယ်။ သူ့မျက်နှာ ချက်ချင်း သွေးဆုတ်သွားတယ်။.. မင်း ဒါကို ဖတ်လိုက်ပြီလား"
ယောနသံရဲ့ အမေးက အေးစက်နေပေမဲ့ စိုးရိမ်စိတ်ကို ဖုံးမရဘူး။ ခွန်းသမူပိုင်က ခုံကို နောက်ပြန်မှီရင်း ခေါင်းကို စောင်းကာ ယောနသံကို စေ့စေ့ကြည့်လိုက်တယ်။ သူ့ရဲ့ အကြည့်တွေက ပြောင်ချော်ချာ်အရိပ်အယောင်တွေ ပါနေပေမဲ့ တစ်ဖက်မှာလည်း အရာအားလုံးကို ထွင်းဖောက်မြင်နေသလိုပဲ။
"ငါက သူများ အရှုပ်အထွေးတွေကို စိတ်ဝင်စားလေ့မရှိဘူး"
ခွန်းသမူပိုင်က စာအုပ်ကို ယောနသံရဲ့ ရှေ့ကို လက်နှစ်ချောင်းနဲ့ အသာတွန်းပေးလိုက်တယ်။ ပြီးတော့မှ ယောနသံရဲ့ ဖြူဖျော့ပြီး တည်ငြိမ်လွန်းတဲ့ မျက်နှာကို ခပ်စိုက်စိုက်ကြည့်ရင်း ဆက်ပြောတယ်။
"စာအုပ်ကို မဖတ်ဘဲနဲ့တောင်... မင်းရဲ့ မျက်လုံးတွေက တင်းကျပ်လွန်းနေတာကို ငါ မြင်နေရတာပဲ။
ကိုယ့်ကိုယ်ကိုယ် သံမဏိစည်းကမ်းတွေကြားမှာ ပိတ်လှောင်ထားရတာ မပင်ပန်းဘူးလား ယောနသံ"
ယောနသံရဲ့ မျက်တောင်တွေ အနည်းငယ် တုန်ခါသွားရတယ်။
"ဒါ ငါ့ကိစ္စပဲ... ခွန်းသမူပိုင်။ ငါ့ဘဝထဲကို မင်း ခြေမကျော်လာပါနဲ့"
ယောနသံက စာအုပ်ကို သိမ်းပြီး ထိုင်နေရာက ထရပ်လိုက်တယ်။ ခွန်းသမူပိုင်ကတော့ ထိုင်နေတဲ့ ခုံပေါ်မှာပဲ ပေါ့ပေါ့ပါးပါး ထိုင်နေရင်းကနေ ယောနသံရဲ့ ကျောပြင်ကို ကြည့်ပြီး ပြောလိုက်တယ်။
"ခြေကျော်တာ မဟုတ်ပါဘူးကွ... လမ်းမှားနေတဲ့သူကို လမ်းမှန်ပြချင်ရုံဘဲ။ မင်းက စည်းကမ်းတွေ နောက်မှာ ပုန်းနေပေမဲ့ ငါကတော့ မင်းကိုကြည့်ပြီး စိတ်ကျဉ်းကြပ် လွန်းလို့ပါ။
ယောနသံ ဘာမှ ပြန်မပြောဘဲ ခြေလှမ်းကျဲကျဲနဲ့ ထွက်လာခဲ့တယ်။ ခွန်းသမူပိုင်ရဲ့ စကားတွေက သူ့ရဲ့ စည်းကမ်းကြီးလှတဲ့ ကမ္ဘာထဲကို ခဲတစ်လုံး ပစ်ချလိုက်သလိုပဲ။
နေရောင်အောက်မှာ လွတ်လပ်စွာ ရယ်မောနေတဲ့ ခွန်းသမူပိုင် နဲ့ အမြဲတမ်း အရိပ်ထဲမှာ ပုန်းကွယ်နေရတဲ့ ယောနသံ... သူတို့နှစ်ယောက်ရဲ့ ကမ္ဘာက ဒီနေ့မှာပဲ စတင်ပြီး ထိတွေ့မိသွားခဲ့ပြီ။
[အပိုင်း - ၁ ပြီးပါပြီ]
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
