Let’s Check With Fah

Let’s Check With Fah

Share

I am creating the skin of my dreams.��

Photos from Let’s Check With Fah's post 24/08/2026

ကိုယ့်ကိုကိုယ် ဂရုစိုက်တဲ့ မိန်းကလေးတိုင်း Feminine Wash လေးတစ်ခုတော့ ရှိမယ်ထင်တယ် ဟုတ်?? 🌸✨

Fah က Skincare/Haircare product အသစ်တွေ စမ်းရတာ ကြိုက်တဲ့ Beauty Ju**ie ဆိုပေမဲ့ Sensitive ဖြစ်တဲ့ Private Area အတွက်ကျတော့ သေချာ Research လုပ်၊ Ingredients တွေ စိစစ်ပြီးမှ စမ်းသုံးဖြစ်ပါတယ်။ မိန်းမကိုယ် hygiene ဆိုတာ အရည်အသွေး မသေချာတာတွေကို လျှောက်မပြောင်းသင့်ဘဲ Soap-free ဖြစ်ပြီး pH ဓာတ် မျှတတဲ့ Brand လေးတွေကိုပဲ သေချာ ရွေးသုံးသင့်ပါတယ်။

ဒီနေ့ Review ရေးတဲ့ Brand က အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ BeNice Brand လေးဖြစ်ပါတယ်။ BeNice ကထုတ်တဲ့ Body Wash တွေကတော့တော်တော်များများလည်း သုံးဖူးကြမယ်ထင်ပါတယ်။ အနံ့ရော Quality ပါ ပြောစရာမလိုအောင် ကောင်းပြီးသားမို့ ဒီ Feminine Wash လေး ထွက်လာတော့လည်း ရဲရဲကြီး စမ်းသုံးကြည့်ဖြစ်ခဲ့ပါတယ်။ ကိုယ်တိုင်ဝယ်သုံးတာလည်း လချီနေပြီဆိုတော့ Review လေး လာတင်ပေးလိုက်တာပါရှင့်..😁

BeNice က Feminine Wash လေးကို အဓိက ကြိုက်ရတဲ့ အချက်ကတော့ Soap-free ( ဆပ်ပြာဓာတ် လုံးဝကင်းစင်ခြင်း) ဖြစ်တာကြောင့်ပါ။ ပုံမှန် ဆပ်ပြာတွေလို သဘာဝအစိုဓာတ်နဲ့ protective barrier တွေကို လုံးဝမဖယ်ရှားပစ်ဘဲ Sensitive Area လေးကို အင်မတန် နူးညံ့စွာ သန့်စင်ပေးနိုင်လို့ပါ။ 🌸✨

Fah လက်ရှိ သုံးနေတဲ့ BeNice Intimate Line ရဲ့ ဗူး (၂) မျိုးလုံးရဲ့ ထူးခြားချက်နဲ့ Benefits တွေကို မျှဝေပေးသွားပါမယ်နော်။

🍑✨ BE NICE INTIMATE WHITE PEACH

🧡 သူကတော့ Sensitive Skin သမားတွေနဲ့ ညိုညစ်နေတာတွေ သက်သာချင်သူတွေအတွက် သီးသန့်ပါပဲ။

🧡 White Peach Extract နဲ့ Niacinamide တို့ ပေါင်းစပ်ပါဝင်လို့ ပေါင်ခြံနဲ့ Private Area ညိုညစ်တာတွေကို ဖြည်းဖြည်းချင်း ကြည်လင်ဝင်းပလာစေပြီး ရေဓာတ်ပြည့်ဝစွာနဲ့ နူးညံ့စိုပြေနေစေပါတယ်။ ဒါ့အပြင် မီးယပ်အထူးကု ဆရာဝန်တွေ ကိုယ်တိုင် သေချာ စမ်းသပ်စိစစ်ထားပြီး (Gynecologist Tested) ဖြစ်တာမို့ ယားယံတာမျိုး မရှိပါဘူး။ သူ့အနံ့ကလေ ကောင်းလွန်းတာမှ တစ်ကိုယ်လုံး ဆပ်ပြာတိုက်ပစ်ချင်လောက်အောင်ကို peach အနံ့သင်းသင်းလေး ကျန်ခဲ့တာမျိုး..🥹🍑

❄️✨ BE NICE INTIMATE COOLING ACTIVE

🧊 ဒီ Cooling ဗူးလေးကတော့ တစ်နေကုန် Cool & Fresh ဖြစ်ချင်သူတွေအတွက် သင့်တော်ပါတယ်။

🧊 Tea Tree Oil နဲ့ Lactic Acid တို့ မျှတစွာ ပါဝင်တာကြောင့် မိန်းမကိုယ်ရဲ့ သဘာဝ pH 4.5 level ကို ထိန်းညှိပေးပြီး ဗက်တီးရီးယား ကြောင့်ဖြစ်တဲ့ ယားယံတာနဲ့ အဖြူဆင်းပြီး အနံ့ဆိုးထွက်တာတွေကို ကာကွယ်ပေးပါတယ်။

🧊 Menthol ပါဝင်တာမို့ အေးမြလန်းဆန်းစေပြီးဆပ်ပြာဓာတ် မပါတာကြောင့် စပ်ဖျင်းဖျင်းဖြစ်တာမျိုး လုံးဝမဖြစ်ဘဲ ချွေးထွက်များတဲ့ရက်တွေ၊ ရာသီလာချိန်နဲ့ လှုပ်ရှားမှုများတဲ့ ရက်တွေမှာ သုံးကြည့်ဖို့သင့်တော်ပါတယ်။

✅ သူရဲ့ Texture လေးက Gel Type လေးမို့ အမြှုပ်ထွက်တာလည်း နူးနူးညံ့ညံ့နဲ့ ရေဆေးရတာလည်း လွယ်ကူပါတယ်။ pH Balance မျှတအောင် ထုတ်ထားတာမို့ Sensitive Skin တွေပါ သုံးလို့ရပါတယ်နော်…

⚠️ အသုံးပြုတဲ့အခါ အပြင်ဘက်အတွက်ပဲ အသုံးပြုရပါမယ်နော်…

မိန်းမကိုယ် အတွင်းပိုင်း က သဘာဝအတိုင်း မိမိဘာသာ Clean လုပ်နိုင်တဲ့ စွမ်းရည်ရှိတာမို့ ဒီ Feminine Wash ကို အပြင်ဘက်နံဘေး (V***a) ကို သန့်စင်ဖို့အတွက်ပဲ သုံးပေးရပါမယ်နော်။ အတွင်းထဲအထိ နှိုက်ဆေးတာမျိုး လုံးဝ မလုပ်ရပါဘူးရှင်။

တစ်နေ့ (၁) ကြိမ်မှ (၂) ကြိမ်ပဲ သုံးပေးပါ။
အရမ်းသန့်ရှင်းချင်လို့ဆိုပြီး ခါတိုင်းထက် အကြိမ်ကြိမ် ပိုသုံးရင် သဘာဝ Good Bacteria တွေကို လျော့နည်းစေတာမို့ တစ်နေ့ ၁ ကြိမ် (သို့) ၂ ကြိမ်ထက် ပိုမသုံးသင့်ပါဘူးနော်…💖

🫧 Fah အမြဲလုပ်ဖြစ်တဲ့ Personal Hygiene Tips လေးတွေကိုလည်း မျှဝေပေးပါရစေရှင့်🫧

🌸 Daily Panty Liner / Pad လေးတွေ သုံးတဲ့အခါ…

Daily Pad လေးတွေက အဖြူဆင်းတာတွေကြောင့် ဖြစ်တဲ့ မလိုလားအပ်တဲ့ အစိုဓာတ်တွေကို စုပ်ယူပေးပြီး Panty လေးတွေကိုပါ သန့်သန့်ရှင်းရှင်း ထိန်းသိမ်းပေးနိုင်ပါတယ်။
ဒါပေမဲ့ နေ့စဉ် ၂၄ နာရီလုံး သို့မဟုတ် နေ့တိုင်း စွဲဝတ်ထားရင် လေဝင်လေထွက် ပိတ်ပြီး Yeast Infection ဖြစ်နိုင်တာမို့ အဖြူဆင်းများတဲ့ရက် ဒါမှမဟုတ် ရာသီလာခါနီး/လာပြီး ရက်များမှာပဲ သုံးပေးဖို့ တိုက်တွန်းချင်ပါတယ်။ သုံးတဲ့အခါမှာလည်း မပျင်းဘဲ (၂) နာရီခြားမဟုတ် (၃) နာရီခြား တစ်ခါ ပုံမှန် လဲပေးဖို့ နဲ့ အနံ့မပါတာ (Unscented) ကိုပဲ ရွေးသုံးပေးဖို့ အကြံပေးချင်ပါတယ်ရှင့်…

🌸 ညဘက် အိပ်ချိန်မှာ Underwear ချွတ်အိပ်ပါ…

ညဘက် အိပ်စက်ချိန်မှာ အတွင်းခံ လုံးဝ မဝတ်ဘဲ (သို့မဟုတ်) Cotton အသား ညဝတ်ဘောင်းဘီ ပွပွလေးပဲ ဝတ်အိပ်တာက လေဝင်လေထွက် ကောင်းမွန်စေပြီး မလိုလားအပ်တဲ့ အစိုဓာတ်နဲ့ အပူတွေကို လျှော့ချပေးပါတယ်။ Bacteria နဲ့ Yeast Infection ဖြစ်ပွားမှုကို သဘာဝအတိုင်း တားဆီးပေးတဲ့အပြင် အသားအရေ ပွန်းပဲ့ ယားယံတာတွေကိုလည်း သက်သာစေပါတယ်။

🌸 Underwear တွေကို ရေနွေးနဲ့ စိမ်လျှော်ပါ…
Underwear တွေကို သီးသန့် ရေနွေးနဲ့ စိမ်လျှော်ပေးတာက တွယ်ကပ်နေတဲ့ Bacteria တွေကို သေစေပါတယ်။ လျှော်ပြီးရင်လည်း နေရောင်ခြည် တိုက်ရိုက်ရတဲ့ နေရာမှာ သေချာ ခြောက်သွေ့အောင် လှန်းပေးတာက အကောင်းဆုံး Hygiene ထိန်းသိမ်းနည်းဘဲ ဖြစ်ပါတယ်။💖

ကဲ… ဒါလေးတွေကတော့ Fah အမြဲလုပ်နေကျ Hygiene Tips လေးတွေ ဖြစ်ပါတယ်ရှင်…✨

သိသလောက်လေး မျှဝေပေးထားတာလေးကို အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်ရှင်။ နောက်လည်း Review လေးတွေ ဆက်ပြီး မျှဝေပေးသွားပါဦးမယ်ရှင်။

မိန်းကလေးတိုင်း သန့်ရှင်းလှပတဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေနော်…🫶🏻✨
#

Photos from Let’s Check With Fah's post 19/08/2026

ခုရက်ပိုင်း skin လေး ပိုကြည်ပြီး Glow နေတာ... ဒီ Sleeping Mask လေးကြောင့်ပဲ ✨🤍

Miracle101 က Sleeping Mask လေး လက်ထဲရောက်လာကတည်းက သေချာ သတိထားပြီး စမ်းသုံးကြည့်နေတာ ထင်ထားတာထက် ပိုပြီးကို Skin ပေါ်မှာ အလုပ်ကောင်းကောင်းလုပ်တာ တွေ့ရတယ်။

လေထုညစ်ညမ်းမှုနဲ့ အပြင်ထွက်လို့ ပင်ပန်းလာတဲ့ အသားအရေကို ပြန်လည်သက်သာစေပြီး ငြိမ်ကျသွားအောင် (Soothing & Calming) ကောင်းကောင်း လုပ်ပေးနိုင်ပါတယ်။

Aqua Glass Skin Sleeping Mask ဆိုတဲ့အတိုင်း ပြည့်ဝတဲ့ ရေဓာတ် အလုံအလောက်ပေးပါတယ်။ Texture လေးက Gel Type လေးနဲ့ အေးအေးမွှေးမွှေးလေးမို့ ပူစပ်ပူလောင်ဖြစ်တာမျိုးနဲ့ ကပ်စေးစေးဖြစ်တာမျိုး လုံးဝမရှိဘဲ ပေါ့ပေါ့ပါးပါးနဲ့ လိမ်းလို့ကောင်းပါတယ်။

Overnight Sleeping Mask ဖြစ်တာမို့ ညဘက်အိပ်ရာမဝင်ခင် Skincare ရဲ့ နောက်ဆုံးအဆင့်အနေနဲ့ လိမ်းပေးရပါတယ်။ တစ်ညလုံး အသားအရေထဲကို ရေဓာတ်နဲ့ အာဟာရဓာတ်တွေ စိမ့်ဝင်စေပြီး အစိုဓာတ်ကို Lock လုပ်ပေးပါတယ်။ လိမ်းပြီးပြီးချင်းရော… မနက်နိုးလာတဲ့အထိပါ အသားအရေကို ဖူးဖူးစိုစိုနဲ့ Glow နေစေတာလေးက Fah ကို အကြိုက်တွေ့စေတဲ့ အချက်လေးဖြစ်ပါတယ်။😁💚

ညဘက် သေချာရေဓာတ်ဖြည့်ပေးထားတာကြောင့် မနက်ခင်း Makeup လိမ်းတဲ့အခါမှာလည်း Skin base ကောင်းနေတော့ ဘာလိမ်းလိမ်း တော်တော်လေး ကျေနပ်နေရပါသေးတယ်။ 💕

🍭 တကယ်လို့ အသားအရေခြောက်သွေ့လို့ပဲဖြစ်ဖြစ်၊ ညဘက်အလုပ်ပင်ပန်းလို့ Skincare အများကြီးမလိမ်းချင်ဘဲ တစ်ဆင့်တည်းနဲ့ ရေဓာတ်အပြည့်အဝရချင်တဲ့သူတွေအတွက် ဒီ Miracle101 Sleeping Mask လေးက သုံးကြည့်ဖို့ သင့်တော်တဲ့ ပစ္စည်းကောင်းလေးမို့ Review လေး တင်ပေးလိုက်ပါတယ်နော်... 😚

အသားအရမ်းခြောက်တဲ့သူတွေက တစ်ပတ်ကို 3 ကြိမ်ကနေ ညတိုင်းအထိ ပုံမှန်သုံးပေးလို့ရပြီး အဆီပြန်တဲ့သူတွေဆိုရင်တော့ တစ်ပတ်ကို 2 ကြိမ်ကနေ 3 ကြိမ်လောက် အလှည့်ကျ သုံးပေးဖို့ သင့်တော်ပါတယ်ရှင့်။ 💚

Thank you so much Miracle101⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠

18/07/2026

Too Faced Cloud Crush ☁️💗

Photos from Let’s Check With Fah's post 02/07/2026

L’Oréal ရဲ့ Elseve Extraordinary Oil Hair Mask က ခုရက်ပိုင်း တော်တော်လေး Hype ဖြစ်နေလို့ Fah လည်း အထုပ်လေး ဝယ်စမ်းတာ…

သူကလေ သုံးပြီး ရေဆေးချပြီးတာနဲ့ ဆံပင်က နုအိပျော့ဖတ်ပြီး ဝပ်ဆင်းနေရော…

Texture ပစ်ပစ်နှစ်နှစ်လေး သုံးရတာလည်း တကယ် အားရတယ်။ အနံ့တော့ မစွဲဘူးရယ်… သူ့အနံ့က သင်းသင်းပျံ့ပျံ့ မွှေးတဲ့အနံ့မျိုးလည်း ဟုတ်မနေဘူး။

ဆံပင်လေးက လျှော်ပြီး သုံး၊ လေးရက်လောက်ထိ အိနေရော။ ဆံပင်ငြိတာ၊ ဖွာတာတွေအတွက်လည်း တော်တော်ကောင်းတယ်။

အထုပ်လေး စမ်းသုံးပြီး ပျော့အိဝပ်ဆင်း တောက်ပြောင်နေလို့ ဗူးကြီးပါ ဝယ်သုံးတော့မယ်။😁

ကိုယ့်လိုမျိုး တစ်ခုခုနဲ့ သုံးလို့ အဆင်ပြေနေရင်တောင် ပေါ်သမျှ၊ ထွက်သမျှ လိုက်စမ်းချင်နေကြတဲ့ သူလေးတွေကို ရဲရဲကြီး ဝယ်သုံးလို့ရအောင် Review လေး လာတင်ပေးတာ…

အထုပ်လေးတွေဆို ၃၅၀၀ ဝန်းကျင်ဘဲရှိတာမို့ ဗူးလိုက် တန်းမဝယ်ချင်လည်း အထုပ်လေးတွေ စမ်းကြည့်လို့ရတယ်။😉

⁠ ⁠ ⁠ ⁠

HairCare⁠ ⁠ ⁠ ⁠

Photos from Let’s Check With Fah's post 14/06/2026

စာအုပ်တစ်အုပ်ကို အဆုံးထိဖတ်ဖို့ဆိုတာ စာဖတ်ဝါသနာ သိပ်မပါတဲ့ ကိုယ့် အတွက်တော့ Facebook က စာရေးဆရာ၊ ဆရာမတွေ ရေးတင်ထားတာတွေ ဖတ်ဖြစ်တာက လွဲရင် အိမ်က အစ်ကိုရဲ့ တိုက်တွန်းမှု မရှိဘဲ စာအုပ်ကြီးကိုင်ပြီး ဖတ်ဖို့တော်တော် ခက်ခဲတဲ့ အထဲပါပါတယ်။ 😁

ဒါပေမဲ့ ဒီစာအုပ်ကတော့ စာအုပ်နာမည်လေးကိုယ်က စိတ်ဝင်စားစရာဖြစ်တဲ့အပြင် ဆရာ မင်းခန့်(ပြည်)၊ ဆရာမစူးရှမေ၊ ဆရာမ စုမြတ်ချစ်နဲ့ ဆရာ ပိုင် တို့ (၄) ဦး တောင် collab လုပ်ပြီးရေးသားထားတယ်ဆိုတော့ မတူညီတဲ့ အတွေး၊ အမြင်တွေ စုပေါင်းမျှဝေထားတာကို အရမ်းစိတ်ဝင်စားတာမို့ ဖတ်ရင်း ၂ ရက်အတွင်းမှာတင် အဆုံးထိ ပြီးအောင်ဖတ်ဖြစ်သွားပါတယ်။

ဖတ်ပြီးတဲ့အချိန်မှာ ရလိုက်တဲ့ ခံစားချက်က စာအုပ်ကောင်းတစ်အုပ်ကို ဖတ်လိုက်ရတာထက် ပိုပါတယ်။ အရင်ကနဲ့မတူဘဲ ကိုယ့်ကိုယ်ကိုယ် ပိုနားလည်လာသလို၊ အရင်က တွေးတာတွေထက် ဖတ်နေရင်းတောင် အတွေးအသစ်တွေ ပြောင်းပြီး ကိုယ့်ဟာကိုယ် positive အတွေးဘက်ကို ရောက်လာတဲ့ခံစားချက်မျိုး ရလိုက်တယ်။

အထူးသဖြင့် ဒီစာအုပ်ကလေ ခုခေတ် လူငယ်တွေ ဘဝလက်တွဲဖော် ရွေးချယ်တဲ့အခါမှာ ဒီလိုတွေးခေါ်ပုံ အမျိုးမျိုး၊ ရှုထောင့်အမျိုးမျိုးနဲ့ တွေးခေါ်နိုင်အောင်၊ ဆင်ခြင်တုံတရားနဲ့ ရွေးချယ်နိုင်စွမ်း တိုးတက်လာအောင် ဘဝအတွက် လိုအပ်တဲ့ အတွေးအခေါ်တွေကို စုဆောင်းမိသလို ခံစားရတယ်။

နောက်ပြီး ဒီစာအုပ်မှာ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာအောင်၊ ကိုယ့်ဖြစ်တည်မှုကို အပြည့်အဝလက်ခံပြီး ကိုယ့်တန်ဖိုးကို ကိုယ်နားလည်လာအောင် ရှေ့လျှောက် ဘဝမှာ တစ်ယောက်တည်း ရပ်တည်ရမယ့် အချိန်တွေအတွက်ပါ ကြိုတင်ပြီး စိတ်ခွန်အားတွေ ပေးတဲ့စာတွေ အများကြီးပါတယ်။

တကယ်လို့ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်နေလို့ပဲဖြစ်ဖြစ်၊ ဘဝမှာ ရှေ့ဆက်ဖို့ စိတ်ဓာတ်ခွန်အား လိုအပ်နေတယ်လို့ ခံစားရရင်ပဲဖြစ်ဖြစ် ဒီစာအုပ်လေးကို ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာတွေ့ပြီး အရင်ကထက် ပိုသန်မာတဲ့ စိတ်ဓာတ်မျိုးနဲ့ ပြန်စနိုင်ဖို့ ဒီစာအုပ်က တကယ်ကို အထောက်အကူ ဖြစ်စေမှာပါ။

စာရေးသူတွေလို ဝေဝေဆာဆာကြီး မပြောတတ်ပေမဲ့ ဒီစာအုပ်က မိန်းကလေးတိုင်းအတွက်တော့ တကယ့်ကို အဖိုးတန်ပါတယ်။ ကိုယ့်အတွက် ပိုကောင်းတဲ့ အတွေးအမြင်တွေ၊ ပိုမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်စေဖို့အတွက် ဖတ်ကိုဖတ်ကြည့်သင့်တဲ့ စာအုပ်ပါ။ ဖတ်ရကျိုးနပ်ပြီး တကယ့်ကို အားရကျေနပ်မိလို့ ကိုယ်ချစ်တဲ့သူတွေကိုလည်း ဖတ်ကြည့်စေချင်တာမို့ မျှဝေပေးလိုက်ပါတယ်ရှင်။ 🌷💗

#ဉာဏ်ပညာနဲ့ဆင်ယင်ထားတဲ့အလှတရား

06/05/2026

Cousin sent me some goodies! Let's unbox them together.🎁✨🎀

Category

Telephone

Website

Address


Yangon

Alerts

Be the first to know and let us send you an email when Let’s Check With Fah posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.