Review by Wi&Ri

Review by Wi&Ri

Share

Love yourself & you'll shine and glow like a star in the universe✨

Photos from Review by Wi&Ri's post 23/05/2026
Photos from Review by Wi&Ri's post 24/02/2026

Wiတို့အိမ်ကကြောင်မလေးပါ
တစ်လသားအရွယ်ကလေး၄ကောင်ရှိပါတယ်


(ကြောင်လေးပြန်ရပါပီ
အကုန်အကောင်းပါ ပိန်သွားပီးခေါင်းလေးပဲပေါက်သွားပါတယ်
စိတိပူပေးကြတဲ့ကူညီပေးကြတဲ့သူတိုင်းကိုကျေးဇူးတင်ပါတယ်
ယူသွားတဲ့လင်မယားကမနေ့ကမနက်ကတွေ့တော့ သူတို့မဟုတ်ချင်ယောင်ဆောင်ပါတယ်
ပုံထဲကကြောင်ကိုမလွှာကုန်းဘူတာမှာတွေ့လိုက်ပီးကြောင်ကဆတ်ငင်ဆတ်ငင်ဖြစ်နေပီးသေတော့မယ်အခြေနေမဟန်ဘူးပြောပါတယ်
ခုပြန်ရောက်တော့အကောင်းတိုင်းပါ
Cctvမှတ်တမ်းကမျက်နှာဝါးနေတော့သူခိုးဖမ်းဖမ်းမရပါဘူး
အဲ့တာနဲ့ ကြောင်ကို အကောင်းတိုင်းပြန်ပေးရင် ၁သိန်းပြန်ပေးမယ် ပြောပီး ဖုန်းနံပါတ်ပေးခဲ့ပါတယ်
မနေ့ကနေ့လည်ကြတော့အဲ့လင်မယား၁သိန်းမက်ပီးပြန်ရောက်လာပါတယ်
ကြောင်ကိုမနက်ဖြန်မနက်ပဲခူးကနေရထားနဲ့ပြန်ခေါ်လာမယ်ဖြစ်ကြောင်း ပြောပါတယ်
ဒီနေ့မနက်ဘူတာမှာသွားခေါ်တော့ ၁သိန်းယူပီးပြန်ပေးသွားပါတယ်
သိသိရက်နဲ့ပေးလိုက်တဲ့ ဘိန်းမုန့်ဆိုင်နဲ့ကော်ပြန့်ဆိုင် ကိုမကျေနပ်လို့ postတော့မဖျက်ပေးတော့ပါဘူး)

ကျောက်မြောင်းလမ်းနှင့်အင်းဝလမ်းထောင့်၊ ကျောက်မြောင်းကြီးရပ်ကွက်၊တာမွေမြို့နယ်။

ဖြစ်စဉ်

23.2.2026 နေ့လည်ခန့်တွင် ရွှေဝါအမည်ရှိသောဆိုင်တွေမွေးထားသောကြောင်လေး(ကြောင်၂လသားလေးကောင်အမေ) သည် အင်းဝလမ်းရှိ transformerအနီးတွေ shockဖြစ်ကာ သတိမေ့သွားချိန်တွင်လမ်းတွင်ထမ်းစဉ်ဖြင့်ရောင်းသောဟင်းရွက်သည်လင်မယားသည်တုတ်နှင့်ကြောင်ကိုဆွဲယူခဲ့ပါသည်။

( အရင်တစ်ခါကလည်း ထိုနေရာတွင်ကြောင်လေးတစ်ကောင် shockဖြစ်၍ကျွန်တော်တို့ကယ်ခဲ့ဖူးပါသည်။သတိပြန်လည်လာပီးနောက် ဆေးကုပေးကာ ပြန်ကောင်း၍အိမ်ပြန်ပို့ပေးခဲ့ပါသည်။ )

ထို့နောက် ထိုလင်မယားသည် အနီးနားရှိ မစန်းဘိန်းမုန့်သည်အားယူသွား၍ရကြောင်းမေးပါသည်။
ထိုဘိန်းမုန့်သည် သည် သူမွေးထားသောကြောင်မဟုတ်ဘဲ သည်ယူသွား၍ရကြောင်းခွင့်ပြုလိုက်
ပါသည်။
ကော်ပြန့်သည်ကလဲ ဘာမှဝင်မပြောဘဲဖာသိဖာသာနေနေပါသည်။

(စင်စစ်တွင် ထို ဘိန်းမုန့်သည် နှင့် ကော်ပြန့်သည်သည် ကြောင်မွေးထားသောအရုပ်ဆိုင်တွင် အကြွေလာလဲကာ ဝင်ထွက်နေကြဖြစ်၍ ကြောင်မွေးထားသည်ကိုလဲ သိပါသည်။ကြောင်ကိုလဲခဏခဏမြင်ဖူးပါသည်)

သိသိရက်နဲ့ ကြောင်ပိုင်ရှင်အားအသိမပေးဘဲ ပြီးပြီးရော ပေးလိုက်ပါသည်။

ကျောက်မြောင်းလမ်းနှင့်အင်းဝလမ်းထောင့်ရှိ
မစန်းဘိန်းမုန့်ဆိုင် နှင့် ကော်ပြန့်ဆိုင် ဖြစ်ပါသည်။

ယူသွားတဲ့သူထက် သူများကြောင်ကိုပြီးစလွယ်သိသိရက်နဲ့ပေးလိုက်တဲ့ ဆိုင်က ပိုအပြစ်ရှိတယ်လို့မြင်ပါတယ်။

Cctvမှတ်တမ်း comment မှာချထားပေးပါ့မယ်။

Website

Address


Yangon
11041

Alerts

Be the first to know and let us send you an email when Review by Wi&Ri posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.