Soe Pharmacy

Soe Pharmacy

Share

Physical &Mental Health

16/12/2025

ပစ္စည်းဝင်တိုင်း ပုံမရိုက်ဖြစ် ...

15/12/2025

သွေးပူဖို့
လှေကား အတက်အဆင်း
5ခေါက်လောက်အရင်လုပ်☺️

08/12/2025

သကြားဖြတ်ခြင်း သို့မဟုတ်လျှော့ခြင်း၏ အကျိုး ၇ မျိုး။

(အထူးသဖြင့် Added Sugar ခေါ် ပြုပြင်ထားသောသကြား) ကို လျှော့စားခြင်း သို့မဟုတ် လုံးဝဖြတ်လိုက်ခြင်းသည် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အလွန်ထိရောက်သော အပြောင်းအလဲတစ်ခုဖြစ်သည်။

လေ့လာတွေ့ရှိချက်များအရ သကြားလျှော့စားခြင်း၏ အဓိက အကျိုးကျေးဇူး (၇) ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ ကိုယ်အလေးချိန် ထိန်းညှိနိုင်ခြင်းနှင့် ဝမ်းဗိုက်အဆီ ကျစေခြင်း
သကြားစားသုံးမှု လျှော့ချလိုက်သောအခါ ခန္ဓာကိုယ်တွင်း Insulin (အင်ဆူလင်) ဟော်မုန်း ပမာဏ ငြိမ်သက်သွားသည်။

သကြားအလွန်အကျွံ စားသုံးခြင်းသည် Leptin Resistance ကို ဖြစ်စေနိုင်သည်။ Leptin သည် "ဗိုက်ပြည့်ပြီ" ဟု ဦးနှောက်ကို အချက်ပြသော ဟော်မုန်းဖြစ်သည်။ သကြားလျှော့လိုက်သောအခါ Leptin ဟော်မုန်း ပြန်လည်ကောင်းမွန်လာပြီး အစားစားချင်စိတ် (Cravings) ကို ထိန်းချုပ်နိုင်ကာ ဝမ်းဗိုက်အဆီ (Visceral Fat) ကို လောင်ကျွမ်းစေရန် ကူညီပေးသည်။

၂။ အသားအရေ နုပျိုစေပြီး ဝက်ခြံထွက်ခြင်းကို လျှော့ချပေးခြင်း

သကြားစားသုံးမှုများခြင်းသည် အသားအရေကို လျင်မြန်စွာ အိုမင်းရင့်ရော်စေပါသည်။

သွေးထဲတွင် သကြားဓာတ်များနေပါက Glycation ဟုခေါ်သော ဓာတ်ပြုမှုဖြစ်ပေါ်ပြီး AGEs (Advanced Glycation End-products) များကို ထွက်စေသည်။ ၎င်း AGEs များသည် အသားအရေတင်းရင်းမှုကို ပေးသော Collagen နှင့် Elastin များကို ပျက်စီးစေသည်။

သကြားဖြတ်လိုက်ပါက Collagen ပျက်စီးမှုကို ကာကွယ်ပေးနိုင်ပြီး အသားအရေ ကြည်လင်လာစေသည်။

၃။ စွမ်းအင် (Energy) အတက်အကျမြန်ခြင်းကို ကာကွယ်ပေးခြင်း

သကြားစားပြီးပြီးချင်းတွင် အားပြည့်သွားသကဲ့သို့ ခံစားရသော်လည်း ခဏအကြာတွင် "Sugar Crash" ဟုခေါ်သော ရုတ်တရက် အားကုန်နွမ်းနယ်ခြင်း ဖြစ်တတ်သည်။

သကြားလျှော့စားခြင်းက သွေးတွင်းသကြားဓာတ် (Blood Glucose) ကို တည်ငြိမ်စေသည်။ Orexin ဟုခေါ်သော နိုးကြားမှုကို ဖြစ်စေသည့် ဦးနှောက်ဆဲလ်များ၏ လုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေသဖြင့် တစ်နေ့တာလုံး အားအင်ပြည့်ဝပြီး လန်းဆန်းနေစေသည်။

၄။ နှလုံးရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးခြင်း

သကြားသည် သွေးတိုးခြင်းနှင့် နှလုံးရောဂါကို ဖြစ်စေသော အဓိကလက်သည် တစ်ခုဖြစ်သည်။

သကြားလျှော့စားခြင်းသည် သွေးတွင်းရှိ မကောင်းသော အဆီဓာတ် Triglycerides ကို သိသိသာသာ ကျဆင်းစေသည်။ ထို့ပြင် သွေးကြောနံရံများ ရောင်ရမ်းခြင်း (Inflammation) ကို လျော့ကျစေပြီး နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးသည်။

၅။ အသည်းကျန်းမာရေးကို ကောင်းမွန်စေခြင်း

အချိုရည်များတွင် ပါဝင်သော Fructose သကြားကို အသည်းကသာ ဖြိုခွဲနိုင်သည်။

ပိုလျှံနေသော Fructose များကို အသည်းက အဆီအဖြစ် ပြောင်းလဲသိမ်းဆည်းလိုက်သောအခါ Non-alcoholic Fatty Liver Disease (အရက်ကြောင့်မဟုတ်သော အသည်းအဆီဖုံးရောဂါ) ဖြစ်လာသည်။ သကြားဖြတ်လိုက်ခြင်းသည် အသည်းအဆီဖုံးခြင်းကို သက်သာစေပြီး အသည်း၏ Detox လုပ်ဆောင်မှုကို ပိုမိုထိရောက်စေသည်။

၆။ ဦးနှောက်စွမ်းဆောင်ရည်နှင့် စိတ်ခံစားမှု (Mood) ကောင်းမွန်စေခြင်း
သကြားစားသုံးမှုများခြင်းသည် စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်ပူပန်ခြင်းတို့နှင့် ဆက်စပ်နေကြောင်း လေ့လာမှုများက ဆိုသည်။

သကြားသည် ဦးနှောက်ရှိ BDNF (Brain-Derived Neurotrophic Factor) ဟုခေါ်သော ဦးနှောက်ဆဲလ်များ ဖွံ့ဖြိုးမှုကို ကူညီပေးသည့် ဓာတ်ကို လျော့နည်းစေသည်။ သကြားလျှော့စားခြင်းက ဦးနှောက်ကြည်လင်စေခြင်း (Mental Clarity) နှင့် မှတ်ဉာဏ်ကောင်းမွန်ခြင်းကို အထောက်အကူပြုသည်။

၇။ Type 2 ဆီးချိုရောဂါ ဖြစ်နိုင်ချေ လျော့နည်းသွားခြင်း

ဒါကတော့ အထင်ရှားဆုံး အကျိုးကျေးဇူးတစ်ခု ဖြစ်ပါတယ်။

သကြားဖြတ်လိုက်ခြင်း သို့မဟုတ် လျှော့စားခြင်းသည် Insulin Sensitivity (အင်ဆူလင် တုံ့ပြန်မှု) ကို ပြန်လည်ကောင်းမွန်စေသည်။

ဆိုလိုသည်မှာ ခန္ဓာကိုယ်က ထွက်ရှိလာသော အင်ဆူလင်ကို ဆဲလ်များက ကောင်းစွာလက်ခံနိုင်ပြီး သွေးတွင်းသကြားဓာတ်ကို ထိရောက်စွာ ထိန်းချုပ်နိုင်လာခြင်း ဖြစ်သည်။

မှတ်ချက်: ဤနေရာတွင် "သကြား" ဆိုသည်မှာ သဘာဝအသီးအနှံများမှရသော သကြားဓာတ်မဟုတ်ဘဲ ကိတ်မုန့်၊ အချိုရည်နှင့် ပြုပြင်ထားသော အစားအစာများတွင် ပါဝင်သည့် Added Sugar ကို ဆိုလိုပါသည်။

07/12/2025

Gym သက်တမ်း (၂၀) နှစ်ကျော်မှ ရလာတဲ့ အနှစ်ချုပ် Fitness လျှို့ဝှက်ချက် (၃၉) ချက်ကို လိုတိုရှင်း တင်ပြပေးလိုက်ပါတယ်။
၁။ အရက်ကို လုံးဝ (သို့) အတတ်နိုင်ဆုံး ဖြတ်ပါ။
၂။ ဝိတ်မပြီးမှ Cardio ကစားပါ။ ဒါမှ သင့်ခန္ဓာကိုယ်က အဆီလောင်စက် (Fat-burning machine) ဖြစ်လာမှာပါ။
၃။ မနက်စာမှာ ပရိုတင်း 50g ပါအောင်စားပါ။
၄။ ဗိုက်ခေါက်ချပ်ချင်ရင် လမ်းလျှောက်တာက Underrated အဖြစ်ဆုံး (လူတွေတန်ဖိုးမထားကြပေမယ့် အထိရောက်ဆုံး) နည်းလမ်းပါ။
၅။ အထိုင်များသူဆိုရင် ဆော့ပြီးတိုင်း တန်းခိုပါ (Bar Hangs)။ ကျောရိုးမကြီး ပြန်လည်ကျန်းမာဖို့ လိုပါတယ်။
၆။ အစားအစာရဲ့ ၉၀% က သဘာဝအစားစာ (ကြက်၊ အမဲ၊ ငါး၊ ဥ၊ သီးနှံ) တွေပဲ ဖြစ်ပါစေ။
ရ။ ခြေထောက်ကို တစ်ပတ် ၂ ရက်ဆော့ပါ။ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးကြွက်သားတွေက အဲ့ဒီမှာရှိတယ်။
၈။ Snack စားမယ်ဆို Protein များတာ (ဥပမာ- Greek Yogurt, Tuna ငါးသေတ္တာ) ကို ရွေးစားပါ။
၉။ ထမင်းစားတိုင်း ပန်းကန်ထဲက အသား/ပရိုတင်းကို အရင်ကုန်အောင်စားပါ။
၁၀။ နေရောင်ခြည်ခံပါ။ ဟော်မုန်းနဲ့ စွမ်းအင်အတွက် မရှိမဖြစ် လိုအပ်ပါတယ်။
၁၁။ လပိုင်းလောက်လုပ်ရုံနဲ့မရပါဘူး။ ကျန်းမာရေးဆိုတာ တစ်သက်တာ Project ပါ။
၁၂။ နပ်တိုင်းမှာ ပရိုတင်း (အသားငါး) များများပါပါစေ။
၁၃။ တစ်နေ့ ခြေလှမ်း ၁ သောင်းပြည့်ဖို့ အားစိုက်ပါ (သို့) လှုပ်လှုပ်ရှားရှားနေပါ။
၁၄။ ဝိတ်များများမလို့ဆိုပြီး Form ပျက်မခံပါနဲ့။ Form မှန်ဖို့က ပိုအရေးကြီးတယ်။
၁၅။ အကျင့်ရဖို့ ကိုယ်ကြိုက်တဲ့ကစားနည်းနဲ့ အရင်စပါ။ အကျင့်ရသွားမှ လိုအပ်တဲ့လေ့ကျင့်ခန်းတွေ ပြောင်းဆော့ပါ။
၁၆။ ဗိုက်ဆာတာမဟုတ်ဘဲ ပျင်းပြီးစားချင်နေတာဆိုရင် Black Coffee သောက်လိုက်ပါ။
၁၇။ Calorie Deficit ဖြစ်မဖြစ် သေချာချင်ရင် စားသမျှကို စာအုပ်နဲ့မှတ်ထားပါ။
၁၈။ အိမ်မှာ Dumbbell နဲ့ Bench ခုံလေးရှိရုံနဲ့တင် ကိုယ်လိုချင်တဲ့ Body ရနိုင်ပါတယ်။
၁၉။ ကျန်းမာရေးနဲ့ညီတာတွေပဲ အိမ်မှာဝယ်ထားပါ။ ပတ်ဝန်းကျင်ကောင်းရင် ကျန်းမာအောင်စားဖြစ်လိမ့်မယ်။
၂၀။ Diet ကို တင်းကြပ်လွန်းတာထက် သဘာဝအစားစာနဲ့ ပရိုတင်းကိုပဲ ဦးစားပေးပါ။
၂၁။ ချက်ချင်းပြောင်းလဲချင်ရင် ကျရှုံးပါလိမ့်မယ်။ (၁၂) လလောက် အချိန်ပေးပြီး လုပ်ကြည့်ပါ၊ ဘဝတစ်ခုလုံး ပြောင်းလဲသွားမယ်။
၂၂။ အိပ်ချိန်မှန်မှ ကြွက်သားတက်ပြီး အဆီကျမြန်မှာပါ။
၂၃။ နာနေရင် နားလိုက်ပါ၊ ဒဏ်ရာရသွားရင် ပိုဆိုးသွားမယ်။
၂၄။ မနက်ပိုင်း လေ့ကျင့်ခန်းလုပ်တာက တစ်နေ့တာလုံးမှာ ကျန်းမာတဲ့ဆုံးဖြတ်ချက်တွေချဖို့ အထောက်အကူပြုတယ်။
၂၅။ အပတ်တိုင်း အလေးချိန် (သို့) အကြိမ်ရေ တိုးဆော့မှ ကြွက်သားကြီးထွားမှု ရှိလာမယ်။
၂၆။ မှန်းမဆော့ပါနဲ့၊ မှတ်တမ်းထားပြီးဆော့ပါ။ (Don't play the guessing game).
၂၇။ ဖြည်းဖြည်းစားပါ။ ဗိုက်ပြည့်ကြောင်း ဦးနှောက်ဆီသတင်းပို့ဖို့ မိနစ် ၂၀ လောက်ကြာတတ်တယ်။
၂၈။ နေရာကွက်ပြီး အဆီချလို့မရပါဘူး (Spot reduction is a myth)။ မျိုးရိုးပေါ်မူတည်လို့ စိတ်ရှည်ရှည်ထားပြီး ဝိတ်ချပါ။
၂၉။ ပေါင်ဝက်ပြား (2.5lb) လေးတွေကို အသုံးချပါ။ ဒါက သင့်ကို တဖြည်းဖြည်းသန်မာလာစေတယ်။
၃၀။ Body လှလာလို့၊ ကျန်းမာလာလို့ နောင်တရမယ့်သူ ဘယ်သူမှမရှိပါဘူး။
၃၁။ ကျန်းမာဖို့အတွက် Organic ကြီးပဲ စားစရာမလိုပါဘူး။
၃၂။ "ငါလုပ်နိုင်တယ်" လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လိုက်တာနဲ့ ခင်ဗျားကို ဘယ်သူမှ တားလို့ရတော့မှာ မဟုတ်ဘူး။
၃၃။ Gym ပုံတင်တာ ကြွားဖို့မဟုတ်ဘူး၊ ကိုယ့်တိုးတက်မှုကို မှတ်တမ်းတင်ဖို့ပါ။
၃၄။ ဗိုက်အရမ်းဆာလောင်နေရင် ခင်ဗျား Diet လုပ်တာ မှားနေပြီ၊ ပရိုတင်း ပိုစားဖို့လိုတယ်။
၃၅။ အိပ်ချိန် ရ နာရီအောက် ဘယ်တော့မှ မလျော့စေနဲ့။ ဒါက အရက်ရှောင်သလိုပဲ အရေးကြီးတယ်။
၃၆။ နေ့တိုင်း Creatine 5g သောက်ပါ။
၃၇။ အကောင်းဆုံး Diet ဆိုတာ ကိုယ်ကြိုက်တာကို လျှော့စားပြီး ရေရှည်လုပ်နိုင်တဲ့ Diet ပါ။
၃၈။ ၁၀ ယောက်မှာ ၉ ယောက်က စောစောစီးစီး လက်လျော့လိုက်လို့ ဝိတ်မကျတာပါ။ ဆက်သာလုပ်ပါ (Consistency is key)။
၃၉။ စတင်ဖို့ အကောင်းဆုံးအချိန်က "ဒီနေ့" ပါပဲ။
ဒီစာရင်းထဲကအချက်တွေက ခင်ဗျားအခုမစရင် ဘာမှအသုံးဝင်မှာ မဟုတ်ပါဘူး။
"မနက်ဖြန်မှ စမယ်" ဆိုတဲ့သူဟာ တကယ်တမ်း ဘယ်တော့မှ မစဖြစ်ပါဘူး။ကိုယ့်ခန္ဓာကိုယ်ကို ပြောင်းလဲလိုက်တာက သင့်ဘဝရဲ့ ကဏ္ဍတိုင်းကိုပါ အဆင့်မြှင့်တင်ပေးပါလိမ့်မယ်။ကျွန်တော်ပြောနေကျအတိုင်းပြောရရင် Body transformation ဆိုတာ life transformation ပါပဲ။
ကျန်းမာကြပါစေ။
လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ

01/12/2025
25/11/2025

စိတ်ဖိစီးမှုနဲ့ ဗိုက်ခေါက်
"ဘာမှမစားဘဲ ဘာလို့ ဗိုက်ခေါက်ထွက်နေတာလဲ?"
"ကျွန်မ ဘာမှသိပ်မစားဘူး၊ လေရှူရင်တောင် ဝတယ်" ဆိုတဲ့သူတွေ ရှိလား?ဒါဟာ သင့်အပြစ်မဟုတ်ပါဘူး။ သင့်ရဲ့ ဟော်မုန်း (Hormones) တွေကြောင့် ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် Cortisol (စိတ်ဖိစီးမှုဟော်မုန်း) ပါ။
သိပ္ပံနည်းကျ ရှင်းပြချက် -
၁။ သင် စိတ်ဖိစီးတဲ့အခါ (အလုပ်၊ ကျန်းမာရေး၊စီးပွားရေး၊လူမှုရေး၊၊ အိပ်ရေးပျက်ခြင်း) ခန္ဓာကိုယ်က Cortisol ထုတ်လုပ်ပါတယ်။
၂။ Cortisol များလာရင် ခန္ဓာကိုယ်က "အန္တရာယ်ရှိနေပြီ" လို့ ယူဆပြီး စွမ်းအင်တွေကို အဆီအဖြစ် သိမ်းဆည်းဖို့ ကြိုးစားပါတယ်။
၃။ ဆိုးရွားတာက အဲ့ဒီအဆီတွေကို တခြားနေရာမဟုတ်ဘဲ "ဗိုက်" (Visceral Fat) မှာ ဦးစားပေး စုဆောင်းလေ့ရှိတာပါပဲ။
အစာလျော့စားတာတစ်ခုတည်းနဲ့ ဒီဗိုက်ခေါက် မပျောက်နိုင်ပါဘူး။
-တစ်ည ၇-၈ နာရီ အိပ်ပါ။ (အိပ်ရေးဝမှ Cortisol ကျပါတယ်)
-Meditation (တရားထိုင်ခြင်း) သို့မဟုတ် အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။
-ကော်ဖီ လျှော့သောက်ပါ။ (ကဖင်းက Cortisol ကို ပိုတက်စေပါတယ်)
ဝိတ်ချတယ်ဆိုတာ အစာအိမ်တစ်ခုတည်းရဲ့ ကိစ္စမဟုတ်ပါဘူး၊ ဦးနှောက်နဲ့ ဟော်မုန်းတွေရဲ့ ကစားပွဲတစ်ခုပါ။lifestyle ပြင်နိုင်ရင် Lean Fit ဖြစ်မယ်။
ကျန်းမာကြပါစေ။


လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ

25/11/2025

ဘောင်းဘီအရောင်က
မသိရင် ဖော်ကင်ပြောင်နဲ့ ကစားနဲ့နေသလိုပဲ

19/11/2025

မေမေနဲ့တည့်လို့လားတဲ့ သမီးက ....
တခါတလေ စားပါတယ်။
အရမ်းရှောင်တဲ့ထဲမပါ ....😊

18/11/2025

#ကင်ဆာမဖြစ်အောင်_ဘာတွေလုပ်ကြမလဲ ⁉️

မကူးစက်နိုင်တဲ့နာတာရှည်ရောဂါတွေ (Non-communicable disease) ထဲက တော်တော်ဆိုးတဲ့ရောဂါဖြစ်ပါတယ်။

ကင်ဆာရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းထဲမှာအဓိကက (၂) ချက်ရှိပါတယ်
1. ကြိုတင်ကာကွယ်ပြုပြင်လို့ #မရတဲ့အချက်

- မျိုးရိုးလိုက်တာ (Gene - မျိုးရိုးဗီဇပါလာတာ)
- အသက်အရွယ် ( အသက်ကြီးလာတာ)
- ယောကျ်ား/မိန်းမ

2. ကြိုတင်ကာကွယ်ပြုပြင်လို့ #ရတဲ့အချက်

- Environmental factor လို့ခေါ်ပါတယ်
ကင်ဆာဖြစ်စေတဲ့ ပတ်ဝန်းကျင် အခြေအနေပေါ့။
ဥပမာ - ဆေးလိပ်သောက်တာက အဆုတ်ကင်ဆာအပါအဝင် ကင်ဆာရောဂါတော်တော်များများကို ဖြစ်စေပါတယ်
ပြင်လို့ရတယ်ဆိုတာက 👉 ဆေးလိပ်ဖြတ်လိုက်ရင် အဲ့ဒီအန္တရာယ်နည်းသွားတာပေါ့

အသားအရမ်းစားပြီး၊ ဝမ်းအရမ်းချုပ်တယ် - အူမကြီးကင်ဆာ ဖြစ်နိုင်တာပေါ့၊
ပြင်လို့ရတယ်ဆိုတာက 👉 ဝမ်းမချုပ်အောင်ကြိုးစားရင် အဲ့ဒီအန္တရာယ်နည်းသွားတာပေါ့
___________
အဲ့တော့ ပြင်လို့မရတဲ့ အသက်ကြီးလာတာ၊ ယောက်ျားဖြစ်နေတာ၊ မိန်းမဖြစ်နေတာ၊ မျိုးရိုးဗီဇပါနေတာ ကို အာရုံမထားပဲ။

ကြိုတင်ကာကွယ် ပြင်ဆင်လို့ရတဲ့ Environmental factors တွေကို ကြိုးစားပြင်ဆင်ကြတာပေါ့။

1. ဆေးလိပ်ဖြတ်ရပါမယ်
2. Second smoker ခေါ်တဲ့ သူများဆေးလိပ် သောက်တာကိုလည်း မရှူရပါဘူး
3. အဝမလွန်စေရပါဘူး
4. အစားအသောက်ကိုဂရုစိုက်ပြီး အသီးအရွက်များများစားရပါမယ်၊ ဝမ်းမချုပ်စေရပါဘူး
5. အစားအသောက်တွေထဲ Chemical မပါအောင်ဂရုစိုက်ရပါမယ်
6. ရေများများသောက်ရပါမယ်
7. ကိုယ်လက်လှုပ်ရှားအားကစားလုပ်ရပါမယ်
8. အရက်အလွန်အကျွံမသောက်ရပါဘူး
9. UV rays နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ရပါမယ်
10. ကာကွယ်လို့ရတဲ့ ကင်ဆာတွေကို ကာကွယ်ဆေးထိုးပြီး ကာကွယ်ရပါမယ်
11. Medical Check up လိုရင် လုပ်သင့်ပါတယ်။
___________

1. ဆေးလိပ်ဖြတ်ရပါမယ်

ဆေးလိပ်သောက်ခြင်းကနေ အဆုတ်ကင်ဆာ ဖြစ်တယ်လို့ လူသိများကြပေမယ့်။
ဆေးလိပ်မှာ ဓာတုပစ္စည်း ၇၃၅၇ မျိုးပါဝင်ပြီး အဲ့ထဲက အနည်းဆုံး အမျိုး ၇၀ က ကင်ဆာဖြစ်စေလို့
ဆေးလိပ်နဲ့ မပတ်သက်တဲ့ ကင်ဆာဆိုတာ မရှိပါဘူး။ ပါးစပ်၊ လေပြွန်၊ သားအိမ်ခေါင်း ဆီးအိမ်ကင်ဆာတွေတောင် ဆေးလိပ်သောက်ခြင်းနဲ့ သက်ဆိုင်ပါတယ်

2. Second smoker ခေါ်တဲ့ သူများဆေးလိပ် သောက်တာကိုလည်း မရှူရပါဘူး

ကိုယ်တွေက ဆေးလိပ်မသောက်တတ်ဘူးလေ ဒါပေမယ့် ဆေးလိပ်သောက်တဲ့ ဘော်ဒါတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တယ်၊ Bar/club သွားတယ်၊ Spouse က ဆေးလိပ်သောက်တယ် ဆိုလဲ ဆေးလိပ်သောက်တဲ့ လူနဲ့ ထပ်တူပါပဲ။
(ကိုယ်သာမသောက်တာ ဆေးလိပ်နံ့လေးက မွှေးသား 😅)

3. အဝမလွန်စေရပါဘူး

အဝလွန်တယ် ဆိုတာ ခန္ဓာကိုယ်မှာ အဆီတွေတရားလွန်များပါတယ်၊ အဆီများတာဟာ ရောင်ရမ်းခြင်း (Inflammation) ကို အားပေးတဲ့ အတွက် လောလောလတ်လတ် ကိုဗစ်မှာ ဝတဲ့လူတွေဟာ ပိန်တဲ့လူတွေထက် ရောဂါပိုပြီး ခံစားရသလို၊ သေနှုန်းလည်းမြင့်ပါတယ်။
သွေးတိုး ဆီးချို လေဖြတ်တာတွေပိုများတတ်သလို ရင်သားကင်ဆာ၊ အူမကြီးကင်ဆာတွေလည်း အဖြစ်များစေပါတယ်။

👉 အဝမလွန်စေဖို့

4. အစားအသောက်ကိုဂရုစိုက်ပြီး အသီးအရွက်များများစားရပါမယ်၊ ဝမ်းမချုပ်စေရပါဘူး

အဆီ၊အစိမ့်၊အချို(သကြား) အစားများခြင်းဟာ ကိုယ်အလေးချိန်တက်စေပြီး အဝလွန်စေပါတယ်။
အသီးအရွက်များများစားခြင်း ဟာ ဗိုက်ပြည့်လွယ် လို့အစားလျှော့စားဖြစ်သလို၊ Fibres အမျှင်ဓာတ်ပေါ်ကြွယ်ဝစွာပါဝင်လို့ ဝမ်းမှန်စေတဲ့အတွက် လိပ်ခေါင်း၊ စအိုကွဲနာ မဖြစ်စေသလို အူမကြီးကင်ဆာကိုလည်း ကာကွယ်စေနိုင်ပါတယ်။

5. အစားအသောက်တွေထဲ Chemical မပါအောင်ဂရုစိုက်ရပါမယ်

ကြာရှည်ခံအောင်လုပ်ထားတဲ့ အစားအစာတွေမှာ ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်၊ အများအပြားမစားသင့်ပါဘူး၊
ဟင်းသီးဟင်းရွက်တွေတောင် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးတွေသုံးကြလို့ ရေသေသေချာချာ စင်အောင်ဆေးကြောကြပါ။

6. ရေများများသောက်ရပါမယ်

ရေသောက်များခြင်းက အဆိပ်အတောက်တွေကင်းစင်စေသလို၊ ဝမ်းမှန်စေပါတယ်။
အသားအရေလည်းစိုပြေစေပါတယ်။

7. ကိုယ်လက်လှုပ်ရှားအားကစားလုပ်ရပါမယ်

မလှုပ်ရှားပဲနေကြတာဟာ အဝလွန်တာနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်းက ချွေးနဲ့အတူ အဆိပ်အတောက်တွေကင်းစင်စေသလို၊ ကိုယ်အလေးချိန်ထိန်းရာမှာ အထောက်အကူဖြစ်ပါတယ်။

8. အရက်အလွန်အကျွံမသောက်ရပါဘူး

အရက်သောက်ခြင်းဟာ အဝလွန်ခြင်း၊ အသည်းရောင်၊ အသည်းခြောက်၊ အသည်းကင်ဆာများနှင့် ဆက်နွယ်နေသလို ရင်သားကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အူမကြီးကင်ဆာတွေကိုလည်းဖြစ်စေပါတယ်။
များများသောက်လေ ဖြစ်ဖို့များလေပေါ့

9. UV rays နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ရပါမယ်

မနက်စောစောနေရောင်ခြည်ဟာ Vitamin D ရတယ်ဆိုပေမယ့် ခရမ်းလွန်ရောင်ခြည်ပါဝင်မှုများတဲ့ နေရောင်ခြည်ဟာ အရေပြားကင်ဆာအပါအဝင် ကင်ဆာရောဂါတွေဖြစ်ပွားစေလို့ နေလည်ခင်းနေရောင်ခြည်ကို တိုက်ရိုက်မထိတွေ့သင့်ပါဘူး
ထီး၊ ဦးထုတ်၊ အင်္ကျီ၊ သေသေချာချာဝတ်ပါ၊ နေကာမျက်မှန်တပ်သင့်ပါတယ်၊
ကမ်းခြေသွားရင်တော့ Suncream လိမ်းရမယ်လို့ဆိုပါတယ်။ Sun Protection Factor - SPF 15 အနည်းဆုံးရှိရပါမယ်။

10. ကာကွယ်လို့ရတဲ့ ကင်ဆာတွေကို ကာကွယ်ဆေးထိုးပြီး ကာကွယ်ရပါမယ်

ဖြစ်မှ ကုသတာထက် မဖြစ်အောင်ကာကွယ်တာက သေချာတာမို့၊ ကာကွယ်ဆေးရှိတဲ့ရောဂါတွေကို ကာကွယ်ဆေးထိုးထားကြပါ။
အသည်းကင်ဆာကာကွယ်ဖို့ အသည်းရောင်အသားဝါ B ကာကွယ်ဆေး ထိုးထားရမှာဖြစ်သလို
သားအိမ်ခေါင်းကင်ဆာကာကွယ်ဖို့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးထားရမှာဖြစ်ပါတယ်။

11. Medical Check up လိုရင် လုပ်သင့်ပါတယ်

ပြသနေကြ မိသားစုဆရာဝန် နှင့်တိုင်ပင်ပြီး အသက် ၄၅ နှစ်ကျော်လာတာနဲ့ Medical Check up လုပ်သင့်ပါတယ်။

ကင်ဆာရောဂါကင်းဝေးပြီး
သက်ရှည်ကျန်းမာစိတ်ချမ်းသာကြပါစေ
ဆေးကုသခြင်း ကျန်းမာရေးစစ်ဆေးခြင်း စတဲ့ ကျန်းမာရေးစောင့်ရှောက်ခြင်းတွေအတွက် သွားလာရလွယ်ကူတဲ့ မြို့လယ်ခေါင်မှာရှိတဲ့ စျေးနှုန်းသင့်တင့်တဲ့ မေခလာအထူးကုဆေးခန်းမှာ အထွေထွေရောဂါအထူးကုဆရာဝန်ကြီးများနှင့် ပြသလို့ရပါတယ်

#မေခလာအထူးကုဆေးခန်း
ကြိုတင်ရက်ချိန်းယူရန်နှင့် စုံစမ်းရန် ➡️
☎️ 018375222, 018387721, 09886600300
📮 အမှတ် ၃၂၇၊ရွှေဘုံသာလမ်း(အပေါ်ဘလောက်)၊ပန်းပဲတန်းမြို့နယ်၊ရန်ကုန်မြို့။

17/11/2025

ဗိုက်အတွက်ဆို
ရှေ့က Video နှစ်ခုရယ် ဒါလေးရယ်ဆို
တော်တော်စုံနေပီရယ်

16/11/2025

နားရက် နောက်နေ့ကစ ဖျား
ပြီးတော့ Menstrual pain နဲ့မို့ဆက်နား
4ရက်လောက်နား လိုက်တာနဲ့
ပျင်းတဲ့စိတ်က တားမရဆီးမရ .....

Category

Telephone

Website

Address


No:812, Sabai(6)St, North Okkalapa
Yangon

Alerts

Be the first to know and let us send you an email when Soe Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.