Skin 101 by Dr. Kaung Myat

Skin 101 by Dr. Kaung Myat

Share

Your Beauty is my Masterpiece!

01/08/2026

ခွဲစိတ်စရာမလိုဘဲ မျက်နှာဆွဲတင်တဲ့ ကြိုးထိုးခြင်း (Thread Lift) က ဘယ်လိုသူတွေအတွက်သင့်တော်လဲ? 🤔 (ခွဲခြမ်းစိတ်ဖြာကြည့်ရအောင်)

အသက်အရွယ်ရလာတာနဲ့အမျှ ပါးရေတွဲကျလာတာ၊ လှပတဲ့ V-Shape မေးရိုးလိုင်း (Jawline) တွေ ပျောက်လာတာကို သတိထားမိပေမယ့်... ခွဲစိတ်ကုသရမယ့် (Surgical Facelift) လုပ်ရမှာကိုတော့သူသူကိုယ်ကိုယ် ကြောက်တတ်ကြပါတယ်?

ခေတ်မီ အလှအပဆေးပညာမှာ မျက်နှာတင်းရင်းဖို့အတွက် လူတိုင်း ခွဲစိတ်ခန်းဝင်ဖို့ မလိုအပ်တော့ပါဘူး။ ဒါပေမယ့် သတိထားရမယ့် အချက်က လူတိုင်းကလည်း ကြိုးကြီးထိုးခြင်း (Thread Lift) နဲ့ ပြီးပြည့်စုံတဲ့ ရလဒ်ကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ ❌

ကိုယ့်ရဲ့ အသက်အရွယ်နဲ့ အရေပြား လျော့ရဲမှု အခြေအနေပေါ် မူတည်ပြီး အမှန်ကန်ဆုံး ရွေးချယ်နိုင်ဖို့ ဒီဆေးပညာဆိုင်ရာ အချက်အလက်လေးတွေကို အရင်ဆုံး လေ့လာကြည့်လိုက်ရအောင်။ 👇

၁။ ခွဲစိတ်ရန်မလိုသော ကြိုးဆွဲခြင်း (Thread Lift) 🧵

ဘယ်လိုအလုပ်လုပ်လဲ? - အရေပြားအောက်ကို ခန္ဓာကိုယ်မှ သဘာဝအတိုင်း စုပ်ယူပျော်ဝင်စေနိုင်တဲ့ အဆင့်မြင့် (ဥပမာ- PDO, PCL) ကြိုးတွေ ထည့်သွင်းပြီး လျော့ရဲနေတဲ့ တစ်သျှူးတွေကို ချက်ချင်း ဆွဲတင်ပေးတဲ့ နည်းပညာပါ။ ကြိုးတွေရှိနေစဉ်အတွင်း ကော်လာဂျင် (Collagen) ကို ဆက်တိုက် လှုံ့ဆော်ပေးလို့ ရေရှည်မှာ အသားအရေကို ပိုမိုတင်းရင်း ကျစ်လစ်လာစေပါတယ်။ ✨

ဘယ်သူတွေနဲ့ အသင့်တော်ဆုံးလဲ? - အသက် ၃၀ မှ ၅၀ ဝန်းကျင်၊ မျက်နှာ အနည်းငယ် (သို့) အလယ်အလတ်အဆင့် လျော့ရဲတွဲကျနေသူများ (Mild to moderate laxity) အတွက် အကောင်းဆုံးပါ။ အနာကျက်ချိန် (Downtime) အကြာကြီး မပေးနိုင်ဘဲ သဘာဝကျကျ ချက်ချင်း နုပျိုသွားချင်သူတွေအတွက် အထူး သင့်တော်ပါတယ်။

၂။ ခွဲစိတ်ဆွဲတင်ခြင်း (Surgical Facelift) 🚫Skin 101 ဆေးခန်းမှာ ခွဲစိတ်မှုမပြုလုပ်ပါ

ဘယ်လိုအလုပ်လုပ်လဲ? - ပိုလျှံနေတဲ့ အရေပြားတွေကို ခွဲစိတ်ဖြတ်ထုတ်ပြီး မျက်နှာကြွက်သားတွေကို အောက်ခြေကနေ ပြန်လည် ချုပ်နှောင်ဆွဲတင်ရတဲ့ ခွဲစိတ်မှု အကြီးစား ဖြစ်ပါတယ်။

ဘယ်သူတွေနဲ့ အသင့်တော်ဆုံးလဲ? - အသက် ၅၀ ကျော် ၆၀ ဝန်းကျင်၊ အလွန်အမင်း ပါးရေတွဲကျပြီး အရေးအကြောင်း နက်ရှိုင်းနေသူများ (Severe laxity) အတွက်သာ လိုအပ်ပါတယ်။ ရလဒ်ကြာရှည်ခံပေမယ့် ခွဲစိတ်ဒဏ်ရာ (Scar) ကျန်နိုင်ခြေရှိပြီး အနားယူချိန် (Recovery time) လအတော်ကြာ လိုအပ်ပါတယ်။ ⏳

ဆေးခန်းမှာ မျက်နှာတင်းရင်းပင့်တင်ချင်လို့ လာတဲ့ လူနာတိုင်းကို Thread Lift လုပ်ဖို့ချည်း အတင်းအကြပ် မတိုက်တွန်းပါဘူး။ ပင့်တင်ကြိုးထိုးခြင်းဟာ အပေါ်ယံကြည့်ရုံနဲ့ လုပ်လို့ရတဲ့ ကုသမှုမျိုး လုံးဝ မဟုတ်လို့ပါ။

လူတဦးတယောက်ခြင်းစီတိုင်းရဲ့ အရေပြား လျော့ရဲမှု အဆင့်၊ အဆီဖွဲ့စည်းပုံနဲ့ မျက်နှာခန္ဓာဗေဒ (Facial Anatomy) ကို တိတိကျကျ အရင်ဆုံး တွက်ချက်ပြီး ကိုယ့်မျက်နှာအခြေအနေက Thread Lift နဲ့ တကယ် ကိုက်ညီသင့်တော်တယ် ဆိုမှသာ အန္တရာယ်အကင်းဆုံးနဲ့ စံချိန်မီ Premium ကြိုးများကို အသုံးပြုပြီးပြုလုပ်ပေးတာမျိုးဖြစ်ပါတယ်။

31/07/2026

ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေးအထူးဂရုစိုက်ကြဖို့အရေးကြီးပါတယ်

31/07/2026

အိပ်ရေးဝပေမယ့် မျက်ကွင်းတွေညို၊ မျက်အိတ်တွေ ချိုင့်ဝင်ပြီး အမြဲပင်ပန်းနေသယောင် ဖြစ်နေတာကို ဘယ်လို ဖြေရှင်းမလဲ? 🐼💤

အိပ်ရေးဝဝအိပ်ထားပေမယ့် မျက်လုံးအောက်က ဟောက်နေ (ချိုင့်ဝင်နေ) ပြီး လူက နုံးခွေနေတဲ့ပုံစံ ပေါက်နေလို့ စိတ်အနှောင့်အယှက် ဖြစ်ရတာမျိုးကြုံဖူးမှာပါ။

မျက်ကွင်းညိုတာနဲ့ မျက်အိတ်ချိုင့်ဝင်တာကို သာမန် Eye Cream တွေလိမ်း၊ မိတ်ကပ် Concealer တွေနဲ့ အထပ်ထပ် ဖုံးကွယ်ဖို့ ကြိုးစားနေတာဟာ ပြဿနာရဲ့ ဇစ်မြစ်ကို ဖြေရှင်းတာတော့ မဟုတ်ပါဘူး။ ❌

ခန္ဓာဗေဒ (Anatomy) အရ ကြည့်မယ်ဆိုရင် အသက်အရွယ်ရလာတာ၊ သို့မဟုတ် မျိုးရိုးဗီဇအရ မျက်လုံးတစ်ဝိုက်က အဆီလွှာ (Fat Pads) တွေ ပါးလွှာလာပြီး အရိုးအဆောက်အအုံ ချိုင့်ဝင်လာတဲ့ (Tear Trough Hollows) ပြဿနာ ဖြစ်ပါတယ်။ ဒီလို ချိုင့်ဝင်သွားတဲ့အခါ အလင်းအမှောင် (Shadow Effect) အရိပ်ကျသွားတဲ့အတွက် မျက်ကွင်းက ပိုညိုပြီး အမြဲပင်ပန်းနွမ်းနယ်နေသယောင် ဖြစ်နေရတာပါ။

✨ ဒီလိုပြဿနာမျိုးကို အထိရောက်ဆုံးနဲ့ ချက်ချင်း ဖြေရှင်းပေးနိုင်မယ့် အကောင်းဆုံး နည်းလမ်းကတော့ Premium Under-Eye Filler (Tear Trough Rejuvenation) ကုသမှုပဲ ဖြစ်ပါတယ်။

Under-Eye Filler က ဘယ်လို အစွမ်းသတ္တိတွေ ရှိသလဲ?

💧 Instant Volume Restoration: ခန္ဓာကိုယ်မှာ သဘာဝအတိုင်း ပါဝင်တဲ့ Hyaluronic Acid (HA) ကို အသုံးပြုပြီး ဆုံးရှုံးသွားတဲ့ အဆီလွှာနေရာမှာ အစားထိုး ဖြည့်တင်းပေးလိုက်တာကြောင့် မျက်လုံးအောက် ချိုင့်ဝင်နေတာတွေ ချက်ချင်း ပြည့်ဖြိုးလာပါတယ်။

✨ Shadow Elimination: ချိုင့်နေတဲ့နေရာ ပြည့်လာတာနဲ့အမျှ အရိပ်ကျနေတဲ့ (Shadow Effect) ပျောက်သွားပြီး မျက်ကွင်းညိုတာ သိသိသာသာ လင်းလက်သွားကာ ချက်ချင်းဆိုသလို လန်းဆန်းတက်ကြွတဲ့ ပုံစံကို ပြန်လည်ရရှိစေပါတယ်။

သတိပြုစရာကတော့ မျက်လုံးတစ်ဝိုက်ဆိုတာ သွေးကြောတွေ အလွန်များပြီး အင်မတန် နူးညံ့တဲ့ နေရာဖြစ်လို့ ဒီနေရာအတွက် filler ဖြည့်မယ်ဆိုတကယ်လိုအပ်သင့်တော်ခြင်းရှိမရှိအရင်စမ်းစစ်ကြည့်ပြီးမှ တိကျတဲ့ (Precision) နဲ့ အတွေ့အကြုံကျွမ်းကျင်မှုတော့ မရှိမဖြစ် လိုအပ်ပါတယ်။

Skin 101 ဆေးခန်းမှာတော့ အန္တရာယ်အကင်းဆုံးဖြစ်တဲ့ Blunt Cannula (ထိပ်ချွန်မပါသော အပ်) နည်းပညာကို အသုံးပြုပြီး အရည်အသွေးအမြင့်ဆုံး Premium Filler များကိုသာ အသုံးပြုကာ အနုပညာဆန်ဆန် သဘာဝအကျဆုံး ဖြစ်အောင်ဖန်တီးပေးဖို့ပဲဦးစားပေးပါတယ်။

31/07/2026

ဝက်ခြံတွေ ပျောက်သွားတာတောင် မျက်နှာပေါ်မှာ ကျန်ခဲ့တဲ့ အနီကွက်တွေက ဘာလိမ်းလိမ်း မပျောက်ဘူး ဖြစ်နေလား?

Whitening cream တွေ သုံးတယ်၊ အမာရွတ်ပျောက်ဆေး Skincare တွေသုံးတယ်။ ဒါပေမယ့် ပျောက်မသွားတဲ့အပြင် ပိုပြီးတောင် နီမြန်းလာသေးတယ်ဆိုရင်တော့ နည်းလမ်းလွဲနေတာလဲဖြစ်နိုင်ပါတယ်။

တော်တော်များများက ဒီအနီကွက်တွေကို သာမန် အမဲစက် (PIH - Post-Inflammatory Hyperpigmentation) လို့ ထင်ပြီး ဆေးတွေစွတ်လိမ်းမိနေတတ်ကြတယ်။

တကယ်တော့ အနီစက် ဘာကြောင့်ဖြစ်ကျန်တာလဲ?

ဆေးပညာအရ ဒီအနီကွက်တွေဟာ မယ်လနင် (Melanin) ကြောင့်ဖြစ်တဲ့ အမဲစက်တွေ လုံးဝ မဟုတ်ပါဘူး။ သူတို့ကို PIE (Post Inflammatory Erythema) လို့ ခေါ်ပါတယ်။ ဝက်ခြံဖြစ်တုန်းက ယောင်ရမ်းမှုဒဏ်ကြောင့် အရေပြားအောက်က သွေးကြောငယ်လေးတွေ (Capillaries) ကျယ်ပြီး ပျက်စီးသွားရာကနေ ဖြစ်လာတဲ့ "သွေးကြောယောင်ရမ်းမှု ပြဿနာ" ဖြစ်ပါတယ်။ ဒါကြောင့် အမဲစက်ပျောက်ဆေးတွေ လိမ်းနေတာဟာ အလကားဖြစ်နေတဲ့အပြင် အသားအရေကို ပိုပါးလွှာလာစေပါတယ်။

ဒီပြဿနာကို ဘယ်လို အမှန်ကန်ဆုံး ကုသကြမလဲ? 💡

💊 စနစ်တကျ လိမ်းဆေးအသုံးပြုခြင်း (Medical-Grade Creams): သာမန် Whitening တွေထက် Skin Barrier ကို ပြန်လည်တည်ဆောက်ပေးတဲ့ Niacinamide နဲ့ သွေးကြောယောင်ရမ်းမှုကို သိသိသာသာ လျှော့ချပေးတဲ့ Azelaic Acid သို့မဟုတ် Tranexamic Acid ပါဝင်တဲ့ ဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ စနစ်တကျ အသုံးပြုရပါမယ်။

✨ IPL (Intense Pulsed Light) Therapy: လိမ်းဆေးတွေနဲ့ အချိန်အကြာကြီး မစောင့်ချင်ဘူးဆိုရင်တော့ IPL နည်းပညာက အကောင်းဆုံး ရွေးချယ်မှုပါ။ သူက လေဆာ မဟုတ်ဘဲ အလင်းရောင်စဉ်လှိုင်းတွေ (Broad-spectrum light) ကို သုံးပြီး ယောင်ရမ်းနေတဲ့ သွေးကြောတွေကို သဘာဝအတိုင်း ပြန်လည်ကျုံ့ဝင်သွားစေလို့ အနီကွက်တွေကို အမြန်ဆုံး သက်သာစေပါတယ်။

ဝက်ခြံပေါက်ပြီး အနီစက်သမားတွေအတွက် (Topical Options) လိမ်းဆေးတွေ နဲ့ လိုအပ်လာရင် ကုသမှုတွေအတွက်ပါ Booking ယူပြီး Skin 101 မှာလာရောက်ပြသဆွေးနွေးနိုင်ပါတယ်။

Skin 101 Clinic (ကမ္ဘာအေး)
အမှတ် ၂၁၀၊ ပထမထပ်၊ မြတ်ဆုမွန်ကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်းမပေါ်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်၊ 09961477888
တနင်္လာနေ့တိုင်းပိတ်ပါတယ်၊ Open 10-6pm
Booking ၁ ရက်ကြိုတင်ပေးနိုင်ပါတယ်

Skin 101 Clinic (မင်္ဂလာဒုံ)
အမှတ် ၁၅၆၊ ခရေပင်လမ်းမပေါ်၊ မင်္ဂလာဒုံ၊ ရန်ကုန်
ဖုန်း - 09 255 255 089၊ 09 955 955 089
ဗုဒ္ဓဟူးနေ့တိုင်းပိတ်ပါတယ်၊ Open 10-6pm
Booking ၁ ရက်ကြိုတင်ပေးနိုင်ပါတယ်

30/07/2026

Skincare တွေ ဘယ်လောက်ပဲလိမ်းလိမ်း ပါးပြင်ပေါ်က အမဲစက်တွေက မပါးသွားတဲ့အပြင် ပိုပိုပြီး ကျယ်လာတယ်လို့ ခံစားနေရပါသလား?

ပြဿနာရဲ့ ဇစ်မြစ်က ကိုယ်ကုသနေတဲ့ အမဲစက် အမျိုးအစားကို သေချာ မသိလို့ ဖြစ်နိုင်ပါတယ်။ သာမန် နေလောင်ကွက် (Sunspots) နဲ့ တင်းတိပ် (Melasma) ဟာ သာမန်မျက်စိနဲ့ အပေါ်ယံကြည့်ရင် တူသယောင်ပေမယ့် ဆေးပညာအရ ဖွဲ့စည်းပုံနဲ့ ကုသရမယ့် နည်းလမ်း လုံးဝကို ကွာခြားပါတယ်။ မှားယွင်းကုသမိရင် ပိုမိုဆိုးရွားသွားနိုင်တဲ့အတွက် အောက်ပါအချက်တွေနဲ့ ကိုယ်တိုင် ကြိုတင်ခွဲခြားကြည့်ရအောင်။

၁။ ပုံပန်းသဏ္ဍာန်နှင့် ပေါက်ရောက်ရာ နေရာ (Appearance & Location)
☀️ Sunspots (နေလောင်ကွက်): အစက်အပြောက်ပုံစံရှိပြီး အရွယ်အစားမညီပါဘူး။ နေရောင်ထိတဲ့နေရာတွေ (ပါးရိုး၊ နှာခေါင်း) မှာ ကွက်ကျားပေါ်တတ်ပါတယ်။

🌑 Melasma (တင်းတိပ်): အစက်လေးတွေမဟုတ်ဘဲ အကွက်လိုက်၊ အချပ်လိုက် ပြန့်ကားထွက်တတ်ပါတယ်။ အဓိက သတိထားရမယ့်အချက်ကတော့ မျက်နှာရဲ့ ဘယ်/ညာ နှစ်ဖက်စလုံးမှာ (Symmetrical) ညီညာစွာ ထွက်လေ့ရှိပါတယ်။ (ဥပမာ- ပါးနှစ်ဖက်စလုံး၊ နဖူးပြောင်၊ နှုတ်ခမ်းမွှေးနေရာ)။

၂။ အရေပြားတွင်း နက်ရှိုင်းမှု (Depth of Pigmentation)
☀️ Sunspots: အများအားဖြင့် အရေပြားရဲ့ အပေါ်ယံလွှာ (Epidermis) မှာသာ ရှိတာကြောင့် တိကျတဲ့ လေဆာအကြိမ်ရေ အနည်းငယ်နဲ့တင် အလွယ်တကူ ဖယ်ရှားနိုင်ပါတယ်။

🌑 Melasma: အပေါ်ယံလွှာရော၊ အရေပြား အောက်ခြေလွှာ (Dermis) အထိပါ နက်ရှိုင်းစွာ အမြစ်တွယ်နေတတ်ပါတယ်။ ဒါ့အပြင် အရေပြားအောက်က သွေးကြောငယ်လေးတွေနဲ့ပါ ဆက်စပ်နေတတ်လို့ အလွယ်တကူ ဖြိုခွဲကုသလို့ မရပါဘူး။

၃။ ဖြစ်ပေါ်စေသော အကြောင်းရင်း (Triggers)
☀️ Sunspots: ခရမ်းလွန်ရောင်ခြည် (UV) ကြောင့်သာ အဓိက ဖြစ်ပေါ်ပါတယ်။

🌑 Melasma: UV အပြင် ဟော်မုန်းပြောင်းလဲမှု (ကိုယ်ဝန်ဆောင်ခြင်း၊ သန္ဓေတားဆေးသုံးခြင်း၊ သိုင်းရွိုက်ပြဿနာများ၊ စိတ်ဖိစီးမှု) တွေက အဓိက တွန်းအားပေးပါတယ်။ ဒါကြောင့် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။

⚠️ မှားယွင်းကုသမိခြင်း၏ အန္တရာယ် တင်းတိပ်ကို သာမန်အမဲစက်ထင်ပြီး ပြင်းထန်တဲ့ လိမ်းဆေးတွေ (Harsh Chemicals) သုံးတာ၊ မပြုလုပ်သင့်တဲ့ လေဆာတွေနဲ့ အတင်းပစ်ခွဲတဲ့အခါ အရေပြား ယားယံယောင်ရမ်းပြီး တင်းတိပ်တွေ အဆပေါင်းများစွာ ပိုမဲသွားတတ်ပါတယ်။ (Rebound Hyperpigmentation) လို့ခေါ်ပါတယ်။

ဆေးခန်းမှာတော့ အမဲစက်တစ်ခုကို မြင်တာနဲ့ လေဆာ ချက်ချင်းပစ်တာမျိုး ကျွန်တော်ဘယ်တော့မှ မလုပ်ပါဘူး။ အဆိုပါ အမဲစက်ရဲ့ အမျိုးအစား၊ နက်ရှိုင်းမှုအဆင့်နဲ့ လူနာရဲ့ ဟော်မုန်း လှုံ့ဆော်မှု အခြေအနေ၊ နေထိုင်မှုပုံစံကို အရင်ဆုံး အကဲဖြတ် မေးမြန်းကြည့်ပါတယ်။ တင်းတိပ် (Melasma) အတွက်ဆိုရင် အရေပြားအောက်ခြေက မယ်လနင်ထုတ်လုပ်မှုကို ထိန်းချုပ်ပေးမယ့် ဆေးဝါးများ၊ Melanin ရောင်ခြယ် cells လေးတွေကိုလျှော့ချပေးမယ့် ကုသမှုများနဲ့ အကိုက်ညီဆုံးဖြစ်မယ့်လမ်းစဉ်ကိုသာ တဦးတယောက်ခြငးဆီအလိုက် ရွေးချယ်ကုသပေးပါတယ်။

Skin 101 Clinic (ကမ္ဘာအေး)
အမှတ် ၂၁၀၊ ပထမထပ်၊ မြတ်ဆုမွန်ကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်းမပေါ်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်၊ 09961477888
တနင်္လာနေ့တိုင်းပိတ်ပါတယ်၊ Open 10-6pm
Booking ၁ ရက်ကြိုတင်ပေးနိုင်ပါတယ်

Skin 101 Clinic (မင်္ဂလာဒုံ)
အမှတ် ၁၅၆၊ ခရေပင်လမ်းမပေါ်၊ မင်္ဂလာဒုံ၊ ရန်ကုန်
ဖုန်း - 09 255 255 089၊ 09 955 955 089
ဗုဒ္ဓဟူးနေ့တိုင်းပိတ်ပါတယ်၊ Open 10-6pm
Booking ၁ ရက်ကြိုတင်ပေးနိုင်ပါတယ်

28/07/2026

အသက်အရွယ်ရလာတာနဲ့အမျှ အသားအရေက အရင်လို မတင်းရင်းတော့ဘဲ ပျော့ပြီးတွန့်လာတာမျိုး ဖြစ်လာတာကို သတိထားမိကြမှာပါ။ ဆေးပညာအရ ဒါကို "Crepey Skin" လို့ခေါ်ပြီး ရိုးရိုး အရေပြားတွန့်တာထက် ပိုဆိုးပါတယ်။ ရေဓာတ်ခမ်းခြောက်ပြီး အရောင်အဆင်းပါ မွဲခြောက်နေတတ်လို့ တော်တော်များများ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။

⚠️ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ?

အဓိကကတော့ အသားအရေ တင်းရင်းမှုကို ပေးတဲ့ ကော်လာဂျင် (Collagen) နဲ့ အီလက်စတင် (Elastin) တွေ လျော့နည်းလာလို့ပါ။

အဆိုးဆုံး တရားခံကတော့ နေရောင်ခြည် (UV Rays) ပါပဲ။ နေလောင်ဒဏ်ကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာက အဓိက အကြောင်းရင်း ဖြစ်ပါတယ်။

အမျိုးသမီးတွေမှာဆိုရင် သွေးဆုံးချိန် ဟော်မုန်းပြောင်းလဲမှု (Estrogen ကျဆင်းခြင်း) ကြောင့် ပိုသိသာပါတယ်။

ကိုယ်အလေးချိန် ရုတ်တရက် အတက်အကျဖြစ်တာ (ဥပမာ- ကိုယ်ဝန်ဆောင်ချိန်) နဲ့ ဆေးလိပ်သောက်တာတွေကလည်း အသားအရေကို ပိုဆိုးစေပါတယ်။

💡 ပြန်လည်တင်းရင်းလာအောင် ဘယ်လို ကုသကာကွယ်ကြမလဲ?

☀️ နေရောင်ခြည်ကို အကာအကွယ်ပေးပါ: Sunscreen လိမ်းတာက collagen တွေ ထပ်မပျက်စီးအောင် တားဆီးပေးတဲ့ အကောင်းဆုံး ကြိုတင်ကာကွယ်မှုပါပဲ။

💧 အစိုဓာတ် (Moisture) အမြဲဖြည့်ပါ: အသားအရေကို ရေဓာတ်ပြည့်ဝနေစေဖို့ Moisturizer ကို တစ်နေ့ (၂) ကြိမ် လိမ်းပေးတာကပဲ အသားအရေကို ပြည့်ဖြိုးပြီး ချောမွေ့လာစေပါတယ်။ 10% Urea ပါဝင်တဲ့ Lotion တွေ ဒါမှမဟုတ် Vaseline တွေက အသားအရေအတွက် အထူးကောင်းမွန်ပါတယ်။

✨ Retinoids နဲ့ AHAs တွေ သုံးပါ: Retinoids တွေက ကော်လာဂျင် အသစ်ထွက်အောင် အားပေးပြီး အိုမင်းရင့်ရော်တာကို တားဆီးပေးပါတယ်။ Glycolic acid သို့မဟုတ် Lactic acid လိုမျိုး AHA တွေကလည်း အသားအရေကို ကြည်လင်စေပါတယ်။ (သတိပြုရန် - ဒီလိုပါဝင်ပစ္စည်းတွေသုံးရင် အသားအရေ နေလောင်လွယ်လို့ Sunscreen တော့ မဖြစ်မနေ တွဲလိမ်းပေးရပါမယ်။)

🏋️‍♀️ လူနေမှုပုံစံ ပြောင်းလဲပါ: အသီးအရွက်တွေ များများစားပေးတာ၊ အလေးမတဲ့ လေ့ကျင့်ခန်း (Weightlifting) လုပ်ပေးတာတွေက အသားအရေ လျော့ရဲတာကို သိသိသာသာ သက်သာစေပါတယ်။ သောက်ဆေး (Oral Collagen) တွေကလည်း အသားအရေ ရေဓာတ်ပြည့်ဝပြီး တွန့်တာတွေကို သက်သာစေကြောင်း လေ့လာတွေ့ရှိရပါတယ်။

💉 ဆေးခန်းသုံး ကုထုံးများ: ပိုပြီး မြန်ဆန်သိသာတဲ့ ရလဒ်လိုချင်ရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး Microneedling၊ လေဆာကုထုံးတွေနဲ့ ကော်လာဂျင် ထွက်အောင် လှုံ့ဆော်ပေးနိုင်တဲ့ ဆေးထိုးတာ (Biostimulatory Injectables) တွေကို ပြုလုပ်နိုင်ပါတယ်။

Crepey skin ဟာ သေချာဂရုစိုက် ကုသထိန်းသိမ်းလို့ရတဲ့ အရာဖြစ်လို့ စိတ်ပူစရာတော့မရှိပါဘူး။

28/07/2026

တချို့မျက်နှာမှာဝက်ခြံမရှိပဲ ကျောပြင်မှာပဲ ဝက်ခြံထွက်တတ်တဲ့သူတွေရှိပါတယ်။

တကယ်တော့ မျက်နှာမှာ ဝက်ခြံပေါက်တဲ့သူတွေရဲ့ (၅၀) ရာခိုင်နှုန်းလောက်က ကျောပြင်ဝက်ခြံ (Back Acne / Bacne) ပြဿနာကိုပါ ပူးတွဲခံစားရလေ့ရှိပါတယ်။ အဆိုးဆုံးက ကျောပြင်ဝက်ခြံဟာ မျက်နှာထက် ပိုကြာကြာဖြစ်တတ်ပြီး အမာရွတ်နဲ့ အမဲစက်တွေ ပိုပြီးလွယ်လွယ်ကူကူကျန်ခဲ့တတ်တာပဲဖြစ်ပါတယ်။

ဘာလို့ဖြစ်ရတာလဲဆိုရင်... ချွေးထွက်များတာ၊ အဆီပြန်တာ၊ အဝတ်အစား ပွတ်တိုက်မှုများတာတွေအပြင် အဆီကျိတ်တွေပိတ်ဆို့ပြီး ဘက်တီးရီးယားတွေ ပေါက်ပွားလာလို့ပဲ ဖြစ်ပါတယ်။

ဒါဆို အမာရွတ်ဆိုးဆိုးရွားရွားတွေ မကျန်ခဲ့အောင် ဘယ်လိုကာကွယ်ကုသကြမလဲ? ဒီအချက်လေးတွေ ဂရုစိုက်သင့်ပါတယ်။

✅ မဖြစ်မနေ လုပ်ပေးသင့်တဲ့ အချက်များ (Do's)

သေချာဆေးကြောပါ: ရေချိုးတဲ့အခါ ခေါင်းလျှော်ရည်နဲ့ ဆံပင်ပေါင်းဆေး အကြွင်းအကျန်တွေ ကျောမှာ မကပ်ကျန်ခဲ့အောင် သေချာပြောင်စင်အောင် ဆေးပါ။

ချက်ချင်းရေချိုးပါ: လေ့ကျင့်ခန်းလုပ်ပြီး ချွေးစိုဝတ်နဲ့ အကြာကြီးမနေပါနဲ့။

ချည်သားဝတ်ပါ: ချွေးစုပ်ယူမှုအားကောင်းပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သားအဝတ်အစားတွေကိုသာ ရွေးဝတ်ပါ။

သန့်ရှင်းရေးဂရုစိုက်ပါ: နေ့စဉ်သုံး တဘက် (Towel) ကို ခဏခဏ လျှော်ဖွပ်ပြီး မီးပူတိုက်သုံးပါ။

❌ ရှောင်ကျဉ်သင့်တဲ့ အချက်များ (Don'ts)

မပွတ်တိုက်ပါနဲ့: ကျောကို ရေချိုးတိုက်ဖတ် (Loofah) ဒါမှမဟုတ် ကြမ်းတမ်းတဲ့ Scrub တွေနဲ့ ပွတ်တိုက်တာမျိုး လုံးဝ မလုပ်ပါနဲ့ (ဝက်ခြံပိုဆိုးစေပြီး အမာရွတ်ပိုကျန်စေပါတယ်)။

ဆံပင်ဆီ (Hair oil) မလိမ်းပါနဲ့: ဆံပင်ဆီကနေတစ်ဆင့် ကျောပြင်ကို အဆီတွေ စီးကျနိုင်လို့ တတ်နိုင်သမျှ ရှောင်ပါ။

စားသောက်မှုဆင်ခြင်ပါ: နွားနို့၊ သကြားနဲ့ Whey Protein တွေက ဝက်ခြံကို ပိုကြွစေပါတယ်။ (Gym ဆော့သူတွေအနေနဲ့ Whey အစား သက်သတ်လွတ် Pea protein သို့မဟုတ် Protein ပါတဲ့အစားအစာတွေကိုပဲဦးစားပေးစားသင့်ပါတယ်။

💊 ကုသမှုအပိုင်း အနည်းငယ်ပဲ ရှိတယ်ဆိုရင်တော့ Benzoyl peroxide ပါတဲ့ ဆပ်ပြာ၊ Salicylic acid၊ Lactic acid ဒါမှမဟုတ် Sulfur ပါတဲ့ Spray မျိုးတွေနဲ့ အိမ်မှာတင် သက်သာအောင် ကုသလို့ရပါတယ်။

ဒါပေမယ့်... ဝက်ခြံတွေ အရမ်းယောင်ရမ်းနေမယ်၊ အမာရွတ်နဲ့ အမဲစက်တွေ အရမ်းများနေပြီဆိုရင်တော့ နီးစပ်ရာ အရေပြား သို့မဟုတ် အလှအပရေးရာ ဆရာဝန်ဆီမှာ သေချာသွားပြဖို့ လိုအပ်ပါတယ်။ လိုအပ်ရင် သောက်ဆေးတွေ လိမ်းဆေးတွေအပြင် Chemical Peels လိုမျိုး ထိရောက်တဲ့ ကုသမှုတွေပါ ခံယူဖို့ လိုအပ်နိုင်ပါတယ်။

Skin 101 Clinic (ကမ္ဘာအေး)
အမှတ် ၂၁၀၊ ပထမထပ်၊ မြတ်ဆုမွန်ကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်းမပေါ်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်၊ 09961477888၊ 09777360240
တနင်္လာနေ့တိုင်းပိတ်ပါတယ်၊ Open 10-6pm
Booking ၁ ရက်ကြိုတင်ပေးနိုင်ပါတယ်

Skin 101 Clinic (မင်္ဂလာဒုံ)
အမှတ် ၁၅၆၊ ခရေပင်လမ်းမပေါ်၊ မင်္ဂလာဒုံ၊ ရန်ကုန်
ဖုန်း - 09 255 255 089၊ 09 955 955 089
ဗုဒ္ဓဟူးနေ့တိုင်းပိတ်ပါတယ်၊ Open 10-6pm
Booking ၁ ရက်ကြိုတင်ပေးနိုင်ပါတယ်

27/07/2026

💉မျက်နှာလေး ကြည်လင်ချောမွေ့ဖို့ Microneedling လုပ်မယ်ဆိုတာ အရမ်းကောင်းတဲ့ ရွေးချယ်မှုပါ။ ဆေးခန်းမှာလဲ လူကြိုက်များတဲ့ကုသမှုတစ်ခုပါပဲ။ Microneedling နဲ့ပတ်သက်ပြီးသိထားသင့် ဒီအချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။

၁။ အချိန်ကို သေချာတွက်ချက်ပါ 🗓️
လုပ်ပြီး ၂ ရက်ကနေ ၃ ရက်လောက်အထိ မျက်နှာလေး နီရဲယောင်ရမ်းတာမျိုး (Downtime) ရှိတတ်ပါတယ်။ ဒါကြောင့် မင်္ဂလာဆောင်၊ ပါတီပွဲတွေရှိတာပဲဖြစ်ဖြစ်၊ ခရီးသွားဖို့ရှိတာပဲဖြစ်ဖြစ် အရေးကြီးတဲ့ပွဲတွေနဲ့တော့ ကပ်ပြီး မလုပ်သင့်ပါဘူး။ အေးအေးဆေးဆေး နားလို့ရမယ့် အချိန်လေးကို ရွေးပါ။

၂။ နာမှာကို အရမ်းမကြောက်ပါနဲ့ 💆‍♂️
အပ်သေးသေးလေးတွေသုံးတာဆိုတော့ နာမလားဆိုပြီး ကြောက်နေတတ်ကြပါတယ်၊ တကယ်တော့ လုပ်ငန်းစဉ်တစ်ခုလုံးအတွက် (၁) နာရီဝန်းကျင်လောက် အချိန်ပေးရပေမယ့်၊ မလုပ်ခင် ထုံဆေး (Topical numbing) အရင်လိမ်းပေးတာမို့လို့ နည်းနည်းလေး စပ်ဖျဉ်းဖျဉ်းဖြစ်တာကလွဲရင် အလွန်အမင်း နာကျင်တာမျိုး လုံးဝမရှိပါဘူး။

၃။ နေရောင်ခြည်က အကြီးမားဆုံး ရန်သူပါပဲ ☀️
Microneedling လုပ်ပြီးချိန်မှာ အသားအရေရဲ့ အကာအကွယ် (Skin Barrier) လေးက နုနေတာပါ။ ဒီအချိန်မှာ နေရောင်နဲ့ထိတာက အရမ်းအန္တရာယ်များပါတယ်။ ဒါကြောင့် Sunscreen ကို မဖြစ်မနေ စနစ်တကျလိမ်းပေးဖို့ လိုအပ်ပါတယ်။

၄။ အိမ်ရောက်ရင် Skincare တွေကို သတိထားပါ 🧴
လုပ်ပြီး ၃ ရက်ကနေ ၅ ရက်အတွင်းမှာ ကိုယ်ပုံမှန်သုံးနေကျ AHAs, BHAs, Retinol, Tretinoin လိုဝက်ခြံလိမ်းဆေးတွေနဲ့ ရေမွှေးနံ့ (Fragrance) ပါတဲ့ Skincare အပြင်းတွေကို ခဏရပ်ထားပေးပါ။ အသားအရေကို မြန်မြန်ပြန်လည်ကောင်းမွန်စေဖို့ Gentle Cleanser နဲ့ အစိုဓာတ်ကောင်းကောင်းပေးတဲ့ Moisturizing cream လေးတွေကိုပဲ အဓိကသုံးပေးပါ။

၅။ လုံးဝရှောင်ရမယ့် အရာများ 🚫
လုပ်ပြီးပြီးချင်း ရေပူနဲ့ မျက်နှာသစ်တာ၊ ရေချိုးတာ၊ ချွေးထွက်များမယ့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်တာ၊ ရေနွေးငွေ့ခံတာနဲ့ ရေကူးကန်တွေထဲဆင်းတာကို လုံးဝရှောင်ပါ။ Skin Barrier နုနယ်နေချိန်မို့လို့ ပိုးဝင်လွယ်နိုင်ပါတယ်။

Microneedling ဆိုတာ သေချာလေး ဂရုစိုက်ပေးရင် အံ့မခန်းရလဒ်ကို ပေးစွမ်းနိုင်တဲ့ Treatment တစ်ခုဖြစ်ပါတယ်။

27/07/2026

Benzoyl peroxide လိမ်းနည်းများ?
ဝက်ခြံအတွက်သုံးမယ်ဆို ဘာတွေသိထားဖို့လိုမလဲ? #ဝက်ခြံ

27/07/2026

💥 ဝက်ခြံထွက်လို့ ဆေးဆိုင်တွေမှာအလွယ်ရတတ်တဲ့လိမ်းဆေးဝယ်တဲ့အခါ Salicylic Acid (SA) လား? Benzoyl Peroxide (BP) လား? ရွေးရခက်နေလား? 🤔

ဒါ့ကြောင့် ဒီပါဝင်ပစ္စည်း (၂) မျိုးရဲ့ ကွာခြားချက်ကို အလွယ်ကူဆုံး ရှင်းပြပေးလိုက်ပါတယ်။

✨ Salicylic Acid (SA) ကို ဘယ်အချိန်မှာ ရွေးမလဲ?

✅ Blackheads & Whiteheads ဝက်ခြံများအတွက်: ဆားဝက်ခြံ (Blackheads) နဲ့ ဆန်စေ့ဝက်ခြံ (Whiteheads) သမားတွေအတွက် အထူးသင့်တော်ပါတယ်။

✅ ချွေးပေါက်ကျဉ်းစေရန်: သူက အဆီကိုကြိုက်တဲ့သဘာဝရှိလို့ ချွေးပေါက်ထဲအထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သန့်စင်ပေးပြီး ချွေးပေါက်ပိတ်ခြင်းကို ကာကွယ်ပေးတယ်။

✅ အမဲစက်များအတွက်: ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမဲစက်တွေ၊ အမာရွတ်တွေကိုပါ သက်သာစေပါတယ်။

✅ အသားအရေနုနယ်သူများ: အပေါ်ယံအရေပြားကို သိပ်မထိခိုက်စေလို့ Sensitive ဖြစ်တဲ့ အသားအရေပိုင်ရှင်တွေ ပိုသုံးလို့အဆင်ပြေပါတယ်။

✨ Benzoyl Peroxide (BP) ကို ဘယ်အချိန်မှာ ရွေးမလဲ?

✅ နီရဲနာကျင်သော ဝက်ခြံကြီးများ: ပြည်တည်ပြီး နီရဲနာကျင်တဲ့ ဝက်ခြံအဖုကြီးတွေ (Inflammatory acne) အတွက် အစွမ်းအထက်ဆုံးပါပဲ။

✅ ဘက်တီးရီးယားကို သတ်ပေးခြင်း: ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ရိုက်သတ်ပေးနိုင်လို့ ဝက်ခြံမြန်မြန်ချပ်စေပါတယ်။

✅ သတိထားရမည့်အချက်: အသားအရေကို နည်းနည်းပိုခြောက်သွေ့ယားယံစေနိုင်ပါတယ်။ မိမိအသားအရေအတွက်နီမြန်းစေတာမျိုးရှိရင် ၁၀ မိနစ်ခန့်ထားပြီးရေဆေးချပေးတာတဲ့လိမ်းနည်းမျိုးလိုအပ်ပါမယ်၊ နောက်တစ်ခုက လိမ်းဆေးက အဝတ်အစားနဲ့ထိရင် အရောင်ကျွတ်တတ်လို့ သတိထားဖို့တော့ လိုပါမယ်။

💡 အလွယ်ဆုံးမှတ်ထားရမယ့် အနှစ်ချုပ်!

ချွေးပေါက်ပိတ်တာနဲ့ ဆားဝက်ခြံ/အဆီဖုတွေအတွက်ဆို ➡️ Salicylic Acid (SA) 🟢 နီရဲနာကျင်တဲ့ ဘက်တီးရီးယား ဝက်ခြံကြီးတွေအတွက်ဆို ➡️ Benzoyl Peroxide (BP) 🔴

တချို့က မနက်တစ်မျိုး၊ ညတစ်မျိုး တွဲသုံးတာမျိုး ရှိပေမယ့် လူတိုင်းနဲ့ ကိုက်ညီတဲ့ ဖော်မြူလာဆိုတာ မရှိလို့ ကိုယ့်အသားအရေနဲ့ အကိုက်ညီဆုံးဖြစ်အောင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သုံးတာ အကောင်းဆုံးပါပဲ။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Kabaraye Pagoda Road
Yangon
11061

Opening Hours

Tuesday 09:30 - 18:00
Wednesday 09:30 - 18:00
Thursday 09:30 - 18:00
Friday 09:30 - 18:00
Saturday 09:30 - 18:00
Sunday 09:30 - 18:00